← Chapters

တိုက်ခိုက်ခြင်း

Vol. 27 Ch. 394

တိုက်ခိုက်ခြင်း

Vol. 27 Ch. 394

“ဘယ်လို...”

ချုးယွီဟွာ၏ စကားကြောင့် ဟွမ်းက အံ့ဩသွားသည်။ သူမတို့ ပြောခဲ့သည်မှာ အချိန်တစ်နှစ်ကျော်မျှ ထိန်းထားနိုင်သေး၏။ သို့သော် သူနှင့် ဟန်ရှန့်ပေါင်းစည်းနေသည့် လအနည်းငယ်အတွင်း မည်သို့ ဖြစ်ပျက်သွားရသနည်း။

“ဒီလို...”

ချုးယွီဟွာက အဖြစ်အပျက်များကို ပြန်လည်ရှင်းပြလိုက်၏။

ဟွမ်းက ဗိမာန်အတွင်း ဝင်ရောက်သွားချိန်တွင် သူမတို့က ချိတ်ပိတ်စည်းကို ဆက်လက်အားဖြည့်နေခဲ့သည်။

ထိုစဉ်တွင် ထူးဆန်းစွာနှင့် ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့၏။

“အဲ့ဒါက...၊ ရွှယ်အာပဲ...”

ချုးယွီဟွာက စိတ်မကောင်းသည့် လေသံနှင့် ဆိုလိုက်၏။

“ဘယ်လို...”

ဟွမ်းက အံ့ဩနေဆဲပင်။ ဤမျှ ဝေးကွာလှသည့် တည်နေရာသို့ မော့ရွှယ်အာက မည်သို့ရောက်ရှိလာသနည်း။ သူမ၏ ကျင့်ကြံမှုအဆင့်အရ ကြယ်နယ်မြေများကို ဖြတ်ကျော်နိုင်စွမ်း မရှိသေးချေ။

ဟွမ်း၏ စိတ်တွင်း မေးခွန်းများနှင့် ပြည့်နှက်သွား၏။

“ရွှယ်အာက ဘယ်လိုရောက်လာတာလဲ...”

“သူမက ချုံးချိကို လွှတ်ပေးခဲ့တဲ့သူ ဖြစ်နေတယ်...”

ချုးယွီဟွာက ခက်ခဲသည့် လေသံနှင့် ဆိုလိုက်၏။

ဟွမ်း၏ အမူအယာက တောင့်တင်းသွားသည်။ သူ၏ အကြားအာရုံကို မယုံနိုင်ဖြစ်နေ၏။

သို့သော် ဟွမ်း၏ အမူအယာကို လျစ်လျုရှုကာ ချုးယွီဟွာက ဆက်လက်ပြောပြနေသည်။

မော့ရွှယ်အာသည် ချိတ်ပိတ်နယ်မြေအတွင်းသို့ မည်သို့ရောက်ရှိလာကြောင်း ချုးယွီဟွာနှင့် စုန့်ချင်းက မေးမြန်းခဲ့၏။

သို့သော် မော့ရွှယ်အာ၏ အသွင်က ထူးဆန်းနေပြီး သူမတို့ကို အဖြေမပေးချေ။

ထို့နောက် ရုတ်ချည်းဆိုသလို ချိတ်ပိတ်စည်းကို တိုက်ခိုက်ဖျက်စီးခဲ့သည်။

သို့သော် ချုးယွီဟွာတို့က ချက်ချင်းတားဆီးလိုက်၏။ ထို့နောက် မော့ရွှယ်အာက ချုးယွီဟွာနှင့် စုန့်ချင်းကိုပင် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်နေစဉ် မော့ရွှယ်အာထံမှ ထူးဆန်းသည့် နည်းစနစ်ကြောင့် ချိတ်ပိတ်စည်းပါ ပြိုကွဲသွားခဲ့၏။ ထိုအတူ ချုံးချိကလည်း လွှတ်မြောက်သွားခဲ့သည်။

“အဲ့ဒီနောက်မှာ ချုံးချိရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်မတို့ ဒဏ်ရာအပြင်းအထန်ရခဲ့တာပဲ...”

ချုးယွီဟွာက ရှင်းပြလိုက်သည်။ ဟွမ်းက ထိုအဖြစ်အပျက်များကို ယုံကြည်ရန်ခက်ခဲနေ၏။ သို့သော် ချုးယွီဟွာ ပြောပြခြင်းကြောင့် မယုံ၍လည်း မရချေ။

သူမက လိမ်ညာမည်မဟုတ်သောကြောင့်ပင်။ ထို့အပြင် သူမတို့က ရင်းနှီးခဲ့ကြ၏။ ထို့နောက် ဟွမ်းက မေးလိုက်သည်။

“ဒါဆို ရွှယ်အာက ဘယ်ရောက်သွားတာလဲ...”

“ချုံးချိလွှတ်မြောက်ပြီးနောက်မှာ သူမက အသိဝင်လာတဲ့ ပုံစံမျိုးနဲ့ ရုတ်ချည်း ထွက်ပြေးသွားတယ်...”

ချုးယွီဟွာက သူမ တွေ့မြင်ခဲ့သမျှကို ရှင်းပြလိုက်သည်။ ထို့နောက် သူမက အကြံပေးလိုက်၏။

“ရှင်...၊ ချုံးချိကို တားဆီးဖို့အရင်သွားသင့်တယ်...၊ သူက နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်က လေဟာနယ်ကို ဖောက်ထွင်းလိမ့်မယ်...”

ချုံးချိလွှတ်မြောက်သွားသည်နှင့် နတ်မိစ္ဆာများ ဝင်ရောက်နိုင်ရန် လေဟာနယ်လမ်းကြောင်းကို ဖွင့်လှစ်ပေးတော့မည်မှာ ကျိန်းသေပင်။

ဟွမ်းက လက်ခံလိုက်ပြီး ချုးယွီဟွာနှင့် စုန့်ချင်းကို ဖုန့်ဟွမ်ဗိမာန်သို့ အနားယူစေရန်ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် သူက နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်ကို ဦးတည်လိုက်၏။

နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်တွင် အခြေအနေများက ရှုပ်ထွေးနေကာ တိုက်ပွဲများက ပြင်းထန်နေသည်။

“ချုံးချိ...၊ မင်းရဲ့ လုပ်ရပ်တွေကို ခွင့်မပြုဘူးကွ...”

ပိုင်ဟူက သူ၏ နောက်တွင် အဖြူရောင်ကျား၏ ပုံရိပ်ကြီးပေါ်ထွက်လာကာ ရိုက်ချလိုက်၏။

“ဝုန်း...”

“ငါနှစ်ပေါင်းများစွာ ချုပ်နှောက်ခံထားရတာတောင် မင်းတို့က တိုးတက်မလာဘူး...”

ချုံးချိကသူ၏ ကြီးမားသည့် အနက်ရောင်ခန္ဓာကိုယ်ကိုကြီးနှင့် ပိုင်ဟူ၏ ရိုက်ချက်ကို တားဆီးလိုက်၏။ သူ၏ အသွင်က အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး ခန္ဓာကိုယ်က ကြီးမားလွန်းသည်။

“သေစမ်း...”

ချုံးချိက ကြမ်းတမ်းလှသည့် ရိုက်ချက်ကို ထုတ်ဖော်လိုက်ကာ ပိုင်ဟူကို ပြန်ရိုက်ချလိုက်၏။

“ဝုန်း...”

ကြမ်းတမ်းလွန်းသည့် ခွန်အားကြောင့် ပိုင်ဟူက ထိန်းမထားနိုင်တော့ပဲ သူ၏ ပုံရိပ်က ကြေကွဲသွားကာ ခန္ဓာကိုယ်က လွင့်စင်သွားတော့သည်။

“ပိုင်ဟူ...”

ရွှမ်းဝူက ထိတ်လန့်သွားရ၏။ ပိုင်ဟူက သူနှင့် အရင်းအနှီးဆုံးမိတ်ဆွေပင်။

သူ၏ မျက်ဝန်းများက ဒေါသရိပ်များ လွှမ်းခြုံလာပြီး ချုံးချိကို သဲကြီးမဲကြီး တိုက်ခိုက်တော့သည်။

ချုံးချိက ရုတ်ချည်းဆိုသလို နတ်မိစ္ဆာတိုက်ပွဲကွင်းပြင်သို့ ရောက်ရှိလာခြင်းပင်။

သူက ရောက်ရှိသည်နှင့် တပြိုင်နက် လူသားကျင့်ကြံသူများကို တိုက်ခိုက်ခဲ့တော့သည်။ ထို့ပြင် ချုံးချိက မည်မျှပင်အားနည်းနေပါစေ လူသားကျင့်ကြံသူများ ရင်ဆိုင်နိုင်သည့် တည်ရှိမှုမျိုး မဟုတ်ပေ။

အရှင်မြတ်နှစ်ဦးက တားဆီးနေသော်လည်း ချုံးချိ၏ ခွန်အားများက သန်မာလှသည်။

ရွှမ်းဝူအရှင်မြတ်၏ တိုက်ခိုက်မှုကိုပင် အသာအယာနှင့် တုန့်ပြန်ကာ ပြန်လည်တိုက်ခိုက်လိုက်၏။

“ဝုန်း...”

ပိုင်ဟူနှင့် ရွှမ်းဝူတို့ အရှင်မြတ်နှစ်ဦးလုံး ချုံးချိ၏ ရိုက်နှက်မှုကြောင့် လဲကျကုန်တော့သည်။ ချုံးချိက အရှင်မြတ်နှစ်ဦးကို ဂရုမစိုက်တော့ပဲ။ ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ ထိုသူများက အားနည်းနေဆဲပင်။

“ဟားဟား...၊ ဒီလောကကြီးက ငါ့အပိုင်ဖြစ်ရမယ်ကွ...”

ချုံးချိက ဟစ်ကြွေးလိုက်ပြီး လေဟာနယ်လမ်းကြောင်းကို ဖြိုခွဲရန် ကြံရွယ်လိုက်သည်။

“ဒါကတော့ မသေချာသေးပါဘူး...”

ချုံးချိက လေဟာနယ်လမ်းကြောင်းဖောက်ထွင်းရန်ကြိုးစားလိုက်ချိန်တွင် တည်ငြိမ်သည့် အသံကို ကြားလိုက်ရ၏။

“မင်းဘယ်သူလဲ...”

ချုံးချိ၏ ခြေလှမ်းများက ရပ်တန့်သွားကာ လှည့်ကြည့်လိုက်မိသည်။

ဖြူဆွတ်နေသည့် ဆံနွယ်များနှင့် လူငယ်ကို တွေ့လိုက်ရချိန်တွင် မျက်မှောင်ကြုတ်မိသွား၏။

ထိုစဉ်တွင် သူ၏ စိတ်ထဲ ကြောက်ရွံ့ရသည့် ပုံရိပ်တစ်ခုကို မြင်ယောင်လာသည်။ သူ၏ အမူအယာက ကြက်သေသေသွား၏။

“မင်း..မင်း...မသေသေးဘူးလား...”

“မင်း ဘယ်လိုထင်လဲ...”

ဟွမ်းက တလှမ်းချင်းလျှောက်လှမ်းလာရင်း ချုံးချိကို မေးခွန်းထုတ်လိုက်၏။

“မဖြစ်နိုင်ဘူး...၊ သူက ပြန်မွေးဖွားနိုင်တဲ့ ဝိညာဉ်တောင်မကျန်ခဲ့ဘူးလေ...”

ချုံးချိက တုန်လှုပ်နေ၏။ သို့သော် ရုတ်ချည်း ကြမ်းကြုတ်သည့် အသွင်သို့ပြောင်းလဲသွားကာ ဆိုလိုက်သည်။

“ငါ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတဲ့ အကျိုးဆက်ကြောင့် မင်းဘယ်သူပဲ ဖြစ်ဖြစ်သေရမယ်...”

“မင်းက ဒီလောကကြီးကို ဒုက္ခပေးခဲ့တာကြာပြီ...၊ အဆုံးသတ်သင့်ပြီ...”

ဟွမ်းက ရွှမ်းလုံပေတံကို ထုတ်ဖော်လိုက်ရင်း စတင်တိုက်ခိုက်လိုက်သည်။

“ဝုန်း...”

သူက မြန်ဆန်သည့် အလျင်နှင့် ချုံးချိ၏ ခန္ဓာကိုယ်ကြီးကို ရိုက်ချလိုက်၏။

“အဲ့ဒီလောက်မလွယ်ဘူးကွ...”

ချုံးချိက ပြန်လည်တုန့်ပြန်ကာ သူ၏ ကြီးမားသည့် လက်ကြီးနှင်အ ဖိချေရန်ကြိုးစားလိုက်သည်။

သူတို့နှစ်ဦးက ဆက်တိုက်ဆိုသလိုတိုက်ခိုက်နေရင်း ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။

ချံးချိ၏ စွမ်းအင်များက လေထုကိုပင် ထိုင်းမှိုင်းသွားစေပြီး ပြင်းထန်သည့် တိုက်ပွဲကြောင့် အပျက်အစီးများပြားလာသည်။

ဟွမ်းက တိုက်ခိုက်နေရင်း မျက်မှောင်ကြုတ်မိသွား၏။ ချုံးချိကို ထင်သလောက် ချည်းကပ်၍ မလွယ်ကူချေ။

ထို့ပြင် ချုံးချိ၏ ခွန်အားက အလွယ်တကူဖိနှိပ်၍ မရဖြစ်နေသည်။

“မင်း...သေစမ်း...”

ချုံးချိက ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခုကို ဖန်တီးကာ ဟွမ်းထံ ပစ်လွှတ်လိုက်၏။

ဟွမ်း၏ မျက်ဝန်းများက လေးနက်သွားပြီး သူ၏ စွမ်းအင်များကို စုစည်းလိုက်သည်။

ထိုအချိန်တွင် သူ၏ နောက်တွင် အဖြူနှင့် အနက်ရောင်ပေါင်းစည်းထားသည့် စက်ဝန်းတစ်ခုက လည်ပတ်လာ၏။

သူ၏ အရှိန်အဝါက အလွန်ပြင်းထန်နေပြီးနောက် သူ၏ ရွှမ်းလုံပေတံနှင့် ချုံးချိကို ရိုက်ချလိုက်သည်။

ထိုအချိန်တွင် သူ၏ အဖြူနှင့်အနက်စက်ဝန်းက အပြင်းထန်လည်ပတ်လာပြီး ချုံးချိထံ တိုးဝင်သွား၏။

“ဝုန်း...”

ချုံးချိထုတ်ဖော်ထားသည့် စွမ်းအင်မုန်တိုင်းနှင့် ဖြူနက်စက်ဝန်းက ထိခတ်သွားပြီး ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်ပေါ်သွားသည်။

ထိုပေါက်ကွဲမှုက အဆုံးမသတ်သေးချေ။ ချုံးချိ၏ မုန်တိုင်းက အားကောင်းနေသော်လည်း ဟွမ်း၏ စက်ဝန်းကြောင့် ကြမ်းကြုတ်မှုများ ပြေလျော့လာသည်။

“မဖြစ်နိုင်တာ...”

ချုံးချိက အားပျော့လာသည့် သူ၏ စွမ်းအင်မုန်တိုင်းကြောင့် အံ့ဩသွား၏။

စက်ဝန်းက ပျောက်ကွယ်သွားဟန်မရှိသေးပဲ သူထံ တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရသည်။

ချုံးချိက အလျင်အမြန်နှင့် တုန့်ပြန်ရန် သူ၏ စွမ်းအင်များကို စုစည်းလိုက်၏။ ထို့နောက် ဖြူနက်စက်ဝန်းကို ကြမ်းကြမ်းတမ်းတမ်းရိုက်ချလိုက်သည်။

“ငါကို ထိခိုက်စေဖို့ အဲ့‌ဒီလောက်မလွယ်ဘူးကွ...”

ချုံးချိ၏ ခွန်အားပြည့်ရိုက်ချက်ကြောင့် ဖြူနက်စက်ဝန်းက ပျောက်ကွယ်သွားရတော့၏။

“နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်...ဆင်းသက်စမ်း...”

All Chapters