← Chapters

ချင်းမိသားစု ယခု ရင်ဆိုင်နေရသော ခြိမ်းခြောက်မှု

Vol. 4 Ch. 56

ချင်းမိသားစု ယခု ရင်ဆိုင်နေရသော ခြိမ်းခြောက်မှု

Vol. 4 Ch. 56

ယခုအချိန်၌ သူသည် ချင်းမိသားစု၏အင်အားနှင့် သူ ထိန်းချုပ်နိုင်သည့် စွမ်းအားကို ရှင်းလင်းစွာ နားလည်သွားလေပြီ။

ချင်းမိသားစု၏ ပထမဆုံးအားသာချက်မှာ သူ၏ဆရာသည် ဆေးဘုရင်ဖြစ်နေခြင်းပင်။ သူသည် ချင်းမိသားစုအတွက် ကောင်းမွန်သော ဆေးလုံးများစွာကို ဖော်စပ်ပေးနိုင်သည်။

ဤသည်မှာ မိသားစု၏အင်အားကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။ တစ်ခါတစ်ရံတွင် ချင်းမင်သည် ချင်းယန်၏နာမည်ကို အသုံးပြု၍ မိသားစုအား အကျိုးအမြတ်တချို့ ပေးနိုင်လေ၏။

ဥပမာအားဖြင့် သူ၏ဖခင်အား ယခင်တစ်ကြိမ်က အရင်းအမြစ်များ ပေးအပ်ခဲ့သည့် ကိစ္စမျိုးပင်။

အနာဂတ်တွင် သူသည် ဖခင်ဖြစ်သူအား ဆေးလုံးတချို့ ဆက်လက်၍ ထောက်ပံ့ပေးနိုင်ပေမည်။

ဒုတိယ အားသာချက်မှာ သူသည် ဆေးနတ်ဘုရားအဆင့်တွင် ရှိနေပြီး ဆေးနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းပင်။ သူသည် သိုင်းဆရာကြီးအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သရွေ့ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုကာ အချိန်တိုအတွင်းတွင် သိုင်းစိတ်ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာနိုင်ပေမည်။

ဤသည်မှာ စစ်မှန်သော သိုင်းစိတ်ဝိညာဉ်သခင် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ သူ၏ဆရာကဲ့သို့ မဟုတ်ချေ။ ချင်းယန်သည် သိုင်းဘုရင်တစ်ပါး ဖြစ်သော်လည်း အလွန်ပြင်းထန်သော အဆိပ်မိနေပြီး သူ၏ဒန်တျန်သည် ပျက်စီးနေသဖြင့် သူ၏စွမ်းအားကို လုံးဝအသုံးပြုနိုင်စွမ်း မရှိချေ။

ချင်းယန်သည် သိုင်းဘုရင်အဆင့်စွမ်းအားကို ယာယီအသုံးပြုနိုင်သည် ဆိုသည့်တိုင် ဤသည် မှာ သေခြင်းတရား လမ်းမပေါ်သို့ သူ ခြေတစ်လှမ်း ထပ်မံ၍တိုးလိုက်ခြင်းပင်။

ချင်းမင်သည် သူ မည်မျှထိ ပင်ပန်းစွာ ကြိုးစားရစေကာမူ သူ၏ဆရာကို ထိုစွမ်းအားမျိုး အသုံးပြုခွင့်မပေးနိုင်ဟု ဆုံးဖြတ်ထားသည်။

ဤအဓိကအားသာချက်နှစ်ရပ်သည် ချင်းမိသားစု၏ အခြေခံအုတ်မြစ်များဖြစ်ပြီး ချင်းမိသားစု၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပေမည်။

ယခုအချိန်တွင်မူ အရေးကြီးဆုံးအရာမှာ သူ၏စွမ်းအား တိုးတက်လာစေရန်ပင်။

ချင်းမိသားစု၏အင်အားသည် အလွန်အမင်း အားနည်းနေသေးသဖြင့် သူသည် သူ၏အရည်အချင်းကို ဆန္ဒရှိသကဲ့သို့ ထုတ်ဖော်၍ မရသေးချေ။

ဤလောကကြီးသည် အမှန်တကယ်ကို အလွန်အန္တရာယ်များပေ၏။ အကယ်၍ သူသည် သိုင်းစိတ်ဝိညာဥ်သခင်အဆင့် စွမ်းအားကို စောလျင်စွာ ထုတ်ဖော်မိပါက ကုန်းမြေပေါ်မှ မွန်းစတားအိုကြီးတချို့သည် လှုပ်ရှားလာကြပေမည်။ သူတို့သည် သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် သူ့အား အတင်းအကြပ် ဖိအားပေးကြပေလိမ့်မည်။

ထိုအချိန်ကျပါက သူသည် အန္တရာယ်အတွင်းသို့ ကျရောက်ရုံသာမက ချင်းမိသားစုသည်လည်း ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ယခုအချိန်၌ ချင်းမိသားစုတစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်နေပုံ ပေါ်သော်လည်း အမှန်အားဖြင့် ကြီးမားသော အန္တရာယ်အတွင်းသို့ ကျရောက်နေခဲ့သည်။

ပထမတစ်ချက်မှာ ချင်းယန်၏ရန်သူဖြစ်ပြီး ဤသည်မှာ သိုင်းဘုရင်အဆင့် တည်ရှိမှုကြီးတစ်ခုပင်။

ထိုလူသည် သာမာန်ကာလျှံကာ နည်းလမ်းတချို့ကို အသုံးပြုရုံမျှဖြင့် သူတို့၏ချင်းမိသားစုကို ဖျက်ဆီးနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ရန်သူသည် ချင်းယန် အဆိပ်သင့်နေသည်ကို သိရှိသောကြောင့် လိုက်လံရှာဖွေမှု မပြုခဲ့ခြင်းပင်။

သူ၏အတိတ်ဘဝတွင်လည်း သူ၏ဆရာသည် အဆိပ်သင့်၍ သေဆုံးခဲ့ရပြီး သိုင်းဘုရင်၏ လိုက်လံသတ်ဖြတ်ခြင်းကို မခံခဲ့ရချေ။

မည်သို့ပင်ဆိုစေကာမူ သူနှင့်သူ၏ဆရာနှစ်ဦးလုံး ယွမ်ကုန်းမြေသို့ ထွက်ပြေးလာခဲ့ကြသော်လည်း သိုင်းဘုရင်တစ်ပါးအတွက်မူ သူ လိုက်လံရှာဖွေလိုသရွေ့ တန်ဖိုးအနည်းငယ်မျှ ပေးဆပ်ရုံဖြင့် သူတို့ကို ရှာတွေ့နိုင်ပေမည်။

ထို့ကြောင့် ချင်းယန်၏ရန်သူအတွက် ယခုအချိန်တွင် သူ အလွန်အကျွံ စိုးရိမ်ပူပန်နေရန် မလိုအပ်သေးချေ။

သူသည် သိုင်းဆရာကြီးအဆင့်သို့ ရောက်ရှိသွားပြီးနောက် ဆေးနတ်ဘုရာခန္ဓာကိုယ်ကို အသုံးပြုလိုက်ပါက သာမန် သိုင်းစိတ်ဝိညာဉ်သခင်အဆင့် ကျင့်ကြံသူများ ရောက်လာသည့်တိုင်အောင် သူ ကြောက်ရွံနေမည် မဟုတ်ပေ။

အကယ်၍ ချင်းယန်၏ရန်သူကိုယ်တိုင် ရောက်လာလျှင်ပင် သူ၏ဆရာသည် ဒဏ်ရာအပြင်းအထန် ရရှိမည်ကို လျစ်လျှူရှု၍ ထိုလူယုတ်မာအား သတ်ဖြတ်ပေလိမ့်မည်။

ချင်းမိသားစုအတွက် ဒုတိယ ခြိမ်းခြောက်မှုမှာ ကင်းမြီးကောက်နီအမှတ်အသား၏ နောက်ကွယ်ရှိ အင်အားစုပင်။

ချင်းမင်သည် လျှို့ဝှက်ဆန်းကြယ်သောလူကို သတ်ဖြတ်ခဲ့ပြီး ကျောက်မိသားစုကိုလည်း အမြစ်ပြတ်သုတ်သင်ခဲ့သည်။ ထိုကြောင့် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် ထိုသတင်းကို မရရှိသေးဟု သူ ခန့်မှန်းမိသည်။

သို့ရာတွင် ချင်းမင်သည် သူ၏မျှော်လင့်ချက်များကို တခြားလူများ၏အတွေးအမြင်ပေါ်တွင် ပုံအပ်ထား၍ မရပေ။ ချင်းမိသားစုသည် တစ်ချိန်ကျလျှင် ဤအကျပ်အတည်းကို မလွှဲမသွေရင်ဆိုင်ရပေလိမ့်မည်။

ချင်းယန်၏ရန်သူနှင့် နှိုင်းယှဉ်ပါက ချင်းမင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစုကို ပို၍စိုးရိမ်မိသည်။

ချင်မင်ထံ၌ ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် မရိုးရှင်းနိုင်ဟူသည့် ခံစားချက်မျိုးရှိနေသည်။

လျှို့ဝှက်ဆန်းကြယ်သောလူ၏ကျောတွင် ခတ်နှိပ်ထားသော ကင်းမြီးကောက်နီအမှတ်အသားသည် ချင်းမင်အား အလွန် ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။ ချင်းမင်သည် နှစ်တစ်သောင်းကျော် ရှင်သန်နေထိုင်ခဲ့သော်လည်း ဤကဲ့သို့ အမှတ်အသားမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။

ဤအမှတ်အသား၏ နောက်ကွယ်မှ အင်အားစုသည် မည်မျှထိ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသည်ကို တွေးကြည့်နိုင်သည်။

မည်သည်ကြောင့် ဤအင်အားစုသည် ပုန်းကွယ်နေသနည်း။

ချင်းမင်သည် ဤကိစ္စကို နားမလည်နိုင်ခဲ့ချေ။ အကယ်၍ ဤအမှတ်အသား၏နောက်ကွယ်မှ နည်းစနစ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါက ဤသည်မှာ ဝင်္ကပါပညာရပ်ထက် မနိမ့်ကျသော စွမ်းရည်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်သဖြင့် ကျင့်ကြံသူများ၏သဘောကျနှစ်ခြိုက်မှုကို သေချာပေါက် ရရှိပေလိမ့်မည်။

ချင်းမိသားစု၏ တတိယအန္တရာယ်မှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ ချန်မိသားစုနှင့် မြို့တော်ဝန်တို့ပင်။

ဤသည်မှာ ချင်းမင်က ချင်းမိသားစုအား ပေးအပ်ခဲ့သော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများပင်။ ဤဘေးအန္တရာယ်ကို ရင်ဆိုင်ဖြတ်ကျော်ပြီးမှသာလျှင် ချင်းမိသားစုသည် ပြာပုံထဲမှ ပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်ကဲ့သို့ ဖြစ်လာပေမည်။

All Chapters