← Chapters

မျှော်စင်သခင် ဖြစ်လာခြင်း

Vol. 56 Ch. 836

မျှော်စင်သခင် ဖြစ်လာခြင်း

Vol. 56 Ch. 836

“ငါတို့ ဘိုးဘေးနယ်မြေကို ဖျက်ဆီးမယ်တဲ့လား...”

စိုတယ်နတ်ဆိုးသည် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ အကောင်းဆုံး ရယ်စရာ ဟာသတစ်ခု ကြားလိုက်ရသလို ဖြစ်နေသည်။ ထို့နောက် မျက်နှာတစ်ခုလုံး မည်းမှောင်ကာ မထီမဲ့မြင် ပြောလိုက်သည်။

“ပုရွက်ဆိတ်လို သတ္တဝါ တစ်ကောင်က ဒီလို မောက်မာရဲတယ်ပေါ့... ငါတို့ ကျင့်စဉ်အဆင့်ဟာ ဘိုးဘေးနယ်မြေ မှာ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ မင်းသိလား... တကယ်တော့ ငါက အဲ့ဒီမှာဆိုရင် သာမန် စစ်သည်တစ်ယောက် အဆင့်ပဲရှိတယ်ကွ...”

“ငါတို့အတွက် သုံးဘုံလောကဟာ အမှိုက်လောက်ပဲရှိတတယ်... ဒါကြောင့် အင်အားကြီးသူတွေကို မစေလွှတ်ခဲ့ဘူး... အင်အားကြီးသူတွေသာ စေလွှတ်လိုက်ရင် မင်းတို့ အကုန် သေကုန်မှာပဲ... မင်း ငါ့ကို သတ်နိုင်တယ်... ဒါပေမဲ့ ငါတို့ ဗိုလ်ချုပ်ရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် မင်း မတွန်းလှန်နိုင်ဘူး...”

သူသည် ကန့်သတ်ချက် မရှိဘဲ ရယ်မောလိုက်သည်။ သေရမည်ဆိုလျှင်တောင် ဦးညွှတ် အရှုံးမပေးချေ။

“အရမ်း ရယ်စရာ ကောင်းနေလို့လား...”

ယီထျန်းယွမ်သည် တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲ့ဒီလိုဆိုရင် မင်းအရင် ငရဲပြည် ဆင်းပြီး သူတို့ကို စောင့်နေပါ...”

ထို့နောက် ပြင်းထန်စွာ ခြေတစ်ချက် နင်းချလိုက်သည်။

“ဘုန်း”

စိုတယ်နတ်ဆိုး၏ ရင်ဘတ်ကို ဖောက်ထွင်းချလိုက်သည်။ ထို့နောက် ခြေဖြင့် ပြင်းထန်စွာ ကန်ချလိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ စိုတယ်နတ်ဆိုး၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲကြေသွားပြီး သေဆုံးသွားသည်။

“တင်... စိုတယ်နတ်ဆိုးကို အောင်မြင်စွာ သတ်ဖြတ်ခဲ့သည်။ အတွေ့အကြုံ ၂၂၀ ဘီလီယံ မှတ်၊ ဆန်းကြယ်မှတ် ၃ သိန်း ၊ အပြစ်မှတ် ၁ သိန်း၊ ပစ္စည်း - ယုံမင်နတ်ဆိုး သွေးရိုးဗီဇ၊ ယုံမင်နတ်ဆိုး အရိုး၊ ယုံမင်နတ်ဆိုး စိတ်ဝိညာဉ်။ ယုံမင်နတ်ဆိုး ဓား (အနိမ့်အဆင့် နတ်ဘုရားလက်နက်)၊ ယုံမင်နတ်ဆိုး လက်စွပ် (အနိမ့်အဆင့် နတ်ဘုရားလက်နက်)၊ ယုံမင်နတ်ဆိုး ဒိုင်း (အနိမ့်အဆင့် နတ်ဘုရားလက်နက်)။ နတ်ဘုရား ကြယ်ပြာ (ရှားပါး)။”

စိုတယ်နတ်ဆိုး ကို သတ်ဖြတ်ပြီးနောက် လျင်မြန်စွာ ရှာဖွေလိုက်သည်။ သူ၏ သိုလှောင်ရာ လက်စွပ်ကို ရှာဖွေယူလိုက်သည်။ စိုတယ်နတ်ဆိုး၏ သိုလှောင်ရာ လက်စွပ်သည် အလွန် ကြီးမားပြီး ပုံပန်းသွင်ပြင်မှာ ဤနေရာ၏ လက်စွပ်များနှင့် လုံးဝ ကွဲပြားသည်။

ယခင် မီဂယ်နတ်ဆိုးကို သတ်ဖြတ်ပြီးနောက် အလောင်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ နတ်ဘုရားနယ်ပယ် နှစ်ပါး၏ လုပ်ရပ်ဖြစ်သည်။ ယခုမူ ဤနေရာတွင် စိုတယ်နတ်ဆိုး၏ အလောင်းကို ရွှေ့ပြောင်းနိုင်ခြင်း မရှိတော့ပေ။ လျင်မြန်စွာ ရှာဖွေပြီး သန့်ရှင်းစေခဲ့သည်။

“ရရှိချက် မနည်းပါဘူး... အတွေ့အကြုံကတ် ပိုများရင် ပိုကောင်းမယ်...”

ယီထျန်းယွမ်သည် ခေါင်းခါလိုက်သည်။ ဈေးဆိုင်တွင် အတွေ့အကြုံ ကတ်များကို အများအပြား ဝယ်ယူခြင်း မရှိခဲ့ပေ။ စိုတယ်နတ်ဆိုး တစ်ပါးတည်းအတွက် သုံးစရာ မလိုအပ်ခဲ့ပေ။ စိုဂယ်နတ်ဆိုး တစ်ပါး ရှိနေသေးပြီး ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်အတွင်း ယုံမင်နတ်ဆိုးမျိုးနွယ် အားလုံး ရှိနေသေးသည်။

သူ့၌ လတ်တလောအခြေအနေတွင် ဆန်းကြယ်မှတ် များများစားစား မရှိပေ။ တစ်ခါ သတ်ဖြတ်တိုင်း ဆန်းကြယ်မှတ် ရာချီ ရရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်း အနည်းငယ်သာ ဖြစ်သည်။ အများစုမှာ ရာဂဏန်းမျှသာ။ တစ်ရာဆ အတွေ့အကြုံကတ် တစ်ခုအတွက် ဆန်းကြယ်မှတ် သန်းချီ လိုအပ်သည်ကို သိရှိရာ တစ်ဦးတည်းအတွက် အထူး သုံးစရာ မရှိချေ။

နာကျင်စွာ ခံစားရသော်လည်း အခြားနည်းလမ်း မရှိပေ။ အခြေခံ ဆန်းကြယ် အတွေ့အကြုံမုဒ်ကိုသာ သုံးရမည်ဖြစ်သည်။

စိုတယ်နတ်ဆိုးကို သတ်ဖြတ်ပြီးနောက် ရှေးဟောင်းမင်နတ်ဘုရားမျှော်စင် အထက်အောက်ရှိ ရှိသမျှသော လူသားအားလုံး ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။ အနည်းဆုံး အင်အားကြီးသူ တစ်ဦးအား သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ယုံမင်နတ်ဆိုးမျိုးနွယ်များမှာ အရှုံးမပေးကြပေ။ တစ်ဦိးချင်းစီက ဆန့်ကျင်ပြောဆိုကြသည်။

“ငါတို့ ဘိုးဘေးဟာ သာမန် နတ်ဘုရားတစ်ပါးတည်းပဲ... ငါတို့ ဘိုးဘေးနယ်မြေက အင်အားကြီးသူတွေ အကူအညီ ရောက်လာရင် မင်းတို့ အကုန် သေကုန်မှာပဲ...”

“ဟုတ်တယ်... မင်းတို့ အမှိုက်တွေ... အဲ့ဒီအချိန် သုံးဘုံလောကဟာ ငါတို့ ပိုင်ဆိုင်မှု ဖြစ်သွားမှာပဲ... ငါတို့ စိုတယ်သခင်ကြီးကို သတ်တာက ဘာမှ အသုံးမဝင်ဘူး...”

သူတို့ တစ်ဦးချင်း ငြင်းဆန်နေကြသည်။ အရှုံးကို ဝန်မခံကြပေ။ သို့သော် သူတို့ ပြောချက်များမှာ မမှားပေ။ သူတို့၏ ယုံကြည်ချက် ရှိနေသည်။

“မျှော်စင်သခင် ပြောခဲ့တယ်... မင်းတို့ ဘယ်နှစ်ယောက် လာလာ သေရမယ်... ငါတို့ သေရရင်တောင် မင်းတို့ကို အောင်မြင်ခွင့် မပေးဘူး...”

“ဟုတ်တယ်... တိုက်ချင်ရင် အခုတိုက်... အစွမ်းရှိရင် အခု ငါတို့နဲ့ ယှဉ်ပြိုင်ကြည့်... အပိုစကားပြောမနေနဲ့...”

သူတို့ စကားများရန်ဖြစ်လာကြသည်။ ယုံမင်နတ်ဆိုးမျိုးနွယ်ကို တိုက်ပွဲဝင်ရာ နေရာသို့ လာရန် လှုံ့ဆော်ကြသည်။ ယုံမင်နတ်ဆိုးမျိုးနွယ်မှာ အရူးမဟုတ်ပေ။ တကယ် ဝင်ရောက်မည် မဟုတ်ချေ။ သို့သော် အချို့ ဒေါသထွက်ကာ တိုက်ပွဲဝင်ရာ နေရာသို့ တက်လာကြပြီး လူသားကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ကြသည်။

နတ်မိမယ် ၁၂ ပါးက မဆိုင်းမတွ ရှေ့သို့ ပြေးဝင်ကာ အရူးအမူး အမဲလိုက်ကြသည်။

မင်နတ်ဘုရားဘုရင် မျိုးဆက်များ ဘက်မှလည်း အလားတူ ဖြစ်သည်။ ရှေ့ဆုံးမှ သတ်ဖြတ်ကာ မိမိ အိုးအိမ်ကို သိမ်းပိုက်ထားသော အမှိုက်များကို ရှင်းလင်းကြသည်။

ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်သည် အရင်ကထက် အဆများစွာ စည်ကားလာသည်။ အဓိက အကြောင်းမှာ အဖွဲ့အစည်း များစွာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ အများစုမှာ တစ်စုတစ်ဝေး ဖြစ်လာကြသည်။ ယခင်က မရှိဖူးသော စည်းလုံးမှု ဖြစ်သည်။ အရင်က ရန်သူများမှာ ယခု အဖော်များ ဖြစ်လာသည်။ ဤပြောင်းလဲမှုမှာ အံ့သြဖွယ် ဖြစ်သည်။

သူတို့ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ခုခံမှု မရှိပါက မိမိသာသေမည်မဟုတ်ဘဲ မိသားစုဝင်များပါ သေဆုံးမည်ကို သိရှိကြသည်။ မိသားစုဝင်များ မဟုတ်သည့်တိုင် သုံးဘုံလောကသည် ယုံမင်နတ်ဆိုးမျိုးနွယ် လက်ထဲသို့ ကျရောက်မည်ကို မလိုလားကြပေ။

ယီထျန်းယွမ်ဘက်တွင် စိုတယ်နတ်ဆိုးကို သတ်ဖြတ်ပြီးနောက် အတားအဆီး တစ်စုံတစ်ရာ မရှိတော့ပေ။ တစ်လမ်းလုံး အရူးအမူး ပြေးတက်ကာ မျှော်စင်ထိပ်သို့ ဦးတည်လာခဲ့သည်။ သို့သော် လမ်းတစ်လျှောက် အခက်အခဲများ မနည်းပေ။ ဥပမာ ထိတ်လန့်ဖွယ် ဆွဲငင်အား၊ ကောင်းကင်မိုးကြိုး အမျိုးမျိုး၊ ထို့ပြင် ဝိညာဉ်စွမ်းအင် ငါးမျိုး၏ တိုက်ခိုက်မှုများ ဖြစ်သည်။

တကယ်တမ်း ဤအရာများမှာ အသုံးမဝင်ပေ။ ကျင့်စဉ်နိမ့်ကျသူများအတွက် ခက်ခဲမည်ဖြစ်သော်လည်း ယီထျန်းယွမ်အတွက်မှာ နတ်ဘုရားနယ်ပယ်သန်မာသူကိုယ်တိုင် တိုက်ခိုက်မှု သို့မဟုတ် ရှေးဟောင်းမင်နတ်ဘုရားမျှော်စင် အင်အားအားလုံးကို စုစည်းပြီး ပြင်းထန်စွာ တိုက်ခိုက်မှသာ ဖြစ်နိုင်သည်။ မဟုတ်ပါက ဖိအား တစ်စုံတစ်ရာ မရှိပေ။ လွယ်ကူစွာ ထိပ်ဆုံး ရောက်ရှိနိုင်သည်။

တစ်လမ်းလုံး အရူးအမူး ပြေးတက်ရာ အဆုံးအနီးသို့ ရောက်ရှိလာသည်။ ငါးသိန်းကျော်သော မျက်လုံးများသည် ဤအချိန်တွင် တင်းကျပ်စွာ စိုက်ကြည့်နေကြသည်။ ယီထျန်းယွမ် ထိပ်ဆုံး ရောက်ရှိသည်ကို ကြည့်ရှုနေကြသည်။ ယီထျန်းယွမ်သည် မျှော်စင်သခင် ဖြစ်လာမည်ဟု ယုံကြည်ကြသည်။ နှစ်ပေါင်းများစွာ မျှော်စင်သခင် ဖြစ်လာမည်။

ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်၏ ပိုင်ရှင်နေရာ အချိန်ကြာမြင့်စွာ လစ်လပ်နေခဲ့သည်။ များစွာ ဖြစ်ချင်ကြသည်။ ပုံမှန်ဆိုလျှင် မိမိ မဖြစ်ရခြင်းကို မကျေနပ်ဖြစ်ကြမည်ပင်။ ယခုအခါ အားလုံး လှုပ်ရှားလာကြသည်။

မျှော်စင်သခင်နေရာသည် နာမည်နှင့် လိုက်ဖက်လှသည်။ ယီထျန်းယွမ်ကို မျှော်စင်သခင် ဖြစ်လာရန် ထောက်ခံကြသည်။ သူ မသတ်ဖြတ်ခဲ့ပါက ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်တွင် ဤမျှ စက်ဆုပ်ရွံရှာဖွယ် နေရာ ရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။

“ရောက်တော့မယ်...”

ယီထျန်းယွမ်၏ မျက်လုံးများ လက်ခနဲ လင်းလက်သွားသည်။ ခြေလှမ်းများ လျင်မြန်စွာ အရှိန်မြှင့်ကာ အလင်းတစ်ခုအဖြစ် ရှေ့သို့ ပျံဝဲသွားသည်။ အလင်းခုံးတစ်ခု ဖြတ်ကျော်ပြီးနောက် အလင်းတစ်ခု လျင်မြန်စွာ ဆင်းသက်ကာ သူ့ကို လွှမ်းခြုံလာသည်။

“ဘုန်း”

အပြာရောင်အလင်း ဆင်းသက်လာပြီး သူ၏ နဖူးတွင် ရှင်းလင်းသော မီးလျှံအင်း အမှတ်အသားတစ်ခု ထင်ရှားစွာ ထွင်းထုသွားသည်။ ၎င်းမှာ ယုံမင်မီးလျှံအင်းဖြစ်ပြီး ယုံမင်မီးလျှံကို ထိန်းချုပ်နိုင်သည်ကို ကိုယ်စားပြုသည်။

“ဂုဏ်ပြုပါသည်။ နဝမအထပ်ကို အောင်မြင်စွာ တက်ရောက်ခဲ့သည်။ စစ်ဆေးမှု အောင်မြင်ပြီး ယုံမင်အင်း ရရှိခဲ့သည်။ ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်၏ သခင်ဖြစ်လာနိုင်ပြီး ရှေးဟောင်းမင်နတ်ဘုရားမျှော်စင် ထိန်းချုပ်မှု အများစု ပိုင်ဆိုင်နိုင်သည်။ အသေးစိတ် အာဏာများမှာ ဤမှတ်ဉာဏ်တွင် ရှိသည်။ ယုံမင်နတ်ဘုရားဘုရင်၏ အမွေဆက်ခံ သိုင်းပညာ အပါအဝင် ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်၏ နယ်ပယ်များ အသုံးပြုနည်း ပါဝင်သည်။”

အလင်းတစ်ခု လွှမ်းခြုံလိုက်ပြီး မှတ်ဉာဏ်များ သူ၏ ဦးနှောက်အတွင်း ဝင်ရောက်လာသည်။ အမွေဆက်ခံ သိုင်းပညာ မှတ်ဉာဏ်များ အပါအဝင် ရှေးဟောင်းမင်နတ်ဘုရားမျှော်စင် ထိန်းချုပ်နည်းများ အားလုံး သူ၏ ပိုင်ဆိုင်မှု ဖြစ်လာသည်။

ယခု သူသည် ရှေးဟောင်းမင်နတ်ဘုရားမျှော်စင်၏ ပိုင်ရှင်ဖြစ်လာသည်။ ရွှေ့ပြောင်းနိုင်ခြင်း မရှိသော်လည်း နေရာအများစု ထိန်းချုပ်နိုင်ပြီး ယုံမင်နတ်ဆိုးမျိုးနွယ်ကို အမှန်တကယ် အပြစ်ဒဏ်ပေးနိုင်သည်။

“နောက်ဆုံးတော့ မျှော်စင်သခင် ဖြစ်လာပြီပေါ့...”

ယီထျန်းယွမ်သည် အလွန် ထူးဆန်းသည်ဟု ခံစားရသည်။ မင်နတ်ဘုရားဘုရင်မျိုးဆက်များနှင့် ပူးပေါင်းရန် ရည်ရွယ်ခဲ့ရာမှ ယခုအခါ မိမိကိုယ်တိုင် မျှော်စင်သခင် ဖြစ်လာခဲ့သည်။

မင်နတ်ဘုရားဘုရင်မျိုးဆက်များက မိမိကို အသိအမှတ်ပြုမည်လား။

ဤမြင်ကွင်း နေရာအနှံ့ ပျံ့နှံ့သွားရာ လူတိုင်း လှုပ်ရှားလာကြသည်။ ဖန်ရွှေယွမ် တို့မှာ မျက်လုံး ပြူးကျယ်သွားကြသည်။

“ယီအစ်ကို တကယ်ကြီး မျှော်စင်သခင် ဖြစ်သွားပြီ... ယုံမင်နတ်ဘုရားဘုရင် မျိုးဆက်မဟုတ်ဘဲ မျှော်စင်သခင် ဖြစ်နိုင်တယ်ဆိုတာ အရမ်း ထူးဆန်းတယ်...”

မင်နတ်ဘုရားဘုရင်မျိုးဆက်များမှာ ဤအတွေး ပေါ်ထွက်လာကြသည်။ ယီထျန်းယွမ်တွင် သူတို့၏ သွေးရိုးဗီဇ ရှိနေသလား။

အခန်း (၈၃၆) ပြီးပါပြီ။

All Chapters