← Chapters

အဘက်ဘက်တွင် ပြိုင်ဘက်မရှိ။ ရန်သူတစ်ထောင်ကို အသာလေးခွဲထုတ်ခြင်း။ (၄)

Vol. 15 Ch. 214

အဘက်ဘက်တွင် ပြိုင်ဘက်မရှိ။ ရန်သူတစ်ထောင်ကို အသာလေးခွဲထုတ်ခြင်း။ (၄)

Vol. 15 Ch. 214

“ဝုန်း!”

လီဟွင်းသည် လွှင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ ပါးစပ်မှ သွေးစိမ်းများ ဖြန်းခနဲ ပန်းထွက်လာပြီး ဖြူဖျော့သော အသားအရည်က ပို၍ပင် ဖြူဖျော့လာတော့သည် ။

"အစ်ကိုကြီး!"

တစ္ဆေပင်လယ်ဓားပြအဖွဲ့ရဲ့ ဒုခေါင်းဆောင် လီဖေးက ဒီမြင်ကွင်းကို မြင်တော့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူက ဒေါသတကြီးဖြင့် အံကြိတ်ကာ စူးချန်ခုန်း ရှေ့တက်လာတာကို ရပ်တန့်သွားစေရန် ရည်ရွယ်၍ ထက်ခြမ်းခွဲရန် ဓားရှည်တစ်ချောင်းကို ဆွဲယူလာပြီး အေးစက်သော အရောင်အဝါကို သယ်ဆောင်၍ စူးချန်ခုန်းဆီ အပြေးချီတက်လာ၏။

လီဟွင်း အစွမ်းကုန်ထုတ်သုံးတာတောင် စူးချန်ခုန်းကို မယှဉ်နိုင်ပါက အလွန်အားနည်းသော လီဖေးဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပြီ။ စူးချန်ခုန်းက လှည့်ပင်မကြည့်ဘဲ ညာလက်ဖြင့် လက်ချောင်းများကို ဓါးပုံစံဖော်ကာ လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။

"ဖောက်!"

သူ၏လက်ဖဝါးတွင် ရစ်ပတ်ထားသော ချီစွမ်းအင်၏အစွန်းသည် ဓားသွားကဲ့သို့ ချွန်ထက်လာပြီး အသားများစုတ်ပြဲနေသည့်အသံကြားတွင် လီဖေး၏ လည်ပင်း ပြတ်ကာ သူ၏ဦးခေါင်းက လေထဲသို့ လွှင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လိမ့်ဆင်းသွားကာ ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် တအိအိ ပြိုကျသွားလေ၏။

“အာ့… *အာ့တိ… အဟွတ် အဟွတ် အဟွတ်…” ထဖို့ ရုန်းကန်နေရင်း လီဟွင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရလေ၏။ သူ့မျက်လုံးများက ဒေါသတကြီး ပေါက်ကွဲလုနီးပါးဖြစ်ကာ စိတ်ခံစားမှုများ ကမောက်ကမဖြစ်ပြီး သွေးချောင်းများ ထပ်ခါခါ ဆိုးနေတော့သည်။ မြင်ကွင်းက တကယ်ကို ကြေကွဲဖွယ်ကောင်းလှသည်။

(အာ့တိ=ဒုတိယညီလေး)

ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြများနှင့် နှိုင်းယှဉ်ပါက လက်ရှိ စူးချန်ခုန်းသည် တိုက်ပွဲတွင် အနိုင်ယူ၍မရနိုင်သော နတ်ဆိုးနတ်ဘုရားနှင့် ဆင်တူသည်။

"အဘိုးကြီး... ၊ ခင်ဗျားလည်း ပုန်းမနေ‌နဲ့တော့!"

စူးချန်ခုန်း၏အကြည့်သည် တုန်တုန်ယင်ယင်ဖြင့် လူအုပ်ထဲသို့ ဆက်လက်ဆုတ်ခွာသွားသော အရိပ်တစ္ဆေအကြီးအကဲဆီသို့ ဦးတည်သွားပြီး ကာ အေးစက်သောအသံကို ထုတ်လွှတ်လိုက်သည်။

“သွား!”

အရိပ်တစ္ဆေအကြီးအကဲက ထျဲကျင့်ကန်းဟာ ကြောက်စရာကောင်းလောက်အောင် သေဆုံးနေတာကို တွေ့လိုက်ရပြီး လီဟွင်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရကာ ပြန်နာလန်မထူနိုင်တော့သည်ကို တွေ့လိုက်ရသည်။ သူက အံကိုကြိတ်ရင်း ကြောက်မက်ဖွယ်ကောင်းသော 'စစ်ခုန်းယုံ' နှင့် တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ဘဲ သူ့ခန္ဓာကိုယ်နည်းပညာကို အသုံးချကာ အရိပ်ကဲ့သို့ တစ္ဆေသဏ္ဍာန်ဖြင့် ပျောက်ကွယ်လျက် ပတ်ပတ်လည်က ပင်လယ်ဓားပြများ ဘေးဘက်ဆီသို့ ကိုးရိုးကားရား လဲကျသွားစေခဲ့သည်။

အရိပ်တစ္ဆေအကြီးအကဲသည် လီဟွင်း၏ ဆရာဖြစ်ပြီး လာရောက်ကူညီဖို့ သူ့ကို ဖိတ်ခေါ်ထားသော်လည်း ချီစွမ်းအင်နှင့် သွေးများ စတင်ကျဆင်းနေသော အဘိုးကြီးတစ်ယောက်အနေဖြင့် အခြားသူများကဲ့သို့ အပြင်းအထန်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။

ဝူချင်းရှီ၊ သစ်တော‌ထိုးဖောက်သမင်။

သို့သော် စူးချန်ခုန်းသည် အစောပိုင်းက သူ့ကို တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အရိပ်တစ္ဆေအကြီးအကဲကို အလွတ်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ ငှက်ပြကွက်နှင့် နှိုင်းယှဉ်ပါက တာဝေးပြေးခြင်းအတွက် ပိုသင့်တော်သည့် ဝူချင်းရှီမှ သမင်ပြကွက်ကို ထုတ်သုံးခဲ့သည်။ ငှက်ပြကွက်သည် တာတို၊ အမြန်လှုပ်ရှားမှုများကို အထူးပြုသည်။

နဝမအဆင့် ကမ္ဘာ့ပြိုင်ဘက်ကင်း ဝူချင်းရှီကို ပြသရင်း စူးချန်ခုန်းသည် လျင်လျင်မြန်မြန် လှလှပပနှင့် အသံမဲ့သော ဖျတ်လတ်မှုတို့ဖြင့် လှုပ်ရှားသွားခဲ့သည်။ လူအုပ်ကြီးက ထူထပ်နေသော်လည်း ဘေးပတ်ဝန်းကျင်မှလူများက လေပြင်းများတိုက်ခတ်လာကာ ဘေးဘက်သို့ အလိုလို လဲကျသွားသလို ခံစားလိုက်ရသည်။ စူးချန်ခုန်းသည် ဘာမျှမထိခိုက်ဘဲ လူအုပ်ထဲသို့ ထွက်ပြေးသွားသော အရိပ်တစ္ဆေအကြီးအကဲကို ဖမ်းလိုက်သည့် ခဏလေးနှင့် ဖမ်းမိလိုက်သည်။

"ဘာ?"

တစ္ဆေအရိပ်အကြီးအကဲသည် သူ့ခန္ဓာကိုယ်ထဲတွင် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး စူးချန်ခုန်းသည် သူ့နောက် လိုက်ရင်း သူ့ခေါင်းကို ဆုပ်ကိုင်ကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်ထားလိုက်သည်။

"တော်...တော်ပါတော့!"

အရိပ်တစ္ဆေအကြီးအကဲ၏ ခြေဖဝါး မြေပြင်မှ မြှောက်တက်သွားသည်နှင့် ရင်ထိတ်သွားကာ သူ့ခန္ဓာကိုယ်က ရုန်းကန်ရင်း ငဲ့ညှာပေးဖို့ အလျင်အမြန် အော်ဟစ်နေရသည်။ သူ့စိတ်ထဲတွင်လည်း တုန်လှုပ်နေလေ၏။ ဤ 'စစ်ခုန်းယုံ' သည် အားနည်းချက် လုံးဝမရှိပုံပင်။ သူ၏ ချီစွမ်းအင်သည် အလွန်တရာ လေးနက်ပြီး သူ၏ ခန္ဓာကိုယ် နည်းပညာနှင့် ကိုယ်ဖော့ပညာသည် ဤကဲ့သို့ ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိသွားခဲ့သည် ။

"ဂျွတ်!"

စူးချန်ခုန်းသည် အရိပ်တစ္ဆေအကြီးအကဲ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသော လက်ဖဝါးများကို ညှစ်လိုက်ရာ ဦးခေါင်းသည် ချက်ချင်းပင် လိမ်ကာ ပုံပျက်သွားပြီး ‌အက်ကွဲကာ ဦးနှောက်အပိုင်းအစများ ကွဲထွက်လာ၏။ ရုန်းကန်နေရသော ခန္ဓာကိုယ်သည် ခွန်အားများ ဆုံးရှုံးသွားပြီး အားလျော့သွားတော့သည်။

"အရိပ်တစ္ဆေအကြီးအကဲ... သေပြီ..."

ပတ်ပတ်လည်က ပင်လယ်ဓားပြများသည် ကြောက်လန့်တကြား နောက်သို့ ယိုင်သွားပြီး အချို့မှာ ချော်လဲကာ နောက်သို့ လဲကျလျက် တရွတ်တိုက်သွားနေကြသည်။ အမျိုးမျိုးသော ပင်လယ်ဓားပြအဖွဲ့များမှ ချီသွေးနယ်ပယ်ရှိ ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များပင်လျှင် ယခုအခါ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။

ထျဲကျင့်ကန်း၊ လီဟွင်းနှင့် အရိပ်တစ္ဆေအကြီးအကဲတို့သည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူ သုံးဦးဖြစ်သော်လည်း "စစ်ခုန်းယုံ" ၏ ရှေ့တွင် အလွန်နုနယ်ပုံရကာ ခဏတာအတွင်း နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရသွားခဲ့သည်။

အရိပ်တစ္ဆေအကြီးအကဲကို ကိုင်တွယ်ပြီးနောက် စူးချန်ခုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပါးစပ်ထောင့်နှင့် အဝတ်အစားများတွင် သွေးများစွန်းလျက် လက်ကျိုးနေသော လီဟွင်းဆီသို့ လျှောက်သွားခဲ့သည်။ သူက အေးစက်စက် ရယ်မောရင်း "ခေါင်းဆောင် လီဟွင််း၊ မင်းက ငါ့ကို ဧည့်သည်အဖြစ် ဖိတ်ထားတာ မဟုတ်ဘူးလား။ မြေကြီးပေါ် လှဲနေတာက သိပ်မယဉ်ကျေးဘူးနော်။"

"မိစ္ဆာ...ကယ်...ကယ်ကြပါ!" စူးချန်ခုန်းက သူ့ညီအစ်ကိုတွေကို သတ်ပြီး သူ့ဆရာက ကြောက်စရာကောင်းလောက်အောင် အသတ်ခံလိုက်ရသောကြောင့် လီဟွင်းဟာ လုံးဝကို ထိတ်လန့်ကာ ပြိုလဲနေလေပြီ။ သူ့ကိုယ်သူ လက်တစ်ဖက်ဖြင့် ထောက်ကာ ထွက်ပြေးရန် ကုတ်ကပ်သွားရင်း ကြောက်လန့်တကြား အော်ဟစ်ကာ ပါးပြင်ထက်မှာ မျက်ရည်များ စီးကျလာပြီး သူ့အရင်က ယုံကြည်မှုနှင့် ဣန္ဒြေတွေ မရှိတော့ပေ။

စစ်ခုန်းကျန့်လည်း သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်နေ၏။ သူသည် လီဟွင်းကို နှစ်ကြိမ်တိုက်ခဲ့ပြီး နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။ သူက လီဟွင်းကို အထင်ကြီးစရာကောင်းလှသော ပြိုင်ဘက်လို့ သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာတော့ လီဟွင်းဟာ စူးချန်ခုန်းကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိတောင် ဆုံးရှုံးသွားခဲ့လေပြီ။

ဒီ... ဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးကို ငါဘာလို့ ရန်စမိခဲ့တာလဲ။

သူတို့ဟာ ဝေလငါးကြီးကို စားသောက်နိုင်တဲ့ ငါးမန်းအုပ်စုလို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ဟာ ဧရာမဝေလငါးကြီး တစ်ကျိုက်တည်း မျိုချနိုင်တဲ့ ငါးလေး၊ ပုစွန်လေးတွေသာ ဖြစ်သည်။

"ဗြိ!"

လီဟွင်းသည် ခြေလှမ်းနှစ်လှမ်းစာ မရောက်မီတွင် စူးချန်ခုန်းသည် သူ့ခေါင်းကို ဖမ်းဆုပ်ပြီးပြင်းထန်စွာ ဆောင့်ဆွဲကာ လည်ပင်းမှ ဆွဲဖြဲလိုက်သည်။ ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ပြိုလဲသွားကာ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေဆဲ။

အရာအားလုံး တိတ်ဆိတ်သွား၏။ သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားလေ၏။ စူးချန်ခုန်းကို နောက်တစ်ကြိမ် ချိန်ရွယ်ထားသည့် နတ်ဘုရားလက်တံလေးများပင် လည်ပတ်မှု ရပ်တန့်သွားသည်။ ထိုပင်လယ်ဓားပြများသည် ချွေးအေးများ ရွှဲနစ်နေပြီး မြှားများ တေ့ထားသော်လည်းပစ်ရာမှာကို ကြောက်နေကြသည်။ ဒီမိစ္ဆာဟာ.. သူတို့ယှဉ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားလေပြီ။

ထိပ်တန်းပင်လယ်ဓားပြ သုံးဦးစလုံးသည် စူးချန်ခုန်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။

"ဂိုဏ်းခေါင်းဆောင်စစ်ခုန်း၊ ကျွန်တော်တို့ရဲ့ သွေးကျားသစ်ပင်လယ်ဓားပြအုပ်စုက ဧရာမဝေလငါးဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်က ဒီကို လာလည်ဖို့ ရောက်နေတာပါ။ အခုချက်ချင်း ထွက်သွားပါတော့မယ်!"

ခပ်လှမ်းလှမ်းတွင် သွေးရောင်စစ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အပြုံးတောင့်တောင့်ဖြင့် လက်ဖြင့် အလေးပြုကာ လှည့်ထွက်သွားတော့သည်။

သွေးရောင် တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာကို ဝင်ဆင်ထားသူမှာ သွေးကျားသစ်ပင်လယ်ဓားပြအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ မူလက ပင်လယ်ဓားပြအဖွဲ့များစွာ၏ ခေါင်းဆောင်များသည် စစ်ခုန်းကျန့်ကို ငါးစာအဖြစ်သုံးကာ ထောင်ချောက်ဆင်ရန် သဘောတူခဲ့ပြီး စစ်ခုန်းယုံရောက်လာရန် စောင့်ဆိုင်းကာ ကျွမ်းကျင်သူအုပ်စုတစ်စုက သူ့ကိုသတ်ပြီးနောက် ဧရာမဝေလငါးဂိုဏ်းကို ခွဲဝေသိမ်းပိုက်ရန် ရည်ရွယ်ထားကြသည်။

သူတို့၏ အမြင်တွင် စစ်ခုန်းယုံသည် “ချီသွေးနဂါးရှည်” အဆင့်သို့ ရောက်သွားခဲ့သော်ငြား သူသည် အသွေးအသားရှိနေဆဲပင်။ ကျွမ်းကျင်သူများနှင့် အထက်တန်းအဆင့် စစ်သည်တော်များစွာ၏ တိုက်ခိုက်မှုသည် သူ့ကို နေရာမှန်သို့ ရောက်အောင် ပို့ဆောင်ပေးသင့်သည်။

ချီသွေးနဂါးရှည်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးပင်လျှင် လူအယောက်တစ်ထောင်နှင့် ချီသွေးနယ်ပယ်မှ သိုင်းပညာရှင်အယောက်နှစ်ဆယ်ကျော်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ဤတိုက်ပွဲ ခဏတာလေး အတွင်းတွင် "စစ်ခုန်းယုံ" သည် လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သည့် တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့သည်။ သူ၏ လေးနက်သော ချီစွမ်းအားဖြင့် ပေါ့ပေါ့ပါးပါး ကြွေးကြော်သံသည် တပ်သားတစ်ထောင်ကို ခြိမ်းခြောက်နိုင်ပြီး အစွမ်းထက်သော နတ်ဘုရားလက်တံဒူးလေးများကို သူ့ခန္ဓာကိုယ်ဖြင့် ခံနိုင်ရည်ရှိသည်။ အချိန်တိုလေးအတွင်းမှာပင် သူသည် ထျဲကျင့်ကန်းနှင့် လီဟွင်းအပါအဝင် ထိပ်တန်းကျွမ်းကျင်ပညာရှင် သုံးဦးကို သတ်ပစ်ခဲ့ပြီး ကျန်ပင်လယ်ဓားပြအဖွဲ့ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များက သူ့ကိုတိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။

အရင်ဆုံး နောက်ဆုတ်ရမည်။ တစ္ဆေကျွန်းမှ ထွက်ခွာပြီး နောက်အစီအစဉ်တစ်ခုကို စဉ်းစားရမည်။

All Chapters