စာအုပ်ငယ်လေး
Vol. 4 Ch. 50
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ချန်မိသားစု၏ဗိုလ်ကျစိုးမိုးမှုသည် သိသာထင်ရှားလှ၏။ သူတို့ ချင်းမိသားစုနှင့် နှိုင်းယှဉ်ပါက အကယ်၍ အိုးယန်မိသားစုသည် ချန်မိသားစုဘက်တွင် ရပ်တည်ပါက အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိလိမ့်မည် မဟုတ်ပေ။
ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။
"ဒါ့ပြင်... အိုးယန်မိသားစုက ကျွန်တော်တို့မိသားစုရဲ့ ရှေ့အလားအလာကိုလည်း မြင်နိုင်လိမ့်မယ်..ကျွန်တော်တို့ချင်းမိသားစုမှာ မဟာဆေးဆရာကြီးတစ်ယောက် ရှိနေသရွေ့ ကျွန်တော်တို့က ရှုံးနိမ့်မှာ မဟုတ်ဘူး...တကယ်လို့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်တောင်မှ ချန်ယန်မြို့မှာ ခဏလောက် သွားနေလိုက်ရုံနဲ့ အလွယ်တကူ ပြန်ထူထောင်နိုင်လိမ့်မယ်"
"ဒါပေမဲ့ ချန်မိသားစုကတော့ အဲ့ဒီလို မလုပ်နိုင်ဘူး....သူတို့ရဲ့ ဆေးပညာရှင်က ဆေးဆရာကြီးအဆင့်မှာပဲ ရှိတယ်....ချန်ယန်မြို့မှာ ဆေးဆရာကြီးအဆင့်မှာရှိတဲ့ ဆေးပညာရှင်တွေ အများကြီး ရှိတယ်"
"အဖေ....ကျွန်တော် အကြံပေးချင်တာက ဒီကိစ္စကို ချက်ချင်းအကောင်အထည်ဖော်တာ ပိုကောင်းမယ်...သား အခုချက်ချင်း အိုးယန်အိမ်တော်ကို အလည်သွားလိုက်မယ်"
"အဖေကလည်း သေချာကျင့်ကြံပြီးတော့ မဟာသိုင်းဆရာကြီးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်..."
"မင်း သွားမလို့လား"
ချင်းယွမ် အနည်းငယ် စိုးရိမ်ပူပန်သွားသည်။
"ဒီကိစ္စအတွက် ငါ ကိုယ်တိုင် သွားတာ ပိုကောင်းလိမ့်မယ်"
ချင်းမင်က ခေါင်းခါလိုက်၏။
"ကျွန်တော် သွားတာ အကောင်းဆုံးပဲ... ကျွန်တော်က လူငယ်တစ်ယောက် အိုးယန်မိသားစုက သဘောမတူရင်တောင်မှ ဘာမှမဖြစ်ဘူး....ဒါပေမဲ့ အဖေက ဘယ်လိုအဆင့်အတန်းမျိုးလဲ...အဖေကိုယ်တိုင် သွားမယ်ဆိုရင် အိုးယန်မိသားစုက ဖိအားများသွားလိမ့်မယ်...အိုးယန်မိသားစုက သဘောမတူဘူးဆိုရင် ဒါက ကျွန်တော်တို့ကို စော်ကားတာနဲ့ အတူတူပဲ...သူတို့ကို ချန်မိသားစုဘက်မှာ ရပ်တည်ဖို့ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်"
“ဒါက အိုးယန်မိသားစုကို ခြိမ်းခြောက်သလို ခံစားရစေလိမ့်မယ်”
“သား မအောင်မြင်ခဲ့ဘူးဆိုရင် အဖေက မဟာသိုင်းပညာရှင်အဆင့်ကို တက်လှမ်းမယ့် အရှိန်အဝါနဲ့ အိုးယန်မိသားစုနဲ့ သွားညှိနှိုင်းလိုက်ရင် အများကြီး ပိုကောင်းသွားလိမ့်မယ်"
ချင်ယွမ်က အချိန်တခဏမျှ စဉ်းစားကြည့်ရာ ဤသည်မှာ အမှန်ပင်။
အကယ်၍ သူ သွားခဲ့ပါက သူသည် ချင်းမိသားစုခေါင်းဆောင်ဖြစ်နေသဖြင့် အိုးယန်မိသားစုခေါင်းဆောင်အတွက် အနေခက်စရာဖြစ်လာနိုင်သည်။
သို့ရာတွင် ချင်းမင်ကမူ မတူညီပေ။ ပထမဆုံးအနေဖြင့် သူ၏ အဆင့်အတန်းသည် ထူးခြားပေ၏။
သူသည် မဟာဆေးဆရာကြီး၏ တပည့်ဖြစ်ပြီး ချင်းမိသားစု၏ အနာဂတ်ဆက်ခံသူပင်။
ဒုတိယအနေဖြင့် သူသည် လူငယ်တစ်ဦးသာ ဖြစ်လေရာ မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ အိုးယန်မိသားစုက သဘောမတူသည့်တိုင် ချင်းမိသားစုတွင် နောက်ဆုတ်ရန်လမ်းကြောင်း ကျန်ရှိနေသည်။
အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ချင်းမင် သွားခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေမည်။
"ဒီလိုဆိုရင်တော့.... ဒီတာဝန်ကို မင်းဆီပဲ အပ်လိုက်တော့မယ်"
"မင်းရဲ့စိတ်ထဲမှာ အရမ်းကြီး ဖိအားမထားနဲ့ အောင်မြင်ရင် ကောင်းတာပေါ့..ဒါပေမဲ့ မအောင်မြင်ရင်လည်း ကိစ္စမရှိဘူး"
"ငါတို့ချင်းမိသားစုက တစ်နေ့ထက်တစ်နေ့ ပိုပြီးသန်မာလာတာ...ငါတို့က ချန်မိသားစုကို လုံးဝမကြောက်ဘူး"
ချင်းယွမ်က တည်ကြည်လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ချင်းမင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။
"ဒါဆိုရင် အဖေ...ကျွန်တော် အခုပဲ သွားတော့မယ်....ပြီးတော့ ဆရာ အရင်တစ်ခေါက်က ဖော်စပ်ခဲ့တဲ့ ချီစုစည်းခြင်းဆေးလုံးကို သားကို ပေးပါအုံး"
"မင်းက ချီစုစည်းခြင်းဆေးလုံးကို ဘာလုပ်ဖို့လိုတာလဲ"
ချင်းယွမ်သည် မအံ့ဩဘဲ မနေနိုင်တော့ချေ။ ချင်းမင်သည် သိုင်းစစ်သည်တော်အဆင့်တွင်သာ ရှိသေးသဖြင့် ချီစုစည်းခြင်းဆေးလုံး မလိုအပ်သေးချေ။
"အဖေ....ကျွန်တော်က အိုးယန်မိသားစုကို လက်ဆောင်အဖြစ် ပေးချင်လို့ပါ...သူတို့ကိုခြောက်လှန့်ဖို့အတွက် တစ်ခုခုတော့ လိုအပ်တယ် မဟုတ်လား"
ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။
"ကောင်းပြီလေ.... ဒီမှာ..."
ချင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ချင်းယန် ပြီးခဲ့သည့်တစ်ကြိမ်က ဖော်စပ်ခဲ့သော ဆေးလုံးကို ချင်းမင်အား လက်ကမ်းပေးလိုက်သည်။
ချင်းမင်သည် ဆေးလုံးကို ယူပြီးနောက် သူ၏ဖခင်အား ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
ချင်းမင် ထွက်သွားပြီးနောက် ဘိုးဘေးခန်းမထဲမှ ချင်ယွမ်သည် မနေနိုင်တော့ဘဲ စာအုပ်ငယ်ကို ထုတ်ယူ၍ လှန်လှောကြည့်ရှုလိုက်သည်။
"တကယ့်ကို ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်....ကောင်းကင်အဆင့် အဆင့်မြင့် ကျင့်စဉ်တစ်ခုကို စာအုပ်ငယ်တစ်အုပ်ထဲမှာ ရေးထားတာလား....ဒါပေမဲ့ စာလုံးတွေကတော့ တော်တော်လေး လှသားပဲ...ကြည့်လိုက်တာနဲ့ လက်ရေးလှပညာရှင်တွေရဲ့ လက်ရာမှန်း သိသာတယ်"
ချင်းယွမ်က ထိုစာအုပ်ငယ်ကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။
သူ မသိလိုက်သည်မှာ ချင်းမင်အတွက်မူ ဤကဲ့သို့ ကျင့်စဉ်မျိုး အလွန်ပေါများစွာရှိနေသည်ဟူသော အချက်ပင်။
ယခင်ဘဝက ဆေးအုပ်စိုးသူအရှင်အဆင့်တည်ရှိမှုတစ်ခုအနေဖြင့် ထိပ်သီးကျင့်ကြံသူ အမြောက်အများသည် ကောင်းကင်အဆင့် ကျင့်စဉ်များကို ယူဆောင်လာကာ သူ့အား ဆေးတစ်အိုး ဖော်စပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဤကဲ့သို့ လူစားမျိုး မည်မျှထိများပြားသည်ကို သူ မရေတွက်နိုင်တော့ချေ။
သူသည် သာမန်ကျင့်စဉ်များကို မြင်ပင်မမြင်ချင်တော့ပေ။
အတော်အသင့်အစွမ်းထက်ပြီး ရှားပါးသော ကျင့်စဉ်များသာလျှင် ချင်းမင်၏မျက်စိထဲသို့ ဝင်ရောက်နိုင်သည်။
ချင်းမင်သည် ထိုအချိန်က လောကကြီးပေါ်တွင် အကျော်ကြားဆုံးနှင့်အသန်မာဆုံးသော ဆေးအုပ်စိုးသူအရှင် ဖြစ်ခဲ့သည်။
သူသည် နတ်ဘုရားအဆင့် ဆေးလုံးများမှလွဲ၍ ဆေးညွှန်းသာ ရှိပါက ဆေးလုံးအားလုံးကို ဖော်စပ်နိုင်စွမ်း ရှိသည်။
ထို့ပြင် ရှုံးနိမ့်မှုဟူ၍ မရှိခဲ့ရာ လောကကြီးကို အံ့အားသင့်စေခဲ့ပြီး ဆေးနတ်ဘုရားအဆင့်၏အောက်မှ အထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် ချီးကျူးခံခဲ့ရသည်။
ထိုအချိန်တုန်းက လူအမြောက်အများသည် သူနှင့် မိတ်ဖွဲ့လိုကြသော်လည်း သူ မနှစ်သက်ခဲ့ချေ။
ထို့ကြောင့် ချင်းမင်သည် ဤကဲ့သို့ ကောင်းကင်အဆင့် ကျင့်စဉ်မျိုးကို တန်ဖိုးမထားပေ။ စာအုပ်ငယ်တစ်ခုထဲတွင် ရေးသားခြင်းသည်ပင် ထိုအရာကို တန်ဖိုးထားရာ ရောက်နေလေပြီ။
ကျူလွှာပေါ်တွင် မရေးသားခဲ့ခြင်းသည်ပင် ကံကောင်းသည်ဟု ဆိုနိုင်ပေ၏။