တစ်သန်း။ မလွှမ်းမိုးနိုင်သော စွမ်းအား။ (၂)
Vol. 15 Ch. 216
သို့ပေမယ့် မကြာခင်မှာပဲ အခြေအနေတွေ ပြောင်းလဲလာ၏။
"ကျွန်းမှာ ဘာဖြစ်နေတာလဲ။ လူတချို့ လှေနဲ့ထွက်ပြေးတာကို တွေ့ခဲ့ရတယ်။ အဲဒီအထဲမှာ ငါတို့ သွေးကျားသစ်ပင်လယ်ဓားပြအဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်လည်း ပါတယ်။"
ပင်လယ်ဓားပြ စစ်သင်္ဘောတစ်စင်းပေါ်မှ ပင်လယ်ဓားပြများသည် တစ္ဆေကျွန်းအစွန်းတွင် ပင်လယ်ဓားပြများက သူတို့၏အသက်အတွက် ပြေးနေကြသကဲ့သို့ အချို့မှာ လှေဖြင့်ပြေးကြပြီး အချို့က သူတို့၏ပင်လယ်ဓားပြသင်္ဘောဆီသို့ ရိုးရိုးရေကူးလာနေကြသည်ကို သတိပြုမိကြသည်။
"ဘာတွေဖြစ်နေတာလဲ။ မင်းဘာလုပ်နေတာလဲ။ ဘာလို့အဲ့လောက် ဖရိုဖရဲနေတာလဲ"
တစ္ဆေကျွန်းမှ ပင်လယ်ဓားပြသင်္ဘောအနားသို့ ကူးခတ်လာသော ပင်လယ်ဓားပြတစ်ဦးအား ကြိုးဖြင့်ဆွဲတင်လိုက်သည်။ သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများက မမေးဘဲမနေနိုင်ခဲ့။ အသက်စွန့်၍ ထွက်ပြေးရသည့် ပြဿနာအချို့ ရှိနေလို့လား။
ရေရွှဲနေသော ပင်လယ်ဓားပြသည် အသက်ရှုကြပ်ကာ သူ့မျက်လုံးများကို ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် အော်ပြောလိုက်လေ၏။ "သေပြီ... ခေါင်းဆောင် လီဟွင်း၊ ဒုခေါင်းဆောင် လီဖေး၊ သူတို့ နှစ်ယောက်လုံး သေသွားပြီ။ စစ်ခုန်းယုံ သတ်လို့သေပြီ။ ထျဲကျင့်ကန်း၊ သွေးကျားသစ်အဖွဲ့နဲ့ တခြားသူတွေရောပဲ..."
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဒါကိုကြားတော့ သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြတွေက မယုံကြည်နိုင်ဖြစ်နေပေမဲ့ ပင်လယ်ဓားပြအဖွဲ့တွေရဲ့ ခေါင်းဆောင်တချို့နဲ့ ဒုခေါင်းဆောင်တချို့အပါအဝင် ထွက်ပြေးလာတဲ့ ကျွန်းအစွန်းမှ ပင်လယ်ဓားပြတွေကို မြင်တော့ သူတို့ အနည်းငယ် မှင်တက်သွားကြသည်။
ချီသွေးနယ်ပယ်ရှိ ဤထူးဆန်းသော သိုင်းပညာရှင် နှစ်ဆယ်ကျော်နှင့် ရာနှင့်ချီသော လက်ရွေးစင်များ၊ နတ်ဘုရားလက်တံဒူးလေးကဲ့သို့သော လက်နက်ကြီးများ ရှိပေမယ့် ရလဒ်မှာ သူတို့ ဘက်ခြမ်းက တစ်ဦးတည်းသောလူ၏ သတ်တာခံခဲ့ရပြီး ခွက်ခွက်လန်အောင်ရှုံးကာ ထွက်ပြေးလာခဲ့ရတယ်တဲ့လား။
"လီဟွင်း၊ ထျဲကျင့်ကန်းနဲ့ အရိပ်တစ္ဆေအကြီးတို့အားလုံးကို ငါတို့ရဲ့ ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်က သတ်ပစ်လိုက်ပြီ! ဂိုဏ်းခေါင်းဆောင်က ငါတို့ကို အမိန့်ပေးလိုက်တယ်။ သတ်ပစ်။ ပင်လယ်ဓားပြတွေအားလုံးကို သုတ်သင်ပစ်။ တစ်ယောက်မှ မကျန်စေနဲ့!"
ထိုအချိန်တွင် ကျွန်းအစွန်းတွင် ကျောက်ထျန်းဟောက်က သူ၏ ချီစွမ်းအင်ကို စုစည်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အသံသည် ကျယ်လွန်းလှသည်ဖြစ်ရာ ပင်လယ်ဓားပြများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
တစ္ဆေကျွန်း၏ အစွန်းတွင် လူအနည်းငယ်က ဝံ့ကြွားစွာ ရပ်နေကာ ထိုလူများထဲမှ ခေါင်းဆောင် 'စစ်ခုန်းယုံ' က ထိခိုက်မှုမရှိဘဲ လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေ၏။
သူ့ဘေးမှာ ကျောက်ထျန်းဟောက်နဲ့ တခြားသူတွေ ရှိနေသည်။
ကျောက်ထျန်းဟောက်၊ စစ်ခုန်းဟွမ်နှင့် အခြားသူများ အားလုံးသည် သွေးစွန်းနေသော ခေါင်းများကို ကိုင်ကာ လက်နှစ်ဖက်ကို မြှောက်လိုက်ကြသည်။
"အဲဒါ... ခေါင်းဆောင် လီဟွင်းပဲ။ သူတကယ်သေသွားပြီ"
"ပြီးတော့ ထျဲကျင့်ကန်း... သူကမိုးပြာပင်လယ် ရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေထဲက ကိုးယောက်မြောက် ဓားပြအဖြစ် နာမည်ကြီးနေတာ မဟုတ်လား။"
ပင်လယ်ဓားပြများ အံ့အားသင့်သွားကြသည်။ ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှု ရှိသူ များသည် အထူးကောင်းမွန်သော အမြင်အာရုံများ ရှိပြီး စစ်ခုန်းဟွမ်နှင့် အခြားအကြီးအကဲများ ကိုင်ထားသည့်ခေါင်းများက အဓိက ပင်လယ်ဓားပြ အဖွဲ့ ခေါင်းဆောင်များ၏ ခေါင်းများဖြစ်သည်မှာ အမှန်ဖြစ်ကြောင်းကို အဝေးမှ လှမ်းမြင်နိုင်သည်။ စစ်ခုန်းယုံကို ဝိုင်းရံခဲ့ကြသော ကျွမ်းကျင်ပညာရှင်များမှာ သေကုန်ကြပြီ သို့မဟုတ် ထွက်ပြေးကုန်ကြပြီဖြစ်သည်။
လူတစ်ယောက်က လူတစ်ထောင်ကို အနိုင်ယူခဲ့တာလား။ ဒီအရာက လူသားတို့၏ အားထုတ်မှုဖြင့် အမှန်တကယ် အောင်မြင်နိုင်ပါသလား။
"မိစ္ဆာနတ်ဆိုး...သူဟာ မိစ္ဆာနတ်ဆိုးပဲ!"
တစ္ဆေကျွန်းတွင် တိုက်ပွဲကြီးတစ်ခုကို မျက်မြင်တွေ့ခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာသော ပင်လယ်ဓားပြများလည်း ရှိသည်။ ယခု သူတို့သည် အော်ဟစ်သံများဖြင့် တုန်လှုပ်နေကြပြီး သူတို့၏ မျက်လုံးများတွင် အကြောက်တရားများ မုချရှိနေ၏။
"သွေးဓားသွားပင်လယ်ဓားပြအဖွဲ့၊ အဖွဲ့ဝင်အားလုံး၊ ဆုတ်ခွာ၊ ဆုတ်ခွာကြ!"
ထိုအချိန်တွင် စူးချန်ခုန်း၏ လက်မှ ခပ်သီသီလေး လွတ်မြောက်သွားသော ပင်လယ်ဓားပြအဖွဲ့မှ ခေါင်းဆောင်တစ်ယောက်က ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သူတို့သည် မူလက စစ်ခုန်းယုံကိုသတ်ပြီး ဧရာမဝေလငါးဂိုဏ်းကို လက်နက်ချကာ ပြိုလဲစေရန် သူ့ဦးခေါင်းကို အသုံးပြုဖို့ စီစဉ်ခဲ့သော်လည်း ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်လာသည်။ သူတို့၏ ကျွမ်းကျင်ပညာရှင် အများအပြားကို 'စစ်ခုန်းယုံ' တစ်ယောက်တည်း သတ်ဖြတ်ခဲ့ပြီး တပ်ဖွဲ့များကို ဖြန့်ကျဲကာ ဧရာမဝေလငါးဂိုဏ်းက သူတို့၏ တပ်များကို စိတ်ဓာတ်ကျစေရန် ခေါင်းများကို အသုံးပြုခဲ့သည်။ ဘာအတွက် တိုက်ပွဲဝင်ရဦးမည်နည်း။
"ဆုတ်ခွါကြ"
သွေးဓားသွားပင်လယ်ဓားပြအဖွဲ့၏ သင်္ဘောများ အားလုံးသည် စစ်မြေပြင်မှ ခွဲထွက်ပြီး လမ်းကြောင်းပြောင်းကာ ပင်လယ်နက်ကြီးဆီသို့ ထွက်ပြေးကြသည်။
စစ်ရုံးခြင်းသည် ဇယ်ဆက်သလို ဆင့်ကဲ့ဖြစ်ပွားကာ ပျံ့နှံ့သွားလေ၏။ တစ်ဖက်မှ အားနည်းပြီး ထွက်ပြေးလာကြတော့ ကွင်းဆက်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာ၏။ ဒီပင်လယ်ဓားပြတွေ အားလုံးဟာ မတူညီတဲ့ ပင်လယ်ဓားပြအဖွဲ့တွေကနေ ဆင်းသက်လာကြပြီး တစ်စုတစ်စည်းတည်းဖြစ်ဖို့ဆိုတာမဖြစ်နိုင်ပါ။
"ခေါင်းဆောင်သေပြီ... ပြန်ဆုတ်ရအောင်"
"မိုးကြိုးသွား ပင်လယ်ဓားပြအဖွဲ့၊ ဆုတ်ခွာတော့!"
သွေးဓားသွားပင်လယ်ဓားပြအဖွဲ့မှ ဆုတ်ခွာ ထွက်ပြေးပြီးနောက် ပင်လယ်ဓားပြအဖွဲ့များ အဆင့်ဆင့် ဆုတ်ခွာရန် အမိန့်ထုတ်ခဲ့ပြီး တင်းမာနေခဲ့သော စစ်မြေပြင်ကြီးက အလွန်တရာ တိမ်းစောင်းသွားခဲ့သည်။
"ဂိုဏ်းခေါင်းဆောင် လီဟွင်းကို သတ်လိုက်ပြီလား။ ဂိုဏ်းခေါင်းဆောင်ငယ်လေးကိုလည်း ကယ်နိုင်လိုက်ပြီ!"
"ဘယ်သူမှ မလွတ်စေနဲ့၊ ပြေးခွင့်မပြုနဲ့!"
ဧရာမဝေလငါးဂိုဏ်းဘက်က ဆုတ်ခွာသွားသော ပင်လယ်ဓားပြများနှင့် ကျောက်ထျန်းဟောက်ထံမှ အောင်ပွဲသတင်းကို ကြားလိုက်ရာ သူတို့၏ စိတ်ဓာတ်များ မြင့်တက်လာသည်။
အဖွဲ့ဝင်များသည် စစ်ခုန်းယုံက ကျွန်းသို့ ညှိနှိုင်းရန် တစ်ယောက်တည်း သွားတာကို စိုးရိမ်ခဲ့ကြသော်လည်း 'စစ်ခုန်းယုံ' က သူတို့ကို စိတ်မပျက်စေခဲ့ပေ။ သူသည် ဤပင်လယ်ဓားပြများ၏ ခေါင်းဆောင်များကို အတွင်းပိုင်းမှ ဖြိုခွဲခဲ့ပြီး ကွဲထွက်စေခဲ့သည်။
ယခုတော့ ရန်သူတွေ ကျရှုံးနေချိန်မှာ ဖြိုခွင်းရန် အချိန်တန်လေပြီ ။
“ဝေလငါးပြာ၊ ရှေ့က စစ်သင်္ဘောကို ကြားဖြတ်တိုက်”
ဧရာမ ဝေလငါးဂိုဏ်း၏ စိတ်ဓာတ်သည် မိုးထိ မြင့်မားလာ၏။ ကင်းထောက်များသည် ပင်လယ်ဓားပြသင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့ပြီး တိုက်ခိုက်ရေး အတွေ့အကြုံ များပြားသည့် စစ်ခုန်းဝမ်ကဲ့သို့သော တပ်မှူးများက စစ်သင်္ဘောများကို ကြားဖြတ်တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်။
စူးချန်ခုန်းသည် တစ္ဆေကျွန်းအစွန်းတွင် ရပ်ကာ အဝေးက ပင်လယ်ပြင်ရှိ ဖရိုဖရဲဖြစ်နေမှုများကို စောင့်ကြည့်ရင်း လူတစ်ယောက်၏ စွမ်းအားက ထောင်ပေါင်းများစွာသော လူတို့၏ တိုက်ပွဲအောင်ပွဲအား အမှန်တကယ် ဆုံးဖြတ်နိုင်ကြောင်း ဝန်ခံလိုက်ပြီး စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
ရေကြောင်းတိုက်ပွဲတွင် ကိုယ်ပိုင်စွမ်းရည်ကို သရုပ်ပြရန် ခဲယဉ်းသော်လည်း စူးချန်ခုန်းသည် လီဟွင်းနှင့် အခြားကျွမ်းကျင်သူများကို သတ်ခြင်းမှာ တိကျသေချာသော အဆုံးအဖြတ်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ကောင်းကင်သည် ပို၍ မှောင်လာကာ တစ္ဆေကျွန်းအနီးရှိ ရေပြင်တွင် ပင်လယ်ဓားပြသင်္ဘော အပိုင်းအစများအပြင် ပင်လယ်ဓားပြများ၏ အလောင်းများ ကျဲပြန့်ကာ ဤတိုက်ပွဲ၏ အဆုံးသတ်ကို အချက်ပြနေလေ၏။
ရေကြောင်းတိုက်ပွဲတွင် ပင်လယ်ပြင်က ကျယ်ပြောလှပြီး သင်္ဘောများ၏ ဆင်တူသောအမြန်နှုန်းဖြင့် ပင်လယ်ဓားပြအုပ်စုအားလုံးကို ချေမှုန်းပစ်ဖို့ မဖြစ်နိုင်လောက်ပါ။ သို့သော် ဤသည်မှာ ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခု မုချဖြစ်ပြီး မကြုံစဖူးသော အောင်မြင်မှုတစ်ခုဖြစ်သည်။
စွမ်းအားတစ်ခုတည်းဖြစ်သော ဧရာမဝေလငါးဂိုဏ်းသည် ပင်လယ်ဓားပြအဖွဲ့ ဆယ်ဖွဲ့နီးပါးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အောင်ပန်း ဆွတ်ခူးနိုင်ခဲ့ကာ သူတို့ကို မောင်းထုတ်ခဲ့သည်။ ဤသတင်း ပြန့်နှံ့သွားသည်နှင့် တပြိုင်နက် ဧရာမဝေလငါးဂိုဏ်း၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေမည်ဖြစ်ပြီး မိုးပြာပင်လယ်တွင် မည်သူမျှ သူတို့အား ဆန့်ကျင်ဝံ့တော့မည်မဟုတ်တာ သေချာပါသည်။
"ငါတို့အနိုင်ရခဲ့ပြီ...လူငယ်လေးစူးက လူသားတွေကြားထဲက နဂါးအစစ်ပဲ။ ယုံအာက သူ့အသက်အရွယ်နဲ့တောင် သူနဲ့ တန်းတူ မယှဉ်နိုင်လောက်ဘူး..."
စစ်ခုန်းဝမ်သည် စူးချန်ခုန်း၏ အေးဆေးတည်ငြိမ်သော အမူအရာကို ကြည့်ပြီး တိတ်တဆိတ် ပြင်းချကာ ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် သူ့သားလေးအကြောင်း တွေးနေမိတော့သည်။