← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း ၄၆၆ - စကားလက်စ်၏တောင်းဆိုချက်

စကားလက်စ်၏စကားကိုကြားချိန်တွင် ဤအမျိုးသမီးသည် ဆူးနှင်းဆီတစ်ပွင့်ဖြစ်ကြောင်း ရှောင်ယုကချက်ချင်းသဘောပေါက်သွားခဲ့သည်။

သူမသည် အလှပန်းအိုးတစ်ခုဟုသာ ထင်ရသော်လည်း ဤဖြစ်စဉ်တွင် သူမသည်အစမှအဆုံးတိုင်အောင် အခြေအနေကိုစောင့်ကြည့်နေကာ သူမ၏လက်အောက်ငယ်သားများကို မတားဆီးခဲ့ပေ။သို့သော် အီလီဒမ်နှင့်ကဲလ်သက်တို့၏စွမ်းအားကို တွေ့မြင်လိုက်သည်နှင့် သူမသည်ချက်ချင်းပင် သူမ၏ချည်းကပ်ပုံကိုပြောင်းလဲလိုက်သည်။ထို့ကြောင့် ရှောင်ယု၏စွမ်းအားကိုအသုံးပြုကာ သူမ၏ပန်းတိုင်ကိုအောင်မြင်စေရန်အတွက် ရှောင်ယုအားသွေးဆောင်ရန် ရွေးချယ်ခဲ့သည်။

ထိုအမျိုးသမီးသည် အမှန်ပင်မရိုးရှင်းလှပေ။

"အိုး...ဘယ်လိုသဘောတူညီချက်လား...မင်းငါ့ကိုဘာပြန်ပေးနိုင်မလဲ....မင်းသိထားရမှာတစ်ခုက ငါ့နှလုံးသားကိုသိမ်းပိုက်နိုင်တဲ့အရာဟာ ဒီကမ္ဘာပေါ်မှာ အများကြီးမရှိဘူး"

ရှောင်ယုသည် ဤစကားကိုချဲ့ကားပြောဆိုခဲ့ခြင်းမရှိပေ။သူသည် အမှောင်ဗိမာန်တော်၌ ရတနာအမျိုးအစားအားလုံးကို မျက်မြင်ကိုယ်တွေ့ခဲ့ပြီဖြစ်သည်။

တစ်ဖက်လူသည် သူ့အားငွေကြေးတစ်ခုတည်းဖြင့် အရောင်းအဝယ်လုပ်လိုပါက ရှောင်ယုအားသွေးဆောင်နိုင်မည်မဟုတ်ပေ။

"သခင်လေးရဲ့အမည်ကိုသိခွင့်ရှိနိုင်မလား"

စကားလက်စ်က သိမ်မွေ့စွာမေးမြန်းလိုက်သည်။

ရှောင်ယုက တိုတိုတုတ်တုတ်ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့နာမည်ကရှောင်ယု...ငါကဒီနေရာရဲ့ဒေသခံမဟုတ်ဘူး"

စကားလက်စ်က ခေါင်းညိတ်ပြလိုက်သည်။

"အဲ့အကြောင်းကိုသတိထားမိတာကြာပြီ...ဒီသခင်လေးရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်ရတာ ဒီဒေသခံတွေနဲ့မတူဘူး...လေယူလေသိမ်းကလည်းအတော်ကွာတယ်...ငါ့အထင်မှန်တယ်ဆိုရင် ဒီသခင်လေးကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ မှူးမတ်တစ်ယောက်ဖြစ်သင့်တယ်"

စကားလက်စ်သည် ဤအချက်ကိုဖော်ထုတ်နိုင်သည့်အတွက် ရှောင်ယုကအံ့သြဖြင်းမရှိပေ။

"ဟုတ်တယ်...ငါကကောင်းကင်ခြင်္သေ့မင်းဆက်ကလာတာပဲ...စွန့်စားခန်းတစ်ခုအတွက်ခရီးထွက်လာရင်းနဲ့ လမ်းပျောက်ပြီးတော့ဒီကိုရောက်လာခဲ့တာပဲ"

"ငါ့အထင်မှန်နေတာပဲ...ဒီကသခင်လေးကကောင်းကင်ခြင်္သေ့မင်းဆက်ကို ပြန်သွားချင်နေတာလား"

စကားလက်စ်သည် ရှောင်ယုအားစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

ရှောင်ယုသည် ထိုင်ခုံပေါ်ပြန်၍ထိုင်ချလိုက်သည်။

"ဒါပေါ့...ဒီနေရာမှာပျော်စရာကောင်းတာဘာမှမရှိဘူး...ငါ့ကိုဆွဲဆောင်နိုင်တဲ့ထူးထူးခြားခြားတစ်စုံတစ်ရာမရှိရင် ငါဒီမှာနေဖို့စိတ်မဝင်စားဘူး"

စကားလက်စ်သည် ရှောင်ယု၏စကားကိုကြားသောအခါ အနည်းငယ်ပြုံးမိလိုက်သည်။

"သီးသန့်ခန်းတစ်ခုမှာ စကားပြောတာပိုကောင်းမယ်ထင်တယ်...ငါ့ဆီမှာမင်းအတွက်စိတ်ဝင်စားစရာကောင်းမယ့် အရာတစ်ခုရှိကောင်းရှိနိုင်တယ်"

ရှောင်ယုကပြုံးပြီးပြောလိုက်သည်။

"ငါ့ကို့စိတ်ဝင်စားစေနိုင်တဲ့ အရာတစ်ခုရှိနေတယ်ဆိုရင်တောင် မင်းနဲ့အတူအလုပ်လုပ်ဖို့ငါစိတ်မပါဘူး...ဒါပေမဲ့အဲ့ဒီမှာဘယ်လိုရတနာမျိုးရှိနေလဲဆိုတာကိုတော့ ငါစိတ်ဝင်စားတယ်...ဖြစ်နိုင်ရင်ငါတစ်ချက်လောက်လိုက်ကြည့်ရမလား"

ရှောင်ယုကသဘောတူကြောင်း အရိပ်အယောင်ပြလာချိန်တွင် စကားလက်စ်သည် တိတ်ဆိတ်သောသီးသန့်အခန်းအားပြင်ဆင်ရန် စားပွဲထိုးတစ်ယောက်အား အမိန့်ပေးခဲ့သည်။

ရှောင်ယုနှင့်စကားလက်စ်တို့သည် သီးသန့်အခန်းတွင်းသို့ဝင်ရောက်လာချိန်တွင် ကဲလ်သက်နှင့်အီလီဒမ်တို့ကလည်း နောက်မှလိုက်ဝင်လာခဲ့သည်။စကားလက်စ်ကမူ ကျန်လူများအားအခန်းအပြင်၌ စောင့်နေစေခဲ့သည်။

စကားလက်စ်က ရှောင်ယုအားလှပသည့်မျက်လုံးများဖြင့်ကြည့်လိုက်မိသည်။

"သခင်လေး...ဒီအားနည်းတဲ့မိန်းကလေးကမင်းကိုနာကျင်စေမှာကို ကြောက်နေတာလား"

ရှောင်ယုက သူ့ခေါင်းကိုလေးနက်စွာခါလိုက်သည်။

"ဒါမျိုးတော့မဟုတ်ဘူး...သူတို့မရှိရင်တောင်မှဒီတိုက်ကြီးပေါ်မှာ ငါ့ကိုထိခိုက်နာကျင်စေမယ့်သူအများကြီးမရှိဘူး...ဒါပေမဲ့သူတို့ကငါ့ရဲ့အစ်ကိုတွေလိုဖြစ်နေတော့ ငါသူတို့နဲ့ဖယ်ခွာလို့မရနိုင်ဘူး"

စကားလက်စ်သည် အီလီဒမ်နှင့်ကဲလ်သက်တို့အားကြည့်၍ အနည်းငယ်အံ့သြသွားခဲ့သော်လည်း သူမကစကားအပိုမပြောခဲ့ပေ။

အချို့သောမိသားစုကြီးများသည် အသေခံတပ်သားများကိုပျိူးထောင်ပေးထားကြသည်။မိသားစုကြီးများသည် အသေခံတပ်သားများကိုငယ်စဉ်ကတည်းက ပျိုးထောင်ပေးခဲ့၍ သူတို့သည်မိသားစုအပေါ်၌ အကြွင်းမဲ့သစ္စာစောင့်သိသော တပ်သားများဖြစ်ကြပြီး အလွန်ပင်ယုံကြည်စိတ်ချရပေသည်။

ကဲလ်သက်နှင့်အီလီဒမ်တို့သည် ထိုကဲ့သို့လူမျိုးဟု စကားလက်စ်ကတွေးထင်ထားခဲ့သည်။

ရှောင်ယုသည် ကောင်းကင်ခြင်္သေ့မင်းဆက်ရှိ မှူးမတ်တစ်ဦးအဖြစ် စကားလက်စ်ကအသိအမှတ်ပြုလိုက်သည်။

"မင်းပြောတဲ့အပေးအယူကဘာလဲ...လှပတဲ့မိန်းကလေးစကားလက်စ်"

သီးသန့်ခန်းအတွင်းရှိ ပင်မထိုင်ခုံ၌ထိုင်နေသော ရှောင်ယုကစကားလက်စ်၏ရုပ်ပုံကိုငေးကြည့်ရင်း မေးမြန်းလိုက်သည်။

စကားလက်စ်၏ရုပ်သွင်သည် အလွန်ပင်ပူပြင်းသည့်အတွက်ကြောင့် ယောက်ျားသားအများစုမှာ ခုခံနိုင်စွမ်းမရှိကြောင်းငြင်း၍မရနိုင်ပေ။

စကားလက်စ်သည် ရှောင်ယု၏အကြည့်ကိုဂရုမစိုက်ဘဲ ပြုံးလိုက်ကာ ရှောင်ယု၏ဆန့်ကျင်ဘက်၌ဝင်ထိုင်လိုက်ပြီး စကားဆိုလိုက်သည်။

"ဒီကသခင်လေးဟာ လန်းစ်အင်ပါယာရဲ့ ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကို ကြားဖူးမယ်ထင်တယ်"

"ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့"

ရှောင်ယုက မျက်မှောင်ကြုတ်၍ရေရွတ်လိုက်သည်။ထိုကုန်သည်အဖွဲ့သည် လန်းစ်အင်ပါယာ၌အဓိကအခြေစိုက်သည့် ကုန်သည်အဖွဲ့ဖြစ်သည်။

ရှောင်ယု၏ထင်မြင်ယူဆချက်သည် အနည်းငယ်အဝေးရောက်နေခဲ့သည်။သူသည် နေဝင်ချိန်နွံအိုင်၏တစ်ဖက်ကမ်းထိတိုင်အောင် ရောက်ရှိသွားခြင်းမရှိသော်လည်း လက်ရှိတည်နေရာသည် ကောင်းကင်ခြင်္သေ့မင်းဆက်နှင့်အလွန်ဝေးကွာနေခဲ့သည်။လန်းစ်အင်ပါယာသည် နေဝင်ချိန်နွံအိုင်၏အရှေ့ဘက်ခြမ်း၌တည်ရှိနေကာ ကောင်းကင်ခြင်္သေ့အင်ပါယာနှင့်အိမ်နီးချင်းများဖြစ်ကြသည်။

လန်းစ်အင်ပါယာနှင့်ကောင်းကင်ခြင်္သေ့မင်းဆက်များအကြားတွင် မရေမတွက်နိုင်သောစစ်ရေးပဋိပက္ခများ ရှိနေခဲ့သည်။

"လူငယ်သခင်လေးက လန်းစ်အင်ပါယာအကြောင်းကိုအတော်လေးသိထားပုံရတယ်"

ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့အကြောင်းကိုကြားချိန်တွင် ရှောင်ယုကချက်ချင်းအံ့သြသွားမည်ဟု စကားလက်စ်ကယူဆခဲ့သည်။သို့သော်လည်း ရှောင်ယုကယခုလိုတုံ့ပြန်မှုမျိုးပြသလိမ့်မည်ဟု သူမမထင်ခဲ့ပေ။

"အရင်က ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့အကြောင်းကိုကြားဖူးတယ်...ဒီကမိန်းကလေးနဲ့ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့က ဘယ်လိုများဆက်စပ်နေတာလဲမသိဘူး.."

ယခုအခါ ရှောင်ယုသည် စကားလက်စ်ကိုအလွန်စိတ်ဝင်စားသွားပြီဖြစ်သည်။

သူသည် လန်းစ်အင်ပါယာအကြောင်းနှင့်ပတ်သက်၍ များများစားစားမသိသော်လည်း ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကို အတိုင်းအတာတစ်ခုထိနားလည်ထားပေသည်။ထိုအဖွဲ့သည် ကုန်သည်ရေးအဖွဲ့ကြီးတစ်ခုဖြစ်ကာ ကောင်းကင်ခြင်္သေ့မင်းဆက်၌လည်း ဌာနခွဲပေါင်းများစွာရှိပေသည်။

ဤတိုက်ကြီးပေါ်၌ မိသားစုကြီးများ၏သြဇာလွှမ်းမိုးမှု၊ကြီးမားသည့်အလုပ်သမားအဖွဲ့များနှင့်ကုန်သည်ရေးအဖွဲ့များ၏ လွှမ်းမိုးနိုင်စွမ်းကို လျော့တွက်ထား၍မရပေ။သူတို့သည် နှစ်ပေါင်းထောင်ချီကြာအောင်စည်းစိမ်များကို စုဆောင်းထားခဲ့ကြသည်။သို့ဖြစ်ရာ ယခုအချိန်၌သူတို့သည် အလွန်အစွမ်းထက်သော အင်အားစုများဖြစ်နေကြပြီဖြစ်သည်။

သူတို့သည် မင်းဆက်တစ်ခု၏အုပ်စိုးသူနေရာကို ကြိမ်ဖန်များစွာအစားထိုးနိုင်စွမ်းရှိသည်။

အင်ပါယာတိုင်းလိုလိုပင် ဤသို့သောကုန်သည်များကိုမုန်းတီးကြသော်လည်း ဤကုန်သည်များကိုချေမှုန်းလိုလျှင်ပင် လက်တွေ့အကောင်အထည်ဖော်ရန် အခက်အခဲရှိပေသည်။

ရှောင်ယု၏စကားကိုကြားချိန်တွင် စကားလက်စ်ကသက်ပြင်းချမိလိုက်သည်။

"ဒီမိန်းကလေးက ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အမွေဆက်ခံသူပါ"

"သခင်လေးက လန်းစ်အင်ပါယာအကြောင်းကိုသိထားတယ်ဆိုတဲ့အတွက် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့စွမ်းအားကိုလည်း ရှင်းရှင်းလင်းလင်းသိထားသင့်တယ်ထင်တယ်...ဒီလိုအဖွဲ့အစည်းတစ်ခုကို သခင်လေးလက်အောက်မှာထားခွင့်ရရင် သခင်လေးကလက်ခံနိုင်ပါမလား"

စကားလက်စ်၏စကားကိုကြားချိန်တွင် ရှောင်ယုကပြုံးမိလိုက်သော်လည်း ခဏအကြာတွင်မသိဟန်ဆောင်၍ မျက်ခုံးပင့်ပြလိုက်သည်။

"ဒါကဘာကိုဆိုလိုချင်တာလဲ...မင်းကငါ့ကိုအကြောင်းပြချက်တစ်စုံတစ်ခုမရှိဘဲ ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကိုပေးချင်နေတာလား"

ရှောင်ယု၏နောက်ဆုံးစကားက သူ၏သံသယစိတ်ကို အပြည့်အဝဖော်ပြေနေခဲ့သည်။

"ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့က သခင်လေးရဲ့လက်အောက်ကိုဝင်လာမှာဆိုပေမဲ့ ကုန်သည်အဖွဲ့ရဲ့စည်းစိမ်အကုန်လုံးကို သခင်လေးထံလုံးဝအပ်နှံထားမှာမဟုတ်ဘူး...ဒါပေမဲ့ကုန်သည်အဖွဲ့တစ်ခုလုံးက သခင်လေးရဲ့မိသားစုထံမှာအလုပ်လုပ်ခွင့်ရဖို့မျှော်လင့်ထားပါတယ်"

"ငါတို့ဟာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် သခင်လေးရဲ့စွမ်းအားကိုအသုံးပြုနိုင်တယ်...တစ်ချိန်တည်းမှာပဲ လန်းစ်အင်ပါယာကနေ ကုန်သည်အဖွဲ့ရရှိလာတဲ့ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ နှစ်စဉ်ကြီးမားတဲ့အမြတ်အစွန်းတွေကိုသခင်လေးကရရှိမှာဖြစ်တယ်...ရရှိလာတဲ့အမြတ်ရဲ့တစ်ဝက်ကိုသခင်လေးထံ နှစ်တိုင်းဆက်သမှာပါ...ဒီသဘောတူညီချက်ကိုဘယ်လိုမြင်လဲသခင်လေး"

စကားလက်စ်က ရှောင်ယု၏အဖြေကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း ရှောင်ယုကချက်ချင်းသဘောမတူသေးပေ။

"မင်းက ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့တစ်ခုလုံးကို ကောင်းကင်ခြင်္သေ့မင်းဆက်၏ရွေ့ပြောင်းချင်နေတာလား...ဘာလို့လဲ...မင်းတို့ကလန်းစ်အင်ပါယာရဲ့ဧကရာဇ်ကို စော်ကားမိခဲ့လို့လား"

ထိုအကြောင်းပြချက်ကြောင့်သာမဟုတ်ပါက စကားလက်စ်သည်အဘယ်ကြောင့် ဤမျှထိနှိမ့်ချနေရသည်ကို ရှောင်ယုမတွေးနိုင်ဖြစ်သွားမှာဖြစ်သည်။

စကားလက်စ်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ ရှောင်ယုကိုသနားစဖွယ်စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။

"တစ်ဖက်မှာဒါက မိသားစုတွင်းရုန်းကန်မှုတွေပါဘဲ...တစ်ဖက်မှာတော့သခင်လေးပြောခဲ့တဲ့အကြောင်းပြချက်ပါ...မူလကတော့ ငါဟာရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အမွေဆက်ခံသူဖြစ်ပေမဲ့ အကြီးအကဲတွေကငါ့ကိုအမွေဆက်ခံခွင့်မပေးချင်ကြဘူး...အဲ့အစားငါ့ကိုသတ်ဖြတ်ပြီးတော့ ကုန်သည်ကြီးများအသင်းကိုသိမ်းပိုက်လိုနေကြတယ်"

ထိုအရာသည် သူ၏မျှော်လင့်ချက်အတိုင်းဖြစ်နေသည့်အတွက် ရှောင်ယုကခေါင်းညိတ်မိလိုက်သည်။

ယခုလိုမိသားစုတွင်းပြဿနာများသည် ဤတိုက်ကြီး၌ဖြစ်နေကျအရာများဖြစ်သည်။

"အဲ့ဒါဆိုရင်တော့ ငါစဉ်းစားပေးနိုင်ပါတယ်...ဒါပေမဲ့မင်းရဲ့ချမ်းသာကြွယ်ဝမှုဘယ်လောက်ရှိလဲ...

ငါ့အတွက်တစ်နှစ်ကိုချမ်းသာကြွယ်ဝမှုတွေဘယ်လောက်ထိ ဖန်တီးပေးနိုင်မလဲဆိုတာငါသိချင်တယ်"

ရှောင်ယုက ပုခုံးတွန့်၍ပြောလိုက်သည်။

စကားလက်စ်က ပြုံး၍ပြောလိုက်သည်။

"သခင်လေးကသာ ငါတို့ကိုကောင်းကင်ခြင်္သေ့မင်းဆက်မှာရပ်တည်နိုင်အောင် ကူညီပေးနေသရွေ့ သခင်လေးလိုချင်တာရပါစေမယ်...စကားလက်စ်ကသခင်လေးရဲ့ကျေးဇူးကို နှိမ့်ချပစ်ပယ်မှာမဟုတ်ပါဘူး"

အခန်း ၄၆၇ - မိန်းမလှလေးနှင့်သဘောတူညီမှုရခြင်း

ထို့နောက်တွင် စကားလက်စ်သည် လက်ရှိအခြေအနေအကြောင်း အသေးစိတ်အချက်အလက်များကို ရှောင်ယုအားပြောပြခဲ့သည်။

သူမသည် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ ဥက္ကဌ၏သမီးဖြစ်သည်။သူမ၏မိသားစုသည်လည်း ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ အဓိကမိသားစုဖြစ်သည်။

သူမ၏အဖေတွင် သမီးနှစ်ယောက်သာရှိပြီး သားတစ်ယောက်မှမရှိပေ။ဤသို့သောမိသားစုတစ်ခု၌ ပြဿနာတက်ခြင်းကို လုံးဝရှောင်လွဲ၍မရနိုင်ပေ။

ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ ကြီးမားလှသောစည်းစိမ်ဥစ္စာကို လူဘယ်နှစ်ယောက်ကတောင့်တနေရသနည်း။

စကားလက်စ်၏ဖခင်ကွယ်လွန်ပြီးနောက်တွင် ထိုလူများသည် ပြောင်ပြောင်တင်းတင်းပင်စတင်၍ ကြံစည်လာကြသည်။သူတို့သည် ထိုစည်းစိမ်ဥစ္စာများကိုရယူနိုင်ရန်အတွက် ကုန်သည်အဖွဲ့အပေါ်ချုပ်ကိုင်မှုကို ပေါ်ပေါ်ထင်ထင်ပင်သိမ်းယူလာကြသည်။

ထို့ပြင် မိသားစုဝင်အချို့သည် စကားလက်စ်အားဖြုတ်ချကာ ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ ပိုင်ဆိုင်မှုကို သူတို့အကြားခွဲဝေရယူနိုင်ရန်အတွက် လန်းစ်အင်ပါယာ၏ အင်အားကြီးမားသောပုဂ္လိုလ်အချို့အားလည်း တိတ်တဆိတ်ဆက်သွယ်ခဲ့ကြသည်။

စကားလက်စ်သည် ကုန်သည်များကို ဦးဆောင်ရန်အတွက် လုံလောက်သောအရည်အချင်းရှိသော်လည်း ဤလူများကသူမကိုခွင့်မပြုသည်မှာ သေချာပေသည်။သူတို့၏အမြင်တွင် စကားလက်စ်သည် လည်လှီးခံရန်အသင့်စောင့်နေသော အားနည်းသည့်မိန်းကလေးတစ်ယောက်သာဖြစ်ပေသည်။

စကားလက်စ်သည်လည်း အလွန်ပင်ပါးနပ်ပေသည်။ယခုအခါ သူမသည် ထိုလူများနှင့်ညှိနှိုင်းရန် မဖြစ်နိုင်တော့ကြောင်း သိရှိနေပြီဖြစ်သည်။ထိုလူများက သူမအားသတ်ဖြတ်ကာ ပိုင်ဆိုင်မှုများကို သိမ်းယူရန်ပြင်ဆင်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ထိုလူများ၏အကြံအစည်နှောင့်နှေးစေရန် စကားလက်စ်ကရှောင်ထွက်လာခြင်းဖြစ်သည်။

ယခုအခါ မိသားစုမှသန်မာသောကျွမ်းကျင်သူအမြောက်အများသည် ထိုလူများထံသို့ရောက်ရှိသွားခဲ့ပြီဖြစ်ရာ စကားလက်စ်၏အမိန့်အောက်၌ရှိနေသော အစောင့်များကအလွန်နည်းပါးပေသည်။ထို့ကြောင့် သူမသည်အီလီဒမ်နှင့်ကဲလ်သက်တို့၏ခွန်အားကို တွေ့မြင်ပြီးနောက်တွင် ရှောင်ယုအားသူမ၏အစောင့်အကြပ်အဖြစ်ထားရှိစေကာ ဤသို့ခက်ခဲသောကာလကို ဖြတ်ကျော်ရန် ကူညီပေးစေလိုခြင်းဖြစ်သည်။

သို့သော်လည်း အရာအားလုံးသည်သူမမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ရှောင်ယု၏စွမ်းအားသည် အလွန်မြင့်မားနေသည့်အတွက်ကြောင့် ရှောင်ယု၏အမြင်ကိုဖမ်းစားနိုင်လောက်သည့် အကျိုးအမြတ်တစ်ခုပေးစားနိုင်စွမ်းမရှိသရွေ့ ရှောင်ယုအားအကူအညီတောင်းရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤအရာသည်အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း သူမကောင်းစွာသိရှိထားခဲ့သည်။သူမသည် အခြေခံအုတ်မြစ်အသစ်အားတည်ဆောက်ရန်အတွက် ကောင်းကင်ခြင်္သေ့မင်းဆက်သို့သွားရောက်လိုပါက ကောင်းကင်ခြင်္သေ့မင်းဆက်၏ အင်အားကြီးမိသားစုများမှ ပိတ်ဆို့ထားမည်ဖြစ်သည်။

ရှောင်ယုသည် စကားလက်စ်ရှင်းပြခဲ့သော သဘောတူညီချက်အား ကျိန်းသေပေါက်စိတ်ဝင်စားပေသည်။အမှန်တော့ ရှောင်ယုသည် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ငွေကြေးအင်အားနှင့် အလားအလာကိုအလွန်ပင်တန်ဖိုးထားပေသည်။

ရှောင်ယုသည် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ချမ်းသာကြွယ်ဝမှုနှင့်စာလျှင် ၎င်း၏အခြေခံအုတ်မြစ်နှင့် စကားလက်စ်၏အရည်အချင်းကို ပိုမိုတန်ဖိုးထားကြောင်း စကားလက်စ်သိရှိထားခြင်းမရှိပေ။

လက်ရှိအချိန်၌ ရှောင်ယု၏အတွေးအမြင်များက အလွန်ပင်ရှင်းလင်းပေသည်။သူသည် ခြင်္သေ့နယ်မြေ၏အရှင်သခင်ဖြစ်သော်လည်း ရှေးဟောင်းမိသားစုများနှင့်နှိုင်းယှဉ်ပါက ကွာဟချက်ကြီးကြီးမားမားရှိနေဆဲဖြစ်သည်။

ထိုရှေးဟောင်းမိသားစုများသည် တိုက်ကြီးတစ်ခုလုံးအနှံ့ အရေးပါသည့်နေရာများစွာ၌ ရင်းနှီးမြုပ်နှံထားကြပြီး သူတို့၏ရေရှည်အကျိုးအမြတ်သည် အလွန်ပင်ကြီးမားပေသည်။

ယခုအချိန်တွင် သူ့ထံ၌ငွေကြေးရှားပါးခြင်းမရှိသော်လည်း သူပိုင်ဆိုင်သည့်ငွေကြေးများကို ဆုံးရှုံးလိုက်ရမည်ဆိုပါက ပြန်လည်ရရှိရန်မဖြစ်နိုင်တော့ပေ။သို့သော်လည်း ရှေးဟောင်းမိသားစုများသည် သူတို့၏ငွေကြေးအားလုံးဆုံးရှုံးလိုက်ရလျှင်တောင်မှ ဆက်လက်ရှာဖွေနိုင်စွမ်းရှိပေသည်။

ထိုအရာသည် ကြီးမားသည့်ခြားနားချက် ဖြစ်ပေသည်။

ယခုအခါ ရှောင်ယုထံ၌ အရည်အချင်းရှိသူများ ချို့တဲ့လျက်ရှိသည်။လက်ရှိအချိန်တွင် ရှောင်ယုထံ၌စစ်ဘက်ဆိုင်ရာစီမံကွပ်ကဲသူ အနည်းငယ်သာရှိပေသည်။သူသည် မြေအောက်မြို့တော်အားစူးစမ်းလေ့လာစဉ်က သူရဲကောင်းနှင့်မှော်အကယ်ဒမီတို့မှ ဘွဲ့ရကျောင်းသားအမြောက်အများကို ခေါ်ယူနိုင်ခဲ့သည်။သို့သော်လည်း ယခုထိတိုင်အောင်စီမံခန့်ခွဲရေးအပိုင်းနှင့် စီးပွားရေးဘက်၌ပါရမီရှိသူများ အလွန်နည်းပါးနေဆဲဖြစ်သည်။

ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့တွင် ထိုကဲ့သို့ပါရမီရှင်များနှင့်ပြည့်နှက်နေခဲ့သည့်အတွက် သူတို့အားသိမ်းသွင်းနိုင်ပါက ရှောင်ယုအတွက်များစွာအကျိုးများမည်ဖြစ်သည်။

ထို့ကြောင့် စကားလက်စ်သည် သူ့အားအသေးစိတ်အချက်အလက်များကို ပေးအပ်လာသည့်အချိန်တွင် ရှောင်ယုသည် စကားလက်စ်၏သဘောတူညီချက်ကို လက်ခံရန်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့သည်။စကားလက်စ်သည် မည်သည့်စည်းစိမ်ဥစ္စာကိုမှမပေးခဲ့လျှင်ပင် သူမနှင့်အတူ ပင်ကိုယ်စွမ်းရည်ရှိသူများစွာကို ခေါ်ဆောင်လာခဲ့မည်ဖြစ်သည်။

ထို့နောက်တွင် စကားလက်စ်နှင့်ရှောင်ယုတို့သည် အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြပြီးနောက် ကနဦးသဘောတူညီမှုကို ရယူခဲ့ကြသည်။စကားလက်စ်၏တောင်းဆိုချက်အရ ရှောင်ယုသည် လန်းစ်အင်ပါယာမှကုန်ပစ္စည်းများနှင့်ကုန်သည်များအား ကောင်းကင်ခြင်္သေ့မင်းဆက်သို့ ပို့ဆောင်ရာ၌ ကူညီမည်ဖြစ်သည်။အပြန်အလှန်အနေဖြင့် စကားလက်စ်က ရှောင်ယုအတွက်ငွေရှာပေးရမည်ဖြစ်သည်။

စကားလက်စ်သည် ရှောင်ယု၏ခွန်အားကို ယုံကြည်မှုရှိပေသည်။အကယ်၍ ရှောင်ယုသာထောက်ခံပေးမည်ဆိုပါက ကောင်းကင်ခြင်္သေ့မင်းဆက်၌ သူမအတွက်ကိုယ်ပိုင်အင်အားကို ထူထောင်ရန်မဖြစ်နိုင်သည်တော့မဟုတ်ပေ။

စီးပွားရေးအကြောင်းဆွေးနွေးပြီးနောက်တွင် ရှောင်ယု၏တောက်လောင်နေသောအကြည့်များက စကားလက်စ်၏စွဲမက်ဖွယ်ခန္ဓာကိုယ်ဆီသို့ ပြောင်ပြောင်တင်းတင်းပင်လှည့်ပတ်နေခဲ့သည်။စကားလက်စ်သည် နဂိုကတည်းကယခုလိုယောက်ျားများ၏အကြည့်ကို ကျင့်သားရနေပြီဖြစ်ရာ ရှောင်ယု၏စိုက်ကြည့်မှုက သူမအားမသက်မသာမဖြစ်စေခဲ့ပေ။ထို့အစားသူမသည် သူ၏ခန္ဓာကိုယ်ဖြင့် ရှောင်ယုအားဆွဲဆောင်ရန် ကြိုးပမ်းနေခဲ့သည်။အစွမ်းထက်သောအမျိုးသမီးတစ်ယောက်အနေဖြင့် ယောကျ်ားတစ်ယောက်ကိုဆွဲဆောင်ရန် သူမ၏ခန္ဓာကိုယ်အား မည်သို့အသုံးချရမည်က်ုနားလည်ထားပေသည်။

စကားလက်စ်သည် သူမ၏အလှဖြင့် ရှောင်ယုအားဆွဲဆောင်နိုင်သည်ကို သတိထားမိချိန်တွင် အနည်းငယ်ပျော်ရွှင်သွားခဲ့ပြီး သူမ၏တောက်ပနေသောမျက်လုံးများကို တမင်တကာမှိတ်ထားလ်ုက်သည်။သူမ၏အပြုအမူက ရှောင်ယုအားပို၍သွေးဆူလာစေခဲ့သည်။

ထို့နောက်တွင် ရှောင်ယုနှင့်စကားလက်စ်တို့သည် လန်းစ်အင်ပါယာ၏အနောက်ဘက်တွင်ရှိသော မတ်ဂ်မြို့ဆီသို့ ဦးတည်ခရီးဆက်လာကြသည်။

မတ်ဂ်မြို့သည် လန်းစ်အင်ပါယာ၏အဓိကမြို့ကြီးတစ်ခုဖြစ်ကာ လူဦးရေ၁သန်းခန့်နေထိုင်ကြပေသည်။ထို့ပြင် ကောင်းကင်ခြင်္သေ့မင်းဆက်နှင့်အလွန်နီးကပ်သည့်အတွက်ကြောင့် ကုန်သည်များကဤနေရာသို့ မကြာခဏဖြတ်သန်းသွားလာတတ်ကြသည့်အတွက် အလွန်ပင်ကြွယ်ဝချမ်းသာကြပေသည်။

ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့သည် မတ်ဂ်မြို့၌တည်ရှိခြင်းမရှိပေ။၎င်း၏ဌာနချုပ်သည် လန်းစ်အင်ပါယာ၏တော်ဝင်မြို့တော်ဖြစ်သည့် မိုရာမြို့တော်၌တည်ရှိပေသည်။သို့သော်လည်း ယခုအချိန်၌စကားလက်စ်သည် ဌာနချုပ်ရှိရာသို့မသွားသင့်ကြောင်း နားလည်ထားပေသည်။အကယ်၍သူမသာ ဌာနချုပ်ရှိရာသို့သွားရောက်ခဲ့လျှင် အခြားသောမိသားစုဝင်များ၏သတ်ဖြတ်မှုကိုခံရမည်ဖြစ်သည်။

ထို့ကြောင့်သူမသည် လူယုံအချို့အား မတ်ဂ်မြို့သို့ ငွေများယူဆောင်လာရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။

စကားလက်စ်ထံတွင် အလွန်ပင်ဇိမ်ကျသည့်ရထားလုံးတစ်ခုရှိပေသည်။ရှောင်ယုသည် စကားလက်စ်၏ရထားလုံးထဲ၌ ချောမောလှပသည့်အိမ်ဖော်နှစ်ယောက်နှင့် အတူထိုင်နေခဲ့သည်။ရှောင်ယုသည် လှပသောမိန်းကလေး၃ယောက်ဝိုင်းရံကာ ဝိုင်သောက်ရင်းသာယာသည့်အချိန်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။

လူတိုင်းသည် မတ်ဂ်မြို့ထံသို့ ဦးတည်၍ချီတက်လာကြသည်။ရှောင်ယုသည် စကားလက်စ်ထံမှရရှိထားသည့် မြေပုံကိုကြည့်ရင်း တိကျသည့်လမ်းကြောင်းကို အတည်ပြုတွက်ချက်နိုင်ခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွက် လက်နက်ချင်းထိရိုက်သံက သာယာသည့်လေထုကိုချိုးဖျက်သွားခဲ့သည်။ယခုအချိန်၌ လူအချို့သည်အင်အားသုံး၍ နှောင့်ယှက်လာခဲ့ပြီဖြစ်သည်။

အခန်း ၄၆၈ - အရာရာကိုလုပ်ဆောင်လိုစိတ်

"သေစမ်း...ဘယ်ကောင်ကငါတို့ကိုနှောင့်ယှက်နေတာလဲ..."

ရှောင်ယုက ဒေါသတကြီးရေရွတ်လိုက်သည်။သူသည် အချိန်ကောင်းအချို့အားပိုင်ဆိုင်ထားခဲ့သော်လည်း အချို့သောသူများက သူ့အားသတ္တိရှိရှိနှောင့်ယှက်နေဆဲဖြစ်သည်။

ရှောင်ယုသည် တံခါးကိုဖွင့်ကာ ရထားလုံးပေါ်မှခုန်ဆင်းလိုက်သည်။ထိုအခါ လက်နက်မျိုးစုံကိုင်ဆောင်ထားသည့် လူတစ်စုက သူတို့၏လူများအား သတ်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူများ၏ခွန်အားသည် သိသိသာသာကြီးမားလှကာ သူတို့၏တိုက်ခိုက်မှုများက အလွန်ပင်စနစ်ကျလှသည့်အတွက် ရှောင်ယုတို့ဘက်မှ အကျအရှုံးများပြားခဲ့သည်။

စကားလက်စ်ကို လက်ခံရန်အတွက် သူ့စိတ်ထဲတွင်ဆုံးဖြတ်လိုက်ပြီးကတည်းက သူမ၏လူများကိုဆုံးရှုံးစေရန် ရှောင်ယုကခွင့်မပြုပေ။အကယ်၍ စကားလက်စ်၏အင်အားလျော့နည်းသွားပါက သူ့အတွက်လည်းမကောင်းနိုင်ပေ။

ရှောင်ယုသည် ကဲလ်သက်နှင့်အီလီဒမ်အား လှုပ်ရှားရန်အတွက် အမိန့်ပေးခဲ့သည်။စကားလက်စ်သည် ရထားလုံးပေါ်မှဆင်းလာခဲ့ကာ တိုက်ခိုက်လာသူများကိုကြည့်၍ သူ၏မျက်လုံးများ၌အမုန်းတရားများ ပေါက်ဖွားလာခဲ့သည်။

"ရပ်လိုက်စမ်း...တောရက်စ်...မင်းဘယ်သူလဲဆိုတာ ငါမသိဘူးထင်နေတာလား...မင်းငါ့ကိုတကယ်သတ်ချင်နေတာလား"

စကားလက်စ်က ရုတ်တရက်အော်ပြောလိုက်သည်။

"အိုး...စကားလက်စ်...ငါ့ရဲ့ဝမ်းကွဲအချောအလှလေး...စိတ်ချပါ...ငါမင်းကိုမသတ်ပါဘူး...မင်းကိုဖမ်းဆီးပြီးတော့ မင်းကိုမင်းသား မီရန်ဒါဆီကိုပို့ပေးမယ်...သူကမင်းကိုသဘောကျနေတာကြာပြီ...ဟားဟား"

"တောရက်စ် မင်းကိုယ်မင်းနည်းနည်းလေးယုတ်မာတယ်လို့မခံစားမိဘူးလား...ငါ့အဖေအသက်ရှိစဉ်တုံးကဆိုရင် မင်းကိုအရမ်းဂရုစိုက်ပေးခဲ့တာလေ"

စကားလက်စ်က တောရက်စ်ကိုကြည့်ရင်း ကျိန်ဆဲလိုက်သော်လည်း သူမ၏မျက်လုံးများ၌ဒေါသမီးများဖြစ်ပေါ်နေခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။

ရှောင်ယုသည် စကားလက်စ်၏တုံ့ပြန်မှုကိုမြင်သောအခါ စကားလက်စ်အပေါ်ထားရှိသော သူ၏အထင်အမြင်သည်အနည်းငယ်တိုးတက်လာခဲ့သည်။လက်ရှိအချိန်တွင် သူမ၏စိတ်ခံစားချက်များကို ထိန်းချုပ်ထားရန်မှာ အမှန်ပင်မလွယ်ကူသောကိစ္စဖြစ်သည်။

ဤသည်မှာ ကြီးမြတ်သောပုဂ္လိုလ်တစ်ယောက်၏ စိတ်ထားဖြစ်သည်။

"ဟားဟားဟား...သူကငါ့အပေါ်ကောင်းခဲ့တာဆိုတော့ ငါကလည်းမင်းကိုကောင်းအောင်လုပ်ပေးရမှာပေါ့...ငါကမင်းကိုမိန်းမတစ်ယောက်ရဲ့ အရသာကိုခဏလောက်ခံစားခွင့်ပြုလိုက်မယ်...ဟားဟား"

တောရက်စ်သည် ဆိုးဝါးစွာပြုံးလိုက်ကာ စကားလက်စ်၏ခန္ဓာကိုယ်အား အဆုံးမရှိသည့်တပ်မက်မှုမျိုးဖြင့် ကြည့်ရှုနေခဲ့သည်။

"ကောင်းပြီလေ...ဒီလိုတွေဖြစ်လာမှတော့ ငါ့မှာပြောစရာစကားမရှိတော့ဘူးတောရက်စ်...ငါကအမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်စွမ်းမရှိဘူးလို့ မဆိုလိုဘူး...မင်းကငါ့ကိုစော်ကားဝံ့မှတော့ အသက်ရှင်ဖို့မစဉ်းစားနဲ့တော့"

သူမ၏လက်ထဲတွင် လှပသောဓားမြှောင်နှစ်ချောင်းထွက်ပေါ်လာခဲ့ပြီးနောက်တွင် စကားလက်စ်၏မျက်လုံးထဲ၌ အေးစက်သောအလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒီဓားမြှောင်နှစ်ချောင်းကို ဘာလို့အဲလောက်ရင်းနှီးနေရတာလဲ...ဒါကညရဲ့ဓားသွားပဲ...သူမကဒီလက်နက်ကိုရထားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"

ညဓားသွားသည် မှိန်ပျပျအလင်းရောင်ကိုထုတ်လွှတ်နေသည့် ဓားမြှောက်လက်နက်ဖြစ်ပေသည်။၎င်းသည် အလွန်အဆင့်မြင့်သောလက်နက်တစ်မျိုးမဟုတ်သော်လည်း လုပ်ကြံသူများအတွက် ကောင်းမွန်သောလက်နက်တစ်ခုဖြစ်သည်။

"ဟားဟား...စကားလက်စ် မင်းကတကယ့်ကို ညှို့အားပြင်းတာပဲ...ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းကိုမင်းသားမီရန်ဒါဆီ တကယ်မပို့ပေးချင်ဘူး...ဒါပေမဲ့ ကံမကောင်းတာက မင်းသားမီရန်ဒါရဲ့ပံ့ပိုးမှုတွေမပါဘဲ ကုန်သည်အဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေကို မျိုချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

"ဒါပေမဲ့စိတ်ပူစရာမလိုဘူး...မင်းကိုမရလိုက်ပေမဲ့ မင်းညီမရှိပါသေးတယ်...သူမကအသက်၁၅နှစ်ပဲရှိသေးတာဆိုပေမဲ့ နှစ်နည်းနည်းကြာရင်တော့ သူမကမင်းလိုပဲ လှပလာလိမ့်မယ်"

တောရက်စ်က အရှက်ကင်းမဲ့သောလေသံဖြင့်ပြောလိုက်သည်။

"အမေနဲ့ညီမလေးကို မင်းဘာလုပ်လိုက်တာလဲ"

စကားလက်စ်က တုန်ယင်နေသောလေသံဖြင့်မေးမြန်းလိုက်သည်။

"ဟားဟား...ငါသူတို့နှစ်ယောက်လုံးကိုဖမ်းထားလိုက်ပြီ...မင်းရဲ့လွတ်မြောက်ရေးအစီအစဉ်နဲ့မင်းရဲ့လူတွေကို ငါတို့ရှာမတွေ့နိုင်ဘူးလို့ မင်းထင်နေတာလား...မင်းရဲ့လူတွေအကုန်လုံးကို ငါတို့ဖမ်းထားလိုက်ပြီ"

တောရက်စ်၏မျက်နှာပေါ်၌ ဆိုးရွားသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

စကားလက်စ်သည် မည်မျှပင်ပေးဆပ်ရပါစေ သူမ၏အမေနှင့်ညီမကိုကယ်ဆယ်ရန် ကြိုးစားမည်ဖြစ်သည်။သို့သော်လည်း သူမတစ်ယောက်တည်းဖြင့် အမေနှင့်ညီမတို့်အား ကယ်တင်နိုင်စွမ်းမရှိပေ။

သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် သူမသည်ရှောင်ယုကိုသာအားကိုးရမည်ဖြစ်သည်။

ရှောင်ယုသည် သူ့မိသားစု၏စွမ်းအားကို အသုံးပြုလိုပါက သူမ၏အမေနှင့်ညီမကို ကယ်တင်နိုင်မည်ဖြစ်သည်။သို့သော်လည်း ယခုအခါတွင် သူမ၏လူများကလည်း တောရက်စ်၏လက်ချက်ကြောင့် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ရာ သူမ၏ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် ရှောင်ယုနှင့်ညှိနှိုင်းရန် အခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီဖြစ်သည်။

ရှောင်ယု၏လိုအင်ဆန္ဒသည် သေးငယ်မှုမရှိကြောင်း စကားလက်စ်နားလည်ထားပေရာ ရှောင်ယုစိတ်ကျေနပ်အောင် မည်သို့လုပ်ဆောင်ရမည်ကို သူမမသိတော့ပေ။

စကားလက်စ်သည် နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ရှောင်ယုသည်ပုဆိန်တစ်လက်ကိုကိုင်ကာ တောရက်စ်အား စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

"သခင်လေး...စကားလက်စ်ဆိုတဲ့ငါက ကောင်းကင်ကိုတိုင်တည်ပါတယ်...ငါ့အမေနဲ့ညီမကိုသာကယ်တင်ပေးမယ်ဆိုရင် မင်းရဲ့ကျွန်အဖြစ်နေပေးပါမယ်...ကျေးဇူးပြုပြီးကူညီပေးပါ...ခုချိန်မှာမင်းကသာ ငါ့ကိုကူညီပေးနိုင်မှာပါ"

စကားလက်စ်သည် မျက်ရည်များပြည့်နေသည့် မျက်ဝန်းတစ်စုံဖြင့်ရှောင်ယုအား စိုက်ကြည့်၍အကူအညီတောင်းလိုက်သည်။သူမ၏မျက်လုံးများက ကြည်လင်တောက်ပနေကာ မြင်ရသူတိုင်းအားကူညီချင်စိတ်ဖြစ်လာစေမှာဖြစ်သည်။

"ဒါ..."

ဤကမ်းလှမ်းချက်က အလွန်ပင်ဆွဲဆောင်နိုင်ပေသည်။အမှန်တော့ အမျိုးသားတိုင်းလိုလိုပင် ယခုလိုမိန်းမမျိုးအား လိုချင်တပ်မက်ကြမည်ဖြစ်သည်။ရှောင်ယုသည် တောရက်စ်ကိုကြောက်ရွံခြင်းမရှိသော်လည်း အံ့သြမှင်သက်သွားခဲ့သည်။

မူလက စကားလက်စ်၏အခြေအနေကိုသိရှိပြီးနောက်တွင် ရှောင်ယုသည် စကားလက်စ်ကို သူ့မိန်းမအဖြစ်ထားရှိရန် စိတ်ကူးမရှိတော့ဘဲ သူ၏လက်အောက်ခံအဖြစ်သာသိမ်းသွင်းထားလိုခဲ့သည်။

ယခုအခါ စကားလက်စ်၏တောင်းဆိုချက်က ရှောင်ယုအားငြင်းဆန်ရခက်ခဲသွားစေခဲ့သည်။ရှောင်ယုသည် ယောကျ်ားတစ်ယောက်ဖြစ်ပေရာ ယခုလိုမိန်းမတစ်ယောက်က အိပ်ရာထဲကိုယ်တိုင်ရောက်ရှိလာချိန်တွင် ငြင်းဆန်ရန်ခက်ခဲပေသည်။

စကားလက်စ်သည် ရှောင်ယု၏အမူအရာကိုမြင်သောအခါတွင် ရှောင်ယုတုံ့ဆိုင်းနေသည်ဟု သူမထင်သွားခဲ့သည်။မည်သို့ပင်ဆိုစေ မင်းသားမီရန်ဒါနှင့်ရင်ဆိုင်ရမည့်အရေးတွင် မည်သူကမှဆန္ဒရှိမည်မဟုတ်ပေ။

ယင်းသည် လန်းစ်အင်ပါယာကို စစ်ကြေငြာခြင်းနှင့်ညီမျှပေသည်။

ရှောင်ယု၏မိသားစုသည် အလွန်သန်မာသော်လည်း သူ၏မိသားစုသည် အမျိုးသမီးတစ်ယောက်အတွက် ဤကဲ့သို့သောလူတစ်ယောက်အား ဆန့်ကျင်ရန်ဆန္ဒမရှိလောက်ပေ။လက်ရှိအချိန်တွင် သူမအားကူညီခြင်းက အလွန်ပင်ကြီးမားသည့်တန်ဖိုးတစ်ရပ်ကို ပေးချေရမှာသေချာပေသည်။

"သခင်လေးရှောင်...ငါတကယ်တောင်းပန်ပါတယ်...အမေနဲ့ညီမကိုကယ်တင်ပေးပါ"

စကားလက်စ်သည် အားကိုးတကြီးအမူအရာဖြင့် ရှောင်ယု၏လက်ကိုဆုပ်ကိုင်လိုက်သည်။

"ဟားဟား...စကားလက်စ်...နင်ကတခြားသူတွေဆီကနေ အကူအညီတောင်းလို့ရမယ်ထင်နေတာလား...ဒီကောင်ကဘယ်ကောင်လဲ...သူကဘယ်လိုသတ္တိမျိုးနဲ့ မင်းသားမီရန်ဒါကိုစိန်ခေါ်ဝံ့မယ်လို့ ထင်နေရတာလဲ"

ထိုအချိန်တွင် တောရက်စ်ကလှောင်ပြောင်ရယ်မောလိုက်သည်။

"သေစမ်း...ဒီဖေဖေကစကားပြောနေတာမမြင်ဘူးလား...ဒီလောက်ဆူညံနေတာမင်းသေချင်နေပြီလား"

ရှောင်ယုက ဒေါသတကြီးကျိန်ဆဲလိုက်သည်။တောရက်စ်၏မောက်မာသောအပြုအမူက ရှောင်ယုအားအလွန်ဒေါသထွက်စေခဲ့သည်။

"မင်းကဘယ်ကောင်လဲ...ငါ့ရှေ့ကိုလာပြီးမာနထောင်လွှားပြနေတာလား...မင်းကိုမသတ်ခင်မင်းရဲ့ခြေထောက်နှစ်ဖက်လုံးကို အရင်ရိုက်ချိုးပစ်မယ်"

ရှောင်ယုက ရိုင်းရိုင်းစိုင်းစိုင်းပြုမူသည်ကိုမြင်သောအခါတွင် တောရက်စ်သည် အရှက်ရသွားကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူသည် ယခုအခါမင်းသားမီရန်ဒါ၏ ပံ့ပိုးမှုအားရရှိထားပြီဖြစ်သည်။မင်းသားမီရန်ဒါ၏ထောက်ပံ့ပေးမှုဖြင့်ဆိုပါက သူသည်အခြားသောအင်အားစုများကို မျက်လုံးထဲထည့်မထားတော့ပေ။

"အီလီဒမ်နဲ့ကဲလ်သက် သူတို့ကိုသတ်လိုက်..."

ရှောင်ယုသည် အချိန်တစ်မိနစ်လေးတောင်မဖြုန်းဘဲ အီလီဒမ်နှင့်ကဲလ်သက်တို့ကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။ရှောင်ယုကိုယ်တိုင်ပင်က ကျေးဇူးကန်းသောလူယုတ်မာများကို အလွန်မုန်းတီးပေသည်။ဤသို့သောလူများသည် သားရဲများနှင့်မခြားသူများဖြစ်ကြသည်။

"မင်းမှာ အရည်အချင်းရှိမရှိငါကြည့်ရတာပေါ့...မင်းရဲ့လူနည်းနည်းလောက်ကိုအားကိုးပြီး ငါ့ကိုသတ်ချင်နေတယ်ဆိုရင်တော့ မင်းရူးနေတာပဲဖြစ်ရမယ်"

ရှောင်ယုသည် သူနှင့်အတူလူနှစ်ယောက်ကိုသာ ခေါ်ဆောင်လာကြောင်းသတိထားမိလိုက်ချိန်တွင် စတုတ္ထအဆင့်ကျွမ်းကျင်သူများစွာကို အနိုင်ယူနိုင်စွမ်းမရှိကြောင်း တောရက်စ်က ယူဆထားခဲ့သည်။

သို့သော်လည်း မကြာမှီ သူ၏ခန့်မှန်းချက် လုံးဝမှားယွင်းသွားကြောင်း သိလိုက်ရသည်။

အီလီဒမ်သည် လေထဲသို့ခုန်တက်သွားကာ တောရက်စ်ထံသို့ပြေးဝင်သွားခဲ့သည်။လူလေထဲခုန်တက်သွားချိန်တွင် သူ၏ခန္ဓာကိုယ်သည် မီးတောက်များဖြင့်ဖုံးလွှမ်းသွားခဲ့ကာ သူ၏ကြီးမားလှသောဝတ်ရုံနက်ကြီးက ပြာအဖြစ်သို့ချက်ချင်းပြောင်းလဲသွားပြီး သူ၏မူလသွင်ပြင်ကိုထုတ်ဖော်လိုက်သည်။

"အား...နတ်ဆိုး...နတ်ဆိုးတွေဘာလို့ဒီကိုရောက်လာတာလဲ"

တောရက်စ်၏လက်အောက်မှလူများသည် အီလီဒမ်၏သွင်ပြင်အမှန်ကို တွေ့မြင်လိုက်ကြချိန်တွင် ထိတ်လန့်တကြားဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကဲလ်သက်သည် သူ၏ဆင်ဒရီရွှေလှံကိုဝှေ့ယမ်းကာ မန္တန်ကိုစတင်ရွတ်ဆိုလိုက်သည်။နောက်ခဏအကြာတွင် ကြီးမားလှတဲ့မီးမုန်တိုင်းကြီးက လူတိုင်းအပေါ်သို့ကျရောက်လာခဲ့သည်။

All Chapters