ငွေတစ်သန်း။ မလွှမ်းမိုးနိုင်သော စွမ်းအား။ (၁)
Vol. 15 Ch. 215
"မင်းတို့ စိတ်ကြိုက် သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရတယ် ထင်နေလား။ သေလိုက်တော့။"
သို့သော် စူးချန်ခုန်း၏ သတ်ဖြတ်လိုစိတ်တိုးလာသည်နှင့်အမျှ သူ့သွေးများက ဒေါသတကြီး ဆူပွက်လာသည်။ ဒီလူတွေအားလုံး သူ့အသက်ကို သတ်ဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ စုဝေးလာကြတာဆိုတော့ စူးချန်ခုန်းက အဘယ်ကြောင့် သူတို့တွေကို အလွှတ်ပေးလိုမည်နည်း။ တတ်နိုင်သမျှ သတ်ပစ်ရမည်။
စူးချန်ခုန်းသည် ရုတ်တရက် ပါးစပ်ကို ဟလိုက်ပြီး ချီစွမ်းအင်က ရှူသွင်းလိုက်သော လေနှင့် ရောနှောကာ လွင့်ထွက်သွားပြီး ဧရာမ ဝေလငါးကြီး၏ ထွက်သက်ဝင်သက်ကဲ့သို့ ထူထဲသော လေထုကို ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူဆီသို့ ပေါက်ကွဲသွားစေသည်။
"ဘုန်း!"
သွေးချပ်ဝတ်တန်ဆာများ၏ မျက်ဆန်များ ကျုံ့သွားပြီး ဒေါသတကြီး အော်ဟစ်ကာ လက်သီးများဖြင့် ခုခံလိုက်သော်လည်း စူးချန်ခုန်း၏ အလွန်စွမ်းကောင်းသော ချီစွမ်းအင် ရှေ့တွင် သူ၏ ကြိုးစားအားထုတ်မှုများ ပြိုပျက်သွားခဲ့သည်။ ၎င်းသည် ချီစွမ်းအင်ဗုံးကဲ့သို့ ပေါက်ကွဲသွားပြီး လူ၏အသားကို ကွဲကြေစေကာ သူ၏လက်များနှင့် ခန္ဓာကိုယ်ကို တခြားစီဖြစ်သွားစေသည်။ အသွေးနှင့် အသားများသည် အဘက်ဘက်သို့ ပျံ့လွင့်သွားကာ ချက်ချင်းပင် သေဆုံးသွားခဲ့သည်။
"ငါဒီမှာရှိနေတယ်။ မင်းတို့တွေ တစ်ယောက်မှ ပြေးမလွတ်စေရဘူး!"
စူးချန်ခုန်းသည် ချီသွေးနယ်ပယ် ကျွမ်းကျင်သူအဖွဲ့ဆီသို့ ပြင်းပြင်းထန်ထန် ချီတက်သွားစဉ် နတ်ဘုရား သတ်ဖြတ်ခြင်း ကြောက်ရွံ့ထိတ်လန့်ဖွယ် စွမ်းအားကို သယ်ဆောင်လာကာ မျက်လုံးများက သွေးကြောများဖြင့် ရဲရဲနီနေလျက်။
"မင်း အရမ်းလွန်သွားပြီ။"
"ငါတို့ မင်းကို တကယ် ကြောက်တယ်လို့ ထင်နေတာလား။ သူ့ကို အတူတူ အနိုင်ယူရအောင်!"
ပင်လယ်ဓားပြအုပ်စုအသီးသီး၏ ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များသည် ချီသွေးနယ်ပယ် ပညာရှင်များ ဖြစ်ကြပြီး မိုးပြာပင်လယ်တွင် စွမ်းအားကြီးပြီး ကြီးစိုးနေကြသူများပင်။ သူတို့က စူးချန်ခုန်းကို အနိုင်ယူရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။
“ဘန်း ဒုန်း ဝုန်း !”
သို့သော် ဤချီသွေးနယ်ပယ် ကျွမ်းကျင်သူများသည် စူးချန်ခုန်းပေါ်တွင် သူတို့၏ သတ်ဖြတ်ခြင်း လှုပ်ရှားမှုများကို အသီးသီး အသုံးပြုခဲ့ကြသော်လည်း လိပ်အသက်ရှူနည်း ချီသံချပ်ကာသည် အနည်းငယ်မျှ မထိခိုက်ဘဲ တုန်ခါသွားရုံသာ။
"ဂျွတ်!"
သို့သော် စူးချန်ခုန်း၏ ပေါ့ပေါ့ပါးပါး လက်သီး တစ်လုံး သို့မဟုတ် သူ့လက်ဖဝါးတစ်ချက်ကို မြှောက်လိုက်ခြင်းဖြင့် အရိုက်ခံရသူများသည် အရိုးများ ကွဲအက်ကာ သွေးများက ပြင်းထန်စွာ ဖျန်းခနဲ ပန်းထွက်ကုန်၏။
အကွက်အနည်းငယ် ဖလှယ်ရုံဖြင့် ချီသွေးနယ်ပယ်မှ ကျွမ်းကျင်သူ နှစ်ဦး သို့မဟုတ် သုံးဦးသည် စူးချန်ခုန်းကြောင့် ခြေလက်များ ကျိုးကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
"ငါ သူ့ကို ထိခိုက်အောင် လုံးဝ မလုပ်နိုင်ဘူး... အဲဒါ လိပ်ခွံလား။ သူ့ခံစစ်မှာ အားနည်းချက် တစ်စက်မှ မရှိဘူး!"
"ပြေး! လူခွဲပြီး ပြေးကြ! ငါတို့အားလုံးကို လိုက်ဖို့ သူလူမခွဲနိုင်ဘူး!"
ဤ ချီသွေးနယ်ပယ်စွမ်းအားရှင်များသည် တုန်လှုပ်ခြောက်ခြားကာ ဒေါသထွက်နေကြသည်။ စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းချီသံချပ်ကာသည် ကိုယ်ထည်အပြည့်ဖြင့် ရှုထောင့်အပြည့် ဒဏ်ခံနိုင်သော အကာအကွယ်ကို ပေးစွမ်းသည်။ သူတို့ ဒါကို မချိုးဖောက်နိုင်ရင်လည်း ချိုးဖောက်မနေတော့ပေ။
ထို့အပြင် ချီသွေးနယ်ပယ် သိုင်းပညာရှင်အများအပြားသည် ဤကြောက်စရာကောင်းသောရန်သူကို တိုက်ခိုက်ရန် အသက်စွန့်ရဲသော သတ္တိကို လုံးဝဆုံးရှုံးလိုက်ရပြီး ထွက်ပြေးရန် အရပ်ရပ်သို့ လှည့်ပတ်ပြေးကာ ရင်ပြင်အနီးတစ်ဝိုက်ရှိ ပင်လယ်ဓားပြများ အချင်းချင်း ဝရုန်းသုန်းကား ပြိုလဲစေခဲ့သည်။
"ပြေး! ဆက်ပြေး!"
ပင်လယ်ဓားပြအုပ်စုကြီးများ၏ ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များပင်လျှင် ၎င်းတို့၏ ကြောက်ချေးတုန်နေကြလေပြီ။ ထို့ကြောင့် ကျန်ပင်လယ်ဓားပြအဖွဲ့များသည် စူးချန်ခုန်းကို မည်သို့ ရင်ဆိုင်ရဲကြမည်နည်း။ ပြိုလဲနေသောစစ်တပ်ကဲ့သို့ လုံးလုံးလျားလျား ကွဲထွက်သွားလေသည်။
တကယ်တော့ စူးချန်ခုန်းဟာ အနိုင်ယူနိုင်စွမ်းမရှိတာ မဟုတ်ပါ။ အကယ်၍ ဤချီသွေးနယ်ပယ် သိုင်းပညာရှင်နှင့် ပင်လယ်ဓားပြများသည် သူ့ကိုသေသည်အထိ ဝိုင်းတိုက်ပါက စူးချန်ခုန်း ရှုံးနိမ့်သွားမည်ဖြစ်သည်။
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းချီသံချပ်ကာ သည် ခုခံအားကောင်းသော်လည်း ချီစွမ်းအင်၏ ပံ့ပိုးကူညီမှုလည်း လိုအပ်သည်။ အဆက်မပြတ် သုံးစွဲခြင်းနှင့် တိုက်ခိုက်မှုများ တိုးလာခြင်းတို့ကြောင့် သူ၏ ချီစွမ်းအင်သည် ကုန်ဆုံးသွားသည်နှင့် အရိုးတခြား အသားတခြားဖြစ်ကာ ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုရထားသူများ ဓားရမ်းလိုက်ပင် သူ့ကို ဒဏ်ရာရသွားစေနိုင်သည်။
ဒါပေမယ့် ဒီပင်လယ်ဓားပြတွေဟာ စက်ရုပ်တွေ မဟုတ်ပါ။ လီဟွင်းကဲ့သို့သော ကျွမ်းကျင်ပညာရှင်များကို အတင်းအကြပ် သတ်ခဲ့သည့် စူးချန်ခုန်းနှင့် ရင်ဆိုင်ရသောအခါတွင် သူတို့၏ စိတ်ဓာတ်များ လုံးဝပြိုလဲသွားကာ ရန်သူဖြစ်ရန် သတ္တိပင်မရှိတော့။
သေခြင်းတရားကို မကြောက်ဘဲ ခြင်္သေ့ကို သတ်နိုင်သည့် တောင်ဆိတ်အုပ်စု၏ မှတ်တမ်းများ ရှိကောင်းရှိနိုင်သော်လည်း အများစုမှာ ခြင်္သေ့မြင်သည်နှင့် အရပ်ရပ်သို့ ကြောက်လန့်တကြား ထွက်ပြေးကြသလိုပင်။
စူးချန်ခုန်းသည် လီဟွင်းနှင့် အခြားလူများကို သတ်ရန် ခွန်အားအပြည့်ဖြင့် စတင်ခဲ့ပြီး လူစုလူဝေးကို ခြိမ်းခြောက်ခဲ့သည်။ တစ်ကြိမ်ချပြခဲ့ပြီးနောက် အကြိမ်တစ်ရာချရမည့်အရေးကို ရှောင်ရှားနိုင်ခဲ့သည်။ စူးချန်ခုန်း အောင်မြင်ခဲ့သည်မှာ သိသာပါသည်။
လက်ရှိ စူးချန်ခုန်းသည် သက်ရှိထင်ရှား စစ်ခုန်းယုံထက် အဆပေါင်းများစွာ သာလွန်သည်ဖြစ်စေ ဒါက မလိုအပ်တော့ပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါသည်။ စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာသည် ခံစစ်တွင် အထူးပြုသည့် နဝမအဆင့်သို့ ရောက်ရှိခဲ့သည်။ ဝိုင်းရံခြင်းကိုရင်ဆိုင်ရသောအခါ ရန်သူများသည် သူ၏ ခံစစ်ကို မချိုးဖျက်နိုင်ပေ။ သူ၏စစ်မှန်သော ချီစွမ်းအင် မကုန်သေးသရွေ့ ပြိုင်ဘက်အရေအတွက်က သူ့အတွက် အရေးမပါပေ။ ထို့ကြောင့် အားနည်းသော ရန်သူအများအပြားကို ရင်ဆိုင်ရပါက အားနည်းသူများကို အနိုင်ယူပြီး ဘက်ပေါင်းစုံမှ သတ်ဖြတ်နိုင်မည်ဖြစ်သည်။
စစ်ခုန်းယုံသည် ဧရာမဝေလငါးစွမ်းရည်ကို အထူးပြုပြီး တိုက်စစ်ကို အားသာသည်။ တစ်ယောက်ချင်း တိုက်ပွဲတစ်ခုတည်းတွင် သူသည် အမှန်တကယ်ပင် ရဲရင့်ပြီး အောင်နိုင်သူမရှိသော်လည်း သူ၏ခံစစ်စွမ်းအားမှာ သေချာပေါက် စူးချန်ခုန်းနှင့် မယှဉ်နိုင်ပေ။ ပြိုင်ဘက်များစွာနှင့် ရင်ဆိုင်ရပါက အားနည်းချက်ကြီးတစ်ခု ဖြစ်လိမ့်မည်။ ဘယ်သူက ပိုသန်သလဲ ပိုအားနည်းသလဲဆိုတာကေတာ့ အချင်းချင်း မတိုက်သေးသရွေ့ပြောဖို့ခက်လေသည်။ အထူးသဖြင့် စစ်ခုန်းယုံအစစ်အမှန်က အရင်ကတည်းက ကွန်လွန်သွားခဲ့ပြီဆိုတော့။
"ငါ့ရဲ့စန်းတိက… စစ်နတ်ဘုရား လူဝင်စားတာနဲ့တူတယ်!"
စစ်ခုန်းဟွမ်က တအံ့တသြ ကြည့်နေ၏။ ချီသွေးနယ်ပယ် သိုင်းပညာရှင် အပါအဝင် ထောင်ပေါင်းများစွာသော ပင်လယ်ဓားပြများသည် အရပ်ရပ်သို့ ထွက်ပြေးနေကြသည်။ သူ၏ နှလုံးသားသည် စူးချန်ခုန်းအပေါ် ထူးထူးခြားခြား ခံစားချက်များ ပေါက်ဖွားလာကာ ၎င်းက စွမ်းအားကြီးသောသူကို သဘောကျခြင်းပင် ဖြစ်သည်။
"ဂိုဏ်းခေါင်းဆောင်။ သူက ဧရာမ ဝေလငါးဂိုဏ်းရဲ့ နတ်ဘုရားလိုမျိုး ရဲစွမ်းသတ္တိရှိပြီး ပြိုင် ဘက်ကင်း ခေါင်းဆောင်တစ်ယောက်ပဲ။ လူ ထောင်ပေါင်းများစွာ ခံနိုင်ရည်မရှိတဲ့ ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားတယ်။"
ကျောက်ထျန်းဟောက်နှင့် ကုန်းအန်းတို့သည် 'စစ်ခုန်းယုံ' ကို နတ်ဘုရားကဲ့သို့ ရိုသေစွာ လေးစားကာ မူးလဲလုနီးပါး စိတ်လှုပ်ရှားသွားကြသည်။
စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုခဏလေးအတွင်း သူ၏ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲမှုကြောင့် အနည်းငယ် မောပန်းနွမ်းနယ်နေသော်လည်း ၎င်းကို မထုတ်ပြဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိာက်သည်။ “အဲ့ဒီလူတွေရဲ့ ခေါင်းကို သွားယူလိုက်!”
“ဟုတ်ကဲ့!”
ကျောက်ထျန်းဟောက်နှင့် ကုန်းအန်းတို့ နှစ်ဦးစလုံးသည် စိတ်လှုပ်ရှားစွာ တုံ့ပြန်ခဲ့ကြပြီး အရိပ်တစ္ဆေအကြီးအကဲ၊လီဟွင်းနှင့် စူးချန်ခုန်းသတ်ဖြတ်ခံခဲ့ရသော အခြားသော ပင်လယ်ဓားပြအဖွဲ့ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များ၏ ခေါင်းများကို ယူရန် ခြေလှမ်းစလှမ်းလိုက်သည်။ ဤအရာများသည် ပင်လယ်ဓားပြအုပ်စုများအတွင်း ခြောက်လန့်နိုင်သည့် အရာများဖြစ်လာလိမ့်မည်။
"သတ်၊ ဆက်ပြီး သတ်ကြ!"
ထိုအချိန်တွင် တစ္ဆေကျွန်းအနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် ဧရာမဝေလငါးဂိုဏ်းနှင့် ပင်လယ်ဓားပြအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။ သောင်းနှင့်ချီသောလူများသည် ပင်လယ်ပြင်ပေါ်တွင် တိုက်ပွဲဆင်နွှဲနေကြပြီး ကျောက်တုံးပစ် လေးခွများ၊ ဒုံးလက်နက်များကို အသုံးပြုရင်း အနီးကပ်တိုက်ပွဲအတွက် သင်္ဘောများကို ဝင်ဆောင့်ကာ ပျဉ်ထိုးလျက် ချီတက်လာကြသည်။ နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုနေကြပြီး တိုက်ပွဲ၏အော်ဟစ်သံများက ကောင်းကင်ကိုပင် တုန်ဟီးစေ၏။
အနီးနားရှိ ပင်လယ်ပြင်က နောက်ကျိနေကာ လျင်မြန်စွာ ဖြေရှင်းရန် ခက်ခဲသော ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်နေသည်။
"သူတို့ကို ရှင်းပစ်။ ထောင်ချောက်ကို ရင်ဆိုင်နေရတဲ့ ဧရာမ ဝေလငါးဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံကို ငါတို့ရဲ့ခေါင်းဆောင်က အခုအချိန်ဆိုရင် အစိတ်စိတ်အမွှာမွှာ လုပ်ပြီးလောက်ပြီ။ မိုးပြာပင်လယ်ကြီးကို ပြန်လည်နေရာချဖို့ အချိန်တန်ပြီ!"
အမျိုးမျိုးသော အုပ်စုများမှ ပင်လယ်ဓားပြများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ရဲရင့်စွာ တိုက်ခိုက်နေကြသည်။
ပင်လယ်ဓားပြအားလုံး၏အမြင်တွင် သူတို့၏ဘက်မှ ငါးကြီးစစ်ခုန်းယုံကို မျှားရန်အတွက် ငါးစာ စစ်ခုန်းကျန့်နှင့် ဆွဲဆောင်ခဲ့ပြီး စောင့်ဆိုင်းနေသော ကျွမ်းကျင်ပညာရှင်များစွာသည် သူနာလန်ပြန်မထူနိုင်အောင် အသေအချာ လုပ်ကြမည်သာ။