ရုတ်တရတ် ပြောင်းလဲမှု
Vol. 25 Ch. 370
"ဒီနဂါးအစောင့်အဖွဲ့က ဟော်လိတ်နဲ့ အတူတူပဲ" ဂိုအာက ဆက်သွယ်ရေးစက်မှ အလျင်စလိုပြောလိုက်သည်။ "သူတို့ရဲ့ ပစ်မှတ်က ဆေးလ်ဗားပဲ"
စာလန်နီရဲ့ အမူအရာက ကြည့်မကောင်းပေ။ အကယ်၍ သူတို့ လက်နက်ချခဲ့လျှင် အစောင့်များနှင့် ဟော်လိတ်တို့သည် ညှိနှိုင်းပြီးသားဖြစ်သဖြင့် ဆေးလ်ဗားများကို ယူကာ ဝယ်သူထံ ပေးအပ်သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကယ်ဆယ်ရေးမစ်ရှင်မှာ မအောင်မြင်နိုင်ပေ။ လက်နက်မချရင် အသေအပျောက်များသည့် ပမာဏက သူတို့အတွက် အရမ်းများလိမ့်မည်။ သူသည် အကျပ်ရိုက်နေသော်လညး် သေနတ်သံက မရပ်တန့်ပေ။ စဉ်းစားဖို့ အချိန်မရှိချေ။
"နဂါးအစောင့်တွေကို ထိန်းချုပ်ထားနိုင်သရွေ့တော့ ပြဿနာက ပြေလည်သွားလိမ့်မယ်" ဟန်ရှောင်းက အသံတိုးတိုးနဲ့ ပြောသည်။ တခြားသူတွေကလည်း ထိုသို့ထင်ကြ၏။
သူ့စကားကို ကြားပြီးနောက် စာလန်နီက “မင်း ရူးနေလား! နဂါးအစောင့်များကို သတ်တာက ဒီနေရာတွင် အကြီးမားဆုံး ရာဇ၀တ်မှုပဲ။"
ဤနယ်မြေတွင် ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် ဥပဒေသားများကို တိုက်ခိုက်ခြင်းသည် လုံးဝကွဲပြား၏။ ဤနေရာတွင် အဆင့် A အထက်ဆင့် ဘော့စ်တစ်ယောက်ရှိနေပြီး နဂါးအစောင့်များသည် သာမန်လူများဖြစ်သော်လည်း လူမိုက်များနှင့် အလိုရှိသော ရာဇ၀တ်ကောင်များကို ကြိုက်သလို လုပ်ဆောင်နိုင်သည်။
“သတ်တာတို့ ဒဏ်ရာရအောင်လုပ်တာတို့ကို မပြောဖူးလေ။ ငါတို့မှာ ရေခဲမှော်ဆရာတစ်ယောက်ရှိတယ်။ သူမက သူတို့ရဲ့ ပျံသန်းရေးယာဉ်တွေကို အေးခဲသွားအောင်လုပ်နိုင်တယ်။”
စာလန်နီ၏ တုံ့ပြန်မှုကိုမစောင့်ဘဲ ဂိုအာသည် လူများကိုခေါ်ဆောင်ပြီးသင်္ဘောကျင်းသို့ ရောက်ရှိလာသည်။ "ငါတိုက်ပြီ!"
နှောင့်နှေးမှုမရှိဘဲ သူမ၏မျက်လုံးများသည် ရုတ်တရက် နှင်းဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏နဖူးပေါ်တွင် မှော်သင်္ကေတတစ်ခု ပေါ်လာသည်။ သူမက မန္တာန်ကို ရွတ်ဆိုလိုက်ပြီး သူမ၏ အဖြူရောင်ဖျော့ဖျော့ လက်ချောင်းများပေါ်ရှိ မှော်လက်စွပ်သည် တောက်ပလာသည်။ လေထဲတွင်ရှိသော မှော်စွမ်းအင်များသည် စုစည်း၊ ပေါင်းစပ်၊ သိပ်သည်းကာ ဖြစ်ပေါ်လာသည်။ မှော်ဘာသာစကားသည် သဘာဝ၏နိယာမများကို ပြုပြင်ကာ ပြန်လည်တည်ဆောက်ပြီး အစစ်အမှန်သို့ ပြောင်းလဲသွားသည်။
ရုတ်တရက် အပူချိန်နိမ့်သော ရေခိုးရေငွေ့ အများအပြား လေထဲတွင် ပေါ်လာသည်။ နှင်းခဲများသည် ဂိုအာ၏ ခြေဖဝါးအောက်မှ ပျံ့သွားကာ ပျံသန်းရေးယာဉ်အနီးသို့ ပျံ့နှံ့သွားသည်။ ရေခဲတိုင်ငါးတိုင်သည် မြေပြင်မှ တက်လာပြီး ခြေသည်းများကဲ့သို့ ပျံသန်းရေးယာဉ်များကို ဖမ်းယူလိုက်သည်။ နိမ့်ကျသောအပူချိန်သည် ပျံသန်းရေးယာဉ်များကို စက်ရပ်သွားစေသည်။ ပျံသန်းရေးယာဉ်များသည် ၎င်းတို့၏ ကျန်ရှိသောအရှိန်ဖြင့် ရှေ့သို့ ဆက်လက် ပျံသန်းသွားပြီး ဆန့်ထွက်လာသော ရေခဲတိုင်များက ၎င်းတို့ကို ရေခဲပန်းပုရုပ်တုများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ရေခဲတိုင်သည် မြေပြင်နှင့် ပျံသန်းရေးယာဉ်များကြားရှိ တံတားလိုဖြစ်နေပြီး ပျံသန်းရေးယာဉ်ငါးစီးကို လေထဲတွင် အေးခဲသွားစေ၏။
ဂိုအာသည် အဆင့် B မှော်ဆရာဖြစ်သောကြောင့် သူမတွင် အလွန်အားကောင်းသော ထိန်းချုပ်မှုရှိသည်။ ပျံသန်းရေးယာဉ်များ အေးခဲသွားသော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိပေ။
လေယာဉ်မောင်းသူသည် ထိတ်လန့်တကြားဖြင့် ထိန်းချုပ်ရေးစက်ကို နှိပ်လိုက်သည်။ "စနစ်အားလုံး ခေတ္တရပ်ဆိုင်းသွားပြီး ပြန်လည်စတင်နေတယ်၊ အမလေး - အရမ်းအေးတာပဲ!"
သီရွန်ဒေါသထွက်သွားသည်။ "သူတို့က ဘယ်လိုသတ္တိနဲ့ ပြန်တိုက်ရဲတာလဲ။ အထက်ကို သတင်းပို့။ စစ်ကူတောင်း။ သူတို့ကို မလွတ်စေနဲ့!"
ဖြစ်စရာကလည်း ဖြစ်ပြီးပြီမို့ ကြေးစားများက ထွက်ပြေးဖို့ အခွင့်အရေးကို အမိအရ ယူကြသည်။ လူပြန်စုပြီး သူတို့၏ ကိုယ်ပိုင်အာကာသယာဉ်ကို တက်ကြ၏။ အရင်လိုပင် ဟန်ရှောင်းက ကောင်းကင်ကြိုးဝိုင်း၏ ယာဉ်ပေါ်တက်လိုက်သည်။ အစောပိုင်း တိုက်ပွဲတွင် မပါဝင်ခဲ့သော လေယာဉ်မှူးသည် အတော်ကြာကတည်းကပင် အာကာသယာဉ်ကို စက်နှိုးထား၏။ လူတိုင်း အာကာသယာဉ်ပေါ် တက်ပြီးချိန်တွင် တဖြည်းဖြည်း မြင့်တက်လာပြီး မျောလွင့်နဂါးကျွန်းကနေ ထွက်ခွာသွားသည်။
ဓါးသွားများ၏ အသွင်ယူထားသော ကင်းထောက်များသည် အရင်ကတည်းကပင် သေတ္တာများထဲ၌ ဆေးလ်ဗားအနံ့များ ရှိနေကြောင်း အတည်ပြုခဲ့သည်။ သူတို့မျှော်လင့်ထားသည့်အတိုင်း သေတ္တာများကို ဖွင့်လိုက်သောအခါ အတွင်းတွင် ဆေးလ်ဗား ၁၅ယောက်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ထောင့်စွန်းတွင် ကြောက်လန့်တကြား ကျုံ့ကျုံ့လေးထိုင်နေကြသည်။
သူတို့သည် အပြင်မှာ ဘာဖြစ်နေလဲဆိုတာ မမြင်နိုင်ကြပေ။ လမ်းတစ်လျှောက်လုံး ပေါက်ကွဲသံများက သူတို့အား အလွန်ထိတ်လန့်တုန်လှုပ်စေသည်။ သေတ္တာကို ဖွင့်လိုက်သောအခါ ဆေးလ်ဗားသည် ထိတ်လန့်တကြားအော်လိုက်ရာ သူတို့၏ခေါင်းပေါ်ရှိ အင်တင်နာသည် အလွန်လျင်မြန်စွာ လှုပ်ခါသွားပြီး ပုံရိပ်ယောင်များပင် ဖြစ်ပေါ်လာသည်။ ဒါဟာ တကယ်ကို ချစ်ဖို့ကောင်းပြီး ဟန်ရှောင်းမှာ သူတို့ကို ဆွဲနုတ်ပစ်ချင်နေသည့် နားမလည်နိုင်သော တွန်းအားတစ်ခု ခံစားနေရ၏။
“မင်းတို့ လုံခြုံပြီ။ ငါတို့က မင်းတို့ကို ကယ်တင်ဖို့ မင်းသူငယ်ချင်းတွေ ငှားထားတဲ့ ကြေးစားတွေပါ။" ဂိုအာသည် အေးဆေးတည်ငြိမ်သော စာလုံးကို ပေါ့ပေါ့ပါးပါးသုံးကာ ဆေးလ်ဗားများ၏ စိတ်ခံစားမှုများကို တည်ငြိမ်သွားစေ၏။ သူမသည် ဤဆေးလ်ဗားကို ဆက်သွယ်နိုင်ရန် အဖွဲ့၀င်များကို ဘာသာပြန်စက်များကို ထုတ်ယူရန် ပြောလိုက်သည်။
အနည်းငယ်ယုံကြည်လာပြီးနောက်၊ ဤဆေးလ်ဗားသည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ ဂိုအာသည် အလုပ်ရှင်အား ဆက်သွယ်ခဲ့ပြီး ဆေးလ်ဗားအဖွဲ့နှစ်ဖွဲ့သည် အချင်းချင်းတွေ့ဆုံကာ မျက်ရည်များကျနေကြသည်။
အလုပ်ရှင်က ရေတွက်ပြီး “ဆယ့်ငါးယောက်ပဲရှိသေးတယ်၊ ငါ့သူငယ်ချင်းနှစ်ယောက်က ဘယ်မှာလဲ”
“နှစ်ယောက်လျော့နေတယ်” ဂိုအာအံ့သြသွားသည်။ လူနှစ်ယောက်ကို လိုသွားခဲ့ရင် ဆုကြေးက လျော့သွားနိုင်၏။
ကယ်တင်ထားသော ဆေးလ်ဗားသည် ဝမ်းနည်းမှုအပြည့်ဖြင့် "သူတို့ကို စကာဗန်ဂျာတွေက အာကာသထဲ ပစ်ချလိုက်တယ်"
ဒါကိုကြားတော့ ဂိုအာက သက်ပြင်းတစ်ချက်ချပြီး တိုးတိုးလေးပြောသည်။ “ကံကောင်းတယ် ကံကောင်းတယ်၊ သူတို့သေသွားရုံပဲ”
ဟန်ရှောင်းက သူမပြောတာကို အံ့သြသွား၏။
အနက်ရောင်နှလုံးသားရှိတဲ့ ကြေးစားသမားတွေကြားမှာ ကောင်းတဲ့လူဆိုတာ တကယ်မရှိပေ။
နောက်တစ်နေ့မနက်တွင် အလုပ်ရှင်က “မင်းတို့မစ်ရှင်ကို ကောင်းကောင်း ပြီးသွားပါပြီ။ ကျေးဇူးပြုပြီး ငါတို့သူငယ်ချင်းတွေကို ပြန်ပို့ပေးပါ။ ငါတို့သဘောတူထားတဲ့အတိုင်း မင်းတို့ဆုကြေးကို ငါပေးမယ်။"
ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ဆုလာဘ်ကို ရယူနိုင်ခဲ့သည်။ ပျော်ရွှင်မှုသည် ကြေးစားတိုင်း၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
သူသည် ဖိသိပ်မှုနည်းပညာများ၏ နောက်ဆုံးအဆင့် တိုးတက်မှုကို ရရှိတော့မည်ကို သိသဖြင့် ဟန်ရှောင်းသည် တိတ်တဆိတ် စိတ်လှုပ်ရှားနေခဲ့သည်။
ဘုန်း!
ရုတ်တရက် အာကာသယာဉ်သည် ပြင်းထန်စွာ တုန်ခါသွားကာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ လေယာဉ်မှူးက "သေစမ်း၊ မျောလွင့်နဂါးကျွန်းက ငါတို့နောက်လိုက်ဖို့ အာကာသယာဉ်တွေ လွှတ်လိုက်တယ်!"
သူတို့၏ မျက်နှာပျက်သွား၏။ သူတို့သည် ပြတင်းပေါက်သို့ လာကာ အာကာသယာဉ်နောက်ကို လှမ်းကြည့်ကြသည်။ ကြေးစားအဖွဲ့ အာကာသယာဉ်သုံးစင်းသည် မျောလွင့်နဂါးကျွန်း၏ လူလုပ်ဂေဟဗေဒဆိုင်ရာ ပေါင်းမိုးမှ ထွက်ခွာပြီး အာကာသထဲသို့ ဝင်ရောက်လာသည်။ သူတို့သည် မျောလွင့်နဂါးကျွန်းမှ တဖြည်းဖြည်း ဝေးကွာလာကြ၏။
သို့သော်လည်း မျောလွင့်နဂါးကျွန်း အာကာသယာဉ် အနည်းငယ်သည် ၎င်းတို့နောက်မှ လိုက်သွားကာ ၎င်းတို့၏ အာကာသယာဉ်နောက်သို့ လိုက်ကာ ၎င်းတို့ကို ပစ်ခတ်ခဲ့သည်။ အလင်းတန်းများသည် အကာအရံများ တစ်ခုပြီးတစ်ခု ထိမှန်ကာ ၎င်းတို့၏ သင်္ဘောများကို အဆက်မပြတ် တုန်လှုပ်စေသည်။
သီရွန်သည် အပိုဆာဒါးများစွာဖြင့် အထက်အရာရှိများထံ သတင်းပို့ခဲ့ပြီး ကြေးစားသမားများသည် အစောင့်များကို ဦးစွာတိုက်ခိုက်ပြီး စည်းကမ်းများကို ချိုးဖောက်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် မျောလွင့်နဂါးကျွန်းအာကာသယာဉ်များသည် ၎င်းတို့ကို စကြဝဠာအစွန်းအထိ လိုက်ဖမ်းရန် စီစဉ်ထားသည်။
မျောလွင့်နဂါးကျွန်း၏ သင်္ဘောကျင်းတွင်၊ လူမိုက်အုပ်စုများသည် ဆက်လက်ပြီး လိုက်ဖမ်းသည်ကို စောင့်ကြည့်နေကြသည်။ မျောလွင့်နဂါးကျွန်းသည် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့သူတိုင်း ပေးဆပ်ရမည်ဟု ဥပမာပေးချင်နေ၏။
“ငါတို့က သူတို့ရဲ့ လေယာဉ်တွေကို အေးခဲရုံလေး လုပ်ထားတာလေ။ ဘာတွေကိစ္စကြီးသွားတာလဲဟ!" ပေါ်တာမှာ ဒေါသထွက်နေ၏။
"ခုန်ကူးဖို့အင်ဂျင်ကို အမြန်ဖွင့်။ ငါတို့ ခုန်ကူးတဲ့ အခြေအနေမှာ ရှိနေသမျှတော့ သူတို့ ငါတို့ကို လိုက်နိုင်မှာ မဟုတ်ဘူး” ဂိုအာက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ယာဉ်မောင်းကြေးစားများသည် အာကာသယာဉ်ကို ထိန်းချုပ်ကာ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်တိမ်းနေသည်၊ အကာအကွယ်တွင် အက်ကြောင်းများ ပေါ်လာသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အရှိန်မြှင့်နေ၏။ ထိုအချိန်တွင် အာကာသယာဉ်ထဲ၌ ဉာဏ်ရည်တုအသံက ထွက်ပေါ်လာသည်။
“ခုန်ကူးခြင်းအင်ဂျင်ကို အသက်သွင်းခြင်း၊ ပါဝါ နှစ်ရာခိုင်နှုန်း… ခုနစ်ရာခိုင်နှုန်း… ဆယ့်လေးရာခိုင်နှုန်း… ရှစ်ဆယ့်သုံးရာခိုင်နှုန်း… အောင်မြင်စွာ ပါဝါဖွင့်လိုက်ပါပြီ။ ခုန်ကူးရန် ပြင်ဆင်နေပါပြီ။”
အာကာသယာဉ်သည် အရှိန်အဟုန်ဖြင့် အရှိန်မြင့်လာသည်နှင့်အမျှ ရန်သူများကို တဖြည်းဖြည်း ကျန်ရစ်ခဲ့စေသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ စကြဝဠာကြီးသည် မှုန်ဝါးသွားကာ သူတို့ ခုန်ကူးတော့မည်ဖြစ်သည်။
သို့သော်လည်း ရုတ်တရက် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွား၏။ ခုန်မကူးမီ တစ်စက္ကန့်အလိုတွင်၊ ကြေးစားအဖွဲ့မှ အာကာသယာဉ်များအားလုံး ငြိမ်ကျသွားသည်။ စွမ်းအင်နှင့် ရွေ့လျားမှုအားလုံးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ ကြေးစားသမားများသည် တုန်ခါမှုကိုပင် မခံစားရပေ။
ရုတ်တရက်ဆိုသလိုပင် အာကာသယာဉ်အတွင်းမှ လေထုသည် တဟုန်ထိုးမြည်လာသည်။ နေရာတိုင်းတွင် အသံများဖြင့် ပြည့်နှက်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲကာ နားကန်းလုနီးပါး ဖြစ်နေသည်။ လူတိုင်း တုန်လှုပ်ရုံမက လဲကျသွား၏။
"မင်းတို့တွေက ငါ့အိမ်မှာ ချစ်စရာကောင်းတဲ့ လက်အောက်ငယ်သားတွေကို တိုက်ခိုက်ခဲ့ပြီးတာတောင် လွယ်လွယ်နဲ့ ထွက်သွားချင်နေတာလား။"
စစ်သားများ၏ အာကာသယာဉ်များသည် မမြင်နိုင်သော ကြီးမားသော လက်ဖြင့် ဖမ်းဆုပ်ထားသကဲ့သို့ တူညီသောလမ်းကြောင်းမှ အနောက်သို့ ပျံသန်းသွားကြသည်။ တွန်းအားများအားလုံး အလုပ်မလုပ်တော့ဘဲ ယာဉ်မောင်းက အာကာသယာဉ်ကို ထိန်းချုပ်ရန် မည်သို့ပင် ကြိုးစားနေပါစေ အသုံးမဝင်ပေ။
ကစားသမားများ အံ့သြသွားကြသည်။ ဘာတွေဖြစ်နေလဲဆိုတာ မသိကြပေ။ ဆေးလ်ဗားများမှာ တုန်လှုပ်ခြောက်ခြားသွားသလိုပင်။ လွတ်လပ်မှုသည် ၎င်းတို့ရှေ့တွင်ရှိပြီး ရန်သူများ၏ အာကာသယာဉ်များ ချန်ထားခဲ့နိုင်ပြီဖြစ်သည်။ ရုတ်တရက် သူတို့အားလုံးကို ဘာကြောင့် ထိန်းချုပ်ခံလိုက်ရတာလဲ။
ကြေးစားများ၏ မျက်နှာတွေက အစောကတည်းက ပြောင်းလဲနေခဲ့ပြီးဖြစ်သည်။
“သူ ဒီမှာ…” စာလန်နီက မျက်နှာအိုအိုနှင့် ပြောလိုက်သည်။
ဂိုအာသည်လည်း တုန်လှုပ်ခြောက်ခြားနေ၏။ "ငါတို့က ကိစ္စသေးသေးလေးပဲ လုပ်တာပါ၊ ဒါက မျောလွင့်နဂါးကျွန်း အုပ်စိုးရှင်ရဲ့ အာရုံကို ဘယ်လို ဆွဲဆောင်ခဲ့တာလဲ"
“သူမ အရမ်းပျင်းနေတာဖြစ်မယ်…” ဟန်ရှောင်းမှာ စကားမပြောနိုင်ချေ။ မျောလွင့်နဂါးကျွန်း၏ အုပ်စိုးရှင်သည် ဤမျှသေးငယ်သည့်အရာတစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်လာရန် သူပင် မမျှော်လင့်ခဲ့ပေ။ ဤအရာက လမ်းဘေးမှာ ပုရွက်ဆိတ်နှစ်ကောင် ရန်ဖြစ်နေတာနှင့် တူ၏။ လူတစ်ယောက်က ဘယ်လောက်တောင်ပျင်းနေလို့လဲ ဝင်ပါနိုင်ရတာလဲ?
မစ်ရှင်မှာ ပြီးစီးလုနီးပါးဖြစ်သော်လည်း မတော်တဆတစ်ခုက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသည်။ ထို့အပြင် ၎င်းသည် သူ၏ လက်ရှိအဆင့်တွင် လုံးဝ မယှဉ်နိုင်သော တစ်စုံတစ်ဦးကြောင့် ဖြစ်သည်။ သူသည် အလွန်ကံမကောင်းသလို ခံစားခဲ့ရသည်။
ဟန်ရှောင်းသည် ဟားလပ်စ်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်နေ၏။
ဘာလဲကွာ! ငါက အဓိကဇာတ်ကောင် အမျိုးအစားကို ခေါ်ခဲ့တာ သိသာပါတယ်။ ဘယ်လိုတောင် ကံမကောင်းနိုင်တာလဲ။ ဒီဇာတ်ကောင်က သက်တမ်းကုန်သွားတာလား။ ပြန်လဲလို့ ရနိုင်သေးလား။
အာကာသယာဉ်များ၏ ရုန်းကန်မှုက အချည်းအနှီးသာ။ သူတို့ကို မမြင်နိုင်သော စက်ကွင်းက မျောလွင့်နဂါးကျွန်း၏ ဆိပ်ကမ်းသို့ ပြန်ဆွဲခေါ်သွားသည်။ တံခါးများလည်း စက်ကွင်းဖြင့် ဆွဲဖွင့်ခံလိုက်ရပြီး ကြေးစားစစ်သားများသည် သူတို့ကိုယ်သူတို့ အားတင်းလိုက်ကြပြီး အပြင်သို့ ထွက်လာကြသည်။ ထိုကဲ့သို့ ကြီးမားသော စွမ်းအားရှေ့တွင် မခုခံနိုင်သည်မှာ သေချာသည်။
ဟန်ရှောင်းမှာ ယာယီအားဖြင့် အကြံဉာဏ်ကောင်းများ မရှိသေးပေ။ မီးစင်သာ ကြည့်ကရတော့မည်။
ဤအချိန်တွင် ဆိပ်ကမ်းတွင် လူအများအပြား စုရုံးရောက်ရှိနေကြပြီး သူတို့၏ လည်ပင်းများကို ဆန့်တန်းကာ ရှိုးပွဲကို ကြည့်ရှုခံစားနေကြသည်။ မျောလွင့်နဂါးကျွန်း၏ အုပ်စိုးရှင်ကလည်း လေထဲတွင် ပျံဝဲနေသည်။ မြေပြင်ပေါ်ရှိလူများက မော့ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများတွင် အံ့သြချီးကျူးမှုများ အပြည့်ရှိသည်။ ဤသည်မှာ အကြွင်းမဲ့စွမ်းအားအပေါ် လေးစားမှုပင်ဖြစ်သည်။
ဟင်းလင်းပြင်နဂါး အရိုးစုများဖြင့် ပြုလုပ်ထားသော ပလ္လင်က လေထဲတွင် ပျံဝဲနေပြီး အရပ်ရှည်ရှည်နှင့် လှပသော အမျိုးသမီးတစ်ဦးက ပလ္လင်ပေါ်တွင် ခြေချိတ်ကာ ထိုင်နေသည်။ လက်တစ်ဖက်ကို ပလ္လင်လက်ရန်းပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားပြီး ကျန်လက်တစ်ဖက်က မေးစေ့ကို ကိုင်ထားကာ ဂန္တဝင်ဆန်သော သူဌေးထိုင်ပုံစံဖြင့် လူများကို ငုံ့ကြည့်နေသည်။ ချောမွေ့သော အနက်ရောင်ဆံပင်ရှည်က ပလ္လင်မှ တွဲလောင်းကျနေသည်။ ဆံပင်အရှည်မှာ အနည်းဆုံး နှစ်မီတာခန့်ရှိသည်။ သူမသည် လည်ပင်းကျယ်ကျယ်နှင့် ပိုးသားကဲ့သို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရင်ခွဲကြောင်းမရှိခြင်းက သူမသည် ရင်သားသေးသွယ်သူဖြစ်သည်ကို ပြသနေသည်။
စကတ်၏ ခွဲကြောင်းမှာ အလွန်ရှည်လျားပြီး နှင်းကဲ့သို့ ဖြူဖွေးသော ခြေထောက်ရှည်နှစ်ချောင်းကို ဖော်ပြနေသည်။ အနက်ရောင်ဝတ်စုံနှင့် ဖြူဖွေးသောခြေထောက်များက အလွန်သက်ရောက်မှုအားကောင်းသော မြင်ကွင်းကို ဖြစ်ပေါ်စေပြီး ဆွဲဆောင်မှုရှိသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သူမ၏ ကိုယ်ခန္ဓာက လှပပြီး ဆွဲဆောင်မှုရှိသော်လည်း၊ မျက်နှာမှာတော့ လှပသည် သို့မဟုတ် ရင်သပ်ရှုမောဖွယ်ဖြစ်သည်ဟု မယူဆနိုင်ချေ။ သို့သော် အတော်လေးတော့ ဆွဲဆောင်မှုရှိ၏။ အသက်အရွယ်က သူမ၏မျက်နှာပေါ်တွင် မည်သည့်အရာမှ ချန်ရစ်မထားခဲ့ဘဲ သူမ၏ မျက်လုံးများက ဉာဏ်ပညာများဖြင့် ပြည့်နေသည်။ သူမ၏မျက်လုံးနှစ်ဖက်စလုံး၏ အနားသတ်များတွင် ညီညာသော အနက်ရောင်အမှတ်အသားများ ရှိသည်။ အမှတ်အသားများက အနက်ရောင် ဆူးများကဲ့သို့ဖြစ်သည်။ သူမက လူများကို သိလိုစိတ်ဖြင့် စိုက်ကြည့်နေသည်။
ဤအမျိုးသမီးတွင် မျောလွင့်နဂါးကျွန်း၏ အုပ်စိုးရှင်၊ ကုန်းမြေ ဖျက်ဆီးသူ၊ အကြွင်းမဲ့ စွမ်းအားစသည့် အမည်များစွာရှိသည်။ သူမသည် မျောလွင့်နဂါးကျွန်း၏ ဖန်တီးသူနှင့် အုပ်စိုးရှင်ဖြစ်သည်။ သူမ၏နာမည်မှာ [နဂါးအင်ပါယာ] အေးမီစ်ဖြစ်သည်။
အေးမီစ်သည် စက်ကွင်း အက်စ်ပါဖြစ်သည်။ သူမ၏စက်ကွင်း၏ စွမ်းအားက မျောလွင့်နဂါးကျွန်းကို ဖန်တီးရန်အတွက် မြေကြီးကိုပင် ဆုတ်ဖြဲနိုင်သည်။ ထို့ကြောင့် သေးငယ်သောအာကာသယာဉ်အချို့ကို ထိန်းချုပ်ခြင်းက ပေါ့ပေါ့ပါးပါး ကိစ္စဖြစ်သည်။