ပျက်သုန်းခြင်းအရှင်
Vol. 27 Ch. 393
ဟန်ရှန့်က စိတ်ဝိညာဉ်ပေါင်းစည်းရန် သဘောတူပြီးနောက် သူတို့နှစ်ဦးစလုံးက တင်ပလ္လင်ချိတ်ကာ ထိုင်သည့် အသွင်ပြုလုပ်လိုက်သည်။
“အသင့် ဖြစ်ရင်စမယ်...”
ဟွမ်းက ဟန့်ရှန့်ကို ကြည့်ကာ ဆိုလိုက်၏။
“ခဏလေး...”
ဟန့်ရှန့်က အလောတကြီးနှင့် ဟွမ်းကို တားဆီးလိုက်သည်။ သူ၏ အသွင်က အလွန်စိတ်လှုပ်ရှားနေ၏။ ဤကိစ္စမျိုးလုပ်ဆောင်ဖူးခြင်း မရှိခဲ့ပေ။
ဟွမ်းက ဟန်ရှန့် တည်ငြိမ်သည့်အထိ စောင့်နေလိုက်၏။ တကယ်တမ်းတွင် သူလည်း စိတ်လှုပ်ရှားနေခြင်းပင်။
သို့သော် သူ၏ တည်ငြိမ်သည့် အသွင်ကို ထိန်းသိမ်းထားနိုင်၏။
အချိန်အနည်းငယ်ကြာပြီးနောက် ဟန်ရှန့်က အသင့်ဖြစ်ကြောင်း ဆိုကာ သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်ကို စတင်ပေါင်းစည်းလိုက်ကြသည်။
ထိုသို့ ပေါင်းစည်းနေချိန်တွင် သူတို့၏ ဝိညာဉ်များ ပျက်စီး မသွားစေရန် ထူးဆန်းသည် စွမ်းအင်အလွှာတစ်ခုက ကာကွယ်ပေးသွား၏။
သူတို့၏ ပေါင်းစည်းမှုက အချိန်အတော်ကြာမြင့်သွားသည်။
တဖြည်းဖြည်းနှင့် ဟွမ်း၏ စိတ်တွင်း ဟန်ရှန့်၏ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရသည့် အကြောင်းအရာများ ထွက်ပေါ်လာ၏။ သူက ထိုအရာများကို ဖျတ်စီးခြင်းမပြုပဲ သူ၏ ကိုယ်ပိုင်မှတ်ဉာဏ်များအဖြစ်သိမ်းဆည်းလိုက်သည်။
ထိုသို့နှင့် အချိန်များက ကုန်ဆုံးသွား၏။ ထို့နောက်တွင် ဟွမ်း၏ ဆံနွယ်များက တဖြည်းဖြည်းနှင့် နှင်းကဲ့သို့ စတင်ဖြူစွတ်လာ၏။
သူ၏ မျက်ဝန်းများက မှိတ်သုန်ထားဆဲပင်။ သူ၏ ဆန္ဓာကိုယ်တွင် ထူးဆန်းသည့် လှိုင်းတစ်ချို့ ပေါ်ထွက်နေပြီး အဖြူနှင့် အနက်ရောင် စွမ်းအင်လှိုင်းများက ရစ်ဝဲနေသည်။
ဟွမ်းက တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို သတိထားမိလာခဲ့၏။
ထို့အပြင် သူ၏ ဝိညာဉ်ပင်လယ်က တားဆီးထားသည့် အရာများ မရှိတော့ကြောင်း ခံစားမိသွားသည်။
ထိုအချိန်တွင် နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်မှ ပြောင်းလဲမှုတစ်ချို့ ဖြစ်ပေါ်လာကာ ဟွမ်းက ထိပ်ဆုံးအလွှာသို့ ရုတ်ချည်း ရောက်ရှိသွား၏။
“ဒါက...၊ စွမ်းအင်စီးဆင်းမှုလား...”
ဟွမ်းက မျက်ဝန်းများပွင့်ဟလာပြီး သူ၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်၏။ များစွာ ပြောင်းလဲ ခြင်းမရှိသော်လည်း ယခင်ကနှင့် အတော်ကွာခြားမှု ရှိနေခဲ့သည်။
“နောက်ဆုံးတော့...၊ မင်းတို့ ပေါင်းစည်းပြီးသွားပြီလား...”
ဟွမ်းအာရုံများနေချိန် တည်ငြိမ်ကာ ဩဇာအပြည့်နှင့် အသံကို ကြားလိုက်ရ၏။ ထိုအသံက သူအား နွေးထွေးမှုများပေးစွမ်းနေသည်ဟု ခံစားမိသွားသည်။
ဟွမ်းက ယခုမှ ပတ်ဝန်းကျင်ကို သတိထားမိကာ သူ၏ ရှေ့တွင် ထူးဆန်းသည့် လူတစ်ဦးရှိနေကြောင်း သိရှိသွား၏။
“ခင်ဗျားက...”
“ခင်ဗျားက....၊ ဘယ်သူလဲ...”
ဟွမ်းက အနည်းငယ် အံ့အားသင့်သည့် လေသံနှင့် မေးလိုက်၏။ သူ၏ စိတ်တွင် ခန့်မှန်းချက် အချို့ ရှိနေပြီး ဖြစ်သော်လည်း အတည်ပြလိုသည်။
“အရင်ကတော့ ငါ့ကို ပျက်သုန်းခြင်းအရှင်လို့ ခေါ်ကြတယ်....”
ထိုသူက ပြောလိုက်၏။ သူ၏ မျက်ဝန်းများက ခန့်မှန်းရခက်ကာ တည်ငြိမ်နေသည်။
ဟွမ်းက ခန့်မှန်းထားပြီးဖြစ်သော်လည်း မှင်သက်နေဆဲပင်။ ထိုသူနှင့် ဆုံတွေ့ နိုင်မည်မဟုတ်ဟု တွေးထင်မိထားသည်။ ဤသို့ တွေ့ဆုံခြင်းကို ထင်မှတ်မထားခဲ့ပေ။
ထို့နောက်သူ အသိချင်မိဆုံး မေးခွန်းကို မေးလိုက်၏။
“ကျုပ်ကရော ဘယ်သူလဲ...”
“မင်းစိတ်ထဲရှုပ်နေမှာပေါ့....၊ မင်းက မင်းပဲ...”
ပျက်သုန်းခြင်း အရှင်က အေးဆေးစွာ ပြောဆိုလိုက်၏။ သူက အတွေးအမျှင်အတန်း တစ်ခုမျှသာရှိတော့သည်ဟု ဆိုသည်။
“တစ်ချိန်က ငါ့ဝိညာဉ်ကို ဖြိုခွဲခဲ့ရတာကြောင့် အစိတ်အပိုင်းများစွာ ဖြစ်တည်သွားတယ်...၊ ဒါပေမဲ့ ထူးဆန်းစွာ အစိတ်အပိုင်းအချို့က လောကကြီးနဲ့ ပေါင်းစည်းမသွားခဲ့ဘူး...”
“အဲ့ဒါက ကျုပ်နဲ့ ဟန်ရှန့်လား...”
ဟွမ်းက ဖြတ်မေးလိုက်၏။
“အဲ့လိုဆိုလို့ရတယ်...”
“ဒါက ကျုပ်က ခင်ဗျားပဲ မဟုတ်ဘူးလား...”
ဟွမ်းက တွေးရခက်စွာနှင့် မေးလိုက်၏။ မည်သို့ပင်ဖြစ်စေ ပျက်သုန်းခြင်းအရှင်၏ စိတ်ဝိညာဉ်မှ ဖြစ်တည်လာသူပင်။
“အဲ့ဒါက အရေးမကြီးဘူး...”
“မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်က ဖြစ်တည်လာသူဆိုပေမဲ့...၊ မင်းမှာ ကိုယ်ပိုင်အသိ၊ စွမ်းအား၊ တွေကို ပိုင်ဆိုင်ပြီး ဖြစ်တယ်...၊ တချို့အရာတွေက ငါ့ဆီက ဆင်းသက်လာပေမဲ့ တချို့အရာတွေက မင်းကိုယ်တိုင်ဖြစ်တည်လာတာ...”
ပျက်သုန်းခြင်းအရှင်က ကွဲပြားမှုကို ပြောပြလိုက်သည်။ သူ၏ စိတ်ဝိညာဉ်မှ ဖြစ်တည်လာသော်လည်း သူနှင့် လုံးဝ တထပ်တည်း မကျပေ။ ထို့ကြောင့် ဟွမ်းကို သူမဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်၏။
“ဒါတွေထားတော့...၊ မင်းကိုယ်မင်း ပျက်သုန်းခြင်းအရှင်လို့ ခံယူရင် မင်းက ပျက်သုန်းခြင်းအရှင်ဖြစ်လိမ့်မယ်...”
“ဒါမှမဟုတ် မင်းက မင်းလို့ပဲ ခံယူလိုက်မယ်ဆိုရင် မင်းကမင်းပဲ...”
“ဒါကြောင့် ဘယ်လိုပဲတွေးတွေး အရေးမကြီးတော့ဘူး...”
ပျက်သုန်းခြင်းအရှင်က ဟွမ်းကို မတွေဝေစေရန် ဖျောင်းဖျလိုက်၏။ ထို့နောက် ဆက်ပြောပြန်သည်။
“ဒါပေမဲ့ တစ်ခြား အရေးကြီးပြောစရာရှိနေတယ်...”
ပျက်သုန်းခြင်းအရှင်က ဤကိစ္စနှင့် အချိန်မကုန်လိုကြောင်း ဆိုလိုက်၏။ သူ၏ ဝိညာဉ်က အကန့်သတ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ ဤဝိညာဉ်ပျောက်ကွယ်သွားပါက လောကကြီးတွင် သူက ထပ်၍ ပေါ်ပေါက်လာတော့ မည်မဟုတ်ပေ။
“ချုံးချိကိစ္စလား...”
ဟွမ်းက ပျက်သုန်းခြင်းအရှင်၏ ဆိုလိုရင်းကို နားလည်သွားသည်။
“ဟုတ်တယ်...”
ပျက်သုန်းခြင်းအရှင်က ရှင်းပြလိုက်၏။
“ငါမတွေးခဲ့ဖူးတဲ့ အဆိုးထဲက အကောင်းပဲ...”
“ချုံးချိရဲ့ ချိတ်ပိတ်စည်း အားနည်းလာတာက မင်းရဲ့ စွမ်းအင်တွေ တိုးတက်လာလို့ပဲ...”
ဟွမ်းက အံ့ဩသွား၏။ ထိုသို့ ဖြစ်မည်မှန်း မထင်ထားခဲ့ချေ။ သို့သော် မည်သို့ အကောင်းဖြစ်သည်ကို နားမလည်ပေ။
“ချုံးချိကို အဆုံးသတ်လို့မရဘူး...”
ပျက်သုန်းခြင်း အရှင်က အရင်က ကိစ္စအချို့ကို ရှင်းပြလိုက်၏။ သူကိုယ်တိုင် တိုက်ခိုက်ဖူးခဲ့သောကြောင့် ချုံးချိက မည်မျှ ခက်ထန်ကြောင်း သိရှိနေသည်။
“ဒါပေမဲ့ ထာဝရပိတ်လှောင်လို့ရတယ်...”
ဟွမ်းက ပျက်သုန်းခြင်းအရှင်၏ ရှင်းပြချက်များကို အသေအချာ နားထောင်နေ၏။
“ငါပြောတဲ့ အကောင်းက မင်းရဲ့ဖြစ်တည်မှုပဲ...”
ဟွမ်းက အနည်းငယ် တွေးရခက်သွားသည်။ ဘာကိုဆိုလိုချင်မှန်း နားမလည်သေးပေ။
“နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်ပဲ...”
နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်က သူပြုလုပ်ခဲ့သည့် အကောင်းဆုံးရတနာတစ်ခုဖြစ်၏။ သို့သော် ထိုစဉ်က စွမ်းအင် မလုံလောက်သေးသောကြောင့် ချုံးချိကို ပိတ်လှောင်ခြင်း မပြုနိုင်ခဲ့ပေ။
သို့သော် ယခုတွင် ဗိမာန်က စွမ်းအင်များ ပြည့်ဝလာသည့် အပြင် အစောင့်အရှောက်လည်းရှိနေပြီဖြစ်သည်။
ပျက်သုန်းခြင်း အရှင်က ချုံးချိကို ဗိမာန်အတွင်း ထာဝရပိတ်လှောင်ရန် ရည်ရွယ်၏။
ဟွမ်းက ပျက်သုန်းခြင်းအရှင်၏ ရှင်းပြချက်များကို နားလည်သဘောပေါက်လာသည်။
“ငါ့ရဲ့ ဘဝတစ်လျောက်လုံး အေးအေးဆေးဆေးနဲ့ နေထိုင်ချင်ခဲ့တာ...”
“ဒါပေမဲ့ လောကကြီးက ခွင့်မပြုဘူးထင်ပါရဲ့....”
“ငါတောင်းဆိုချင်တာ တစ်ခုက နတ်ဘုရားလောကကြီးကို တက်နိုင်သလောက်ကာကွယ်ပေးပါ...”
ပျက်သုန်းခြင်းအရှင်က ဝမ်းနည်းသည့် လေသံနှင့် တောင်းဆိုလိုက်၏။
ဟွမ်းက အနည်းငယ်စဉ်းစားဟန်ပြုလိုက်သည်။ သူကိုယ်တိုင်လည်း လောကအရေးတွင် မပါဝင်ပဲ နေထိုင်ချင်ခဲ့၏။
သို့သော် ထိုသို့ နေထိုင်နိုင်ရန် လောကကြီးက တည်ငြိမ်နေမှ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ...၊ ကျုပ်တက်နိုင်သလောက်ကာကွယ်ပေးမယ်...”
ဟွမ်းက ကတိစကားဆိုလိုက်၏။
ထိုအချိန်တွင် ပျက်သုန်းခြင်းအရှင်၏ ပုံရိပ်က ဝေဝါးလာကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဤလောကြီးတွင် ပျက်သုန်းခြင်းအရှင်က မရှိတော့ပေ။ သို့သော် သူနှင့် ပတ်သတ်သည့် အရာများတော့ကျန်ရှိနေသေး၏။
ဟွမ်းက ပျောက်ကွယ်သွားသည့် ပုံရိပ်ကိုကြည့်ရင်း ရင်တွင်းလစ်ဟာမှုကို ခံစားလိုက်ရသည်။
ခဏတာ ငြိမ်သက်သွားပြီးနောက်တွင် နတ်ဘုရားလောကြီး၏ အဖြစ်အပျက်များကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။
သူက နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်မှ ထွက်ခွာလိုက်ချိန်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကြောင့် မှင်သက်သွားမိသည်။
“ယွီဟွာ...ရှောင်ချင်း...”
လဲကျနေသည့် ချုးယွီဟွာနှင့် စုန့်ချင်းထံ အလျင်အမြန် ပြေးသွားလိုက်၏။
သူမတို့နှစ်ဦးက အလွန်ပြင်းထန်သည့် ဒဏ်ရာရရှိထားသည်။ စုန့်ချင်းက သတိလစ်နေပြီး ချုးယွီဟွာက အနည်းငယ် တော်သေးသည်ဟု ပြောရပေမည်။
“ဘယ်လိုဖြစ်တာလဲ...”
ဟွမ်းက ချုးယွီဟွာ၏ ဒဏ်ရာများကို စွမ်းအင်များနှင့် ထိန်းပေးထားရင်း မေးလိုက်၏။ ဤနေရာတွင် တိုက်ပွဲပြင်းထန်သည့် အနေထားရှိပြီး အပျက်အစီးများလည်း များပြားနေသည်။
“ချုံးချိလွတ်မြောက်သွားပြီ...”
ချုးယွီဟွာက သူမ၏ ဒဏ်ရာများကို အံကြိတ်ကာ တင်းခံရင်း ဆိုလိုက်၏။