← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း ၄၆၀ - ကဲလ်သက်၏စွမ်းအား

"တိုက်ကြ..."

ထိုအချိန်တွင် နီကိုးလပ်စ်ကလည်း အော်ဟစ်အမိန့်ပေးလိုက်သည်။မူလက ဟောရပ်စ်ကိုမြင်သောအခါ အနိုင်ယူရန်မဖြစ်နိုင်ဟု လူတိုင်းလိုလိုပင်ခံစားနေခဲ့ရသည်။

ယခုအခါတွင် အီလီဒမ်နှင့်ကဲလ်သက်တို့၏ ရုတ်တရက်နိုးထမှုကြောင့် တိုက်ပွဲဒီရေသည် တဖန်ပြောင်းလဲသွားခဲ့သည်။ရှောင်ယုသည် ဟောရပ်စ်ကို အနိုင်ယူနိုင်စွမ်းရှိကြောင်း သူတို့အားသက်သေပြခဲ့သည်။

နီကိုးလပ်စ်သည် အံကိုတင်းတင်းကြိတ်လိုက်ကာ မှော်အမြှောက်ထဲသို့ ပဥ္စမအဆင့်မှော်အမြှောက်ဆံကိုထည့်သွင်း၍ ဟောရပ်စ်ကိုတိုက်ရိုက်ပစ်ခတ်လိုက်သည်။

နီကိုးလပ်စ်သည် ယခုအချိန်၌ အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ ရှောင်ယု၏လှုံ့ဆော်မှုကြောင့်ဖြစ်နိုင်သလို သူ့မိသားစု၏စွမ်းအားကို အခြားသူများသိစေချင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

မှော်အမြှောက်၏ပစ်ခတ်မှုအရှိန်နှုန်းသည် အလွန်ပင်မြန်ဆန်လှပြီး ဟောရပ်စ်သည်ပင် မှော်အမြှောက်၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုလျှင် အလွန်ခက်ခဲပေမည်။

ရှောင်ယု၏အတိတ်ဘဝအတွေ့အကြုံအရ မှော်အမြှောက်သည် လေဆာနှင့်ဆင်တူပြီး အလင်း၏အမြန်နှုန်းနှင့် တူညီလုနီးပါးရှိသည်။

ဟောရပ်စ်သည် အန္တာရယ်ကိုအမှန်တကယ် သတိပြုမိသော်လည်း ရှောင်ယုနှင့်အီလီဒမ်တို့ကြောင့် အလုပ်ရှုပ်နေသည့်အတွက် ရှောင်တိမ်းရန်အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် အရေးပေါ်အခြေအနေ၌ သူ၏လှံဖြင့်ဝှေ့ယမ်းရုံသာတတ်နိုင်ခဲ့သည်။

ဘန်း...

အမြှောက်ဆံသည် ဟောရပ်စ်ကိုထိမှန်ပြီးနောက် စူးရှတောက်ပသောအလင်းရောင်ကြောင့် လူတိုင်းမျက်လုံးဖွင့်ကြည့်ရန် ခက်ခဲလာခဲ့သည်။ထိုကြီးမားသည့် စွမ်းအင်ပမာဏက ဟောရပ်စ်ဆီသို့တိုက်ရိုက်ဦးတည်ခဲ့သည်။

သူ၏ကြီးမားလှသောခန္ဓာကိုယ်သည် နောက်၌ရှိနေသောယဇ်ပလ္လင်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။ဧရာမယဇ်ပလ္လင်သည် ဟောရပ်စ်၏ခန္ဓာကိုယ်ဝင်ဆောင့်မိသောဒဏ်ကြောင့် ချက်ချင်းကြေမွသွားခဲ့သည်။

ယဇ်ပလ္လင်ပေါ်ရှိ ဂေါ်ဒန်၏ဦးခေါင်းခွံသည် တဖန်တုန်ခါသွားခဲ့ပြီး ယခုတစ်ကြိမ်တွင် အော်ဂတ်စတတ်သည် အမှန်တကယ်ရူးသွပ်သွားခဲ့သည်။ဟောရပ်စ်သည် သူ၏အစီအစဉ်အား တစ်ကြိမ်မကဖျက်ဆီးခဲ့ပြီဖြစ်သည်။ယခုအခါ သူ၏ယဇ်ပလ္လင်သည်ပင် ထိုကောင်လက်ချက်ကြောင့် ပြိုပျက်သွားခဲ့ပြီဖြစ်ရာ သူဒေါသမထွက်ဘဲမနေနိုင်တော့ပေ။

ဝေါင်း..

ဟောရပ်စ်သည် နီကိုးလပ်စ်တို့အဖွဲ့အား ဒေါသတကြီးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ဤမျှအစွမ်းထက်သောမှော်အမြှောက်များသည်ပင်လျှင် ဟောရပ်စ်ကိုမသတ်နိုင်ပေရာ တွင်းနက်သခင်များ မည်မျှအစွမ်းထက်ကြောင်းသိသာပေသည်။

"မင်းတို့ကတကယ်သေချင်နေတာပဲ..."

ဟောရပ်စ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

မှော်အမြှောက်များသည် အမှန်တကယ်ပင် လုံလုံလောက်လောက်အစွမ်းထက်သော်လည်း ဟောရပ်စ်ကိုအနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။မူလကပင် နဂါးလေး၏တိုက်ခိုက်မှုကြောင့် ဟောရပ်စ်သည် ဒေါသမီးတောက်လောင်နေပြီဖြစ်ရာ ယခုနီကိုးလပ်စ်၏တိုက်ခိုက်မှုက သူ့အားရူးသွပ်သွားစေခဲ့သည်။

မူလက ဤလောက၌ သူ၏ခွန်အားဖြင့်သာဆိုလျှင် မည်သူမှ ရပ်တန့်နိုင်စွမ်းမရှိသင့်ဟု ဟောရပ်စ်ထင်ထားခဲ့သော်လည်း ထိုအရာသည် အလုံးစုံမှန်ကန်မှုမရှိကြောင်း သူသဘောပေါက်လာခဲ့သည်။

ဂေါ်ဒန်သည် ပို၍ပင်အဆင်မပြေသလိုခံစားလိုက်ရသည်။သူသည် ဟောရပ်စ်အား သင်ခန်းစာတစ်ခုပေးလိုသော်လည်း ယခုအချိန်၌ အီလီဒမ်အားအနိုင်ယူကာ အီလီဒမ်၏ခန္ဓာကိုယ်အား သိမ်းပိုက်နိုင်ရန်အတွက် ဟောရပ်စ်၏စွမ်းအားကိုအားကိုးရမည်ဖြစ်သည်။ထို့ကြောင့် ယခုအချိန်၌ သူသည်ဒေါသတကြီးအော်ဟစ်ရုံသာတတ်နိုင်ခဲ့သည်။

"မင်းတို့ကစက်ဆုပ်စရာကောင်းတဲ့ ကောင်တွေပဲ...သေလိုက်တော့"

ဂေါ်ဒန်ကဒေါသတကြီး အော်ဟစ်လိုက်သည်။ယခုအခါတွင် သူ၏ဦးခေါင်းခွံတစ်ခုလုံးအား အစိမ်းရောင်မီးလျှံများဖြင့် ဖုံးလွှမ်းထားပေရာ အလွန်ပင်အံ့သြဖွယ်ကောင်းလှပေသည်။

"မီးနတ်ဆိုး..."

ဂေါ်ဒန်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ မှော်အခင်းအကျင်းတစ်ခုဖြစ်ပေါ်လာပြီး တောက်ပသည့်အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ထို့နောက်တွင် ဒါဇင်ပေါင်းများစွာသော အစွမ်းထက်သည့်မီးတောက်နတ်ဆိုးများသည် မှော်အခင်းအကျင်းမှခုန်ထွက်လာကာ ထူးထူးခြားခြားပုံသဏ္ဍာန်ရှိသည့် တံစဉ်ကိုကိုင်ဆောင်ထားကြသည်။

ဂေါ်ဒန်၏စတင်တိုက်ခိုက်မှုသည်ပင် အလွန်အစွမ်းထက်လှပေသည်။ဂေါ်ဒန်သည် တစ်ချိန်တစ်ခါက တိုက်ကြီးကိုပင်ခြိမ်းခြောက်ခဲ့သည့် အစွမ်းအထက်ဆုံးနှင့် အဆိုးဝါးဆုံးသောသူရဲကောင်းတစ်ယောက်ဖြစ်ရာ ယခုအခါသူ့ခွန်အားသည် မည်သည့်အဆင့်၌ရှိနေမည်နည်း။

သို့သော်လည်း ဂေါ်ဒန်စတင်တိုက်ခိုက်ချိန်၌ ကဲလ်သက်ကလည်း စတင်လှုပ်ရှားခဲ့သည်။

ကဲလ်သက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ငါပြန်လာပြီ...ငါ့လက်ထက်မှာသွေးနတ်သူငယ်တွေဟာ တဖန်ထွန်းတောက်လာလိမ့်မယ်...အင်းငါ့ရဲ့ဆင်ဒရီရွှေလှံတံကို အာရုံခံမိနေသလိုပဲ...အဲ့ဒါကဒီမှာလား"

ကဲလ်သက်၏စကားကိုကြားချိန်တွင် ရီလာသည်အလွန်တုန်လှုပ်သွားခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမကိုင်ဆောင်ထားသည့်သွေးလှံတံသည် ဆင်ဒရီရွှေလှံဖြစ်နေ၍ဖြစ်သည်။

ရီလာသည် အမှန်တကယ်ဝန်မခံလိုသော်လည်း ကဲလ်သက်သည် ရှေးခေတ်သွေးနတ်သူငယ်မင်းသား အစစ်အမှန်ဖြစ်ကြောင်း ခံစားမိပေသည်။

အကယ်၍ ထိုအကြောင်းသာပေါက်ကြားသွားပါက သွေးနတ်သူငယ်များစွာ စုရုံးရောက်ရှိလာကြမည်ဖြစ်သည်။

ရီလာသည် ကဲလ်သက်ကို အလွန်ပင်ကြောက်ရွံ့ပေသည်။

အမှန်တော့ ကဲလ်သက်သည် သွေးနတ်သူငယ်များ၏ထူးခြားသောရုပ်သွင်ဖြစ်သည်။ယခုအခါ သွေးနတ်ဘုရားဟုလူသိများသည့် တစ်စုံတစ်ယောက်က သူ့ရှေ့၌ရပ်နေခဲ့သည်။ထိုမျှသာမက သူ၏ယခင်အသိစိတ်ကိုလည်းနိုးထနိုင်ခဲ့ကာ အတိတ်ကစွမ်းအားကိုပြန်လည်ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။

ကဲလ်သက်၏ရှေ့၌ သူသည်ရပ်တည်ရန်မလုံလောက်ပေ။

ဤနေရာတွင် သွေးနတ်သူငယ်တို့၏မှော်အစွမ်းနှင့်ကဲလ်သက်၏စွမ်းအားကို သူ့ထက်ပို၍မည်သူမှမသိနိုင်ပေ။

"ဆင်ဒရီရွှေလှံက ငါပိုင်တာဆိုတော့ အခုငါ့ကိုပြန်ပေးတော့"

ကဲလ်သက်သည် ရီလာကိုကြည့်ပြီး သူ၏လက်ကိုညင်သာစွာဆန့်တန်းလိုက်သည်။ထိုအခါ ဆင်ဒရီရွှေလှံသည် တိုးညင်းစွာအော်ငြီးကာ ရီလာ၏လက်ထဲမှခုန်ထွက်လာပြီး ကဲလ်သက်ထံသို့ပျံသန်းသွားခဲ့သည်။

ထိုကဲ့သို့အခြေအနေနှင့်ရင်ဆိုင်ရချိန်တွင် ရီလာအံ့သြသင့်သွားခဲ့သည်။သူသည် တစ်ခုခုပြောရန် ပါးစပ်ဖွင့်ထားသော်လည်း အဆုံးသတ်တွင် ဘာမှမပြောခဲ့ပေ။လက်ရှိအချိန်တွင် ကဲလ်သက်သည် သွေးနတ်သူငယ်တို့၏နတ်ဘုရားဖြစ်ပြီး သူသည်ကဲလ်သက်ရှေ့၌ မည်သည့်အထွန့်တက်မှုမှ မလုပ်ရဲပေ။

နီကိုးလပ်စ်၏နှလုံးသားသည်လည်း သွေးစိမ်းရှင်ရှင်စီးကျနေခဲ့သည်။အဆုံးသတ်တွင် ထိုအရာသည် သူ့မိသားစု၏ရတနာများအနက် တစ်ခုဖြစ်သော်လည်း ယခုအခါကဲလ်သက်က သိမ်းဆည်းသွားခဲ့ပြီဖြစ်သည်။သို့သော် သူကလည်းမည်သည့်စကားမှမဆိုခဲ့ပေ။

ဆင်ဒရီရွှေလှံနှင့်အတူ ကဲလ်သက်သည် ပို၍ပင်အစစ်အမှန်ဆန်လာခဲ့သည်။

လက်ရှိအချိန်တွင် နှစ်ဖက်လုံးသည် တိုက်ပွဲကြီးတစ်ခုကို ထပ်မံဖြစ်ပွားခဲ့သည်။မကောင်းဆိုးဝါးအောစ့်များသည် စွန့်စားသူများကို ပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်လာခဲ့ပြီး စွန့်စားသူများကလည်း သူတို့်အားတိုက်ခိုက်လာသူများကိုခုခံရန် ဖွဲ့စည်းပုံများကို ပြင်ဆင်ခဲ့ကြသည်။

ရှောင်ယု၏တပ်များသည် ယခင်အတိုင်းအားကောင်းနေဆဲပင်ဖြစ်သည်။ထိုတပ်များသည် ရှောင်ယု၏ကွပ်ကဲမှုမပါရှိဘဲ တိုက်ခိုက်ရခြင်းကို တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်ရာ ယခုလိုအခြေအနေမျိုး၌ ကမောက်ကမမဖြစ်ခဲ့ပေ။

ထိုအချိန်တွင် ဂေါ်ဒန်သည်ရှေ့သို့ပြေးတက်လာကာတိုက်ခိုက်လိုက်သည်။ကဲလ်သက်ကလည်း နောက်ပြန်မဆုတ်ဘဲ မီးဖီးနစ်အားဆင့်ခေါ်ကာ ဂေါ်ဒန်၏ဦးခေါင်းခွံထံပြေးဝင်သွားခဲ့သည်။

ယခုအခါ ကဲလ်သက်မှဆင့်ခေါ်လိုက်သော ဖီးနစ်သည် ယခင်ကထက်စာလျှင် ပိုမိုအားကောင်းလာခဲ့သည်။ဖီးနစ်သည် စူးရှစွာမြည်တွန်လိုက်ပြီးနောက်တွင် အားကောင်းသောမီးတောက်များကိုထုတ်လွှတ်လိုက်သည်။

ဘန်း...

ဖီးနစ်သည် ဂေါ်ဒွန်၏ဦးခေါင်းခွံအပေါ်သို့ ပျံသန်းသွားခဲ့ကာ ဂေါ်ဒန်၏ဦးခေါင်းခွံကို လွှင့်ထွက်သွားစေခဲ့သည်။

ဆင်ဒရီရွှေလှံကြောင့် ကဲလ်သက်၏မှော်စွမ်းအင်သည် အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ပြီး ယခုမှပြန်လည်နိုးထလာသည့်ဂေါ်ဒန်၏ဦးခေါင်းခွံထက်စာလျှင် များစွာပိုမိုအားကောင်းနေခဲ့သည်။

ဂေါ်ဒန်သည် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။သူသည် အောစ့်တို့၏စွမ်းအားအကြီးဆုံးသော သူရဲကောင်းတစ်ယောက်ဖြစ်သည်။သို့သော်လည်းသူသည် ကဲလ်သက်၏မီးဖီးနစ်ကြောင့် သူသည်ဆုတ်ခွာပေးလိုက်ရရာ အလွန်ပင်အရှက်ရသွားခဲ့သည်။

မကြာမှီ ဂေါ်ဒန်၏ပါးစပ်မှ ရှုပ်ထွေးသောမန္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာခဲ့သည်။ထိုမန္တန်ရွတ်ဆိုသံအား လူတိုင်းကျယ်လောင်စွာကြားလိုက်ရသည်။

နတ်ဆိုးမှော်ဆရာများသည် ဆင့်ခေါ်မှော်ပညာကို အကျွမ်းကျင်ဆုံးတတ်မြောက်ကြပေသည်။

မန္တန်ကိုအဆုံးသတ်ပြီးနောက်တွင် လူတိုင်းခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။အားနည်းသောခွန်အားကိုပိုင်ဆိုင်သည့် လူအများအပြားသည် ရူးသွပ်သွားသကဲ့သို့အော်ဟစ်ကာ ပတ်ပြေးနေကြသည်။

"ဝိညာဉ်အော်ဟစ်ခြင်း"

ရှောင်ယုသည် ဂေါ်ဒန်၏မှော်ပညာကိုချက်ချင်းမှတ်မိသွားခဲ့သည်။ထိုအရာသည် နတ်ဆိုးမှော်ဆရာများ၏အကောင်းဆုံးတိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်။ထိုအတိုင်းသာဆက်ဖြစ်နေမည်ဆိုပါက စိတ်ဝိညာဉ်အားနည်းသူတို့အပေါ် သက်ရောက်မှုအလွန်ကြီးမားသွားမည်ဖြစ်သည်။

လေထဲတွင်ရှိနေသော ကဲလ်သက်သည်ပင် ဂေါ်ဒန်၏တိုက်ခိုက်မှုကြောင့် အနည်းငယ်မူးဝေသွားခဲ့ကာ နောက်သို့မီတာအနည်းငယ်ဆုတ်ခွာပေးလိုက်ရသည်။

အခန်း ၄၆၁ - တိုင်ရန်ဒီ၏နည်းလမ်း

ကဲလ်သက်နှင့်ဂေါ်ဒန်တို့သည် လေထဲ၌တဖန်တိုက်ပွဲစတင်ခဲ့ကြသည်။

ဟောရပ်စ်သည် ယခုအချိန်တွင် ပြန်လည်သက်သာကောင်းမွန်နေပြီဖြစ်သောကြောင့် စွမ်းအားကြီးသည့်ခြေလှမ်းများနှင့်အတူ စစ်မြေပြင်ထဲသို့ ထပ်မံ၍ဝင်ရောက်လာခဲ့သည်။

အီလီဒမ်သည် ယဇ်ပူဇော်ခြင်းမီးလျှံဖြင့် ရစ်ပတ်ထားသည့်သူ၏ဓားနှစ်လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

တစ်ချိန်က ဤနေရာတွင် အီလီဒမ်ကို မိုင်ယဗ်ကအဆုံးစွန်ထိ ဖိအားပေးထားခဲ့သော်လည်း အဆုံးသတ်တွင် ကစားသမားများ၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။ယခုအခါ အီလီဒမ်သည် ဤနေရာသို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုအခါ သူက ထိပ်ဆုံး၌ရပ်နေခဲ့သည်။

ဘန်း...ဘန်း...ဘန်း

အီလီဒမ်သည် ရုတ်ချည်းဆိုသလို အလွန်မြင့်မားလာခဲ့ပြီး ဟောရပ်စ်နှင့်တူညီသောအမြင့်ထိ ရောက်ရှိလာခဲ့သည်။ထို့နောက်သူသည် ဟောရပ်စ်နှင့်စတင်တိုက်ခိုက်ခဲ့သည်။

ရှောင်ယုက ကူညီပေးလိုသော်လည်း အီလီဒမ်၏တိုက်ခိုက်ပုံကို စောင့်ကြည့်လိုက်ချိန်တွင် စိတ်ပြောင်းသွားခဲ့ရသည်။ထိုအချိန်တွင် သူသည် အီလီဒမ်အား ကိုယ်တိုင်တိုက်ခိုက်ခွင့်ပေးခဲ့သည်။

"အဲ့ဒီအော်ဂတ်စတတ်ကို သတ်ကြ"

ရှောင်ယုသည် အော်ဂတ်စတတ်ကိုစိုက်ကြည့်၍ အမိန့်ပေးလိုက်သည်။ယခုအခါ အော်ဂတ်စတတ်သည် မကောင်းဆိုးဝါးအောစ့်များ၏ အူတိုင်ဖြစ်သည်။အကယ်၍ သူ့အားမသတ်ဖြတ်နိုင်ပါက မကောင်းဆိုးဝါးအောစ့်များသည်ရှုံးနိမ့်သွားမည်မဟုတ်ပေ။

အော်ဂတ်စတတ်သာ သတ်ဖြတ်ခံရမည်ဆိုပါက ထိုအောစ့်များအားလုံး ပရမ်းပတာဖြစ်သွားမှာဖြစ်သည်။

ရှောင်ယု၏အမိန့်ကိုရရှိပြီးနောက်တွင် နဂါးလေးနှင့်ခိုင်ရင်းတို့သည် အော်ဂတ်စတတ်ထံပြေးဝင်သွားကြသည်။ယခုအခါ အော်ဂတ်စတတ်၏အမူအရာသည် အလွန်ပင်ဆိုးဝါးနေခဲ့သည်။သူနှစ်ရှည်လများကြိုးစားခဲ့သော အစီအစဉ်များမှ မည်သည့်အကျိုးအမြတ်မှမရရှိခဲ့ဘဲ အရာအားလုံး အလဟာဿဖြစ်ခဲ့ရသည်။

အော်ဂတ်စတတ်သည် သူ၏ဆင့်ခေါ်မန္တန်ကို ချက်ချင်းရွတ်ဆိုခဲ့ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် သူ၏ရှေ့မှောက်၌ဂြိုလ်ဆိုးတမန်တော်၄ပါး ထွက်ပေါ်လာခဲ့သည်။

ရှောင်ယုသည် ဂြိုလ်ဆိုးတမန်တော်၏စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကာ သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်ဖူးပေသည်။ယခုအခါ ဂြိုလ်ဆိုးတမန်တော်၄ပါး တပြိုင်နက်ထွက်ပေါ်လာခြင်းက သူတို့အတွက်ကောင်းမွန်ခြင်းမရှိပေ။

သို့သော်လည်း ထိုဂြိုလ်ဆိုးတမန်တော်၄ပါးကို သတ်ဖြတ်ရုံမှလွဲ၍ ရှောင်ယုထံ၌အခြားရွေးချယ်စရာမရှိခဲ့ပေ။ထိုသို့မဟုတ်ပါက ဂြိုလ်ဆိုးတမန်တော်၄ပါး၏အကူအညီဖြင့် အော်ဂတ်စတတ်ကိုသတ်ဖြတ်ရန် ခက်ခဲပေသည်။

ဂြိုလ်ဆိုးတမန်တော်များ၏စွမ်းအားသည် အလွန်ပင်ပြင်းထန်လှပေသည်။

နောက်ဆုံးအကြိမ် အော်ဂတ်စတတ်သည် ဂြိုလ်ဆိုးတမန်တော်များကိုဆင့်ခေါ်ခဲ့စဉ်က ယခုတစ်ခေါက်လောက် လွယ်ကူခြင်းမရှိပေ။ယခုတစ်ကြိမ်တွင် အော်ဂတ်စတတ်သည် မျက်စိတစ်မှိတ်အတွင်း ဆင့်ခေါ်မှုကိုပြီးမြောက်ခဲ့သည်။သို့ဖြစ်ရာ အော်ဂတ်စတတ်သည် အထူးအရာတစ်ခုခုကိုအသုံးပြုခဲ့ကြောင်း ထင်ရှားပေသည်။

ဘန်း...

နဂါးလေးသည် ဂြိုလ်ဆိုးတမန်တော်တစ်ဦးကို စတင်တိုက်ခိုက်ခဲ့သည်။ယခုအကြိမ်တွင် သူသည်ယခင်အကြိမ်ကလို လက်ဗလာဖြင့်မတိုက်ခိုက်တော့ဘဲ နံချပ်ကူကိုအသုံးပြု၍တိုက်ခိုက်ခဲ့သည်။ယခင်အကြိမ်က သူတို့အကြားခွန်အားကွာဟချက်ကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည်ယခင်ကထက်အဆများစွာ ပိုမိုသန်မာလာခဲ့သည်။

ထိုအချိန်တွင် ခိုင်ရင်းကလည်း ဆူးချွန်ဒိုင်းလွှားကိုထုတ်ယူလိုက်ပြီး ဂြိုလ်ဆိုးတမန်တော်တစ်ပါးကို ပိတ်ဆို့ခဲ့သည်။ဤတိုက်ခိုက်မှုသည် ဂြိုလ်ဆိုးတမန်တော်အား များစွာထိခိုက်စေမည်မဟုတ်သော်လည်း ဆူးချွန်ဒိုင်းလွှားဖြင့်သာဆိုပါက ဂြိုလ်ဆိုးတမန်တော်သည် သူ့အားတန်ပြန်တိုက်ခိုက်ရန်ခဲယဉ်းပေလိမ့်မယ်။အဓိကတိုက်ခိုက်ရေးတာဝန်ကိုမူ နောက်ကွယ်မှမှော်ဆရာများထံ လွဲပြောင်းပေးသွားမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် မှော်ဆရာအရေအတွက် အလွန်များပြားပေသည်။ဂြိုလ်ဆိုးတမန်တော်သည် အစွမ်းထက်သော်လည်း မှော်ဆရာများစွာ၏ပေါင်းစပ်တိုက်ခိုက်မှုအား တောင့်ခံနိုင်မည်မဟုတ်ပေ။နီကိုးလပ်စ်သည် လက်ကျန်ဂြိုလ်ဆိုးတမန်တော်နှစ်ဦးအနက်မှ တစ်ဦးကိုတိုက်ခိုက်ရန်အတွက် သူ၏ဒိုင်းတပ်သားများကိုစေလွှတ်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးကျန်ရှိတော့သည့် ဂြိုလ်ဆိုးတမန်တော်တစ်ဦးကိုရင်ဆိုင်ရန်အတွက် လုံလုံလောက်လောက်အစွမ်းထက်သူ တစ်ယောက်မှမကျန်ရစ်ခဲ့တော့ပေ။

ထိုအချိန်တွင် သံမဏိမြင်းညီနောင်တပ်ဖွဲ့မှ အမည်မသိရသောကျွမ်းကျင်သူတစ်ယောက်က ရှေ့သို့ထွက်ခွာလာခဲ့သည်။ထိုကျွမ်းကျင်သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို သံချပ်ကာဖြင့်ဖုံးလွှမ်းထားကာ ရွေ့လျားမျှော်စင်နှင့်ဆင်တူပေသည်။ထိုကျွမ်းကျင်သူသည် ဂြိုလ်ဆိုးတမန်တော်ရှေ့သို့ပြေးဝင်သွားကာ ပြင်းထန်သောအရှိန်အဟုန်ကို ထုတ်ဖော်လိုက်သည်။ထို့နောက်သူသည် အချိန်မဖြုန်းတော့ဘဲ ဂြိုလ်ဆိုးတမန်တော်ကိုတိုက်ရိုက်တိုက်ခိုက်ခဲ့ကာ ဂြိုလ်ဆိုးတမန်တော်အားနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ခွာစေခဲ့သည်။

ဆဌမအဆင့်ကျွမ်းကျင်သူ...

ထိုအမည်မသိကျွမ်းကျင်သူသည် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းခန့်မှန်းနိုင်ကြသည်။

ယခုအချိန်တွင် သူတို့၏အစွမ်းအစကိုဖုံးကွယ်ထားသည့် သန်မာသည့်ကျွမ်းကျင်သူများ စတင်ပေါ်ထွက်လာခဲ့သည်။လက်ရှိအချိန်သည် မကောင်းဆိုးဝါးအောစ့်များကို အမြန်ဆုံးရှင်းလင်းရမည့်အချိန်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးယခင်မှသည်ယနေ့အချိန်ထိတိုင်အောင် မကောင်းဆိုးဝါးအောစ့်များက လူသားမျိုးနွယ်ကိုဆန့်ကျင်သည့် လုပ်ရပ်များကိုဆက်တိုက်လုပ်ဆောင်ခဲ့ကြရာ ယခုလည်းဧရာမအကြံအစည်တစ်ခုအား လုပ်ဆောင်နေကြကြောင်း သူတို့နားလည်ထားကြပေသည်။

ယခုအချိန်တွင် လူသားတစ်ယောက်အနေဖြင့် သူတို့သည်တာဝန်ဝတ္တရားများကို ထမ်းရွက်ကာ အသုံးမဝင်သည့်အကြံအစည်များကို သူတို့ခေါင်းထဲမှထုတ်ထားရမည်ဖြစ်သည်။

ဘန်း...ဘန်း...ဘန်း

အမည်မသိကျွမ်းကျင်သူသည် ဂြိုလ်ဆိုးတမန်တော်ထက် အနည်းငယ်အားနည်းနေသော်လည်း ခုခံရင်ဆိုင်ရန်ပြဿနာမရှိပေ။ဤမြင်ကွင်းမှတဆင့် ကျွမ်းကျင်သူသည် ဆဌမအဆင့်စွမ်းအားထက်မနိမ့်ကျကြောင်း သက်သေပြနိုင်ခဲ့သည်။

အဆုံးသတ်တွင် လူသားအားလုံး၏ပူးပေါင်းဆောင်ရွက်မှုအောက်၌ ကဲလ်သက်နှင့်အီလီဒမ်တို့၏ ပြန်လည်နိုးထလာမှုတို့နှင့်အတူ တိုက်ပွဲဒီရေသည်ပြောင်းပြန်လှန်သွားခဲ့ပြီး စွန့်စားသူများဘက်၌အားနည်းချက်မရှိတော့ပေ။

"အိုး...မင်းကငါ့ကိုသတ်ချင်နေတာလား...မင်းမှာချောမောလှပတဲ့မျက်နှာလေးရှိပေမဲ့ ဒီလိုတိုက်ပွဲမျိုးကမင်းနဲ့အဆင့်ကွာနေသေးတယ်"

ထိုအချိန်တွင် ဂေါ်ဒန်သည် ရုတ်တရက်ဆိုသလိုထူးဆန်းစွာပြုံးလိုက်ပြီးနောက် သူ၏ဦးခေါင်းခွံသည် အလွန်မြန်ဆန်သောအရှိန်နှုန်းဖြင့် လှည့်ပတ်လာခဲ့သည်။ထို့နောက်အပြာရောင်မီးတောက်များက ၎င်းကိုဖုံးလွှမ်းသွားခဲ့ကာ ကြီးမားသောမီးတောက်တံတိုင်းကဲ့သို့ပုံဖော်၍ ကဲလ်သက်ထံပစ်လွှတ်လိုက်သည်။

ဘန်း....

ဂေါ်ဒန်၏ဦးခေါင်းခွံသည် လေထုကိုထိုးခွင်းလိုက်ပြီးနောက် ကဲလ်သက်ထံသို့ပြေးဝင်သွားခဲ့သည်။ကဲလ်သက်သည် မှော်ဒိုင်းတစ်ခုအားထုတ်ဖော်၍ ခုခံရန်ပြင်ဆင်လိုက်သော်လည်း ဂေါ်ဒန်၏ဦးခေါင်းခွံမှထုတ်ဖော်လိုက်သည့်စွမ်းအားသည် သိသိသာသာအားကောင်းနေခဲ့သည်။ထို့ကြောင့် ကဲလ်သက်၏မှော်ဒိုင်းလွှားသည်ကျိုးပျက်သွားကာ ကဲလ်သက်ကိုထိမှန်သွားခဲ့သည်။

"ဟမ့်...မင်းတော့သေပြီ"

ဂေါ်ဒန်သည်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏ဦးခေါင်းခွံသည်ကဲလ်သက်ဆီသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။ကဲလ်သက်သည် ဂေါ်ဒန်၏အဆက်မပြတ်တိုက်ခိုက်မှုများကို မခုခံနိုင်ဘဲ ချက်ချင်းပင်အရေးနိမ့်နေသော အခြေအနေသို့ရောက်ရှိလာခဲ့သည်။

"တိုင်ရန်ဒီ...သူ့ကိုပစ်သတ်လိုက်"

ရှောင်ယုသည် အရေးနိမ့်နေပုံရသော ကဲလ်သက်ကိုကြည့်ကာ ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။

ဂေါ်ဒန်သည် ပြီးပြည့်စုံသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းမရှိသော်လည်း အော်ဂတ်စတတ်ပေးထားသည့်ဆေးများဖြင့် သူ၏ဦးခေါင်းခွံသည် အမှန်တကယ်ပင် ကြံ့ခိုင်မှုအပိုင်း၌ အလွန်အားကောင်းနေခဲ့သည်။

ဂေါ်ဒန်၏ဦးခေါင်းခွံသည် အာကာသထဲမှဥက္ကာခဲပြုတ်ကျလာသကဲ့သို့ အလွန်ပင်မြန်ဆန်နေခဲ့ကာ ကဲလ်သက်ကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။ကဲလ်သက်သည် ဂေါ်ဒွန်၏ဦးခေါင်းခွံကိုတွန်းလှန်ရန်အတွက် မီးဖီးနစ်ကိုအသုံးပြုနေသော်လည်း ဂေါ်ဒန်၏တိုက်ခိုက်မှုအရှိန်သည် လုံးဝမနိမ့်ကျသွားပေ။

တိုင်ရန်ဒီသည် ရှောင်ယု၏အမိန့်ကိုလက်ခံရရှိလိုက်သည်နှင့် သူမသည်မြှားတစ်စင်းကိုထုတ်ယူကာ ဂေါ်ဒန်ကိုချက်ချင်းပစ်ခတ်ခဲ့သည်။သို့သော်တိုင်ရန်ဒီ၏မြှားချက်က ဂေါ်ဒန်ကိုများစွာမထိခိုက်ခဲ့ပေ။နဂါးမီးမြှားကိုအသုံးမပြုပါက တိုင်ရန်ဒီနှင့်ဂေါ်ဒန်တို့၏ခွန်အားကွာဟချက်သည် အလွန်ကြီးမားပေသည်။

"နီကိုးလပ်စ်...သူ့ကိုမှော်အမြှောက်နဲ့ပစ်ခတ်လိုက်"

ရှောင်ယုက နီကိုးလပ်စ်ကိုပြောလိုက်သည်။မှော်အမြှောက်သည် ဂေါ်ဒန်ကိုကြီးကြီးမားမားထိခိုက်စေနိုင်သည်။

နီကိုးလပ်စ်သည် ကူကယ်ရာမဲ့သောလေသံဖြင့်ပြောလိုက်သည်။

"ငါ့မှာပြဿနာနည်းနည်းရှိတယ်...ငါကအသုံးပြုရမယ့်မှော်ကျောက်တုံးတွေကိုဂရုမစိုက်ဘူး...ဒါပေမဲ့သူကအရမ်းကိုမြန်လွန်းတယ်....မှော်အမြှောက်တွေကသူ့ကိုထိမယ်လို့ အာမမခံနိုင်ဘူး"

ရှောင်ယုက ပြန်ဖြေခါနီးတွင် တိုင်ရန်ဒီ၏ခန္ဓာကိုယ်အား လရောင်ဖြင့်ဖုံးလွှမ်းသွားသည်ကို ရုတ်တရက်တွေ့မြင်လိုက်ရသည်။

ထို့နောက် မရေမတွက်နိုင်သောကြယ်များသည် သူမ၏ခန္ဓာကိုယ်အားဝန်းရံထားခဲ့ကာ ရှုပ်ထွေးပြီးထူးဆန်းသောအပျက်အစီးများဖြစ်ပေါ်လာခဲ့သည်။ထို့နောက်လရောင်သည် နဂါးငွေ့တန်းဂလက်စီမှကြယ်များကဲ့သို့ တဖြည်းဖြည်းစုစည်းလာခဲ့ပြီး မြှားတစ်စင်းအသွင်သို့ကူးပြောင်းသွားခဲ့သည်။

ထို့နောက်တိုင်ရန်ဒီသည် လရောင်မြှားဖြင့်ဂေါ်ဒန်ကိုချိန်ရွယ်လိုက်သည်။

အခန်း ၄၆၂ - မင်းလည်းအရှက်မရှိတဲ့လူတစ်ယောက်ပဲ

"လရောင်မြှား..."

ရှောင်ယုကတိုးတိုးလေးရေရွတ်လိုက်သည်။တိုင်ရန်ဒီ၏လရောင်မြှားကိုကြည့်ရင်း တိုင်ရန်ဒီ၏ထူးခြားသောအစွမ်းများက နောက်ဆုံးတွင်နိုးထလာခဲ့ပြီဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။

ထိုမြှားသည် အမှန်ပင်အံ့မခန်းအစွမ်းတစ်ခုဖြစ်ကာ လရောင်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။တိုင်ရန်ဒီသည် လရောင်မြှားကို မပစ်လွှတ်ရသေးသော်လည်း ၎င်း၏အစွမ်းကလူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ဘန်း...

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လရောင်မြှားသည်ဂေါ်ဒန်ကိုထိမှန်သွားခဲ့သည်။ဂေါ်ဒန်သည် အန္တာရယ်အငွေ့အသက်ကို သတိပြုမိသော်လည်း တိုင်ရန်ဒီသည်မြှားကိုမပစ်လွှတ်မှီကပင် ဂေါ်ဒန်ကိုကြိုတင်လောခ့်ခတ်လိုက်ပြီဖြစ်သည့်အတွက် ဂေါ်ဒန်သည်မကာကွယ်နိုင်ခဲ့ပေ။

ယခုတစ်ကြိမ်တွင် ဂေါ်ဒန်သည် လေပါ်လွှင့်ထွက်သွားခဲ့ကာ နံရံတစ်ခု၌ကပ်နေခဲ့သည်။ယခုအခါတွင် တိုင်ရန်ဒီသည် ပဥ္စမအဆင့်၌သာရှိနေသေးသော်လည်း သူမတွင်ထိုကဲ့သို့စွမ်းအားကိုပိုင်ဆိုင်ထားပြီဖြစ်သည်။အကယ်၍ အနာဂတ်တွင် တိုင်ရန်ဒီသာ ဆဌမအဆင့်သို့ရောက်ရှိသွားခဲ့ပါက မည်မျှထိအစွမ်းထက်လာမည်နည်း။

"ကောင်းတယ်...အရမ်းကောင်းတယ်"

ရှောင်ယုသည် ဝမ်းမြှောက်စွာရယ်မောလိုက်ပြီး တိုင်ရန်ဒီအားတိတ်တဆိတ်မေးမြန်းလိုက်သည်။

"ဒီကျွမ်းကျင်မှုကိုပြန်လည်အသုံးပြုဖို့ အချိန်ဘယ်လောက်လိုလဲ"

တိုင်ရန်ဒီသည် သူမ၏လေးကိုညင်သာစွာပွတ်သပ်ရင်း အဖြေပေးလိုက်သည်။

"တစ်နေ့..."

"တစ်နေ့ဟုတ်လား..."

ရှောင်ယု၏စိတ်လှုပ်ရှားမှုက သိသိသာသာကိုလျော့ကျသွားခဲ့သည်။လရောင်မြှားသည် အလွန်ပင်အစွမ်းထက်သော်လည်း အသုံးပြုရန်ကြာချိန် အလွန်မြင့်မားပေသည်။တစ်နေ့ကိုတစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းက ဝှက်ဖဲတစ်ခုအဖြစ်ထားရှိရန်သာ ထိုက်တန်ပေသည်။

ထိုအချိန်တွင် ကဲလ်သက်သည် ဂေါ်ဒန်၏ဖိနှိပ်မှုအောက်မှ ရုန်းထွက်လာနိုင်ခဲ့ကာ သူ၏မျက်လုံးများ၌ မကျေမနပ်ဖြစ်နေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး မန္တန်ကိုစတင်ရွတ်ဆိုခဲ့သည်။

ကဲလ်သက်၏မန္တန်ရွတ်ဖတ်သံနှင့်အတူ ပတ်ဝန်းကျင်သည်စတင်၍ပြောင်းလဲလာခဲ့သည်။လူတိုင်းသည် ရေကန်တစ်ခုထဲရှိနေသလိုခံစားလိုက်ရကာ ရေကန်သည်အဆက်မပြတ်တုန်ခါ၍ ရေစီးကြောင်းများကိုထုတ်လွှတ်ပေးနေခဲ့သည်။လူတိုင်းသည် ထိုရေစီးကြောင်းများကြောင့် အဆက်မပြတ်ကိုတုန်ခါနေခဲ့ရသည်။

အမှန်တော့ ထိုအရာသည် ရေစီးဆင်းမှုကြောင့်မဟုတ်ဘဲ အာကာသစွမ်းအားကြောင့်ဖြစ်သည်။

ကဲလ်သက်ဖြန့်ကျက်လိုက်သော မှော်ပညာသည် အလွန်အားကောင်းလွန်းသည့်အတွက်ကြောင့် အာကာပြင်ကိုလှုပ်ခါစေခဲ့ရာ ကဲလ်သက်၏မှော်အစွမ်းကို သက်သေပြနေခဲ့သည်။

"လျှို့ဝှက်ဆန်းကြယ်သောဟင်းလင်းပြင်"

ရုတ်ချည်းဆိုသလို ကဲလ်သက်ထံမှ အသံထွက်လာခဲ့သည်။ထို့နောက်တွင် မီးတောက်များဖြင့်ဖွဲ့စည်းထားသည့် လျှိ့ဝှက်ဆန်းကြယ်မီးလုံးများက ဂေါ်ဒန်အားဝိုင်းရံထားလိုက်သည်။ထိုမီးလုံးများသည် မိုးပျံပူဖောင်းများကဲ့သို့ အဆက်မပြတ်ကြီးထွားနိုင်ပုံရကာ နောက်ထပ်မီးလုံးအသစ်များကိုလည်း ခွဲထုတ်နိုင်စွမ်းရှိပေသည်။ထိုမီးလုံးအသစ်များသည် အခြားမီးလုံးများနှင့်ဆက်သွယ်နိုင်စွမ်းရှိသည်။၎င်းတို့ကို ခုခံကာကွယ်ရေးအတွက်လည်း အသုံးပြုနိုင်သလို ရန်သူများကိုထောင်ချောက်ဆင်၍ ရန်သူများ၏လှုပ်ရှားမှုကိုကန့်သတ်ရာတွင် အသုံးပြုနိုင်ပေသည်။

ဂေါ်ဒန်သည် တိုင်ရန်ဒီ၏မြှားချက်ကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့သည်။သူသည်ဒေါသတကြီးဖြင့် တိုင်ရန်ဒီအား တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည့်အချိန်တွင် မီးလုံးများကသူ့အားပိတ်ဆို့ထားခဲ့သည်။ထိုအခိုက်အတန့်တွင် ဆွဲငင်အားပျောက်ဆုံးနေ၍ သူ၏ခန္ဓာကိုယ်လွှင့်မျောနေသလိုခံစားလိုက်ရသည်။ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်က သူ၏အမိန့်ကိုမနာခံပေ။

မြေပြင်ပေါ်၌လည်း မကောင်းဆိုးဝါးအောစ့်အမြောက်အများသည် မီးလုံးများဖြင့်ဖမ်းဆီးခံခဲ့ရကာ လေထဲလွှင့်မျောလာခဲ့ကြသည်။

အောစ့်များသည် မီးလုံးထဲမှရုန်းထွက်နိုင်ရန် အဆက်မပြတ်ကြိုးစားရုန်းကန်နေကြသော်လည်း သူတို့သည်ဆွဲငင်အားလုံးဝမရှိသော အာကာသထဲ၌ရှိနေသည့်အတွက်ကြောင့် မည်မျှပင်ရုန်းကန်နေပါစေ ရုန်းမထွက်နိုင်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် မီးလုံးနှစ်ခု၏ကိုယ်ထည်သည် မတော်တဆထိမိသွားသည့်အခါတွင် လျှပ်စစ်မီးပွားများပင် ထွက်ပေါ်လာခဲ့ရသည်။

မီးလုံးများကြား၌ ပိတ်မိနေသည့်ဂေါ်ဒန်သည် အလွန်ပင်စိတ်မသက်မသာဖြစ်သွားခဲ့သည်။ယခုလိုအလေးချိန်ကင်းမဲ့မှုက သူ့အားလိုက်လျောညီထွေဖြစ်စေရန် အလွန်ခက်ခဲစေခဲ့သည်။ကဲလ်သက်သည် ဂေါ်ဒန်ရုန်းမထွက်နိုင်စေရန်အတွက် မီးလုံးများကို အဆက်မပြတ်ထိန်းချုပ်နေခဲ့သည်။

"ခွေးကောင်..."

ဂေါ်ဒန်သည် ဒေါသတကြီးကျိန်ဆဲလိုက်သော်လည်း ထိုနေရာမှထွက်ခွာသွားရန် နည်းလမ်းမရှိသေးပေ။

ဂေါ်ဒန်သည် အလေးချိန်ကင်းမဲ့နေမှုကြောင့် မလုပ်ရှားနိုင်သော်လည်း သူသည်တိုက်ခိုက်နိုင်စွမ်းကင်းမဲ့နေသည်ဟုဆိုလိုခြင်းမဟုတ်ပေ။ဂေါ်ဒန်သည် ထိုနေရာမှရုန်းထွက်နိုင်စွမ်းမရှိသည်ကို တွေ့မြင်လိုက်ရချိန်တွင် မီးလုံးများအားထိန်းချုပ်နေသည့် ကဲလ်သက်ကိုအရင်ဆုံးသတ်ဖြတ်ရန် ကြိုးစားလိုက်သည်။

ကဲလ်သက်ကိုသာသတ်ဖြတ်လိုက်ပါက အရာအားလုံးအဆင်ပြေသွားမည်ဖြစ်သည်။

ဂေါ်ဒန်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီးနောက် သူ၏ပါးစပ်တွင်းမှနေ၍ အစိမ်းရောင်မီးလုံးများဒါဇင်နှင့်ချီထွက်ပေါ်လာခဲ့သည်။ထိုမီးလုံးများကို သူကိုယ်တိုင်ထိန်းချုပ်ထားခြင်းဖြစ်ကာ အဆက်မပြတ်လှည်ပတ်စေလိုက်ပြီးနောက် ကဲလ်သက်ထံသို့စေလွှတ်လိုက်သည်။

ထို့နောက် ကဲလ်သက်ဘက်ခြမ်းတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ထိုပေါက်ကွဲမှုကြောင့် ကဲလ်သက်သည်ပင် များစွာထိခိုက်သွားခဲ့ရသည်။

လူတိုင်းဂရုတစိုက်ကြည့်လိုက်သောအခါတွင် ထိုအစိမ်းရောင်မီးလုံးများသည် အမှန်တကယ်ပင်လောင်ကျွမ်းနေခဲ့ကာ ကဲလ်သက်ကိုအဆက်မပြတ်တိုက်ခိုက်နေကြောင်း တွေ့ရှိလိုက်ရသည်။

"မီးမုန်တိုင်း..."

ကဲလ်သက်သည် အခြေအနေတစ်ခုလုံးအား မြန်မြန်ဆန်ဆန်သုံးသပ်လိုက်ပြီးနောက်တွင် ပြင်းထန်သောမီးတောက်များကိုထုတ်လွှတ်ရန်အတွက် ဆင်ဒရီရွှေလှံကိုဝှေ့ယမ်းလိုက်သည်။ထို့နောက်တွင် မီးတောက်များသည် မီးနဂါးတစ်ကောင်အဖြစ်အသွင်ပြောင်းသွားခဲ့သည်။

ဂေါ်ဒန်သည် ကဲလ်သက်၏မီးတောက်များကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ကာ ချက်ချင်းထအော်လိုက်ပြီး အမြန်ဆုံးပြန်လည်ဆုတ်ခွာလိုက်သည်။ဂေါ်ဒန်သည် ဤတိုက်ခိုက်မှုကြောင့် သိသိသာသာဒဏ်ရာရသွားပုံရသည်။

"ဟေး...ဆင်ဒရီရွှေလှံကငါ့ရဲ့အပိုင်မလား...ရှောင်ယု"

နီကိုးလပ်စ်၏ ဆင်ဒရီရွှေလှံကို ကဲလ်သက်က အသုံးပြုရန်ယူဆောင်သွားခဲ့သည်။အဆုံးသတ်တွင် ထိုလှံတံသည့်သူ့အတွက်အလွန်အရေးကြီးသောကြောင့် သူကပြန်လိုချင်နေခဲ့သည်။

ရှောင်ယုက ချက်ချင်းရယ်မော၍ပြန်ဖြေလိုက်သည်။

"အစောကတည်းက အဲ့ဒီအရာကိုကဲလ်သက်ပိုင်ဆိုင်ထားတာပဲ...ခုမူလပိုင်ရှင်ဆီပြန်ရောက်နေပြီလေ...ငါဘယ်လိုပြန်ယူရမှာလဲ...တကယ်လိုချင်တယ်ဆိုရင် ကဲလ်သက်နဲ့တိုင်ပင်ကြည့်တာ အဆင်ပြေလိမ့်မယ်"

နီကိုးလပ်စ်သည် ရှောင်ယု၏အရှက်ကင်းမဲ့မှုအား မျှော်လင့်ထားခဲ့ပြီးဖြစ်ရာ ချက်ချင်းပင်အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။

"ကဲလ်သက်ကိုငါကြောက်နေတယ်လို့မင်းထင်ရင် မှားသွားလိုက်မယ်...ရှေးခေတ်ကပြန်ရောက်လာတဲ့သူရဲကောင်းဟာ အနိုင်မရနိုင်ဘူးလို့မင်းထင်နေတာလား...ငါ့မှာသာမှော်အမြှောက်တွေအများကြီးရှိနေတယ်ဆိုရင် သူ့ကိုသတ်ဖြတ်နိုင်ဖို့သေချာတယ်"

ရှောင်ယုက ရုတ်တရက်ပြန်ဖြေလိုက်သည်။

"အိုးမိုင်ဂေါ့...မင်းတို့မှာအဲလောက်ထိမှော်အမြှောက်တွေအများကြီးရှိနေတယ်ပေါ့"

နီကိုးလပ်စ်က ရုတ်တရက်အော်ဟစ်လိုက်သည်။

"ငါတို့မှာအဲ့လောက်အင်အားမရှိဘူးဆိုရင် အမ်းစ်မိသားစုလို့ခေါ်နိုင်ပါမလား...မင်းရဲ့သူရဲကောင်းတွေက ခုချိန်မှာအစွမ်းအထက်ဆုံးလို့မယူဆလိုက်နဲ့...သူတို့ဟာအမှန်တကယ်ပြိုင်ဘက်ကင်းနေတာမဟုတ်ဘူး...လုံလောက်တဲ့ခွန်အားရှိသူတွေက သူတို့ကိုသတ်နိုင်တယ်...ဒီတစ်ခေါက်ငါတို့ပြသခဲ့တဲ့ခွန်အားက ရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲရှိသေးတယ်...တကယ့်တိုက်ပွဲအကြီးကြီးတွေမှာဆိုရင် မင်းရဲ့သူရဲကောင်းတွေကိုငါသတ်ပစ်နိုင်တုံးပဲ"

ရှောင်ယုက တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ဝှက်ဖဲတွေအကုန်ထုတ်ဖော်ပြီးသွားပြီလို့မင်းထင်လား...ငါသာဝှက်ဖဲတွေအကုန်ထုတ်ဖော်လိုက်ပြီဆိုရင် မင်းတို့မိသားစုကြီးတွေအကုန်လုံးက ငါ့အမြင်မှာပုရွက်ဆိတ်လေးတွေထက်မပိုဘူး"

"အော်ဟုတ်လား..."

ရှောင်ယု၏စကားကို နီကိုးလပ်စ်ကမယုံကြည်ပုံရသည်။

နီကိုးလပ်စ်ပြောခဲ့သလိုပင် ဂေါ်ဒန်၏ခွန်အားသည် အမှန်ပင်အားကောင်းလှပေသည်။ကဲလ်သက်သည် လျှိ့ဝှက်ဆန်းကြယ်သောမီးလုံးများဖြင့် ဂေါ်ဒန်အားယာယီကန့်သတ်ထားသော်လည်း ဂေါ်ဒန်၏ ရူးသွပ်ဖွယ် တန်ပြန်တိုက်စစ်သည် အမှန်တကယ်ပင်အံ့မခန်းဖြစ်ပေသည်။

All Chapters