မမြင်ရသော လှုပ်ရှားမှုများ
Vol. 160 Ch. 2277
ရီဖူရှင်းက အမိန့်ထုတ်ပြန်လိုက်ပြီးနောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်သည် နယ်မြေဒေသအသီးသီးသို့ သွားရောက်ကာ ထိုသတင်းအား ထုတ်ပြန်ကြသည်။ ၎င်းအထဲတွင် ရီဖူရှင်း တစ်ချိန်က ကျင့်ကြံခဲ့သော သွေးနဂါးဘုံလည်း အပါအဝင်ဖြစ်သည်။
ထို့အပြင် အင်အားစုအများစုက အဆင့်မြင့်ဘုံကိုးခုကို ဗဟိုပြုကာ ဧရာခရီးသွားဝင်္ကပါများ တည်ဆောက်ကြသည်။ ဤနည်းဖြင့် သူတို့က ဘုံသုံးထောင်သည် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ကျောင်းတော်၏လွှမ်းမိုးမှုမှာလည်း ပိုမိုကြီးမားလာခဲ့သည်။ ကျောင်းတော်ကလည်း ဘုံသုံးထောင်အတွင်းမှ လှုပ်ရှားမှုများအားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်၏။
ယခင်က မည်သူမှ ဤသို့ မလုပ်နိုင်ခဲ့ပေ။ အတိတ်တွင် အဆင့်မြင့်ဘုံကိုးခုသည် အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြကာ ယခုကား ရီဖူရှင်းသည် ဘုံကိုးခုလုံးကို ထိန်းချုပ်ခဲ့သည်။
ခေတ်ဟောင်းကား ပြီးဆုံးသွားချေပြီ။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ခေတ်သစ်တစ်ခုကို ထူထောင်လိုက်ပြီဖြစ်သည်။
မှန်သည်၊ သူတို့က အာဏာနှင့် စည်းစိမ်အတွက် ထိုသို့ လုပ်ခြင်း မဟုတ်ပေ။ ရီဖူရှင်း၏လုပ်ဆောင်မှုများအားလုံးမှာ မူလဘုံကို ကာကွယ်လိုသောကြောင့်သာဖြစ်ကြောင်း လူတိုင်းက သိကြသည်။ သူက မူလဘုံအား ကျူးကျော်ခံရကာ ပျက်စီးသွားမည့်အရေးကို မလိုလားပေ။
အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီးနောက်တွင် မူလုံသည် တဖန် ငြိမ်သက်သွားပြီ ဖြစ်သည်။ မှော်နက်လောက၊ နတ္တိဘုံနှင့် ကောင်းကင်ဒေသတို့အားလုံးသည်လည်း ငြိမ်သက်နေကြ၏။
ဤမတိုင်ခင် သူတို့သည် မူလဘုံ၌ ပြဿနာများ လိုက်ရှာနေခဲ့ကြ၏။ သို့သော်လည်း ယခု မူလဘုံတွင် ထိပ်သီးအင်အားစုတစ်ခု ဖြစ်ပေါ်လာခဲ့ရာ မည်သူမှ အတင့်ရဲစွာ မလှုပ်ရှားရဲကြတော့ပေ။
လက်ရှိတွင် ရီဖူရှင်းသည် စီဝေ့ကောင်းကင်၌ ကျင့်ကြံနေသည်။ သူတစ်ယောက်တည်းသာမဟုတ်၊ တခြားလူများလည်း ထိုနေရာတွင် ကျင့်ကြံကြ၏။ စီဝေ့ကောင်းကင်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်တို့မှာ ဝင်္ကပါဖြင့် ဆက်သွယ်ထားပြီးဖြစ်ရာ သူတို့က ကြိုက်သည့်အချိန် ဘုံနှစ်ခုကြား ကူးလူးဆက်သွယ် သွားလာနိုင်သည်။ စီဝေ့ကောင်းကင်သည် သေချာပေါက် ကျင့်ကြံရာ၌ သင့်တော်သော နေရာဖြစ်၏။ ထို့ကြောင့် သူတို့အားလုံး စီဝေ့ကောင်းကင်တွင် လာရောက် ကျင့်ကြံကြသည်။
လက်ရှိတွင် ကောင်းကင်ထက်၌ ကု့ချင်းသံသည် လေဟာနယ်တစ်ခုလုံး ပျံ့လွင့်နေ၏။ ကု့ချင်းသံကား တည်ငြိမ်ကာ ပြတ်သား၏။ ရီဖူရှင်းကား ကု့ချင်းတီးခတ်နေစဉ် အမှန်တကယ် နတ်ရောင်ဝါများ ထုတ်လွှတ်သည်။ ကြယ်တာရာများ၏အလင်းများဖြင့်ဆိုပါက ထိုမြင်ကွင်းမှာ အိပ်မက်ဘုံတစ်ခုအလား ထင်မှတ်ရသည်။
သူ့ဘေးတွင် လော့ဆုသည် ရီဖူရှင်း တီးခတ်နေသည်အား ငြိမ်သက်စွာ နားထောင်နေသည်။ သူမသည်လည်း နတ်သံစဉ်၏ဆက်ခံသူတစ်ဦးဖြစ်သော်လည်း ရီဖူရှင်း၏သက်ဝင်ခံစားမှုမှာ သူမထက် သာလွန်ကြောင်း ဝန်ခံရသည်။ သံစဉ်သည် ညင်သာကာ စိတ်နှလုံးကို လှုပ်ခတ်နိုင်ပြီး လွမ်းဆွတ်တမ်းတသော ခံစားချက်ကို ပေးသည်။
ရီဖူရှင်းသည် ပုံပြင်များစွာဖြင့်လူတစ်ယောက်ဖြစ်ကြောင်း သူမက ခံစားရသည်။
ရီဖူရှင်းသည် ယခုတွင် မူလဘုံ၏အုပ်စိုးသူ ဖြစ်နေလေပြီ။ သူကား အဆင့်ခုနစ်ရန်ဟောင်သာဖြစ်သည်။ သို့သော် သူသည် ထိပ်သီးအင်အားစုပေါင်းများစွာကို သူ့အတွက် တိုက်ခိုက်ရန် ညွှန်ကြားနိုင်၏။ မည်သို့သော အခွင့်အာဏာကို သူ ပိုင်ဆိုင်သနည်း။ ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ထိုသို့သော အာဏာမရှိချေ။
ထိုအခိုက်တွင် ဝင်ပေါက်မှနေ၍ လူတစ်ယောက် ဝင်လာနေသည်။ သူရောက်လာသည်တွင် ရီဖူရှင်းနှင့် တခြားတန်ခိုးရှင်များကို ကြည့်သည်။
“ဘာကိစ္စလဲ…” ကျင့်ကြံပြီးလက်စဖြစ်သော ဂူတုံးလျှိုက မေးသည်။
“ကျွန်တော်က မူလဘုံသတင်းတွေ ယူလာပါတယ်” ထိုသူက ပြောသည် “ဘုံတစ်ခုမှာ မှော်နက်လောကဟာ ပြဿနာရှာနေပါတယ်။ ကျုပ်တို့ လွှတ်လိုက်တဲ့ တန်ခိုးရှင်တွေလည်း ပြန်ရောက်မလာခဲ့ပါဘူး။ ဒါက ကျောင်းအုပ်ကို တင်ပြဖို့ လိုမယ်လို့ ထင်ပါတယ်”
“ကောင်းပြီ။ မင်းအရင်ပြန်နှင့်…” ဂူတုံးလျှိုက ခေါင်းညိတ်သည်။ ထိုလူ ထွက်ခွာသွားသည်။ ဂူတုံးလျှိုက ရီဖူရှင်းရှိရာ နေရာသို့ ပျံသန်းလာခဲ့သည်။
“ညီငယ်လေး…” ဂူတုံးလျှိုက ခေါ်လိုက်သည်။ ဖူရှင်းက ချက်ချင်းပင် ကျင့်ကြံခြင်းအား ရပ်လိုက်ကာ ပြန်မေးသည် “အစ်ကို၃… ဘာကိစ္စများလဲ”
“ကောင်းကင်အာဏာစက်ကျောင်းတော်က သတင်းလာတယ်။ မှော်နက်လောကက အင်အားစုတစ်ခုဟာ ဘုံသုံးထောင်မှာ ပြဿနာရှာနေတယ်။ သူတို့က အင်အားကြီးအဖွဲ့တစ်ခုရဲ့အထောက်အပံ့ရှိပုံပဲ” ဂူတုံးလျှိုက ပြောသည်။ ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်၏။ သူသည် ဘုံကိုးခုကို အုပ်ချုပ်နေပြီးဖြစ်၏။ ၎င်းကို မှော်နက်လောကမှ လူများ မသိဆိုသည်မှာ မဖြစ်နိုင်။
ဆိုလိုသည်က တစ်ဘက်အင်အားစုသည် သူ့အား မကြောက်ရွံ့ပေ။
“ကြည့်ရတာ သူတို့ကို အင်အားစုတစ်ခုက ထောက်ပံ့ထားတာပဲ” ရီဖူရှင်းကလည်း မှတ်ချက်ချသည်။
“အင်း…” ဂူတုံးလျှိုက ခေါင်းညိတ်ကာ ပြန်ပြောသည် “အဲဒီအင်အားစုကသာ အလွယ်တကူ ဖြေရှင်းနိုင်မယ်ဆိုရင် အရှင်ထိုက်ရွှမ်နဲ့ ကျောင်းတော်က တခြားလူတွေက ဖြေရှင်းပြီးလောက်ပြီ။ သူတို့က မင်းကို လာအသိပေးတယ်ဆိုကတည်းက အဲဒီအင်အားစုမှာ နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးသူ ရှိလိမ့်မယ်။ ငါတို့က ရန်ဟောင်ချန်းကို လိုလိမ့်မယ်”
အရှင်ထိုက်ရွှမ်၏သဘောကို ဂူတုံးလျှိုက ကောင်းကောင်း နားလည်ပေသည်။ အကယ်၍ သူတို့ကသာ ကိုယ်တိုင်ဖြေရှင်းနိုင်ပါက ရီဖူရှင်းအား နှောင့်ယှက်မည် မဟုတ်ပေ။
“နာလည်ပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် “အစ်ကို၃၊ ဒီမှာပဲ ဆက်ပြီး ကျင့်ကြံနေလိုက်ပါ။ ပြီးရင် ကျွန်တော် သွားလိုက်မယ်”
လက်ရှိတွင် ဂူတုံးလျှိုနှင့် တခြားလူများအတွက် ကျင့်ကြံခြင်းသည်သာ အရေးအကြီးဆုံးဖြစ်သည်။ လက်ရှိ ပရမ်းပတာကာလတွင် သူတို့၏ကျင့်ကြံခြင်းနှင့် စွမ်းရည်များမှာ လိုအပ်နေသေးသည်။ သူတို့က အဆင့်နိမ့်ကမ္ဘာများသို့ သွားလျှင်ပင် များစွာ အကူအညီရမည် မဟုတ်ပေ။
“ကောင်းပြီ…” ဂူတုံးလျှိုက ခေါင်းညိတ်သည်။ ထို့နောက် ရီဖူရှင်း ထွက်သွားသည်ကို မြင်လျှင် လူတချို့ကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ ရီဖူရှင်းက ရန်ဟောင်ချန်းကို သွားတွေ့ကာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ခရီးသွားဝင်္ကပါမှ တစ်ဆင့် ဆက်လက်ဦးတည်သည်။
ကျောင်းတော်တွင် ရီဖူရှင်းသည် အရှင်ထိုက်ရွှမ်နှင့် တခြားလူများကို တွေ့သည်။ သူက မေးသည် “အရှင်ထိုက်ရွှမ်၊ အခြေအနေ ဘယ်လိုလဲ”
“ဒီရက်ပိုင်းမှာ မူလဘုံက ငြိမ်းချမ်းသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ လျှို့ဝှက်လှုပ်ရှားမှုတွေ ရှိနေတယ်။ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံကလူတွေ တဖြေးဖြေး မူလဘုံကို ရောက်လာနေကြတယ်။ သူတို့က ကောင်းကင်ဒေသက အင်အားစုတွေလိုပဲ ပြုမူနေကြတာပဲ ရှိတယ်။ သူတို့က မူလဘုံကို အင်အားစုတွေ စေလွှတ်နေတယ်။ လက်ရှိအခြေအနေက ပိုပြီးတော့ ရှုပ်ထွေးတယ်။ ဒါပေမဲ့ သူတို့ကလည်း သတိထားလှုပ်ရှားရတဲ့ အနေအထားမှာ ရှိတယ်။ သူတို့က ဘုံကိုးခုမှာ အရမ်းကြီး အတင့်မရဲသေးဘူး”
အရှင်ထိုက်ရွှမ်က ဆက်ပြောသည် “ဒါပေမဲ့ အောက်ဘုံတွေမှာတော့ တချို့အင်အားစုတွေက စပြီးတော့ လှုပ်ရှားနေကြပြီ”
“အောက်ဘုံတွေက သူတို့အတွက် ဘယ်လိုတန်ဖိုးရှိလို့လဲ” ရီဖူရှင်းက နားမလည်ပေ။ မူလဘုံသည် အပြောင်းအလဲများ ဖြစ်သွားခဲ့သည့်တိုင် အဆင့်နိမ့်ဘုံများမှာလည်း ထိပ်သီးအင်အားစုများအတွက် မည်သည့်တန်ဖိုးမှ မရှိပေ။
“ကျုပ်တို့က သိပ်မသေချာဘူး။ ဒါပေမဲ့ ကြည့်ရတာ ကျင့်ကြံတာနဲ့ သက်ဆိုင်မယ်ထင်တယ်။ လူအတော်များများက အသက်ဆုံးရှုံးတာတွေတောင် ရှိတယ်” အရှင်ထိုက်ရွှမ်က ပြောသည် “ဒီအင်အားစုက နည်းနည်း အောက်တန်းကျတယ်။ သူတို့က ရင်ဆိုင်ရ ခက်ခဲနိုင်တယ်”
“နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် “သူတို့ အခုဘယ်မှာလဲ”
သူတို့က မူလဘုံကို ကာကွယ်ပေးရန် ဆုံးဖြတ်ပြီးမှတော့ လာရောက်ကျူးကျော်သည့် မည်သည့်အင်အားစုကိုမဆို ရင်ဆိုင်ရပေမည်။ ဤသည်ကား သူတို့ ကြေညာချက်ထုတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ရမည့် အင်အားစုဖြစ်သည်။ သူတို့သာ ရင်မဆိုင်ပါက တခြားအင်အားစုများကလည်း ထိုနည်းတူ ပြုမူလာနိုင်သည်။
လက်ရှိတွင် တခြားအင်အားစုများကလည်း အခြေအနေကို စောင့်ကြည့်နေကြပေလိမ့်မည်။
“သူတို့ကို နောက်ဆုံးတွေ့ခဲ့တာ သွေးနဂါးဘုံမှာပဲ။ သူတို့က ဘုံတွေ အတော်များများကို သွားလာပြီးကြပြီ။ အခု သူတို့ ရောက်နေတဲ့နေရာကတော့ သွေးနဂါးဘုံကို ရောက်မှ စုံစမ်းရတော့မှာပဲ” အရှင်ထိုက်ရွှမ်က ပြောသည်။
“ကောင်းပြီ” ရီဖူရှင်း၏မျက်လုံးများက အေးစက်နေသည်။ သွေးနဂါးဘုံသည် သူတချိန်က ကျင့်ကြံဖူးသော နေရာဖြစ်သည်။ အင်ပါယာရှားဘုံသည်လည်း သွေးနဂါးဘုံအနီးတွင် တည်ရှိပေသည်။
ရီဖူရှင်းက ပြောပြီးနောက်တွင် သူတို့အုပ်စုက သွေးနဂါးဘုံသို့ အာကာသခရီးသွားဝင်္ကပါကို အသုံးပြု၍ ဦးတည်လိုက်ကြတော့သည်။