← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း ၄၃၆ - အကာအကွယ်လက်တော်

ခရစ်၏တိုက်ခိုက်မှုသည် အလွန်လျင်မြန်လှပြီး ကြိုတင်တိုက်ခိုက်မယ့် အရိပ်အယောင်မရှိပေ။

သို့ဖြစ်ရာ ခရစ်၏တိုက်ခိုက်မှုအားခုခံရန်အတွက် မည်သူကမှပြင်ဆင်ထားခြင်းမရှိပေ။ ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်ပါက တိုက်ခိုက်ခံရသူသည် လွတ်မြောက်ရန်အခွင့်အရေးမရှိပေ။

ရှောင်ယုသည် ထိတ်လန့်သွားခဲ့သော်လည်း သူသည်လျင်မြန်စွာတုံ့ပြန်လိုက်ကာ အူသာ၏အနားသို့ချက်ချင်းတည်နေရာရွေ့ပြောင်းလိုက်သည်။ ထို့နောက်သူသည်ခရစ်၏ဓားကို ချက်ချင်းခုတ်ချလိုက်သည်။

ယခုအချိန်၌ ခရစ်သည်အဘယ်ကြောင့် မသေမျိုးများအားရှင်းလင်းရန် စိတ်အားထက်သန်နေရသည်ကို ရှောင်ယုနားလည်လာခဲ့သည်။ အမှန်တော့ထိုအရာသည် ထောင်ချောက်တစ်ခုအားစီစဉ်ထားခြင်းဖြစ်သည်။

အူသာအတွက် ထောင်ချောက်တစ်ခုစီစဉ်ထားခြင်းဖြစ်သည်။

လူတိုင်းသည် သူတို့၏လက်နက်များကိုဝှေ့ယမ်းလိုက်ကာ အူသာကိုတစ်ချက်တည်းဖြင့်သတ်ဖြတ်ရန် ကြိုးစားခွင့်ပေးလိုက်လျင် အူသာသည်သေဆုံးသွားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ခရစ်သည်အူသာကိုသတ်ဖြတ်ရန်သာ စိတ်ထဲရှိနေပုံရသည်။

အစောပိုင်းတွင် ခရစ်သည်အူသာကိုလေးစားမှုပြခဲ့ကာ အူသာကိုမသတ်ဖြတ်လိုခဲ့ပေ။ သို့သော်လည်း သူသည်အဘယ်ကြောင့် ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ရသည်ကို ရှောင်ယုမသိခဲ့ပေ။

ယခုလက်ရှိရောက်ရှိနေသူများအကြားတွင် ခရစ်ကိုအချိန်မှီတားဆီးနိုင်သူတစ်ယောက်မှမရှိပေ။ ရှောင်ယုကသာ အူသာအနားသို့အချိန်မှီတည်နေရာရွေ့ပြောင်း၍ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှောင်ယုသည် ခရစ်၏တိုက်ခိုက်မှုအား အူသာကိုမထိမှန်အောင် အပြည့်အဝမကာကွယ်နိုင်ခဲ့သော်လည်း ခရစ်ကိုတန်ပြန်တိုက်ခိုက်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှောင်ယုသည်အနည်းငယ်စိတ်ဓာတ်ကျနေသော်လည်း သူ၏တိုက်ခိုက်မှု၌စွမ်းအားအပြည့်ကိုထုတ်သုံးခဲ့သည်။

ရှောင်ယုသည် ခရစ်ကိုကြားဖြတ်ဟန့်တားကာ အူသာကိုကယ်တင်ရန်အလျင်အမြန်ရောက်ရှိလာသလို အူသာကိုကယ်တင်ရန် အခြားလူတစ်ယောက်ကလည်း ကြိုးစားနေခဲ့သည်။

ရှောင်ယုသည် ထိုလူ၏မျက်နှာကိုမြင်သောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။ ထိုလူသည်ရှောင်ယုဘက်မှလူမဟုတ်ဘဲ ဘုရားကျောင်း၏ပါလာဒင်ဖြစ်နေခဲ့သည်။

ပဥ္စမအဆင့်ပါလာဒင်...အလွန်ဆို

"အလွန်ဆို...သူကဘာလို့အူသာကို အသည်းအသန်ကယ်တင်နေရတာလဲ...သူကအူသာကိုကယ်တင်ဖို့အတွက် ခရစ်ကိုမတိုက်ခိုက်ခဲ့ပေမဲ့ ခရစ်ရဲ့တိုက်ခိုက်မှုကနေ အူသာကိုကာကွယ်ပေးဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကိုအသုံးပြုခဲ့တယ်...ဒါကသူ့ကိုသေစေနိုင်တာမသိဘူးလား...သူကဘာကြောင့်အူသာကိုကယ်တင်ရတာလဲ...ဖြစ်နိုင်တာကတော့အကြောင်းပြချက်တစ်ခုပဲရှိတယ်"

"အလွန်ဆိုရဲ့စိတ်ထဲမှာ အူသာဟာအစစ်အမှန်ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ရမယ်...ဒါကြောင့်သူ့နှလုံးသားထဲကနတ်ဘုရားကိုကာကွယ်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုခဲ့ပြီး ဒီတိုက်ခိုက်မှုကိုရပ်တန့်ဖို့ဆုံးဖြတ်လိုက်တာပဲ"

ရှောင်ယု၏ဓားသည် ခရစ်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သော်လည်း ခရစ်၏ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သည့် ပြင်းထန်သောအရှိန်အဟုန်ကြောင့် ရှောင်ယုသည်အဝေးသို့လွှင့်စင်သွားခဲ့ရသည်။

ဆဌမအဆင့်ကျွမ်းကျင်သူသာ အပြည့်အဝတိုက်ခိုက်လာပါက အလွန်ကြောက်စရာကောင်းလှပေသည်။ ထို့ပြင် တိုက်ခိုက်မှုမစတင်မှီ၌ ခရစ်သည်အူသာကိုသေဆုံးကြောင်းသေချာစေရန်အတွက် သူ၏စွမ်းအားကို အထွတ်အထိပ်သို့မြင့်တင်ပေးရန် ဘုရားကျောင်း၏လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုခဲ့သည်။

ထိုအချိန်တွင် အလွန်ဆိုကအူသာ၏ရှေ့သို့ အချိန်ကိုက်ရောက်လာခဲ့သည်။

အလွန်ဆို၏မျက်လုံးများတွင် ဇွဲလုံ့လနှင့်မကြောက်မရွံ့သည့်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည်သူ့ဘဝ၌ အမှန်ကန်ဆုံးနှင့်အဓိပ္ပါယ်အရှိဆုံးသော လုပ်ရပ်ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည်ခရစ်၏ထိုးနှက်ချက်ကြောင့် ချက်ချင်းသေဆုံးနိုင်သည်ကိုသိလျက်ဖြင့်ပင် မကြောက်မရွံ့ဖြစ်နေခြင်းဖြစ်သည်။

ထိုအရာသည် ယုံကြည်မှု၏စွမ်းအားဖြစ်သည်။ မိမိယုံကြည်ရာနတ်ဘုရားအတွက် အသက်ကိုစွန့်လွှတ်ခြင်းသည် ဂုဏ်ကျက်သရေတစ်မျိုးဖြစ်သလို ပါလာဒင်တိုင်း၏အန္တိမပန်းတိုင်လည်းဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ခရစ်၏မျက်လုံးများသည် သွေးနီရောင်ပိုလွှမ်းလာခဲ့ကာ ရုတ်တရက်ကြည့်ပါကပတ္တမြားများကဲ့သို့ တောက်ပနေခဲ့သည်။

ခရစ်သည် အူသာ၏ရှေ့၌ရပ်နေသော သူ့တပည့်ဟောင်းကိုမြင်တွေ့ချိန်တွင် ဒေါသထွက်သွားခဲ့သော်လည်း ရပ်တန့်မယ့်အရိပ်အယောင်လုံးဝမပြခဲ့ပေ။ အလွန်ဆိုသည် အူသာ၏ရှေ့၌ရပ်တည်ကာကွယ်ပေးနေလျှင်တောင်မှ အလွန်ဆိုကိုကျော်ဖြတ်ကာအူသာကိုသတ်ဖြတ်နိုင်ရန် ယုံကြည်မှုအပြည့်ရှိပေသည်။

ဤသည်မှာ ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်၏ သူ၏ကိုယ်ပိုင်စွမ်းအားအပေါ် ပြင်းထန်သည့်ယုံကြည်မှုဖြစ်သည်။

ခရစ်၏ပြင်းထန်သောထိုးနှက်ချက်သည် အလွန်ဆိုနှင့်အူသာတို့အား အတူတကွသေဆုံးစေနိုင်မည်ဟု လူတိုင်းလိုလိုပင်ယုံကြည်ထားကြသည်။

"ယား..."

ခရစ်၏ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ ဓားသည် အလွန်ဆို၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ဘန်း...

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အလွန်ဆိုနှင့်အူသာတို့၏ခန္ဓာကိုယ်သည် ကျိုးပဲ့သွားသည့်စွန်နှစ်ကောင်ကဲ့သို့ လေပေါ်သို့လွှင့်ထွက်သွားခဲ့သည်။

အူသာ၏အနီးရှိလူများသည် ဤတိုက်ခိုက်မှုဒဏ်ကိုအဖျားခတ်မခံရစေရန်အတွက် ချက်ချင်းပင်ပြန်လည်ဆုတ်ခွာလိုက်ကြရသည်။

ရှောင်ယု၏မျက်လုံးများသည် ရုတ်တရက်နီရဲလာခဲ့သည်။ ခရစ်၏လုပ်ရပ်သည် အလွန်ပင်ရွံ့ရှာဖွယ်ကောင်းလှပေသည်။သူသည် အူသာကိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့ကာ အူသာကိုတစ်ချက်တည်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ခြင်းကသူ့အားဒေါသထွက်စေခဲ့သည်။

"နဂါးလေး...ငါ့အတွက်ဒီလူယုတ်မာကိုသတ်ပစ်လိုက်..."

ရှောင်ယုသည်ကျယ်လောင်စွာအော်ဟစ်ကာ နဂါးလေးကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ အလွန်ဆိုနှင့်အူသာတို့သည် သေဆုံးသွားကြခြင်းမရှိဘဲ မြေကြီးပေါ်မှနေ၍ကုန်းရုန်းထလာသည့်အတွက် လူတိုင်းအံ့သြသွားခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးသည် မသေရုံတင်မက ဒဏ်ရာအနည်းငယ်လေးပင်မရရှိခဲ့ကြပေ။

ခရစ်၏တိုက်ခိုက်မှုနောက်ကွယ်၌ ပါဝင်သည့်စွမ်းအားကို လူတိုင်းသတိထားမိသည့်အတွက် လူတိုင်းအံ့သြသွားကြရသည်။ ထိုဓားချက်အောက်တွင် သူတို့နှစ်ယောက်အသက်မရှင်သင့်ပေ။ အဘယ်ကြောင့် သူတို့နှစ်ယောက်လုံးအခြေအနေကောင်းနေရသနည်း။

များမကြာမှီတွင် အလွန်ဆိုနှင့်အူသာတို့ထံ၌ ပါးလွှာသောအလင်းရောင်ဖျော့ဖျော့ အကာအကွယ်တစ်ခုရှိနေသည်ကို လူတိုင်းသတိထားမိလိုက်ကြသည်။ ထိုအလွှာပါးလေးသည် ခရစ်၏တိုက်ခိုက်မှုမှ သူတို့အားကာကွယ်ပေးလိုက်ပုံရသည်။

ထိုမြင်ကွင်းကိုကြည့်၍ ရှောင်ယုသည်ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုအားသဘောပေါက်သွားခဲ့သည်။ ပါလာဒင်တစ်ယောက်၏ အစွမ်းအထက်ဆုံးကျွမ်းကျင်မှုသည် အဘယ်နည်း။ ၎င်းသည် တိုက်ခိုက်ရေးအစွမ်းမဟုတ်ဘဲ အမျိုးမျိုးသောကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှုများဖြစ်သည်။

ဤကျွမ်းကျင်မှုအား ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကို အပြည့်အဝခုခံနိုင်စွမ်းရှိသည့် မြင့်မြတ်သောဒိုင်းဟုခေါ်ပေသည်။

ဤကျွမ်းကျင်မှုကို အချိန်အကြာကြီးနေမှ တစ်ကြိမ်သာအသုံးပြုနိုင်သော်လည်း ဤကျွမ်းကျင်မှုသည် ကောင်းကင်ဘုံကိုပင်အံတုနိုင်စွမ်းရှိသော ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း သေချာစေခဲ့သည်။ ဆဌမအဆင့်ကျွမ်းကျင်သူများသည်ပင် ဤအကာအကွယ်အားဖြတ်ကျော်ရန် မည်သို့မှမလုပ်ဆောင်နိုင်ပေ။

ခရစ်၏ဓားသည် အလွန်ဆိုနှင့်အူသာတို့အပေါ်သို့ ကျရောက်ခါနီးသည့်အချိန်တွင် အူသာသည်အလွန်ဆိုနှင့်သူ့ကိုယ်သူကာကွယ်ရန် မြင့်မြတ်သောဒိုင်းကိုချက်ချင်းအသုံးပြုခဲ့သည်။ ထိုအရာကို မလွှမ်းမိုးနိုင်ခြင်းဟုလည်း ခေါ်ပေသည်။

"ဒါ...ဒါကမြင့်မြတ်သောဒိုင်းလား"

အလွန်ဆိုသည် အလွန်ပင်အံ့အားသင့်သွားခဲ့ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းအကာအကွယ်ကိုစိုက်ကြည့်လိုက်သည်။ သူသည် သေဆုံးရန်စိတ်ပိုင်းဖြတ်ထားသော်လည်း သူ၏နတ်ဘုရားကသူ့ကိုကယ်တင်ခဲ့သည့်အတွက်ကြောင့် သေဘေးမှလွတ်မြောက်ခဲ့ရသည်။

ထိုအခိုက်အတန့်တွင် အူသာသည် စစ်မှန်သည့်အလင်းနတ်ဘုရားဖြစ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်သွားခဲ့သည်။

"မြင့်မြတ်သောအူသာ...နှိမ့်ချတတ်တဲ့ပါလာဒင်ဖြစ်တဲ့အလွန်ဆိုဟာ မင်းအပေါ်ထာဝစဉ်သစ္စာစောင့်သိပါမယ်"

အလွန်ဆိုသည် အူသာ၏ရှေ့တွင် ဒူးထောက်ရင်းပြောလိုက်သည်။

အူသာသည် အလွန်ဆိုအားကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"ထလော့...ငါ့သား...အလင်းဟာမင်းနဲ့အတူရှိနေပါစေ"

အလွန်ဆိုသည် ခေါင်းညိတ်ပြလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ သူသည်ခေါင်းလှည့်လိုက်ကာ ခရစ်ကိုကြည့်ရင်းပြောလိုက်သည်။

"ဆရာမင်းမြင်တဲ့အတိုင်းပဲ...သူဟာတကယ့်အူသာအစစ်ပဲ...အဲလိုမှမဟုတ်ရင်ဘာလို့မြင့်မြတ်သောဒိုင်းကိုအသုံးပြုနိုင်မှာလဲ...လက်ရှိခေတ်ဘုရားကျောင်းရဲ့ပါလာဒင်တွေဟာ သတ်ဖြတ်ခြင်းနှင့်ကုသမှုဆိုင်ရာကျွမ်းကျင်မှုတွေကိုပဲ အာရုံစိုက်ထားကြပြီးတော့ သူတစ်ပါးကိုကာကွယ်ပေးတဲ့ကျွမ်းကျင်မှုတွေကျတော့ နည်းနည်းပဲရှိတော့တယ်"

ဤတိုက်ခိုက်မှုသည် အူသာကိုချက်ချင်းသတ်ဖြတ်နိုင်မည်ဟု ခရစ်တွေးထားခဲ့သည့်အတွက်ကြောင့် ဤတိုက်ခိုက်မှုအပြီး၌ နောက်ထပ်တိုက်ခိုက်မှုမလုပ်ခဲ့ပေ။ အမှန်တော့သူသည် ခွန်အားကို အလွန်အကျွံအသုံးပြုမိထားသည့်အတွက်ကြောင့် နောက်ထပ်တိုက်ခိုက်မှုအား ချက်ချင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

သို့သော်လည်း အူသာနှင့်အလွန်ဆိုတို့သည် မြင့်မြတ်သောဒိုင်း၏အကူအညီဖြင့် သူတို့၏အသက်ကိုကယ်တင်နိုင်ခဲ့သည်။ အလွန်ဆိုနှင့်အူသာတို့ အစစအရာရာအဆင်ပြေကြောင်း တွေ့မြင်လိုက်ရချိန်တွင် ခရစ်၏မျက်လုံးရှိ သွေးနီရောင်အလင်းများက စတင်မှေးမှိန်လာခဲ့သည်။

"အိုး...အူသာအစစ်လား"

ခရစ်သည် အူသာကိုကြည့်ရင်း ညဉ်းညူလိုက်ကာ သူ၏မျက်လုံးများကတဖြည်းဖြည်းကြည်လင်လာခဲ့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏မျက်လုံးများသည်သွေးယိုစီးကျလာသကဲ့သို့ နီရဲလာခဲ့သည်။

"ငမိုက်သား...အဲ့ကောင်ကအူသာအတုပဲ...ပါလာဒင်၏အမည်နာမဖြင့်အူသာအတုကိုသတ်ဖြတ်ကြ"

ထို့နောက်တွင် ခရစ်၏ခန္ဓာကိုယ်အား စွမ်းအင်လှိုင်းများကပြန်လည်လွှမ်းခြုံသွားခဲ့သည်။

"ဆရာ..."

အလွန်ဆိုကအော်ဟစ်လိုက်သည်။

"သူ့ကိုတစ်ယောက်ယောက်ကထိန်းချုပ်နေတာပဲ"

ထိုအချိန်တွင် ရှောင်ယုကတစ်စုံတစ်ခုကိုသဘောပေါက်သွားခဲ့သည်။

ယခင်ခရစ်နှင့်လက်ရှိခရစ်တို့သည် လုံးဝကိုကွဲပြားသည်လူနှစ်ယောက်ဖြစ်ခဲ့သည်။ ထို့ပြင် လက်ရှိခရစ်၏ သွေးနီရောင်မျက်လုံးများက ခရစ်သည်စဉ်းစားနိုင်စွမ်းပျောက်ဆုံးသွားကြောင်း ညွန်ပြနေခဲ့သည်။

"နဂါးလေး...တားစမ်း"

ရှောင်ယုကအော်ဟစ်လိုက်သည်။

လက်ရှိအချိန်တွင် နဂါးလေးကသာ ခရစ်၏တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိပေသည်။

ဆဌမအဆင့်ကျွမ်းကျင်သူသည်ပင် နဂါးလေး၏ခန္ဓာကိုယ်အား ပြင်းထန်သောဒဏ်ရာဒဏ်ချက်ဖြစ်စေရန် အလွယ်တကူမလုပ်ဆောင်နိုင်ပေ။ ထို့ပြင် နံချပ်ကူနှင့်တိုက်ခိုက်သည့်နဂါးတစ်ကောင်ကို မည်သူမှစိတ်ကူးကြည့်၍ရမည်မဟုတ်ပေ။

နဂါးလေးသည် ခရစ်ကိုတိုက်ခိုက်ရန် နံချပ်ကူကိုလေထဲသို့ဝှေ့ယမ်းနေသော်လည်း ဆဌမအဆင့်ကျွမ်းကျင်သူကို ထိမိရန်မလွယ်ကူပေ။

"လူတိုင်းအစွမ်းကုန်တိုက်ကြ...ဆဌမအဆင့်ပါလာဒင်တစ်ယောက်ကို မသတ်နိုင်ဘူးဆိုတာငါမယုံဘူး"

ရှောင်ယုသည် လက်ရှိကိစ္စနှင့်ပတ်သက်၍ အမှန်ပင်စိုးရိမ်နေမိသည်။ ခရစ်သည် မည်သည့်အခြေအနေတွင်ဖြစ်စေ အူသာကိုသတ်ဖြတ်လိုနေပေရာ သူကလုံးဝခွင့်ပြုပေး၍မရပေ။

ထို့ကြောင့် ခိုင်ရင်း၊ဂရင်း၊မိုင်ယဗ်နှင့်အခြားသူများအားလုံးသည် ရှေ့သို့ပြေးတက်လာခဲ့ကာ ခရစ်အားတိုက်ခိုက်ခဲ့ကြသည်။

သွေးနီရောင်ခရူးဆိတ်များသည် ခရစ်ကအူသာကို စတင်တိုက်ခိုက်လိုက်သည်အား တွေ့ရှိလိုက်သောအချိန်တွင် သူတို့သည်မသေမျိုးများအားဂရုမစိုက်တော့ဘဲ အူသာထံသို့ပြေးဝင်လာခဲ့ကြသည်။

ရှောင်ယုသည် အောစ့်စစ်သည်များ၊ခြေလျင်တပ်သားများ၊မှော်စုန်းဆရာများအား သွေးနီရောင်ခရူးဆိတ်များကိုရပ်တန့်ရန် အမိန့်ပေးခဲ့သည်။

ခရစ်သည်သာမက သွေးနီရောင်ခရူးဆိတ်၏စွမ်းအားကို လုံးဝလျော့တွက်၍မရပေ။

အခြားတစ်ဖက်တွင် ရှောင်ယုအားတိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် အခြားလူတစ်ယောက်လည်းရှိနေသေးသည်။

ရှောင်ယုကခေါင်းကိုလှည့်ကြည့်လိုက်ရာ ရောဘတ်ကိုသတိထားမိလိုက်သည်။ ထိုကောင်သည် ဤသို့သောအခွင့်အရေးအားလက်လွှတ်မခံမည်မှာ သေချာပေသည်။

"ဒီဖေဖေသာ အခွင့်အရေးရခဲ့မယ်ဆိုရင် မင်းကိုငါသတ်ပစ်မယ်"

ရှောင်ယုသည် ရောဘတ်ကိုကြည့်၍ အေးစက်စွာရေရွတ်လိုက်သည်။

လက်ရှိအချိန်တွင် ရှောင်ယုသည် ဘုရားကျောင်းနှင့်ကနေဒီမိသားစု၏ ပေါင်းစပ်စွမ်းအားကိုတောင့်မခံနိင်ပေ။

"နီကိုးလပ်စ်၊လီယိုနာဒို ငါတို့ကမဟာမိတ်ဖြစ်နေပြီမဟုတ်လား...ငါ့ကိုကူညီ"

ရှောင်ယုသည် နီကိုးလပ်စ်အားအကူအညီတောင်းရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

လီယိုနာဒိုက ကျယ်လောင်စွာရယ်မောလိုက်ကာ လှောင်ပြောင်ရန်ပြင်ဆင်လိုက်သော်လည်း နီကိုးလပ်စ်ကရုတ်တရက်ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...ငါတို့ကမဟာမိတ်ဖြစ်နေတုံးပဲမလား...စိတ်ချစမ်းပါ...ကနေဒီမိသားစုရဲ့တိုက်ခိုက်မှုကိုခုခံဖို့ မင်းကိုငါကူညီပေးမယ်...ခရစ်နဲ့ရင်ဆိုင်ရာမှာကူညီဖို့အတွက်လည်း မင်းဆီကိုလူနည်းနည်းစေလွှတ်လိုက်မယ်"

ထိုသို့ပြောပြီးသည်နှင့် နီကိုးလပ်စ်သည် ဒိုင်းကိုအသုံးပြုသော ပဥ္စမအဆင့်ကျွမ်းကျင် တိုက်ခိုက်ရေးသမားများကို စေလွှတ်ခဲ့သည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ကောင်းမွန်ခြင်းမရှိသော်လည်း သူတို့၏ခံစစ်ကထိပ်တန်းအဆင့်သာရှိပေသည်။

ဆဌမအဆင့်ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့သည်ဆဌမအဆင့်တိုက်ခိုက်မှုအနည်းငယ်သာ တားဆီးနိုင်စွမ်းရှိပေသည်။

လီယိုနာဒိုက နီကိုးလပ်စ်အား အံ့သြတကြီးကြည့်လိုက်မိသည်။ နီကိုးလပ်စ်သည် အဘယ်ကြောင့်ဤသို့ဆုံးဖြတ်ချက်ချရသည်ကို သူနားမလည်နိုင်ခဲ့ပေ။ လက်ရှိအချိန်သည် ရှောင်ယုအားသတ်ဖြတ်ရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

သို့သော်လည်း နီကိုးလပ်စ်သည် သူ၏ရပ်တည်ချက်ကိုထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သောကြောင့် နောက်ထပ်ပြောစရာစကားမရှိတော့ပေ။ အကယ်၍သူသာ ရှောင်ယုအားယခုတိုက်ခိုက်လိုက်မည်ဆိုပါက နီကိုးလပ်စ်သည်သူ့အား ချက်ချင်းတိုက်ခိုက်မည်ကိုသူသိထားပေသည်။

ရှောင်ယုလည်း အနည်းငယ်အံ့သြသွားခဲ့သည်။အဆုံးသတ်တွင် သူသည်နီကိုးလပ်စ်၏လုပ်ရပ်ကို မမျှော်လင့်ထားခဲ့ပေ။

အခန်း ၄၃၇ - ပါလာဒင်သေဆုံးခြင်း

မည်သို့ပင်ဆိုစေ နီကိုးလပ်စ်က ကူညီပေးမည်ဖြစ်ရာ ထိုအရာသည်သတင်းကောင်းပင်ဖြစ်သည်။

ယခုအခါတွင် ရှောင်ယုသည် ခရစ်နှင့်ရင်ဆိုင်ရာ၌ အလုံးစုံအာရုံစိုက်နိုင်နေပြီဖြစ်သည်။ ကနေဒီမိသားစုမှ တပ်သားများသည်တိုက်ခိုက်ရန် ပြေးဝင်လာကြသော်လည်း နီကိုးလပ်စ်၏တပ်သားများက တားဆီးလိုက်ကြသည်။ နီကိုးလပ်စ်သည် ရောဘတ်က်ုကြည့်၍ ပြောလိုက်မိသည်။

"သခင်လေးရောဘတ်...ဒါကနားလည်မှုလွဲနေတယ်လို့ငါထင်တယ်...ငါ့ရဲ့မဟာမိတ်တွေကိုတိုက်ခိုက်ဖို့အတွက် ဒီအခွင့်အရေးကိုမင်းအသုံးချချင်နေတာမဟုတ်လား"

ရောဘတ်က ဒေါသတကြီးပြန်လည်တုံ့ပြန်လိုက်သည်။

"နီကိုးလပ်စ် မင်းကဘာလို့မဆိုင်ဘဲဝင်စွက်ဖက်ချင်နေရတာလဲ"

နီကိုးလပ်စ်က ပြုံး၍ပြောလိုက်သည်။

"အကြောင်းပြချက်ကတော့ အရမ်းကိုရိုးရှင်းပါတယ်...ငါကရှောင်ယုရဲ့မဟာမိတ်လေ"

ရောဘတ်၏မျက်နှာသည် ချက်ချင်းပင်နီမြန်းသွားခဲ့ကာ နီကိုးလပ်စ်အား ပြေးဝင်တိုက်ခိုက်လိုစိတ်ကို အတင်းထိန်းချုပ်လိုက်ရသည်။ နီကိုးလပ်စ်သည် ပျော့ပျောင်းသည့်ပန်းသီးပုပ်တစ်ခုမဟုတ်ကြောင်း ရောဘတ်ကောင်းကောင်းသိထားပါသည်။ သူတို့နှစ်ယောက်သာ ထိပ်တိုက်တွေ့မိပါက ကျိန်းသေပါက်ရလဒ်မကောင်းနိုင်ပေ။

ယခုအချိန်၌ ဂေါ်ဒန်၏ဦးခေါင်းခွံက ထွက်ပေါ်မလာသေးသလို အချို့သောအရေးကြီးသည့်ရတနာများကို မတွေ့ရသေးပေ။ သို့ဖြစ်ရာ နီကိုးလပ်စ်အားအချိန်အတော်ကြာတိုက်ခိုက်၍မရပေ။ သူသာ ကြီးမားသည့်ရတနာအချို့ကိုရယူလိုပါက ဝှက်ဖဲအချို့ကိုချန်ရစ်ထားခဲ့ရမည်ဖြစ်သည်။

"နီကိုးလပ်စ်...ရှောင်ယုကဘယ်လိုကောင်လဲဆိုတာ မင်းရဲ့နှလုံးသားထဲမှာတော့ ကောင်းကောင်းသိနေမှာပါ...မင်းသူ့ကိုစောစောမသတ်ဖြတ်ဘူးဆိုရင် နောင်မှာသူကမင်းအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်...ငါတို့အတူတူလက်တွဲပြီး သူ့ကိုသတ်ဖြတ်တာပိုပြီးမကောင်းဘူးလား...သူ့ရဲ့မျိုးနွယ်စုတပ်တွေကိုမင်းကိုပေးမယ်...ငါကနာဂနဲ့သူ့ဇနီးကိုပဲယူမယ်"

ယခုတစ်ကြိမ်၌ရောဘတ်သည် မတူညီသောချည်းကပ်နည်းအား အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။ သူသည် နီကိုးလပ်စ်အားသွေးဆောင်ရန်အတွက် အကျိုးစီးပွားခွဲဝေသည့်နည်းကို စတင်အသုံးပြုခဲ့သည်။

သို့သော်လည်း နီကိုးလပ်စ်သည် မည်သို့သောလူစားမျိုးနည်း။ သူသည် သူ၏နှလုံးသားထဲ၌ အရာအားလုံးကိုရှင်းရှင်းလင်းလင်း တွက်ချက်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ရောဘတ်၏သေးငယ်သောလှည့်ကွက်များက သူ့အပေါ်မည်သို့အကျိုးသက်ရောက်မှုရှိနိုင်မည်နည်း။

ထို့ကြောင့် နီကိုးလပ်စ်က ပြုံး၍ပြောလိုက်သည်။

"ရောဘတ်...မင်းငါ့ကိုသစ္စာဖောက်ဖို့ သွေးဆောင်နေတာလား...မင်းကဘာတွေပဲကမ်းလှမ်းနေပါစေ ငါ့ရဲ့မဟာမိတ်တွေကိုတော့ငါဘယ်တော့မှစွန့်ခွာမှာမဟုတ်ဘူး...ဒါကလူတစ်ယောက်ရဲ့အခြေခံအကျဆုံး အကျင့်စာရိတ္တပဲ"

ရောဘတ်သည် နီကိုးလပ်စ်၏စကားကိုကြားသောအခါတွင် အလွန်ဒေါသထွက်သွားခဲ့ပြီး သူ၏အဆုတ်များပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူသည်နီကိုးလပ်စ်အားဘာမှမလုပ်နိင်ဘဲ သူ၏နှလုံးသားထဲ၌ ကျိန်ဆဲနေရုံသာတတ်နိုင်ခဲ့သည်။

"လူယုတ်မာ...သစ္စာမဖောက်ဘူးဟုတ်လား...မင်းကြံစည်နေတာငါမသိဘူးမထင်နဲ့...မင်းကမင်းရဲ့အကိုနဲ့မဟာမိတ်ဖွဲ့ထားရင်တောင်မှ သူ့နောက်ကျောကိုဓားနဲ့ထိုးဖို့တွန့်ဆုတ်နေမှာမဟူတ်ဘူး...မင်းကမိသားစုရဲ့အမွေဆက်ခံမှုကိုရရှိဖို့အတွက် မင်းရဲ့ဆွေမျိုးဘယ်လောက်တောင်သတ်ဖြတ်ခဲ့တာလဲ"

ရှောင်ယုသည်လည်း နီကိုးလပ်စ်၏စကားကိုကြားသောအခါတွင် ဒေါသထွက်သွားခဲ့ကာ သူ့စိတ်ထဲ၌တီးတိုးရေရွတ်လိုက်သည်။

"သူကငါ့ထက်တောင် ဘယ်လိုလုပ်ပြီးအရှက်ကင်းမဲ့နေရတာလဲ"

လက်ရှိအချိန်တွင် ရှောင်ယုသည်ခရစ်အါးပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆုံးသတ်တွင် ခရစ်၏တိုက်ခိုက်မှုကအလွန်ကိုပြင်းထန်လွန်းလှပေရာ နဂါးလေးကသာ ခရစ်အားတွန်းလှန်နိုင်ခဲ့သည်။

ဂရင်းသည် ခရစ်အားပြေးဝင်တိုက်ခိုက်ခဲ့သော်လည်း မည်သို့မှလုပ်ဆောင်နိုင်ခြင်းမရှိဘဲ ခရစ်၏တိုက်ခိုက်မှုကြောင့်သာ နောက်ပြန်ဆုတ်ပေးလိုက်ရသည်။ ခိုင်ရင်း၏ခန္ဓာကိုယ်သည် သန်မာသော်လည်း ခရစ်၏တိုက်ခိုက်မှုများကို တောင့်ခံနိုင်ရုံသာဖြစ်ပြီး ခရစ်အားမထိခိုက်စေခဲ့ပေ။

ရှောင်ယု၏သူရဲကောင်းများသည် အတူတကွပူးပေါင်းလုပ်ဆောင်ချိန်မှသာလျှင် ခရစ်အားတွန်းလှန်နိုင်မည်ဖြစ်သည်။

ခိုင်ရင်း၏ ပူးကပ်ခြင်းအစွမ်းသည် ခရစ်အားအလွန်အကျွံထိခိုက်စေခြင်းမရှိသော်လည်း ခရစ်၏လှုပ်ရှားမှုအား အတိုင်းအတာတစ်ခုထိဟန့်တားနိုင်ခဲ့သည်။

မိုင်ယဗ်၏တိုက်ခိုက်မှုသည် အပြင်းထန်ဆုံးဖြစ်ကာ ခရစ်အားထိခိုက်မှုအများဆုံးဖြစ်စေခဲ့သည်။

သူမ၏လှုပ်ရှားမှုများသည် အလွန်ပင်အပြောင်းအလဲမြန်ဆန်လှကာ ထူးဆန်းပေသည်။ ခရစ်သည် ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်လျှင်ပင် မိုင်ယဗ်အားထိရန်အလွန်ခက်ခဲပေသည်။

တိုင်ရန်ဒီ၏မြှားများသည် အလွန်ပင်ချွန်ထက်လှပြီး ခရစ်၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများစွာကျန်ရစ်ခဲ့သော်လည်း အရေးကြီးသောအစိတ်အပိုင်းများကို မထိခိုက်စေခဲ့ပေ။

သို့သော် တိုင်ရန်ဒီအဆင့်တက်သွားပြီးနောက် ထူထဲသောခံစစ်အလွှာများကို ဖြိုဖျက်ပေးနိုင်သည့် ထိုးဖောက်မြှားဟုခေါ်သော ကျွမ်းကျင်မှုအသစ်တစ်ခုရလာခဲ့သည်။ ခရစ်သည် အလွန်အစွမ်းထက်သော ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားခဲ့သော်လည်း တိုင်ရန်ဒီ၏ထိုးဖောက်မြှားကို မတားဆီးနိုင်ခဲ့ပေ။

သို့သော်လည်း ခရစ်သည် နာကျင်ခြင်းဟူသောစကားလုံးကို သိရှိပုံမရပေ။ သူသည် ဒဏ်ရာများကိုလျစ်လျူရှုလိုက်ကာ အူသာကိုသာအဆက်အပြတ်ဆိုသလို တိုက်ခိုက်နေခဲ့သည်။

"ဆရာ သတိပြန်ရပါတော့"

အလွန်ဆိုသည် စိုးရိမ်တကြီးအော်ဟစ်လိုက်သော်လည်း ခရစ်မိုသည်လုံးဝတုံ့ပြန်ခြင်းမရှိဘဲ အူသာကိုတိုက်ခိုက်နေဆဲဖြစ်သည်။

ထိုအချိန်တွင် တိုင်ရန်ဒီသည် ပေါက်ကွဲစေသော နဂါးမီးမြှားကိုစတင်အသုံးပြုလာခဲ့သည်။ ရှောင်ယုသည် အရူးတစ်ယောက်လိုဖြစ်နေသော ခရစ်ကိုရပ်တန့်ရာတွင် နဂါးမီးမြှားကိုသာအသုံးပြုရန် တတ်စွမ်းနိုင်ပေသည်။

ဘန်း...

တိုင်ရန်ဒီသည် အချိန်မဆွဲတော့ဘဲ ခရစ်အားနဂါးမီးမြှားဖြင့် ပစ်လွှတ်လိုက်သည်။

ခရစ်သည် အူသာကိုသတ်ဖြတ်ရန် အသည်းအသန်ကြိုးစားနေသော်လည်း နဂါးမီးမြှားကသူ၏အသက်အန္တာရယ်အား ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ခံစားမိသည့်အတွက်ကြောင့် ခုခံရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း နဂါးမီးမြှားကြောင့် သူသည်နောက်သို့လွှင့်ထွက်သွားခဲ့သည်။

"ထပ်ပစ်..."

နဂါးမီးမြှားသည် ခရစ်အားထိခိုက်စေသည်ကိုမြင်သောအခါ ရှောင်ယုသည် တိုင်ရန်ဒီအားဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ သူသည် ခရစ်အားသတ်ဖြတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ခရစ်သည်အူသာကိုသတ်ဖြတ်သွားမည်ဖြစ်ကာ ထိုအချိန်ရောက်မှ နောင်တရရန်နောက်ကျသွားမည်ဖြစ်သည်။

လူတိုင်းသည် ခရစ်ကိုဝိုင်းကာ သူ၏လမ်းကြောင်းကိုပိတ်ဆို့ရန် ကြိုးပမ်းလာကြသည်။ တိုင်ရန်ဒီသည် အခြားသူများ၏ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ နောက်ထပ်မြှားတစ်စင်းကိုပစ်လွှတ်ခဲ့သည်။ မနီးမဝေးတွင်ရှိသောနာဂသည်လည်း တစ်ချိန်တည်းမှာပင် နဂါးမီးမြှားဖြင့် ခရစ်အားပစ်ခတ်ခဲ့သည်။

ရှောင်ယုသည် ရံဖန်ရံခါအကျပ်အတည်းကြုံတွေ့ချိန်များ၌ အသုံးပြုနိုင်ရန်အတွက် နဂါးမီးမြှားနှစ်စင်းကို နာဂထံပေးထားခဲ့သည်။

ပေါက်ကွဲစေသော နဂါးမီးမြှားနှစ်စင်းသည် အရှိန်အဟုန်ပြင်းသောနဂါးနှစ်ကောင်၏ တိုက်ခိုက်မှုနှင့်ဆင်တူကာ နှစ်ခုပေါင်းပစ်ခတ်ခြင်းက ထွက်ပေါ်လာသည့်စွမ်းအားကိုပိုမိုပြင်းထန်စေသည်။ နဂါးမီးမြှားနှစ်စင်းလုံးသည် ခရစ်ထံသို့ တစ်ချိန်တည်း၌ကျရောက်သွားခဲ့သည်။

ဘန်း...

ခရစ်သည် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်လည်း ထိုဒဏ်ရာကပင် သူ့အားပိုမိုရူးသွပ်စေခဲ့သည်။ ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက် ဒေါသထွက်လာပါက အလွန်ကြောက်စရာကောင်းပေသည်။ ယခုအခါ ခရစ်သည်အူသာကိုသတ်ဖြတ်ရန်အတွက် သူ၏စွမ်းအင်အားလုံးကို လောင်ကျွမ်းရန်ကြံစည်နေကြောင်း သိသာပေသည်။

လက်ရှိအချိန်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နဂိုထက်နှစ်ဆကျော်ပိုများလာခဲ့သည်။

ဒိုင်း...

ရှောင်ယုသည် အရူးလိုဖြစ်နေသောခရစ်ကိုကြည့်ကာ နဂါးမီးမြှားများကိုထပ်မံပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။ ရှောင်ယုသည် ခရစ်အားမသတ်ဖြတ်နိုင်ဟု လုံးဝမယုံကြည်ပေ။

တိုင်ရန်ဒီသည် နဂါးမီးမြှားဖြင့် တဖန်ပစ်လွှတ်ခဲ့သည်။ ယခုတစ်ကြိမ်အသုံးပြုအပြီးတွင် နဂါးမီးမြှားအရေအတွက် အနည်းငယ်သာကျန်ရှိတော့ကာ လက်ကျန်အားလုံးကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ခရစ်ကဲ့သို့ သန်မာသောသူတစ်ယောက်နှင့်ရင်ဆိုင်ရာတွင် သူတို့သည် အရာအားလုံးကိုပုံအောသုံးစွဲခဲ့ရသည်။

ပြင်းထန်သောပေါက်ကွဲသံများ ထွက်ပေါ်လာအပြီးတွင် လူတိုင်းသည်သွေးများဖြင့်ဖုံးလွှမ်းနေသည့် ခရစ်ကိုလှမ်းကြည့်မိလိုက်ကြသည်။ ခရစ်သည် သွေးနီရောင်မျက်လုံးများဖြင့်သာရှိနေကော ထိုနေရာ၌မလှုပ်မယှက်ရပ်နေခဲ့သည်။

နဂါးလေးသည် ထိုအခွင့်အရေးအား အသုံးချကာ နံချပ်ကူအားလွဲယမ်း၍ ခရစ်အားရိုက်ချလိုက်သည်။

ဘုန်း...

ယခုတစ်ကြိမ်တွင် နဂါးလေး၏နံချပ်ကူသည် ခရစ်၏ခန္ဓာကိုယ်အားထိမှန်ကာ နံရံသို့လွှင့်စင်သွားစေခဲ့သည်။

"ဆရာ..."

ထိုအချိန်တွင် အလွန်ဆိုသည် လျင်မြန်စွာပြေးဝင်သွားခဲ့ကာ ခရစ်ကိုကြည့်ရင်း သူ၏မျက်လုံးများမှနေ၍ မျက်ရည်များစီးကျလာခဲ့ပြီး သူ၏နှလုံးသားကနာကျင်နေခဲ့သည်။

"အ...အလွန်ဆို...ဘာဖြစ်နေတာလဲ...ဘာတွေဖြစ်ကုန်တာလဲ...ခဏလေးငါနည်းနည်းသတိရလာခဲ့ပြီ...ဘာကြောင့်မှန်းတော့မသိဘူး...ငါကတစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြီးတော့ ငါ့ရဲ့အသိစိတ်ကလုံးဝလွတ်ထွက်သွားတယ်လို့ ခံစားနေရတယ်...ငါကအူသာကိုနာကျင်စေခဲ့တာလား...အိုးအူသာကအဆင်ပြေနေတာပဲ...နတ်ဘုရားတွေကိုကျေးဇူးတင်ပါတယ်"

"အလွန်ဆို...မင်းငါ့စကားကိုသေချာနားထောင်...မင်းကငါ့ရဲ့အကောင်းဆုံးသောတပည့်ဖြစ်သလို ငါဂုဏ်အယူရဆုံးလူတစ်ယောက်ပဲ...ငါမင်းကိုတစ်ယောက်တည်းမထားခဲ့ချင်ပေမဲ့ မင်းကအူသာကိုဆက်လက်ကာကွယ်ပေးပြီး မပြီးပြတ်သေးတဲ့မစ်ရှင်ကိုဆက်လုပ်ရမယ်...အလင်းရဲ့သူရဲကောင်းတစ်ယောက်အနေနဲ့ မင်းဟာအူသာကိုအစဉ်အမြဲကာကွယ်ပေးရမှာဖြစ်ပြီး အူသာနောက်ကိုအမြဲလိုက်နေရမယ်"

ထိုအချိန်တွင် ခရစ်၏မျက်လုံးများသည် အပြည့်အဝပြန်လည်၍တောက်ပလာခဲ့သည်။ သို့သော်လည်း ပုပ်ရဟန်းမင်းကသူ့အား ပြန်လည်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သူ၏သက်တမ်းကလုံးဝကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ယခုအခါတွင် ခရစ်သည် တစ်စုံတစ်ယောက်၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အူသာကိုသတ်ဖြတ်ရန်အတွက် အတင်းအကြပ်စေခိုင်းခံနေရခြင်းဖြစ်ကြောင်း လူတိုင်းသိသွားကြသည်။

ခရစ်အားထိန်းချုပ်ထားသူသည် မည်သူမည်ဝါဖြစ်ကြောင်း လူတိုင်းခန့်မှန်းမိလိုက်ကြပြီဖြစ်သည်။ ပုပ်ရဟန်းမင်းမှလွဲလျင် အခြားသူတစ်ယောက်၌ ဤသို့စွမ်းရည်မရှိနိုင်ပေ။

"ကြီးမြတ်သောအူသာ...ငါ့ကိုခွင့်လွှတ်ပေးပါ...ငါဟာငါ့ရဲ့စဉ်းစားနိုင်စွမ်းကိုဆုံးရှုံးခဲ့ရတယ်...မင်းကိုသတ်ဖြတ်ဖို့ကြိုးစားခဲ့ပြီး အပြစ်ပြုမိပါတယ်"

ခရစ်သည် အူသာကိုသတိထားမိလိုက်သည်နှင့် သူ၏နောက်ဆုံးခွန်အားလေးဖြင့် အူသာထံသို့ချဉ်းကပ်၍ အရိုအသေပေးလိုက်သည်။

"မင်းရဲ့သဘောသဘာဝကိုက ကြင်နာသနားတတ်တယ်...မင်းဟာစိတ်ရှုပ်နေတာမလို့ ငါမင်းကိုအပြစ်မတင်ပါဘူး...အလင်း၏နာမတော်ဖြင့် သင်၏အပြစ်တွေအားလုံးကို ငါခွင့်လွှတ်ပါတယ်"

အူသာသည် လေးနက်သောအကြည့်ဖြင့် ခရစ်မိုအားပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အူသာ"

ခရစ်မိုသည် လေးလေးနက်နက်ဖြင့်ဦးညွတ်လိုက်သည်။

ထို့နောက်တွင် ခရစ်သည်တိုက်ခိုက်နေဆဲဖြစ်သော သွေးနီရောင်ခရူးဆိတ်များကိုကြည့်၍ အော်ဟစ်လိုက်သည်။

"ရပ်လိုက်ကြ..."

ခရစ်၏ဒေါသတကြီးအော်သံကိုကြားသောအခါ သွေးနီရောင်ခရူးဆိတ်များက ချက်ချင်းရပ်လိုက်ကြပြီး ခရစ်ကိုပြန်ကြည့်လိုက်ကြသည်။ ခရစ်သည် ဒဏ်ရာအပြင်းအထန်ရထားသည်ကိုမြင်သော် သူတို့အားလုံးစိုးရိမ်သွားကြပြီး ခရစ်ကိုကယ်တင်ရန်ရှေ့တိုးလာကြသည်။

သို့သော်လည်း ရှောင်ယုနှင့်နီကိုးလပ်စ်တို့၏တပ်များက ၎င်းတို့အားရှေ့မတိုးလာစေရန် တားဆီးခဲ့သည်။

ယခုအခါ ခရစ်သည်အူသာကို ရုတ်တရက်ဒူးထောက်၍ တောင်းပန်နေသည့်မြင်ကွင်းအား ကြည့်ရသည်မှာအလွန်ထူးဆန်းပေသည်။

ခရစ်သည် ချောင်းနှစ်ချက်ဆိုးလိုက်ရာ သူ၏ပါးစပ်ထောင့်မှနေ၍ သွေးများစီးကျလာခဲ့သည်။ ထို့နောက်သူသည် သွေးနီရောင်ခရူးဆိတ်များကိုကြည့်၍ အလွန်သနားစရာကောင်းသည့်လေသံဖြင့်ပြောလိုက်သည်။

"မင်းတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ငါက မင်းတို့ကိုထားခဲ့ရတော့မယ်...ဒါပေမဲ့ဒီနေ့မှာ ငါတို့ရဲ့စစ်မှန်တဲ့အလင်းနတ်ဘုရားဖြစ်နေတဲ့ အူသာကိုရှာတွေ့ခဲ့တဲ့အတွက် ဝမ်းနည်းစရာကိစ္စတစ်ခုမဟုတ်ဘူး...ဘုရားကျောင်းမှာရှိနေတဲ့အူသာဟာ အတုအယောင်ဖြစ်တယ်ဆိုတာကို ငါ့ရဲ့ပါလာဒင်ဂုဏ်သိက္ခာနဲ့တိုင်တည်ပြီး သက်သေပြနိုင်တယ်...သူကဘုရားကျောင်းရဲ့အခွင့်အာဏာကို လက်ဝါးကြီးအုပ်ဖို့အတွက် ပုပ်ရဟန်းမင်းဖန်တီးခဲ့တဲ့ ကိရိယာတစ်ခုသာသာပဲ"

"သူဟာ ဘုရားကျောင်းရဲ့တစ်ဦးတည်းသောနတ်ဘုရားဖြစ်ချင်တဲ့အတွက် ငါတို့ကိုဒီနေရာဆီသွားဖို့ အမိန့်ပေးခဲ့တယ်...ပါလာဒင်တစ်ယောက်ရဲ့ အခြေခံကျင့်ဝတ်တွေကိုသာယုံကြည်မယ်ဆိုရင် စစ်မှန်တဲ့အူသာနောက်ကိုလိုက်ပြီး ကာကွယ်ပါ...ငါ့ဘဝကဆုံးခန်းတိုင်သွားပြီမလို့ ဒီလိုလုပ်ဖို့အတွက်အခွင့်အရေးမရှိတော့ဘူး...မင်းတို့ကတော့ဒီအခွင့်အရေးကိုလိုက်နာပြီးတော့ အလင်းနတ်ဘုရားအူသာကို အလုပ်အကျွေးပြုဖို့ငါမျှော်လင့်တယ်"

ထိုသို့ပြောပြီးနောက်တွင် ခရစ်၏မျက်လုံးများက နောက်ဆုံးအကြိမ်အဖြစ် တဖန်ပြန်လည်တောက်ပလာခဲ့ကာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံးတွင် ခရစ်သည် သူရရှိထားသည့်အလွန်ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရသည်။

သွေးနီရောင်ခရူးဆိတ်များအားလုံးသည် သေဆုံးသွားသည့်ခရစ်ကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ခရစ်၏စကားများက သူတို့၏အတွေးများကိုလုံးဝရှုပ်ထွေးသွားစေခဲ့သည်။ သူတို့သည် ယခုအချိန်၌အလွန်ပင်ရှုပ်ထွေးနေခဲ့ပြီး မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားမရတော့ပေ။

ရှောင်ယုသည် ခရစ်ကိုနောက်ဆုံးအနေဖြင့်ကြည့်ကာ သက်ပြင်းတစ်ချက်ချမိလိုက်သည်။

"ဟုတ်တယ်...သူကတကယ့်ကိုအရည်အချင်းရှိတဲ့ ပါလာဒင်တစ်ယောက်ပဲ"

အခန်း ၄၃၈ - စိတ်ဝိညာဉ်၏ ဝိညာဉ်

ထိုနေရာရှိလူတိုင်းလိုလိုပင် အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ရှေ့၌ရှိနေသည်မှာ စစ်မှန်သောအူသာဖြစ်၍ ဘုရားကျောင်းမှအူသာသည် အတုဖြစ်နေသည်လား။

ထိုစကားကို ခရစ်မိုးကိုယ်တိုင်ပြောခဲ့သည်ဖြစ်ရာ အမှန်အတိုင်းဖြစ်နိုင်ရန် အလွန်ရာခိုင်နှုန်းမြင့်ပေသည်။ ထို့ပြင် အလွန်ဆိုသည်လည်း အူသာဘက်မှရပ်တည်နေသည်ဖြစ်ရာ အလင်းနတ်ဘုရားပြန်လည်ရောက်ရှိလာသည်ကို လူအများသံသယဖြစ်လာကြသည်။

နီကိုးလပ်စ်သည် ထိုမြင်ကွင်းကိုကြည့်၍ ပြုံးမိလိုက်ကာ သူ့စိတ်ထဲ၌အတွေးတစ်ခုဝင်လာခဲ့သည်။

"ရှောင်ယုနဲ့ဘုရားကျောင်းကြားကစစ်ပွဲဟာ လွယ်လွယ်နဲ့ပြီးဆုံးမှာမဟုတ်ဘူး...ဘုရားကျောင်းနဲ့တိုက်ခိုက်ရတာက အရမ်းကိုပြဿနာများလွန်းတယ်...ဘုရားကျောင်းရဲ့ကောင်းချီးတွေဟာ စစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာတိုးမြင့်စေနိုင်တယ်...ဒီကိစ္စမှာ အရင်ဆုံးနောက်ဆုတ်ပြေးတဲ့သူတွေက အဆုံးရှုံးများမှာပဲ...ခုချိန်မှာအူသာထွက်ပေါ်လာတာက ဘုရားကျောင်းရဲ့စွမ်းအားကို ဟန်ချက်ညီစေလိမ့်မယ်...ငါကဒီချိန်မှာ ငါးဖမ်းမယ့်တံငါသည်တွေလိုမျိုး အကျိုးအမြတ်ရယူဖို့ကြံစည်ရမယ်...မဟုတ်ရင်ရှောင်ယုအသတ်ခံရရင်တောင်မှ ဘုရားကျောင်းက ပိုမိုအစွမ်းထက်လာပြီး ကိုင်တွယ်ရပိုခက်လာလိမ့်မယ်"

ထိုအရာသည် နီကိုးလပ်စ်က ရှောင်ယုအားကူညီပေးခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။

ထိုအချိန်တွင် အလွန်ဆိုသည် သွေးနီရောင်ခရူးဆိတ်များရှေ့၌ ရုတ်တရက် ထွက်ရပ်လိုက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ခုထိသတိမထားမိကြသေးဘူးလား...တကယ့်အူသာအစစ်ကဘယ်သူလဲ...အမှန်တရားကိုခံစားဖို့ မင်းတို့ရဲ့နှလုံးသားကိုအသုံးပြုကြ...ငါတို့ရဲ့ခေါင်းဆောင်ကို လူသတ်စက်တစ်ခုဖြစ်အောင် ပုပ်ရဟန်းမင်းက ချုပ်ကိုင်ထားတာပဲ...ငါတို့ရဲ့ခေါင်းဆောင်ကိုသတ်ခဲ့တာ စက်ဆုပ်ရွှံရှာဖို့ကောင်းတဲ့ ပုပ်ရဟန်းမင်းပဲ...ခုဆိုရင်မင်းတို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်...ပထမတစ်ခုကငါနဲ့အတူအူသာရဲ့နောက်ကိုလိုက်ပြီးတော့ အလင်းနဲ့တရားမျှတမှုကိုထိန်းသိမ်းရမယ်...ဒုတိယအချက်အနေနဲ့ မင်းတို့ကဒီနေရာကနေထွက်ခွာသွားပြီးတော့ ပုပ်ရဟန်းမင်းကိုဆက်လက်သစ္စာစောင့်သိကြဖို့ပဲ...မင်းတို့သေချာရွေးချယ်ကြ"

ပါလာဒင်များအနက် အလွန်ဆိုသည် အလွန်ပင်မြင့်မားသည့်ဂုဏ်ပုဒ်အား ပိုင်ဆိုင်ထားခဲ့သည်။ သွေးနီရောင်ခရူးဆိတ်များတွင် ပဥ္စမအဆင့်ပါလာဒင်များစွာရှိနေသော်လည်း သူတို့၏ခွန်အားက သူ့လောက်ကောင်းမွန်ခြင်းမရှိပေ။ သို့ဖြစ်ရာ ခရစ်ကွယ်လွန်သွားပြီးနောက်တွင် အလွန်ဆိုသည် သွေးနီရောင်ခရူးဆိတ်၌ အမြင့်ဆုံးသောအခွင့်အာဏာကို ချုပ်ကိုင်ထားခဲ့ပြီဖြစ်သည်။

အလွန်ဆိုက ယခုလိုပြောလာချိန်တွင် လူတိုင်းသည်အူသာကိုလက်ခံရန် စတင်စဉ်းစားလာခဲ့ကြသည်။

"ဟေးအလွန်ဆို...မင်းပြောခဲ့တာတွေကအမှန်ဟုတ်လား...မဟုတ်လားဆိုတာကို ဘယ်သူကသိနိုင်မှာလဲ...မင်းကရှောင်ယုနဲ့ပူးပေါင်းပြီး ငါတို့ကိုချုပ်ကိုင်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား"

ထိုအချိန်တွင် ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်က မတ်တပ်ရပ်လိုက်ကာ ရှောင်ယုကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။

အလွန်ဆိုသည် ထိုလူကိုစိုက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။

"အူသာကိုမယုံကြည်ဘူးဆိုရင် ထွက်သွားလိုက်...ဘယ်သူကမှမင်းကိုအတင်းအကျပ်ရွေးချယ်ခိုင်းနေတာမဟုတ်ဘူး...ခေါင်းဆောင်ရဲ့စကားကရှင်းရှင်းလေးပဲ...မင်းသာမယုံရင်ငါထပ်ပြီးရှင်းပြနေမှာမဟုတ်ဘူး...ဒါပေမဲ့မင်းထွက်သွားလိုက်ပြီဆိုရင်တော့ မင်းရဲ့ရွေးချယ်မှုက..."

ထိုအချိန်တွင် အူသာကအလွန်ဆို၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။

"ဒီပါလာဒင်တွေဟာ သူတို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့အလင်းရောင်ကို သတ်ဖြတ်လိုစိတ်ကအစားထိုးသွားတဲ့အတွက် ဆုံးရှုံးသွားခဲ့ရပြီ...သူတို့ကအရည်အချင်းပြည့်မှီတဲ့ပါလာဒင်တွေမဟုတ်တော့ဘူး...စစ်မှန်တဲ့သူရဲကောင်းတွေဟာ သာမန်လူတွေအပေါ်ကိုအကာအကွယ်ပေးရမှာဖြစ်တယ်...ဘုရားကျောင်းရဲ့ယုံကြည်မှုကိုပြန့်ပွားဖို့ အတင်းအကျပ်မခိုင်းစေရဘူး"

အူသာ၏စကားအဆုံးတွင် သွေးနီရောင်ခရူးဆိတ်များ၏ဦးခေါင်းပေါ်၌ ရွှေရောင်အလင်းများ တောက်ပစွာထွက်ပေါ်လာခဲ့ကာ သူတို့၏ယခင်အပြစ်များအား ဆေးကြောပေးလိုက်သည်။

ခရူးဆိတ်များသည် သူတို့၏နှလုံးသားကိုဖိနှိပ်ထားသော အချုပ်အနှောင်မှလွတ်မြောက်လာခဲ့ကာ လန်းဆန်းမှုအားခံစားလိုက်ရသည်။

"ကြီးမြတ်သောအူသာ...ငါတို့သည်အသင့်နောက်သို့လိုက်ပါရန် ဆန္ဒရှိပါတယ်"

ပါလာဒင်အမြောက်အများသည် သူတို့၏အပြစ်များကိုနောင်တရလာခဲ့ကြပြီး ချက်ချင်းပင်ဒူးထောက်လိုက်ကြကာ အူသာကိုသစ္စာစောင့်သိလိုက်ကြသည်။

သို့သော်လည်း အီဆက်ခ်ဦးဆောင်သော ပါလာဒင်အချို့သည် ဤမြင်ကွင်းကိုကြည့်၍ မလှုပ်မယှက်ဖြစ်နေကြသည်။ သူတို့၏အမြင်တွင် ဤအရာသည် အလွန်ဆိုနှင့်ရှောင်ယုတို့၏ပူးပေါင်းကြံစည်မှုတစ်ခုထက် မပိုခဲ့ပေ။

"အလွန်ဆို...ဒီအဖြစ်အပျက်ကို ငါကိုယ်တိုင်ပုပ်ရဟန်းမင်းထံအစီရင်ခံမယ်...ဒီလူတွေဟာ အတုအယောင်အူသာကိုသစ္စာစောင့်သိဖို့ ရွေးချယ်လိုက်တဲ့အတွက်ကြောင့် ဒီနေ့ကစပြီးတော့သွေးနီရောင်ခရူးဆိတ်တွေလို့ ခေါ်ဖို့မထိုက်တန်တော့ဘူး...လာငါတို့သွားကြမယ်"

ထို့နောက် အီဆက်ခ်သည် အူသာကိုသစ္စာခံလိုစိတ်မရှိသော လူအချို့ကိုခေါ်ဆောင်ကာ လှည့်ထွက်လာခဲ့သည်။

အီဆက်ခ်ထွက်ခွာသွားသည်နှင့်အမျှ အဆင့်မြင့်ပါလာဒင်အုပ်စုကလည်း ထွက်ခွာသွားခဲ့သည်။

ပါလာဒင်တစ်ယောက်သည် အဆင့်မြင့်လေလေ သူတို့၏အလိုဆန္ဒများက ပိုမိုများပြားလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာထူးမြင့်မားသူများသည် အာဏာကိုရရှိရန် ပိုမိုစိတ်အားထက်သန်လာ၍ဖြစ်သည်။ အူသာ၏အလင်းကောင်းချီးများသည်ပင် ဤသို့သောလူများကို နိုးထစေရန်ခက်ခဲပေသည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ယခုတစ်ကြိမ်၌ သူသည်အတော်လေးကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခဲ့သည်။

"မင်းတို့က ငါ့ရဲ့နောက်လိုက်တွေဆိုမှတော့ အခုကစပြီး ဒီမြေရဲ့အလင်းနဲ့တရားမျှတမှုကို ကာကွယ်ဖို့အတွက် မင်းတို့ကိုတာဝန်ပေးမယ်"

အူသာက တည်ကြည်လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ရှောင်ယုသည် ခရစ်၏ရုပ်အလောင်းကိုမီးသဂြိုလ်ပြီးနောက် သူ၏သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းကာ လူသားအခြေစိုက်စခန်းရှိယဇ်ပလ္လင်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

စစ်မှန်သောပါလာဒင်တစ်ယောက်ဖြစ်သည့် ခရစ်သည် လူသားယဇ်ပလ္လင်သို့ဝင်ရောက်ရန် အရည်အချင်းပြည့်မှီပေသည်။ လူတိုင်းသည် ခရစ်နှင့်အူသာအကြောင်းကို အဆက်မပြတ်ဆွေးနွေးနေခဲ့ကြသလို ခရူးဆိတ်များကလည်း ခရစ်၏သေဆူံးမှုကြောင့် ဝမ်းနည်းနေခဲ့ကြသည်။

ဤသွေးနီရောင်ခရူးဆိတ်များသည် အူသာကိုသစ္စာစောင့်သိရန် ရွေးချယ်ခဲ့ကြသည့်အတွက်ကြောင့် အလွန်ဆို၏ခေါင်းဆောင်မှုအောက်၌ သူတို့သည်ငွေရောင်လက်၏သူရဲကောင်းများ အလွယ်တကူဖြစ်လာနိုင်သည်။

ရှောင်ယုသည် ခြင်္သေ့မြို့၌ ငွေရောင်လက်အဖွဲ့အစည်းကို တည်ထောင်ထားခဲ့သော်လည်း ၎င်းသည်အမည်တစ်ခုသာဖြစ်ကာ အမှန်တကယ်ဖွံ့ဖြိုးလာခြင်းမရှိသေးပေ။

အဆုံးသတ်၌ ပါလာဒင်တစ်ယောက်ကို မွေးထုတ်ခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ပေ။

ယခုအခါ ဤပါလာဒင်များနှင့်သွေးနီရောင်ခရူးဆိတ်၏ ယဇ်ပုရောဟိတ်တို့နှင့်အတူ အရာအားလုံးသည်ပိုမို၍လွယ်ကူလာခဲ့သည်။ လောလောဆယ်တွင် သူသည်ဘုရားကျောင်းနှင့်ပြိုင်ဆိုင်ရန်မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ အခြေခံအကျဆုံးစုဆောင်းမှုများကို ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ဤကိစ္စအားကိုင်တွယ်ပြီးနောက်တွင် လူတိုင်းသည် မသေမျိုးဘက်သို့ အာရုံပြောင်းလာခဲ့ကြသည်။ အစောပိုင်းတွင် ခရစ်သည် မသေမျိုးများစွာသတ်ဖြတ်ခံထားရသည့်အတွက်ကြောင့် အမြောက်အများမကျန်ခဲ့ရာ ကိုင်တွယ်ရလွယ်ကူနေခဲ့သည်။

သို့သော်လည်း သူတို့ရှေ့တိုးလာသည်နှင့်အမျှ မသေမျိုးများနှင့် နတ်ဆိုးဝိညာဉ်အရေအတွက်က ပိုမိုတိုးတက်လာခဲ့သည်။

သူတို့သည် နတ်ဆိုးဝိညာဉ်များကို နာရီအတော်ကြာအောင်သတ်ဖြတ်ခဲ့ပြီးနောက်တွင်လည်း နတ်ဆိုးဝိညာဉ်များကအဆုံးမဲ့နေသကဲ့သို့ ဆက်လက်တည်ရှိနေခဲ့သည်။

"ဘာဖြစ်သွားမှာမလို့လဲ...သူတို့အားလုံးကိုသတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ငါမယုံဘူး"

ရှောင်ယုသည် နေရာတိုင်းလိုလိုရှိနေသော နတ်ဆိုးဝိညာဉ်များကိုကြည့်၍ ရေရွတ်လိုက်သည်။

"ကြည့်ရတာ နည်းလမ်းဟောင်းကိုပဲအသုံးပြုရတော့မယ်ထင်တယ်...ငါတို့ကဝိညာဉ်သေတ္တာအနီးကို အလျင်စလိုပြေးဝင်သွားရတော့မယ် ငါတို့သာဝိညာဉ်သေတ္တာနားရောက်သွားရင် ဒီမသေမျိုးတွေနဲ့နတ်ဆိုးဝိညာဉ်တွေကအနားကပ်လာရဲမှာမဟုတ်တော့ဘူး"

ထိုသို့အတွေးဝင်လာသည်နှင့် ရှောင်ယုကလူတိုင်းကိုကြည့်၍ အော်ဟစ်လိုက်သည်။

"လူတိုင်းသတိထားကြ...ရန်ဖြစ်မနေကြနဲ့တော့ ငါတို့သာဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ငါတို့အကုန်မောပန်းနွမ်းနယ်ပြီး ဒီဝိညာဉ်တွေအကုန်လုံးကို သတ်ဖြတ်နိုင်မှာမဟုတ်ဘူး...ဝိညာဉ်သေတ္တာဟာဒီနေရာရဲ့အတွင်းပိုင်းမှာ ရှိနေတယ်ဆိုပြီးတော့ ကောလဟာလတစ်ခုငါရထားတယ်...အဲ့ဒီသေတ္တာနားမှာဆိုရင် ဆိုးညစ်တဲ့ဝိညာဉ်တွေကငါတို့နားမကပ်ရဲတော့ဘူး...ဒါကြောင့်ငါတို့ဟာ အထဲကိုဖောက်ဝင်ဖို့ လူအချို့ကိုရွေးချယ်ပြီးတော့ အဲ့လူတွေကိုကာကွယ်ဖို့အတွက်နောက်ထပ်လူနည်းနည်းကို ထပ်ရွေးရမယ်"

ရှောင်ယု၏စကားကိုကြားသောအခါတွင် လူတိုင်းသည်တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။

အေဂါဝမ်နှင့်ပတ်သက်လာလျှင် ရှောင်ယု၏ပြောစကားများမှတဆင့် ဤနေရာနှင့်ပတ်သက်၍ ရှောင်ယု၏နားလည်မှုသည် လူတိုင်းထက်အဆပေါင်းများစွာမြင့်မားကြောင်း သိရှိထားကြပေသည်။

ရှောင်ယု၏စကားများသည် အေဂါဝမ်၏မတော်တဆမှုဖြစ်ပွားပြီးချိန်မှစ၍ ယုံကြည်၍မရတော့သော်လည်း ရှောင်ယု၏အသိပညာသည် သူတို့ထက်သာလွန်ပေသည်။

"အဲလိုဆိုရင် ငါတို့ကလူတချို့ကိုရှေ့ပို့ရမှာပဲ"

ရှောင်ယု၏စကားကိုကြားသည်နှင့် နီကိုးလပ်စ်ကချက်ချင်းသဘောတူလိုက်သည်။

ကျန်လူများကလည်း ချက်ချင်းသဘောတူကြသည်။ အဆုံးသတ်တွင် သူတို့ထံ၌အခြားရွေးချယ်စရာမရှိတော့ပေ။ ဤနေရာအတွင်းသို့တိုးဝင်ရန် စတင်ပြင်ဆင်နေကြပြီဖြစ်သော အချို့သောတပ်ဖွဲ့များသည် ဒုက္ခရောက်နေသောမုန်တိုင်းပင်လယ်ထဲ၌ ငါးကိုမည်ကဲ့သို့ဖမ်းရမည်ကို စဉ်းစားနေကြသည်။

လက်ရှိအချိန်တွင် လူတိုင်းကရတနာများကို ရယူလိုကြပြီး သူတို့သည်ရတနာများကို ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ အခြားသောကိစ္စတစ်ခုဖြစ်သည်။ အဆုံးသတ်တွင် ဤနေရာ၌ နတ်ဆိုးဝိညာဉ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ထို့ကြောင့် သူတို့သာအလျင်စလိုတိုးဝင်သွားလျှင် လူတိုင်းကတစ်နေရာတည်းတွင် ကျပ်သိပ်နေ၍အဆင်မပြေနိုင်သောကြောင့် အသင်းငယ်များခွဲထုတ်လိုက်မှသာလျှင် အခွင့်ကောင်းရနိုင်ပေသည်။

ထို့ပြင် အဖွဲ့ဝင်များ၏ကြံ့ခိုင်မှုသည် လွန်စွာဆိုးဝါးနေ၍မရပေ။ အကယ်၍ အဖွဲ့ဝင်များသာအားနည်းနေပါက သူတို့သတ်ဖြတ်ခံရမည်ဖြစ်သည်။

ထို့ကြောင့်ရှောင်ယုက အဖွဲ့ငယ်များစေလွှတ်မည်ဟု ပြောလာသည့်အခါတွင် လူတိုင်းကစတင်၍စဉ်းစားလာကြသည်။

ရှောင်ယုသည် ခိုင်ရင်း၊တိုင်ရန်ဒီ၊နာဂ၊ကဲလ်သက်၊နဂါးလေးနှင့်ဂရစ်ဖင်စီးစစ်သည်တို့အား စေလွှတ်ရန်ရွေးချယ်ခဲ့သည်။

အူသာနှင့်ဂရင်းတို့သည်ကား ဤအခြေအနေကိုအလုံးစုံထိန်းချုပ်နိုင်ရန်အတွက် ဤနေရာ၌ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ဤနေရာ၌ မတူညီသောအင်အားစုမျိုးစုံမှ လူများရှိနေသည်ဖြစ်ရာ တစ်စုံတစ်ယောက်က ခိုးဝင်တိုက်ခိုက်လိုပါက ဒုက္ခရောက်သွားမှာဖြစ်သည်။

ရှောင်ယုသည် နီကိုးလပ်စ်အားနှုတ်ဆက်လိုက်ကာ ရီလာကိုစေလွှတ်ရန် ပြောခဲ့သည်။ လက်ရှိအချိန်တွင် ရီလာသည်ဆဌမအဆင့်မှော်ဆရာတစ်ယောက်ဖြစ်ကာ အသင်းငယ်များထက် အခန်းကဏ္ဍအသီးသီး၌ ပိုမိုအားကောင်းပေသည်။

အဆုံးသတ်တွင် ရှောင်ယုသည် အဖွဲ့အားကိုယ်တိုင်ကွပ်ကဲရန် ဆုံးဖြတ်ခဲ့သည်။ အဆုံးသတ်တွင် သူသည်ဤနေရာ၌အလွန်ပင်ရင်းနှီးပြီး မှန်ကန်သောရွေးချယ်မှုကိုပြုလုပ်နိုင်မည်ဖြစ်သည်။

ရှောင်ယု၏ဦးဆောင်မှုအောက်တွင် လူတိုင်းသည်ရှေ့သို့တဖြည်းဖြည်းတိုးဝင်လာခဲ့သည်။ အဖွဲ့တစ်ခုနှင့်တစ်ခုကြား မီတာ၁၀၀ခန့်ခွာထားခဲ့သည်။ အကယ်၍ အဖွဲ့နှစ်ခုကြားအကွာအဝေးအလွန်နီးသွားပါက နတ်ဆိုးဝိညာဉ်များအားပိုမိုဆွဲဆောင်မိသွားမည်ဖြစ်သည်။

တစ်နာရီခန့်ကြာပြီးနောက်တွင် ရှောင်ယု၏အဖွဲ့သည် ယဇ်ပလ္လင်တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတဝိုက်၌ နတ်ဆိုးဝိညာဉ်များမရှိသည်ကိုမြင်သော် ရှောင်ယု၏စကားမှန်ကန်ကြောင်း နားလည်သွားခဲ့သည်။

ထိုအချိန်တွင် ရှောင်ယုသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကိုအသုံးပြုကာ ယဇ်ပလ္လင်ဆီ တိုက်ရိုက်ခုန်ဝင်လိုက်သည်။

ထိုနေရာသို့ရောက်ရှိသွားသည်နှင့် သူတို့၏နောက်ဘက်မှဝိညာဉ်များသည် သူတို့အားလိုက်မမှီတော့ပေ။ ရှောင်ယုသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ပတ်ပတ်လည်ကိုစစ်ဆေးလိုက်ချိန်တွင် အပေါ်၌တစ်စုံတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။

All Chapters