← Chapters

ချီသွေးအသွင်ပြောင်းခြင်း အဆင့်ခြောက်။ ဆဋ္ဌမအဆင့် ဧရာမဝေလငါးနည်းပညာ။ (၂)

Vol. 15 Ch. 219

ချီသွေးအသွင်ပြောင်းခြင်း အဆင့်ခြောက်။ ဆဋ္ဌမအဆင့် ဧရာမဝေလငါးနည်းပညာ။ (၂)

Vol. 15 Ch. 219

"အတင့်ရဲလိုက်တာ"

ထိုစကားတွေပြောပြီးချိန်မှာတော့ ကုန်းယွိဟူရဲ့မျက်နှာက ပြောင်းလဲသွားပြီး ဝတ်ရုံဖြူရောင်လူငယ်လေးရဲ့ ဒေါသတွေ မြင့်တက်လာသည်။ သူ့လက်ဖဝါးက သူ့ခါးမှ ဓားသွားကို ဖိလိုက်သည်။

သို့သော်လည်း ဝတ်ရုံဖြူ လူငယ်လေး သူ့ဓားကို မဆွဲမီ ကုလားထိုင်တွင် ထိုင်နေသော စူးချန်ခုန်းက သတိပေးချက်မရှိဘဲ လှုပ်ရှားသွားခဲ့သည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်ပြီး သာမန်မျက်စိဖြင့် ဖမ်းယူနိုင်သည့် ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။ သူ့လက်ဖဝါးကို အောက်သို့ ဖိလိုက်ရာ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည့် ဝတ်ရုံဖြူ လူငယ်လေး၏ ညာလက်ကို ရိုက်ချလိုက်သည်။

“ဂျွတ် ဂျက် ဂျက်!”

ခပ်အုပ်အုပ် ပေါက်ကွဲသံများကြားတွင် ဝတ်ရုံဖြူဝတ်လူငယ်သည် ပေါင်ထောင်ချီအလေးချိန်ရှိသော တူဖြင့် ညာဘက်လက်ကို ရိုက်ချိုးခံလိုက်ရသကဲ့သို့ စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာသည်။ သူ့ညာဘက်လက်၏အရိုးများသည် အစိတ်စိတ်အမွှာမွှာကွဲကြေကာ အသားကိုဖောက်လျက် ပြူးထွက်လာ၏။

"ငါ့လက်... ငါ့လက်!"

ထိုလူငယ်လေးသည် စူးစူးဝါးဝါးအော်သံပြီး မျက်ရည်များနှင့် နှာရည်များ စီးကျလာကာ နာကျင်စွာ အော်ဟစ်လိုက်သည်။

၀တ်စုံဖြူဝတ်လူငယ်သည် ချီသွေးသွေးသန့်စင်ခြင်း တစ်ကြိမ်ထက်ပို၍ ပြီးမြောက်ထားပြီး သိုင်းပညာနယ်ပယ်တွင် အားနည်းသူမဟုတ်ပေ။ သူသည် ကုန်းမိသားစုမှ ပြုစုပျိုးထောင်ထားသော ဉာဏ်ကြီးရှင် သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း စူးချန်ခုန်းရှေ့မှာ သူ့ဓားဆွဲထုတ်ဖို့ တွေးလိုက်တာက တကယ်ကို ပြဿနာရှာလိုက်တာပင်။

"‌ဒါက ကြီးမားတဲ့ သင်ခန်းစာအတွက် သေးငယ်တဲ့ ပြစ်ဒဏ်လေးတစ်ခုပဲ။ နောက်တစ်ကြိမ် ထပ်မဖြစ်စေနဲ့။ ထပ်ပြီး အော်နေရင် မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်။" စူးချန်ခုန်းသည် လုံးဝ မလှုပ်မယှက် ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူ့အသံက အေးစက်နေပြီး လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတာကြောင့် ဝတ်စုံဖြူနှင့်လူငယ်လေး၏ အော်သံကို ရပ်တန့်စေခဲ့သည်။ သို့သော်လည်း နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူ့ခန္ဓာကိုယ် တသိမ့်သိမ့်တုန်ကာ နောက်သို့ ယိုင်သွားပြီး စူးချန်ခုန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေ၏။

ဤ 'စစ်ခုန်းယုံ' သည် ချီသွေးနယ်ပယ် ပင်လယ်ဓားပြ အယောက်နှစ်ဆယ်ကို အလွယ်တကူဖြင့် တစ်ကိုယ်တည်း အနိုင်ယူနိုင်ခဲ့သည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ထိုမှသာ သူ မှတ်မိတော့သည်။

ကုန်းယွိဟူသည် သူ့နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။ ဒီစစ်ခုန်းယုံက တော်တော်လေး အတင့်ရဲလွန်းသည်။ သူတို့သည် ကုန်းမိသားစုမှဖြစ်သော်လည်း တစ်ဖက်လူက ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ လုံးဝမငဲ့ညှာခြင်းမရှိ ရိုက်နှက်ခဲ့သည်။

ကုန်းယွိဟူအံကြိတ်ကာ "ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ ခင်ဗျားရဲ့ ဧရာမဝေလငါးဂိုဏ်းက တော်တော်လေး စွမ်းအားကြီးပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ ကုန်းမိသားစုကို တကယ်ရန်သူဖြစ်အောင် လုပ်ချင်တာလား။"

စူးချန်ခုန်းက အေးစက်စွာ ပြန်ဖြေသည်။ "မင်းရဲ့ ကုန်းမိသားစုကသာ သူတစ်ပါးကို အထင်သေးရ‌တာ ကျင့်သားရနေတာ။ မင်းတို့ တွေ တတကယ် တိုက်ချင်တယ်ဆိုရင် ငါက ဆုံးခန်းတိုင်အောင် တိုက်ပေးဖို့ ဆန္ဒရှိတယ်။ ငါ့ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာထက် ပိုပျော်စရာကောင်းတာ ဘာမှမရှိဘူး!"

စူးချန်ခုန်းသည် ကုန်းမိသားစုအား ရန်စမိမည်ကို ဂရုမစိုက်ပါ။ ယခင်က ဧရာမဝေလငါးဂိုဏ်း နှင့် ကုန်းမိသားစုကြားတွင် ဆက်ဆံရေးမကောင်းခဲ့ပေ။ သို့သော်လည်း ဧရာမဝေလငါးဂိုဏ်းကို ဆန့်ကျင်သည့် ပင်လယ်ဓားပြများကို ကုန်းမိသားစုက လျှို့ဝှက်ထောက်ခံပေးခဲ့ရာ ကုန်းမိသားစုသည် သူတို့အား ရန်သူအဖြစ် မှတ်ယူကြောင်း ရှင်းရှင်းလင်းလင်း သိသာနေပြီဖြစ်သည်။

ဒါ့ထက် ဒါက ဧရာမဝေလငါးဂိုဏ်းနဲ့ ကုန်း မိသားစုကြား ရန်ငြိုးဖွဲ့စရာ ကိစ္စမဟုတ်ပေမယ့် သူနဲ့ ကုန်းမိသားစုကြားက ကိစ္စဖြစ်သည်။

"အရင်ကလိုပဲ။ ငွေတစ်သန်းနဲ့ နတ်ဘုရားလက်တံဒူးလေးရှစ်ချောင်းကို ပြန်လာယူ။"

စူးချန်ခုန်းက ပြုံးလိုက်သည်။

ကုန်းမိသားစုသည် ဧရာမဝေလငါးဂိုဏ်းကို ရန်သူအဖြစ် သဘောထားပြီးသားဖြစ်သည်။ ခိုင်မာသော သဘောထားကိုပြသခြင်းဖြင့် ဧရာမဝေလငါးဂိုဏ်းသည် အသေးအဖွဲ့မဟုတ်ဘဲ တိုက်ပွဲအတွက် အမြဲအဆင်သင့်ဖြစ်နေကြောင်း ကုန်းမိသားစုမှ နားလည်စေရန်ဖြစ်သည်။

“ဂိုဏ်းခေါင်းဆောင် စစ်ခုန်းရဲ့ မှာကြားချက်ကို ကျွန်တော်ရဲ့အစ်ကိုကြီးဆီ ပြန်ပို့ပေးလိုက်ပါ့မယ်… သွားကြစို့” ကုန်းယွိဟူက အသက်ပြင်းပြင်းရှူရင်း သူ့အမူအရာက မှုန်မှိုင်းနေပြီး မတ်တပ်ရပ်ကာ တစ်ဖက်က လက်သီးဆုပ်ထားလေ၏။

"မင်းတို့ကို ပြန်မလွှတ်သေးဘူးလေ။ ဒါပေမယ့် အကြာကြီးစောင့်ရရင်... ကုန်းမိသားစုက ပြန်ဝယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ နတ်ဘုရားလက်တံဒူးလေးရဲ့စျေးနှုန်းက တူညီမှာမဟုတ်တော့ဘူးနော်။"

စူးချန်ခုန်းက ဘာမှ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ကုန်းယွိဟူနှင့် ဝတ်ရုံဖြူနှင့်လူငယ်လေးတို့ နှစ်ယောက်စလုံး အခန်းတွင်းမှ သုတ်သုတ်သုတ်သုတ်နှင့် ထွက်ခွာကာ ဧရာမဝေလငါးဂိုဏ်း၏ နယ်မြေမှ ထွက်ခွာသွားကြတော့သည်။

ဧရာမဝေလငါးဂိုဏ်း၏ အပြင်ဘက်တွင် ၀တ်စုံဖြူနှင့်လူငယ်လေးက မကျေမနပ်ဖြင့် အံကြိတ်ကာ ပြောလိုက်သည် "ဦးလေး ယွိဟူ၊ ကျွန်တော်တို့ စစ်ခုန်းယုံကို ဒီလောက်အထိ မောက်မာခွင့် ပေးထားမှာလား။ ကျွန်တော်တို့ ကုန်းမိသားစုက ဒီလိုမျိုး တစ်ခါမှ စော်ကားမခံရဖူးဘူး!"

ကုန်းယွိဟူက "ဝောာ်လောက်ပြီ။ ဒီဧရာမဝေလငါးဂိုဏ်းက သတ်ရဲဖြတ်ရဲတဲ့အဖွဲ့ဖြစ်လို့ ရန်စဖို့ မလွယ်ဘူး။ သူတို့က လက်ရှိမှာ တော်တော်လေး သြဇာညောင်းနေတာ။ ပြီးတော့ငါတို့ရဲ့ ကုန်းမိသားစုမှာ အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိသေးတယ်။ ဧရာမဝေလငါးဂိုဏ်းနဲ့ တိုက်ဖို့ မသင့်တော်သေးဘူး"

ကုန်းမိသားစုသည် အမှန်တကယ်ပင် စွမ်းအားကြီးမားပြီး တောနက်စီရင်စုမြို့တော်တွင် ၎င်းတို့၏ သြဇာအာဏာကို လွှမ်းမိုးထားနိုင်သည်။ သို့သော်လည်း ဧရာမဝေလငါးဂိုဏ်းသည် တောနက်စီရင်စုရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ထို့အပြင် ကုန်းမိသားစု၏ အကျိုးစီးပွားကို လိုက်စားသည့်နည်းလမ်းဖြင့် သူတို့သည် ဤကဲ့သို့သော အင်အားကြီးဂိုဏ်းနှင့် အလျင်စလို စစ်ပွဲဝင်နွှဲမည်မဟုတ်ပါ။

တစ်ဖက်လူက ကုန်းမိသားစုရဲ့ အခွင့်အာဏာကို တမင်တကာ စိန်ခေါ်ခဲ့မယ်ဆိုရင်တော့ သူတို့ဟာ ထိုစိန်ခေါ်မှုကို သေချာပေါက် ရှောင်တိမ်းမှာ မဟုတ်ပါ။

၀တ်စုံဖြူနှင့်လူငယ်လေးက မကျေနပ်ဘဲ အေးစက်စက်နဲ့ ထေ့ငေါ့ပြီး ရေရွတ်လိုက်သည်။ “ဧရာမဝေလငါးဂိုဏ်းတဲ့လား။ သူတို့ မကြာခင်မှာ ဒါမှမဟုတ် နောက်ပိုင်းမှာ အားနည်းသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် တောနက်စီရင်စုမြို့မှာ ကောင်းကောင်း ထူထောင်ထားတဲ့ ငါတို့ရဲ့ ကုန်းမိသားစုက ထာဝရ ကြီးပွားချမ်းသာလာလိမ့်မယ်”

နှစ်ယောက်သား အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကြလေ၏။

ကုန်းယွိဟူနှင့် ဆက်ဆံပြောဆိုပြီးနောက် စူးချန်ခုန်းသည် ကုန်းမိသားစုက နတ်ဘုရားလက်တံဒူးလေးကိုဝယ်ရန် နာခံမှုရှိရှိနဲ့ ပိုက်ဆံကို သုံးမလား မသုံးဘူးလားဆိုတာ မသိသော်လည်း သူ စိတ်သက်သာရာရပြီး လန်းဆန်းသွားခဲ့သည်။

"နောက်တစ်ခုက ငါရလာတဲ့ငွေကို ခွန်အားအဖြစ် ပြောင်းလဲပေးရမယ်!"

စူးချန်ခုန်းသည် သူ၏ အဓိကတာဝန်ကို မမေ့ဘဲ သူ့စိတ်ခံစားချက်များကို ငြိမ်သက်အောင် လုပ်လိုက်သည်။

သူ့မှာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ အဲ့တာတွေအားလုံးက သူ့အတွက် သိပ်အရေးမပါပေ။ စစ်မှန်တဲ့ ခွန်အားကသာ အခြေခံအုတ်မြစ်ဆိုတာ စူးချန်ခုန်းသိလေသည်။

စူးချန်ခုန်းက စစ်ခုန်းဝမ်ကို ချီသွေးဆေးအတွက် ပါဝင်ပစ္စည်းများဝယ်ယူရန် အကူအညီတောင်းခဲ့ပြီး အဂ္ဂိရတ်ပညာကို စတင်လေ့ကျင့်ခဲ့သည်။

ဒါက အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်းရဲ့ အကျိုးကျေးဇူးဖြစ်ပြီး အခြားသူများ လှည့်စားခံရမည်ကို စိုးရိမ်စရာမလိုဘဲ ကိစ္စရပ်များကို မိမိလက်ထဲသို့သာ အပ်နှံထားနိုင်သည်။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင် ဖြစ်နေသေးသော်လည်း စူးချန်ခုန်းသည် ဂိုဏ်းတွင် အကြာကြီးနေမည်မဟုတ်ကြောင်း စစ်ခုန်းဝမ်သိသောကြောင့် သူတို့၏ အဂ္ဂိရတ်ပညာရှင်များကို လေ့ကျင့်ပေးနေပြီဖြစ်သည်။

စူးချန်ခုန်းသည် သူ၏ အဂ္ဂိရတ်ပညာကို တစ်ယောက်တည်း တိတ်တဆိတ် စတင်ခဲ့သည်။ တောနက်စီရင်စုမြို့သို့ ပထမဆုံးရောက်ခဲ့စဉ်က စူးချန်ခုန်းသည် ချီသွေးဆေးအတွက် ပစ္စည်းများ တစ်သုတ်တည်းရဖို့အရေးပင် စိုးရိမ်ခဲ့ရသည်။ အခုတော့ သူက ငွေရေးကြေးရေးအရ ခိုင်မာနေပြီဖြစ်သည်။

ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီး မီးဖိုထဲသို့ ထည့်လိုက်သည်။ စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာသည် ဆဌမအဆင့်သို့ ရောက်ရှိသွားပြီး တောနက်စီရင်စုမြို့တစ်ခုလုံးရှိ ထိပ်တန်း အဂ္ဂိရတ်ပညာရှင်များထဲတွင် အဆင့်မှီလေ၏။

တစ်နေ့တွင် စူးချန်ခုန်းသည် ဆေးမီးဖိုငါးလုံးအထိ သန့်စင်နိုင်သည် ။

ပထမဆုံးနေ့တွင် စူးချန်ခုန်းကံသိပ်မကောင်းပေ။ ချီသွေးဆေး၏ မီးဖိုငါးခုတွင် ဆေးသုံးလုံးသာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ငွေတစ်သောင်းကျော် ဆုံးရှုံးသွားသော်လည်း စူးချန်ခုန်း စိတ်ဓာတ်မကျ။ သူပိုကျွမ်းကျင်လာသည်နှင့်အမျှ ချီသွေးဆေး၏ ထွက်နှုန်းတိုးလာကာ သူ၏လက်ရှိချမ်းသာကြွယ်ဝမှုဖြင့် ၎င်းတို့ကိုအသာလေး တတ်နိုင်ပါသည်။

"အဲ့တာတွေကို အရင်စားမယ်"

စူးချန်ခုန်းက သူ့ပါးစပ်ကို ချက်ချက်ဟပြီး သန့်စင်ထားတဲ့ ချီသွေးဆေးတွေထဲက တစ်လုံးကို မျိုချလိုက်သည်။

ချီသွေးနယ်ပယ်သို့မတက်မီ စူးချန်ခုန်းသည် အစွမ်းထက်သော ချီသွေးဆေးကို ပေါင်းစည်းရန် ငါးရက် လိုအပ်သည်။

ယခုမူ ချီသွေးပြောင်းလဲခြင်းအဆင့်လေးသို့ရောက်ရှိပြီး ပဉ္စမအဆင့် ဧရာမဝေလငါးစွမ်းရည်ဖြင့် စူးချန်ခုန်း၏ အစာစားနိုင်စွမ်းနှင့် ဆေးချေဖျက်နိုင်စွမ်းက သူနှင့် အဆင့်တူများ ထက် သာလွန်နေပြီဖြစ်သည်။

All Chapters