အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း ၄၅၇ - မတော်တဆဆင့်ခေါ်မိခြင်း
အော်ဂတ်စတတ်၏အစီအစဉ်သည် မူလကအရာအားလုံးကို မြန်မြန်ဆန်ဆန်ပြီးမြောက်ရန် စီစဉ်ထားခဲ့သော်လည်း ရှောင်ယု၏ဗုံးများကြောင့် ဟန့်တားခံလိုက်ရသည်။
ထိုတိုက်ခိုက်မှုအား ဆဌမအဆင့်ကျွမ်းကျင်သူများသည်ပင် ခုခံရန်အလွန်ခက်ခဲမည်ဖြစ်သည်။အကယ်၍ အကြိမ်ပေါင်းများစွာတိုက်ခိုက်ခံရပါက ဆဌမအဆင့်ကျွမ်းကျင်သူပင် သတ်ဖြတ်ခံရမည်ဖြစ်သည်။
"ခွေးကောင်..."
အော်ဂတ်စတတ်သည် ရှောင်ယုအားအမှန်တကယ်လျော့တွက်မိခဲ့သည်။သူသည် ရှောင်ယုဆုပ်ကိုင်ထားသော ဝှက်ဖဲများအားလျော့တွက်မိခဲ့ရုံသာမက ရှောင်ယု၏တိုက်ပွဲနည်းဗျူဟာကိုလည်း လျော့တွက်မိခဲ့သည်။
အော်ဂတ်စတတ်သည် ရှောင်ယု၏သာမန်မဟုတ်သော တိုက်ပွဲနည်းဗျူဟာကို အမှန်တကယ်ပင်လျော့တွက်မိခဲ့သည်။ရှောင်ယုသည် သာမန်အသိတရားကိုလိုက်မနာတော့သည့်အခါတွင် သူ၏ယခင်ပြင်ဆင်မှုများက လုံးဝအသုံးမဝင်တော့ပေ။
ရှောင်ယုသည် ဤကဲ့သို့ထူးဆန်းသောတိုက်ပွဲနည်းဗျူဟာများကို မည်သို့စဉ်းစားခဲ့ကြောင်း မည်သူမှမသိကြပေ။
ရှောင်ယုသည် ဆဌမအဆင့်ကျွမ်းကျင်သူများလက်မှ လွတ်မြောက်ခဲ့ပြီးနောက်တွင် အီလီဒမ်၏ပုံရိပ်သည် တဖြည်းဖြည်းပိုမိုအားကောင်းလာကြောင်းတွေ့လိုက်ရ၍ အလွန်စိုးရိမ်သွားခဲ့သည်။
ထိုအချိန်တွင်ရှောင်ယုသည် သူ၏နောက်ကျောဘက်မှနေ၍ ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုအား ခံစားလိုက်ရပြီး သူ၏နောက်ကျောတစ်ခုလုံး ချွေးအေးများစိုရွဲသွားခဲ့သည်။
ထိုအချိန်တွင် ဓားမြှောင်တစ်ချောင်းက ရှောင်ယု၏နောက်ကျောကိုတိုက်ရိုက်ထိုးဖောက်လာသော်လည်း ရှောင်ယု၏အသက်ကိုမသတ်ဖြတ်နိုင်ခဲ့ပေ။
ဆဌမအဆင့်လုပ်ကြံသူသည် ဘေးကင်းလုံခြုံနေသည့်ရှောင်ယုကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌ ရှုပ်ထွေးသောအမူအရာများဖြစ်ပေါ်လာခဲ့သည်။ထို့နောက်တွင် သူသည်အနည်းငယ်မှားယွင်းနေသလိုခံစားလိုက်ရသည်။
လုပ်ကြံသူသည် အာရုံစူးစိုက်လိုက်ရာ ရှောင်ယု၏ခန္ဓာကိုယ်အား ပါးလွှာသည့်အမြှေးပါးသဏ္ဍာန်ရှိသော ရွှေရောင်အလင်းများဖြင့်ဖုံးလွှမ်းထားသည်ကို တွေ့ရှိလိုက်ရသည်။ထိုအလင်းလွှာကပင် သူ၏အဆုံးစွန်သောလုပ်ကြံသတ်ဖြတ်မှုကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။အကယ်၍ ပြိုင်ဘက်ဖြစ်သူကသာ သူ့ထက်နှစ်ဆခန့်ပိုမိုအစွမ်းထက်လျှင်တောင်မှ သူ၏အဆုံးစွန်သောလှုပ်ရှားမှုဖြင့် အသေသတ်ဖြတ်ခံရမည်ဖြစ်သော်လည်း ရှောင်ယုကတားဆီးလိုက်နိုင်သည်။
ရှောင်ယုသည် အူသာ၏နတ်ဒိုင်းနှင့်အကာအကွယ်လက်တော်တို့အား သင်ယူတတ်မြောက်ခဲ့သည်။ထို့ကြောင့် နောက်ကျောဘက်မှနေ၍ ရှောင်ယု၏နှလုံးသားကိုဓားမြှောင်ဖြင့်ထိုးနှက်လိုက်ချိန်တွင် ရှောင်ယုကနတ်ဒိုင်းနှင့် အကာအကွယ်လက်တော်ကို မဆိုင်းမတွထုတ်ဖော်လိုက်သည်။သို့ဖြစ်ရာ ဤလုပ်ကြံသူ၌ ယခုထက်ပိုမိုအားကောင်းသည့် လှုပ်ရှားမှုမျိုးရှိခဲ့လျှင်တောင် သူ၏ရည်မှန်းချက်အောင်မြင်မည်မဟုတ်ပေ။
ထူးချွန်သောလုပ်ကြံသူတစ်ယောက်အနေဖြင့် ၎င်း၏အကောင်းဆုံးသောအခွင့်အရေးကို ဆုံးရှုံးခဲ့ပြီးနောက်တွင် နောက်ထပ်တိုက်ခိုက်ရန်မသင့်တော်ကြောင်း သိရှိလိုက်သည်။
ထို့ကြောင့် ဆဌမအဆင့်လုပ်ကြံသူသတ်ဖြတ်သူသည် အဝေးသို့ ချက်ချင်းဆုတ်ခွာ၍ ရှောင်ယုနောက်သို့ထပ်မလိုက်တော့ပေ။
သို့သော်လည်း ရှောင်ယုအားနောက်ထပ်တစ်ကြိမ် လုပ်ကြံသတ်ဖြတ်ခြင်းမှကာကွယ်ရန်အတွက် တိုင်ရန်ဒီသည် ထိုလုပ်ကြံသူပေါ်သို့ သေမင်းအမှတ်အသားဖြင့် တိုက်ခိုက်လိုက်သည်။
တိုင်ရန်ဒီသည် ရှောင်ယု၏လုံခြုံရေးကို အလွန်ပင်အာရုံစိုက်ထားပေသည်။ရှောင်ယုအပေါ်ထားရှိသည့် သူမ၏သစ္စာစောင့်သိမှုသည် အမှတ်ပြည့်၁၀၀အထိ ရောက်ရှိခြင်းမရှိသေးသော်လည်း တိုင်ရန်ဒီသည်ရှောင်ယုအပေါ်၌ အလွန်ပင်သစ္စာစောင့်သိနေပြီဖြစ်သည်။
ဘန်း...
ထိုအချိန်တွင် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့သည်။လူတိုင်း၏ရှေ့တွင် ပြင်းထန်အားကောင်းသည့်အလင်းတန်းတစ်ခုက ယဇ်ပလ္လင်အားဦးတည်ကျရောက်လာခဲ့သည်။
နီကိုးလပ်စ်သည် ယဇ်ပလ္လင်ကိုချိန်ရွယ်ကာ မှော်အမြှောက်များကိုအသုံးပြု၍ ဆက်တိုက်ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
"ရှောင်ယု...ယဇ်ပလ္လင်ကိုမြန်မြန်ဖျက်ဆီးလိုက်"
နီကိုးလပ်စ်သည် အီလီဒမ်၏ခန္ဓာကိုယ်နှင့်၎င်း၏စိတ်ကူးယဉ်ပုံရိပ်တို့မကြာမှီပေါင်းစပ်တော့မည်ကို သတိထားမိရာ ကျယ်လောင်စွာအော်ဟစ်သတိပေးလိုက်သည်။
ရှောင်ယုက ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။
"စိတ်မပူနဲ့...ဒီလူယုတ်မာတွေ ဂေါ်ဒန်ကိုအသက်ပြန်ရှင်စေဖို့လုံးဝခွင့်ပြုပေးမှာမဟုတ်ဘူး"
ရှောင်ယုက ထိုသို့ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းမှုန်ဝါးလာခဲ့ပြီးနောက်တွင် ကိုယ်ပွား၄၅ကောင်ခန့်ခွဲထုတ်၍ ယဇ်ပလ္လင်ထံပြေးဝင်သွားခဲ့သည်။
ဤကဲ့သို့အစွမ်းထက်လှသည့် ကျွမ်းကျင်မှုတစ်ခု၏အကူအညီဖြင့် ရှောင်ယုသည်ဤအခွင့်အရေးအား လက်လွတ်မခံနိုင်ခဲ့ပေ။ဤကိုယ်ပွား၄၅ကောင်တွင် တစ်ကောင်စီသည် ရှောင်ယု၏ကိုယ်ပိုင်ခန္ဓာကိုယ်ခွန်အား၏ ၅၀ရာခိုင်နှုန်းအား အသုံးပြုနိုင်စွမ်းရှိသည်။
ယဇ်ပလ္လင်ဆီသို့ အပြေးအလွှားချည်းကပ်လာသည့် ရှောင်ယုကိုကြည့်ရင်း အော်ဂတ်စတတ်ကကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နောက်ကျသွားပြီ...အရာအားလုံးကနောက်ကျသွားခဲ့ပြီကွ...မင်းတို့မှာအခွင့်အရေးရှိနေသေးတယ်လို့ထင်နေတာလား...ဟားဟားငါပြောပြမယ်...ဒီကမ္ဘာကြီးကိုအမှောင်ထုကဖုံးလွှမ်းသွားပြီး ဂေါ်ဒန်ကကမ္ဘာကြီးကိုအုပ်စိုးလိမ့်မယ်"
ရှောင်ယုက ရုတ်တရက်ကျိန်ဆဲလိုက်သည်။
"သေလိုက်လေ"
အော်ဂတ်စတတ်သည် ရှောင်ယု၏ခန္ဓာကိုယ်အား ခွဲထုတ်ရန်မစောင့်နိုင်တော့သကဲ့သို့ အံကြိတ်မိလိုက်သည်။အော်ဂတ်စတတ်သည် ရှောင်ယုအားထိုနေရာ၌ ချက်ချင်းသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်သည်။
အော်ဂတ်စတတ်သည် ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်သည့်အတွက် သူ၏ခွန်အားသည်ကျိန်းသေပေါက်အစွမ်းထက်ပေသည်။ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အော်ဂတ်စတတ်နှင့်အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ဖူးပေသည်။
"ဂြိုလ်ဆိုးတမန်တော် ငါဆင့်ခေါ်တာကိုအကြောင်းပြန်ပြီ ဒီကမ္ဘာပေါ်ဆင်းသက်လာပါ"
အော်ဂတ်စတတ်သည် နတ်ဆိုးမှော်ဆရာတစ်ပါးဖြစ်ကာ သူ၏ဆင့်ခေါ်မှော်ပညာက သူ၏အမှတ်သင်္ကေတဖြစ်သည်။
ကောင်းကင်ပေါ်၌ ကြီးမားသည့် ဆင့်ခေါ်မှော်အခင်းအကျင်းတစ်ခုဖြစ်ပေါ်လာသည်ကိုမြင်လျှင် ရှောင်ယုသည် ဒိုင်းနမိုက်အိတ်ကို ချက်ချင်းပစ်ချလိုက်သည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ဒိုင်းနမိုက်များအိတ်လိုက်ပေါက်ကွဲသွားခဲ့သည်။သို့သော်လည်း ရှောင်ယုမော့ကြည့်လိုက်ချိန်တွင် မှော်အခင်းအကျင်းက လုံးဝပျက်စီးသွားကြောင်းတွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် အော်ဂတ်စတတ်၏မျက်နှာ၌ ရှုပ်ထွေးနေသောအမူအရာများဖြစ်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမတည်ရှိမှုတစ်ခုက အခင်းအကျင်းပျက်စီးသွားသည့်နေရာတွင် ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သောသတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက်သည်။
အခြေအနေကရုတ်တရက်ဆန်လွန်းသဖြင့် ဂြိုလ်ဆိုးတမန်တော်ကိုဆင့်ခေါ်လိုခဲ့သည့် အော်ဂတ်စတတ်သည်ပင် ကြောက်လန့်သွားခဲ့ရသည်။
ဤအရာသည် သေချာပေါက်အပျက်သဘောဆောင်သည့် လုပ်ရပ်ဖြစ်သည်။
နတ်ဆိုးမှော်ဆရာများသည် နတ်ဆိုးများကိုဆင့်ခေါ်သည့်အခါတွင် ကျရှုံးမှုအချို့ရှိတတ်သော်လည်း သူသည်ဆဌမအဆင့်နတ်ဆိုးမှော်ဆရာဖြစ်သည်။သူသည် ဆင့်ခေါ်မှော်ပညာ၌ဆရာတစ်ဆူဖြစ်ပေရာ ဤကဲ့သို့အမှားမျိုးမဖြစ်သင့်ပေ။
လူတိုင်းသည် ကြီးမားလှသည့်ရုပ်သွင်ကိုကြည့်ပြီး အံ့သြသွားခဲ့ကြသည်။ဤမျှအားကောင်းသည့်အော်ရာကြောင့် ထိုရုပ်သွင်သည် ဆဌမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်းသေချာပေသည်။
"သေစမ်း....အဲ့ဒါကတွင်းနက်အရှင်သခင်ပဲ"
ရှောင်ယုကအော်ဟစ်လိုက်သည်။
အခန်း ၄၅၈ - နိုးထခြင်း
ထိုကြီးမားသည့်ရုပ်သွင်သည် တွင်းနက်အရှင်သခင်ဖြစ်ကြောင်း ရှောင်ယုတစ်ချက်ကြည့်ရုံဖြင့် နားလည်လိုက်သည်။
အော်ဂတ်စတတ်သည် ချောက်နက်ကြီးအတွင်းမှ သခင်တစ်ပါးကိုဆင့်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း မည်သူ့ကိုဆင့်ခေါ်ခဲ့ကြောင်း ရှောင်ယုမသိခဲ့ပေ။
အော်ဂတ်စတတ်သည် တွင်းနက်အရှင်သခင်များကို ဆင့်ခေါ်နိုင်သည်မှာ ရှောင်ယုအတွက်မထူးဆန်းတော့ပေ။မကောင်းဆိုးဝါးအောစ့်များသည်ပင် ဤနေရာ၌ရှိနေပေရာ အော်ဂတ်စတတ်သည် တွင်းနက်အရှင်သခင်နှင့်ဆက်နွယ်နေကြောင်း သေချာပေသည်။အဆုံးသတ်တွင် မကောင်းဆိုးဝါးအောစ့်များ၏ ပြောင်းလဲမှုဖြစ်စဉ်သည် တွင်းနက်အရှင်သခင်၏သွေးနှင့်သက်ဆိုင်ပေသည်။
"ကြီးမြတ်သောဟောရပ်စ်...မင်းဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
အနည်းငယ်တုန်လှုပ်သွားပြီးနောက် အော်ဂတ်စတတ်ကရုတ်တရက်မေးမြန်းလိုက်သည်။
ထိုတွင်းနက်အရှင်သခင်မှာ ဟောရပ်စ်ဟုအမည်ရသည်။
"အိုး...အော်ဂတ်စတတ်...မင်းရဲ့လှည့်ကွက်လေးတွေက ငါ့မျက်လုံးကိုအနိုင်ယူနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား...မင်းငါတို့ကိုအသုံးပြုပြီးရင် ဒီတိုက်ကြီးကိုမင်းတစ်ယောက်တည်း အုပ်ချုပ်နိုင်မယ်လို့မထင်နဲ့...မင်းရဲ့သခင်ဂေါ်ဒန်ဟာရှေးခေတ်ဟောင်းမှာကျန်ရစ်ခဲ့တာကြာပြီ...ခုဒီတိုက်ကြီးကငါတို့ရဲ့အပိုင်ဖြစ်သွားခဲ့ပြီ...ဟားဟား"
ဟောရပ်စ်က ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိအလင်းများသည် တဖြည်းဖြည်းမှိန်ဖျော့လာခဲ့ကာ သူ၏ခန္ဓာကိုယ်က ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက ထိုကောင်ကြီးကိုကြည့်၍ အလွန်ကိုတုန်လှုပ်သွားခဲ့ရသည်။သူ၏ခန္ဓာကိုယ်တစ်ခုတည်းဖြင့်ပင် ဟောရပ်စ်သည် အရာအားလုံးကိုချေမှုန်းနိုင်သည့်ဟန်ပန်ရှိပေသည်။
ထိုကောင်ကြီးသည် လူတိုင်းကိုအသက်အန္တာရယ်ခံစားရစေခဲ့သည်။
"ငါတို့ဘာဆက်လုပ်သင့်လဲ..."
နီကိုးလပ်စ်က ရှောင်ယုအနားတိုးကပ်သွားပြီး အလွန်လေးနက်သောလေသံဖြင့် မေးလိုက်သည်။
ယခုတစ်ကြိမ်တွင် သူ၏မျှော်မှန်းချက်သည် ဂေါ်ဒန်၏ဦးခေါင်းခွံအားရှာဖွေရန်ဖြစ်သော်လည်း အဓိကအချက်မှာ စုံစမ်းစစ်ဆေးရန်ဖြစ်သည်။သို့သော်လည်း အရာအားလုံးက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဒီကောင်ကြီးက ဂေါ်လောခ့်ခေါင်းဆောင်ထက်တောင်
ပိုအစွမ်းထက်သေးတယ်...
ဂေါ်လောခ့်ခေါင်းဆောင်သည် သတ္တမအဆင့်သို့ခဏတာရောက်ရှိခဲ့သော်လည်း ထိုအရာသည်ယာယီတိုးတက်မှုတစ်ခုသာဖြစ်သည်။ယခုဟောရပ်စ်၏အလုံးစုံစွမ်းအားက ပိုမိုအားကောင်းပေသည်။
သူတို့သည် ဟောရပ်စ်ကိုရင်ဆိုင်ရန်အတွက် သူတို့၏ဝှက်ဖဲအားလုံးကို ထုတ်ဖော်ရတော့မည်ဖြစ်သည်။ထို့ပြင် လျှိ့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များနှင့် မကောင်းဆိုးဝါးအောစ့်များစွာကလည်း နေရာအနှံ့ပြန့်ကျဲနေပေရာ ၎င်းတို့အားလုံးကိုရင်ဆိုင်ရန် အလွန်ခက်ခဲပေသည်။
အခြေအနေသည် အလွန်ပင်ဆိုးဝါးနေခဲ့သည်။
"ဘာလုပ်ချင်လို့လဲ....အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရပြီဆိုရင် လှည့်ကွက်တွေအားလုံးက အသုံးမဝင်တော့ဘူး"
ရှောင်ယုက ကူကယ်ရာနဲ့သောလေသံဖြင့်ပြောလိုက်သည်။
ဤကဲ့သို့ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် ရှောင်ယုထံ၌လှည့်ကွက်များ ရှိမနေတော့ပေ။
သို့သော်လည်း ဟောရပ်စ်သည် လူတိုင်း၏မျက်လုံးကိုစိုက်ကြည့်နေသောအခါတွင် ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ငါအနှစ်၁၀၀၀၀ ချုပ်နှောင်ခံခဲ့ရတယ်...ခုချိန်မှာငါပြန်လာခဲ့ပြီ....မင်းကငါ့နယ်မြေကိုဖောက်ထွင်းဝံ့တယ်ပေါ့...မင်းကသေချင်နေတာပဲ"
လက်ရှိအခါ အီလီဒမ်၏ခန္ဓာကိုယ်သည် ထိုပုံရိပ်နှင့်လုံးဝပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။ယခုအခါတွင် အီလီဒမ်သည်အခြားတစ်ယောက်ဖြစ်လာပုံရသည်။
ထို့အစားသူသည် လူတိုင်းကိုကြောက်လန့်စေသော နတ်ဆိုးတစ်ကောင်အဖြစ် သူ၏မူလပုံစံကိုပြသခဲ့သည်။
ထို့နောက်တွင် အီလီဒမ်၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်အော်ရာတစ်ခုထွက်ပေါ်လာခဲ့ကာ ထိုအော်ရာသည် ဟောရပ်စ်ထက်လုံးဝမနိမ့်ကျဘဲ ပို၍ပင်အစွမ်းထက်ပေသည်။
ရုတ်တရက်ဆိုသလိုပင် ယဇ်ပလ္လင်ပေါ်၌ရှိနေသော မှော်ကျောက်တုံးများအားလုံးသည် တောက်ပသောအလင်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဂေါ်ဒန်၏ဦးခေါင်းခွံကလည်း တောက်ပနေခဲ့သည်။ထို့နောက်ဦးခေါင်းခွံသည် ရုတ်တရက်ကြီးမားလာခဲ့ကာ ၎င်း၏မျက်လုံးအိမ်များအတွင်း၌ အစိမ်းရောင်မီးတောက်များတောက်လောင်လာခဲ့သည်။
"ဟမ်း...နောက်ဆုံးတော့ဒီအချိန်ကိုရောက်လာခဲ့ပြီဘဲ...ငါပြန်ရောက်လာပြီဆိုမှတော့ ဒီတိုက်ကြီးရဲ့သခင်ဖြစ်လာရမယ်"
ထိုအချိန်တွင် ထင်မှတ်မထားသည့်အရာတစ်ခုဖြစ်ပွားခဲ့သည်။လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအင်သည် အတားအဆီးကိုရုတ်တရက်ဖြတ်ကျော်သွားပြီးနောက်တွင် ဖီးနစ်အသွင်ဖြစ်တည်လာခဲ့သည်။ထို့နောက်တွင်ဖီးနစ်သည် ကဲလ်သက်ဆီသို့တိုက်ရိုက်ပျံသန်းသွားခဲ့ကာ သူ၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားခဲ့သည်။
ထိုဖီးနစ်သည် ကဲလ်သက်ကိုမည်သို့အကျိုးသက်ရောက်စမည်ဖြစ်ကြောင်း မသိသေးသည့်အတွက် ရှောင်ယုကရပ်တန့်လိုသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဖီးနစ်နှင့်ကဲလ်သက်တို့၏ကိုယ်ထည်သည် အားပြင်းသည့်အော်ရာလှိုင်းလုံးများကို ထုတ်လွှတ်ရင်း အတူတကွပေါင်းစည်းသွားခဲ့သည်။
"ဂျိန်းနာ ငါပြန်လာခဲ့ပြီ...မင်းကောအဆင်ပြေရဲ့လား"
ခဏအကြာတွင် ဖီးနစ်၏ပုံရိပ်က ကဲလ်သက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြန်သည်။ထို့နောက် အစိမ်းရောင်မီးလုံးများက သူ၏ပတ်ဝန်းကျင်၌လွှင့်ပျံနေခဲ့သည်။
"ကဲလ်သက်က ဂျိန်းနာကိုတကယ်ချစ်နေပုံရတယ်"
ရှောင်ယုက သက်ပြင်းချလိုက်သည်။
"ဒါဘယ်လိုဖြစ်ရတာလဲ...ဒါကဘယ်လိုဖြစ်ရတာလဲ"
အော်ဂတ်စတတ်သည် အလွန်ဒေါသထွက်သွားပြီး ကူကယ်ရာမဲ့နေခဲ့သည်။
မူလက သူသည် အလွန်ပင်အစွမ်းထက်သောဂေါ်ဒန်ကို ပြန်လည်အသက်သွင်းရန်အတွက် အီလီဒမ်၏ခန္ဓာကိုယ်အား အသုံးပြုလိုခဲ့သည်။ယခုအခါ အီလီဒမ်၏ခန္ဓာကိုယ်နဲ့ရှိနေသောဂေါ်ဒန်သည် အတိတ်မှအသိစိတ်ကို ပြန်လည်နိုးကြားလာသည့်အတွက် သူသည်ဂေါ်ဒန်၏ဦးခေါင်းခွံနှင့် မပေါင်းစပ်နိုင်တော့ပေ။
ဂေါ်ဒန်၏ဦးခေါင်းခွံသည်လည်း ယခုအချိန်၌ နိုးထလာခဲ့ပြီဖြစ်၍ ၎င်းသည်သူ၏ထိန်းချုပ်မှုမှ လုံးဝကွဲထွက်သွားခဲ့ပြီဖြစ်သည်။
အရာရာတိုင်းသည် လုံးလုံးလျားလျားမှန်းဆ၍မရနိုင်သည့် ဦးတည်ရာတစ်ခုသို့ရောက်ရှိသွားပုံရသည်။
"ဟောရပ်စ် မင်းကဘာလို့ဒီကိုရောက်လာတာလဲ"
ထိုအချိန်တွင် ဂေါ်ဒန်ကဦးစွာမေးမြန်းလိုက်သည်။
"မင်းကဒီလောက်ကြီးတဲ့အရာတစ်ခုကိုရယူဖို့ကြိုးစားနေတာလေ...ဒီကိတ်မုန့်ကိုဝေစုခွဲဖို့အတွက် မင်းကဘာလို့မစဉ်းစားတာလဲ"
ဟောရပ်စ်ကပြန်ပြောလိုက်သည်။
"ပြသနာမရှိဘူး...ဘာပဲဖြစ်ဖြစ်ဒီကိတ်မုန့်ကတော်တော်ကြီးတယ်...ငါတစ်ယောက်တည်းမဝါးမြိုနိုင်ဘူး...ငါတို့အတူတူပူးပေါင်းရအောင်...အီလီဒမ်ကိုစုပ်ယူနိုင်အောင်လို့ ငါ့ကိုကူညီပေး...ပြီးရင်မင်းလိုချင်တာအကုန်ငါပေးမယ်"
ဂေါ်ဒန်၏စကားကိုကြားသောအခါ ဟောရပ်စ်၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
"တကယ်လား"
ဂေါ်ဒန်ကတုံ့ဆိုင်းမနေဘဲ အဖြေပြန်ပေးလိုက်သည်။
"ဟုတ်တယ်...ငါ့အတွက်ကအီလီဒမ်ပဲလိုတယ်...တစ်ချိန်တုံးကဆိုရင် သူကငါ့ရဲ့စွမ်းအားကိုစုပ်ယူပြီး ငါ့ကိုချုပ်နှောင်ခဲ့တယ်...ဒီတစ်ခါတော့ငါကသူ့ရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ပြီးတော့ သူ့ကိုချုပ်နှောင်လိုက်မယ်"
ဟောရပ်စ်က ပြုံးပြီးပြောလိုက်သည်။
"ကိစ္စမရှိဘူး...ငါလည်းဒီကောင့်ကိုတော်တော်မုန်းတီးနေတာပဲ...ငါလည်းသူ့ကိုသတ်ချင်နေတာကြာပြီ"
"တကယ်လို့ မင်းသာရုတ်တရက်ရောက်လာတာမဟုတ်ရင်..အားကောင်းတဲ့ အာကာသဆိုင်ရာအနှောင့်အယှက်က သူ့ရဲ့အသိစိတ်ကိုနိုးကြားစေမှာမဟုတ်ဘူး...ငါသူ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ထားတာကြာပြီ...လက်ရှိအခြေအနေတစ်ခုလုံးက မင်းကြောင့်လို့တောင်ပြောလို့ရတယ်...ငါ့ကိုကူညီပါ...သူ့ကိုစုပ်ယူပြီးရင် ဒီတိုက်ကြီးတစ်ခုလုံးကိုသိမ်းပိုက်မယ်...အဲ့ဒီအခါကျရင်ငါ့ရဲ့မဟာမိတ်တစ်ယောက်အနေနဲ့ မင်းလည်းကြီးမားတဲ့အမြတ်ဝေစုကိုရနိုင်မှာပါ"
ဂေါ်ဒန်ကပြောလိုက်သည်။
"ဒါအမှန်ပဲ....သူတို့ကိုသတ်ကြတာပေါ့"
ဟောရပ်စ်က မနှစ်မြို့ဖွယ်လေသံဖြင့်ပြောလိုက်သည်။
"မင်းတို့က ငါတို့ကိုသတ်ချင်တဲ့အချိန်တိုင်းသတ်နိုင်တယ်လို့ထင်ရလောက်တဲ့အထိ အဲ့လောက်ရိုးရှင်းတယ်လို့ထင်နေတာလား"
ထိုအချိန်တွင် ရှောင်ယုသည် ပုဆိန်တစ်လက်ကိုကိုင်ကာ သူတို့နစ်ယောက်အား အေးစက်စွာစိုက်ကြည့်လိုက်သည်။
အခန်း ၄၅၉ - အောင်နိုင်ခြင်း
ကဲလ်သက်နှင့်အီလီဒမ်တို့သည် သူ၏လက်အောက်ငယ်သားများဖြစ်ကြသည်။
ဤနှစ်ကောင်သည် သူ့လူများအား သတ်ဖြတ်လိုနေသည်ကို ရှောင်ယုလက်ခံနိုင်မည်လား...
လက်ရှိအချိန်တွင် လူတိုင်းသည် ဂေါ်ဒန်နှင့်ဟောရပ်စ်တို့အားကြည့်၍ ကြောက်လန့်တုန်လှုပ်နေခဲ့သော်လည်း
ရှောင်ယုကမူအကြောက်အလန့်လုံးဝမရှိဘဲ တိုက်ရိုက်ပြန်လည်ငြင်းခုံခဲ့သည်။
ရှောင်ယု၏အပြုအမူအား မြင်တွေ့လိုက်ရသူများက ရှောင်ယု၏မိုက်ရူးရဲဆန်မှုကြောင့် ကျိန်ဆဲလုနီးပါးဖြစ်သွားခဲ့သည်။ရှောင်ယုသည် ဂေါ်ဒန်နှင့်ဟောရပ်စ်တို့အား အမှန်တကယ်ပင်စိန်ခေါ်နေခဲ့သည်။
ထိုအပြုအမူသည် တမင်သက်သက်သေလမ်းရှာသော အပြုအမူသာဖြစ်သည်။
သို့သော်လည်း နီကိုးလပ်စ်သည် ရှောင်ယု၏အပြုအမူကိုမြင်သောအခါတွင် သူ၏နှလုံးသားကအနည်းငယ်တုန်ခါသွားပြီး ပြုံးလိုက်မိသည်။
ရှောင်ယုသည် အမှန်ပင်ရဲရင့်သူတစ်ယောက်ဖြစ်သည်။သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သန်မာသောတည်ရှိမှုမျိုးကို အမှန်တကယ်ကြောက်ရွံ့ပေသည်။သို့သော်လည်း ရှောင်ယုကမူ ပြိုင်ဘက်ဖြစ်သူကမည်မျှပင်သန်မာနေပါစေ မကြောက်မရွံ့ရှိနေဆဲဖြစ်သည်။
သူတို့လို သူရဲကောင်းများသည်တောင်မှ ဟောရပ်စ်၏ရှေ့တွင် စိုးထိတ်မှုကြောင့် ခန္ဓာကိုယ်တုန်ခါသွားနိုင်သော်လည်း ရှောင်ယုကမူ သန်မာသောခန္ဓာကိုယ်အားပိုင်ဆိုင်ထားခြင်းမရှိသည်တောင်မှ မျက်နှာအမူအရာတစ်ချက်မှမပျက်ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေနိုင်ခဲ့သည်။သို့ဖြစ်ရာ ရှောင်ယုထံတွင် ထက်မြက်သောစိတ်နှလုံးနှင့် ကြောက်ရွံ့မှုမရှိသောစိတ်ဓာတ်ကိုပိုင်ဆိုင်ထားကြောင်း သိမြင်နိုင်ပေသည်။
လူတိုင်းတွင် ရှောင်ယုနှင့်ပတ်သက်သည့် မတူညီသောသဘောထားများ အမျိုးမျိုးရှိနေသော်လည်း ဟောရပ်စ်၏အမြင်တွင် ရှောင်ယု၏အပြုအမူသည် သူ၏ဂုဏ်သိက္ခာကို စိန်ခေါ်နေသည်မှာ သေချာပေသည်။
ဝေါင်း...
ဟောရပ်စ်သည်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ လှံဖြင့်ရှောင်ယုကိုဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။အကယ်၍ ထိုတိုက်ခိုက်မှုသည် ရှောင်ယုအားထိမှန်ပါက ချက်ချင်းသေဆုံးသွားရမည်ဖြစ်သည်။
ထိုလှံတံကို ဟောရပ်စ်ကိုယ်တိုင်ဝှေ့ယမ်းလိုက်ခြင်းဖြစ်ပေရာ အခြားသူများအမြင်၌ တိုင်လုံးကြီးတစ်ခုကဲ့သို့ဖြစ်နေခဲ့သည်။ဤတိုက်ခိုက်မှု၏စွမ်းအားကို မည်သူကမှသံသယမဝင်ခဲ့ပေ။ဤနေရာရှိမည်သူမဆို ထိုတိုက်ခိုက်မှုအား ပိတ်ဆို့နိုင်မည်မဟုတ်ပေ။
ရှောင်ယုသည် တည်နေရာရွေ့ပြောင်းကာ ထိုတိုက်ခိုက်မှုအားရှောင်တိမ်းရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း ဟောရပ်စ်၏စွမ်းအားသည် မှန်းဆ၍မရသည့်အဆင့်သို့ ရောက်ရှိသွားသည့်အတွက်ကြောင့် ရန်သူကိုခြေရာခံတိုက်ခိုက်ရာ၌ အလွန်အစွမ်းထက်ပေသည်။ထို့ကြောင့် တည်နေရာရွေ့ပြောင်းပြီးသည်နှင့် ရှောင်ယုအားချက်ချင်းပစ်မှတ်ထားလိုက်ကာ လှံတံက ရှောင်ယုကချက်ချင်းရောက်ရှိလာခဲ့သည်။
သို့သော်လည်း ရှောင်ယုကမူ သူ၏တည်နေရာရွေ့ပြောင်းခြင်းအစွမ်းကို ယခုမှပင်အသုံးပြုထားသည့်အတွက်ကြောင့် ၎င်းကိုအသုံးပြုရန် အချိန်အနည်းငယ်ကြာမြင့်သွားမည်ဖြစ်သည်။
ဟောရပ်စ်သည် ယခုအချိန်၌ ရှောင်ယုအားလွတ်မြောက်ခွင့်ပေးမည်မဟုတ်ဘဲ မရမကသတ်ဖြတ်လိုနေခဲ့သည်။အမှန်အတိုင်းပြောရလျှင် ဟောရပ်စ်အတွက် ရှောင်ယုအားသတ်ဖြတ်ခြင်းက ပုရွက်ဆိတ်တစ်ကောင်ကိုနင်းခြေလိုက်သည်နှင့် များစွာကွာခြားမှုမရှိခဲ့ပေ။
ရှောင်ယုသည် အမြဲတမ်းတည်နေရာမရွေ့ပြောင်းနိုင်သည့်အတွက် သေဆုံးသွားရတော့မှာဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ရှောင်ယုသည် ထိုတိုက်ခိုက်မှုအားရှောင်တိမ်းရန်အတွက် တည်နေရာရွေ့ပြောင်းရန် မကြိုးစားတော့ပေ။ထို့အစား သူသည်ဟောရပ်စ်ကို ပျက်ရယ်ပြုသော အမူအရာဖြင့် တည့်တည့်စိုက်ကြည့်လိုက်သည်။
ဒိုင်း...
ဟောရပ်စ်၏လှံတံသည် ရှောင်ယု၏ခေါင်းကိုရိုက်ချိုးလိုက်သည်။လှံတံ၏ထိပ်ဖျားသည်ပင် ရှောင်ယု၏ဦးခေါင်းထက်ကြီးမားပေရာ ရှောင်ယုကဧရာမတိုင်လုံးတစ်ခုဖြင့် အရိုက်ခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော်လည်း လူတိုင်းထင်ထားသလိုပင် အံ့အားသင့်စရာဘာမှမဖြစ်ခဲ့ပေ။ရှောင်ယု၏ခန္ဓာကိုယ်အား ဖောက်ထွင်းမြင်ရသည့် အကာအကွယ်ဖြင့် ဖုံးအုပ်ထားသည့်အတွက်ကြောင့် လှံတံသည် ရှောင်ယု၏ခန္ဓာကိုယ်ကိုပင် မထိခဲ့ပေ။
ဖောက်ထွင်းမြင်ရသည့် အကာအကွယ်အလွှာသည် အလွန်ပါးလွှာသည့်အတွက်ကြောင့် တောင်ကိုပင်ဖြိုဖျက်နိုင်ပုံရသည့် လှံတံ၏ရှေ့မှောက်တွင် စက္ကူပါးတစ်ရွက်သဖွယ်ဖြစ်နေသော်လည်း ထိုအလွှာအားဖြတ်ကျော်ရန် လုံးဝမဖြစ်နိုင်ခဲ့ပေ။
အကာအကွယ်လက်တော်...
အကာအကွယ်လက်တော်သည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကိုခုခံနိုင်စွမ်းရှိကာ တစ်ဖက်မှတိုက်ခိုက်လာသော တိုက်ခိုက်မှုသည် အမှောင်ဗိမာန်တော်အား တစ်ချက်တည်းဖြင့်ဖြိုခွဲနိုင်လောက်သည်ထိ ပြင်းထန်နေပါစေ အကာအကွယ်လက်တော်၏စွမ်းအားဖြင့်ဆိုလျှင် ရှောင်ယုကဘေးကင်းနေမည်ဖြစ်သည်။
ဘန်း...
ဟောရပ်စ်သည် ရှောင်ယုအားလှံဖြင့်မရိုက်နိုင်ဟု ယုံကြည်မှုမရှိသည့်အတွက်ကြောင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည် အသက်ပြင်းသည့်ပိုးဟပ်တစ်ကောင်ကဲ့သို့ ထိုနေရာ၌ထိခိုက်မှုမရှိရပ်နေခဲ့သည်။
ရှောင်ယုသည် သတ္တိရှိရှိဖြင့် ဟောရပ်စ်ကိုအော်ဟစ်ပြောဆိုရသည့် အဓိကအကြောင်းရင်းမှာ ဤကျွမ်းကျင်မှုကြောင့်ဖြစ်သည်။
အမှန်တော့ ဟောရပ်စ်သည် မှော်တိုက်ခိုက်မှုတစ်ခုကိုသာ အသုံးပြုခဲ့မည်ဆိုလျှင် ရှောင်ယုကိုသတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း နားလည်သွားမည်ဖြစ်သော်လည်း သူသည်အကာအကွယ်လက်တော်၏လျှို့ဝှက်ချက်အား မသိရှိခဲ့ပေ။
ထို့ကြောင့် ဟောရပ်စ်သည် ရှောင်ယုအားအဆက်မပြတ်တိုက်ခိုက်နေခဲ့သော်လည်း ရှောင်ယုကိုအမှန်တကယ်ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ကာ ထိုအသံကိုကြားရသူတိုင်း ဦးရေပြားထုံကျင်သွားသလိုခံစားလိုက်ရသည်။
ဟောရပ်စ်၏ လှံတံအရွယ်အစားထက်နိမ့်ကျမှုမရှိသော နံချပ်ကူသည် ဟောရပ်စ်၏ခေါင်းကိုအရှိန်ပြင်းပြင်းဖြင့်ထိမှန်ခဲ့ရာ ခပ်အုပ်အုပ်မြည်သံကို လူတိုင်းကြားလိုက်ရသည်။
ထိုအချိန်၌ ဟောရပ်စ်၏နောက်တွင် အရပ်ရှည်သောပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။၎င်းသည် နဂါးလေးမှလွဲ၍အခြားသူမဟုတ်ပေ။
အစောကတည်းက ရှောင်ယု၏ရည်ရွယ်ချက်မှာ ဟောရပ်စ်၏အာရုံကိုဆွဲဆောင်ရန်ဖြစ်ပြီး နဂါးလေးခိုးဝင်တိုက်ခိုက်မှုပြုလုပ်ရန် အခွင့်အရေးရရှိအောင်ပြုလုပ်ပေးမှာဖြစ်သည်။
ဟောရပ်စ်သည် ဆဌမအဆင့်၌ရှိနေသော်လည်း ဤတိုက်ခိုက်မှုကိုမကာကွယ်နိုင်ခဲ့ပေ။
"မင်းကဘာတွေစောင့်နေတာလဲ...အီလီဒမ်တိုက်တော့"
နဂါးလေး၏ခိုးဝင်တိုက်ခိုက်မှုအောင်မြင်ပြီးနောက်တွင် ရှောင်ယုကချက်ချင်းအော်ဟစ်လိုက်သည်။
လက်ရှိအချိန်တွင် အကာအကွယ်လက်တော်၏ အကျိုးသက်ရောက်မှုကုန်ဆုံးသွားပြီဖြစ်ရာ ရှောင်ယုကငြိမ်ငြိမ်မနေနိုင်တော့ပေ။
ဟောရပ်စ်၏ခန္ဓာကိုယ်သည် အလွန်သန်မာသော်လည်း အားနည်းချက်များရှိနေဆဲဖြစ်သည်။ဟောရပ်စ်၏အားနည်းချက်သည် မည်သည့်နေရာတွင်ရှိနေသည်ကို ရှောင်ယုမသိသော်လည်း အချို့သောနေရာများကို တိုက်ခိုက်ခံရမည်ဆိုပါက မည်သူမှစိတ်ချမ်းသာမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
အီလီဒမ်သည် ရှောင်ယု၏အသံကိုကြားလိုက်ရချိန်တွင် ချက်ချင်းဆိုသလိုခုန်ဆင်းသွားခဲ့ပြီး သူ၏ဓားနှစ်လက်က ဟောရပ်စ်ထံသို့တိုးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ဟောရပ်စ်၏အထိမခံသောနေရာလေးကို ပုဆိန်ဖြင့်တိုက်ခိုက်လိုက်ရာ ဟောရပ်စ်ကနာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။
ခုနလေးတင်ပဲ သူသည်နဂါးလေး၏နံချပ်ကူရိုက်ချက်ကြောင့် မူးဝေသွားခဲ့ရသည်။ထိုအချိန်တွင် ရှောင်ယု၏ပုဆိန်ရိုက်ချက်က သူ၏အထိခိုက်မခံနိုင်သော နေရာကိုတိုက်ခိုက်ခဲ့သည်။
ဘန်း...
ဟောရပ်စ်သည် အီလီဒမ်၏ဓားနှစ်လက်ကို တွန်းလှန်ရန်အတွက် လှံကိုအသုံးပြုလိုသော်လည်း သူ၏ပြင်းထန်သောနာကျင်မှုကြောင့် အာရုံပျံ့လွှင့်သွားခဲ့ရသည်။
ယခုအခါ အီလီဒမ်သည် ဟောရပ်စ်၏ထိပ်တွင်ရှိနေပြီး နဂါးလေးကသူ၏နောက်၌ရှိနေသလို ရှောင်ယုကလည်းအောက်ဘက်မှနေ၍ အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။
မူလက လူတိုင်းကိုကြောက်ရွံ့စေခဲ့သော စွမ်းအားကြီးမားသည့် တွင်းနက်အရှင်သခင်သည် ယခုအခါတွင် လူပြက်တစ်ယောက်လိုဖြစ်နေခဲ့သည်။သူ၏အဝလွန်နေသောခန္ဓာကိုယ်သည် အဆက်မပြတ်တွန့်လိမ်နေကာ အချိန်ပြည့်အော်ဟစ်နေခဲ့သည်။