လေနှင့်မိုးကြိုးချိတ်ထားသော ပုတီးစေ့များ။ မကြုံစဖူး အစွမ်းထက်သော ရန်သူ။ (၂)
Vol. 15 Ch. 223
ဤအခိုက်အတန့်တွင် သစ်ပင်ကြီးတစ်ပင်အောက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသော စစ်သားတစ်ဦးက တစ်စုံတစ်ရာကို မြင်လိုက်ပုံရသည်။ သူက အော်သံထွက်လာပြီး တခြားသူတွေကို သတိပေးလိုက်သည်။
"ဂါး!"
မေပယ်တောရဲ့ တောနက်တစ်နေရာကနေ ခပ်စူးစူး အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးထိုးအောင်မြင့်တဲ့အရပ်နဲ့ လျှပ်စီးလက်သလို ရှေ့တက်လာကာ အနက်ရောင် သံချပ်ကာတပ်သားဆီ ဦးတည်လာနေ၏။
အနက်ရောင် သံချပ်ကာ တပ်သားသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သတ္တုဒိုင်းကို သူ့လက်ပေါ်တွင် ချက်ချင်းတင်ကာ ကာကွယ်ရန်အတွက် သူ့ရှေ့တွင် လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
“ဒုတ်!”
မြင့်မားလှသော အရိပ်ကြီးကြောင့် အနက်ရောင် သံချပ်ကာ စစ်သား၏ ကြီးမားသော သတ္တုဒိုင်းလုံးဝ ချိုင့်ဝင်သွားကာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ သုံးကျန်းမှ ငါးကျန်းအထိ လွှင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ စီးကျကာ လက်အရိုးများ ကျိုးသွားခဲ့သည်။
(တစ်ကျန်း=၃.၃မီတာ)
“ဒါကဘာလဲဟ…”
စူးချန်ခုန်းသည် အဝေးမှ ပြေးထွက်လာသော အရပ်မြင့်မြင့် အရိပ်မည်းကြီးကို မြင်လိုက်ရသော်လည်း သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။
အရပ်နှစ်မီတာနီးပါးမြင့်သော ထိုအရာသည် သွေးများစွန်းထင်းနေသည့် အပြာရောင်အ၀တ်အစားကို ၀တ်ထားသည်။ သူ၏ကိုယ်ပိုင်မဟုတ်ဘဲ အခြားသူများ၏သွေးများစွန်းထင်းတာဖြစ်သည်။
ကြီးမားသော အရိပ်သည် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးနှင့် ဆင်တူပြီး လူနှင့်တူသော အရိပ်အယောင် ရှိသော်လည်း အမှောင်ထဲတွင် သူ့မျက်လုံးများက သွေးနီရောင် အလင်းတန်းများ ထွက်နေ၏။ ထို့အပြင် အပေါ်ယံ အရေပြားသည် မြွေနှင့်တူသော အနက်ရောင် အကြေးခွံများနှင့် ကြောက်စရာကောင်းပြီး ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
"မိစ္ဆာနတ်ဆိုးလား။" စူးချန်ခုန်း၏ မျက်လုံးများ စူးစိုက်ကြည့်လိုက်သည်။
နတ်ဆိုးများ..သာမန်လူများ တစ်သက်တွင် မတွေ့ဖူးသော သတ္တဝါများက ဒဏ္ဍာရီထဲတွင်သာ ရှိသည် ။
စူးချန်ခုန်းသည် တောနက်စီရင်စုမြို့သို့ ရောက်ရှိသောအခါတွင် မိစ္ဆာနတ်ဆိုးဟု သံသယရှိသော သတ္တဝါတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က ဧရာမဝေလငါးဂိုဏ်း၏ ကင်းစခန်းအပြင်တွင် နောက်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး စူးချန်ခုန်းက ပစ်သတ်ခဲ့သည်။ မိစ္ဆာနတ်ဆိုးသည် အလွန်ပြင်းထန်သော အသက်စွမ်းအားနှင့် ထူးခြားသော ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ထားကြောင်း သူတွေ့ရှိခဲ့သော်လည်း အခြားရှာဖွေတွေ့ရှိမှုမျိုး မပြုလုပ်ခဲ့ပေ။
ယခုလည်း မိစ္ဆာနတ်ဆိုးဟု သံသယရှိသော အခြားသတ္တဝါသည် မေပယ်တောတွင် ပေါ်လာသည်။
“ဆိုတော့… ကုန်းပါးက ဒီနတ်ဆိုးကိုလိုက်ဖို့ မေပယ်တောအပြင်ဘက်မှာ ပေါ်လာတာပေါ့။ အရင်က ဒီမှာ တပ်စွဲထားတဲ့ ဧရာမဝေလငါးဂိုဏ်းရဲ့ တပည့်တွေကို ကုန်းမိသားစုက မတိုက်ခိုက်ခဲ့ပေမယ့် ဒီမိစ္ဆာနတ်ဆိုးကြောင့် သူတို့ အချက်ပြခဲ့တာပဲ…” စူးချန်ခုန်း သဘောပေါက်သွားသည်။
တောနက်စီရင်စုမြို့တော်တွင် နတ်ဆိုးများ၏ခြေရာလက်ရာများရှိနေရာ ဒေသခံချမ်းသာသော မိသားစုဖြစ်သည့် ကုန်းမိသားစုသည် စူးချန်ခုန်း မတိုင်မီကပင် ထုံးစံအတိုင်း သိထားကြပြီး သူတို့က ပြဿနာ ကြီးကြီးမားမား မလုပ်ဘဲ ထိုမိစ္ဆာနတ်ဆိုးများကို လိုက်လံရှာဖွေနေကြတာဖြစ်သည် ။
"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီကောင်တွေ ဘယ်ကမှန်းမသိ ပေါ်လာတယ်။ သူတို့အားလုံးက အကြောင်းပြချက်မရှိဘဲ တောရိုင်းတိရစ္ဆာန်တွေလို သတ်ဖို့ဖြတ်ဖို့လောက်ပဲ သိတာ။ သူတို့က ငါတို့ရဲ့ စီရင်စုမြို့ကို ဘာဒုက္ခမှ မပေးခဲ့ဘူး။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒီမိစ္ဆာနတ်ဆိုးတွေရဲ့ စွမ်းအားက ပိုတိုးလာပုံရတယ်။"
ကုန်းပါး၏အသံက စူးချန်ခုန်းနားထဲတွင် ပဲ့တင်ထပ်နေသည်။ သူသည် အပြာရောင်ဝတ်စုံနှင် မိစ္ဆာနတ်ဆိုးကို ဒေါသအပြည့်ဖြင့် အဝေးမှ လှမ်းကြည့်နေသည်။
“နတ်ဆိုးတွေ… သူတို့ရဲ့ အရေအတွက်က အခုနောက်ပိုင်း တိုးလာပုံရတယ်။” စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ မျက်မှောင်ကြုတ်လိုက်သည်။ ဧရာမဝေလငါးဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များအနေနှင့် သူတို့သည်လည်း မိစ္ဆာနတ်ဆိုးများရှိကြောင်းကို သိထားကြပြီး ဂိုဏ်း၏သိုင်းပညာရှင်တို့က ထိုမိစ္ဆာနတ်ဆိုးများကို သတ်ပစ်ခဲ့ကြသည်။ သို့သော် မလိုလားအပ်သော ပြဿနာများနှင့် ထိတ်လန့်မှုတို့ကို ရှောင်ရှားရန် သူတို့သည် တမင်တကာ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
"ဒုန်း!"
ထိုအချိန်တွင် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက နတ်ဘုရားလက်တံဒူးလေးကို အသက်သွင်းလိုက်သည့် အသံဖြစ်သည်။
အနက်ရောင် သံချပ်ကာ တပ်သားတစ်ဦးသည် နတ်ဘုရားလက်တံဒူးလေးကို စတင်ပစ်လွှတ်လိုက်ပြီဖြစ်သည်။ အဝေးမှ အပြာရောင်ဝတ်စုံနှင့် နတ်ဆိုးကြီးဆီသို့ တိုက်ရိုက် ဦးတည်နေသော လက်မောင်းကဲ့သို့ ထူထဲသော မြှားတစ်စင်း ပေါက်ကွဲထွက်လာသည်။
"ဒုတ်!"
ထိုမြှားသည် အပြာရောင်ဝတ်စုံနှင့် မိစ္ဆာနတ်ဆိုး၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ ကြီးမားသော သက်ရောက်မှုကြောင့် နတ်ဆိုးနတ်ဆိုး၏ မြင့်မားသောအသွင်အား နောက်ပြန်ဆုတ်သွားစေခဲ့သည်။
လူတိုင်းကို အံ့အားသင့်စေတာက ခြေလှမ်း ရှစ်ရာကနေ သံချပ်ကာကို ဖောက်နိုင်တဲ့ ဒီမြှားက မိစ္ဆာနတ်ဆိုးရဲ့ ရင်ဘတ်ကို ထိသွားတာနဲ့ မျှော်လင့်ထားသလို သွေးထွက်သံယို အပေါက်ကြီးကို မဖန်တီးနိုင်ခဲ့ပါ။ အဲဒီအစား မြှားခေါင်းရဲ့ တစ်ဝက်လောက်သာ ဖောက်ဝင်သွားခဲ့သည်။
အပြာရောင် မိစ္ဆာနတ်ဆိုးရဲ့ ခန္ဓာကိုယ်ဟာ သံမဏိထက်တောင် ပိုမာနေသည့်ပုံပင်။
"ဒီအပြာရောင်ဝတ်စုံနဲ့ နတ်ဆိုးကောင်က အရင်က ငါတွေ့ဖူးတဲ့ တခြားနှစ်ကောင်ထက် ပိုသန်မာတယ်"
စူးချန်ခုန်းသည် သူ့ရှေ့က အပြာရောင် မိစ္ဆာနတ်ဆိုးက ဖောက်ထွင်းမခံရဘဲ နတ်ဘုရားလက်တံဒူးလေးမှ မြှားကို ခုခံနိုင်စွမ်းရှိပြီး ယခင်နှစ်ကောင်ပေါင်းထားတာထက် သိသိသာသာ အားကောင်းနေသည်။
“ရား!”
အပြာရောင် မိစ္ဆာနတ်ဆိုး၏ မျက်လုံးများ နီရဲလာကာ အမျက်ထွက်နေသော သားရဲကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
အပြာရောင် မိစ္ဆာနတ်ဆိုးသည် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်မီ ပတ်ပတ်လည်က နတ်ဘုရားလက်တံဒူးလေးများကို ပစ်ခတ်ခဲ့သည်။ သံချပ်ကာထိုးဖောက်နိုင်စွမ်းရှိသော ထူထဲသော မြှားများသည် မြန်မြန်ဆန်ဆန်နှင့် အဆက်မပြတ်ပျံသန်းကာ လက်များ၊ ရင်ဘတ်၊ ဒူးများနှင့် အခြားအစိတ်အပိုင်းများကို တိကျစွာ ထိမှန်သွားခဲ့သည်။
သံမဏိနှင့်တူသော ခံနိုင်ရည်အားရှိသည့် အပြာရောင် မိစ္ဆာနတ်ဆိုးပင် တရစပ် တိုက်ခိုက်မှုများ၏ တွေဝေသွားခဲ့သည်။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လှုပ်ရှားမှုများကို ထိန်းမနိုင်သိမ်းမရ နှေးကွေးသွားစေခဲ့သည်။
"သူ့ကိုသတ်!"
အနီးနားရှိ အနက်ရောင် သံချပ်ကာ တပ်သားများသည် အခွင့်အရေးကို အမိအရ ဖမ်းကာအစုလိုက်အပြုံလိုက် ချီတက်လာကြပြီး ဓားများဝှေ့ရမ်း၍ အပြာရောင် မိစ္ဆာနတ်ဆိုးကို အရူးအမူး ပြင်းပြင်းထန်ထန် ခုတ်ထစ်ကြလေ၏။
"ဖောက် ဖောက် ဖောက်"
အပြာရောင်ဝတ် မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်သည် အရိုးအထိ နက်ရှိုင်းသော ဒဏ်ရာများဖြင့် စုတ်ပြတ်သွားခဲ့သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှု အဆင့်ရှိ အနက်ရောင် သံချပ်ကာ တပ်သားတစ်ဦးကထိုမိစ္ဆာနတ်ဆိုးကို ခေါင်းဖြတ်ခဲ့သည်။
" ထွက်ပြေးဖို့ ကြိုးစားနေတာလား "
ထိုအချိန်တွင် ကုန်းပါးက အေးတိအေးစက် ရယ်မောလိုက်သည်။ သူ့ပုံသဏ္ဍာန်သည် လျှပ်စီးလက်သောအရှိန်ဖြင့် ရွေ့လျားကာ ရှေ့သို့ တိုးလာသည်။ သစ်ပင်ထိပ်တွင် အကြေးခွံပါသော ကလေးနှင့်ဆင်တူသည့် အခြား နတ်ဆိုးတစ်ကောင်သည် အကိုင်းတစ်ကိုင်းမှ တစ်ကိုင်းဆီသို့ သွက်သွက်လက်လက် ခုန်ကူးကာ ထွက်ပြေးရန် ကြိုးစားနေသည်။
ကုန်းပါးကိုယ်တိုင် ရောက်လာရတဲ့ အကြောင်းအရင်းက မေပယ်တောထဲမှာ နတ်ဆိုး တစ်ကောင်တည်းသာ ရှိတာကြောင့် မဟုတ်ပေ။
ကလေးနှင့်တူသော ထိုမိစ္ဆာနတ်ဆိုးသည် အလွန်သွက်လက်ပြီး သာမန်သိုင်းသမားတို့၏အဝတ်အစားများကိုပင် မထိနိုင်လောက်အောင်ပင် သစ်ပင်များကြားတွင် ခုန်ကူးနေလေသည်။
သို့သော် ချက်ချင်းပင် ကုန်းပါးက လှစ်ကနဲ ခုန်လိုက်သည်။ နက်မှောင်သော ရွှေရောင် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ပျံသန်းနေသကဲ့သို့ လေကိုဖြတ်သွားခဲ့သည်။ သူ့ခါးမှာ နက်မှောင်တဲ့ ရွှေရောင်ဓားရှည်တစ်ချောင်းကို ဓားအိမ်မှထုတ်ပြီး အပေါ်ကနေ အောက်ကို ခုတ်ချလိုက်ရာ တောက်ပနေတဲ့ ဓားမီးပွားတွေက ရေတံခွန်လေးကဲ့သို့ ဖြာကျလာ၏။
“ဗြိ!”
စုတ်ပြတ်နေသည့် အသံကြောင့် သစ်ပင်ကြီးသည် နှစ်ခြမ်းကွဲသွားကာ ဖြတ်လိုက်သောအစွန်းများသည် မှန်များကဲ့သို့ ချောမွေ့နေလေ၏။ ကလေးနှင့်တူသော မိစ္ဆာနတ်ဆိုးက အော်ဟစ်သံ ထွက်လာသည်။ သံမဏိနှင့်တူသော ကိုယ်ထည်ရှိသော်လည်း ကုန်းပါး၏ဓားအောက်တွင် နှစ်ချောင်းကွဲပြီး ပြုတ်ကျကာ တုန်တုန်ယင်ယင်ဖြစ်နေလေ၏။