← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း ၄၆၉ - ညဉ်းပန်းနှိပ်စက်မှု

ကဲလ်သက်ထုတ်ဖော်လိုက်သည့် မီးတောက်များသည် လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။

တောရက်စ်၏လူများသည် အရူးအမူးဆုတ်ခွာသွားကြသော်လည်း အချို့နှေးကွေးသူများမှာ မီးတောက်များ၏တိုက်ခိုက်မှုဒဏ်ကြောင့် ပြာများအဖြစ်ချက်ချင်းလောင်ကျွမ်းပြာကျသွားခဲ့ရသည်။

ယခုအချိန်၌ ကဲလ်သက်က မီးတောက်မုန်တိုင်းကိုအသုံးပြုလိုက်ချိန်တွင် ထွက်ပေါ်လာသည့်စွမ်းအားက လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိပေသည်။

ရုတ်တရက် ထွက်ပေါ်လာသည့်စွမ်းအားသည် လူတိုင်းကိုထိတ်လန့်စေခဲ့သည်။ကဲလ်သက်သာ ဆဌမအဆင့်ကျွမ်းကျင်သူမဟုတ်ပါက ဤအစွမ်းကိုမည်သို့ထုတ်ဖော်နိုင်မည်နည်း။

ကဲလ်သက်သည် မှော်မန္တန်အားစတင်အသုံးပြုခြင်းက ဤလူများအတွက် အလွန်ပင်ကြီးမားသည့်စိတ်ပိုင်းဆိုင်ရာဖိအားကို ဖြစ်ပေါ်စေခဲ့သည်။စစ်မြေပြင်၌ မှော်ဆရာများသည် ကြောက်စရာအကောင်းဆုံးလက်နက်များဖြစ်သည်။

မီးမုန်တိုင်းတိုက်ခတ်အပြီးတွင် အီလီဒမ်သည်ရန်သူများထံခုန်ဝင်လာကာ သူ၏ဓားများကိုလွဲယမ်းလိုက်သည်။

အီလီဒမ်၏ဓားချက်များအောက်၌ မည်သူမှမရှင်သန်နိုင်ခဲ့ပေ။ရန်သူများအကြား၌ စတုတ္ထအဆင့်ကျွမ်းကျင်သူအမြောက်အများရှိသော်လည်း အီလီဒမ်၏ရှေ့မှောက်တွင် သူတို့အားလုံးသည် တိုဟူးများသဖွယ်ဖြစ်နေခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်းပြတ်တောက်သွားခဲ့သည်။

အမွေအနှစ်အားစုပ်ယူပြီးနောက် အီလီဒမ်၏စွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းနေသောမီးတောက်က သူ့အနီးအနားသို့တိုးကပ်လာသူတိုင်းကို တောက်လောင်စေခဲ့သည်။

လက်ရှိအခြေအနေသည် သမင်အုပ်ထဲသို့ကျားဝင်ဆွဲသည့်နှယ်ဖြစ်နေခဲ့ကာ လူပေါင်း၂၀၀ခန့်သည် ဖရိုဖရဲဖြစ်ကုန်ကြသည်။

အီလီဒမ်၏အဖျက်စွမ်းအားသည် ဆဌမအဆင့်ကျွမ်းကျင်သူများထက် များစွာပိုမိုအားကောင်းပေသည်။ယခုအခါတွင် အီလီဒမ်သည် သူ၏ထူးချွန်သောအစွမ်းမျိုးစုံကိုအသုံးပြုကာ ဆဌမအဆင့်ကျွမ်းကျင်သူများအား အနိုင်ယူနိုင်စွမ်းရှိပေသည်။

ရန်သူများထွက်ပြေးရန် ပြင်ဆင်နေသည်ကိုသတိထားမိလိုက်ပြီးနောက် ရှောင်ယုကစကားလက်စ်၏အနီးတွင်ရှိနေသော အစောင့်များကို ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်သည်။

"မင်းတို့ဘာကိုစောင့်နေတာလဲ...သွားပြီးသတ်ကြ"

ရှောင်ယု၏စကားကိုကြားချိန်တွင် ထိုလူများသည်ချက်ချင်းပင်ကြောင်တောင်တောင်ဖြစ်သွားခဲ့သော်လည်း သူတို့၏လက်နက်များကိုဝှေ့ယမ်း၍ ရှေ့သို့ပြေးဝင်သွားကြသည်။

အစောပိုင်းတွင် ထိုအစောင့်များသည် တောရက်စ်၏အမိန့်အောက်မှလူများကို ဆန့်ကျင်နိုင်စွမ်းမရှိကြပေ။ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက သူတို့သာပျက်စီးသေကျေသွားရမှာဖြစ်သည်။

သို့သော်လည်း ယခုအခါအီလီဒမ်နှင့်ကဲလ်သက်တို့က ရန်သူအများစုအား သတ်ဖြတ်လိုက်၍ သူတို့သည်အရေအတွက်အသာစီးရရှိလာကြပြီဖြစ်သည်။

တောရပ်စ်၏ကွပ်ကဲမှုအောက်တွင် ရှိနေသောရန်သူများသည် ယခုအခါတွင် တိုက်ခိုက်လိုစိတ်လုံးဝပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။တောရက်စ်သည် ထိုအခြေအနေအားသတိထားမိချိန်တွင် အမြန်ဆုံးထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ရှောင်ယုကမူ တောရက်စ်အားလွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ရှောင်ယုသည် ချက်ချင်းပင်တည်နေရာရွေ့ပြောင်းလိုက်ကာ တောရက်စ်၏ရှေ့သို့ရောက်ရှိသွားခဲ့သည်။

ရှောင်ယုသည် အဆင့်မြင့်တက်လာသည်နှင့်အမျှ တည်နေရာရွေ့ပြောင်းနိုင်သည့် အကွာအဝေးကတိုးမြင့်လာခဲ့သည်။

ရှောင်ယုသည် တစ္ဆေတစ်ကောင်ကဲ့သို့ သူ၏ရှေ့၌ရုတ်တရက်ထွက်ပေါ်လာသည်ကိုမြင်သောအခါ တောရက်စ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူသည် ကဲလ်သက်နှင့်အီလီဒမ်တို့ကြောင့် ထိတ်လန့်နေပြီးဖြစ်ပေရာ လက်ရှိအချိန်၌ ရှောင်ယုကရုတ်တရက်ထွက်ပေါ်လာသည့်အတွက်ကြောင့် ပို၍ပင်ကြောက်လန့်သွားခဲ့ကြသည်။

လက်ရှိအချိန်တွင် တောရက်စ်သည်ကြံရာမရဖြစ်နေသည့်အတွက် ကျယ်လောင်စွာအော်ဟစ်ကာ သူ့လက်ထဲရှိမှော်ဓားကိုမြှောက်၍ ရှောင်ယုကိုတိုက်ခိုက်လိုက်သည်။

ရှောင်ယုသည် တောရက်စ်ကိုမထီမဲ့မြင်ကြည့်၍ ပြုံးလိုက်မိသည်။ထို့နောက်သူသည် တာတိုရွေ့ပြောင်းမှုကိုထုတ်ဖော်လိုက်ကာ အလွယ်တကူရှောင်တိမ်းလိုက်ပြီး ပုဆိန်ကိုဆွဲထုတ်လိုက်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

ဘန်း...ဘန်း...

တောရက်စ်သည် ရှောင်ယု၏တိုက်ခိုက်မှုအား အသည်းအသန်ကာကွယ်လိုက်သည်။သူသည် မှော်ဓားကိုပင့်မြောက်၍ရှောင်ယု၏တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည့်တိုင်အောင် သူ၏လက်များထုံကျင်သွားသည်ကို ခံစားမိလိုက်သည်။

ယခုအချိန်တွင် ရှောင်ယုသည်ခွန်အားလမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်းနေပြီဖြစ်ရာ သူ၏ခန္ဓာကိုယ်သည် အလွန်ပင်သန်မာ၍သွက်လက်နေပြီး အံ့သြဖွယ်တည်ရှိမှုတစ်ခုအဖြစ် ရောက်ရှိနေပြီဖြစ်သည်။တောရက်စ်သည်ကား ပဥ္စမအဆင့်သို့သာရောက်နေသော ကျွမ်းကျင်သူတစ်ယောက်သာသာဖြစ်ရာ ရှောင်ယု၏ပြိုင်ဘက်ဖြစ်လာနိုင်စရာအကြောင်းမရှိပေ။

ရှောင်ယုသည် တောရက်စ်အား တစ်ချက်ပြီးတစ်ချက်တိုက်ခိုက်ပြီးနောက် အနည်းငယ်ငြီးငွေ့လာ၍ ပုဆိန်ကိုသိမ်းဆည်းကာ လက်ဗလာဖြင့်သာပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။

ရှောင်ယု၏လက်ရှိအင်အားသည် ခိုင်ရင်း၏အဆင့်သို့မရောက်သေးသော်လည်း သူ၏ခွန်အားကသာမန်လူများထက် များစွာသာလွန်နေခဲ့ပြီဖြစ်သည်။ရှောင်ယု၏တိုက်ခိုက်မှုအောက်တွင် တောရက်စ်သည်မူးဝေလာကာ တစ်ကိုယ်လုံးဖောရောင်လာခဲ့သည်။

တိုက်ပွဲတစ်ခုလုံး မထင်မှတ်သည့်အပြောင်းအလဲများမရှိခဲ့ပေ။တောရက်စ်၏အမိန့်အောက်ရှိ မည်သူကမှအီလီဒမ်၏ လိုက်လံသတ်ဖြတ်မှုအောက်၌ ထွက်ပြေးနိုင်စွမ်းမရှိခဲ့ပေ။ရှောင်ယုက သူတို့အားလုံးကိုသတ်ဖြတ်ရန် အမိန့်ပေးခဲ့ရာ မည်သူကမှလွတ်မြောက်နိုင်စွမ်းမရှိခဲ့ပေ။ထိုသို့မဟုတ်ဘဲ သူတို့လွတ်မြောက်သွားခဲ့မည်ဆိုပါက စကားလက်စ်၏အမေနှင့်ညီမကိုကယ်တင်ရန် လွယ်ကူမှာမဟုတ်ပေ။

အဆုံးသတ်တွင် တောရက်စ်အားဖမ်းဆီးကာ ကြိုးဖြင့်ချည်ထားခဲ့သည်။

လူတိုင်းကိုသတ်ဖြတ်ပြီးနောက်တွင် အီလီဒမ်သည်နောက်ထပ်ဝတ်ရုံတစ်ထည်အား ထုတ်ယူလိုက်ကာ ဝတ်ဆင်လိုက်ပြီး ရှောင်ယု၏နံဘေးတွင် တိတ်တဆိတ်ရပ်နေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် လူတိုင်းသည် အီလီဒမ်နှင့်ကဲလ်သက်တို့ကိုသာ နက်ရှိင်းသောကြောက်ရွံ့ခြင်းအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ကံကောင်းထောက်မစွာဖြင့် ထိုလူများသည်သူတို့၏ရန်သူမဟုတ်ပေ။အကယ်၍ ရန်သူများသာဖြစ်ခဲ့ပါက သူတို့သည်လုံးဝအဆုံးသတ်သွားမည်ဖြစ်သည်။

"တောရက်စ်...မင်းဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ မင်းမမျှော်လင့်ထားဘူးမလား..."

စကားလက်စ်ကအေးစက်သောမျက်လုံးများဖြင့် တောရက်စ်အားစိုက်ကြည့်လိုက်သည်။တောရက်စ်သည် အလွန်ပင်ယုတ်မာသူတစ်ယောက်ဖြစ်ကာ သူမ၏အမေနှင့်ညီမကိုပင် အလွတ်မပေးခဲ့ပေ။သူသည်အလွန်ပင်ရက်စက်၍ အဆိပ်ပြင်းပေသည်။

"ဟားဟား..."

စကားလက်စ်၏စကားကိုကြားသောအခါ တောရက်စ်ကလုံးဝမကြောက်ရွံ့ဘဲ ရယ်မောလိုက်သည်။

"စကားလက်စ်...နင်ကငါ့ကိုဖမ်းထားနိုင်ရင်တောင် ဘာဆက်လုပ်နိုင်မှာလဲ...နင်ကမင်းသားမီရန်ဒါကိုတိုက်ခိုက်ပြီး အမေနဲ့ညီမကိုကယ်တင်နိုင်မယ်လို့ မျှော်လင့်နေတာလား...ဟားဟားဒီကောင်ကသတ္တိနည်းနည်းရှိတယ်ဆိုပေမဲ့ မင်းသားမီရန်ဒါကိုစိန်ခေါ်ချင်တယ်ဆိုရင် နေ့ခင်းကြောင်တောင်အိပ်မက်မက်နေတာပဲ"

တောရက်စ်သည် လက်ရှိအချိန်ထိ အလွန်မာနထောင်လွှားနေဆဲဖြစ်သည်။

တောရက်စ်သည် ယခုအချိန်ထိမာနထောင်လွှားနေသည်ကိုမြင်သော် ရှောင်ယုကသူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။

ဒီကောင်ကတကယ့်အမှိုက်ပဲ..ခုထိဘယ်လိုပြုမူရမလဲဆိုတာ နားမလည်သေးဘူးလား...ဒီကောင်တကယ်သေချင်နေတာပဲ

ရှောင်ယုသည် တောရက်စ်၏ပါးကိုအဆက်မပြတ် ရိုက်ချလိုက်သည်။ရှောင်ယု၏ပါးရိုက်မှုအောက်တွင် တောရက်စ်၏မျက်နှာသည် ဝက်တစ်ကောင်ကဲ့သို့ဖူးရောင်လာခဲ့သည်။သို့သော်လည်း ရှောင်ယုကမရပ်တန့်သေးပေ။သူသည် ပါးရိုက်ရသည်ကိုစွဲလမ်းနေပုံရပြီး တောရက်စ်၏မိခင်ကပင်သူ့သားကို မမှတ်မိလောက်သည်ထိ ရိုက်ပြီးမှရပ်တန့်လိုက်သည်။

ရှောင်ယုသည် အမျိုးမျိုးသောနှိပ်စက်မှုနည်းလမ်းများကို အသုံးပြုခဲ့ပြီး လူတိုင်းကသူ့အားကြောက်လန့်သွားစေခဲ့သည်။

အခန်း ၄၇၀ - ရှောင်ကျန်းထျန်၏ဂုဏ်သတင်း

"ကျေးဇူးပြုပြီးတော့ ငါ့ကိုကယ်ပါအုံး...စကားလက်စ်"

ရှောင်ယုအားတောင်းပန်ခြင်းသည် အလုပ်မဖြစ်ကြောင်း နားလည်သွားသည့်အတွက်ကြောင့် တောရက်စ်သည်ကျယ်လောင်စွာအော်ဟစ်ကာ စကားလက်စ်ကိုတောင်းပန်ခဲ့သည်။

စကားလက်စ်၏အကြည့်များက အေးစက်နေခဲ့သည်။သူမသည် ကြင်နာတတ်သည့်မိန်းမတစ်ယောက်မဟုတ်ပေ။အကယ်၍ ရှောင်ယုသာဤနေရာ၌ရှိမနေခဲ့ပါက သူမမည်မျှထိဒုက္ခရောက်နိုင်ကြောင်း သူမကိုယ်တိုင်သိရှိထားပေသည်။

ထို့ကြောင့် သူမသည်တောရက်စ်ကိုစိုက်ကြည့်ကာ မှုန်ကုပ်ကုပ်အမူအရာဖြင့် ပြောလိုက်သည်။

"ငါကမင်းကိုဖမ်းဆီးထားတာမဟုတ်ဘူး...ဒါကြောင့်နောက်ဆုံးဆုံးဖြတ်ချက်ကိုချရမှာက သူကိုယ်တိုင်ပဲ...ပြီးတော့ခုဆိုရင်ငါကသူ့ရဲ့ကျွန်ဖြစ်နေပြီလေ...ငါကဘယ်လိုလုပ်ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုဝင်ရောက်စွက်ဖက်နိုင်မှာလဲ"

လက်ရှိအချိန်တွင် စကားလက်စ်သည် တောရက်စ်၏အခြေအနေကို ခံစားမိသည့်အတွက် သူမ၏နှလုံးသား၌နားမလည်နိုင်သည့်ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ထိုခံစားချက်သည် ဝမ်းသာခြင်းပျော်ရွှင်ခြင်းတို့နှင့် ဆက်နွယ်နေခဲ့သည်။

"အား...စကားလက်စ်...ငါ့မှားပါပြီ...ငါတကယ်ယုတ်မာခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ်...ခုချိန်ကစပြီးမင်းအလိုရှိသမျှ ငါလုပ်ဆောင်ပါမယ်...ကျေးဇူးပြုပြီးတော့ငါ့ကိုလွှတ်ပေးပါ...မင်းအမေနဲ့ညီမကိုကယ်တင်တဲ့နေရာမှာ ငါကူညီပေးမယ်"

တောရက်စ်သည် မျက်ရည်စက်လက်ဖြင့် စကားလက်စ်ကိုကြည့်ရင်း အလွန်ပင်ဝမ်းနည်းကြေကွဲနေသည့်အမူအရာဖြင့် တောင်းပန်စကားဆိုလိုက်သည်။

"မင်းကဘာပြောချင်နေတာလဲ....မင်းသိသမျှအကုန်လုံးငါ့ကိုပြောစမ်း"

ရှောင်ယုက တောရက်စ်၏မျက်နှာကို ရုတ်တရက်ဖြတ်ရိုက်လိုက်သည်။

"ဟုတ်...ဟုတ်ကဲ့...ငါအားလုံးကိုပြောပြပါမယ်..."

တောရက်စ်သည် နောက်ထပ်ကလန်ကဆန်မလုပ်ရဲတော့ပေ။အကယ်၍ သူသာရှောင်ယုအားဒေါသထွက်စေခဲ့ပါက ကြေကွဲဖွယ်အဆုံးသတ်ကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။

ထို့ကြောင့်ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှ ထိုင်ခုံတစ်ခုအားထုတ်ယူလိုက်ကာ ထိုင်ချလိုက်ပြီး တောရက်စ်အားစတင်နှိပ်စက်တော့သည်။

တစ်နာရီခန့်ကြာအောင် ညဉ်းပန်းနှိပ်စက်ပြီးနောက်တွင် ရှောင်ယုသည် စကားလက်စ်၏မိခင်နှင့်ညီမတို့၏နေရာအပြင် အခြားသောအရေးကြီးသည့်အချက်အလက်များကိုလည်း တောရက်စ်ထံမှရရှိလာခဲ့သည်။လက်ရှိအချိန်တွင် သူမတို့အားမတ်ဂ်မြို့၌ဖမ်းဆီးထားခဲ့သည်။

တောရက်စ်၏ဝန်ခံချက်ကို နားထောင်ပြီးနောက်တွင် ရှောင်ယုကအနည်းငယ်မျက်မှောင်ကြုတ်မိလိုက်ကာ စကားလက်စ်သည်ကား ပို၍ပင်စိတ်ဓာတ်ကျသွားခဲ့သည်။သူမကိုဖမ်းဆီးရန်အတွက် မီရန်ဒါသည် မတ်ဂ်မြို့တစ်ခုလုံးအား စစ်တပ်ကြီးတစ်ခုဖြင့်ပိတ်ဆို့နေရာယူထားလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။

အမှန်တော့ မီရန်ဒါသည်စကားလက်စ်ကို ဖမ်းဆီးရန်ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤသို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ။မီရန်ဒါသည် အိမ်ရှေ့မင်းသားနေရာကိုရယူရန် အခြားသောမင်းသားများနှင့်ရင်ဆိုင်နေရကြောင်း စကားလက်စ်သိရှိထားသည်။ထို့ကြောင့်မီရန်ဒါသည် အခြားမင်းသားများအပေါ် အသာစီးရရှိရန်အတွက် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏စွမ်းအားကို ရယူလိုခဲ့ခြင်းဖြစ်သည်။

"နောင်ဘဝမှာ ခုလိုအမှိုက်တစ်စမဖြစ်စေနဲ့...လူကောင်းတစ်ယောက်ဖြစ်အောင်နေ"

တောရက်စ်ထံမှ သိလိုသည်များကိုသိရှိပြီးနောက်တွင် ရှောင်ယုသည်ဝိုင်ကိုမော့သောက်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုသည် သူ၏ပုဆိန်ကိုဝှေ့ယမ်းလိုက်ကာ တောရက်စ်၏ဦးခေါင်းကိုသူ၏ခန္ဓာကိုယ်မှနေ၍ ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။ထိုမြင်ကွင်းကိုကြည့်နေသူများသည် စိတ်မထိန်းနိုင်ဘဲတုန်လှုပ်သွားခဲ့ရသည်။

ထိုအဖြစ်အပျက်မှတဆင့် ရှောင်ယုသည်နတ်ဆိုးတစ်ပါးဖြစ်ကြောင်း သူတို့ပို၍ယုံကြည်လာခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ယခုအချိန်၌ရှောင်ယု၏လုပ်ရပ်ကို စကားလက်စ်ကအလွန်ပင် သဘောကျနေခဲ့သည်။ရှောင်ယုသည် လူဆိုးတစ်ယောက်ဟုယူဆရသော်လည်း သူသည်ဆုံးဖြတ်ချက်တိုင်းကိုဂရုတစိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။သူသည် အနာဂတ်အတွက်မလိုလားအပ်သည့် ပြသနာများကိုမဖြစ်ပေါ်ရစေအောင် အစအနလေးတောင်ချန်မထားခဲ့ဘဲ ပေါင်းပင်များကိုအမြစ်မှ ဖြတ်တောက်ပစ်ခဲ့သည်။

သူ့အားသခင်အဖြစ်ရွေးချယ်ခြင်းက စကားလက်စ်၏ဘဝအတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အမှန်တော့ လက်ရှိအချိန်၌ရှောင်ယုအား အားကိုးရန်မှလွဲ၍ စကားလက်စ်ထံ၌အခြားသောရွေးချယ်စရာမရှိတော့ပေ။ယခုလိုအခြေအနေမျိုးတွင် မိန်းမတစ်ယောက်သည် ယောကျ်ားတစ်ယောက်အပေါ်၌သာ ယုံကြည်အားကိုးရန်ရွေးချယ်နိုင်ပေသည်။

အမျိုးသမီးတစ်ယောက်သည် ဤလောကတွင် ကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက် မိမိ၏ကိုယ်ပိုင်ခွန်အားကို အပြည့်အဝအားထုတ်ရမည်ဖြစ်သည်။

တောရက်စ်အားသတ်ဖြတ်ပြီးနောက် စကားလက်စ်သည်ရှောင်ယု၏နောက်တွင် တလေးတစားရပ်နေလိုက်သည်။

"သခင်လေး...ခုငါတို့ဘာဆက်လုပ်ကြမလဲ"

စကားလက်စ်သည် အလွန်ပင်လိမ်မာပါးနပ်ပေသည်။သူမသည် ရှောင်ယုအားသခင်လေးရှောင်ဟုခေါ်မည့်အစား သခင်လေးဟုသာခေါ်ဆိုခဲ့သည်။ထိုအခေါ်အဝေါ်က သူမကိုယ်သူမရှောင်ယု၏ အစေခံအဖြစ်သတ်မှတ်ကြောင်း ဖော်ပြနေခဲ့သည်။စကားလက်စ်သည် သူမ၏မိခင်နှင့်ညီမဖြစ်သူအား ကယ်တင်ရန်အတွက် ရှောင်ယုအားအနည်းငယ်တွန်းအားပေးနေခြင်းဖြစ်သည်။

ရှောင်ယုသည် ဤကဲ့သို့ထက်မြက်သော အမျိုးသမီးအားသဘောကျသော်လည်း ယခုတစ်ကြိမ်၌အနည်းငယ်ဒုက္ခရောက်စရာ အခြေအနေတွင်ရှိပေသည်။တောရက်စ်၏အဆိုအရဆိုလျှင် မတ်ဂ်တစ်မြို့လုံး၌ စွမ်းအားကောင်းသည့်တိုက်ခိုက်ရေးသမားများ၊မှော်ဆရာများရှိနေသည့်အပြင် သောင်းနှင့်ချီသည့်တပ်သားများကလည်း လက်နက်အပြည့်အစုံတပ်ဆင်ပေးခံထားရသည်။စကားလက်စ်၏မိခင်နှင့်ညီမတို့သည် အစောင့်အကြပ်ထူထပ်သော မြေအောက်အကျဉ်းတိုက်တစ်ခုအတွင်း၌ ပိတ်လှောင်ခံထားရပေရာ သူတို့အားကယ်တင်ရန် အလွန်ခက်ခဲပေသည်။

သူ့ထံတွင် လူနှစ်ယောက်သာရှိနေ၍ ရှောင်ယုကအနည်းငယ်ခေါင်းကိုက်နေရသည်။အကယ်၍ သူ၏တပ်ဖွဲ့သာဤနေရာ၌ရှိနေမည်ဆိုပါက မတ်ဂ်မြို့အားတိုက်ရိုက်တိုက်ခိုက်ရန်မှာ ကြီးကြီးမားမားပြသနာမဟုတ်ပေ။သို့သော်လည်း လက်ရှိအခြေအနေတွင် မတ်ဂ်မြို့အားအနိုင်ယူရန်မဖြစ်နိုင်သေးပေ။

ယခင်ကလည်း သူ့အဖေလူအိုကြီးသည် သူ၏တပ်သားများနှင့်အတူ မတ်ဂ်မြို့အားသိမ်းပိုက်ခဲ့သော်လည်း သူကမူသမိုင်းကိုပြန်ရေးရန်စိတ်မဝင်စားပေ။

ယခုအခါစကားလက်စ်က ဤမေးခွန်းကိုမေးနေပြီဖြစ်၍ သူကပြန်ဖြေရတော့မည်ဖြစ်သည်။

"အဟွတ်...ခုလောလောဆယ်မှာ တိကျတဲ့အစီအစဉ်တစ်ခုမရှိဘူးဆိုပေမဲ့ မင်းရဲ့အမေ၊ညီမနဲ့မင်းရဲ့သစ္စာရှိလက်အောက်ငယ်သားတွေအကုန်လုံးကို ကယ်တင်နိုင်မယ်လို့ငါအာမခံနိုင်တယ်...မတ်ဂ်မြို့ရဲ့အနောက်ဘက်၌တပ်ဖွဲ့တစ်ခုရှိနေတဲ့အတွက်ကြောင့် ငါကအဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ကြိုးစားရဦးမှာ...အဆက်အသွယ်ရခဲ့ရင် ငါကိုယ်တိုင်မတ်ဂ်မြို့ကိုတိုက်ခိုက်မယ်....မင်းကငါဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး အမြဲသံသယရှိနေတယ်မလား...ငါမင်းကိုအခုပြောပြမယ်....ငါကခြင်္သေ့နယ်မြေရဲ့အရှင်သခင်ဖြစ်တဲ့ရှောင်ယုပဲ...ငါ့ရဲ့အဖေက တချိန်တုံးက မတ်ဂ်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ရှောင်ကျန်းထျန်ပဲ"

လက်ရှိအချိန်တွင် စကားလက်စ်သည် သူ့ကိုသာအားကိုးရမည်ဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် သူ၏အထောက်အထားကိုဖုံးကွယ်ထားရန် စိတ်မဝင်စားတော့ပေ။

ရှောင်ယုသည် ဤလူများကိုကြောက်လန့်စေရန်အတွက် သူ့အဖေအမည်ကို အသုံးပြုရမည်ဖြစ်သည်။

လန်းစ်အင်ပါယာမှလူများသည် ရှောင်ကျန်းထျန်အားအလွန်ပင်ကြောက်ရွံ့ကြသည်ကို ရှောင်ယုသိရှိထားပေသည်။

ရှောင်ယုသည် ရှောင်ကျန်းထျန်၏အမည်ကို ထုတ်ဖော်လိုက်ချိန်တွင် စကားလက်စ်သည်သာမက အနီးအနားရှိလူတိုင်းလိုလိုပင် တံတွေးမြိုချမိလိုက်ကြသည်။

"ရှောင်...ရှောင်ကျန်းထျန်...သခင်လေးကရှောင်ကျန်းထျန်ရဲ့မျိုးဆက်လား"

စကားလက်စ်က အထစ်ထစ်အငေါ့ငေါ့လေသံဖြင့်မေးလိုက်သည်။သူမသည် အလွန်ပင်နာမည်ကျော်ကြားသော ရှောင်ကျန်းထျန်၏သားစဉ်မြေးဆက်ကို ကျောထောက်နောက်ခံအဖြစ်ရှာဖွေနိုင်လိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။

ရှောင်ကျန်းထျန်၏အမည်သည် လန်းစ်အင်ပါယာ၌ အလွန်ပင်ကျော်ကြားလှပေသည်။အတိတ်တစ်ချိန်က လန်းစ်အင်ပါယာသည် ကောင်းကင်ခြင်္သေ့မင်းဆက်အား ကျူးကျော်လာသည့်အခါတွင် သူတို့သည်ကောင်းကင်ခြင်္သေ့မင်းဆက်၏မြို့တော်အား သိမ်းပိုက်လုနီးပါးဖြစ်ခဲ့ကြသည်။သို့သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ရှောင်ကျန်းထျန်သည် ကစားပွဲအားပြောင်းပြန်လှန်ကာ စစ်ပွဲကိုအနိုင်ရရှိခဲ့ပြီးနောက်တွင် လန်းစ်အင်ပါယာ၏ဧကရာဇ်ဖြစ်သူအား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တွန်းအားပေးခဲ့သည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ရှောင်ကျန်းထျန်၏အမည်သည် လန်းစ်အင်ပါယာရှိလူတိုင်း၏နှလုံးသားထဲတွင် မြင့်မြတ်ပြီး အနိုင်ယူ၍မရနိုင်သော တည်ရှိမှုတစ်ခုဖြစ်လာလုနီးပါး ဖြစ်နေပြီဖြစ်သည်။

လက်ရှိအချိန်တွင် လူတိုင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိနေကြသည်။သူတို့၏အမြင်တွင် ရှောင်ကျန်းထျန်သည် မရှုံးနိမ့်နိုင်သောစစ်နတ်ဘုရားဖြစ်သည်။သို့ဖြစ်ရာ စစ်နတ်ဘုရား၏သားစဉ်မြေးဆက်သည်လည်း စစ်နတ်ဘုရားတစ်ပါးဖြစ်မည်မှာ သေချာပေသည်။

"သခင်လေးက ရှောင်ကျန်းထျန်ရဲ့သားပဲ...သခင်လေးနောက်ကိုလိုက်ပါရခြင်းက ငါ့အတွက်ဂုဏ်ယူစရာပါဘဲ"

စကားလက်စ်သည် ရှောင်ကျန်းထျန်အားအလွန်သဘောကျနှစ်ခြိုက်ပေရာ ရှောင်ယုအပေါ်ထားရှိသည့် သူမ၏သဘောထားကလည်း လုံးဝမနိမ့်ကျပေ။

ထို့နောက်တွင် ရှောင်ယုသည်သူလုပ်ဆောင်ခဲ့သည့်အရာများအား စတင်၍ကြွားလုံးထုတ်လာခဲ့သည်။

အခန်း ၄၇၁ - ချစ်စရာကောင်းသောအပြုအမူ

ရှောင်ယုသည် သူ့အပေါ်၌စကားလက်စ်၏ အထင်ကြီးသောအမူအရာကို ခံစားမိလိုက်သည့်အတွက် အလွန်ပင်သက်တောင့်သက်သာခံစားလိုက်ရသည်။

သူကဲ့သို့လူတစ်ယောက်အတွက် အမျိုးသမီးတစ်ယောက်၏ ကြည်ညိုလေးစားမှုက အပျော်ရွှင်ရဆုံးသောအရာဖြစ်သည်။

လူတိုင်းထွက်ခွာရန် အသင့်ပြင်ဆင်နေချိန်တွင် စစ်သားအချို့ကရုတ်တရက်အော်ဟစ်လိုက်ကြသည်။

"သတိထားကြ...နတ်ဆိုးသားရဲတွေ"

ထိုစကားကြားသောအခါ လူတိုင်းထိတ်လန့်သွားကြပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ကြသည်။ယနေ့တွင် သူတို့သည်တောရက်စ်၏ခြုံခိုတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် သူတို့သည်နောက်ထပ်ဖြစ်လာနိုင်သည့် အန္တာရယ်ကို အလွန်အမင်းသတိထားနေခဲ့ကြသည်။

ရှောင်ယုသည် ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် ကောင်းကင်ယံ၌ပျံသန်းနေသော နတ်ဆိုးသားရဲများကိုမြင်လိုက်ရ၍ အနည်းငယ်အံ့သြသွားခဲ့သည်။ထိုနတ်ဆိုးသားရဲများသည် နတ်မြင်းပျံများမှလွဲ၍ အခြားမဟုတ်ပေ။

"နောက်ဆုံးတော့ မင်းတို့ရောက်လာပြီဘဲ...တခြားသူတွေကောဘယ်မှာလဲ"

ရှောင်ယုသည် နတ်မြင်းပျံများ၏အာရုံကိုဆွဲဆောင်ရန်အတွက် ကဲလ်သက်ကို မှော်ပညာအားအသုံးပြုရန် အမိန့်ပေးလိုက်သည်။အမှန်တော့ ထိုနတ်မြင်းပျံများသည် ရှောင်ယုအားမြင်တွေ့နေသည်မှာကြာပြီဖြစ်သည်။

နတ်မြင်းပျံစီးနင်းသူ နတ်သူငယ်များ၏မျက်လုံးများသည် လင်းယုန်များထက်ပင် ပိုမို၍စူးရှပေရာ ရှောင်ယုအားမြင်တွေ့သည်နှင့် ချက်ချင်းမှတ်မိလိုက်ကြသည်။

"လက်အောက်ငယ်သားတွေက အရှင့်ကိုနှုတ်ဆက်ပါတယ်..."

သူတို့အားလုံးသည် နတ်မြင်းပျံပေါ်မှဆင်းသက်လာကာ ရှောင်ယုအားဦးညွတ်လိုက်ကြသည်။

စကားလက်စ်နှင့်သူမ၏လက်အောက်ငယ်သားများသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။နတ်မြင်းပျံအားစီးနင်းနေသူတိုင်းသည် နတ်သူငယ်များဖြစ်ကြသည်။သို့ဖြစ်ရာ ရှောင်ယုထံ၌ မည်သည့်လျှိ့ဝှက်ချက်မျိုးရှိနေသနည်း...ရှောင်ယုသည်နတ်သူငယ်လက်အောက်ခံများကိုပင် ပိုင်ဆိုင်ထားပေသည်။

ထို့ကြောင့် ဤလူများကရှောင်ယုအားပို၍ လေးစားလာခဲ့ကြသည်။

ရှောင်ယုက ခေါင်းညိတ်ပြလိုက်ကာ မေးမြန်းလိုက်သည်။

"မင်းတို့ကဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ...အခြားသူတွေကကော ဘယ်မှာလဲ"

နတ်သူငယ်တစ်ယောက်က ရှေ့ထွက်ကာတင်ပြလာခဲ့သည်။

"နတ်မြင်းပျံစီးနင်းသူတွေကို ဒေသအသီးသီးကိုဖြန့်ကျက်ထားခဲ့ပြီး အရှင့်ကိုရှာဖွေဖို့စေလွှတ်ထားခဲ့တယ်...နောက်ပိုင်းမှာ စုံစမ်းရရှိခဲ့တဲ့သတင်းအချက်အလက်တွေအရ အရှင်ဟာလန်းစ်အင်ပါယာမှာရှိနေတာကို ငါတို့သိရှိခဲ့ပြီးတဲ့နောက် လန်းစ်အင်ပါယာကိုစတင်ပြီးတော့ရှာဖွေခဲ့တယ်...ဒီနေ့တော့မမျှော်လင့်ဘဲ အရှင့်ကိုရှာတွေ့ခဲ့ပြီ"

ရှောင်ယုက ခေါင်းညိတ်ကာအမိန့်ပေးလိုက်သည်။

"မင်းတို့တွေကအချိန်မှီရောက်လာတာပဲ...မင်းတို့အားလုံးအတွက်ငါ့မှာတာဝန်ရှိတယ်"

"ကျေးဇူးပြု၍အမိန့်ပေးပါအရှင်"

နတ်သူငယ်က ဒူးတစ်ဖက်ထောက်၍ပြောလိုက်သည်။

"ငါက နေဝင်ချိန်နွံအိုင်ရဲ့အဝင်ဝမှာရှိနေတဲ့မြို့ငယ်လေးမှာ ပြန်လည်ဆုံတွေ့ဖို့လူတိုင်းကိုအမိန့်ပေးခဲ့တယ်...သူတို့သာအဲနေရာကိုရောက်လာပြီဆိုရင် လန်းစ်အင်ပါယာမှာရှိနေတဲ့ မတ်ဂ်မြို့ကိုအရောက်လာဖို့ပြောလိုက်...ငါတို့မှာတိုက်ပွဲတစ်ခုရှိတယ်"

ရှောင်ယု၏အမိန့်ကိုလက်ခံရရှိပြီးနောက်တွင် သူတို့ထဲမှအမြှောက်အများသည် နတ်မြင်းပျံများပေါ်သို့ ချက်ချင်းခုန်တက်လာကြပြီး လေပေါ်သို့ပျံဝဲထွက်ခွာသွားကြသည်။ကျန်နတ်သူငယ်အနည်းငယ်မှာ ရှောင်ယု၏အမိန့်ကိုနာခံရန် ဤနေရာ၌ရှိနေကြဆဲဖြစ်သည်။

"မင်းတို့အားလုံးက ငါ့အနားမှာနေပြီးတော့ လုံခြုံရေးကိုတာဝန်ယူကြ"

ရှောင်ယုက ဆက်လက်၍အမိန့်ပေးလိုက်သည်။

"အမိန့်အတိုင်းပါ...အရှင်"

နတ်သူငယ်များကချက်ချင်းပြန်ဖြေလိုက်ကြသည်။

ရှောင်ယုက စကားလက်စ်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"သူတို့ရဲ့ပျံသန်းနှုန်းက အရမ်းကိုမြန်တယ်...အကုန်လုံးသာအဆင်ပြေတယ်ဆိုရင် ငါတို့မတ်ဂ်မြို့ကိုရောက်ပြီးသိပ်မကြာခင်မှာပဲ ငါ့ရဲ့တပ်ဖွဲ့ကရောက်လာလိမ့်မယ်...ခန့်မှန်းခြေဆယ်ရက်လောက်တော့ကြာနိုင်တယ်....အဲ့ဒီအချိန်မတိုင်ခင် မတ်ဂ်မြို့ကိုစုံစမ်းပြီးတော့ လက်ရှိအခြေအနေကိုစုံစမ်းရှာဖွေရလိမ့်မယ်"

ရှောင်ယု၏ကတိအတိုင်းဆိုလျှင် သူမ၏မိခင်နှင့်ညီမတို့အား ကယ်တင်ရန်အခွင့်အလမ်း ပိုမိုများပြားလာမည်ဖြစ်သည်။

မူလက စကားလက်စ်သည် အလွန်အမင်းစိတ်ပျက်အားငယ်နေသော်လည်း ယခုလိုကောင်းမွန်သောအလှည့်အပြောင်းနှင့်ကြုံတွေ့ရချိန်၌ အလွန်ပင်စိတ်လှုပ်ရှားလာခဲ့သည်။သူမသည် ဤအခွင့်အရေးအား မလွတ်တမ်းဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။ထိုသို့မဟုတ်ပါက ဤအခက်အခဲအားဖြတ်ကျော်နိုင်ခဲ့လျှင်ပင် သူမထံ၌နောက်ထပ်အခွင့်အရေးရှိလာမည်မဟုတ်ပေ။

သူမထံတွင် ကြီးမားသည့်အကျိုးအမြတ်ကိုပေးနိုင်စွမ်းမရှိတော့ပေရာ မည်သူကမှသူမအားကူညီရန် စွန့်စားမည်မဟုတ်ပေ။

ထို့နောက် လူတိုင်းသည်မတ်ဂ်မြို့သို့ ချီတက်လာကြသည်။ရှောင်ယုနှင့်စကားလက်စ်တို့သည် ရထားလုံးပေါ်၌အတူတူထိုင်လိုက်လာကြပြီး ဝိုင်သောက်ရင်း သူတို့၏ပတ်ဝန်းကျင်ရှိ လှပသောရှူခင်းများကို ခံစားနေကြသည်။

စကားလက်စ်သည် ထိုအခွင့်အရေးအား အမိအရဖမ်းဆုပ်လိုက်ကာ ရထားလုံးပေါ်ရှိ အိမ်အကူများအား တိတ်တဆိတ်ညွန်ကြားလိုက်ကာ သူမတို့နှစ်ယောက်တည်းကို ချန်ထားစေခဲ့သည်။

ရှောင်ယုသည် ရုတ်တရက်ဆိုသလို ထူးဆန်းသောအခြေအနေကို သတိထားမိလိုက်သည်။စကားလက်စ်သည် ဝိုင်အနည်းငယ်ဆက်သောက်ပြီးနောက်တွင် သူမ၏မျက်နှာသည် ပိုမိုနီရဲလာခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှ အလွန်ဆွဲဆောင်နိုင်စွမ်းရှိသော အော်ရာကောက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ရထားလုံးပေါ်၌ သူတို့နှစ်ယောက်တည်းသာရှိနေချိန်တွင် စကားလက်စ်က သူမ၏သားရေဖိနပ်ရှည်ကိုချွတ်လိုက်ပြီး အဖြူရောင်ကျောက်စိမ်းကဲ့သို့ လှပသွယ်လျသည့် ခြေဗလာတစ်စုံအား ထုတ်ဖော်လိုက်သည်။သူမသည် ခြေထောက်တစ်စုံကိုရထားပေါ်၌ ညင်သာစွာတင်ထားသည့်အတွက်ကြောင့် ရှောင်ယု၏အကြည့်များကိုဆွဲဆောင်သွားခဲ့သည်။

ပူပြင်းသည့်ရာသီဥတုကြောင့် စကားလက်စ်သည် သူမဝတ်ဆင်ထားသည့်သားရေဝတ်စုံကို ဖြေချလို်က်ရာ သူမ၏နက်ရှိုင်းမို့မောက်သည့် အစိတ်အပိုင်းများအားပေါ်လွင်စေခဲ့သည်။ထိုမြင်ကွင်းသည် အလွန်ပင်ဆွဲဆောင်မှုရှိလှပေရာ ရှောင်ယုကလုံးဝမျက်လုံးမမှိတ်နိုင်ခဲ့ပေ။

စကားလက်စ်သည် သူမ၏လက်ကိုဝှေ့ယမ်းရင်း ရထားလုံး၏ပြတင်းပေါက်ကိုပိတ်ချလိုက်ရာ ရထားလုံးအတွင်း အလင်းရောင်အနည်းငယ်မှိန်ပျသွားခဲ့သည်။ထိုအလင်းရောင်မှိန်ဖျော့ဖျော့လေးက စကားလက်စ်၏ပူပြင်းသော ခန္ဓာကိုယ်အမို့အမောက်များကို ပိုမိုဆွဲဆောင်မှုရှိစေခဲ့သည်။

ရှောင်ယုသည် အာခေါင်အနည်းငယ်ခြောက်လာသလို ခံစားလိုက်ရ၍ ဝိုင်အနည်းငယ်ကိုချက်ချင်းမော့ချလိုက်သည်။ထို့ကြောင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပူလောင်လာခဲ့သည်။အထူးသဖြင့် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ အပူများလိမ့်တက်လာသည့်အတွက် အနည်းငယ်မသက်မသာဖြစ်လာခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် ရထားလုံးကတုန်ခါသွားခဲ့ကာ စကားလက်စ်၏သေးငယ်သောခန္ဓာကိုယ်က ရှောင်ယုပေါ်ပြုတ်ကျလာခဲ့သည်။

ထို့နောက်တွင် ရထားလုံးအတွင်း၌ သာယာပျော်ရွှင်ဖွယ်ကောင်းသည့် မြင်ကွင်းအချို့ဖြစ်ပေါ်လာခဲ့သည်။

………….

အချိန်မည်မျှကြာသွားမှန်းမသိသော်လည်း ရှောင်ယုကတံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် ညဉ့်နက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ခုအချိန်ဘယ်လောက်ကုန်သွားပြီလဲ"

အချိန်များသည် အလွန်လျင်မြန်စွာကုန်ဆုံးနေကြောင်း ရှောင်ယုကရုတ်တရက်ခံစားလိုက်ရသည်။

"ခြောက်နာရီကျော်ကြာသွားပြီ အရှင်...တစ်ခုခုစားချင်တာများရှိလား"

နတ်မြင်းပျံစီးနင်းသူ နတ်သူငယ်ကတလေးတစားဖြင့် မေးမြန်းလိုက်သည်။

"ခြောက်နာရီ..."

ရှောင်ယုသည် သူ၏ကိုယ်ခံအားနှင့်ပတ်သက်၍ အလွန်ပင်အံ့သြသွားခဲ့သည်။

"ဟုတ်တယ်အရှင်...ငါတို့အခုစခန်းချထားပါပြီ"

နတ်သူငယ်က ပြန်ပြောလိုက်သည်။

"စားစရာတစ်ခုခုပို့ပေး"

ရှောင်ယုကခေါင်းညိတ်ပြီးပြောလိုက်သည်။

နတ်သူငယ်သည် ချက်ချင်းပင်အစားအစာအချို့အားသွားယူကာ ရှောင်ယုထံပို့ပေးလာခဲ့သည်။ရှောင်ယုသည် ရထားလုံးထဲသို့ပြန်ဝင်သွားခဲ့ပြီး စကားလက်စ်နှင့်အတူတူ ဝေမျှ၍စားသောက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် စကားလက်စ်သည် ရထားပေါ်မှဆင်းလာရန် အလွန်ပင်တွန့်ဆုတ်နေခဲ့ကာ သူမ၏လက်အောက်ငယ်သားများရှေ့၌ မျက်နှာပြရန်အတွက် အလွန်ရှက်ရွံ့နေခဲ့သည်။

ရှောင်ယုသည် ယခုအချိန်၌ စကားလက်စ်ကဲ့သို့လှပပြီး ငွေရှာကျွမ်းကျင်သော လက်အောက်ငယ်သားကိုရလိုက်၍ အလွန်စိတ်ကောင်းဝင်နေခဲ့သည်။

လက်ရှိအချိန်တွင် စကားလက်စ်သည် ဘောင်းဘီတိုကိုသာဝတ်ဆင်ထားပြီး သူ၏ဆံပင်များကိုစည်းနှောင်ထားကာ သူမ၏ခန္ဓာကိုယ်တစ်ဝက်အား ဖုံးကွယ်ထားခဲ့သည်။ရှောင်ယုသည် စကားလက်စ်ကိုကြည့်ရင်း သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ တဖန်ပူလောင်လာခဲ့သော်လည်း အလျင်အမြန်ဖိနှိပ်လိုက်သည်။

စကားလက်စ်သည်ကား အရှက်သည်း၍စကားမပြောနိုင်တော့ပေ။ရှောင်ယုသည် စကားလက်စ်ကိုနောက်ပြောင်ပြီး အဆင်မပြေသောလေထုကိုသက်သာစေရန် ဟာသတချို့ကိုပြောဆိုခဲ့သည်။

စကားလက်စ်သည် ရှောင်ယု၏ရည်ရွယ်ချက်ကိုသိရှိလိုက်၍ ချိုမြိန်မှုကိုခံစားလိုက်ရသည်။အနည်းဆုံးတော့ ရှောင်ယုသည် တာဝန်မယူဘဲထွက်ပြေးမည့်သူမျိုးမဟုတ်ပေ။

ယခုတစ်ကြိမ်၌ သူမ၏ရွေးချယ်မှုက မှန်ကန်ကောင်းမှန်ကန်နိုင်ပေသည်၊

နောက်ထပ်တစ်ကြိမ် ညဉ့်နက်လာချိန်တွင် သာယာသည့်မြင်ကွင်းများက တဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။လွန်ခဲ့သောရက်အနည်းငယ်အတွင်း ရှောင်ယု၏စိတ်နေသဘောထားက အလွန်ပင်ကောင်းမွန်နေခဲ့သည်။သို့သော်လည်း ကောင်းမွန်သောအရာဟူသည် ကြာကြာမခံတတ်သည်မှာ အနည်းငယ်နှမြောစရာကောင်းလှပေသည်။အဆုံးသတ်၌ သူတို့သည်မတ်ဂ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

All Chapters