← Chapters

ဟန်ရှန့်

Vol. 27 Ch. 392

ဟန်ရှန့်

Vol. 27 Ch. 392

ချုးယွီဟွာက အလွန် အမင်း စိတ်ပျက်နေမိ၏။ သူမတွင် နည်းလမ်းရှိပါက အစောကတည်းက ကြိုးစားပြီးပေမည်။

ပျက်သုန်းခြင်းအရှင်ကဲ့သို့ စတေးခံ၍ လောကကြီးကို ကာကွယ်လျင်တောင် အလုပ်ဖြစ်မည်မဟုတ်ပေ။

သူက တမူထူးခြားသည့် နည်းလမ်းသုံးကာ လောကကြီးကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဟွမ်းက ရွှမ်းလင်၏ အသံကို ကြားလိုက်ရ၏။

“ဟွမ်း...ရှင်လာပြီးကြည့်သင့်တယ်...”

ဟွမ်းက ရွှမ်းလင်၏ စကားကြောင့် နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်သို့ ဝင်ရောက်သွား၏။

ထိုအချိန်တွင် နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်က ထူးဆန်းနေပြီး၊ သေခြင်းစွမ်းအင်အပြင် ဟွမ်းရင်းနှီးကျွမ်းဝင်ခြင်း မရှိထားသည့် စွမ်းအင်တစ်မျိုးကို ခံစားမိသွားသည်။

ဗိမာန်က ပြောင်းလဲသွားသည်ဟု ခံစားမိသော်လည်း မည်သို့ ပြောင်းလဲသွားသည်မှန်း အတိအကျ မသိပေ။

“ဘာဖြစ်လို့လဲ...”

ဟွမ်းက ဇဝေဇဝါဖြစ်နေသည့်လေသံနှင့် ရွှမ်းလင်ကို မေးလိုက်၏။

ထိုအချိန်တွင် ရွှမ်းလင်က ထူးဆန်းသည့် အဖြူရောင်စက်လုံးတစ်ခုကို ထုတ်ဖော် ပြသလိုက်သည်။

“ဒါကို ကျွန်မရှာတွေ့ခဲ့တာ...”

ရွှမ်းလင်က အဖြစ်အပျက်များနှင့် ပြောင်းလဲမှုများကို ရှင်းပြပြောဆိုလိုက်၏။

“ကျွန်မက ဗိမာန်ရဲ့ လိုအပ်ချက်ကို စစ်ဆေးနေတဲ့အချိန်မှာ...၊ ဒီဗိမာန်က အခြား တစ်ဖက်ရှိနေသေးတာကိုတွေ့ခဲ့ရတယ်...”

“ဘယ်လို...”

ဟွမ်းက အံ့ဩသွားရ၏။ သူတစ်လျှောက်လုံး အသုံးပြုခဲ့သော်လည်း မည်သည့် ထူးခြားမှုမျှ မတွေ့ခဲ့ရပေ။ ထို့နောက် ဆက်လက် နှောက်ယှက်ခြင်း မပြုပဲ ရွှမ်းလင်၏ ရှင်းပြချက်များကို နားထောင်လိုက်သည်။

“အဲ့ဒီအချိန်မှာ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခုရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်...”

ရွှမ်းလင်က ဗိမာန်အတွင်းရှိ ခြားနားထားသည့် အလွှာပါးလေးကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကမ္ဘာနှစ်ခုကို ခွဲခြားထားသည့်အလားပင်။

ထို့တစ်ဖက်တွင် ကြွေလင့်တော့မည် ဝိညာဉ်တစ်ခုကို တွေ့ရှိခဲ့ကြောင်း ဆို၏။

သူ၏ အကူအညီတောင်းသံကြောင့်သာ သူမက အလွှာပါးကို ဖြတ်ကျော်ကာ ထိုဝိညာဉ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။

“ဒါက....”

ဟွမ်းက ဝိညာဉ်ကို သိမ်းဆည်းထားသည့် စက်လုံးကို ကြည့်ရင်းတုန်ယင်သွား၏။ သူနှင့် အရင်းနှီးဆုံးဟူသည့် ခံစားချက်ကို ပေးစွမ်းနေသောကြောင့်ပင်။

ထို့နောက်သူက ၎င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်နေ၏။

ထိုအချိန်တွင် ထူးခြားစွာနှင့် စက်ဝန်းအတွင်းမှ ဝိညာဉ်က အလျင်အမြန် ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်သွားသည်။

ဟွမ်းက စွံ့အနေဆဲပင်။ ဤသို့ ဖြစ်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ရွှမ်းလင်လည်း ထိတ်လန့်သွားသည်။

သူမက ၎င်းဝိညာဉ်ကို ဆွဲထုတ်ရန် ကြံစည်လိုက်ချိန်တွင် ဟွမ်းက တားဆီးလိုက်၏။

“ဒီဝိညာဉ်နဲ့ ရင်းနှီးတဲ့ ခံစားချက်ရှိတယ်...”

ဟွမ်း၏ စကားကြောင့် ရွှမ်းလင်၏ အပြုအမှုကို ရပ်တန့်လိုက်၏။ ထို့နောက် ဟွမ်း၏ အသိစိတ်က ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်သွားသည်။

“မင်းဘယ်သူလဲ...”

နှင်းကဲ့သို့ ဖြူစင်နေသည့် ဆံနွယ်များနှင့် ဝိညာဉ်က မေးခွန်းထုတ်လိုက်၏။

“ငါ့ရဲ့ ဝိညာဉ်ပင်လယ်ထဲကို ဝင်လာပြီး ငါဘယ်သူလဲ မေးနေတာလား...”

ဟွမ်းက အသာယာ ကြည့်ရင်း ပြန်လည်တုန့်ပြန်လိုက်၏။

“ဒါက...”

အဖြူရောင်ဆံနွယ်များနှင့် ဝိညာဉ်က အို့တို့အမ်းတမ်းဖြစ်သွားသည်။ ထို့နောက် သူ့ကိုယ်သူ မိတ်ဆတ်လိုက်၏။

“ငါ့နာမည်က ဟန်ရှန့်...၊ ကျို့ယင်ဆိုတဲ့ ခေါင်းခြောက်လုံးနဲ့ တိရိစ္ဆာကောင်ကြောင့် သေမလိုဖြစ်သွားခဲ့ရတာ...”

ဟန်ရှန့်က သက်ပြင်းချကာ ဆိုလိုက်၏။

“ကျို့ယင်လား...”

ဟွမ်းက အနည်းငယ် အံ့ဩသွား၏။ ကျို့ယင်၏ ခေါင်းခြောက်လုံးက အ‌ခြားနေရာသို့ ရောက်နေဟန်ရှိသည်။ ထို့အပြင် ဟန်ရှန့်၏ ထွက်ပေါ်လာမှုက သူ့အတွက် တွေးရခက်ဖြစ်နေ၏။

ထို့နောက် သူက အကြောင်းအရာကို ပြောင်းကာ မေးလိုက်သည်။

“မင်းက ဘာလို့ ငါရဲ့ ဝိညာဉ်ပင်လယ်ထဲ ကျုးကျော်လာတာလဲ...”

“ငါက ကျုးကျော်တာမဟုတ်ဘူး...၊ မင်းရဲ့ ဝိညာဉ်ပင်လယ်က ငါ့ကို စုပ်ယူသွားတာကွ...”

ဟန့်ရှန့်က မတရားစွပ်စွဲ ခံရသည့် လေသံနှင့် ဆိုလိုက်၏။ သူက ဟွမ်းကို ကြည့်ကာ အတွေးမျိုးစုံဝင်ရောက်နေသည်။

သူက သေမလိုဖြစ်နေချိန်တွင် လှပသည့် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံလိုက်ရပြီး ကယ်ဆယ်ခံခဲ့ရ၏။ သို့သော် သတိရလာချိန်တွင် တစ်ပါးသူ၏ ဝိညာဉ်ပင်လယ်ထဲ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ အတွေးနှင့် မည်သို့မျှ လိုက်မမှီတော့ပေ။

သို့သော် ဟွမ်းကိုကြည့်လေ ရင်းနှီးလေဟူသည့် ခံစားချက်မျိုးကို သူလည်း ခံစားနေရ၏။

“ဘယ်လို...”

ဟွမ်းက ဟန်ရှန့်၏ စကားကြောင့် အနည်းငယ်တွေဝေသွားသည်။ သူပြောသည်လည်း မမှားပေ။ စက်လုံးအတွင်း ထိန်းသိမ်း ခံထားရသည့် ဝိညာဉ်အနေနှင့် ရုန်းထွက်လာနိုင်ခြင်း ရှိမည်မဟုတ်ပေ။

ထို့ကြောင့် အခြားမေးခွန်းတစ်ခု ပြောင်းလိုက်ပြန်၏။

“မင်းက နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်ကို ဘယ်လိုရောက်လာတာလဲ...”

“ဘာလဲ အဲ့ဒါက...”

ဟန့်ရှန့်က တွေးရင်း မှတ်မိသည့်အသွင်နှင့် ဆိုလိုက်၏။

“သိုလှောင်ရုံကို ပြောတာလား...၊ အဲ့ဒါ ငါ့အပိုင်လေ...”

ထို့နောက် သူတို့နှစ်ဦးက အပြန်အလှန် မေးခွန်းများ မေးနေကြရင်း မှင်သက်နေကြ၏။

ဟန်ရှန့်သည်လည်း ထူးခြားသည့် ဖြစ်တည်မှုတစ်မျိုးနှင့် နိုးထလာသူဖြစ်သည်။

သူ၏ ဘဝတစ်လျောက်လုံးတွင် ကျင့်ကြံနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် သူ့ထံတွင် များပြားလှသည့် နည်းစနည်များ၊ ကြမ်းတမ်းသည့် လက်နက်များ၊ အစွမ်း‌ထက်အဆောင်များကို ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။

ဆေးဖော်ရာတွင်လည်း တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်ဟု ဆိုသေး၏။

သို့သော် ဘဝတစ်လျောက်လုံး မကျင့်ကြံနိုင်ခဲ့ပေ။ သူက ပျံသန်းမှုပင် မလုပ်နိုင်ခဲ့ပေ။ ထိုအရာက သူ့၏ဘဝတွင် အကြီးမားဆုံး အားနည်းချက်ဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် ခေါင်းခြောက်လုံးနှင့် ကျို့ယင်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်ဟု ဆို၏။

ဟွမ်းက ဟန်ရှန့်၏ အကြောင်းများ နားထောင်ရင်း အံ့ဩနေသည်။ သူနှင့် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်ပင်။

‘လင်းရှု့ပြောခဲ့တဲ့ ငါ့ဝိညာဉ်ဖြစ်နေမလား...’

နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်ကို သူလည်း ပိုင်ဆိုင်ထားသည်ဟုဆိုသည်။ သို့သော် စွမ်းအင်မထုတ်ဖော်နိုင်သောကြောင့် ဝင်ရောက်နိုင်စွမ်း မရှိခဲ့ပေ။

သူအသုံးမလိုသည့် အမှိုက်လက်နက်များကို ထိုဗိမာန်အတွင်း လွင့်ပစ်ခဲ့သည်ဟုဆိုသည်။

ဟွမ်းက အခြေအနေကို သုံးသပ်ပြီးနောက်တွင် မေးမြန်းလိုက်၏။

“မင်း ငါ့ဝိညာဉ်နဲ့ ပေါင်းစပ်မလား...”

ဟွမ်းက ဖြစ်ရပ်များကို ပြန်လည်ရှင်းပြလိုက်၏။ ဟန်ရှန့်၏ အမူအယာက မျိုးစုံပြောင်းလဲ နေသည်။ သူတို့က နေရာတစ်ခုကို အတူတူ ပိုင်ဆိုင်ထားသော်လည်း ရွှမ်းလင်ကြောင့် မဟုတ်လျင် တွေ့ဆုံနိုင်မည် မဟုတ်ပေ။

“အဲ့လိုမျိုးက ဖြစ်နိုင်လို့လား...”

ဟန့်ရှန့်က မယုံနိုင်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“အဲ့ဒါက အမှန်တရားပဲ...”

“ဒါဆို မင်းက ငါ့ကို ဝါးမြိုပစ်မှာလား...”

“မဟုတ်ဘူး...၊ အတူတူပေါင်းစည်းမှာ မင်းရဲ့ မှတ်ညာဉ်တွေရော ငါ့ရဲ့ မှတ်ညာဉ်တွေရောက တစ်ထပ်တည်းကျသွားပြီး၊ မင်းကငါ...၊ ငါက မင်းဖြစ်သွားလိမ့်မယ်...”

ဟွမ်းက ဟန်ရှန့်ကို ရှင်းပြနေ၏။ ဟန်ရှန့်က အတော်ပင် စဉ်းစားနေရသည်။ သူသာဝါးမြိုခံလိုက်ရပါက သူ၏ ဝိညာဉ်က မည်သည်မျှ ကျန်ရှိတော့မည် မဟုတ်ပေ။

“မင်း...၊ အချိန်ယူပြီး စဉ်းစားလို့ရတယ်...”

ဟွမ်းက ဖိအားမပေးချေ။ ဟန်ရှန့်က သူ၏ အခြားဝိညာဉ်ဖြစ်နိုင်သည်ဟု တထစ်ချယုံကြည်သွားပြီးဖြစ်သည်။

သို့သော် ဟန်ရှန့်သာ မပူးပေါင်းချင်ပါက အတင်းကြပ် ပေါင်းစည်းမည်မဟုတ်ပေ။ သူလည်း သူ၏ ကိုယ်ပိုင်ဘဝတစ်ခုနှင့် ဖြတ်သန်းခဲ့ရသူဖြစ်သည်။

“မင်းနဲ့ငါ ပေါင်းစည်းလိုက်ရင် ခေါင်းခြောက်လုံးနဲ့ တိရိစ္ဆာန်ကို အနိုင်ယူနိုင်မှာလား...”

ဟန့်ရှန့်က လေးနက်သည့် လေသံနှင့် မေးလိုက်၏။

“ဘယ်လို အဆင့်မျိုးရောက်ရှိသွားမယ်တော့ ငါလဲ အတိအကျမသိဘူး...၊ ဒါပေမဲ့ မင်းရဲ့ နည်းစနစ်တွေနဲ့ ငါ့ရဲ့ စွမ်းအားတွေ တစ်ထပ်တည်းကျသွားရင် ငါတို့ကို တားဆီးနိုင်မဲ့သူ နည်းပါးလိမ့်မယ်...”

ဟွမ်းက ရှင်းပြလိုက်၏။ သို့သော် သူလည်း ပေါင်းစည်းခြင်းကို ယခုမှ စတင်လုပ်ဆောင်ဖူးသောကြောင့် အတိအကျမသိပေ။

ဟန်ရှန့်က အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ခေါင်းညိတ်သဘောတူလိုက်၏။

“ကောင်းပြီ...၊ ငါပေါင်းစည်းမယ်...၊ ဒါပေမဲ့ ငါဝိညာဉ်ကို ဝါးမြိုမပစ်ဖို့ကတိပေး....”

“စိတ်ချပါ...”

ဟွမ်းက တိုတောင်းသော်လည်း လေးနက်သည့် အသွင်နှင့် ကတိစကားဆိုလိုက်၏။

ဟန်ရှန့်က ကျို့ယင်ကို ပြန်လည်အနိုင်ယူခြင်သည်။ အားနည်းစွာ သတ်ဖြတ်ခံခဲ့ရသည့် သူ၏ သေဆုံးမှုကို မကျေနပ်နိုင်ပေ။

ထို့ပြင် ဝိညာဉ်မျှသာရှိတော့သည် သူ၏ ပုံစံက မည်သို့မျှ လက်တုန့်ပြန်နိုင်မည် မဟုတ်တော့ပေ။

ဟွမ်းနှင့် ပေါင်းစည်းပြီးချိန်တွင် ကျို့ယင်ကို လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။

All Chapters