မင်းကို ရက်ရက်စက်စက် နှိပ်စက်မယ်
Vol. 56 Ch. 834
စိုတယ်နတ်ဆိုးသည် မီးတောက်မီးလျှံလို ဒေါသအရှိန်အဝါသည် အလျံတညီးညီး ထွက်နေသည်။ နောက်ပိုင်းတွင် သုံးဘုံလောကအားလုံး မဖြစ်မနေ သိရှိသွားမည်ဖြစ်သော်လည်း ယခုမူ အချိန်မကျသေးပေ။ လတ်တလောတွင် သူတို့သည် အပြင်သို့ ထွက်နိုင်ခြင်း မရှိပေ။ အရာအားလုံးကို ထုတ်ဖော်ခံလိုက်ရပါက အလောင်းများ ဆက်လက် ရရှိနိုင်ခြင်း ရှိတော့မည်မဟုတ်ပေ။ မည်သူမျှ ဆက်လက်တိုက်ပွဲဝင်မည် မဟုတ်သလို အပြင်မှလည်း ထပ်မံ ပါဝင်လာမည် မဟုတ်ချေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အခြေခံ အစားအသောက်ပင် ရရှိတော့မည်မဟုတ်ပေ။ မည်သည့်အရာဖြင့် ကျင့်ကြံရမည်နည်း။ မည်သည့်အရာ ဖြင့် မိမိ အင်အားစုကို တိုးပွားစေမည်နည်း။
“ကောင်းတယ်... သိပ်ကောင်းတယ်... အရမ်းကိုကောင်းတယ်... မင်း အခု အထက်ကို မတက်သေးဘူးလား... ဒီနေရာမှာ အချိန် မဖြုန်းနဲ့...”
စိုတယ်နတ်ဆိုး အံကိုကြိတ်ကာ ချက်ချင်း ယီထျန်းယွမ် ကို ဝါးမျိုပစ်ချင်နေသည်။
သို့သော် လှေကား တက်မသွားပါက တိုက်ခိုက်နိုင်ခြင်း မရှိပေ။ လှေကားပေါ်သို့ တက်မှသာ ယီထျန်းယွမ်ကို အနှောင့်အယှက် ပေးနိုင်မည်၊ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
စိုတယ်နတ်ဆိုးသည် လှေကား အထက်တွင် ရပ်တန့်ကာ ယီထျန်းယွမ်ကို ဤဘက်သို့ လာရန် အချက်ပြသည်။ လှေကား အတွင်း ဝင်ရောက်လျှင် ချက်ချင်း တိုက်ခိုက်ခံရမည်။ ဤနည်းမှာ အလွန် ဆိုးရွားသည်။ အထူးသဖြင့် အနှောင့်အယှက် ပေးသူ တစ်ဦး ထားရှိခြင်းမှာ စိတ်အနှောက်အယှက်တစ်ခုပင်ဖြစ်သည်။
မူလက ယုံမင်နတ်ဘုရားနယ်ပယ်၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ အကြီးအကဲများ အချင်းချင်း အနှောင့်အယှက်ပေးရန် ဖြစ်သည်။ မည်သူမျှ အမှတ်အသားကို မရရှိနိုင်ခဲ့ပေ။ အမှတ်အသား ရရှိပြီးနောက် အထက်သို့ ပြေးတက်ကြရာ အချင်းချင်း အနှောင့်အယှက် ပေးကြရပြီး ပိုမို စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
အကြီးအကဲများ အချင်းချင်း သတ်ဖြတ်နိုင်ခြင်း မရှိပေ။ အများဆုံး နောက်သို့ ကန်ထုတ်ရုံသာ။ မည်သူ အရင် တက်ရောက်မည်နည်း။ ထိုသူ မျှော်စင်သခင် ဖြစ်လာမည်။
ယခု စိုတယ်နတ်ဆိုးတွင် အမှတ်အသား မရှိသော်လည်း အနှောင့်အယှက် ပေးသူ ဖြစ်ကာ ယီထျန်းယွမ် ကို ထိခိုက်စေသည်။ မျှော်စင်သခင် နေရာ လွယ်ကူစွာ ရရှိခွင့် မပေးချေ။
ယုံမင်နတ်ဘုရားဘုရင်သာ ဤအကြောင်းကို တွေ့မြင်ပါက သွေးအန်မည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် မိမိ လူများကို ထိခိုက်စေခဲ့သည်။ ယုံမင်နတ်ဆိုးမျိုးနွယ်တွင် ဤမျှ စွမ်းရည် ရှိမည်ကို မည်သူ တွေးနိုင်မည်နည်း။ သွေးရိုးဗီဇကို ဝါးမျိုကာ အသုံးချနိုင်သည်။
ကျင့်ကြံသူများ၏ သွေးရိုးဗီဇနှင့် နတ်ဘုရားသားရဲ သွေးရိုးဗီဇ ကွဲပြားသည်။ အခြေခံအားဖြင့် စုပ်ယူအသုံးချနိုင်ခြင်း မရှိပေ။ ယုံမင်နတ်ဆိုးမျိုးနွယ်မှာမူ ဤအဆင့်ကို ပြုလုပ်နိုင်ခဲ့သည်။
စိုတယ်နတ်ဆိုး၏ လုပ်ရပ်မှာ ယုံမင်နတ်ဆိုးမျိုးနွယ်သား များစွာ၏ အာရုံ ဆွဲဆောင်ခဲ့သည်။ ကျင့်ကြံသူများ ဝိုင်းရံ ခံထားရသော်လည်း အော်ဟစ် နေဆဲ ဖြစ်သည်။
“စိုတယ်သခင်ကြီး... အဲ့ဒီ အမှိုက် ကို ရှင်းပစ်ပါ... လူတိုင်း ငါတို့ အင်အားကို သိစေပါ...”
“ဟုတ်တယ်... ငါတို့ အင်အားကို သိစေပါ... နာခံမှု မရှိရင် သေလမ်း တစ်ခုတည်းဖြစ်ရမယ်...”
“သတ်ပစ်... သတ်ပစ်...”
တစ်ယောက်တစ်ပေါက် အော်ဟစ်ကြသည်။ သူတို့ မည်သို့ပင် ဟစ်အော်နေသည့်တိုင် ထိုအသံများကို ယီထျန်းယွမ်တို့က ကြားနိုင်မည်မဟုတ်ပေ။ ယီထျန်းယွမ်၏ အသံသည်သာ သူတို့အားလုံး ကြားနိုင်ပေသည်။ သို့သော်လည်း သူတို့က အရှုံးမပေးချင်ကြချေ။ သူတို့သည် ပြိုင်ဘက်ကင်းသူများ ဖြစ်သည်ဟု သူတို့ကိုယ်သူတို့ ထင်မှတ်ကြသည်။ သုံးဘုံလောကလုံးကို အုပ်ချုပ်နိုင်သူများ ဖြစ်မည်ဟု ယုံကြည်ကြသည်။ သုံးဘုံလောက၏ သတ္တဝါ အားလုံးကို နှိမ့်ချစွာ ကြည့်ကြသည်။
သူတို့ မှာ ဘုရင်များအနေဖြင့် ဆင်းသက်လာခြင်းသာ ဖြစ်သည်။ ဤနေရာ တွင် ပိတ်ဆို့ နေထိုင်ရန် မသင့်တော်ပေ။ သုံးဘုံလောကတစ်ခုလုံး ကို မျက်နှာမူ ရမည်။ အထူးသဖြင့် ကျင့်ကြံသူများစွာ ဖိအားပေးလာကြရာ အလွန် ဂုဏ်သိက္ခာ ပျက်ပြားသည်ဟု ခံစားရသည်။ သူတို့ အမြင်တွင် သုံးဘုံလောက၏ သတ္တဝါ များက ဤသို့ ပြုမူ ခွင့်ရှိသလား။
“ဒီ ကျူးကျော်သူတွေ ကို ဖျက်ဆီးပစ်... ဖျက်ဆီးပစ်...”
“ဟုတ်တယ်... ဒီ ကျူးကျော်သူတွေကို ဖျက်ဆီးပစ်... အမှိုက်တွေကို ဖျက်ဆီးပစ်... ကောင်လေး... ငါတို့ အားလုံး မင်းကို ထောက်ခံတယ်...”
“သူတို့ ဘိုးဘေးကို သတ်ပစ်... ငါတို့ အားလုံး မင်းကို မျှော်လင့်တယ်...”
ကျင့်ကြံသူ တစ်ယောက်ချင်း အော်ဟစ်ကြသည်။ သူတို့ အသံများမှာ ယုံမင်နတ်ဆိုးမျိုးနွယ်၏ အော်ဟစ်မှု ကို ချက်ချင်းပင် လွှမ်းမိုးသွားသည်။ အမြဲ ကျင့်ကြံသူ အရေအတွက်က ပိုမိုများပြားသည်။ ခွန်အား ပိုမို ရှိသည်။ သူတို့ ကို ချက်ချင်းပင် ဖိနှိပ်ခဲ့သည်။
ဤ အော်ဟစ်မှုများသည် ယီထျန်းယွမ်ဘက်သို့ မရောက်ရှိခဲ့ပေ။ သို့သော် ဤအရာများမှာ အဓိကမဟုတ်ချေ။
ယီထျန်းယွမ်သည် လှေကားအရှေ့ ရပ်နေသော စိုတယ်နတ်ဆိုးကို ကြည့်ကာ တစ်လှမ်းချင်း ရှေ့သို့ လျှောက်သည်။ အထက်အောက် စေ့စေ့ ကြည့်ကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။
“မင်း ယုံကြည်ချက် ပြည့်နေပုံ ရတယ်နော်...”
“ကောင်လေး... ငါ မင်း ရည်ရွယ်ချက်ကို မသိဘူး မထင်နဲ့... မင်း မီဂယ်နတ်ဆိုး ကို သတ်နိုင်ခဲ့တာ အများစု အဲ့ဒီ ရတနာ ကြောင့်ပဲ... မီဂယ်နတ်ဆိုးရဲ့ မိုက်မဲမှု ကြောင့်ပဲ... သူ အရမ်း ပေါ့ဆလွန်းလို့ပဲ... ငါက အဲ့ဒီ အမှိုက်နဲ့ မတူဘူး... ငါ့ကို သတ်ချင်တယ်ဆို မင်း အရမ်း ရိုးအ လွန်းနေပြီ...”
“ဘုန်း...”
ပုံရိပ်တစ်ခု မိုးကြိုးကဲ့သို့သောအရှိန်ဖြင့် စိုတယ်နတ်ဆိုးပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားသည်။ စိုတယ်နတ်ဆိုးသည် ချက်ချင်း လွင့်ထွက်သွားကာ နံရံပေါ် ပြင်းထန်စွာ ထိမှန်သွားသည်။ ဤ ပြင်းထန်သော တိုက်မှုအောက် ခန္ဓာကိုယ် တစ်ခုလုံး ကွေးညွတ်သွားသည်။ ထိတ်လန့်ဖွယ် အင်အားမှာ ဖောက်ထွင်းချလုနီးပါး ဖြစ်သည်။
ဖောက်ထွင်းမသွားသည့်တိုင် အတွင်းမှ အရိုးအများအပြား ကျိုးပဲ့သွားခဲ့သည်။
“ဝေါ့...”
စိုတယ်နတ်ဆိုး သွေးတလုတ် အန်ထွက်လာ၏။ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုအောက်တွင် အင်အားကြီး ခန္ဓာကိုယ်ကို ပြင်းထန်သောဒဏ်ရာ ရစေခဲ့သည်။ အဓိက ရင်ဘတ်နေရာတွင် ခြောက်သွေ့လာကာ အတွင်းသို့ ဆက်လက် ပျံ့နှံ့နေသည်။
“မင်း ကံဆိုးချက်က အရမ်း ဆိုးတယ်နော်... ပထမ တစ်ချက်နဲ့တင် ပြင်းပြင်းထန်ထန် ထိခိုက်မှု ရသွားတယ်...”
ယီထျန်းယွမ်၏ တစ္ဆေလိုအသံသည် သူ၏နားတွင် ပျံ့လွင့်လာသည်။ ထိုစဉ် စိုတယ်နတ်ဆိုးက ပြန်လည် ခုခံလိုက်သည်တွင် ယီထျန်းယွမ်က ပြင်းထန်သော လက်သီးတစ်ချက်များနှင့် ထပ်မံ ရိုက်ချလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဘုန်း...”
ယီထျန်းယွမ်၏ လက်သီးများက တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။ အချို့မှာ ဤမျှ တောက်ပမှု မရှိပေ။ အချို့ မှာ ထိတ်လန့်ဖွယ်အလင်း ထွက်ပေါ်သည်။ လက်သီး တစ်ချက်ချင်းမှာ မိုးမြေ ဖျက်ဆီး နိုင်သည်။
တိုက်ပွဲ စွမ်းအား ၈၉၀ ဘီလီယံ။
၁၀၀၀ ဘီလီယံ။
၈၀၀ ဘီလီယံ။
၁၀၅၀ ဘီလီယံ။
၁၁၀၀ ဘီလီယံ...
...
တိုက်ပွဲ စွမ်းအား အတက်အကျ များပြားလာသည်။ အဓိကမှာ ပြင်းထန်စွာ ထိခိုက်မှုဖြစ်ပေါ်လျှင် ချက်ချင်း ဘီလီယံရာချီ တိုးပွားသည်။ မထိခိုက်ပါက ပုံမှန် တိုက်ပွဲ စွမ်းအား သို့ ပြန်ရောက်သွားသည်။ ထို့ကြောင့် အတက်အကျ များပြားသည်။
သို့သော် လက်သီးတစ်ချက်ချင်းမှာ စိုတယ်နတ်ဆိုးကို ပြန်တိုက်ခွင့် မပေးချေ။ လက်သီး တစ်ချက်ချင်းစီက ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို တိကျစွာ ထိမှန်နေသည်။ လက်သီး တစ်ချက်ချင်း၏ အင်အားမှာ ကောင်းကင်ကိုဆန့်ကျင်သည်။ ခန္ဓာကိုယ်အား ဖောက်ထွင်းမသွားသေးသော်လည်း အခြေအနေ အလွန် ဆိုးရွားသည်။ အနည်းငယ်ဖောက်ထွင်း ခံရသလို ဖြစ်နေသည်။ နေရာတစ်ခုချင်း အက်ကွဲသွားသည်။
“လွင့်ထွက်သွားစမ်း...”
စိုတယ်နတ်ဆိုး အော်ဟစ်လိုက်သည်။ လက်မောင်း ရှစ်ချောင်း ဤဘက်သို့ ပြင်းထန်စွာ တိုက်ခိုက်လာသည်။ တစ်ချိန်တည်း မင်နတ်ဘုရား အင်အား တွဲပါလာကာ အင်အား ကို များစွာ မြှင့်တင်သည်။ တစ်ချိန်တည်း ဒဏ်ရာ လျင်မြန်စွာ ပျောက်ကင်းလာသည်။ ယုံမင်သွေးရိုးဗီဇ မှာ ဤမျှ အင်အားကြီးသည်။
“ကောင်းကင်တုန်ခါခြင်း နတ်ဘုရားအမိန့်...”
ယီထျန်းယွမ်၏ ခန္ဓာကိုယ်သည် သံမဏိနှယ် အလွန်ခိုင်မာလာကာ ပြင်းထန်စွာ တိုက်ခဲ့သည်။ ကြီးမားသောတောင်ကြီးတစ်ခုနှယ် ပြောင်းလဲကာ ပြင်းထန်စွာ တိုက်ခဲ့သည်။ ထိတ်လန့်ဖွယ် ရှေးဟောင်းဝတ်စုံနှင့် ပူးပေါင်းကာ အင်အား ပေါက်ကွဲထွက်ပေါ်လာသည်။
“ဘုန်း... ကျွမ်း...”
ဆွဲယူ လာသော လက်မောင်း ရှစ်ချောင်းမှာ ယီထျန်းယွမ်၏ တိုက်မှုကြောင့် ကျိုးပဲ့သွားပြီးနောက် စိုတယ်နတ်ဆိုးသည် အဝေးသို့ လွင့်ထွက်သွားလေသည်။
“ဟမ်...”
စိုတယ်နတ်ဆိုးထံမှ ညည်းသံများ ထွက်လာသည်။ ခန္ဓာကိုယ်သည် အမဲသား အတုံးကြီးသဖွယ် ဖြစ်သွားလေသည်။ ခဏတာ အတွင်း ကြီးမားသော ခန္ဓာကိုယ်မှာ အတုံးလိုက် အတစ်လိုက် ဖြစ်ကုန်၏။ မူလ ခိုင်မာသောခန္ဓာကိုယ်မှာ တစ်ကိုယ်လုံးရှိ အရိုးများအားလုံးလိုလို ကျိုးပဲ့ သွားခဲ့သည်။
နတ်ဆိုးတစ်ကောင်မှာ ယီထျန်းယွမ်၏ အပြည့်အဝတိုက်ခိုက်မှုအောက်တွင် မရှုမလှ နှိပ်ဆက်ခံနေရသည်။ ပြန်တိုက် သော်လည်း အသုံးမဝင်ချေ။
အပြင်ဘက်ရှိ လူအားလုံး မျက်လုံး ပြူးကျယ်သွားကြသည်။ ဤမျှ ရက်စက်သော တိုက်ပွဲနည်းကို မမြင်ဖူးကြပေ။ လက်သီး တစ်ချက်ချင်း မှာ မိုးမြေ ဖျက်ဆီးနိုင်သည်။ အထူးသဖြင့် နောက်ဆုံး တိုက်ခိုက်မှုမှာ နတ်ဆိုးကို စိစိညက်ညက်ကျေလုနီးပါး ဖြစ်သွားစေခဲ့သည်။
မူလက ဘိုးဘေး အနိုင်ရမည်ဟု အော်ဟစ်ခဲ့သူများ ယခု အသံ ပျောက်သွားကြသည်။ သူတို့ နှလုံးအတွင် နားမလည်နိုင်သည်မှာ နတ်ဘုရားတစ်ပါးမှာ ဤသို့ နှိပ်စက် ခံရသည်တဲ့လား...။
ဖန်ဟုန်ဒါးပင်လျှင် အံ့သြမှု ပြည့်နှက်ကာ ချွေးစီး ချွေးပေါက်များပင် ကျလာ၏။
“ယီ ညီလေးက ဒီလောက်တောင် ခွန်အားကြီးတာလား... ဒီတစ်ခါ ခက်ခဲမယ်လို့ ထင်ခဲ့တယ်... ဒါ လုံးဝ နှိပ်စက်မှုပဲ... ယီ ညီလေး နတ်ဘုရားနယ်ပယ်ကျင့်စဉ် ရှိပြီလား... နတ်ဘုရား တစ်ပါးပဲ...”
အခန်း (၈၃၄) ပြီးပါပြီ။