ရက်စက်သော
Vol. 160 Ch. 2278
ရီဖူရှင်းတို့သည် သွေးနဂါးဘုံသို့ ရောက်လာခဲ့ကြ၏။ သွေးနဂါးအင်ပါယာသည် သူတို့အား ကိုယ်တိုင် လာရောက်ကြိုဆိုသည်။
လက်ရှိ ရီဖူရှင်းကိုမြင်လျှင် သွေးနဂါးအင်ပါယာသည် ကြီးစွာ စိတ်လှုပ်ရှားမိသည်။ သူတို့က များစွာ မရင်းနှီးသော်လည်း ရီဖူရှင်း ကြုံခဲ့ရသမျှအား သူသိပေသည်။ ယခင်က ရီဖူရှင်းနှင့် သူ၏ညီ ယူချင်းတို့သည် သွေးနဂါးဘုံ၌ အချိန်တစ်ခုကြာ ကျင့်ကြံခဲ့ကြသည်။ သူတို့က နန်းတော်သို့ ဝင်သောအချိန်၌ မုန်တိုင်းပင် ထန်စေခဲ့သည်။
နောက်ပိုင်းတွင် ရီဖူရှင်းသည် သွေးနဂါးဘုံမှ လူငယ်မျိုးဆက်များနှင့်အတူ ကောင်းကင်အာဏာစက်ဘုံသို့ စွန့်စားခန်းခရီးဖွင့်ခဲ့ကြ၏။ ဆယ်စုနှစ်တချို့ကြာပြီးနောက်တွင် သူသည် မူလဘုံကို အုပ်စိုးနေသော ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ်အနေဖြင့် ပြန်လာခဲ့သည်။
အရာအားလုံးက အိပ်မက်တစ်ခုအလား ထင်မှတ်ရ၏။
“သွေးနဂါးအင်ပါယာ” ရီဖူရှင်းက သွေးနဂါးအင်ပါယာထံသို့ လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။ သွေးနဂါးအင်ပါယာကလည်း ဦးညွှတ်ကာ ဆိုသည် “ရန်ဟောင်ရီကို နှုတ်ခွန်းဆက်ပါတယ်”
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး” ရီဖူရှင်းက ပြောသည် “သွေးနဂါးအင်ပါယာ၊ မှော်နက်လောကက အင်အားစုတွေ ဘယ်မှာလဲ ခင်ဗျားသိလား”
“အင်း” သွေးနဂါးအင်ပါယာက ခေါင်းညိတ်ကာ ပြောသည် “ကျုပ်တို့က သူတို့လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာ ကြာပြီ။ တကယ်လို့ ရန်ဟောင်ရီသာ သူတို့ဆီ သွားချင်ရင် ကျုပ်လမ်းပြပေးနိုင်တယ်”
“ကောင်းပြီ။ ကျုပ်တို့ မြန်မြန်သွားရအောင်” ရီဖူရှင်းက ပြောသည်။
ထို့နောက်တွင် သူတို့အုပ်စုက ထိုနေရာမှ မြန်ဆန်စွာ ထွက်ခွာလာကြသည်။
လမ်းတစ်လျှောက်တွင် သွေးနဂါးအင်ပါယာအား ရီဖူရှင်းက မေးသည် “အဲဒီအင်အားစုက ဘာတွေ လုပ်ခဲ့တာလဲ”
သွေးနဂါးအင်ပါယာက ရှင်းပြသည် “သူတို့က လူတွေရဲ့အသက်ဓာတ်ကို ကျင့်ကြံခြင်းအတွက် အသုံးချတယ်။ အဲဒါက အရမ်းကို ရက်စက်ယုတ်မာတဲ့ပညာရပ်တစ်မျိုးပဲ။ လက်ရှိမှာ ဘုံတွေ အတော်များများက မျိုးတုံးမယ့်အန္တရာယ်နဲ့ ကြုံနေရတယ်။ ဒီအတိုင်ခင် ကောင်းကင်အာဏာစက်ကျောင်းတော်က လူတချို့ စေလွှတ်ခဲ့ပေမဲ့ သူတို့လည်း အသက်ရှင်ရက် ပြန်မလာနိုင်ခဲ့ကြဘူး။ အဲဒီအင်အားစုက မှော်နက်လောကမှာ အရမ်းအားကောင်းတဲ့အဖွဲ့အစည်းဖြစ်ရမယ်။ မဟုတ်ရင် သူတို့က ဒီမှာ ဒီလောက်အတင့်ရဲမှာ မဟုတ်ဘူး” ထိုအဖြစ်က ရီဖူရှင်း၏မျက်လုံးများကို အေးစက်စေသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များ သူ့ထံမှ ထွက်ပေါ်လာ၏။
သူတို့က ထိုမျှ အတင့်ရဲလှသည်။
ထိုအင်အားစုက အမှန်ပင် မူလဘုံ၌ မျိုးတုံးသတ်ဖြတ်သော ပြစ်မှုကြီးကို ကျူးလွန်ကာ အသက်ဓာတ်အား ကျင့်ကြံခြင်း၌ အသုံးပြုကြသည်။
သူတို့အုပ်စုသည် လေဟာနယ်ကို ခွင်းကာ ပြန်ဆန်စွာ သွားနေကြသည်။ မကြာခင် သူတို့သည် ဘုံတစ်ခုသို့ ရောက်လာကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် နက်မှောင်နေကာ အသက်ဓာတ်များ ကင်းမဲ့နေ၏။ မြေပြင်တွင် အလောင်းများ ပုံထပ်နေသည်။ မြင်ကွင်းကား အလွန်ဆိုးဝါးလှသည်။
အလောင်းများပုံထပ်နေသော မြင်ကွင်းက ရီဖူရှင်းတို့အား ကြီးစွာ ထိတ်လန့်စေသည်။ ထို့အတူ သူတို့အား ကြီးစွာ ဒေါသထွက်စေ၏။
အလင်းတချက်နှင့်အတူ ရီဖူရှင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ကလေးငယ်တစ်ဦးအား ပွေ့ချီထားသော အမျိုးသမီးတစ်ဦးသည် မြေပြင်တွင် ထိုင်နေသည်။ သူမသည် ပတ်ဝန်းကျင်အား အသက်မဲ့စွာ ကြည့်နေ၏။ မိန်းကလေးငယ်ကား အလွန်အမင်း ကြောက်ရွံ့စွာ ငိုကြွေးနေသည်။ သူတို့ရှေ့တွင် အသက်မဲ့နေသော အလောင်းတချို့ ရှိနေသည်။
“သူတို့ကို သွေးနဂါးဘုံသို့ ခေါ်ခဲ့လိုက်ပါ” ရီဖူရှင်းက ညွန်ကြားသည် “သွေးနဂါးအင်ပါယာ၊ အသက်ရှင်တဲ့လူတွေကို သွေးနဂါးဘုံမှာ နေရာချထားဖို့ စီစဉ်ပေးပါဦး”
“နားလည်ပါပြီ ရန်ဟောင်ရီ” သွေးနဂါးအင်ပါယာက ခေါင်းညိတ်သည်။ သူသည်လည်း အလွန်အမင်း ဒေါသထွက်မိသည်။
ဤကိစ္စကား အလွန်ရက်စက်လွန်း၏။
မြင်ကွင်းကား ငရဲပင်။
မူလဘုံမှ မရေမတွက်နိုင်သော အသက်များမှာ မှော်နက်လောကမှ လူများ၏ကျင့်ကြံခြင်း၌ အသုံးချခြင်း ခံရသည်။ ဘုံအတွင်းမှ ကျင့်ကြံသူအားလုံးနီးပါး ရှင်းလင်းသုတ်သင်ခံရသည်။ အခြေအနေကား ထင်ထားသည်ထက် ဆိုးဝါးနေ၏။
ဟူး…
ရန်ဟောင်ချန်းက ကြောက်မက်ဖွယ် စိတ်အားလှိုင်းတစ်ခုကို ဖြန့်ကျက်လိုက်သည်။ ၎င်းသည် မိုင်ပေါင်းများစွာ အဝေးသို့ ပျံ့လွင့်သွား၏။ သူက ပြောသည် “သူတို့ရဲ့နေရာကို အရင်ရှာရအောင်။ မဟုတ်ရင် အသက်တွေ ပိုပြီး စတေးရလိမ့်မယ်”
ရီဖူရှင်းက ထရပ်ကာ ရန်ဟောင်ချန်းဘေးသို့ ရောက်လာသည်။ ကြယ်အလင်းများသည် ရန်ဟောင်ချန်းအား ဗဟိုပြုကာ တစ်အုပ်စုလုံးကို ခြုံလွှမ်းသွားသည်။ ထိုအခိုက်တွင် ကြယ်အလင်းသည် ဖျတ်ခနဲလက်သွားကာ သူတို့အုပ်စု ပျောက်သွား၏။
မကြာခင် သူတို့က နောက်ဘုံတစ်ခုသို့ ရောက်လာသည်။ ဤဘုံတွင်လည်း သေခြင်းတရား၏အငွေ့အသက်များသာ ရှိနေသည်။
“တွေ့ပြီ” ရန်ဟောင်ချန်းက ပြောသည်။
သူက ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်တွင် သူတို့အုပ်စု နောက်တစ်ကြိမ် ပျောက်ကွယ်သွား၏။ သူတို့က လေထဲတွင် ပေါ်လာခဲ့ကာ မြေပြင်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင်ကား ဧရာမယဇ်စင်တစ်ခုရှိနေကာ အနက်ရောင်ကျောက်တိုင်များ ဘေးပတ်ပတ်လည်တွင် စိုက်ထူထားသည်။ ယဇ်စင်ထက်တွင်ကား အနက်ရောင်ဝတ်လူငယ်တစ်ဦး ထိုင်နေ၏။
ယဇ်စင်အနီးတွင်ကား တန်ခိုးရှင်အများအပြားကို တွေ့ရသည်။ သူတို့က အနက်ရောင်ဝတ်လူငယ်ကို ကာကွယ်နေကြဟန်ရ၏။
ယဇ်စင်မှ မရေမတွက်နိုင်သော အရိပ်များသည် အော်ဟစ်သံများ ပေးကာ အဝေးကို အဆက်မပြတ် ပြေးထွက်နေကြသည်။ ရန်ဟောင်ချန်းနှင့် တခြားလူများ၏နတ်အာရုံတွင်ကား မရေမတွက်နိုင်သော တန်ခိုးရှင်များမှာ ထိုအရိပ်များနှင့် ချဉ်နှောင်ခြင်းခံထားရသည်ကို မြင်ရ၏။ ထိုတန်ခိုးရှင်များမှာ လေထဲကို ပင့်ခံရကာ သူတို့၏အသက်ဓာတ်များသည် စုတ်ထုတ်ခံရ၏။ ထို့နောက် ထိုအသက်ဓာတ်များသည် အနက်ရောင်ဝတ်လူငယ်ထံသို့ အဆက်မပြတ် စီးဆင်းသွားကြသည်။
ဘန်း…
ရန်ဟောင်ချန်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ယဇ်စင်နှင့် လောကကြီးအကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။ ချက်ချင်းပင် ထိုချဉ်နှောင်ထားခံရသော တန်ခိုးရှင်များမှာ လွတ်မြောက်သွားကြ၏။ ယဇ်စင်အနီးမှ လူများအားလုံး အံ့အားသင့်သွားကြသည်။
လူတချို့က လေထဲကို တက်လာကြသည်။ သူတို့အားလုံး၏ကျင့်ကြံဆင့်မှာ အလွန်အားကောင်းသည်။ ၎င်းအထဲတွင် ရန်ဟောင်ချန်းသည်ပင် သတိထားရသော လူတစ်ဦးပါနေ၏။
အရှင်ထိုက်ရွှမ်နှင့် တခြားလူများ ခန့်မှန်းထားခဲ့သည့်အတိုင်း ထိုသူကား နတ်ဘုရားကဒ်ဘေးကို ဖြတ်ကျော်ပြီးသော တန်ခိုးရှင်တစ်ဦးဖြစ်သည်။ ကြည့်ရသည်မှာ သူတို့က မှော်နက်လောကမှ ထိပ်သီးအင်အားစုတစ်ခုမှ လာကြဟန်ရသည်။ သူတို့က မူလဘုံမှ လူများ၏အသက်ကို စတေး၍ ကျင့်ကြံနေကြခြင်းဖြစ်သည်။
အနက်ရောင်ဝတ်လူငယ်က လက်မြောက်လိုက်သည်။ သူ၏မျက်လုံးများက သေခြင်းတရား၏အငွေ့အသက်များ ပြည့်လျှံနေ၏။ လူငယ်၏ကျင့်ကြံဆင့်မှာ အဆင့်ရှစ်ဟောင်ဖြစ်ပြီး အလွန်သန်မာဟန်ရှိသည်။ ထို့အပြင် သူ့အား နတ်ဘုရားကဒ်ဘေးအဆင့် တန်ခိုးရှင်က ကာကွယ်ပေးနေသည်။ လူငယ်၏အဆင့်အတန်းကို ခန့်မှန်းနိုင်၏။
လူငယ်သည်ကား မှော်နက်လောကမှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး၏တိုက်ရိုက်မျိုးဆက်ဖြစ်သည်။ သူ၏အဆင့်ကား ထိုက်ချူတော်ဝင်မြေနှင့် တူညီသည်။
“မင်းက ငါကျင့်ကြံတာကို နှောင့်ယှက်လိုက်တာပဲ” လူငယ်က ပြောသည်။ သူ၏အသံကား ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါနေသည်။ သူသည်ကား မကြာသေးခင်ကမှ မူလဘုံသို့ ရောက်လာခြင်းဖြစ်သည်။ ဘုံသုံးထောင်တွင် မရေမတွက်နိုင်သော သက်ရှိများအား သူက ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည်။ မှော်နက်လောကတွင်ကား သူ့အတွက် အကန့်အသတ်ရှိကာ သူ ထင်သလို မလုပ်နိုင်ပေ။ ဤနေရာတွင်ကား သူ့စိတ်ကြိုက် သတ်ဖြတ်နိုင်၏။
ဝုန်း…
ကြီးမားသော ဖိအားတစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာသည်။ ရန်ဟောင်ချန်းက အေးစက်စွာဖြင့် လူငယ်ကို ကြည့်သည်။ သူသည် စီဝေ့ကောင်းကင်၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကာ ဤသို့ ရက်စက်ကြမ်းကြုတ်သောလူမျိုး မမြင်မတွေ့ဖူးခဲ့ပေ။ သူက အမှန်တကယ် လူအသက်အား ကျင့်ကြံခြင်း၌ အသုံးပြုသည်။
ရန်ဟောင်ချန်းက သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်တွင် ကောင်းကင်ပြိုကျလာသလို ထင်မှတ်ရသည်။ ကျောက်တိုင်များ ပြိုလဲကာ မြေပြင်သည် အဆက်မပြတ် တုန်ခါ၏။ ယဇ်စင်သည်ပင် ပြိုလဲလာသည်။ ထိုနေရာတစ်ခုလုံးသည် ရန်ဟောင်ချန်း၏နယ်ပယ်ဖြစ်လာသည်။
သို့သော်လည်း တစ်ဘက်မှ မှော်နက်လောက၏နတ်ဘုရားကဒ်ဘေးတန်ခိုးရှင်သည်လည်း ရှေ့ကို တက်လာသည်။ ချက်ချင်းပင် လူအများအား ကြောက်လန့်စေသော မုန်တိုင်းတစ်ခု ရိုက်ခတ်သွားခဲ့သည်။ သေဆုံးခြင်းအငွေ့အသက်များ လောကတစ်ခွင်လုံး ပျံ့လွင့်သွား၏။ လူတိုင်းသည် သေဆုံးခြင်းပိုင်နက်အတွင်းသို့ ကျရောက်သွား၏။ ကျင့်ကြံသူများအားလုံးမှာ သတ်ဖြတ်ခံရသော ခံစားချက်ကို ရကြသည်။
နှစ်ဦးလုံးသည် အဆင့်တူပုဂ္ဂိုလ်များဖြစ်ကြသည်။ မည်သူမှ အတင့်ရဲစွာ မပြုမူလိုကြပေ။