← Chapters

ချန်မိသားစုအား သိမ်းပိုက်မည့် အစီအစဉ်

Vol. 4 Ch. 48

ချန်မိသားစုအား သိမ်းပိုက်မည့် အစီအစဉ်

Vol. 4 Ch. 48

"အဖေ...အဖေက မဟာသိုင်းဆရာကြီးအဆင့်ကို ရောက်တော့မယ်...ကျွန်တော်တို့မိသားစုကလည်း ထိပ်သီးမိသားစုကြီး လေးခုထဲက တစ်စုအဖြစ် တက်လှမ်းနိုင်တော့မယ်... အဲ့ဒီအချိန်ကျရင် ချန်မိသားစုက သေချာပေါက် ပြဿနာရှာလိမ့်မယ်...ကျွန်တော်တို့တွေ ကြိုတင်ပြင်ဆင်ထားရမယ်"

ချင်းမင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် ချန်မိသားစုနှင့် ရန်ငြိုးဖွဲ့ပြီး ဖြစ်သည်။

ထို့ပြင် သူတို့မိသားစုသည် ဆေးလုံးများကို စတင်ဖော်စပ်တော့မည် ဖြစ်ရာ လျိုမြို့ရှိ ဆေးလုံးဈေးကွက်သည် ချန်မိသားစုတစ်ဦးတည်း ပိုင်ဆိုင်သည့်အရာ မဟုတ်နိုင်တော့ချေ။

ငွေကြေးဥစ္စာကို ဖျက်ဆီးခြင်းသည် ဖခင်ကို သတ်ခြင်းနှင့် တူညီပေ၏။ သူတို့ကြား၌ ပဋိပက္ခမရှိလျှင်ပင် ချန်မိသားစုသည် ချင်းမိသားစုအား အလွတ်ပေးမည် မဟုတ်ပေ။

ထို့ပြင် သူတို့မိသားစု၏ဆေးပညာရှင်သည် မဟာဆေးဆရာကြီး အဆင့်တွင် ရှိနေလေရာ ချန်မိသားစုကို အခြေခံအားဖြင့် ချေမှုန်းနိုင်စွမ်း ရှိသည်။

ချန်မိသားစုသည် ချင်းမိသားစုအပေါ် ရန်လိုမုန်းတီးမှု မရှိပါက ထူးဆန်းနေပေလိမ့်မည်။ သူတို့သည် ချင်းမိသားစုကို အနိုင်ယူရန် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။

"ငါတို့ ဘယ်လိုလုပ်သင့်တယ်လို့ မင်း ထင်လဲ"

ချင်းယွမ်သည် ချင်းမင်အား မမေးဘဲ မနေနိုင်တော့ချေ။

သူ၏သားသည် ယခုအချိန်၌ အလွန်လိမ္မာပါးနပ်လာသဖြင့် သူ့ထံတွင် နည်းလမ်းကောင်းတစ်ခု ရှိကောင်းရှိနေနိုင်သည်။

"အဖေ...ပထမဆုံးအနေနဲ့ ကျွန်တော်တို့ချင်းမိသားစုက ချန်မိသားစုကို နည်းနည်းလေးတောင် ကြောက်နေဖို့ မလိုဘူး...အဖေသာ မဟာသိုင်းဆရာကြီးအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ကောင်းကင်အဆင့်ကျင့်စဉ်ရဲ့အစွမ်းနဲ့ ပေါင်းစပ်လိုက်တာနဲ့.... ချန်မိသားစုမှာ မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူနှစ်ယောက်ရှိရင်တောင်မှ အဖေ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

"ဒါ့ပြင် ကျွန်တော်တို့ဆီမှာ အခု မဟာဆေးဆရာရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ရှိနေပြီ...ဆေးလုံးကိစ္စမှာ သူတို့ ချန်မိသားစုကို ကြောက်ဖို့မလိုဘူး သူတို့က အကြမ်းနည်းနဲ့ လာလာ အပျော့နည်းနဲ့ လာလာ သူတို့ချန်မိသားစုက ကျွန်တော်တို့ချင်းမိသားစုရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ချင်းမင်က ပြောဆိုသည်။

ချင်းယွမ်က ချင်းမင်၏စကားများကို သုံးသပ်ကြည့်ရာ ယုတ္တိရှိသည်ဟု တွေးထင်မိသည်။

သူတို့၏ချင်းမိသားစုသည် ယခုအချိန်၌ လုံးလုံးလျားလျား ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေပြီး ယခင်က ချင်းမိသားစုနှင့် နှိုင်းယှဉ်၍မရနိုင်တော့ပေ။ သူသည် ချင်းမိသားစုကို မှန်ကန်သောနေရာတွင် အချိန်တခဏမျှထား၍ မတွေးတောခဲ့မိခြင်းပင်။

လက်ရှိတွင် ချင်းမိသားစု၏အင်အားသည် ချန်မိသားစုထက် မနိမ့်ကျဟု ဆိုနိုင်ပေ၏။

"အဖေ..ကျွန်တော်က ချင်းမိသားစုနဲ့ ချန်မိသားစုကို အတင်းအကျပ် တိုက်ခိုက်ခိုင်းချင်တာ မဟုတ်ဘူး"

ချင်းမင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"အမ်..."

ချင်းယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ....ငါတို့က ချန်မိသားစုထက် ပိုပြီးအစွမ်းထက်တယ်လို့ မင်း ခုဏက ပြောခဲ့တယ်လေ...ဒါဖြင့် ဘာလို့ မတိုက်ခိုက်ချင်တာလဲ"

ချင်းမင်က အပြုံးဖြင့် ပြောဆိုသည်။

"အဖေ... ကျွန်တော် ဆိုလိုတာက မတိုက်ခိုက်ခိုင်းချင်တာ မဟုတ်ဘူး...ဒါပေမဲ့ ကျွန်တော်တို့တွေ ချန်မိသားစုနဲ့ ဒီလိုမျိုး တိုက်ခိုက်တာက ကျွန်တော်တို့အတွက် ဘာအကျိုးကျေးဇူးမှ ရလိမ့်မယ်လို့ မထင်ဘူး"

"ဘာပဲဖြစ်ဖြစ် ချန်မိသားစုက လျိုမြို့က ထိပ်သီးမိသားစုကြီးသုံးစုထဲက တစ်စုဖြစ်ပြီးတော့ သူတို့ရဲ့အင်အားကို လျှော့တွက်လို့မရဘူး . ကျွန်တော်တို့တွေ နိုင်ရင်တောင်မှ ဒါက နာကျင်စရာကောင်းတဲ့ အောင်ပွဲတစ်ခု ဖြစ်လိမ့်မယ်"

"အရေးအကြီးဆုံးက ကျွန်တော်တို့ချင်းမိသားစုရဲ့ အခြေခံအုတ်မြစ်က အရမ်းညံ့ဖျင်းနေတာကြောင့် ချန်မိသားစုကို သိမ်းပိုက်တာ အကောင်း

ဆုံးပဲ"

"ချန်မိသားစုကို သိမ်းပိုက်မယ်...ဟုတ်လား"

ချင်းယွမ်၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်သွားသည်။

ယခင်က ချန်မိသားစုသည် သူ အမြဲတစေ မော့ကြည့်ရသည့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပေ၏။ သို့ရာတွင် ယခုအချိန်၌ ချင်းမိသားစုသည် ချန်မိသားစုကို သိမ်းပိုက်ရန် စတင်၍ကြံစည်နေလေပြီ။

အကယ်၍ သူတို့သည် ချန်မိသားစုကို သိမ်းပိုက်နိုင်ခဲ့ပါက သူတို့၏ချင်းမိသားစုသည် တစ်ချက်တည်းဖြင့် ထိပ်ဆုံးသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။

အနည်းဆုံးအနေဖြင့် လျိုမြို့တွင် ချင်းမိသားစု ကြီးစိုးနိုင်ပေမည်။

ဤသည်မှာ ချင်းမင်၏လက်ရှိအစီအစဉ်ပင်။

ယခင်တစ်ကြိမ်က သူသည် ကျောက်မိသားစုကို ဖျက်ဆီးခဲ့သည်။ သို့ရာတွင် သူတို့၏ချင်းမိသားစုသည် အကျိုးအမြတ် တစ်စုံတစ်ရာမျှ မရရှိခဲ့ပေ။ ကျောက်မိသားစု၏ဆိုင်များနှင့် သတ္တုမိုင်းတွင်းများအားလုံးကို တခြားထိပ်သီးမိသားစုသုံးစုနှင့် မြို့တော်ဝန်တို့က ခွဲဝေယူခဲ့ကြသည်။

ချင်းမိသားစု၏ အခြေခံအုတ်မြစ်သည် အလွန်ဆိုးရွားလှသဖြင့် ထိုအရာများကို လုယူလိုသည့်တိုင်အောင် အခွင့်အာဏာနှင့်လူအင်အား မရှိခဲ့ချေ။

ချန်မိသားစုကို သိမ်းပိုက်နိုင်သရွေ ချင်းမိသားစုသည် လျိုမြို့၏ ထိပ်သီးမိသားစုကြီးသုံးစုအနက်မှ တစ်စုဖြစ်လာကာ စစ်မှန်သော ထွန်းတောက်မှုတစ်ခု ဖြစ်လာနိုင်ပေမည်။

ချင်းယွမ်သည် ချင်းမိသားစုမှ ချန်မိသားစုကို သိမ်းပိုက်နိုင်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့ရာတွင် ယခုချိန်၌ ရုတ်တရက် ချင်းမိသားစု၏အင်အားသည် လျိုမြို့တွင် ထိပ်သီးအင်အားစုကြီးတစ်စု ဖြစ်နေပြီဟု သူ့အား ချင်းမင်က ပြောဆိုခဲ့သည်။

ချင်းမိသားစု မြင့်တက်လာရန် ဖြစ်နိုင်ချေရှိနေသဖြင့် သူ မည်သို့ စိတ်တည်ငြိမ်နိုင်မည်နည်း။

"မင်းရဲ့အစီအစဉ်က ဘာလဲ"

ချင်းယွမ်က တည်ကြည်လေးနက်သောလေသံဖြင့် မေးလိုက်သည်။ ချင်းမင်သည် ဤသို့ ပြောဆိုလာသဖြင့် သူ့ထံတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေပေမည်။ ယခုချိန်တွင် သူ့သား၏အစီအစဉ်ကို သူ ဦးစွာနားထောင်ရပေမည်။

ချင်မင်က သူ၏အတွေးများကို စုစည်းကာ စတင်၍ ပြောဆိုလိုက်၏။

All Chapters