အခန်း (၄၆၃-၃၆၅)
Vol. 31 Ch. 463-465
အခန်း ၄၆၃ - အလှည့်အပြောင်း
ဂေါ်ဒန်သည် အလွန်ဒေါသထွက်နေခဲ့သည်။
သူသည်ကဲလ်သက်အား တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်လိုသည့်အတွက်ကြောင့် နောက်ထပ်တိုက်ခိုက်မှုများအား ဆက်တိုက်ထုတ်လွှတ်လိုက်သည်။ထိုအခိုက်အတန့်တွင် ဂေါ်ဒန်၏ဦးခေါင်းခွံမှနေ၍ တိမ်မည်းများထွက်ပေါ်လာခဲ့သည်။ထိုအနက်ရောင်တိမ်တိုက်များသည် ဂေါ်ဒန်မှပေါင်းစပ်ထားသော တိမ်နက်များဖြစ်သည်။
"ဒါကသေချာပေါက် ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး...ကဲလ်သက်သတိထား..."
ရှောင်ယုသည် ထိုတိမ်နက်များကိုကြည့်၍ ကဲလ်သက်ကိုချက်ချင်းသတိပေးလိုက်သည်။
ကဲလ်သက်ကိုယ်တိုင်သည်တောင် သူ၏လျှိ့ဝှက်ဆန်းကြယ်သော မီးလုံးများသည်ပင် ထိုတိမ်နက်များကိုကိုင်တွယ်ဖြေရှင်းရန် လွယ်ကူခြင်းမရှိကြောင်း နားလည်ခဲ့သည်။
"နီကိုးလပ်စ်...မြန်မြန်လေးမှော်အမြှောက်တွေကို ပစ်ခတ်ဖို့လုပ်တော့...မှော်အမြှောက်တွေနဲ့ပစ်ခတ်ခံရပြီးပြီဆိုရင် အဲ့ဒီလူယုတ်မာကတိမ်နက်တွေကိုထပ်ပြီးထိန်းချုပ်နိုင်မလား ငါကြည့်ချင်သေးတယ်"
ရှောင်ယုက နီကိုးလပ်စ်ကို အမြန်ပြောလိုက်သည်။
နီကိုးလပ်စ်သည် ကဲလ်သက်ဒဏ်ရာရရှိစေရန်အတွက် တမင်တကာနှောင့်နှေးလိုသော်လည်း ရှောင်ယုကသူ့အားထပ်ခါတလဲလဲတိုက်တွန်းနေသည့်အတွက်ကြောင့် သူမငြင်းနိုင်တော့ပေ။
ထို့ကြောင့် နီကိုးလပ်စ်သည် သူ့လူများကိုအမိန့်ပေးကာ မှော်အမြှောက်များကို အမြှောက်ဆံဖြည့်၍ ချိန်ညှိခိုင်းလိုက်သည်။အမှန်တော့ နီကိုးလပ်စ်သည် သူ၏မှော်အမြှောက်များက ဂေါ်ဒန်အား ထိခိုက်စေခြင်းရှိမရှိ သိလိုခဲ့သည်။
ဘန်း...
နောက်ဆုံးတွင် နီကိုးလပ်စ်က သူ၏မှော်အမြှောက်များကိုပစ်လွှတ်လိုက်သည်။ထိုအခါ ဂေါ်ဒန်၏ဦးတည်ရာသို့ အလွန်တောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ဂေါ်ဒန်သည် ကဲလ်သက်၏လျှိ့ဝှက်ဆန်းကြယ်သောမီးလုံးများ၏ ဖိအားဒဏ်ကြောင့် အလေးချိန်ကင်းမဲ့နေခဲ့သည်။သို့ဖြစ်ရာ မှော်အမြှောက်၏ပစ်ခတ်မှုအားရှောင်တိမ်းရန်ခက်ခဲသော်လည်း ရုတ်တရက်ဆိုသလို ဂေါ်ဒန်သည်စွမ်းအားကုန်သုံးကာ မီးလုံးများ၏ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သောမီးလုံးများမှ ရုန်းထွက်လာပြီးပြီးချင်း ဂေါ်ဒန်သည် နီကိုးလပ်စ်၏မှောက်အမြှောက်ရောင်ခြည်တန်းမှ လွတ်မြောက်အောင်ရှောင်တိမ်းခဲ့သည်။ယခုတစ်ကြိမ်တွင် ဂေါ်ဒန်သည်ကံကောင်းထောက်မစွာဖြင့် ထိုတိုက်ခိုက်မှုမှလွတ်မြောက်ခဲ့သည်။
"မင်းဘာလုပ်နေတာလဲ..."
ရှောင်ယုက ရုတ်တရက်ထအော်လိုက်သည်။
"ဒီကိစ္စအတွက် မင်းငါ့ကိုအပြစ်တင်လို့မရဘူး...ငါကသေသေချာချာကိုပစ်ခတ်လိုက်တာပဲ..."
နီကိုးလပ်စ်သည် ကျန်ရှိနေသောမှော်အမြှောက်ဆံများကို တစ်ချက်ကြည့်ရင်း အပြစ်ကင်းသည့်လေသံဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် ကဲလ်သက်၏မျက်နှာအနီးသို့ပင် ရောက်လုနီးပါးဖြစ်နေသောတိမ်နက်များကိုကြည့်ရင်း နီကိုးလပ်စ်ကိုလစ်လျူရှုလိုက်သည်။ထို့နောက်သူသည် မှော်စုန်းဆရာဒါဇင်ပေါင်းများစွာကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"ဟာရီကိန်းနည်းစနစ်ကိုထုတ်ဖော်ပြီး တိမ်တွေကိုမှုတ်ထုတ်လိုက်"
မှော်စုန်းဆရာများသည် ရှောင်ယု၏အမိန့်ကိုချက်ချင်းတုံ့ပြန်ခဲ့ကြပြီး အနက်ရောင်အမှုန်အမွှားများကို တိုက်ထုတ်ရန်အတွက် ဟာရီကိန်းများကို တစ်ခုပြီးတစ်ခုစေလွှတ်ခဲ့သည်။
ပထမဆုံးဟာရီကိန်းမုန်တိုင်းသည် တိမ်နက်များကိုထိတွေ့လိုက်ချိန်တွင် တိမ်နက်များက အနည်းငယ်ရပ်တန့်သွားခဲ့သော်လည်း ဒုတိယဟာရီကိန်းမုန်တိုင်းတိုက်ခတ်အပြီးတွင် တိမ်နက်များကတဖြည်းဖြည်း လျော့ကျလာခဲ့သည်။
ဒါဇင်နှင့်ချီသော ဟာရီကိန်းမုန်တိုင်းများသည် တိမ်နက်များကို အဆက်မပြတ်တိုက်ခတ်ပြီးနောက်တွင် တိမ်နက်များက ဆန့်ကျင်ဘက်သို့စီးဆင်းသွားခဲ့သည်။
ယခုအခါ ဂေါ်ဒန်သည် ဆန်းကြယ်မီးလုံးများ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည့်အတွက်ကြောင့် ကဲလ်သက်သည် ဆန်းကြယ်မီးလုံးများအား ဆက်လက်ထိန်းချုပ်လိုခြင်းမရှိတော့ပေ။
မှော်စုန်းဆရာများ၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် အနက်ရောင်တိမ်တိုက်များသည် မကောင်းဆိုးဝါးအောစ့်များဘက်သို့ ပျံ့ကျဲသွားခဲ့သည်။မကြာမှီ ထိုတိမ်နက်များအတွင်း၌ ရေစက်များစုပြုံလာခဲ့ပြီး မိုးရွာသွန်းလာခဲ့သည်။
အနက်ရောင်တိမ်တိုက်များမှ ကျဆင်းလာသည့်မိုးရေစက်များသည် မကောင်းဆိုးဝါးအောစ့်များအပေါ်သို့ ကျရောက်သွားသည့်အခါတွင် အက်ဆစ်ဖြင့်တိုက်စားသကဲ့သို့ အခြေအနေဖြစ်ပေါ်လာခဲ့သည်။
မကောင်းဆိုးဝါးအောစ့်များသည် နာကျင်စွာဖြင့်အော်ငြီးလိုက်သည်။ထိုအနက်ရောင်မိုးစက်များဖြင့် ထိတွေ့ခံရသောမည်သူမဆို ခဏတာအတွင်း အရိုးစုများအဖြစ် ဆွေးမြေ့သွားခဲ့ရသည်။
ထိုအချိန်တွင် အီလီဒမ်နှင့်ဟောရပ်စ်အကြားတိုက်ပွဲကလည်း ပြင်းထန်လာခဲ့သည်။
အီလီဒမ်၏ဓားများနှင့်ဟောရပ်စ်၏လှံတံတို့က ထပ်ခါတလဲလဲတိုက်မိနေကြသည်။ထိုသို့တိုက်မိခြင်းကြောင့် ထွက်ပေါ်လာသည့်လှိုင်းများသည် အလွန်ပင်အန္တာရယ်များပြားလှပြီး အီလီဒမ်နှင့်ဟောရပ်စ်တို့အနီး၌ရှိနေသော မည်သူမဆို ၎င်းတို့ကြောင့်ထိခိုက်သွားမည်ဖြစ်သည်။
"မင်းတို့အားလုံးသေရလိမ့်မယ်...ဒီနေရာကမင်းတို့ရဲ့သချိုင်းပဲ"
လူတိုင်းတိုက်ခိုက်နေကြချိန်တွင် အော်ဂတ်စတတ်၏မျက်လုံးများ၌ အေးစက်သောအရိပ်အယောင်များထွက်ပေါ်လာကာ တိုးတိုးလေးရေရွတ်လိုက်သည်။
အော်ဂတ်စတတ်သည် နောက်သို့ဖြေးညင်းစွာဆုတ်ခွာသွားခဲ့ကာ မှောင်မှဲနေသောကွက်လပ်အချို့အား ဖိလိုက်သည်ကို မည်သူကမှသတိမထားမိလိုက်ပေ။
ထိုအမှောင်ကွက်လပ်များသည် သိသာထင်ရှားထင်ရှားသည့် အချက်အချာနေရာအချို့ဖြစ်ကာ ၎င်းတို့်အားနှိပ်လိုက်သည်နှင့် တစ်စုံတစ်ခုဖြစ်ပေါ်လာမည်မှာ သေချာပေသည်။
အော်ဂတ်စတတ်သည် ထိုမှောင်မိုက်နေသောနေရာများကို ဖိချလိုက်ပြီးနောက်တွင် ဧရိယာတစ်ခုလုံးအနည်းငယ်တုန်ခါသွားခဲ့သည်။သို့သော်လည်း လူတိုင်းလိုလိုပင်ပြင်းထန်စွာတိုက်ခိုက်နေကြသောကြောင့် ဤမျှအနည်းငယ်တုန်ခါမှုကို မည်သူကမှသတိမထားမိလိုက်ကြပေ။
မကြာမှီ မြေပြင်သည်ပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့သည်။ထိုတုန်ခါမှုသည် လွန်စွာပြင်းထန်ခြင်းမရှိသေးသော်လည်း လူတိုင်းကိုသတိပြုမိစေခဲ့သည်။သို့သော်လည်း အချိန်အနည်းငယ်နှောင်းသွားပြီဖြစ်ရာ ကောင်းကင်ယံ၌ကြီးမားသည့်အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး ကြီးမားသောအုပ်မိုးတစ်ခုကဲ့သို့ အရာအားလုံးကိုလွှမ်းခြုံသွားခဲ့သည်။
"ဒါ...ဒါကဘာလဲ"
စွန့်စားသူများက ထိတ်လန့်တကြားရေရွတ်လိုက်မိသည်။အဆုံးသတ်တွင် သူတို့်သည်ဤနေရာ၌ လုံးဝစိမ်းကားနေခဲ့ကာ သူတို့သာသတိမထားမိပါက မြုပ်နှံခံရနိုင်ပေသည်။
အလင်းအုပ်မိုးကိုသတိထားမိလိုက်ချိန်တွင် ဂေါ်ဒန်၏ဦးခေါင်းခွံသည် လေပေါ်သို့ပျံတက်သွားခဲ့ကာ အော်ဂတ်စတတ်ကိုမေးမြန်းလိုက်သည်။
"မင်းဘာလုပ်နေတာလဲ...အော်ဂတ်စတတ်"
ဂေါ်ဒန်၏စကားကိုကြားချိန်တွင် လူတိုင်းသည်အော်ဂတ်စတတ်ကိုအာရုံစိုက်လာကြသည်။ယခုအခါ အော်ဂတ်စတတ်နှင့်ဂေါ်ဒန်အကြား ပြဿနာတက်နေပုံရသည်။
အော်ဂတ်စတတ်သည် ချက်ချင်းပင်ဦးညွတ်လိုက်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့လူသားတွေကို ထောင်ချောက်ဆင်ဖို့အတွက် မှော်အခင်းအကျင်းကိုထုတ်ဖော်လိုက်တာပါ"
ဂေါ်ဒန်က အေးစက်စွာရေရွတ်လိုက်သည်။
"ဟုတ်လား...ဒါပေမဲ့ဒီမှော်အခင်းအကျင်းက ငါ့ကိုထောင်ချောက်ဆင်နေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ"
အော်ဂတ်စတတ်သည် ဂေါ်ဒန်၏တုံ့ပြန်မှုကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း သူ၏အမူအရာသည် ပြောင်းလဲခြင်းမရှိသေးပေ။
"အရှင်မြတ်...ဒီလူကအရှင်မြတ်အပေါ်ကို အကြွင်းမဲ့သစ္စာစောင့်သိပါတယ်...ဒီလိုလုပ်ရပ်မျိုးကိုငါဘယ်လိုလုပ်ရမှာလဲ"
"ဟမ့်...မင်းရဲ့လှည့်ကွက်တွေကို ငါမသိဘူးလို့ မင်းထင်နေတာလား...မင်းကဒါကိုကြံစည်နေခဲ့တာကြာပြီ....မင်းဟာမကောင်းဆိုးဝါးအောစ့်စစ်တပ်ကိုထိန်းချုပ်ပြီးတော့ တိုက်ကြီးကိုစိုးမိုးနိုင်ဖို့အတွက် ငါ့ကိုထိန်းချူပ်ချင်နေတာပဲ"
"အရှင်မြတ်က ဘာတွေပြောနေတာလဲ...ငါမင်းကိုဘာလို့သစ္စာဖောက်ရမှာလဲ...ငါကမင်းအပေါ်ကိုအမြဲသစ္စာစောင့်သိခဲ့တာပါ"
အော်ဂတ်စတတ်က ဂရုတစိုက်ပြောလိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည် အမှောင်ထောင့်ထဲ၌ပုန်းအောင်းနိုင်ရန်အတွက် တဖြည်းဖြည်းနောက်ပြန်ရွေ့လာခဲ့သည်။
ယခုတစ်ကြိမ်တွင် ဂေါ်ဒန်သည်စကားပြန်မပြောတော့ဘဲ မန္တန်ကိုချက်ချင်းထုတ်ဖော်လိုက်သည်။ထိုမှော်မန္တန်သည် အော်ဂတ်စတတ်၏ခန္ဓာကိုယ်အား ကန့်သတ်ထားလိုက်သည်။
"ဟမ့်..."
သူ၏မန္တန်ကြောင့် အောဂ်ဂတ်စတတ်သည်ထိန်းချုပ်ခံလိုက်ရသည်ကိုမြင်သော် ဂေါ်ဒန်၏ဧရာမဦးခေါင်းခွံကြီးသည် တဟုန်ထိုးပျံသန်းလာခဲ့ကာ အော်ဂတ်စတတ်၏ဦးခေါင်းကို ထိမှန်သွားခဲ့သည်။
ဘန်း...
အော်ဂတ်စတတ်၏မျက်လုံးထဲ၌ ထိတ်လန့်နေသောအမူအရာများဖြစ်ပေါ်လာသော်လည်း မကြာမှီတွင်အလွန်တည်ငြိမ်သောအမူအရာများက အစားထိုးဝင်ရောက်လာခဲ့သည်။သူ၏မျက်လုံးများသည် တည်ငြိမ်လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
"နောက်ဆုံးတော့ ငါပြန်လာခဲ့ပြီ"
အော်ဂတ်စတတ်၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အခန်း ၄၆၄ - ကူးပြောင်းခြင်း
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ဂေါ်ဒန်သည် အော်ဂတ်စတတ်၏ခန္ဓာကိုယ်အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း လူတိုင်းလိုလိုပင်နားလည်သဘောပေါက်လိုက်ကြသည်။
အစောပိုင်းက သူသည်အီလီဒမ်၏ခန္ဓာကိုယ်အား သိမ်းပိုက်လိုသော်လည်း ယခုအခါတွင် အီလီဒမ်၏ခန္ဓာကိုယ်အား မသိမ်းပိုက်နိုင်ခဲ့သည့်အပြင် အော်ဂတ်စတတ်ကလည်း ပုန်ကန်လာသည့်အတွက်ကြောင့် အော်ဂတ်စတတ်၏ခန္ဓာကိုယ်အားသိမ်းပိုက်ကာ အသုံးချနိုင်ခဲ့သည်။
၎င်းသည် အီလီဒမ်၏ကိုယ်ထည်လောက် ကောင်းမွန်ခြင်းမရှိသော်လည်း အော်ဂတ်စတတ်ကိုယ်တိုင်က အဆင့်မြင့်နတ်ဆိုးမှော်ဆရာဖြစ်သည်။အကယ်၍သူသာ ကောင်းကောင်းအသုံးချနိုင်ပါက သူ၏မှော်စွမ်းအင်သည် အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိသွားနိုင်သည်။
ယခုအခါတွင် ဂေါ်ဒန်သည်အော်ဂတ်စတတ်၏ခန္ဓာကိုယ်အ သိမ်းပိုက်လိုက်ပြီဖြစ်သောကြောင့် စွန့်စားသူများ၏ရည်မှန်းချက်များက လုံးဝပြိုကွဲသွားခဲ့ရပြီဖြစ်သည်။လက်ရှိအချိန်တွင် ဗိမာန်တော်တစ်ခုလုံးအား ကြီးမားသည့်အလင်းအုပ်မိုးတစ်ခုက လွှမ်းခြုံထားသည့်အတွက် လူတိုင်းကထွက်ပြေးလိုနေကြသည်။
သို့သော်လည်း မည်သူကအတိအကျလုပ်ဆောင်နိုင်မည်နည်း။
လူတိုင်းစိုးရိမ်ပူပန်စွာဖြင့် ဤနေရာမှရုန်းထွက်နိုင်မည့်နည်းလမ်းကို တွေးတောနေသော်လည်း ရှောင်ယုသည်ဂေါ်ဒန်ကြောင့် လုံးဝစိုးရိမ်ခြင်းမရှိပေ။ဂေါ်ဒန်သည်လည်းဤနေရာ၌ရှိနေပေရာ ဤအလင်းအုပ်ဆောင်းကသူတို့အားဖုံးလွှမ်းထားခဲ့လျှင်ပင် ဂေါ်ဒန်လည်းသူတို့နှင့်အတူ ဒုက္ခရောက်မည်ဖြစ်သည်။
အော်ဂတ်စတတ်သည် သူ့အားအကောက်ကြံနေကြောင်း ဂေါ်ဒန်ကရိပ်မိသွားသည့်အတွက် ဤနေရာမှထွက်သွားနိုင်မယ့်လမ်းကိုလည်း သိထားရမည်ဖြစ်သည်။
ထို့ကြောင့်ယခုအချိန်တွင် ရှောင်ယုသည်ဂေါ်ဒန်အား စောင့်ကြည့်ရန်သာလိုအပ်တော့သည်။
ဂေါ်ဒန်ကိုယ်တိုင်ကလည်း ရှောင်ယုနှင့်အခြားသူများ၏အတွေးကိုနားလည်ပေသည်။သူကိုယ်တိုင်ကလည်း ဤနေရာရှိလူတိုင်းအား သတ်ဖြတ်လိုနေသော်လည်း အီလီဒမ်နှင့်ကဲလ်သက်တို့ကဤနေရာ၌ရှိနေသောကြောင့် မဖြစ်နိုင်လောက်ပေ။
ထို့ကြောင့်သူသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ မကောင်းဆိုးဝါးအောစ့်များကို စတင်စုစည်းခဲ့သည်။
"နိမ့်ကျတဲ့လူသားတွေ...ဒီနေ့တော့မင်းတို့ကံကောင်းတယ်လို့မှတ်ထားလိုက်...မင်းတို့ဟာဒီတစ်ကြိမ်မှာ အခက်အခဲကနေလွတ်မြောက်ခဲ့ပေမဲ့လို့ နောက်တစ်ကြိမ်တော့ဒီလိုကံကောင်းလာမှာမဟုတ်တော့ဘူး...မကြာခင်မှာငါ့ရဲ့မကောင်းဆိုးဝါးအောစ့်စစ်တပ်ဟာ တိုက်ကြီးကိုစတင်ပြီးတော့တိုက်ခိုက်တော့မယ်...အဲ့အချိန်ရောက်ရင် ငါ့ရဲ့ဒေါသကြောင့်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားရလိမ့်မယ်...ဟားဟား"
ဂေါ်ဒန်သည် ရုတ်ချည်းဆိုသလိုပင် ထူးဆန်းသောမန္တန်အားရွတ်ဖတ်လိုက်သည်။ထိုမန္တန်အဆုံးတွင် လူတိုင်း၏ရှေ့မှောက်၌ ကြီးမားသည့်အခင်းအကျင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ထိုဧရာမအခင်းအကျင်းသည် ပြင်းထန်သောအာကာသစွမ်းအင်ကိုထုတ်လွှတ်လာခဲ့ကာ အာကာသလမ်းကြောင်းတစ်ခုအား ဖွဲ့စည်းခဲ့သည်။
"သယ်ယူပို့ဆောင်ရေးလမ်းကြောင်း"
ရှောင်ယုသည် ထိုအခင်းအကျင်းကို ချက်ချင်းအသိအမှတ်ပြုလိုက်မိသည်။ဂေါ်ဒန်သည် ထွက်ပြေးရန်အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။
အမှန်တော့ ထိုအရာသည် အော်ဂတ်စတတ်၏ယခင်အစီအစဉ်ဖြစ်ကာ ဂေါ်ဒန်ကလွဲပြောင်းအသုံးချခဲ့ခြင်းဖြစ်သည်။အော်ဂတ်စတတ်သည် ထိုလမ်းကြောင်းဖြင့်ထွက်ပြေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လမ်းကြောင်းဖွဲ့စည်းပြီးချိန်တွင် ဂေါ်ဒန်သည်လမ်းကြောင်းထဲသို့ပြေးဝင်သွားခဲ့ပြီး မကြာမှီတွင် အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ်ပျောက်ကွယ်သွားခဲ့သည်။
ဂေါ်ဒန်သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှ ထွက်ပြေးသွားသည်ကိုမြင်သော် ထိုလမ်းကြောင်းသည် ဤနေရာမှထွက်ခွာရန် တစ်ခုတည်းသောနည်းလမ်းဟုတ်မဟုတ် ဤနေရာရှိလူများမသိခဲ့ကြပေ။ထို့ကြောင့်လူတိုင်းက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းထံ ပြေးဝင်လာကြသည်။
သို့သော်လည်း ဤနေရာတွင်လူအရေအတွက် များပြားလွန်းသောကြောင့် သူတို့သည်တစ်ကြိမ်တည်းဖြင့်အပြင်မထွက်နိုင်ခဲ့ပေ။
သို့ဖြစ်ရာ တစ်စုံတစ်ယောက်ကရှေ့ထွက်လာကာ စည်းမျည်းစည်းကမ်းများကို တာဝန်ယူထိန်းသိမ်းရမည်ဖြစ်သည်။
"လူတိုင်းရပ်လိုက်ကြ...ဘယ်သူရှေ့တက်ဝံ့သလဲ...ရှေ့တက်ဝံ့တဲ့အကုန်သတ်ပစ်လိုက် အီလီဒမ်"
ရှောင်ယုသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှေ့သို့ထွက်ရပ်လိုက်သည်။အီလီဒမ်နှင့်ကဲလ်သက်တို့ကလည်း ရှောင်ယု၏ဘေးနားတွင်ရပ်ကာ သူတို့၏သဘောထားကိုပြသလိုက်သည်။
ယခုအခါ ဂေါ်ဒန်မရှိတော့သည့်အတွက်ကြောင့် ဟောရပ်စ်သည်မည်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ နတ်ဆိုးလောကသို့ပြန်သွားခဲ့သည်။ထိုသို့သောအခြေအနေအောက်တွင် အီလီဒမ်နှင့်ကဲလ်သက်တို့က စူပါကျွမ်းကျင်သူများဖြစ်လာခဲ့ကြသည်။
ဤနေရာတွင် မည်သူကသူတို့နှစ်ယောက်နှင့်ယှည်နိုင်မည်နည်း။
ရှောင်ယုကကျယ်လောင်စွာအော်ပြောလိုက်သည်။
"ကဲကဲ...မင်းတို့အားလုံးဒီနေရာကနေထွက်သွားဖို့ အခွင့်အရေးရမယ်...ဒါပေမဲ့အဓိကအချက်ကတော့လူတိုင်းအမိန့်နာခံပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာဖို့ဘဲ...မဟုတ်ရင်လူတိုင်းနှောင့်နှေးရလိမ့်မယ်...ငါ့ညွန်ကြားချက်အတိုင်း စနစ်တကျတန်းစီပြီးထွက်ကြ...တစ်ယောက်ယောက်ကစည်းကမ်းဖောက်ဖျက်ရင်တော့ ငါ့ကိုရက်စက်လို့ဆိုပြီးအပြစ်မတင်ကြနဲ့"
ရှောင်ယု၏စကားကိုလူတိုင်းကြားချိန်တွင် ရှောင်ယု၏ဘေး၌ရှိနေသော အီလီဒမ်နှင့်ကဲလ်သက်တို့အားကြည့်ကာ အမိန့်ကိုလိုက်နာရန်ရွေးချယ်လိုက်ကြသည်။
လူတိုင်းငြိမ်သက်သွားသည်ကိုကြည့်ပြီး ရှောင်ယုကခေါင်းညိတ်ပြလိုက်ကာ သံမဏိမြင်းညီနောင်အဖွဲ့အား လက်ညိုးထိုးပြလိုက်သည်။
"မင်းတို့အရင်ထွက်ကြ"
သံမဏိမြင်းညီနောင်အဖွဲ့သားတိုင်းသည် ရှောင်ယုအားကျေးဇူးတင်သောအမူအရာကို ပြသလိုက်ကြသည်။ထို့နောက်စွမ်းအားကြီးသည့် ကျွမ်းကျင်သူများ၏ဦးဆောင်မှုအောက်တွင် သူတို့သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဆီသို့ လျှောက်သွားခဲ့ကြသည်။
မထွက်ခွာမှီတွင် အစွမ်းထက်ကျွမ်းကျင်သူက ရှောင်ယုကိုကြည့်ကာနှုတ်ဆက်လိုက်သည်။
"ငါ့နာမည် ကာဆိုပဲ..."
ရှောင်ယုကခေါင်းညိတ်ပြလိုက်သော်လည်း စကားပြန်မပြောခဲ့ပေ။
ကာဆိုကစကားအပိုမပြောဘဲ သူ၏လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ထို့နောက်တွင် ရှောင်ယုသည် စွန့်စားသူအဖွဲ့များအားထွက်ခွာခွင့်ပေးလိုက်သည်။အဆုံးသတ်တွင် အလွန်ဆို၏ငွေရောင်လက်အဖွဲ့၊ရှောင်ယု၊လီယိုနာဒို၊နီကိုးလပ်စ်နှင့်ရောဘတ်၏အဖွဲ့တို့ကသာ ကျန်ရစ်ခဲ့တော့သည်။
ရှောင်ယုသည် ရောဘတ်၏အဖွဲ့အား ရည်ရွယ်ချက်ရှိရှိထွက်ခွာခွင့်မပြုခဲ့ပေ။ရောဘတ်သည် ရှောင်ယု၏လွှမ်းမိုးမှုအား ချုပ်ကိုင်လိုခဲ့သော်လည်း အီလီဒမ်နှင့်ကဲလ်သက်တို့အား မလွန်ဆန်ဝံ့ခဲ့ပေ။ထို့ပြင် လူတိုင်းက ရှောင်ယု၏အမိန့်ကိုနာခံနေကြရာ သူသာဆန့်ကျင်လိုက်မည်ဆိုပါက လူတိုင်း၏ရန်သူဖြစ်လာမည်ဖြစ်သည်။ထို့ကြောင့်သူသည် သည်းခံရုံသာတတ်နိုင်ခဲ့သည်။
အလင်းအုပ်မိုးပြိုလဲတော့မည်ကို သတိထားမိချိန်တွင် ရှောင်ယုကရောဘတ်အား ပြုံးပြလိုက်သည်။
"ချစ်လှစွာသောရောဘတ်...မင်းကဒီမှာတစ်ယောက်တည်းကစားကျန်ခဲ့တော့ မင်းကိုငါတို့ခေါ်မသွားနိုင်ဘူး"
ရှောင်ယု၏စကားအပြီးတွင် ကဲလ်သက်နှင့်အီလီဒမ်တို့အပါအဝင် လက်အောက်ငယ်သားများအားလုံးသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းထဲသို့ တိုးဝင်သွားခဲ့ကြသည်။နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း ရှောင်ယုနောက်သို့အမြန်ဆုံးလိုက်ပါသွားခဲ့ကြသည်။
"ခွေးကောင်..."
ရောဘတ်က ကျယ်လောင်စွာကျိန်ဆဲလိုက်သည်။လက်ရှိအချိန်တွင် အလင်းအုပ်ဆောင်းက သူတို့အားဝိုင်းရံလုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့် ရောဘတ်သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းထံသို့ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။
"ငါ့ကိုဒီကနေခေါ်သွားပေး"
ရောဘတ်က ဆဌမအဆင့်ကျွမ်းကျင်သူ ဘာရွန်ကိုအမိန့်ပေးလိုက်သည်။
ဘာရွန်သည် ရောဘတ်ကိုဆွဲကိုင်ကာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းထဲသို့ လျင်မြန်စွာပြေးဝင်သွားခဲ့သည်။ကျန်လူများကလည်း အလျင်အမြန်ရောက်ရှိလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ထူးဆန်းသောအသံများထွက်လာကာ ပြိုကျလာခဲ့သည်။
အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာပြီးနောက်တွင် ရှောင်ယုသည် ပျက်စီးနေသောမြို့လေးတစ်ခု၌ သူ့ကိုယ်သူရှာတွေ့ခဲ့သည်။ရှောင်ယုသည် ပတ်ပတ်လည်ကိုစစ်ဆေးလိုက်သော်လည်း သူ့ပတ်ဝန်းကျင်၌မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။
"ဒီသယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ဘယ်နေရာကိုဦးတည်နေတာလဲမသိဘူး...ခုငါတို့ဘယ်ကိုရောက်နေတာလဲ"
ရှောင်ယုသည် ပျက်စီးနေသောနံရံတစ်ခုပေါ်၌ရပ်ကာ ပတ်ပတ်လည်ကိုစစ်ဆေးရင်း ညဉ်းညူလိုက်သည်။
ရှောင်ယုသည် မည်သည့်တုံ့ပြန်မှုကိုမှ မတွေ့ခဲ့ရပေ။သူသည် အီလီဒမ်နှင့်ကဲလ်သက်တို့အား လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်၌တင်ပလ္လင်ချိတ်ကာ ထိုင်နေသည်ကိုတွေ့လိုက်ရသည်။သူတို့၏ခန္ဓာကိုယ်အတွင်းမှစွမ်းအင်များသည် အတော်လေးဖရိုဖရဲဖြစ်နေသည့်အတွက်ကြောင့် သူတို့နှစ်ယောက်လုံးက ထိုစွမ်းအင်များကိုတည်ငြိမ်အောင် ကြိုးစားနေကြပုံရသည်။
ရှောင်ယုသည် အခြေအနကိုချက်ချင်းနားလည်လိုက်သည်။သေချာသောအရာတစ်ခုမှာ သူတို့သည်စွမ်းအင်သုံးစွဲမှုအလွန်များပြားသည့်အတွက်ကြောင့် ထိန်းချုပ်ရခက်ခဲနေခြင်းဖြစ်သည်။
ထို့ကြောင့်ရှောင်ယုသည် ကဲလ်သက်တို့အနားတွင်နေရင်း သူတို့ကိုယ်ရံတော်များအဖြစ်ဆောင်ရွက်ကာ သူတို့နိုးထမလာမှီအချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။ဤကာလအတွင်း ရှောင်ယုသည်သူ၏ရိတ်သိမ်းမှုများကို တွက်ချက်ခဲ့သည်။ယခုတစ်ကြိမ်တွင် သူသည်ဆုံးရှုံးမှုအချို့ရှိခဲ့ပြီး သူ၏လက်အောက်ငယ်သားများထက်ဝက်ခန့်သေဆုံးသွားခဲ့သော်လည်း ရိတ်သိမ်းမှုအလွန်ကြီးမားခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည်ခေါင်းလှည့်ကြည့်လိုက်ရာ အီလီဒမ်နှင့်ကဲလ်သက်တို့က ပြန်လည်နိုးထနေကြပြီဖြစ်ပြီး သူတို့၏စွမ်းအင်များတည်ငြိမ်သွားသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း အီလီဒမ်နှင့်ကဲလ်သက်တို့၏ကျင့်ကြံမှုအခြေခံသည် ပဥ္စမအဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်းကြောင့် ရှောင်ယုငိုချင်လုမတတ်ဖြစ်သွားခဲ့ရသည်။
အမွေဆက်ခံခြင်းကြောင့်သာ သူတို့၏စွမ်းအားသည် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။အကယ်၍ သူတို့၏ကျင့်ကြံမှုကိုတိုးမြင့်စေလိုပါက သူတို့၏အဆင့်ကိုတိုးမြင့်ပေးရန် လိုအပ်ပေသည်။
"မိုက်မဲတဲ့စနစ်...မင်းကဘာလို့ဒီလောက်ကန့်သတ်ချက်တွေများနေရတာလဲ"
အခန်း ၄၆၅ - စကားလက်စ်
အချိန်ခဏကြာပြီးနောက်တွင် ရှောင်ယုသည် နေဝင်ချိန်နွံအိုင်၌ အခြားလူများကိုရှာဖွေရန် ထွက်ခွာလာခဲ့သည်။
ရှောင်ယုကိုယ်တိုင်ပင် သူမည်သည့်နေရာသို့ရောက်နေမှန်းမသိပေ။အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက်တွင် လမ်းကြောင်းတစ်ခုကိုရွေးချယ်၍ ထွက်ခွာလာခဲ့သည်။ယခုအခါတွင် သူတို့သည် ပျက်စီးနေသောမြို့ငယ်လေးအတွင်း၌ ရှိနေသည့်အတွက်ကြောင့် နေဝင်ချိန်နွံအိုင်၌မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။
အချိန်တစ်ရက်ကျော်ကြာ ခရီးဆက်လာပြီးသည်တောင်မှ ရှောင်ယုသည်လူသူအရိပ်အယောင်မတွေ့ရဘဲ သူမည်သည့်နေရာ၌ရောက်နေမှန်း မသိသေးပေ။အဆုံးသတ်တွင် သူသည်လမ်းကြောင်းပြောင်းကာ ခရီးဆက်ခဲ့ရသည်။
နှစ်ရက်ခန့်အကြာတွင် ရှောင်ယုသည် မြို့ငယ်လေးတစ်ခုကိုတွေ့ရှိလိုက်ရပြီး မြို့သူမြို့သားများကလည်း ထူးထူးခြားခြားဝတ်စုံများကို ဝတ်ဆင်ထားကြပေသည်။သူတို့သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ လူများနှင့်တူညီခြင်းမရှိခဲ့ပေ။သူတို့သည် လွင်ပြင်ဒေသရှိ ဓလေ့စရိုက်နှင့်ပိုမို၍ဆင်တူနေခဲ့သည်။
"ငါကနေဝင်ချိန်နွံအိုင်ရဲ့ အခြားတစ်ဖက်ကိုရောက်လာတာလား...ဘာလို့ဒီလိုထူးဆန်းတဲ့မြို့ကိုရောက်နေရတာလဲ"
သူ၏ကံသည် အမှန်တကယ်ဆိုးဝါးနေသည့်အတွက် ရှောင်ယုကစကားမပြောနိုင်ခဲ့ပေ။
မြို့ငယ်လေးတွင် လူဦးရေအလွန်များပြားခြင်းမရှိပေ။ရှောင်ယုသည် ဂေါ်ဒန်နှင့်ကဲလ်သက်တို့နှင့်အတူ အထဲသို့ဝင်ရောက်လာခဲ့သည်။
ကဲလ်သက်နှင့်အီလီဒမ်တို့သည် သူတို့၏မူလအသွင်အပြင်အား ဖုံးကွယ်ထားရန်အတွက် အနက်ရောင်ခြုံထည်များကိုဝတ်ဆင်ထားကြပြီးဖြစ်သည်။ထိုသို့မဟုတ်ပါက သူတို့နှစ်ယောက်၏အသွင်အပြင်သည် လူတိုင်းကိုအာရုံစိုက်စေမှာဖြစ်သည်။လက်ရှိအချိန်တွင် ရှောင်ယုအတွက် မည်သည့်အာရုံစိုက်မှုကိုမှဆွဲဆောင်ခြင်းမပြုသည်မှာ အကောင်းမွန်ဆုံးရွေးချယ်မှုဖြစ်သည်။
ရှောင်ယုသည် အချိန်အတော်ကြာလမ်းလျှောက်ပြီးနောက် အရက်ဆိုင်သေးသေးလေးတစ်ခုကို ရှာတွေ့ခဲ့သည်။ရှောင်ယု၊ကဲလ်သက်နှင့်အီလီဒမ်တို့သည် အထဲသို့ဝင်ထိုင်၍ ဝိုင်နှင့်ဟင်းပွဲများကို လှမ်းမှာခဲ့သည်။ရှောင်ယုသည် ဤနေရာရှိအခြေအနေကိုမမေးမြန်းမှီ ဦးစွာစားသောက်ရန်ဆုံးဖြတ်ခဲ့သည်။
ရှောင်ယုသည် အချိန်အတော်ကြာ ခရီးထွက်လာရချိန်၌ အစားကောင်းကောင်းမစားခဲ့ရပေ။သူဤနေရာသို့ရောက်ရောက်ချင်း သူ့ဗိုက်ကိုအရင်ဆုံးဖြည့်ရသည်မှာ သဘာဝကျပေသည်။
ကဲလ်သက်နှင့်အီလီဒမ်တို့အတွက် ထိုအစားအသောက်များက လွန်စွာစွဲမက်ဖွယ်မကောင်းပေ။သူတို့သည် ရှောင်ယု၏နောက်တွင်ရပ်ကာ ကိုယ်ရံတော်များအဖြစ် လုပ်ဆောင်ခဲ့ကြသည်။အီလီဒမ်သည် မှော်ဒြပ်စင်များကိုသာစုပ်ယူခဲ့ပြီး များများစားစားပြဿနာမရှိပေ။ကဲလ်သက်သည် သွေးနတ်သူငယ်စခန်း၌ရရှိသော သွေးနတ်သူငယ်အစားအသောက်များကိုသာ စားသုံးတတ်သည်။၎င်းတို့သည် အလွန်ရိုးရှင်းကာ အရသာမရှိသော်လည်းကဲလ်သက်အတွက် အဆင်ပြေကြောင်းတွေ့ရပေသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရှောင်ယုသည်သူ၏မျက်လုံးများကိုမှိတ်ထားရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။အဆုံးသတ်တွင် သူတို့သည်ရှောင်ယု၏လက်အောက်ငယ်သားများဖြစ်ရာ သူတို့၏ဓလေ့ထုံးတမ်းများကို လေးစားရမည်ဖြစ်သည်။
ရှောင်ယုစားသောက်နေစဉ်အတွင်း လူအမြောက်အများသည် အရက်ဆိုင်အတွင်းဝင်လာကာ ဆူညံလာခဲ့သည်။ဓားများကိုကိုင်ဆောင်ထားသော လူအမြောက်အများသည် ရှောင်ယုရှိရာဒုတိယထပ်သို့ရောက်လာခဲ့ပြီး ပုဆိန်ကြီးကိုကိုင်ဆောင်ထားသည့် အဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ငါတို့မိသားစုရဲ့သခင်မလေးက ဒီမှာခေတ္တအနားယူဖို့စီစဉ်ထားတယ်...မင်းတို့အားလုံးဒီကမြန်မြန်ထွက်သွားကြ...မဟုတ်ရင်ငါတို့ကိုအဆိုးမဆိုနဲ့"
ထိုစကားကိုကြားချိန်တွင် လူတိုင်းထိတ်လန့်တုန်လှုပ်သွားသော်လည်း အနှောင့်အယှက်မဖြစ်စေရန်အတွက် အောက်ထပ်သို့အမြန်ဆင်းပြေးကြသည်။သို့သော်လည်း ရှောင်ယုကမူလုံးဝမတုံ့ပြန်ဘဲ ပေါ့ပေါ့ပါးပါးရှိနေခဲ့သည်။
လူတိုင်းအောက်သို့ဆင်းပြေးသွားသော်လည်း ရှောင်ယုကမူတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ခေါင်းဆောင်သည် ရှောင်ယုကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ သူ၏မျက်နှာပေါ်၌ဒေါသဖြစ်နေသောအမူအရာများ ထွက်ပေါ်လာခဲ့သည်။
သူသည် အမြဲလိုလိုပင်အပေါ်စီးမှနေ၍ ဆက်ဆံလေ့ရှိသော်လည်း ယနေ့တွင်တစ်စုံတစ်ယောက်၏ လုံးဝလျစ်လျူရှုခြင်းကိုခံလိုက်ရသည့်အတွက် ဒေါသမီးများတောက်လောင်လာခဲ့သည်။
"ဟေ့ကောင်....မင်းငါပြောတာမကြားဘူးလား"
ခေါင်းဆောင်သည် ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ၏ပုဆိန်ကြီးကိုစားပွဲပေါ်လှမ်းတင်လိုက်သည်။အရက်ဆိုင်တစ်ခုလုံး သူ၏ခြေသံနှင့်အတူ တုန်ခါနေသည့်အတွက်ကြောင့် ထိုလူသည်အလွန်ပင်အစွမ်းထက်ကြောင်း သိသာနေခဲ့သည်။
ရှောင်ယုသည် သူ့ပါးစပ်ထဲသို့ဖျော်ရည်အမြောက်အများကို လောင်းထည့်လိုက်ပြီး အသားတစ်ဖတ်ကိုကောက်ဝါးရင်း ရေရွတ်လိုက်သည်။
"မင်းဘာပြောနေတာလဲ...ငါဟောင်သံတွေကိုပဲကြားနေရတယ်"
ခေါင်းဆောင်ဖြစ်သူသည် အလွန်ပင်ဒေါသထွက်သွားခဲ့ကာ စကားဆက်ပြောရန်မကြိုးစားတော့ဘဲ ရှောင်ယုကိုလက်သီးဖြင့်လှမ်းထိုးလိုက်သည်။
သူသည် ရှောင်ယုအနား၌ရှိနေသော ကဲလ်သက်နှင့်အီလီဒမ်တို့အား သတိထားမိသော်လည်း မည်သည့်အရာကိုမှဂရုမစိုက်ခဲ့ပေ။ထိုလူနှစ်ယောက်သည် ရှောင်ယု၏ကိုယ်ရံတော်များဖြစ်သည်ဟု သူယူဆထားခဲ့သော်လည်း ကဲလ်သက်နှင့်အီလီဒမ်တို့ကို မျက်လုံးထဲမထည့်ထားခဲ့ပေ။
ယခုအခါတွင် သူသည်အထွတ်အထိပ်စတုတ္ထအဆင့်ကျွမ်းကျင်သူဖြစ်သည်။သူသည် ဤတိုက်ကြီး၌ရှိနေသော လူအများစု၏ရှေ့မှောက်တွင် မာနထောင်လွှားရန်အရည်အချင်းပြည့်မှီပေသည်။သူသည် မရေမတွက်နိုင်အောင် များပြားလှသည့်လူများ၏အထွတ်အထိပ်၌ ရပ်တည်နေပြီဖြစ်သည်။
ထို့ကြောင့် သူသည်ရှောင်ယုအားသင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း
သူသည်ရှောင်ယု၏ခွန်အားကိုလျော့တွက်မိခဲ့သည်။ဤကမ္ဘာတွင် သူ့ထက်သန်မာသူများစွာရှိနေသေးကြောင်း သူမရိပ်မိရသည်အထိ သူအမြင်ကျဉ်းမြောင်းနေခဲ့သည်။
ယနေ့တွင် သူသည် ရှောင်ယုကိုရိုရိုကျိုးကျိုးဖြစ်သွားစေသည်ထိ ပညာပေးနိုင်ရန်မျှော်မှန်းထားပေသည်။
သူ၏လက်သည် တဖြည်းဖြည်းအရွယ်အစားကြီးမားလာကာ မီးခိုးရောင်လက်သည်းရှည်များထွက်ပေါ်လာခဲ့သည်။အများအမြင်တွင် သူ၏လက်သည်လူသားလက်နှင့်မတူတော့ပေ။
သို့သော်လည်း နောက်အခိုက်အတန့်တွင် အစွမ်းထက်သောလက်တစ်ဖက်က သူ၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။
ထိုအရာသည်အဆုံးသတ်မဟုတ်ပေ။သူ၏လက်ကိုဆုပ်ကိုင်ထားသည့် လက်ကိုအစိမ်းရောင်မီးတောက်များဖြင့် လွှမ်းခြုံထားခဲ့သည်။မီးတောက်သည် တစ်ဖက်လူကိုမထိခိုက်စေသော်လည်း ခေါင်းဆောင်ဖြစ်သူ၏လက်ကိုချက်ချင်းလောင်ကျွမ်းသွားစေခဲ့သည်။
"အား..."
ခေါင်းဆောင်ဖြစ်သူသည် နာကျင်စွာအော်ဟစ်လိုက်ကာ သူ၏လက်ကိုတတ်နိုင်သမျှ အမြန်ဆုံးဆွဲထုတ်လိုက်သည်။သို့သော်လည်း သူသည်မှော်ပညာဖြင့်ကန့်သတ်ခံထားရ၍ လှုပ်ရှားနိုင်စွမ်းမရှိခဲ့ပေ။
ရုတ်တရက်ဆိုသလိုပင် သူ၏အတွေးစိတ်ထဲ၌ နတ်ဆိုးတစ်ကောင်ဖြစ်ပေါ်လာခဲ့သည်။ထိုနတ်ဆိုးသည် တစ်ကိုယ်လုံးမီးတောက်များဖြင့်ဖုံးလွှမ်းနေခဲ့ကာ သူ့အားစိုက်ကြည့်နေခဲ့သည်။မကြာမှီတွင် ထိုနတ်ဆိုးကကျယ်လောင်စွာရယ်မောလာခဲ့သည်။
ခေါင်းဆောင်ဖြစ်သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသလိုခံစားလိုက်ရပြီး အစိတ်စိတ်အမွှာမွှာပိုင်းဖြတ်ခံရသလို ခံစားနေခဲ့ရသည်။
"ခေါင်းဆောင်ကြီး...မင်းဘာဖြစ်နေတာလဲ"
ထိုကဲ့သို့သောအခြေအနေကို သတိထားမိချိန်တွင် ကျန်လူများက သူတို့၏ဓားများကိုဆွဲထုတ်ကာ ပြေးဝင်လာခဲ့ကြသည်။
သို့သော်လည်း သူတို့သည်ခေါင်းဆောင်အနီးသို့ရောက်ခါနီးတွင် အလေးချိန်ကင်းမဲ့မှုကိုခံစားလိုက်ရသည်။သူတို့၏ ခန္ဓာကိုယ်များသည် လေထဲသို့လွှင့်မျောသွားခဲ့ကာ မည်မျှပင်ကြိုးစားရုန်းကန်ပါစေ မည်သည့်နေရာကိုမှမရွေ့လျားနိုင်ဖြစ်နေခဲ့ရသည်။
ကဲလ်သက်သည် မှော်ကြိမ်လုံးကိုပင်အသုံးမပြုဘဲ သူ၏လက်ချောင်းကိုအသုံးပြုရုံဖြင့် ထိုလူများကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့သည်။
ပဥ္စမအဆင့်သို့ရောက်ရှိသွားပြီးနောက်တွင် ကဲလ်သက်၏မှော်ပညာအသုံးချမှုသည် အလွန်ကျွမ်းကျင်လာခဲ့သည်။အထူးသဖြင့် မှော်ဒြပ်စင်များအပေါ်၌ သူ၏ထိန်းချုပ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ရောက်ရှိလာခဲ့သည်။ထို့ကြောင့်သူသည် ဤအာကာသမှော်ပညာကို အချိန်မရွေးထုတ်လွှတ်နိုင်စွမ်းရှိလာခဲ့သည်။
"ကျေးဇူးပြုပြီးသနားညှာတာပါ..."
ထိုအခိုက်အတန့်တွင် အလွန်နူးညံ့သောအသံက ရှောင်ယု၏နားထဲရောက်ရှိလာခဲ့သည်။
ထိုအသံကိုကြားချိန်တွင် ရှောင်ယုကချက်ချင်းထရပ်လိုက်ကာ သူ၏မျက်လုံးများက ရှေ့သို့လှမ်းကြည့်လိုက်သည်။
ထို့နောက်ရှောင်ယု၏ရှေ့မှောက်တွင် ချိုမြိန်သောအပြုံးနှင့်ပူလောင်သည့်ခန္ဓာကိုယ်အချိုးအစားရှိသည့် ရွှေရောင်ဆံပင်ပိုင်ရှင်မိန်းမလှတစ်ဦး ထွက်ပေါ်လာခဲ့သည်။
"အဲ့ဒီမိန်းမက ဘယ်သူလဲ"
ရှောင်ယုကပြုံးပြီးရေရွတ်လိုက်သည်။ထိုမိန်းအလှလေးသည် ရှောင်ယု၏မရီးများနှင့်ယှည်လျင် နောက်ကောက်ကျခြင်းမရှိပေ။
ရေရှည်စစ်ပွဲများကြောင့် ရှောင်ယုသည် တစ်ချိန်လုံးကြီးမားသည့်ဖိအားအောက်၌ရှိနေခဲ့သည်။အပေါ်ယံ၌ကြည့်လျှင် သူသည်ဂရုမစိုက်သည့်ပုံစံဖမ်းနေသော်လည်း အမှန်တော့သူသည်ကြီးမားသောဖိအားများကို အချိန်ပြည့်ခံစားနေရသည်။
ယခုတစ်ကြိမ်တွင် သူသည်အမှောင်ဗိမာန်တော်မှနေ၍ အမြောက်အများရိတ်သိမ်းနိုင်ခဲ့သည်။သို့ဖြစ်ရာ ယခုလိုအရေးကြီးပြဿနာများမရှိတော့သည့်အချိန်၌ လှပေသာမိန်းမတစ်ယောက်နှင့်ဆုံတွေ့ရခြင်းက ကြည်နူးစရာပင်ဖြစ်သည်။
"ငါ့နာမည်ကစကားလက်စ်ပါ...ဒီကသခင်လေးကိုဘယ်လိုခေါ်ရမလဲမသိဘူး"
စကားလက်စ်က ရှောင်ယု၏စားပွဲသို့ရောက်လာပြီးထိုင်ချလိုက်ကာ ချစ်သူတစ်ယောက်ကိုကြည့်နေသလိုမျိုး ရှောင်ယုကိုကြည့်လိုက်သည်။
"သခင်လေးက ငါ့ရဲ့လူကိုခွင့်လွှတ်ပေးနိုင်မလား...ငါကသူ့ကိုယ်စားတောင်းပန်ပါတယ်...နောက်မှသခင်လေးကိုလျော်ကြေးပေးပါမယ်"
စကားလက်စ်၏လေသံသည် အလွန်နူးညံ့ကာ တစ်ဖက်လူ၏အရိုးများထိပင် ယားယံစေသည်။
ရှောင်ယုက ရယ်ရယ်မောမောဖြင့်ပြန်လည်တုံ့ပြန်လိုက်သည်။
"သူကငါ့အပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တယ်...ငါသူ့ကိုလွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်ဘူး"
မည်သို့ပင်ဆိုစေ အီလီဒမ်နှင့်ကဲလ်သက်တို့ရှိနေသည့်အတွက်ကြောင့် ရှောင်ယုသည်မည်သူ့ကိုမှကြောက်လန့်ခြင်းမရှိပေ။အခြားတစ်ဖက်ကလည်း သူ၏အင်အားကိုစိုးထိတ်နေသည်ဖြစ်ရာ သူသည်လုံးဝအားသာချက်ရှိသည့်အခြေအနေတွင်ရှိပေသည်။
"ငါကသခင်လေးကိုဘယ်လိုလျော်ကြေးပေးရမှာလဲ..."
စကားလက်စ်သည် ရှောင်ယုကိုကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။
စကားလက်စ်၏စကားကိုကြားချိန်တွင် ရှောင်ယုကဘာဆက်လုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။လက်ရှိအချိန်တွင် စကားလက်စ်သည် ရှုံးနိမ့်မှုအားပြတ်ပြတ်သားသားဝန်ခံခဲ့သည်။ထို့ပြင်သူမက ရှောင်ယု၏ကြင်နာမှုအတွက် ပြန်လည်ပေးဆပ်လိုခဲ့သည်။
"အီလီဒမ်...သူ့ကိုလွှတ်ပေးလိုက်"
ရှောင်ယုက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
အီလီဒမ်သည် ရှောင်ယု၏စကားကိုကြားသောအခါ သူ၏မှော်ပညာအားချက်ချင်းပယ်ဖျက်လိုက်သည်။ခေါင်းဆောင်ဖြစ်သူသည် နောက်ဆုံးတွင်နိုးထလာခဲ့ကာ သူ၏မျက်လုံးများ၌ အဆုံးမဲ့ကြောက်ရွံ့မှုများက ကြီးစိုးနေခဲ့သည်။ထိုထူးဆန်းသောအိပ်မက်ထဲ၌ သူသည်တစ်ကိုယ်လုံးပူလောင်နေခဲ့သော်လည်း ယခုမူဘာမှမဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်းရှိနေခဲ့သည်။
"ဝိညာဉ်တိုက်ခိုက်မှု..."
စကားလက်စ်သည် ခေါင်းဆောင်၏မျက်လုံးများကိုကြည့်ရင်း အဆုံးမရှိသောကြောက်လန့်မှုကို သတိထားမိလိုက်သည်။သူမသည် ထိုလူနှင့်အလွန်ပင်ရင်းနှီးပေသည်။အကယ်၍ ထိုလူသာစိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိခဲ့ပါက သူ့အားဓားဖြင့်အပိုင်းပိုင်းခုတ်ဖြတ်မည်ဆိုလျှင်ပင် သူ၏မျက်လုံးများ၌ ဤမျှပြင်းထန်သည့်အကြောက်တရားကို မည်သည့်အခါမှပြသမည်မဟုတ်ပေ။
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"မင်းငါ့ကိုလျော်ကြေးပေးမယ်လို့ပြောခဲ့တယ်မလား...ဘယ်လိုလျော်ကြေးပေးချင်တာလဲ"
စကားလက်စ်သည် အီလီဒမ်နှင့်ကဲလ်သက်တို့အား စိတ်ဝင်တစားကြည့်ကာ သူမ၏မေးစေ့ကိုလက်တစ်ဖက်ဖြင့် ပွတ်သပ်ရင်းပြောလိုက်သည်။
"သခင်လေးနဲ့ညှိနှိုင်းချင်တယ်....သခင်လေးဘက်ကဆန္ဒရှိမလားတော့မသိဘူး"
Thank For Reading.