← Chapters

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း ၄၇၂ - သတ်ဖြတ်ခြင်း

"ငါတို့ကဘာလို့ မတ်ဂ်မြို့ကိုအစောကြီးရောက်လာရတာလဲ..."

ရှောင်ယုက ရုတ်ချည်းဆိုသလို အလွန်အမင်းစိတ်မသက်သာသလိုခံစားလိုက်ရသည်။သို့သော်လည်း ပျော်ရွှင်စရာအချိန်များက အမြဲလိုလိုပင်မြန်မြန်ကုန်ဆုံးတတ်ပေရာ ဤပြဿနာကိုဖြေရှင်းရန် နည်းလမ်းမရှိပေ။

"ရက်ပေါင်းများစွာ ပျော်ပျော်ပါးပါးဖြတ်သန်းပြီးတော့ အလုပ်စလုပ်ဖို့အချိန်တန်ပြီ"

မူလကရှောင်ယုသည် ဤကိစ္စနှင့်ပတ်သက်၍ သဘောထားတစ်ခုသာရှိခဲ့သည်၊သူသည် စီးပွားရေးလုပ်ဆောင်ရာ၌ အရည်အချင်းရှိသောလူများကိုစုဝေးနိုင်ရန်အတွက် စကားလက်စ်၏လူများကို ကယ်တင်ရမည်ဖြစ်သည်။သို့သော်လည်း စကားလက်စ်၏လက်ရှိအခြေအနေက လုံးဝကွဲပြားခြားနားနေပြီး ယခုလိုဖြစ်လာဖို့ ရှောင်ယုမျှော်လင့်ထားခြင်းမရှိပေ။

ထို့ပြင် သူ၏စစ်ကူများကမရောက်သေးပေရာ စကားလက်စ်၏မိခင်နှင့်ညီမဖြစ်သူတို့ အကျဉ်းကျနေသည့်နေရာကိုသိထားသော်လည်း သူတို့အားကယ်တင်နိုင်မယ့်နည်းလမ်းမရှိပေ။

မတ်ဂ်မြို့သို့ရောက်ချိန်တွင် စကားလက်စ်၏မျက်လုံးများကနီရဲနေပြီး မျက်ရည်များစီးကျလာခဲ့သည်။ရှောင်ယုသည် စကားလက်စ်၏ပုခုံးကို အလျင်အမြန်ဆွဲကိုင်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ...ဘေဘီ"

ယခင်ကဆိုလျှင် လင်းမူရွယ်ကသူ့နံဘေး၌ရှိနေခဲ့မည်ဆိုလျှင်တောင်မှ ရှောင်ယုကထိုသို့ချိုမြိန်သောစကားများကို ပြောဆိုရန်အခက်အခဲရှိမည်ဖြစ်သည်။သို့သော်လည်း စကားလက်စ်၏ရှေ့တွင်မူ သူကထိုစကားများကိုပြောနေမိသည်။

ထိုအရာသည် ခိုင်မာသောဆက်ဆံရေးတစ်ခုရှိလျှင်တောင်မှ အနည်းငယ်ကွဲပြားသလိုခံစားရသည်။

"အမေနဲ့ညီမအတွက် တကယ်စိတ်ပူနေတယ်...ငါကဒီမှာပျော်ရွှင်နေတယ်ဆိုပေမဲ့ သူတို့ကတော့နာကျင်ခံစားနေရမယ်ဆိုတာ သေချာတယ်...ငါတကယ်အပြစ်ရှိသလိုခံစားရတယ်"

စကားလက်စ်သည် ရှောင်ယု၏ပုခုံးပေါ်မျက်နှာအပ်၍ ငိုရှိက်နေရင်း ပြောလိုက်သည်။

"အိုး...ဘေဘီ...မင်းရဲ့ခင်ပွန်းကဒီရောက်နေပြီလေ...မင်းကဘာတွေစိတ်ပူနေတာလဲ...သူတို့ငရဲမှာချုပ်နှောင်ခံထားရတယ်ဆိုရင်တောင်မှ မင်းရဲ့ခင်ပွန်းကသူတို့ကိုကယ်တင်နိုင်တယ်ဆိုတာ သိထားပါ...မင်းကခဏလောက်ပုန်းဖို့နေရာရှာထားသင့်တယ်...ငါကအခြေအနေတွေကိုမေးမြန်းဖို့ မြို့ထဲဝင်ရလိမ့်မယ်...လာမယ့်ရက်အနည်းငယ်အတွင်း သူတို့ကိုငါကယ်တင်ပေးပါမယ်...စိတ်မပူပါနဲ့"

ရှောင်ယုက သူ့ကိုယ်သူအနည်းငယ်အစွန်းရောက်နေသည်ဟု ခံစားမိသော်လည်း ၎င်းကိုပင်ကျေနပ်နေမိသည်။သေချာသည့်အရာမှာ သူချစ်ခင်နှစ်သက်သူများက သူ့အားအစွန်းရောက်အောင် လုပ်ဆောင်စေနိုင်ပေသည်။

ရှောင်ယု၏စကားကိုကြားချိန်တွင် စကားလက်စ်ကလေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ယုက ရထားလုံးပေါ်မှဆင်းလာခဲ့သည်။ထို့နောက်တွင် မည်သည့်မတော်တဆမှုမျိုးမှ မဖြစ်ပေါ်စေရန်အတွက် အီလီဒမ်ကိုသူနှင့်အတူခေါ်ဆောင်သွားကာ ကဲလ်သက်ကိုအစောင့်အဖြစ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ဤနေရာ၌ဆဌမအဆင့်ကျွမ်းကျင်သူ ထွက်ပေါ်လာခြင်းမရှိသရွေ့ ကဲလ်သက်တစ်ယောက်တည်းဖြင့် စစ်တပ်တစ်ခုအားဖြိုခွဲနိုင်သည်။

“အမေနဲ့ ညီမအတွက် စိတ်ပူတယ်… သူတို့ရှိတယ်လေ… ငါဒီမှာပျော်နေချိန်မှာ သူတို့က နာကျင်မှုတွေ အများကြီး ခံစားရမှာ သေချာတယ်။ အပြစ်ရှိတယ်လို့ ခံစားရတယ်…”

စကားလက်စ် သည် ရှောင်ယု ၏ ပုခုံးပေါ်၌ ငိုနေချိန်တွင် စကားပြောခဲ့သည်။

စကားလက်စ်သည် မူလကမြို့ထဲသို့လိုက်ချင်ခဲ့သော်လည်း ရှောင်ယုကပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။သူသည် သူ၏မိန်းမအား ဒဏ်ရာနည်းနည်းလေးတောင်မခံစားစေချင်ပေ။

ထို့ပြင်ယခုအချိန်၌ စကားလက်စ်သာ မြို့ထဲဝင်သွားခဲ့ပါက တစ်စုံတစ်ယောက်က သူမအားမှတ်မိသွားခဲ့လျှင် ဆိုးရွားသည့်အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ယောက်တည်းဆိုပါက သူလုပ်လိုသည်များကို အဆင်ပြေပြေလုပ်နိုင်ပေသည်။

ထို့ကြောင့် ရှောင်ယုသည် မြင်းစီးပြီး မောက်မာသောအမူအရာဖြင့် မြို့ထဲသို့ဝင်လာခဲ့သည်။အီလီဒမ်သည် ရှောင်ယု၏နံဘေးမှထပ်ကြပ်မကွာလိုက်ပါလာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ရှောင်ယုသည် မတ်ဂ်မြို့၏တံတိုင်းကြီးကိုတွေ့မြင်လိုက်ရသည်။ရှောင်ကျန်းထျန်သည် မတ်ဂ်မြို့အားနောက်ဆုံးအကြိမ် သိမ်းပိုက်ပြီးကတည်းက မြို့တော်ကိုအလုံးစုံပြန်လည်ပြုပြင်ခဲ့သည်။

ရှောင်ယုသည် တောင်ပေါ်၌တည်ဆောက်ထားသော မြို့ကိုသဘောကျစွာဖြင့် ကြည့်လိုက်မိသည်။ထိုတံတိုင်းသည် သူမြင်တွေ့ဖူးသမျှ မြို့တံတိုင်းများအနက် အမြင့်ဆုံးဖြစ်သည်။တောင်ဘီလူးတစ်ကောင်သည်ပင်လျှင် ဤမြို့တံတိုင်းကိုဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် မြို့တံတိုင်း၏ထိပ်၌ အမျိုးအစားစုံလင်သော လက်နက်ကြီးများ၊လောက်လွဲစင်ကြီးများနှင့် အခြားသောကိရိယာများလည်းရှိပေသည်။

ရှောင်ယုသည် ၎င်းတို့အားမမြင်ချင်ယောင်ဆောင်ကာ မြို့ထဲသို့တည့်တည့်ဝင်ရောက်သွားခဲ့သည်။မြို့အဝင်ဝ၌ ရှောင်ယုသည်တိုကင်တစ်ခုအားထုတ်ယူလိုက်သည်။အစောင့်သည် တိုကင်အားတစ်ချက်စစ်ဆေးကြည့်ပြီးနောက်တွင် ကြောက်ရွံ့မှုကြောင့်တုန်ခါသွားပြီး ရှောင်ယုအားလေးလေးစားစားဖြင့် ဦးညွတ်လိုက်သည်။

ဤသည်မှာ စကားလက်စ်က ရှောင်ယုအားပေးထားခဲ့သည့်အမှတ်သင်္ကေတဖြစ်သည်။ထိုအရာသည် မည်သည့်အရာဖြစ်ကြောင်းရှောင်ယုမသိသော်လည်း ကောင်းကောင်းအလုပ်ဖြစ်ပေသည်။

ရှောင်ယုမြို့ထဲဝင်ရောက်ချိန်တွင် မတ်ဂ်မြို့သည်အလွန်ချမ်းသာကြောင်း တွေ့ရှိခဲ့ရသည်။မတ်ဂ်မြို့သည် ယခင်ကသူရောက်ဖူးသည့် ဘန်ဂါဇီမြို့တော်ထက်လုံးဝမနိမ့်ကျသည့် ကုန်သွယ်ရေးမြို့တော်ကြီးဖြစ်သည်။

ရှောင်ယုသည် မြင်းကိုအေးအေးဆေးဆေးစီးကာ မြို့၏ဖွဲ့စည်းပုံအားနားလည်နိုင်စေရန်အတွက် လှည့်ပတ်၍ကြည့်ရှုလိုက်သည်။

သူ့စိတ်ထဲတွင် စကားလက်စ်၏အမေနှင့်ညီမအကြောင်းကို မည်သို့စုံစမ်းရမည်ကို အမြဲတွေးတောနေခဲ့သည်။သူသည် သူစိမ်းတစ်ယောက်ဖြစ်ပေရာ ထောင်သို့တိုက်ရိုက်သွား၍မရပေ။

ရှောင်ယုသည် ကိုယ်ယောင်ဖျောက်ကာ အကျဉ်းသားတစ်ယောက်အား လုပ်ကြံနိုင်သော်လည်း လူကယ်ရန်ကိစ္စသည်ကား ထိုမျှထိလွယ်ကူခြင်းမရှိပေ။

ရှောင်ယုအတွေးများနေချိန်တွင် မြင်းစီးစစ်သည်တစ်စုသည် လမ်းတစ်နေရာ၌ထွက်ပေါ်လာခဲ့သည်။ဦးဆောင်သူသည် အသက်၂၀အရွယ်လူငယ်တစ်ယောက်ဖြစ်ကာ သူ၏မျက်နှာ၌မောက်မာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ဤကဲ့သို့လူစည်ကားသော လမ်းမပေါ်၌ပင် သူသည်ဂရုမစိုက်သည့်အမူအရာဖြင့် မြင်းစီးနေခဲ့သည်။သူစီးသောမြင်းသည် ယွမ်မန်လွင်ပြင်၌သာတွေ့ရတတ်သော မြင်းကောင်းတစ်မျိုးဖြစ်သည့် လျန်ဇူမြင်းဖြစ်သည်။

လမ်းသွားလမ်းလာများသည် မြင်းစီးလာသည့်လူငယ်ကိုကြည့်ရင်း ချက်ချင်းပြန်၍ဆုတ်သွားကြသည်။အချို့သောစျေးသည်များသည် သူတို့၏ဆိုင်များကိုပင် ချက်ချင်းဖယ်ရှား၍ အမြုန်ဆုံးဆုတ်ခွာလာကြသည်။သိသာထင်ရှားစွာပင် ဤလူငယ်သည် လမ်းသွားလမ်းလာများအား အခါအားလျော်စွာမြင်းဖြင့်တက်နင်းတတ်ကြောင်း ဖော်ပြနေသည်။

ထိုလူငယ်လေးသည် သူသွားမည့်လမ်း၌ ရှောင်ယုကပိတ်ရပ်နေသည်ကိုမြင်သော် ကြာပွတ်ကိုဝှေ့ယမ်းလိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည်ရှောင်ယုနှင့်မီတာ၃၀အကွာသို့ ရောက်ရှိလာခဲ့သည်။

"သူကမျက်စိကန်းနေတာလား...ဒီသခင်လေးအတွက် လမ်းမဖယ်ပေးသေးဘူးလား"

လမ်းသွားလမ်းလာများက အချင်းချင်းစတင်ဆွေးနွေးကြတော့သည်။

ရှောင်ယုသည် လုံးဝမလှုပ်မရှားဖြစ်နေသည်ကိုမြင်သော် လူငယ်ကပို၍ပင်ဒေါသထွက်သွားခဲ့သည်။ထို့ကြောင့် သူ့လက်ထဲရှိကြာပွတ်ဖြင့် ရှောင်ယုအားပြင်းထန်စွာရိုက်နှက်လိုက်သည်။

သို့သော်လည်း သူ့လက်ထဲရှိကြာပွတ်သည် ရှောင်ယု၏မျက်နှာကိုမထိမှန်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ့ကိုယ်သူပြန်ရိုက်မိကာ လမ်းမပေါ်ရှိသစ်သားအဆောက်အဦးကို ဝင်တိုက်မိခဲ့သည်။

ထိုသစ်သားအဆောက်အဦးကလည်း ချက်ချင်းပြိုကျသွားကာ လူငယ်ကလည်းအပျက်အစီးပုံအောက် နစ်မြုပ်သွားခဲ့သည်။

"သခင်လေး...သခင်လေး"

လူငယ်နောက်သို့လိုက်လာသည့်အစောင့်များသည် ချက်ချင်းတုန်လှုပ်သွားကာ လူငယ်ကိုကယ်တင်ရန်ပြေးဝင်သွားကြသည်။

ရှောင်ယုသည် သူတို့သခင်လေးအားထိခိုက်နာကျင်စေသည်ကိုမြင်သော် အစောင့်များကချက်ချင်းဒေါသဖြစ်သွားခဲ့သည်။အစောင့်အချို့သည်ကား သူတို့၏မှော်ဓားများကိုဆွဲထုတ်ကာ ရှောင်ယုထံပြေးဝင်လာကြသည်။

ဖြစ်စဉ်အမှန်မှာ အီလီဒမ်ကလက်ဦးရယူတိုက်ခိုက်ခဲ့သည်။အီလီဒမ်သည် ပဥ္စမအဆင့်ကျွမ်းကျင်သူပီပီ အလွန်သွက်လက်မြန်ဆန်ပေသည်။ထို့ကြောင့် လူငယ်လေးကကြာပွတ်ကိုဝှေ့ယမ်းလိုက်ချိန်တွင် အီလီဒမ်ကလူငယ်လေး၏ပါးကို ရိုက်ချလိုက်ခြင်းဖြစ်သည်။

ထို့နောက်အီလီဒမ်သည် ရှောင်ယု၏အနားသို့ချက်ချင်းပြန်သွားခဲ့သည်။ထိုလူများသည် အီလီဒမ်ကမည်သို့လှုပ်ရှားသွားသည်ကို မမြင်တွေ့လိုက်ကြခြင်းဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် အီလီဒမ်သည် သူတို့၏သခင်လေးကိုဒဏ်ရာရစေခဲ့သောကြောင့် သူတို့သည်လည်းအလွယ်တကူအလျော့မပေးနိုင်ပေ။သူတို့သည် သခင်လေးဖြစ်သူအတွက် လက်စားချေပေးရမည်ဖြစ်သည်။ထို့ကြောင့် အစောင့်အချို့သည်မှော်လေးများကိုထုတ်ယူကာ အီလီဒမ်နှင့်ရှောင်ယုတို့အား စတင်ပစ်ခတ်ခဲ့ကြသည်။

ရှောင်ယုသည် ထိုမြှားများကိုလုံးဝမကြည့်သလို သူတို့ထံပြေးဝင်လာသည့်အစောင့်များကိုလည်း ဂရုမစိုက်ခဲ့ပေ။

မြှားများသည် ရှောင်ယုအားထိမှန်ခါနီးသည့်အချိန်တွင် အီလီဒမ်ကစတင်လှုပ်ရှားကာ ဓားကိုဝှေ့ယမ်းလိုက်သည်။အီလီဒမ်၏လက်ချက်ကြောင့် မျက်စိတစ်မှိတ်အတွင်း မှော်မြှားများကွဲထွက်သွားခဲ့သည်။

အီလီဒမ်၏လက်ချက်ကြောင့် အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက်လွှင့်ထွက်လာကြသည်။အစောင့်များသည် အညိုအမဲစွဲကာ အရိုက်မခံရမှီအချိန်ထိ လုံးဝတုံ့ပြန်ချိန်မရခဲ့ပေ။

အီလီဒမ်သည် သမင်အုပ်ထဲမှကျားတစ်ကောင်ကဲ့သို့ဖြစ်နေကာ အစောင့်များကတစ်ချက်လေးတောင် တောင့်ခံနိုင်ခြင်းမရှိခဲ့ပေ။

ယခုအခါတွင် အီလီဒမ်သည် သူ၏သန့်စင်သောရုပ်ပိုင်းဆိုင်ရာအားသာချက်ကို အားကိုးခဲ့ပြီး သူ၏ခွန်အားတစ်ဝက်ကိုပင်အသုံးမပြုခဲ့ပေ။အီလီဒမ်သည် ရှောင်ယု၏အမိန့်အရသူတို့အားမသတ်ခဲ့သော်လည်း သင်ခန်းစာပေးရုံသာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"အား...သူ...သူကအနည်းဆုံးစတုတ္ထအဆင့်ကျွမ်းကျင်သူပဲ...ဖြစ်ပျက်သမျှအရာအားလုံးကို အထက်လူကြီးတွေဆီမြန်မြန်သတင်းပို့"

အစောင့်များကအော်ဟစ်၍ ထွက်ပြေးသွားကြသည်။

ရှောင်ယုသည် ဤကိစ္စတစ်ခုလုံးအား လုံးဝဂရုမစိုက်ပေ။သူသည်မြင်းကိုဆက်စီးရင်း မြို့ကိုလှည့်ပတ်နေခဲ့သည်။ရှောင်ယုအားတွေ့မြင်သူတိုင်းသည် ရှောင်ယုကိုထိတ်လန့်စွာစိုက်ကြည့်နေသော်လည်း မည်သူမှမတားကြပေ။

အချိန်ခဏကြာပြီးနောက် ရှောင်ယုသည် စားသောက်ဆိုင်တစ်ခုအားတွေ့လိုက်ရသည်။ထို့ကြောင့်သူသည် မြင်းပေါ်မှဆင်းကာ ဆိုင်အတွင်းသို့ အေးအေးလူလူလမ်းလျှောက်ဝင်လာခဲ့သည်။

ရှောင်ယုသည် ရှောင်ပြေးခြင်းမရှိဘဲ စားသောက်ဆိုင်ထဲသို့ အေးအေးလူလူဝင်သွားပြီးနောက်တွင် လူတိုင်းကရှောင်ယုကိုအံ့သြတကြီးစိုက်ကြည့်နေကြသည်။

ရှောင်ယုသည် အပေါ်ထပ်သို့တက်လာပြီးနောက် စားသောက်ဆိုင်မှစားပွဲထိုးများက သူ့အားစူးစမ်းလိုစိတ်ဖြင့်ကြည့်နေကြသည်။ရှောင်ယု၏လမ်းလျှောက်ပုံနှင့် သူ့မျက်လုံးအတွင်းရှိမထီမဲ့မြင်အမူအရာကြောင့် ရှောင်ယုသည်သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူတို့သိထားကြသည်။

မကြာခဏဆိုသလို ဤသို့သောလူများသည်အလွန်ချမ်းသားကြသည့်အတွက် သူတို့ရန်စနိုင်ခြင်းမရှိပေ။သို့ဖြစ်ရာစားပွဲထိုးများသည် အလွန်ပင်ယဉ်ကျေးနေကြပြီး ရှောင်ယုအတွက်အကောင်းဆုံးသောအနေအထားကို ပြင်ဆင်ပေးခဲ့ကြသည်။

ရှောင်ယုကမူ ထူးခြားမှုမရှိစွာဖြင့်ခေါင်းညိတ်ပြလိုက်ကာ အမိန့်ပေးလိုက်သည်။

"ဒီသခင်လေးအတွက်...အကောင်းဆုံးဝိုင်နဲ့အစားအသောက်ကိုယူခဲ့"

ရှောင်ယုသည် စားသောက်ဆိုင်၌ရနိုင်သော အကောင်းဆုံးဝိုင်ကိုမှာယူလိုက်၍ ထိုစားပွဲထိုးများကအချိန်မဖြုန်းရဲတော့ပေ။

ရှောင်ယုသည် ဝိုင်ကိုအရသာခံ၍သောက်နေချိန်တွင် မကြာမှီမှာပဲ စစ်သားတစ်စုက စားသောက်ဆိုင်အားစတင်၍ ဝိုင်းရံထားလာကြသည်။

အခန်း ၄၇၃ - စောင့်ဆိုင်းခြင်း

စားသောက်ဆိုင်၏သူဌေးအပါအဝင် စားပွဲထိုးများအားလုံးသည် တုန်လှုပ်ခြောက်ခြားနေခဲ့ကာ ဘာဖြစ်နေမှန်းမသိကြပေ။

သို့သော်လည်း သူတို့၏ဆိုင်အားဝိုင်းထားသော စစ်သားများအကြောင်းကို ရှင်းရှင်းလင်းလင်းနားလည်ထားပေသည်။

ထိုတပ်သားများသည် မတ်ဂ်မြို့၏လက်ရွေးစင်မြင်းတပ်သားများဖြစ်ကြရုံသာမက အင်ပါယာတစ်ခုလုံး၏ ထိပ်တန်းလက်ရွေးစင်များဖြစ်ကြသည်။သူတို့သည် အဘယ်ကြောင့်ဤနေရာ၌ရှိနေရသနည်း။

စားသောက်ဆိုင်ပိုင်ရှင်က ထိုလက်ရွေးစင်တပ်သားများသည် သူ့ကြောင့်စားသောက်ဆိုင်ကို လာရောက်ဝန်းရံခြင်းမဖြစ်နိုင်ဟုတွေးမိလေသည်။သို့ဖြစ်ရာ ဤလူများကိုရန်စနိုင်သည့်တစ်စုံတစ်ယောက်သည် သူ၏စားသောက်ဆိုင်တွင်း၌ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုလူသည်မည်သူနည်း...

"ဗိုလ်ချုပ်ဘာရစ်...ဘာတွေဖြစ်နေတာလဲ"

အဆုံးသတ်တွင် ပိုင်ရှင်သည်စစ်သားများအကြားမှ သူနှင့်အသိအကျွမ်းဖြစ်နေသောဗိုလ်ချုပ်တစ်ယောက်ကို သတိထားမိလိုက်၍ သွားရောက်မေးမြန်းလိုက်သည်။

ဘာရစ်က ပိုင်ရှင်ဖြစ်သူအားတစ်ချက်ကြည့်၍ အဖြေပေးလိုက်သည်။

"ဘာမှတော့မဖြစ်ပါဘူး...ငတုံးတစ်ကောင်ကသခင့်ရဲ့သားကိုတိုက်ခိုက်ပြီးတော့ ဒဏ်ရာရစေခဲ့တယ်...ငါကသူတို့ကိုဖမ်းဆီးဖို့ရောက်လာတာပဲ"

ပိုင်ရှင်သည် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ သက်တောင့်သက်သာဖြစ်သွားခဲ့သည်။ဤပြဿနာသည် သူ့အားဦးတည်၍ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။

ပိုင်ရှင်သည် ဘာရစ်ကိုခေါင်းညိတ်ပြလိုက်ကာ အံ့သြသွားခဲ့သည်။မတ်ဂ်မြို့၌ ထိုလူအားမည်သူက သတ္တိရှိရှိရန်စဝံ့သနည်း။

စကားအနည်းငယ်ပြောပြီးနောက်တွင် ဘာရစ်သည်သူ၏လက်အောက်ငယ်သားများနှင့်အတူ စားသောက်ဆိုင်အတွင်းသို့ တိုက်ရိုက်ဝင်လာခဲ့သည်။ရှောင်ယုကမူ ဝိုင်ကိုအေးအေးဆေးဆေးသောက်နေပြီး ပြတင်းပေါက်၏အပြင်ဘက်ရှိရှုခင်းများကိုကြည့်နေကာ သူတို့အားအလေးအနက်မထားခဲ့ပေ။သို့သော်လည်း မကြာမှီဘာရစ်၏နှလုံးသားက တင်းမာလာခဲ့သည်။

အထူးသဖြင့်ရှောင်ယု၏နောက်တွင်ရှိနေသည့် အီလီဒမ်ကိုသတိထားမိလိုက်သည့်အခါတွင် သူ၏နှလုံးသားကပို၍ပင်တင်းကျပ်လာခဲ့သည်။ပထမတစ်ချက်ကြည့်လိုက်စဉ်ကပင် ရှောင်ယုသည်ရိုးရှင်းသောသာမန်လူတစ်ယောက်မဟုတ်ကြောင်း သူနားလည်လိုက်သည်။

ယခုလိုလက်ရွေးစင်တပ်သားများ၏ ဝိုင်းရံမှုအောက်တွင် အေးအေးဆေးဆေးနေနိုင်သူတစ်ယောက်သည် သာမန်လူတစ်ယောက်ဖြစ်စရာအကြောင်းမရှိပေ။ထို့ပြင် ရှောင်ယု၏နောက်၌ရပ်နေသာအီလီဒမ်သည် ပထမအကြိမ်သတိထားမိစဉ်ကပင် သူ့အားအလွန်အန္တာရာယ်များသည့် ခံစားချက်အားပေးစားနိုင်စွမ်းရှိပေသည်။ထိုလူ၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဘာရစ်ကိုယ်တိုင်ကလည်း ပဥ္စမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။သို့သော်လည်း သူသည်အလွန်ပင်စိတ်လှုပ်ရှားနေခဲ့ကာ အီလီဒမ်၏ရှေ့မှောက်တွင် တိုက်ခိုက်ရန်သတ္တိလုံးဝမရှိခဲ့ပေ။

အကယ်၍ အီလီဒမ်ကသာသူ့အားသတ်ဖြတ်လိုပါက တစ်မိနစ်လေးတောင် တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူခံစားမိပေသည်။

ဒီလူကဘယ်သူလဲ...မြို့စားရဲ့သားကိုတောင်ဒဏ်ရာရအောင်လုပ်ဝံ့တယ်ပေါ့

ဘာရစ်သည် သူ၏လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်ရာ တပ်သားများကသူတို့၏လက်နက်များကို အောက်ချထားလိုက်ကြသည်။

ဘာရစ်သည် ရှေ့သို့ခြေနှစ်လှမ်းတိုး၍မေးမြန်းလိုက်သည်။

"သခင်လေး...မင်းကဘယ်ကလာတာလဲ"

ဘာရစ်သည် ထူးချွန်သောစစ်သူကြီးတစ်ယောက်ဖြစ်ရုံသာမက အရာရှိတစ်ယောက်၏နည်းလမ်းကိုလည်း အလွန်ကျွမ်းကျင်ပေသည်။ထို့ကြောင့်သူသည် လက်ရှိအခြေအနေကိုကိုင်တွယ်ရာ၌ အလွန်ပင်ကျွမ်းကျင်လှပေသည်။

ယခုအချိန်တွင် သူသည် ရှောင်ယုအားခက်ခက်ခဲခဲချည်းကပ်မှုမျိုးမသုံးနိုင်ကြောင်း နားလည်ထားပေသည်။ထိုသို့မဟုတ်ပါက ဆိုးရွားသောအဖြစ်အပျက်မျိုးဖြစ်ပေါ်လာနိုင်ကာ သူ၏အနာဂတ်ကိုတောင်အန္တာရယ်ဖြစ်စေနိုင်ပေသည်။

ရှောင်ယုက ဘာရစ်ကိုမော့ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

"ငါကကောင်းကင်ခြင်္သေ့မင်းဆက်က ရောက်လာတာပဲ"

ရှောင်ယု၏စကားကိုကြားသောအခါ သူ၏ခန့်မှန်းချက်မှန်ကန်သွား၍ ဘာရစ်ကခေါင်းညိတ်မိလိုက်သည်။သူသည်ရှောင်ယု၏ဝတ်စားဆင်ယင်ပုံနှင့် ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး လန်းစ်အင်ပါယာမှလူမဟုတ်ကြောင်း ခန့်မှန်းမိပေသည်။

လန်းစ်အင်ပါယာ၌ မြို့တော်သခင်ဖြစ်သူ၏သားကို မည်သူမှထိခိုက်ဒဏ်ရာရစေရန် မလုပ်နိုင်ကြောင်းလူတိုင်းသိထားပေသည်။

ဘာရစ်သည် ငယ်စဉ်အခါက အိမ်နီးချင်းအင်ပါယာ၏အခြေအနေကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် ခရီးလှည့်လည်ထွက်ခွာခဲ့၍ ကောင်းကင်ခြင်္သေ့မင်းဆက်၏အခြေအနေကို နားလည်ထားပေသည်။

ကောင်းကင်ခြင်္သေ့မင်းဆက်၏ မိသားစုကြီးအချို့မှ သခင်လေးအချို့ကသာ လန်းစ်အင်ပါယာ၍မာနထောင်လွှားနိုင်ရန် အရည်အချင်းပြည့်မှီပေသည်။ထို့ပြင် သူသည်ယခင်ကထိုကဲ့သို့သောသခင်လေးများနှင့် ထိတွေ့ဆက်ဆံဖူးခြင်းမရှိခဲ့ပေ။

ထိုအချိန်က ဖြစ်ပွားခဲ့သောအင်ပါယာနှစ်ခုကြားစစ်ပွဲတွင် လန်းစ်အင်ပါယာကရှုံးနိမ့်၍ စစ်ပွဲပြီးဆုံးခဲ့သည်။ထိုသို့ရှုံးနိမ့်ရခြင်းမှာ ရှောင်ကျန်းထျန်၏အစွမ်းထက်သော စစ်ရေးစွမ်းဆောင်ရည်ကြောင့်ဖြစ်ကာ အခြားတစ်ဖက်တွင် ၎င်း၏နောက်၌ရပ်တည်ပေးနေသည့် မိသားစုကြီးများ၏စွမ်းအားကြောင့်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ရှောင်ယုသည်လန်းစ်အင်ပါယာ၏ ပိုင်နက်အတွင်းရှိနေသော်လည်း ဘာရစ်ကမထီမဲ့မြင်မပြုလုပ်ဝံ့ပေ။အကယ်၍ သူသာရှောင်ယုအားနာကျင်အောင်လုပ်ဆောင်မိခဲ့ပါက ထိုမိသားစုကြီးများ၏ဒေါသကို တောင့်ခံနိုင်အောင်ကြိုးစားရမည်ဖြစ်သည်။

ထို့ကြောင့် ရှောင်ယုသည်ကောင်းကင်ခြင်္သေ့မင်းဆက်မှဖြစ်ကြောင်း သိရှိပြီးနောက်တွင် ဘာရစ်သည်ပို၍ပင်လေးစားမှုကို ပြသလာခဲ့သည်။

"သခင်လေးက ကောင်းကင်ခြင်္သေ့မင်းဆက်ကရောက်လာတာပဲ...သခင်လေးကိုဘယ်လိုခေါ်ရမလဲမသိဘူး"

တပ်သားများစွာ၏ဝိုင်းရံမှုအောက်၌ပင် ရှောင်ယု၏လေသံ၌သြဇာအာဏာပြည့်ဝသည့် အမူအရာများပါဝင်လာခဲ့သည်။သို့ဖြစ်ရာ ဘာရစ်သည်နှိမ့်ချသောလေသံဖြင့် ရှောင်ယုအားပြောဆိုဆက်ဆံခဲ့လေသည်။

အမှန်တော့ ဤသို့ဖြစ်ရပ်မျိုးကမဆန်းလှပေ။တပ်သားများစွာကိုအုပ်ချုပ်ရသည့် ဗိုလ်ချုပ်များသည် အလွန်ပင်ဂုဏ်သိက္ခာကြီးမားပုံရသော်လည်း တကယ့်တကယ်တွင်မူ သူတို့သည်အဆင့်မြင့်အရာရှိတစ်ယောက်ကို စော်ကားမိခဲ့မည်ဆိုပါက သူတို့၏ရာထူးတာဝန်ကို စွန့်ခွာရမည်ဖြစ်သည်။

ရှောင်ယု တို့လိုလူများသည် ဧကရာဇ်နှင့်ဆုံတွေ့ခဲ့လျှင်တောင်မှ လေးစားမှုကိုပြသစရာမလိုပေ။ဤသည်မှာ သြဇာအာဏာ၏အစွမ်းသတ္တိဖြစ်သည်။

ထိုကဲ့သို့လူများသည် တရားဝင်နည်းလမ်းအတိုင်း မည်သည့်အခါမှမသွားခဲ့ပေ။သူတို့သည် သူတို့အလိုရှိသောအရာရာတိုင်းကို မည်သည့်နည်းလမ်းမဆိုအသုံးပြုကာ ရယူတတ်ကြသည်။အကယ်၍သင်သာ ထိုလူများနှင့်ပတ်သက်၍မေးခွန်းမေးစရာရှိခဲ့လျှင် သင်ဒုက္ခရောက်ရန်ပြင်ဆင်ထားရမည်ဖြစ်သည်။

"ငါ့မျိုးရိုးနာမည်က ရှောင်"

ရှောင်ယုသည် ဝိုင်သောက်မပျက်ဘဲ ဘာရစ်ကိုအဖြေပြန်ပေးလိုက်သည်။လက်ရှိအချိန်တွင် သူသာယုံကြည်မှုပိုမိုမြင့်မားလေလေ ပိုမိုကောင်းမွန်သည့်အခြေအနေသို့ရောက်ရှိလေလေဖြစ်ကြောင်း ရှောင်ယုနားလည်ထားပေသည်။

"အိုး...အဲ့ဒါဆိုရင်သခင်လေးရှောင်ပေါ့..."

ဘာရစ်သည် မျိုးရိုးအမည်ရှောင်ရှိသော မိသားစုကြီးများအကြောင်းကိုတွေးတောနေမိသည်။

"သူဘယ်မှာလဲ...ဒီဖေဖေကအဲ့ကောင်ကိုအရေခွံမဆုတ်ရရင် ငါ့နာမည်ဒီရွန်မဟုတ်တော့ဘူး"

ထိုအသံကိုလူတိုင်းကြားချိန်တွင် အသံပိုင်ရှင်မည်သူဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်ကြသည်။

ဘာရစ်ကချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။ဤအသံပိုင်ရှင်သည် အပျော်အပါးလိုက်စားသော ပျက်စီးနေသည့်လူငယ်သခင်လေးဟုကျော်ကြားသည့် သခင်လေးဒီရွန်မှလွဲ၍ အခြားသူမဟုတ်ပေ။သူသည် ထိုကောင်လေးကိုရှောင်ယုနှင့်ပေးမတွေ့လိုခဲ့ပေ။

သို့သော်လည်း သူသည်ထိုလူအား တားဆီးနိုင်စွမ်းမရှိသောကြောင့် ဒီရွန်ကသာရှောင်ယုနှင့်ပြဿနာတက်ခဲ့ပါက သူသာဒုက္ခရောက်သွားမှာသေချာနေသည်။ဤနေ့သည် ဘာရစ်အတွက်အမှန်ပင်ကံဆိုးသောနေ့ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အီလီဒမ်၏ပါးရိုက်ခံလိုက်ရသော လူငယ်လေးသည် ခြေသံပြင်းပြင်းဖြင့် လှေကားထစ်ပေါ်တက်လာခဲ့သည်။

ဤမျှကြီးမားသည့်ဆုံးရှုံးမှုကို သူ့ဘဝတွင်ပထမဆုံးအကြိမ်ခံစားရခြင်းဖြစ်ရာ ဒီရွန်သည်အကြီးအကျယ်ဒေါသထွက်နေခဲ့သည်။

"ဘာရစ်...မင်းဘာလုပ်နေတာလဲ...အဲ့ကောင်ကိုမြန်မြန်ဖမ်း"

ဒီရွန်သည် ဘာရစ်ကိုကြည့်၍ ဟိန်းဟောက်လိုက်သည်။

ဘာရစ်သည် ဒီရွန်၏အနားသို့ လျင်မြန်စွာတိုးကပ်သွားခဲ့ကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"သခင်လေးဒီရွန်...ဒီလူတွေကအရမ်းကိုအန္တာရယ်များလွန်းတယ်...ငါတို့တပ်သားတွေကသူတို့ကိုမထိန်းချုပ်နိုင်မှာကို ငါတကယ်စိုးရိမ်မိတယ်...စွမ်းအားကြီးတဲ့ကျွမ်းကျင်သူအချို့ကို ငါထပ်ပြီးအကူအညီတောင်းရလိမ့်မယ်...သခင်လေးကဒီနေရာကနေအမြန်ဆုံးထွက်သွားပါ...မဟုတ်ရင်တစ်ဖက်လူကမင်းကိုထိခိုက်ဖို့ကြိုးစားလာတဲ့အခါ ဒီလက်အောက်ငယ်သားကမင်းကိုကာကွယ်နိုင်မှာမဟုတ်ဘူး"

အခန်း ၄၇၄ - ပူးပေါင်းဆောင်ရွက်မှု

ဒီရွန်သည် ဘာရစ်၏စကားကိုနားထောင်ပြီး တုန်လှုပ်သွားခဲ့သည်။

အီလီဒမ်ထံတွင် ပါးရိုက်ခံရပြီးနောက်တွင် သူ့ထံ၌အကြောက်တရားကြီးစိုးနေဆဲဖြစ်သည်။ယခုမှပဲ သူသည်အန္တာရယ်များသည့် အခြေအနေ၌ကျရောက်နေဆဲဖြစ်ကြောင်း သိရှိနားလည်လိုက်သည်။

ဒီရွန်သည် ရှောင်ယု၏နောက်တွင်ရပ်နေသော အီလီဒမ်ကိုကြည့်ရင်း မသိစိတ်ကနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာမိလိုက်သည်။

"သခင်လေးဒီရွန်ကို ဒီနေရာကခေါ်သွားလိုက်"

ဘာရစ်သည် အစောင့်တစ်ဖွဲ့အားအမိန့်ပေးကာ ဒီရွန်အားခေါ်ထုတ်သွားစေခဲ့သည်။အမှန်တော့ အီလီဒမ်ကသာ ဒီရွန်အားသတ်ဖြတ်လိုသည်ဆိုပါက ဤအစောင့်များသည်ပင် သူ့အားမတားဆီးနိုင်ကြောင်း ဘာရစ်ကောင်းကောင်းနားလည်ပေသည်။

အီလီဒမ်သည် ဆဌမအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သူယူဆမိပေသည်။ထိုသို့မဟုတ်ပါက သူ၏ပဥ္စမအဆင့်ခွန်အားဖြင့်ပင် အီလီဒမ်ထံမှ အန္တာရယ်အငွေ့အသက်အားခံစားမိမှာမဟုတ်ပေ။

ဒီရွန်သည် တစ်ချက်အော်ဟစ်ကာ ထွက်ခွာတော့မည့်အချိန်တွင် အနက်ရောင်ဝတ်ရုံအောက်မှအီလီဒမ်သည် သူ့အားရုတ်တရက်စိုက်ကြည့်လိုက်သည်ကို သတိထားမိလိုက်သည်။အီလီဒမ်၏အကြည့်ကြောင့် ဒီရွန်သည်ရုတ်တရက်တုန်လှုပ်သွားခဲ့ကာ အောက်ထပ်သို့ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။

ဒီရွန်ကိုနှင်ထုတ်လိုက်ပြီးနောက် ဘာရစ်သည်သက်ပြင်းတစ်ချက်ချလိုက်ကာ ရှောင်ယုအနားသို့တိုးကပ်သွားခဲ့သည်။

"သခင်လေးရှောင်က မတ်ဂ်မြို့ကိုရောက်လာတာ ကိစ္စတစ်ခုခုရှိလို့လား"

ယခုအခါတွင် ဘာရစ်သည်ရှောင်ယုက ဤနေရာသို့ရောက်လာရသည့် ရည်ရွယ်ချက်အားစဉ်းစားနေခဲ့သည်။ရှောင်ယုကဲ့သို့လူတစ်ယောက်သည် အပျော်သဘောသက်သက်ဖြင့် ယခုလိုလျှောက်သွားနေမည်မဟုတ်ပေ။သူသည်ဤနေရာသို့ အကြံအစည်တစ်ခုကြောင့် ရောက်လာရခြင်းဖြစ်သည်။

"ဒါကထွေထွေထူးထူးတော့မဟုတ်ဘူး...ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ ရှရှန်းနဲ့ကြီးကြီးမားမားကိစ္စတစ်ခုအကြောင်း ဆွေးနွေးဖို့ရောက်လာခဲ့တာပဲ...ငါကသူ့ကိုဒီမှာစောင့်နေမယ်လို့ ကြိုပြီးသတင်းပို့ထားတယ်"

"ဘာလဲ..."

ရှောင်ယု၏စကားကိုကြားသောအခါ ဘာရစ်သည်ချက်ချင်းဆိုသလိုထိတ်လန့်သွားခဲ့သည်။

"ဒါ...သခင်လေးကဘယ်လိုကိစ္စရှိလို့လဲ"

ဘာရစ်က အစမ်းသဘောဖြင့်မေးမြန်းလိုက်သည်။

ရှောင်ယုက ဝိုင်သောက်ရင်းတိုးတိုးလေးပြောလိုက်သည်။

"ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အမြတ်အစွန်းကိုတစ်နှစ်အတွင်း နှစ်ဆဖြစ်လာစေဖို့အတွက် လုပ်ဆောင်ရုံလေးပါဘဲ"

"နှစ်ဆ...တကယ်ကြီးလား"

ဘာရစ်က အံ့သြတကြီးရေရွတ်လိုက်သည်။

ရှောင်ယုသည် ဂရုမစိုက်သောအမူအရာဖြင့် ဝိုင်ကိုအရသာခံသောက်သုံးနေဆဲဖြစ်သည်။ဘာရစ်သည် ဤကိစ္စအား အထက်သို့အမြန်ဆုံးသတင်းပြန်ပို့ခဲ့သည်။သူသည် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏အခြေအနေကို အဘယ်ကြောင့်မသိရမည်နည်း။

ရှရှန်းသည် စကားလက်စ်၏ညာလက်ရုံးမှလွဲ၍ အခြားသူမဟုတ်သော်လည်း ယခုအခါတွင်မင်းသားမီရန်ဒါ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

ရှောင်ယုသည် ကြီးမားသောစီးပွားရေးလုပ်ငန်းတစ်ခုအကြောင်းကို ပြောပြရန်အတွက် ရှရှန်းကိုရှာဖွေရန်ဤနေရာသို့ရောက်လာခဲ့သည်။ထိုအရာသည် မင်းသားမီရန်ဒါ၏အကျိုးစီးပွားနှင့် သက်ဆိုင်သောကိစ္စဖြစ်၍ ဘာရစ်တစ်ယောက်လျစ်လျူမရှုဝံ့ပေ။

ယခုအခါ ရှရှန်းသည်အကျဉ်းချခံထားရပြီး ကုန်သည်အဖွဲ့၏ကိစ္စအလုံးစုံကို မီရန်ဒါမှစီမံခန့်ခွဲလျက်ရှိသည်။သူသည် ဤသတင်းကိုမင်းသားမီရန်ဒါအား အသိပေးခဲ့လျှင် မင်းသားမီရန်ဒါ၏အကျိုးစီးပွားကို ကြီးကြီးမားမားတိုးတက်စေရုံသာမက သူ၏အခက်အခဲကိုလည်းဖြေရှင်းပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် ဘာရစ်သည်ဤအကြောင်းကို မင်းသားမီရန်ဒါထံအမြန်ဆုံးအကြောင်းကြားရန်အတွက် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်။

ရှောင်ယုသည်ကား စားသောက်ဆိုင်၌သာဆက်လက်၍ အနားယူနေခဲ့သည်။

တစ်နာရီခန့်အကြာတွင် စားသောက်ဆိုင်အပြင်မှနေ၍ ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့ပြီး ဧရာမငွေရောင်ဇိမ်ခံရထားလုံးကြီးတစ်စီးက စားသောက်ဆိုင်ရှေ့သို့ရောက်ရှိလာခဲ့သည်။

ရှောင်ယုကမျက်တောင်တစ်ချက်မခတ်ဘဲ စားသောက်ဆိုင်မှလူများ၏ သီဆိုကခုန်ခြင်းကို နှစ်သက်စွာခံစားကြည့်ရှုနေခဲ့သည်။သိပ်မကြာခင်မှာဘဲ တရုတ်ရိုးရာဝတ်စုံနှင့်တူသောဝတ်စုံအား ဝတ်ဆင်ထားသည့် ချောမောခန့်ညားသည့်လူတစ်ယောက်သည် လှေကားမှတဆင့် အပေါ်ထပ်သို့တဖြေးဖြေးတက်လာခဲ့သည်။

ရှောင်ယုကမူ ဖျော်ဖြေမှု၌သာ ဆက်လက်အာရုံစိုက်နေဆဲဖြစ်ကာ အခြားသောကိစ္စများကိုဂရုမစိုက်ခဲ့ပေ။လူငယ်ကလည်း စိတ်ရှုပ်ပုံမရဘဲ ပြုံးမြဲပြုံးနေခဲ့သည်။သူသည် ရှောင်ယု၏စားပွဲဆီသို့ ဖြေးညင်းစွာလျှောက်လာပြီး ထိုင်ချလိုက်သည်။

"သခင်လေးရှောင်က တကယ့်ကိုအံ့သြစရာကောင်းတာပဲ"

ရှောင်ယုသည် လူငယ်ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

"မင်းကဘယ်သူလဲ"

လူငယ်က ရှောင်ယုအားပြုံးပြ၍ပြောလိုက်သည်။

"ငါက လန်းစ်အင်ပါယာရဲ့ အဌမမြောက်မင်းသားမီရန်ဒါ"

"အိုး...ဒီလိုဆိုတော့ မင်းသားမီရန်ဒါကိုယ်တိုင်ရောက်လာတာပဲ"

မီရန်ဒါ၏စကားကိုကြားသောအခါ ရှောင်ယုကအံ့သြဟန်ဆောင်လိုက်သည်။အမှန်တော့ မင်းသားမီရန်ဒါရောက်လာမည်ကို ရှောင်ယုကကြိုသိနေခဲ့သည်။

ယခင်မန်နေဂျာဖြစ်သူ ရှရှန်းဖမ်းဆီးခံထားရပြီးနောက်တွင် ယခုအခါတွင် မင်းသားမီရန်ဒါကိုယ်တိုင်က ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ မန်နေဂျာအဖြစ်လုပ်ဆောင်လျက်ရှိသည်။သို့ဖြစ်ရာ မင်းသားမီရန်ဒါသည် ဤသို့ကြီးမားလှသည့်ဖောက်သည်ကြီးတစ်ယောက်အား လက်လွှတ်ခံရန်မဖြစ်နိုင်ပေ။

မင်းသားမီရန်ဒါသည် ရိုးရှင်းသောလူတစ်ယောက်မဟုတ်ပေ။သူသည် ကြီးမားသောရည်မှန်းချက်နှင့်ပူးပေါင်းကြံစည်တတ်သူဖြစ်သည်။ထိုကဲ့သို့သောလူတစ်ယောက်သည် မိမိ၏အာဏာကိုတည့်တံ့စေရန်အတွက် မည်သည့်အခွင့်အရေးကိုမှလက်လွှတ်ခံမည့်သူမဟုတ်ပေ။

ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကို သူဝါးမြိုရသည့်အဓိကအကြောင်းရင်းမှာ သူ၏စွမ်းအားကိုတိုးမြင့်လာစေရန်ဖြစ်သည်။ထို့ကြောင့် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့သည် သူတည်ထောင်မယ့်အနာဂတ်အင်ပါယာ၏ အရေးကြီးသောအခြေခံအုတ်မြစ်ဖြစ်သည်။

ယခုအခါတွင် ရှောင်ယုသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ မိသားစုကြီးတစ်ခုမှဆင်းသက်လာသူဖြစ်ပေရာ သူလက်လွှတ်မခံနိုင်သည့် ဖောက်သည်တစ်ယောက်ဖြစ်ပေသည်။

"သခင်လေးရှောင်က ကောင်းကင်ခြင်္သေ့မင်းဆက်ကနေဆင်းသက်လာတယ်လို့ ငါသိထားတယ်"

မင်းသားမီရန်ဒါက ပြုံး၍ပြောလိုက်သည်။

ရှောင်ယုကခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့က မန်နေဂျာရှရှန်းနဲ့တွေ့ဆုံဖို့ မတ်ဂ်မြို့ကိုရောက်လာခဲ့တာပဲ...သူနဲ့အတူလုပ်ငန်းအကြီးကြီးတစ်ခုလုပ်ဖို့သဘောတူထားတယ်"

မီရန်ဒါသည် ဝိုင်တစ်ခွက်ကို သူ၏ပါးစပ်ထဲသို့ဖြေးညင်းစွာလောင်းထည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"သခင်လေးရှောင်မသိသေးဘူးထင်တယ်...ခုရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကို မန်နေဂျာရှရှန်းကစီမံခန့်ခွဲတာမျိုးမလုပ်တော့ဘူး"

"အိုး...အဲလိုမျိုးဖြစ်သွားတာလား"

ရှောင်ယုကအလွန်အံ့သြဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။

"နှမြောစရာပဲ...အရင်ကတော့ရှရှန်းက ကောင်းကင်ခြင်္သေ့မင်းဆက်မှာ ကုန်သည်အဖွဲ့အတွက်အဖွဲ့ခွဲတစ်ခုတည်ထောင်ဖို့ သူ့ကိုကူညီပေးဖို့တောင်းဆိုခဲ့တယ်...ခုတော့အဲ့ဒါကမဖြစ်နိုင်တော့ဘူးထင်တယ်"

"အိုး...သခင်လေးရှောင်နဲ့မန်နေဂျာရှရှန်းတို့က အဲလိုသဘောတူညီချက်တစ်ခုကိုလုပ်ဆောင်ခဲ့တာလား...ခုဆိုရင် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ကို ငါ့ရဲ့လက်ထောက်ကစီမံခန့်ခွဲနေတယ်...တကယ်လို့သခင်လေးရှောင်သာငါနဲ့စီးပွားရေးဆက်လုပ်ဖို့ဆန္ဒရှိတယ်ဆိုရင် အဲ့ဒီအကြောင်းကိုငါနဲ့သေချာဆွေးနွေးပေးလို့ရမလား"

မီရန်ဒါ၏အမြင်တွင် ရှရှန်းသည် ကောင်းကင်ခြင်္သေ့မင်းဆက်၌ အဖွဲ့ခွဲတစ်ခုဖွင့်လှစ်ရန်အတွက် ရှောင်ယုအားအကူအညီတောင်းခဲ့ဟန်ရသည်။သဘာဝကျစွာပင် စကားလက်စ်သည်လည်း ကောင်းကင်ခြင်္သေ့မင်းဆက်သို့ရှောင်တိမ်းလိုကြောင်း သွယ်ဝိုက်ဖော်ပြထားခဲ့သည်။ထိုကဲ့သို့အခြေအနေမျိုးတွင် သူ၏စကား၌အမှားအယွင်းမပါရှိပေ။

မီရန်ဒါသည် ရှောင်ယုနှင့်စီးပွားရေးအတူတွဲလုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။အထူးသဖြင့် ရှောင်ယုက ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏အမြတ်အစွန်းအား နှစ်ဆတိုးပေးနိုင်သည်ဟုပြောလာချိန်တွင် သူကရှောင်ယုအားလက်လွှတ်မခံနိုင်တော့ပေ။

ရှောင်ယုကရုတ်တရက်မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒီမှာလူတွေအများကြီးပဲ...စကားပြောလို့အဆင်ပြေမယ့်နေရာမရှိဘူးလား"

ရှောင်ယု၏စကားကိုကြားလိုက်ရချိန်တွင် မီရန်ဒါသည် ချက်ချင်းလက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့လူများကိုထွက်သွားရန် အချက်ပြလိုက်သည်။ထိုအခါ ဘာရစ်နှင့်သူ၏တပ်သားများက ချက်ချင်းပြန်လည်ဆုတ်ခွာသွားခဲ့သည်။

သို့သော်လည်း မီရန်ဒါ၏နံဘေးတွင် လူနှစ်ယောက်ကကျောက်ဆောင်သဖွယ် ကျန်ရစ်ခဲ့သည်။ထိုလူနှစ်ယောက်တွင် တစ်ယောက်ကအရပ်မြင့်မြင့်ဖြင့် မျောက်လိုမျက်နှာထားရှိကာ ကျန်တစ်ယောက်မှာ ပိန်ပိန်ပါးပါးအသွင်အပြင်ဖြင့် အုံ့မှိုင်းသောမျက်နှာအမူအရာကို ပိုင်ဆိုင်ထားပေသည်။

သိသာသည်မှာ ထိုလူနှစ်ယောက်လုံးသည် မြင့်မားသောအဆင့်၌ရှိသည့် ကျွမ်းကျင်သူများဖြစ်ကြပြီး မီရန်ဒါ၏ဘေးကင်းမှုကို အာမခံနိုင်ပေသည်။ရှောင်ယု၏အနီးတဝိုက်တွင် အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်ရှိနေပေရာ မီရန်ဒါ၏ပတ်ဝန်းကျင်၌အစောင့်များမရှိပါက သူ၏အသက်အန္တာရယ်လုံခြုံမှုအား အာမမခံနိုင်ပေ။

All Chapters