လက်ရည်စမ်းခြင်း
Vol. 25 Ch. 361
ဟားလပ်စ်သည် ဘယ်ညာ ခုတ်ဖြတ်ရင်း အချိန်ကောင်း နေချိန်တွင် ရန်သူများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟန်ရှောင်းက တံခါးကိုဖွင့်ကာ ဝင်လာသည်။ ဟားလပ်စ်က "မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ဟန်ရှောင်းက ရယ်ပြီး "တစ်ယောက်တည်း လေ့ကျင့်ရတာ ပျင်းစရာကြီး။ လာ၊ လက်ရည်စမ်းကြစို့။"
B အဆင့် ရောက်ပြီးနောက် သူသည် တိုက်ပွဲမဝင်ရသေးဘဲ ကလိကလိဖြစ်နေသည်။ သူသည် မြင့်မြတ်သူတစ်ဦးဖြစ်ပြီး ကစားသမားများကို အနိုင်ကျင့်မည်မဟုတ်ပေ။ ထို့အပြင်၊ ဟားလပ်စ်သည် စီနီယာအဆင့် B ဖြစ်သည်။ ယှဉ်ပြိုင်နိုင်သောပြိုင်ဘက်နှင့် လက်ရည်စမ်းရန်သာ အဓိပ္ပာယ်ရှိပြီး သူ၏ အမှန်တကယ် ခွန်အားကို ကောင်းစွာနားလည်ရန် သူ့အတွက် သင့်လျော်သည်။
သူ့အကြောင်း သူသေချာသိလျှင်၊ ပြဿနာရှာနိုင်... အဟွတ်၊ ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်မည်ဖြစ်သည်
"လက်ရည်စမ်းမယ်?" ဟားလပ်စ်က သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိ၏။ မင်းနဲ့လား?
စူပါများ၏ အဆင့်သည် ခွက်အရွယ်အစားနှင့် ကွဲပြားသည်။ {TL Note: ဘာခွက်လဲတော့ ကိုယ့်ဖာသာ စဉ်းစားကြနော် 🙄} C နှင့် B အကြား ခြားနားချက်သည် အလွန်ကြီးမား၏။ ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော အဆင့်တွင် ရှိနေသည်။ တိုက်ပွဲသည် တစ်ဖက်သတ်ဖြစ်မည်ဖြစ်ပြီး နှစ်ဖက်များ လက်ရည်တူယှဉ်နိုင်သော အင်အားရှိမှသာ 'လက်ရည်စမ်းသည်' ဟု ခေါ်နိုင်သည်။
ဟားလပ်စ်သည် အမှန်တကယ် ဆန္ဒမရှိပေ။ သူက အလွန်သန်မာသည့်အတွက် သူတို့တိုက်ခိုက်လျှင် ဟန်ရှောင်းကို အလွယ်တကူ ထိခိုက်သွားနိုင်၏။
သို့သော်လည်း၊ ဟန်ရှောင်း၏ ဤလုပ်ရပ်သည် ကြေးစားအဖွဲ့၏ အခြားအဖွဲ့ဝင်များကဲ့သို့ပင်ဖြစ်သည် - ၎င်းကို 'အကြံဉာဏ်တောင်းခြင်း' ဟု ခေါ်သင့်သည်။ ဟားလပ်စ်ရုတ်တရက် သဘောပေါက်သွားသည်။ ဒီတော့ သူက ဆိုလိုချင်တာက… ကပ္ပတိန်က ထောက်ပြတာတွေ လိုချင်တယ်။
"ကိစ္စမရှိပါဘူး၊ မင်းကြိုတင်ပြင်ဆင်ချင်သေးလား" ဟားလပ်စ်က ကြင်နာစွာ လက်ခံခဲ့သည်။ သူ့ရဲဘော်တွေကို သင်ပေးရတာ ပျော်၏။ ထို့အပြင်၊ ဟန်ရှောင်း၏ လုံခြုံရေးသည် သူ့အတွက် အလွန်အရေးကြီးသည် - ဟန်ရှောင်းအား ပိုသန်မာစေခြင်းသည် သူစိုးရိမ်မှု လျော့နည်းသွားနိုင်သည်။
ဟန်ရှောင်းက လုံးဝမရှက်ပေ။ ခဏလောက်စောင့်ဖို့ ဟားလပ်စ်ကိုပြောပြီး စက်ပစ္စည်းသေတ္တာတွေကို ရွှေ့ခိုင်းလိုက်သည်။ သူက ပြိုင်ဘက်ကို လေးစားတဲ့ပုံစံအဖြစ် လက်နက်အားလုံးကို စမ်းသပ်ချင်နေသည်။
မူလက ဟားလပ်စ်သည် အလွန်တည်ငြိမ်သော်လည်း အခန်းထဲသို့ ဝင်လာသော သေတ္တာများ ပိုများလာသည်ကို မြင်သောအခါတွင် သူ့မျက်နှာသည် တုန်ယင်လာသည်။ ဟန်ရှောင်းသည် ဧရာမ လျပ်စစ်သံလိုက်အမြောက် နမူနာပုံစံကို သယ်ဆောင်လာသောအခါတွင် သူသည် အေးစက်သောလေကို ရှုရှိုက်လိုက်ပြီး “ဝေ့! ဒီလောက်ဆို လုံလောက်ပြီလေ!"
ဟားလပ်စ်၏ ကန့်ကွက်မှုကြောင့် ဟန်ရှောင်းသည် အဆင့် B စစ်သည်တော်၏ ပျက်စီးဆုံးရှုံးမှု ခုခံနိုင်မှုကန့်သတ်ချက်ကို စမ်းသပ်ရန် စွန့်လွှတ်လိုက်ရသည်။ သူသည် သူ၏ Amhiptere စက်ပိုင်းဆိုင်ရာဝတ်စုံကို ၀တ်ဆင်ပြီး သွေးပူအောင်လုပ်လိုက်သည်။
(TL Note: Pugilist ကို အရင်က တိုက်ခိုက်သူ လို့ ရေးခဲ့ပါတယ်။ ဒီနေရာကစပြီး စစ်သည်တော် လို့ ပြောင်းလဲပြန်ဆိုသွားပါမယ်။)
အနီးကပ် တိုက်ခိုက်ရေးသည် စစ်သည်တော်၏ အထူးကျွမ်းကျင်မှုဖြစ်ပြီး သရုပ်ဖော်အခန်းတွင် နေရာအကန့်အသတ်ရှိသောကြောင့် ဟန်ရှောင်းအတွက် အရေးမသာပေ။ ထို့ကြောင့် တိုက်ပွဲမစတင်မီ အကွာအဝေးတစ်ခုတွင် သူရပ်နေခဲ့သည်။ "အဆင်သင့်ဖြစ်ပြီလား?"
“လာခဲ့။” ဟားလပ်စ်သည် အလွန်တည်ငြိမ်နေ၏။ အဆင့်နိမ့်ပြိုင်ဘက်ကို တိုက်ခိုက်ရန် ပြင်ဆင်မှုမလိုအပ်ပေ။
ဟားလပ်စ်စကား ဆုံးသွားချိန်တွင် ဟန်ရှောင်းက သူ့လက်တွေကို လှန်လိုက်၏။ လျှပ်စစ်သံလိုက် သေနတ်နှစ်လက်သည် ခြေကာမှ ထွက်လာကာ ရွေ့လျားစနိုက်ပစ်ခြင်းဖြင့် လျင်မြန်စွာ ပစ်ခတ်တော့သည်။ ပြောင်းဝသည် အပြာရောင်လျှပ်စစ်မီးဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အသံသည် ယမ်းမှုန့်သေနတ်များနှင့် ကွဲပြားသည် - ၎င်းသည် ကြိမ်နှုန်းမြင့်မားသော အသံဖြစ်ပြီး လျှပ်စစ်စီးဆင်းမှုအသံနှင့် ဆင်တူသည်။ ပင်အပ်သဏ္ဍာန်
ကျည်ဆန်များသည် အပြာနုရောင်အလင်းတန်းနှင့်အတူ ဟားလပ်စ်ဆီသို့ တိုးဝင်သွားကြသည်။
သူ၏ စစ်သင်္ဘောလှီးဓားသည် အချိန်မီ မတင်ကာ ဟားလပ်စ်၏ ရှေ့တွင် ဒိုင်းတစ်ခုသဖွယ် ပိတ်ဆို့လိုက်သည်။ "ကလန်" တိုက်မိခြင်းမှ အသံများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ ဟားလပ်စ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ "လျှပ်စစ်သံလိုက်သေနတ်တွေလား"
ယန္တရားပညာရှင်၏ ပင်မစွမ်းရည်မှာ တိုက်ပွဲအတွက် စက်ယန္တရားများကို တည်ဆောက်နိုင်ပြီး လျှပ်စစ်သံလိုက်လက်နက်များကို တည်ဆောက်နိုင်ခြင်းကြောင့် တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ လျှပ်စစ်သံလိုက်သေနတ်များသည် ပစ်ခတ်မှုနှုန်း မြင့်မားသောကြောင့် ဟားလပ်စ်မှာ မတုံ့ပြန်နိုင်လုနီးပါး ဖြစ်သွားသည်။ ဟားလပ်စ်သည် ၎င်းကို အလေးအနက်ထားရပေမည်။ သူ့တွင် စွမ်းအင်ကာကွယ်ရေးရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် အလွယ်တကူ အစားထိုးနိုင်သော ကိရိယာများ မဟုတ်သောကြောင့် အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရရန် လုံးဝစိတ်မဝင်စားပေ။
ဟားလပ်စ်သည် ယန္တရားပညာရှင်များအကြောင်း များများစားစား မသိသော်လည်း အဆင့်မြင့် ယန္တရားပညာရှင်များသာ အဆင့်မြင့်နည်းပညာဖြင့် လက်နက်များ ဖန်တီးနိုင်သည်ကို သူသိသည်။ သဘာဝကျကျပင်၊ သူအနည်းငယ် ဇဝေဇဝါဖြစ်နေ၏ - အဆင့် C ယန္တရားပညာရှင်တွေက တည်ငြိမ်တဲ့ လျှပ်စစ်သံလိုက်သေနတ်တွေကို လုပ်နိုင်လို့လား။
ဟားလပ်စ်သည် ပြိုင်ကားတစ်စီးထက် ပိုမြန်သော အရှိန်ဖြင့် ဓားကို လက်ထဲဆွဲကာ အနားတိုးလာသည်။ အကွာအဝေးက နီးကပ်လာသည်နှင့် ဟန်ရှောင်း၏ ခြေထောက်များသည် နောက်သို့ရွေ့လာပြီး အကွာအဝေးကို ထိန်းထားသည်။ သူ၏ ချပ်ဝတ်တန်ဆာအောက်တွင် ဝှက်ထားသော သေနတ်အများအပြား ရှိသေးသည်။ ပစ္စတို၊ ချေမှုန်းရေးရိုင်ဖယ်နှင့် စနိုက်ပါ - အားလုံးသည် ထိခိုက်နိုင်မှု ပိုမိုမြင့်မားသော လျှပ်စစ်သံလိုက်ဗားရှင်းအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သည်။
ဟားလပ်စ်သည် အဆင့် B နှင့် ထိုက်တန်၏။ သူ၏တုံ့ပြန်မှုအမြန်နှုန်းသည် အလွန်လျင်မြန်ပြီး ကျယ်ပြန့်သော စစ်သင်္ဘောလှီးဓားသည် ပိတ်ဆို့ရန်အတွက် သင့်လျော်သည်။ ဟန်ရှောင်းသည် အကြိမ်ရာနှင့်ချီ ပစ်ခတ်ခဲ့သော်လည်း ငါးရာခိုင်နှုန်းအောက်သာ ထိမှန်ခဲ့သည်။ ထို့အပြင် စစ်သည်တော်၏ စွမ်းအင်အပေါ်ယံလွှာနှင့် သန်မာသော ခန္ဓာကိုယ်ကြောင့် ထိုထိမှန်မှုများ၏ ပျက်စီးမှုကို သိသိသာသာ လျှော့ချခဲ့ပြီး အရေပြား ပွန်းပဲ့မှုသာ ဖြစ်သွားစေသည်။
ထိခိုက်မှုအချို့ ဖြစ်စေပြီးနောက်၊ ဟန်ရှောင်းသည် ဟားလပ်စ်၏ ဒေတာကို တွေ့လိုက်ရသည်။
"အဆင့် ၉၈၊ အဆင့် B စစ်သည်တော်၊ မြင့်မားတဲ့ ခွန်အားနှင့် ခံနိုင်ရည်၊ semi tank ၊ ငါ့လိုပဲ ပင်ကိုယ်စွမ်းရည် အများကြီးပဲ၊ အရမ်းကြမ်းတဲ့ အကျိုးသက်ရောက်မှုတွေ... မိုက်တယ်ကွာ၊ ဒီလူမှာလည်း အခြေခံ ကံကောင်းတောက်ပခြင်း ရှိတာလား"
ဟန်ရှောင်း အလွန်မနာလို ဖြစ်မိသည်။ ဟားလပ်စ်၏ ကိုယ်တိုင်ဖော်ပြချက်အရ၊ သူသည် ငယ်စဉ်ကတည်းက အလွန်ပျင်းရိခဲ့သည် - သူသည် ထူးထူးခြားခြား အရည်အချင်းရှိသော်လည်း ပြင်းပြင်းထန်ထန် မလေ့ကျင့်ခဲ့ဖူးပေ။ ထို့နောက် သူသည် တိုက်ပွဲကို ဆယ်နှစ်ကျော်ကြာ စွန့်လွှတ်ခဲ့သော်လည်း အဆင့် B သို့ ရောက်ခဲ့သေးသည်။ ပါရမီရှင်တစ်ယောက်ဆိုတာ ဒီလိုမျိုးလား...။
ဟန်ရှောင်း မတွေးဘဲ မနေနိုင်ပေ၊ ဟားလပ်စ်သည် မူရင်းဇာတ်လမ်းအတိုင်း မသေခဲ့ပါက အဆုံးတွင် အဆင့် A အထိ အောင်မြင်သွားနိုင်သည်။
သောက်ရမ်းကြမ်းတဲ့တစ်ယောက်ကို ခေါ်မိခဲ့တာပဲ။
သန်မာလာသည်နှင့်အမျှ ဟန်ရှောင်း၏ စိတ်သည် ပိုမြန်ဆန်လာသည်။ တိုက်ပွဲအတွင်း အခြားအရာတစ်ခုခုကို တွေးနေလျှင်ပင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ပေ။
ဤအချိန်တွင် ဟားလပ်စ်သည် ရုတ်တရက် လိုက်ဖမ်းနေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ ငွေရောင်မီးတောက်များ ကျယ်လာပြီး ပြန်ကျုံ့သွားကာ သူ့လက်ဖဝါးများကြားတွင် စုစည်းပြီး မျက်လုံးဖြင့် မမြင်နိုင်အောင်ပင်း ကျိန်းစက်တောက်ပသော ငွေရောင်အလင်းတန်းတစ်ခု ဖြစ်လာသည်။
ဘုန်း!
ဟားလပ်စ်၏ မျက်နှာပေါ်တွင် သွေးပြန်ကြောများ ပေါ်လာပြီး အလွန်ပင်ပန်းသွားပုံရသည်။ ထို့နောက် ဟိန်းဟောက်သံဖြင့် လက်ဖဝါးများကို ရှေ့သို့ တွန်းလိုက်သည်။ သူ့လက်ဖဝါးမှ အလင်းတန်းများ ထွက်လာပြီး စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာသည် ။ မျက်စိကွယ်လောက်စရာ ငွေရောင်အလင်းတန်းတစ်ခုသည် ဒေါသတကြီး အော်ဟစ်နေသော နဂါးတစ်ကောင်ကဲ့သို့ ထွက်လာပြီး ဟန်ရှောင်း၏ အမြင်အာရုံကို အလင်းရောင်များ ဖုံးလွှမ်းသွားသည်။
ဟန်ရှောင်းက ရှေ့တွင် သူ့လက်နှစ်ဖက်ကို ကာလိုက်ပြီး နောက်အခိုက်အတန့်တွင် အလင်းတန်းသည် သူ့လက်နှစ်ဖက်နှင့် တိုက်မိကာ သူ့ကို ပျံဝဲသွားစေပြီး နံရံကို ဝင်ဆောင့်မိသွားသည်။ အလင်းတန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
စစ်သည်တော်များသည် [လှိုင်းလေပြင်း ပေါက်ကွဲမှု] ကို သင်ယူထားသရွေ့၊ ၎င်းတို့သည် အလင်းတန်းများကို ပစ်နိုင်လိမ့်မည် - ၎င်းသည် ယန္တရားပညာရှင်၏ အသိပညာသစ်ပင်ကဲ့သို့ စစ်သည်တော်၏ စွမ်းရည် နည်းစနစ်သစ်ပင်ရှိ စွမ်းရည်တစ်ခုဖြစ်သည်။ စွမ်းအင်ကို စက်လုံးတစ်ခုကဲ့သို့ ချုံ့လိုက်ခြင်းဖြစ်ပြီး၊ ၎င်း၏ ပါဝါသည် စွမ်းအင်အဆင့်ပေါ် မူတည်သည်၊ ချို့ယွင်းချက်မှာ အသုံးပြုရန် စွမ်းအင်များစွာ လိုအပ်သည်။
အလင်းတန်းများသည် အမျိုးအစား အမျိုးမျိုးရှိပြီး အဆင့် C နှင့် နှိုင်းယှဉ်ပါက အဆင့် B ၏ အလင်းတန်းသည် သိသိသာသာ ပိုထူပြီး ကြာရှည်ခံ၏။ ဟားလပ်စ်သည် သရုပ်ပြခန်းနံရံကို ဖောက်သွားမည်ကို စိုးရိမ်သောကြောင့် စွမ်းအင်ထွက်ရှိမှုကို လျှော့ချသော်လည်း၊ နေရာတစ်ခုလုံးရှိ ပျက်စီးမှုက ဤရိုက်ခတ်မှု၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း ပြသနေသည်။
"ဒါဆို လုံလောက်ပါပြီ... ခဏနေပါဦး၊ ငါဘာလို့ ဒါကိုသုံးခဲ့တာလဲ"
ဟားလပ်စ် အံ့သြသွားသည်။ သူ၏ မူလရည်ရွယ်ချက်မှာ ဆရာလုပ်ရန်ဖြစ်သော်လည်း တိုက်ပွဲအတွင်း ခြိမ်းခြောက်မှုအနည်းငယ် ခံစားရသောကြောင့် ဟန်ရှောင်းအား သန်မာသောရန်သူအဖြစ် မသိစိတ်က ခံယူကာ ပြင်းထန်သောတိုက်ခိုက်မှုကို အသုံးပြုခဲ့သည်။ ထိုသို့သော လှုပ်ရှားမှုကို အသုံးပြု၍ ရုတ်တရက် အလွန်နောင်တရမိသည် - ထိုကဲ့သို့သော စွမ်းအင်အလင်းတန်းသည် ယန္တရားပညာရှင် မဆိုထားနှင့်၊ အဆင့် C စစ်သည်တော်များကိုပင် ထိခိုက်စေနိုင်သည်။
သူသည် စွမ်းအင်ထွက်ရှိမှုကို ရပ်တန့်တော့မည်ဖြစ်သော်လည်း ထိုအချိန်တွင်၊ အလင်းတန်းမှ အလင်းတန်းတစ်ခုသည် ကျယ်ပြန့်လာပြီး ပွင့်ထွက်သွားလေသည်။
ဟန်ရှောင်းသည် ကြမ်းတမ်းသော အနက်ရောင် ကောက်ရိတ်ဓါးကို လက်ထဲကိုင်ကာ လေပေါ်ခုန်တက်ပြီး အောက်ကို ခုတ်ချလိုက်သည်။
ဟားလပ်စ်သည် ပိတ်ဆို့ရန် သူ့ဓါးကို ချက်ချင်း မြှောက်လိုက်သည်။ ကောက်ရိတ်ဓါးသည် စစ်သင်္ဘောလှီးဓားပေါ်ကို ခုတ်မိသွားပြီး မိုးကြိုးမုန်တိုင်းကဲ့သို့ မီးပွားများ ဖြစ်ပေါ်လာသည်။ သတ္တုများအကြား ပွတ်တိုက်မှုသည် လျှပ်စစ်စီးကြောင်းများနှင့် ရောထွေးနေ၏။ သူက နောက်ပြန်ဆုတ်ကာ ရှောင်ထွက်သွားပြီးနောက် မြေပြင်ပေါ်ရှိ ဟန်ရှောင်းကို တွေ့လိုက်ရသည်။ သူ့ယန္တရားဝတ်စုံ၏ အစိတ်အပိုင်းများစွာသည် နီရဲအောင် ပူလောင်နေပြီး သူ့တစ်ကိုယ်လုံးကို မြင့်မားသော အပူချိန်မှ အဖြူရောင်အငွေ့များဖြင့် ဖုံးလွှမ်းထားသည်။ စွမ်းအင်တုံ့ပြန်မှုအဆင့်သည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။
ဟန်ရှောင်းက သူ့ဇက်ကို ချိုးလိုက်ပြီး နောက်ပြောင်ပြောလိုက်သည်။ “ဒါက တော်တော်နီးတယ်၊ မခံနိုင်တော့သလောက်ပဲ”
သူက ထိုသို့ပြောသော်လည်း သူ့လေသံက ပေါ့ပေါ့ပါးပါးနှင့် အေးဆေးတည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ဖြစ်သည်။ သူ့အသံကို လုံးဝထိခိုက်သွားပုံ မပေါ်ပေ။
ဟားလပ်စ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အလင်းတန်းတစ်ခုကို မထိခိုက်နိုင်အောင် ခံနိုင်ရည်ရှိပြီး ဒီခံစားချက်ကို ပေးစွမ်းနိုင်သူသည် အဆင့် C လုံးဝမဟုတ်ပေ။
"မင်းက အဆင့် B စူပါပဲ" ဟားလပ်စ်အံ့ဩသွားသည်။ မင်းက ဆူနီမှာတုန်းက ဒီလောက် သန်မာတာ မဟုတ်ပါဘူး ။
ဟန်ရှောင်း ပခုံးတွန့်လိုက်သည် ။ “ငါ တိုးတက်လာတယ်လေ။”
ဘယ်နှစ်ရက်ကြာသွားသေးလို့လဲ။ မင်းက အဆင့်တစ်ခုတက်နေပြီ။ မင်းက ငါ့ထက် ဉာဏ်ကြီးရှင်လား” ဟားလပ်စ်အံ့သြသွားသည်။ သူသည် အလွန်ထက်မြက်သူဖြစ်ကြောင်း အမြဲသိနေခဲ့သည်။ ၎င်းအတွက် ဂုဏ်ယူခြင်းမရှိသော်လည်း၊ သူ့ထက်ပင် 'ပါရမီ' ရှိသော စူပါတစ်ယောက်ကို မြင်သောအခါတွင်မူ စိတ်ထဲသိပ်မကောင်းဘဲ ခံစားချက်များ ရောထွေးနေသည်။
"မရပ်နဲ့၊ ငါတို့ တိုက်ပွဲက မပြီးသေးဘူး" ဟန်ရှောင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်က ပစ္စည်းသေတ္တာတစ်ခုရဲ့ နေရာကို လေထဲမှ ဆုပ်ကိုင်လိုက်သည်။ ယန္တရားဝတ်စုံလက်မောင်းနှင့် သေတ္တာသည် သံလိုက်ချိတ်ဆက်မှုရှိသောကြောင့် ဆင့်ခေါ်ထားသောအရာသည် ပျံတက်လာ၏
လေထဲတွင်၊ သေတ္တာသည် အလိုအလျောက် ပွင့်လာပြီး ပြင်ပကိုယ်ထည် သံချပ်ကာသည် ခုန်ထွက်လာကာ သံလိုက်ချိတ်ဆက်မှု အနေအထားအရ Amphiptere ကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ဘီလူးလေးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။ [ပိတ်ဆို့ရေးမုဒ်]
အဆင့်မြင့်လျပ်စစ်သံလိုက်၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခု ရှိသည် - ၎င်းသည် မတူညီသောအစိတ်အပိုင်းများ၏ သံလိုက်ဓာတ်ကို ချိန်ညှိခြင်းဖြင့် စက်ပစ္စည်းကိရိယာများကို အလိုအလျောက်ပေါင်းစပ်စေပြီး သံချပ်ကာတပ်ဆင်ခြင်း၏ အရှိန်ကို တိုးမြင့်စေနိုင်သည်။
သူ့နှလုံးခုန်မြန်သွားစေသည့် စွမ်းအင်တုံ့ပြန်မှုကို ခံစားလိုက်ရသဖြင့် ဟားလပ်စ်အာရုံစိုက်လာသည်။ သူ့သဘောထားကို ပြုပြင်ပြောင်းလဲပြီး ဆရာလုပ်ဖို့ စိတ်ကူးကို မေ့သွားသည်။ "မင်းမှန်တယ်၊ ငါတို့ရဲ့တိုက်ပွဲဟာ လက်ရည်စမ်းတာလို့ ခေါ်ထိုက်တယ်!”