အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း ၄၄၂ - လေလံတင်ခြင်း
ဝိညာဉ်သေတ္တာသည် အပြာနုရောင်တောက်ပလင်းလက်နေခဲ့ရာ အတွင်း၌တစ်စုံတစ်ရာ ရှိနေကြောင်းသိသာထင်ရှားနေခဲ့သည်။
ယခုအချိန်သည် မျက်နှာခုနှစ်ခုနတ်ဆိုးအား သတ်ဖြတ်ပြီးနောက်တွင် သူတို့ရရှိသည့်ဆုလာဘ်များအား ပြန်လည်ခွဲဝေရတော့မည့်အချိန်လည်းဖြစ်သည်။ လက်ရှိအချိန်တွင်သူတို့သည် ဝိညာဉ်သေတ္တာကိုစိုက်ကြည့်နေကြပြီး အထဲရှိရတနာများအားတစ်စုံတစ်ယောက်က ခိုးယူသွားမည်ကိုကြောက်ရွံ့နေကြသည်။
ဝိညာဉ်သေတ္တာအတွင်း၌ သိမ်းဆည်းထားသောအရာသည် သာမန်အရာတစ်ခုမဖြစ်နိုင်ပေ။
မြင်ကွင်းသည် တဖန်တိတ်ဆိတ်သွားခဲ့သည်။ ထိုအချိန်တွင် လူတိုင်း၏အသက်ရှုသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ လူတိုင်းသည် တိုက်ပွဲမှရရှိလာသည့်ရတနာများကို ဖြန့်ဝေခြင်းဖြင့် ကြီးကျယ်ခမ်းနားသောအဖြစ်အပျက်တစ်ခုအား စတင်ရန် တစ်စုံတစ်ဦးကိုစောင့်မျှော်နေခဲ့သည်။
ယခုအချိန်၌ မည်သူကမှရှေ့သို့ဆက်မတိုးဝံ့တော့ပေ။ ဤအချိန်တွင် ရှေ့တက်ဝံ့သူမည်သူမဆို လူအများ၏ဝေဖန်မှုကိုခံရမည်မှာ သေချာပေသည်။
သို့သော်လည်း အရာအားလုံးကိုလျစ်လျူရှုပြီး ကျော်တက်သွားသည့်လူတစ်ယောက်ရှိနေခဲ့သည်။ ထိုလူမှာ ရှောင်ယုကလွဲ၍အခြားသူမဟုတ်ပေ။
ရှောင်ယုကရှေ့သို့ လှမ်းတက်လာချိန်တွင် လူတိုင်းကအံ့သြသွားကြသော်လည်း ဘာမှမပြောကြပေ။ ဝိညာဉ်သေတ္တာနှင့်ပတ်သက်လာလျှင် ရှောင်ယုကသာ အကောင်းဆုံးနားလည်ပေသည်။ သူတို့သည် ရှောင်ယုကြောင့်သာမဟုတ်ပါက သူတို့သည်ဤနေရာ၌သေဆုံးသွားနိုင်ပေသည်။ သူတို့သည် ဝိညာဉ်သေတ္တာကိုဖွင့်လှစ်ရန် မဖြစ်နိုင်ပေ။
ရှောင်ယုမှလွဲလျှင် အခြားမည်သူကမှ ဤနေရာ၌ရတနာများကိုဖြန့်ဝေရန် အရည်အချင်းပြည့်မှီနေခြင်းမရှိပေ။
ရှောင်ယုသည် လက်ကိုဆန့်ထုတ်လိုက်ကာ ဝိညာဉ်သေတ္တာကိုဖွင့်လိုက်ပြီး အတွင်းမှနေ၍ ထူးဆန်းသောအဆင်တန်တာတစ်ခုအား ဆွဲထုတ်လိုက်သည်။ထိုအဆင်တန်ဆာမှာ ဆွဲသီးတစ်ခုဖြစ်သည်။
"ငါကဒီအရာကိုလိုချင်တယ်...ဒီတစ်ကြိမ်မှာငါကအများဆုံးပါဝင်ခဲ့တာပဲ...ကျန်ခဲ့တဲ့ရတနာတွေအားလုံးကိုတော့မင်းတို့နဲ့မျှဝေနိုင်တယ်..."
ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုကချက်ချင်းနောက်ပြန်ဆုတ်သွားခဲ့သည်။
လူတိုင်းသည် ရှောင်ယု၏လုပ်ရပ်ကြောင့်အံ့သြသွားခဲ့သည်။ လူတိုင်းသည် ရှောင်ယု၏ခွဲဝေပေးမှုကိုစောင့်ဆိုင်းနေသော်လည်း ရှောင်ယုကမူသူ၏ဝေစုကိုသာယူဆောင်၍ နောက်ပြန်ဆုတ်သွားခဲ့သည်။
ရှောင်ယုသည် ရတနာတစ်ခုကိုအရင်ဆုံးရယူခြင်းနှင့်ပတ်သက်၍ သူတို့ထံ၌ပြောစရာစကားမရှိပေ။ ရှောင်ယုသည် ဤတိုက်ပွဲ၏အဓိကတပ်မှူးဖြစ်ရာ ရှောင်ယုသည်ဤသို့လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ သို့သော်လည်း ရှောင်ယုသာဤဖြန့်ဝေမှုကိုတာဝန်မခံပါက မည်သို့ဆက်လက်လုပ်ဆောင်ရမည်နည်း။
"ဒါ...ဒါကမြို့စားရှောင်...မင်းကငါတို့ကိုတစ်ယောက်တည်းထားခဲ့လို့မရဘူးလေ..."
ဤနေရာသို့တစ်ယောက်တည်းရောက်လာသူများက ရှောင်ယု၏လုပ်ရပ်ကိုအစိုးရိမ်ဆုံးဖြစ်သည်။ သူတို့သည် တစ်ကိုယ်တော်လုပ်ရှားသူများဖြစ်၍ ပံ့ပိုးကူညီပေးမယ့်အဖွဲ့မရှိပေ။ သူတို့သည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်သော်လည်း အခြားအင်အားစုများနှင့်ယှဉ်ပြိုင်ပါက ရှုံးနိမ့်ရမှာဖြစ်သည်။
သူတို့သည် ဒုက္ခပင်လယ်ပြင်၌ ငါးမျှားလိုသော်လည်း ယခုလိုကိစ္စမျိုး၌ဆိုပါလျှင် ကြီးမားသောအင်အားစုကြီးများက ရတနာများအားလက်ဝါးကြီးအုပ်ခွဲဝေနေသည်ကို ထိုင်ကြည့်နေရမှာအသေအချာပင်ဖြစ်သည်။
ရှောင်ယုက လူတိုင်းကိုကြည့်၍ပြောလိုက်သည်။
"ဒီနေ့အောင်ပွဲက ငါတို့ရဲ့ပူးပေါင်းအားထုတ်မှုကြောင့်ရရှိလာတာပဲ...ဒါကြောင့်ရတနာတွေအားလုံးကို အတူမျှဝေခံစားသင့်တယ်...ဝိညာဉ်သေတ္တာအတွင်းကရတနာတွေဟာ အဖိုးမဖြတ်နိုင်ဘူး...အဲ့ဒါကြောင့်ရတနာတွေကိုလိုချင်တဲ့ အင်အားစုကြီးတွေအနေနဲ့ အခြားသူတွေအကျိုးမယုတ်ရလေအောင် လုံလောက်တဲ့ငွေကြေးတစ်ခုကိုပေးဆောင်ဖို့ ငါအကြံပြုတယ်"
ဝိညာဉ်သေတ္တာအတွင်းရှိ ရတနာများသည် လူတိုင်းအကြားဖြန့်ဝေရန် မလုံလောက်သည့်အတွက်ကြောင့် ဤနည်းလမ်းသည်သာအလွန်ကောင်းမွန်ပေသည်။
ထိုအချိန်တွင် နီကိုးလပ်စ်ကလည်း မတ်တပ်ထရပ်လိုက်သည်။
"ရှောင်ယုရဲ့အကြံပြုချက်က တကယ်ကောင်းတယ်...ဒီရတနာတွေကိုလေလံတင်ရောင်းချဖို့အကြံပြုချင်တယ်...ရတနာတွေကိုဝယ်ယူချင်ရင် မင်းတို့အစွမ်းကုန်ကြိုးစားသင့်တယ်...တကယ်လို့မင်းတို့ကသာရတနာတွေကိုမရခဲ့ရင်တောင် လေလံတင်ငွေကနေ အကျိုးအမြတ်ရကြလိမ့်မယ်"
နီကိုးလပ်စ်၏စကားကိုကြားသောအခါ နီကိုးလပ်စ်သည် အမှန်တကယ်ပင်လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ကြောင်း ရှောင်ယုတွေးမိလိုက်သည်။ နီကိုးလပ်စ်သည် သူ့ကိုယ်သူမျှတသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့ရုံသာမက အကျိုးအမြတ်အများဆုံးရိတ်သိမ်းရန် ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ မိသားစုကြီးများ၏ ဝယ်ယူနိုင်စွမ်းအားကို လျော့တွက်ထား၍မရပေ။
"ဒီလိုဖြစ်လာပြီဆိုမှတော့ ဒီရတနာတွေကိုလေလံတင်ဖို့ ကိုယ်စားလှယ်တစ်ယောက်လိုလာပြီ...ဒီတာဝန်ကိုရှောင်ယုဆီပေးဖို့ငါအကြံပြုတယ်"
နီကိုးလပ်စ်က ပြုံးပြုံးလေးပြောလိုက်သည်။
မူလကရှောင်ယုသည် ဤနေရာမှနေ၍ သီးခြားနေချင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် သူသည်ရုန်းထွက်ရန်မဖြစ်နိုင်တော့ဘဲ ဤပြဿနာထဲပါဝင်ရတော့မည်ဖြစ်သည်။
"ဟုတ်တယ်...မြို့စားရှောင်ကသာ လေလံပွဲကိုဦးဆောင်မယ်ဆိုရင် အသင့်တော်ဆုံးပဲ"
လူတိုင်းက ချက်ချင်းတုံ့ပြန်လိုက်ကြသည်။
ရှောင်ယုက မျက်လုံးများကို မှေးစင်းထားလိုက်ကာ လူအုပ်ကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် ယခုအချိန်မှထွက်သွားမည်ဆိုလျှင် ဤလူများကခွင့်ပြုမှာမဟုတ်ပေ။
ထို့ကြောင့် ရှောင်ယုသည် ဝိညာဉ်သေတ္တာ၏ရှေ့သို့တိုးရွေ့သွားကာ သူ၏လည်ချောင်းကိုရှင်းထုတ်လိုက်ကာ ကြေငြာလိုက်သည်။
"ကဲကဲ...မင်းတို့အားလုံးရဲ့ပိုက်ဆံအိတ်တွေကိုထုတ်ထားမယ်"
ရှောင်ယု၏လေသံသည် စျေးကွက်အတွင်းရှိ ကုန်သည်များနှင့်လုံးဝဆင်တူနေသည့်အတွက်ကြောင့် လူတိုင်းတုန်လှုပ်သွားကြသည်။ သူသည် ဂုဏ်သိက္ခာရှိသောမြို့စားတစ်ယောက်နှင့်လုံးဝမတူပေ။
လူတိုင်းသည် သူ့အားစော်ကားဝံ့ခြင်းမရှိ၍သာ မြို့စားဟုခေါ်ကြခြင်းဖြစ်သည်။ အမှန်အတိုင်းဆိုလျှင် လူဆိုးလူမိုက်ဟုသာ ခေါ်ဆိုသင့်ပေသည်။
"ကောင်းပြီ...အားလုံးအဆင်သင့်ဖြစ်ကြပြီမလား...လေလံပွဲ၍ပထမဆုံးရတနာကတော့ ဒီဖောက်ထွင်းမြင်တွေ့နေရတဲ့ မှော်လည်ဆွဲတစ်ခုဖြစ်တယ်...ဒီလည်ဆွဲဟာ၎င်းရဲ့မြင့်မြတ်မှုနဲ့ကြော့ရှင်းမှုကြောင့် ထူးခြားတယ်...ဒီလည်ဆွဲကိုဝတ်ဆင်ထားသူဟာ မန္တန်ရွတ်ဆိုနှုန်းတိုးလာစေပြီး မှော်မန္တန်ရဲ့အကျိုးသက်ရောက်မှုကိုတိုးလာစေတယ်"
ရှောင်ယုကိုကြည့်ရသည်မှာ လွန်စွာမှအရည်အချင်းပြည့်မှီသော လေလံပွဲကျင်းပသူတစ်ယောက်နှင့်တူပေသည်။ သူသည် ဤမှော်လည်ဆွဲအားချဲ့ကား၍ပြောဆိုလာခဲ့သည်။
ရှောင်ယုသည် ဤဝိညာဉ်သေတ္တာအတွင်းရှိ ရတနာပစ္စည်းများအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ထားသောကြောင့် လူတိုင်းသည်ရှောင်ယု၏မှတ်ချက်ကို အလွန်ပင်ဂရုတစိုက်နားထောင်ခဲ့ကြသည်။
ရတနာတွေပဲ...
ဤမှော်လည်ဆွဲသည် မှော်ဆရာများအတွက် ကျိန်းသေပေါက်ကောင်းမွန်သည့်ရတနာပင်ဖြစ်သည်။ထိုအရာသည် နီကိုးလပ်စ်ကလင်းမူရွယ်အတွက်ပေးခဲ့သည့် ရတနာလည်ဆွဲထက် အရည်အသွေးပိုမိုကောင်းမွန်ပေသည်။
အမှန်တော့ ဝိညာဉ်သေတ္တာအတွင်း၌ အကောင်းဆုံးသောရတနာမှာ ရှောင်ယုရရှိထားသည့် တိုက်တန်ဆွဲသီးဖြစ်သည်။
တိုက်တန်ဆွဲသီးသည် ဝတ်ဆင်ထားသူ၏ကာကွယ်ရေးကိုမြင့်တင်ပေးနိုင်ပြီး အရေးကြီးသောအခိုက်အတန့်များ၌ အသက်ကိုကယ်တင်ပေးနိုင်သည်။ ထိုဆွဲသီးသည် ရန်သူ၏တိုက်ခိုက်မှုတိုင်းကို လုံးလုံးလျားလျားခုခံပေးနိုင်စွမ်းမရှိသော်လည်း တိုက်ခိုက်မှုအများစုကို ကျိန်းသေပေါက်ခုခံပေးနိုင်ပေသည်။
သို့သော်လည်း ရှောင်ယုသည်ထိုအကြောင်းကို လူတိုင်းအားပြောပြသွားမည်မဟုတ်ပေ။
"ဒီလည်ဆွဲရဲ့စဦးတန်ဖိုးက ရွှေပြား၁သန်းရှိတယ်...လေလံတင်ရမယ့်စျေးကကန့်သတ်ချက်မရှိဘူး...ကျေးဇူးပြုပြီး လေလံစပေးကြပါ"
ရှောင်ယု၏စကားအဆုံးတွင် လေလံပွဲကစတင်လာခဲ့သည်။
လူတိုင်းသည် ချက်ချင်းပင် အပြိုင်အဆိုင်လေလံဆွဲလာခဲ့သည်။
"၁.၁သန်း..."
"၁.၂သန်း..."
လေလံစျေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ကာ အဆုံးသတ်တွင် ၁၀သန်းထိတိုးတက်သွားခဲ့သည်။
အဆုံးသတ်တွင် နီကိုးလပ်စ်က ၁၀သန်းဖြင့်လေလံဆွဲလိုက်ကာ မှော်လည်ဆွဲကိုရရှိခဲ့သည်။ ထို့နောက်သူသည် လည်ဆွဲအားရီလာဆီသို့ ပေးအပ်လိုက်သည်။
ထို့ကြောင့် ရှောင်ယု၏ထိန်းချုပ်မှုအောက်တွင် လေလံပွဲတစ်ခုလုံး စိတ်ကျေနပ်ဖွယ်အနေအထားဖြင့် ပြီးဆုံးသွားခဲ့သည်။ လေလံပွဲအတွင်း ပဋိပက္ခလေးအချို့ဖြစ်ပွားခဲ့သော်လည်း အဆုံးသတ်တွင် ပြေလည်သွားခဲ့သည်။
ဤလေလံပွဲ၌ တိုက်ပွဲဝင်ရန်မသင့်တော်ကြောင်း လူတိုင်းနားလည်ထားပေသည်။
အဆုံးသတ်တွင် ရတနာများကိုရောင်းချပြီးနောက် ရရှိလာသည့်ရွှေပြားအရေအတွက်သည် အံ့သြဖွယ်ကောင်းလောက်အောင်များပြားခဲ့ပြီး နှစ်ဘီလီယံထိရောက်ရှိခဲ့သည်။ ထို့နောက်တွင်ရှောင်ယုသည် ရတနာမရရှိသူများကိုခေါ်၍ ရွှေပြားများကိုဝေငှပေးခဲ့သည်။
ရွှေပြားများကိုဝေငှပြီးချိန်တွင် လူတိုင်းပျော်ရွှင်ခဲ့ကြရသည်။
သို့သော်လည်း ထိုအရာများနှင့်နှိုင်းယှဉ်ပါက ရှောင်ယုသည်တိုက်တန်ဆွဲသီးကိုရရှိခဲ့ကာ အားသာချက်တစ်ခုကိုရရှိခဲ့သည်။
ရှောင်ယုသည် တိုက်တန်ဆွဲသီးကို ခိုင်ရင်းထံပေးပို့ခဲ့သည်။ အကယ်၍ ခိုင်ရင်းသာထိုရတနာကိုရရှိသွားပါက ပိုပြီးအစွမ်းထက်လာမှာဖြစ်သည်။
ခိုင်ရင်းသည် တိုက်တန်ဆွဲသီး၏စွမ်းအင်ကို နိုးဆွပြီးနောက်တွင် ပါးလွှာသောစွမ်းအင်အမြှေးပါးလေးတစ်ခုက သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားခဲ့သည်။ အလွန်ဆိုသည် သူ၏ဓားဖြင့်တိုက်ခိုက်ခဲ့သော်လည်း ခိုင်ရင်းသည်လုံးဝထိခိုက်မှုမရှိဘဲ အလွန်ဆိုသာနောက်သို့အတွန်းခံလိုက်ရသည်။
တိုက်တန်ဆွဲသီး၏အကူအညီဖြင့် ခိုင်ရင်းသည်တိုက်တန်နွားသိုးအဖြစ်သို့ပြောင်းလဲခြင်းမရှိသော်လည်း ထိုအဆင့်ခွန်အားကိုပိုင်ဆိုင်ထားသည့်အတွက်ကြောင့် စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။ ယခုအချိန်တွင် သူ၏ပြိုင်ဘက်ကနဂါးလေးဖြစ်နေလျှင်တောင် အနိုင်ယူရန်ယုံကြည်မှုအပြည့်ရှိသည်။
အရာအားလုံးခွဲဝေပြီးနောက်တွင် တစ်ခုတည်းကျန်ရစ်ခဲ့သည့်ပြဿနာမှာ ဝိညာဉ်သေတ္တာပင်ဖြစ်သည်။
ယခုအခါတွင် ဝိညာဉ်သေတ္တာသည် ယဇ်ပလ္လင်ပေါ်၌ငြိမ်သက်စွာဖြင့် လဲလျောင်းနေသော ၃၀စင်တီမီတာခန့်ရှိသည့် လေးထောင့်သေတ္တာငယ်လေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ထိုအရာလေးသည် စစ်မှန်သောရတနာတစ်ခုဖြစ်ကြောင်း လူတိုင်းသိထားကြပြီးဖြစ်သည်။
ထိုရတနာအား မည်သူပိုင်ဆိုင်သင့်သနည်း။
လက်ရှိအချိန်တွင် ရှောင်ယုကထိုဝိညာဉ်သေတ္တာအား ရယူလိုသည်ဟုဆိုလာပါက မည်သူကမှသဘောတူမည်မဟုတ်ပေ။ အကယ်၍တစ်စုံတစ်ယောက်က ဝိညာဉ်သေတ္တာကို ရွှေပြားသန်း၁၀၀ဖြင့်ဝယ်ယူလိုသည်ဆိုပါက အခြားသူများကသဘောတူမည်မဟုတ်ပေ။
ထိုအရာ၏တန်ဖိုးသည် ဂေါ်ဒန်၏ဦးခေါင်းခွံထက် နိမ့်ပါးခြင်းမရှိပေ။
"ရှောင်ယု...အဲ့ဒါကဘာလဲ"
အပေါ်ယံတွင် နီကိုးလပ်စ်သည် ရှောင်ယုအား သူ၏ထင်မြင်ချက်ကိုတောင်းခံသည့်ပုံပေါ်နေသော်လည်း အမှန်တွင် ရှောင်ယုအားမကြာခဏပြဿနာပေးနေခြင်းဖြစ်သည်။ သူသည် ရှောင်ယုအားပြဿနာကိုလွဲပေးကာ ထိုပြဿနာအားမည်သို့ဖြေရှင်းရမည်ကို သိရှိလိုခြင်းဖြစ်သည်။ အကယ်၍ ရှောင်ယုသာ ကောင်းကောင်းမကိုင်တွယ်ခဲ့ပါက လူတိုင်းကရှောင်ယုကိုပြဿနာရှာကြမှာဖြစ်၍ နီကိုးလပ်စ်ကထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။
"ဒါကကောင်းတဲ့အရာတော့မဟုတ်ဘူး...ဂေါ်ဒန်ပဲဖြစ်ဖြစ်အီလီဒမ်ပဲဖြစ်ဖြစ်...သူတို့ကအဲ့အရာကိုမယူဆောင်နိုင်ခဲ့ဘူး...ဝိညာဉ်သေတ္တာကို အမှောင်ဗိမာန်တော်ကိုကာကွယ်ဖို့အတွက်သာ အသုံးပြုနိုင်တယ်...တကယ်လို့မင်းတို့သာတတ်နိုင်စွမ်းရှိရင် ယူဆောင်သွားလို့ရတယ်"
ရှောင်ယုကပုခုံးတွန့်၍ပြောလိုက်သည်။
ဝိညာဉ်သေတ္တာသည် အမှောင်ဗိမာန်တော်၌နှစ်ပေါင်းများစွာတည်ရှိခဲ့ကြောင်း ရှောင်ယုသိရှိထားခဲ့သည်။ အကယ်၍ ၎င်းကိုအတင်းအကျပ်ဖြေရှင်းလိုက်မည်ဆိုပါက ကောင်းမွန်သည့်အရာများဖြစ်လာမည်မဟုတ်ပေ။
ထို့ကြောင့် သူကစောင့်ကြည့်နေရန်သာရွေးချယ်ခဲ့သည်။
မင်းတို့သတ္တိရှိရင်ယူကြ...ငါစောင့်ကြည့်နေမယ်
ရှောင်ယု၏စကားကိုကြားသောအခါ လူတိုင်းတွန့်ဆုတ်သွားခဲ့သည်။
"ဟေး....မင်းသွားပြီးစမ်းကြည့်လိုက်"
ထိုအချိန်တွင် ရောဘတ်ကမှော်ဆရာတစ်ယောက်အား အမိန့်ပေးလိုက်သည်။
ဤမှော်ဆရာသည် သာမန်မှော်ဆရာတစ်ယောက်မဟုတ်ဘဲ နတ်ဆိုးမှော်ဆရာတစ်ယောက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား အနက်ရောင်အငွေ့များကရစ်သိုင်းထားခဲ့ကာ သူ့ပတ်ဝန်းကျင်မှလူများအား စိတ်မသက်မသာဖြစ်စေခဲ့သည်။
ထိုနတ်ဆိုးမှော်ဆရာသည် ရှေ့သို့တစ်လှမ်းချင်းတိုးလားကာ ဝိညာဉ်သေတ္တာအနီးသို့ ဂရုတစိုက်ချည်းကပ်နေခဲ့သည်။ အခြားသူများကမူ ထိုနတ်ဆိုးမှော်ဆရာ၏လုပ်ဆောင်ချက်တိုင်းကို ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြသည်။
အကယ်၍ ဝိညာဉ်သေတ္တာကိုသာ အမှန်တကယ်ယူဆောင်နိုင်ခဲ့ပါက သူတို့ကချက်ချင်းလုယက်သွားမည်ဖြစ်ကာ ကနေဒီမိသားစုအားရယူခွင့်ပေးမည်မဟုတ်ပေ။
နတ်ဆိုးမှော်ဆရာသည် ဝိညာဉ်သေတ္တာ၏နံဘေးတွင် အချိန်အတော်ကြာအောင်လေ့လာနေခဲ့သည်။ သို့သော် ဝိညာဉ်သေတ္တာအား ဤယဇ်ပလ္လင်နှင့်ခိုင်မြဲစွာ ချိတ်ဆက်ထားကြောင်းတွေ့ရှိလိုက်ရပြီး မည်သို့မှယူငင်၍မရပေ။
သူသည် ဝိညာဉ်သေတ္တာအား နက်နဲသောမှော်ပညာဖြင့်သန့်စင်ရန်ကြိုးပမ်းခဲ့သော်လည်း သန့်စင်ရန်အလွန်ခက်ခဲကြောင်း တွေ့ရှိလိုက်ရသည်။
ဘန်း...ဘန်း...
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးမှော်ရောသည် သွေးများအန်ထုတ်လိုက်ရကာ ဝိညာဉ်သေတ္တာနံဘေးမှလွှင့်ထွက်လာခဲ့သည်။
ဝိညာဉ်သေတ္တာ၌ပါဝင်သောစွမ်းအားသည် မည်မျှထိအားကောင်းမည်နည်း။ ထိုလူသည် ပဥ္စမအဆင့်နတ်ဆိုးမှော်ဆရာတစ်ယောက်မျှသာဖြစ်သည်။ မည်ကဲ့သို့သောယုံကြည်မှုဖြင့် ဝိညာဉ်သေတ္တာအားသန့်စင်ရန် ရှေ့တိုးသွားရသနည်း။
နောက်ပိုင်းတွင် အခြားလူများသည်လည်း သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ဝိညာဉ်သေတ္တာအားသန့်စင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မည်သည့်ရလဒ်ကိုမှမရရှိခဲ့ကြပေ။
ရှောင်ယုသည် ဝိညာဉ်သေတ္တာအနီးတွင် စုရုံးနေသောလူအုပ်ကြီးကိုကြည့်၍ ခေါင်းခါမိလိုက်သည်။ သူသည်ဤငတုံးများနှင့် ဆက်ဆံလိုခြင်းမရှိတော့ပေ။ သူ၏နှလုံးသားထဲတွင် လင်းမူရွယ်ကသတိလစ်မေ့မြောနေသည်ကိုသာ အမြဲအမှတ်ရနေသည့်အတွက် သူမအနားမှအချိန်အကြာကြီးထွက်မသွားလိုပေ။
အခန်း ၄၄၃ - ပုန်းကွယ်နေသည့်အန္တာရယ်များ
လင်းမူရွယ်ထံသို့ ပြန်ရောက်လာပြီးနောက်တွင် သူမသည်သတိလစ်နေဆဲဖြစ်ကြောင်း ရှောင်ယုတွေ့လိုက်ရသည်။
သူမသည် သတိပြန်လည်လာမယ့်လက္ခဏာမပြသေးပေ။ အီလီဒမ်သည် သတိလစ်မေ့မြောနေသော်လည်း ရံဖန်ရံခါတွင်နိုးထလာတတ်ပြီး ရှောင်ယုပင်နားမလည်နိုင်သော မန္တန်အားရွတ်ဆိုလေ့ရှိသည်။
အီလီဒမ်ရွတ်ဆိုလိုက်သောမန္တန်သည် သူ၏ပတ်ဝန်းကျင်မှလူများကို မူးဝေစေခဲ့သည်။
ရှောင်ယုသည် ထိုအခြေအနေအား သတိထားမိလိုက်ချိန်တွင် ခေါင်းကိုက်သွားခဲ့ရသည်။ သူသည် ဤအခြေအနေအား မည်သို့ကိုင်တွယ်ရမည်ကိုမသိသေးပေ။
ထိုအချိန်တွင် ဗိမာန်တော်တစ်ခုလုံးတုန်ခါသွားခဲ့ပြီး လူတိုင်း၏ဝိညာဉ်သည် အဆက်မပြတ်တုန်လှုပ်လာခဲ့သည်။
ထို့ပြင် အီလီဒမ်ရွတ်ဆိုလိုက်သည့်မန္တန်သည် အမှောင်ဗိမာန်နှင့်ချိတ်ဆက်ထားပုံရကာ အလွန်ပင်အစွမ်းထက်သော စွမ်းအားတစ်ခုကိုဖြစ်ပေါ်လာစေခဲ့သည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ...အီလီဒမ်ဟာ အမှောင်ဗိမာန်တော်ကိုပြန်ရောက်လာတာကြောင့်လား...ဒါမှမဟုတ် အမှောင်ဗိမာန်တော်ထဲမှာ အီလီဒမ်ရဲ့မန္တန်ကိုတုံ့ပြန်နေတဲ့ အရာတစ်ခုခုကျန်ရစ်နေခဲ့တာဖြစ်နိုင်မလား"
ရှောင်ယုသည် ထိုသို့အတွေးဝင်လာချိန်၌ ထိတ်လန့်သွားခဲ့ရသည်။
ဝူး...
ရုတ်တရက်ဆိုသလိုပင် ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အမှောင်ဗိမာန်တော်၌ရှိနေသော ဘုရားကျောင်းမှလူတိုင်း ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ အသံသည် သူတို့၏ဘေးနားမှထွက်ပေါ်လာသလို ခံစားနေရသော်လည်း အမှန်တကယ်တွင်အဝေးမှထွက်ပေါ်လာသည့်အသံသည် ဗိမာန်တော်တစ်ခုလုံးအား ပျံ့နှံ့နေကြောင်းလူတိုင်းသိကြပေသည်။
လူတိုင်းသည် သူတို့၏နှလုံးသားကိုမမြင်တွေ့နိုင်သော ပိုက်ကွန်တစ်ခုက ချုပ်နှောင်ထားသလိုခံစားလိုက်ရကာ ထူးထူးခြားခြားစိတ်မသက်မသာဖြစ်နေခဲ့သည်။ ထိုအသံတွင် ဝိညာဉ်ကိုချုပ်နှောင်နိုင်သော အစွမ်းရှိနေပုံရသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ..."
လူတိုင်းက တအံ့တသြဖြင့် ဝိညာဉ်သေတ္တာကို ဝိုင်းကြည့်လိုက်ကြသည်။ ထိုအချိန်တွင် နီကိုးလပ်စ်သည်ပင် ဝိညာဉ်သေတ္တာအားသိမ်းယူရန် နည်းလမ်းရှာမတွေ့သည့်အတွက်ကြောင့် ပြန်လာခဲ့ရသည်။
ရတနာများကိုချစ်မြတ်နိုးသော ရှောင်ယုသည်ပင် ဝိညာဉ်သေတ္တာကိုစွန့်လွှတ်လိုက်သောကြောင့် နီကိုးလပ်စ်က ပထမဆုံးအရှုံးပေးခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဝိညာဉ်သေတ္တာကိုအမှန်တကယ်ပင် ဖယ်ရှား၍မရနိုင်ပေ။
ရှောင်ယုသည် ဤနေရာအကြောင်းကို အများဆုံးသိရှိထားသည်ဖြစ်ရာ ရှောင်ယုကိုယ်တိုင်ပင်နည်းလမ်းမရှိပါက သူတို့လုပ်ဆောင်နိုင်မယ့်အရာမရှိပေ။
"ရှောင်ယု...မင်းဒီအသံကိုကြားလိုက်လား"
နီကိုးလပ်စ်က လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။
"ငါလည်းကြားလိုက်တယ်"
"အဲ့ဒါက အော်ဂတ်စတတ်ပဲ"
ထိုအချိန်တွင် လီယိုနာဒိုက သူတို့အနားသို့ရောက်လာပြီး ပြောလိုက်သည်။
"ဟုတ်တယ်...အဲ့ဒါက အော်ဂတ်စတတ်ပဲ"
သူဒီကိုရောက်နေပြီဆိုရင် သူကအရာရာတိုင်းကိုထိန်းချုပ်ဖို့ကြိုးစားမှာပဲ...ဒီမှာရတနာတွေအများကြီးရှိနေတယ်ဆိုပေမဲ့ အဲ့ဒါတွေကိုလျစ်လျူရှုပြီး ငါတို့ကိုဒုက္ခပေးဖို့ကြိုးစားနေတာပဲ....ဒါကကြီးမားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုကို သေချာပေါက်စီစဉ်နေတယ်ဆိုတာ သက်သေပြနေတာပဲ"
နီကိုးလပ်စ်၏မျက်လုံးများက အလင်းရောင်မှိန်ဖျော့ဖျော့တောက်ပနေခဲ့သည်။
နီကိုးလပ်စ်သည် ယခုလိုစကားများကိုပြောလာလိမ့်မည်ဟု ရှောင်ယုမထင်ထားခဲ့ပေ။ နီကိုးလပ်စ်သည်တောင် ဤအရာကိုမဖော်ထုတ်နိုင်ခဲ့ပါက သူသည်လည်းဖြစ်နိုင်မည်မဟုတ်ပေ။
"သူတင်မကဘူး...လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေလည်းပါတယ်...ငါတို့ဒီကိုရောက်ရောက်ချင်း ငါတို့ကိုခိုးဝင်တိုက်ခိုက်တာကလွဲပြီးတော့ သူတို့ကထပ်ပြီးပေါ်မလာတော့ဘူး...အဲ့ဒါအံ့သြစရာမကောင်းဘူးလား"
ထိုအချိန်တွင်ရှောင်ယုက လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များကို ရုတ်တရက်ဖော်ပြခဲ့သည်။
အမှန်ပင် မြေအောက်မြို့တော်၌နောက်ဆုံးအကြိမ်တွေ့ဆုံပြီးနောက် ဤဝတ်ရုံနက်များသည် တစ်စုံတစ်ရာအတွက် အဆက်မပြတ်ပြိုင်ဆိုင်နေခဲ့သည်။
ထို့ပြင်သူတို့သည် ဤနေရာသို့ရောက်လာသည့်အဖွဲ့များအနက် အစွမ်းအထက်ဆုံးဖြစ်နိုင်ဖွယ်ရှိသော်လည်း သူတို့ကိုတစ်ချိန်လုံးမတွေ့မြင်ရသေးသောကြောင့် တစ်စုံတစ်ခုအားကြံစည်နေသည်မှာ ထင်ရှားပေသည်။
"ဘာကိုပြောချင်တာလဲ..."
နီကိုးလပ်စ်သည် ရှောင်ယု၏စကားမှတဆင့် တစ်စုံတစ်ခုအားသတိထားမိလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေက အော်ဂတ်စတတ်နဲ့ပူးပေါင်းနေတာဖြစ်ရမယ်...သူတို့ကကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတာပဲ...သူတို့ကငါတို့ကိုရတနာတွေရယူခွင့်ပေးမှာမဟုတ်ဘူး"
ရှောင်ယုသည် မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။ တစ်ဆက်တည်းတွင် ဤကိစ္စသည်အလွန်ပင်ပြင်းထန်ကြောင်း သတိထားမိလိုက်သည်။
"သူတို့ကပူးပေါင်းနေတာလား..."
လီယိုနာဒိုသည် အနည်းငယ်အံ့သြသွားခဲ့သော်လည်း သေချာတွေးတောကြည့်ပြီးနောက်တွင် ထိုအရာသည်ဖြစ်နိုင်ကြောင်း စဉ်းစားမိခဲ့သည်။
အဲလိုသာဆိုရင် ဒီကိစ္စကပြဿနာအကြီးကြီးဖြစ်လာနိုင်တယ်...
သူတို့သည် အော်ဂတ်စတတ်၏စွမ်းအားကို ရှင်းရှင်းလင်းလင်းသိရှိထားပြီးဖြစ်သည်။
အကယ်၍ လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များကသာ အော်ဂတ်စတတ်နှင့်ပေါင်းစည်းထားသည်ဆိုပါက သူတို့၏စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသွားမှာဖြစ်သည်။ သူတို့သည် ထိုအစုအဖွဲ့၏ ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။
"အခုငါတို့ဘာဆက်လုပ်ကြမလဲ..."
နီကိုးလပ်စ်သည် ရှောင်ယုကိုကြည့်ပြီး မျက်မှောင်ကြုတ်ရင်းမေးမြန်းလိုက်သည်။ နီကိုးလပ်စ်သည်လည်း ဤပြဿနာကြောင့် အနည်းငယ်ခေါင်းကိုက်နေခဲ့ရသည်။
လက်ရှိအခြေအနေကိုကြည့်ခြင်းဖြင့် ဝတ်ရုံနက်များသည် အမှောင်ဗိမာန်တော်အတွင်း ကြီးမားသည့်အရာတစ်ခုကိုရှာဖွေဖော်ထုတ်ရန် ကြိုးစားနေကြောင်း ကျိန်းသေနေခဲ့သည်။
ရှောင်ယုသည် ခဏလောက်စဉ်းစားအပြီးတွင် ကူကယ်ရာမဲ့စွာ့ဖြင့် သူ့လက်များကိုဖြန့်ပြလိုက်သည်။
"ငါ့ကိုမကြည့်နဲ့...မင်းရဲ့စဉ်းစားနိုင်စွမ်းနဲ့ဆိုရင် ဘာလို့ငါ့ကိုမေးနေသေးတာလဲ"
နီကိုးလပ်စ်က ပြုံးပြီးပြောလိုက်သည်။
"ငါကနည်းနည်းအရည်အချင်းရှိပေမဲ့ မင်းနဲ့နှိုင်းယှဉ်ရင် နိမ့်ကျနေပါသေးတယ်"
"ငါ့ကိုချီးမွမ်းဖို့မကြိုးစားနဲ့...အမှန်အတိုင်းပြောရမယ်ဆိုရင် ခုချိန်မှာဘာဆက်လုပ်ရမယ်ဆိုတာတောင် ငါမသိတော့ဘူး...သူတို့ကိုတတ်နိုင်သမျှ အမြန်ဆုံးရှာရမယ်ဆိုတာပဲသိတော့တယ်...ဖြစ်နိုင်တာကသူတို့ဟာဂေါ်ဒန်ရဲ့ဦးခေါင်းခွံရှိတဲ့နေရာကိုတောင် ရောက်နေတာဖြစ်နိုင်တယ်...အော်ဂတ်စတတ်နောက်ဆုံးပြောခဲ့တဲ့စကားကိုမမေ့နဲ့"
"မင်းမှန်တယ်...အဲ့ဒီနတ်ဆိုးမှော်ဆရာက ဂေါ်ဒန်ကိုပြန်ပြီးရှင်သန်ထမြောက်စေချင်တယ်ဆိုမှတော့ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကဘယ်နေရာမှာရှိနေတယ်ဆိုတာ သူကရှင်းရှင်းလင်းလင်းသိထားရမယ်...ခုတော့သူတို့ကိုရှာဖို့ပဲလိုတော့တယ်"
နီကိုးလပ်စ်က မျက်ခုံးပင့်၍ပြောလိုက်သည်။ ယခုအချိန်၌ သူဘာတွေးနေသည်ကို မည်သူမှမသိနိုင်ပေ။
"သူတို့ကိုရင်ဆိုင်ဖို့ဆိုရင် စည်းစည်းလုံးလုံးနဲ့လက်တွဲလုပ်ဆောင်ဖို့လိုတယ်"
လီယိုနာဒိုကလည်းပြောလိုက်သည်။ သူသည် ရှောင်ယုအားအလွန်ပင်မုန်းတီးနေခဲ့ပြီး ရှောင်ယုအားသတ်ဖြတ်ရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေသော်လည်း ယခုအချိန်၌ ဤပြဿနာကိုဖြေရှင်းရန် သူတို့ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
ရှောင်ယုကသူ့ခေါင်းကိုခါပြလိုက်သည်။
"ငါတို့သာအတူတူရှိနေမယ်ဆိုရင် သူတို့ပုန်းအောင်းနေတာကိုရှာတွေ့ဖို့ ပိုပြီးခက်ခဲလိမ့်မယ်...ပြီးတော့ဒီနေရာမှာရှိတဲ့လမ်းကြောင်းတွေအားလုံးဟာ တစ်နေရာတည်းကိုဦးတည်သွားတယ်ဆိုတာသေချာနေတာပဲ...သူတို့ကလမ်းကြောင်းရဲ့အဆုံးမှာငါတို့ကိုစောင့်နေလောက်တယ်"
"အဲ့ဒါဆိုအကောင်းဆုံးပဲ...ငါတို့လူခွဲပြီးရှေ့ဆက်ကြတာပေါ့...လမ်းခရီးမှာလူတိုင်းသတိထားမှ တော်ကာကြမယ်"
နီကိုးလပ်စ်သည် ရှောင်ယု၏အစီအစဉ်ကိုသဘောတူလိုက်သည့်အတွက်ကြောင့် စကားများများစားစားမပြောခဲ့ပေ။
ရှောင်ယုကခေါင်းညိတ်ပြလိုက်ပြီး သူ့လူများနှင့်အတူ ခွဲထွက်မယ့်လမ်းကြောင်းအား ရှာဖွေရန်ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် အီလီဒမ်၏အခြေအနေကလည်း ပို၍ပင်ဆိုးရွားလာခဲ့သည်။
ရှောင်ယုသည် သူ့လူများနှင့်အတူ ခွဲထွက်လာပြီးနောက်တွင် အတွေးများနေခဲ့သည်။
"လူယုတ်မာနှစ်ယောက်က ငါ့ကိုဘယ်လိုသတ်ဖြတ်ရမလဲဆိုတာ သေချာတွေးနေကြတယ်ဆိုပေမဲ့ ငါကတော့မင်းတို့ကိုဂရုမစိုက်ဘူး...ငါ့ရဲ့ပထမဆုံးဦးစားပေးတာဝန်ကတော့ မိုင်ယဗ်ကိုသူမရဲ့ယခင်စိတ်ဝိညာဉ်စွမ်းအားကို ရရှိစေဖို့ပဲ...ပြီးတော့ကဲလ်သက်ကို အယ်လ်ဒါရီကောင်စီရဲ့စွမ်းအားကိုရယူခိုင်းပြီးတော့ သူဘယ်လောက်ထိအစွမ်းထက်လာမလဲဆိုတာ စောင့်ကြည့်ရမယ်"
ရှောင်ယုသည် သူ၏သူရဲကောင်းများတိုးတက်လာမည့်အပေါ် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေခဲ့သည်။
ဝိညာဉ်သေတ္တာမှပြသထားသည့် မြင်ကွင်းမှတဆင့် ရှောင်ယုသည်မိုင်ယဗ်အမွေဆက်ခံနိုင်ရန်အတွက် အမှောင်ဗိမာန်တော်ရှိအုတ်ဂူဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတလျှောက်တွင် လူအချို့သည် သူ့နောက်သို့တိတ်တဆိတ်လိုက်ပါလာသည်ကို ရှောင်ယုကသတိထားမိလိုက်သော်လည်း ဂရုမစိုက်ခဲ့ပေ။ ထိုလူများသည် ရှောင်ယုဆီမှနေ၌ အကျိုးကျေးဇူးရယူလိုခြင်းဖြစ်သည်။
ရှောင်ယုသည် ဤနေရာနှင့်အလွန်ရင်းနှီးနေကြောင်း လူတိုင်းသိထားကြပေသည်။ ထို့ကြောင့် ရှောင်ယုထံမှအသားမစားနိုင်လျှင်တောင် အရိုးအကျန်ကိုက်ရလျှင်တောင်မှ သူတို့ရယူလိုကြသည်။
ရှောင်ယုသည် သူတို့အားဂရုစိုက်ရန် အလွန်ပျင်းရိနေခဲ့သည်။ မကြာခင်မှာပဲ ရှောင်ယုသည်ထောင်ထဲသို့ဦးတည်နေသော ဝင်ပေါက်တစ်ခုကိုတွေ့လိုက်ရသည်။
ထိုနေရာ၏ပတ်ဝန်းကျင်အနေအထားသည် များစွာပြောင်းလဲသွားခဲ့သော်လည်း ယေဘုယျအားဖြင့်ဆိုလျှင် ရှောင်ယုသည်ဤနေရာအား မှတ်မိနေသေးသည်။
ရှောင်ယုသည် အကျဉ်းတိုက်ထဲသို့ဝင်ရောက်လာသည့်အခါတွင် အုံ့မှိုင်းနေသော အငွေ့အသက်များက သူ့အားဆီးကြိုနေခဲ့သည်။ ဤအကျဉ်းတိုက်သည် ယင်စွမ်းအင်များစုဝေးရာနေရာတစ်ခုဖြစ်သည်။
ထိုနေရာသို့ဝင်ဝင်ချင်း မသေမျိုးအုပ်စုတစ်ခုက ပြေးဝင်လာသည်ကိုတွေ့လိုက်ရသည်။
ဤသို့သောနေရာမျိုးသည် မသေမျိုးများအတွက် အလွန်ပင်သင့်လျော်သည့်အတွက်ကြောင့် မသေမျိုးများအားရှောင်တိမ်း၍မရပေ။ ဤနေရာတွင် မသေမျိုးအရေအတွက် အမြောက်အများမရှိသော်လည်း သူတို့၏စွမ်းအားက သာမန်ထက်ပိုမိုမြင့်မားပေသည်။
အလွန်ဆိုသည် မကောင်းဆိုးဝါးနှိမ်နင်းသည့်မီးရှုးတိုင်ကို ထုတ်ယူလိုက်သည်။ ထိုအခါပြင်းထန်သောဝိညာဉ်မီးတောက်သည် လောင်ကျွမ်းသွားခဲ့ပြီးနောက် စွမ်းအားကြီးသည့်မသေမျိုးများက ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ထိုမသေမျိုးများသည် အစွမ်းမထက်သည်တော့မဟုတ်ပေ။ သူတို့သည် စတုတ္ထအဆင့်တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်တိုက်ခိုင်နိုင်စွမ်းရှိကာ ၎င်းတို့အားသတ်ဖြတ်လိုပါက ခက်ခက်ခဲခဲတိုက်ပွဲဝင်ရမည်ဖြစ်သည်။ အလွန်ဆိုမှ ၎င်းတို့အားအလွယ်တကူချေမှုန်းနိင်ရသည့် အဓိကအကြောင်းရင်းမှာ မီးရှုးတိုင်မှမီးတောက်၏စွမ်းအားကြောင့်ဖြစ်သည်။
အခန်း ၄၄၄ - အရိုးစု
အလှည့်အပြောင်းများစွာပြုလုပ်ပြီးနောက် ရှောင်ယုတို့အဖွဲ့သည် အကျဉ်းတိုက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ရှောင်ယုသည် အကျဉ်းတိုက်အားငုံ့ကြည့်လိုက်ရာ အလွန်အံ့သြသွားခဲ့သည်။
"အောစ့်တွေ...ဘယ်လိုလုပ်ပြီးဒီနေရာမှာအောစ့်တွေအများကြီးရှိနေရတာလဲ"
အောစ့်များသည် ရှောင်ယုတို့အဖွဲ့အား သတိထားမိကာ အော်ဟစ်လိုက်ကြသည်။
"အဲ့ဒါက မကောင်းဆိုးဝါးအောစ့်တွေလား...ဘယ်သူကသူတို့ကိုလွှတ်ပေးလိုက်တာလဲ...အော်ဂတ်စတတ်ရဲ့လက်ချက်လား"
ရှောင်ယုသည် စဉ်းစားရကျပ်သွားသော်လည်း သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ တပ်သားများသည် ရှောင်ယု၏အချက်ပြမှုကိုလက်ခံရရှိပြီးနောက် အဆိုပါမကောင်းဆိုးဝါးအောစ့်များကို တိုက်ခိုက်ရန်ပြေးဝင်လာကြသည်။
မကောင်းဆိုးဝါးအောစ့်များသည် အရေအတွက်၁၀၀ခန့်သာရှိပြီး အလွန်နည်းပါးပေသည်။ သို့သော်လည်း ယခုအခါတွင်ရှောင်ယု၏တပ်ဖွဲ့အင်အားသည် အလွန်တိုးမြင့်လာသည့်အတွက်ကြောင့် ဤမကောင်းဆိုးဝါးအောစ့်များကို သတ်ဖြတ်ရန်ပြဿနာမရှိပေ။
၎င်းတို့အနက် အလွန်ဆိုသည် အလွန်ပင်အစွမ်းပြနေခဲ့သည်။ ကျိန်စာသင့်မီးရှုးတိုင်ကို ရရှိပြီးနောက်တွင် သူသည်ဤလက်နက်၏စွမ်းအားကို စမ်းသပ်ရန်အတွက် အခွင့်အရေးအားလက်လွှတ်မခံခဲ့ပေ။
အူသာ၏ကောင်းချီးနှင်အတူ ကျိန်စာသင့်မီးရှုးတိုင်ကြောင့် သူသည်ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ ခံစားလာရစေခဲ့သည်။
အူသာနှင့်အတူဆိုလျှင် သူသည်ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်လာရန် အချိန်များစွာကြာမြင့်မည်မဟုတ်ပေ။
"အော်ဂတ်စတတ်က ကြီးမားတဲ့အစီအစဉ်တစ်ခုကိုစတင်ဖို့အတွက် အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်နေပုံရတယ်"
ရှောင်ယုသည် မကောင်းဆိုးဝါးအောစ့်များ၏ အလောင်းကိုကြည့်ပြီးနောက် ယခုတစ်ကြိမ်တွင်သူသည် ကြီးမားသောအရှုပ်အထွေးတစ်ခု၌ ပါဝင်မိနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သို့သော်လည်း ဤအရှုပ်အထွေးသည် တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေခဲ့သည်။ ဂေါ်ဒန်ဖြစ်စေ မကောင်းဆိုးဝါးအောစ့်များဖြစ်စေ မျိုးနွယ်စုများကိုလုယက်ခဲ့သော နတ်ဆိုးမှော်ဆရာများပင်ဖြစ်စေ ၎င်းတို့သည် တိုက်ကြီးအတွင်းရှိ အင်အားကြီးမားသည့်စွမ်းအားစုများအနက် တစ်ခုဖြစ်သည်။
ရှောင်ယုတွေးတောနေသည်မှာ ဤအဖွဲ့အစည်း၏သဘောသဘာဝနှင့် ၎င်းတို့၏စစ်မှန်သောစွမ်းအားဖြစ်သည်။ အကယ်၍ ၎င်းကိုသာထုတ်ဖော်နိုင်ခဲ့ပါက တိုက်ကြီးအတွင်း၌ ကြီးမားသောမုန်တိုင်းတစ်ခု စောင့်မျှော်နေမည်ဖြစ်သည်။
ငါပြန်ရောက်ရင် သေချာပြင်ဆင်ရမယ်။ ခုချိန်မှာ အော်ဂတ်စတတ်သည် သူ၏အစီအစဉ်ကို စတင်ရေးဆွဲနေပြီဖြစ်ရာ မကြာမှီတွင်သူတို့၏အစီအစဉ်များအား စတင်၍အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် သူသည်လည်းတန်ပြန်အစီအမံအချို့ကို ထုတ်ဖော်ရမည်ဖြစ်သည်။
ယွမ်မန်လွင်ပြင်တွင် လျှို့ဝှက်ဆန်းကြယ်သောအင်အားစုက အမှန်တကယ်ခြေချလာနိုင်ပြီဖြစ်ရာ မမျှော်မှန်းနိုင်သည့်ဖြစ်ရပ်များက ပိုမိုမြန်ဆန်စွာစတင်လာတော့မည်ဖြစ်သည်။
မကြာမှီတွင် တိုက်ကြီးအပေါ်၌ မငြိမ်မသက်သောဖြစ်ရပ်များက စတင်ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။
လမ်းတလျှောက်လုံးတွင် ရှောင်ယုသည် မကောင်းဆိုးဝါးအောစ့်အချို့အား တွေ့ရှိခဲ့ကာ အတွင်းဘက်သို့ပိုမိုတိုးဝင်လာသည်နှင့်အမျှ သူတို့၏အရေအတွက်ကလည်း ပိုမိုတိုးပွားလာခဲ့သည်။ သို့သော်လည်း ရှောင်ယု၏တပ်ဖွဲ့သည် ယခုအချိန်၌အလွန်အားကောင်းနေပြီဖြစ်ရာ သူတို့သည်ဤမကောင်းဆိုးဝါးအောစ့်များကို အလွယ်တကူဖြေရှင်းနိုင်ခဲ့သည်။
ဂရင်းသည် ဤမကောင်းဆိုးဝါးအောစ့်များကို အလွန်ပင်မုန်းတီးပေသည်။ ဤမကောင်းဆိုးဝါးအောစ့်များသည် အောစ့်များ၏ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည့်အတွက်ကြောင့် သူသည်ထိုအောစ့်များကို အမြန်ဆုံးသတ်ဖြတ်ခဲ့သည်။
ဂရင်းသည် ဤရန်သူဟောင်းများနှင့်ပြန်လည်၍ တွေ့ဆုံပြီးနောက်တွင် သူ၏သွေးများသည် အမှန်တကယ်ပင်ဆူပွက်လာခဲ့တော့သည်။
"သတ်..."
မကောင်းဆိုးဝါးအောစ့်အုပ်စုက ပြေးဝင်လာသည်ကိုမြင်သောအခါ ဂရင်းကျယ်လောင်စွာအော်ဟစ်၍ ရှေ့သို့ပြေးဝင်သွားခဲ့သည်။ ခိုင်ရင်းသည်လည်း နောက်ကျကျန်ရစ်မနေခဲ့ဘဲ ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်ရေးစွမ်းရည်များကိုထုတ်ဖော်ကာ မကောင်းဆိုးဝါးအောစ့်အနည်းငယ်ကို တိုက်ရိုက်ချေမှုန်းပစ်လိုက်သည်။
ဝေါင်း...
ထိုအချိန်တွင် မကောင်းဆိုးဝါးအောစ့်များအကြားမှ ပုဆိန်နှစ်ချောင်းကိုကိုင်ဆောင်ထားသည့် အောစ့်တစ်ကောင်ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။ ထိုအောစ့်၏အရပ်သည် ဂရင်းထက်ပင်ပိုမြင့်ပြီး ဧရာမအောစ့်တစ်ကောင်နှင့်ဆင်တူပေသည်။ ထိုအောစ့်၏မျက်လုံးများတွင် ဒေါသမီးတောက်များဖြင့်နီရဲနေကာ ဂရင်းအားစိုက်ကြည့်နေခဲ့သည်။
"ပဥ္စမအဆင့်အထွတ်အထိပ်မှာရှိနေတဲ့ မကောင်းဆိုးဝါးအောစ့်"
ရှောင်ယုသည် ထိုမကောင်းဆိုးဝါးအောစ့်၏ခွန်အားကို ချက်ချင်းမြင်တွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝါးအောစ့်သည် ပဥ္စမအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေခဲ့သည်။
ဝေါင်း...
ထိုမကောင်းဆိုးဝါးအောစ့်သည် သူ့အားရန်စနေသည်ကိုမြင်သောအခါ ဂရင်းသည်သည်းမခံနိုင်တော့ဘဲ ပြန်လည်ဟိန်းဟောင်လိုက်သည်။ ဂရင်းသည် ဤကဲ့သို့ပြိုင်ဘက်မျိုးနှင့်ရင်ဆိုင်တိုက်ခိုက်ရသည်ကို အလွန်ကြိုက်နှစ်သက်ပေသည်။
ချက်ချင်းဆိုသလိုပင် ဂရင်း၏သွေးများသည် အထွတ်အထိပ်သို့ရောက်သည်ထိတိုင်အောင် ဆူပွက်နေခဲ့ကာ သူ၏တိုက်ခိုက်လိုစိတ်ကလည်း ကောင်းကင်ယံကိုပင် ထိုးဖောက်သွားခဲ့သည်။
အလွန်ဆိုသည် ထိုမကောင်းဆိုးဝါးအောစ့်၏ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်ချင်သော်လည်း ဂရင်းတက်လာသည်ကိုမြင်သောအခါတွင် တုံ့ဆိုင်းစွာဖြင့်လက်လျော့လိုက်သည်။ အလွန်ဆိုသည် ရှောင်ယု၏သူရဲကောင်းများနှင့်ပိုမိုဆက်ဆံမိလေလေ သူတို့၏လွှမ်းမိုးနိုင်စွမ်းအားကို ရှာဖွေတွေ့ရှိလေလေဖြစ်သည်။
ထိုပြင် ဤသူရဲကောင်းများသည် အလွန်ပင်ဖော်ရွှေလှပြီး ဆက်ဆံရလွယ်ကူကာ အချင်းချင်းဟာသလုပ်လေ့ရှိပေသည်။ ထို့ပြင် သူတို့အကြား၌လူမျိုးရေးခွဲခြားမှုများလည်းမရှိပေ။
မာနကြီးလှပါသည်ဟူသော နတ်သူငယ်များသည်ပင် အခြားသူများနှင့် အဆင်ပြေပြေဆက်ဆံတတ်ကြသည်။ ရံဖန်ရံခါတွင် ဂရင်းသည် သူနှင့်နောက်ပြောင်ပြောဆိုလေ့ရှိသည်။
ရက်စက်ပြီး ယုတ်မာကြမ်းတမ်းပုံရသည့်ဂရင်း၏ အခြားတစ်ဖက်ခြမ်းတွင် ခင်မင်ဖွယ်ကောင်းပြီး ပေါတောတောနိုင်သည့်ပုံစံရှိနေမည်ဟု အလွန်ဆိုမထင်ထားခဲ့ပေ။
ဘန်း...ဘန်း
ဂရင်း၏ဓားနှင့်မကောင်းဆိုးဝါးအောစ့်တို့၏ပုဆိန်သည် အဆက်မပြတ်ထိတိုက်မိချိန်တွင် မီးပွှားများထွက်ပေါ်လာခဲ့ကာ နားကွဲမတတ်ဖြစ်စေခဲ့သည်။
မကောင်းဆိုးဝါးအောစ့်၏စွမ်းအားသည် ပို၍ပင်အားကောင်းလာခဲ့ကာ ဂရင်းကိုပင်နောက်သို့ဆုတ်စေခဲ့သည်။ သို့သော်လည်း ဂရင်းသည် သွက်လက်သောတိုက်ခိုက်ရေးသမားဖြစ်ကာ သူ၏အရည်အချင်းအစစ်အမှန်အား ထုတ်ဖော်ပြသခြင်းမရှိသေးပေ။ အဘယ်ကြောင့်သူသည် ကြောက်ရွံ့နေရမည်နည်း။
ဂရင်း၏ပါးစပ်ထောင့်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီးနောက် ဂရင်း၏ခန္ဓာကိုယ်မှနေ၍ ကိုယ်ပွားများအဖြစ်ကွဲထွက်သွားခဲ့ကာ မကောင်းဆိုးဝါးအောစ့်ထံသို့ပြေးဝင်သွားခဲ့သည်။
ဤမကောင်းဆိုးဝါးအောစ့်ခေါင်းဆောင်သည် ကိုယ်ပွားများက သူ့ထံသို့ရုတ်တရက်ပြေးဝင်လာသည်ကိုမြင်သော် ချက်ချင်းပင်ထိတ်လန့်သွားခဲ့ရသည်။
ဂရင်း၏ကိုယ်ပွားများသည် အဆင့်၂သို့ရောက်ရှိသွားပြီးနောက်တွင် သူတို့၏စွမ်းအားများသည် ယခင်ကထက်များစွာပိုမိုအားကောင်းလာကြောင်း သိထားရမည်ဖြစ်သည်။
ထို့ပြင် ထိုကျွမ်းကျင်မှုသာအလွန်မြင့်မားသည့် အဆင့်သို့ရောက်ရှိသွားခဲ့မည်ဆိုပါက ကိုယ်ပွားများသည် ဂရင်းနှင့်ခွဲမရအောင်တူနေမည်ဖြစ်ကာ အတုအစစ်ခွဲခြားရခက်နေမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မကောင်းဆိုးဝါးအောစ့်ခေါင်းဆောင်သည် သွေးများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။ မကောင်းဆိုးဝါးအောစ့်ခေါင်းဆောင်သည် အားကောင်းသော်လည်း ဂရင်း၏တိုက်ခိုက်မှုအားခုခံရန်လုံလောက်သောစွမ်းအားကို ပိုင်ဆိုင်ထားခြင်းမရှိသေးပေ။
ဒိုင်း...
ရုတ်ချည်းဆိုသလိုပင် ဂရင်းသည် မကောင်းဆိုးဝါးအောစ့်ခေါင်းဆောင်၏ ခန္ဓာကိုယ်အောက်ပိုင်းအား ကန်ထုတ်လိုက်ရာ မကောင်းဆိုးဝါးအောစ့်က နာကျင်စွာအော်ညီးလိုက်သည်။
ဂရင်းသည် ဤတိုက်ပွဲအားအဆုံးသတ်ရန်အတွက် အန္တိမခုတ်ပိုင်းချက်အားထုတ်ဖော်လိုက်ကာ မကောင်းဆိုးဝါးအောစ့်၏ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
သူသည် မကောင်းဆိုးဝါးအောစ့်ခေါင်းဆောင်ကို သတ်ဖြတ်ပြီးချိန်တွင် အခြားသောသူများကလည်း ကျန်မကောင်းဆိုးဝါးအောစ့်များကို ဖြေရှင်းခဲ့သည်။ မကောင်းဆိုးဝါးအောစ့်အချို့က ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း မိုင်ယဗ်ကသူတို့နောက်သို့လိုက်သွားကာ သူတို့အားအပြီးသတ်လိုက်သည်။
မိုင်ယဗ်၏ရှေ့မှောက်တွင် ထွက်ပြေးရန်ကြိုးစားခြင်းက အလွန်ပင်ရယ်စရာကောင်းလှပေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ရှောင်ယုသည် ပြင်းထန်သောဝိညာဉ်စွမ်းအင်အတက်အကျကို ဖျတ်ခနဲ့ခံစားလိုက်ရသည်။
"ဒါကဘာလဲ...အဲလိုစွမ်းအားမျိုးရှိနေသေးတာလား"
ရှောင်ယုက မျက်မှောင်ကြုတ်နေသော်လည်း အခြားတစ်ဖက်တွင် အလွန်ဆိုက ချက်ချင်းပြောလိုက်သည်။
"အဲ့ဒါကအရိုးစုတွေပဲ...ကျွမ်းကျင်သူတွေရဲ့အရိုးစုတွေ"
"ဘာလဲ...အရိုးစုတွေလား...အဲ့ဒါကပြဿနာပဲ...ဒီအကျဉ်းတိုက်ထဲမှာဆိုရင် အရမ်းကိုအစွမ်းထက်တဲ့ကျွမ်းကျင်သူတွေသေဆုံးခဲ့ရတယ်...သူတို့သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့အရိုးတွေဟာ အစွမ်းထက်တဲ့မှော်အရိုးစုတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်"
မကောင်းဆိုးဝါးအောစ့်များသည် အဘယ်ကြောင့်ဤနေရာသို့ရောက်လာရသည်ကို ရှောင်ယုကသဘောပေါက်သွားခဲ့သည်။ သူတို့သည် ဤအရိုးများကိုလိုချင်၍ရောက်လာခြင်းဖြစ်သည်။
"သူတို့ကိုအလွတ်မပေးနိုင်ဘူး...မြန်မြန်သွားကြ...သူတို့အားလုံးကိုသတ်ပစ်လိုက်"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်၍ ပြေးဝင်သွားခဲ့သည်။
အကယ်၍သူသာ ထိုအရိုးများကိုယူဆောင်၍ ဆရာဟစ်ဂင်ထံပေးအပ်လိုက်လျှင် ကောင်းမွန်သည့်အရာများစွာကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အားစွန့်လွှတ်ရန်မဖြစ်နိုင်ပေ။
ထို့နောက်တွင် ရှောင်ယုတို့အဖွဲ့သည် ရှေ့သိုလျင်မြန်စွာပြေးတက်သွားခဲ့ပြီး လမ်းတလျှောက်တွင် မကောင်းဆိုးဝါးအောစ့်အချို့ကိုတွေ့ရှိခဲ့ရသည်။ ယခုတစ်ကြိမ်တွင် ရှောင်ယုသည်ယဉ်ကျေးမနေတော့ဘဲ ထိုမကောင်းဆိုးဝါးအောစ့်များအားလုံးကို တိုက်ရိုက်သတ်ဖြတ်ပြခဲ့သည်။
နောက်ဆုံးတွင် ရှောင်ယုတို့အဖွဲ့သည် အကျဉ်းတိုက်၏အလယ်ပိုင်းသို့ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် မကောင်းဆိုးဝါးအောစ့်များစွာရှိနေခဲ့ကာ သူတို့သည်အကျဉ်းတိုက်တွင်းရှိ အုတ်ဂူများကိုတူးဖော်၍ ကျွမ်းကျင်သူများ၏အရိုးကိုယူငင်နေကြသည်။
ရှောင်ယုရောက်ရှိလာချိန်တွင် ထိုမကောင်းဆိုးဝါးအောစ့်များက ချက်ချင်းထအော်လိုက်ကြပြီး ရှောင်ယုအားရင်ဆိုင်ရန်အတွက် တိုက်ပွဲပုံစံတစ်ခုအား ချက်ချင်းဖန်တီးလိုက်ကြသည်။ ယခုတစ်ကြိမ်တွင် ဤမကောင်းဆိုးဝါးအောစ့်အုပ်စု၌ အစွမ်းထက်သည့်ခေါင်းဆောင်များအပြင် နတ်ဆိုးမှော်ဆရာများစွာလည်းပါဝင်နေခဲ့သည်။