အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း ၄၇၅ - သဘောတူညီချက်ရယူခြင်း
ရှောင်ယုက ထိုလူနှစ်ယောက်ကိုဂရုမစိုက်ပေ။
သူသည်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စကားစလိုက်သည်။
"ဒီမှာအခြားလူမရှိတော့ဘူးဆိုတော့ ငါ့ရဲ့ရိုးသားမှုကိုပြသဖို့အတွက် ငါ့ရဲ့အထောက်အထားအမှန်ကို ဆက်ပြီးတော့ဖုံးကွယ်ထားစရာမလိုတော့ဘူး...ဒါပေမဲ့မင်းသားမီရန်ဒါ သိပ်ပြီးအံ့သြမသွားဖို့မျှော်လင့်ပါတယ်"
မီရန်ဒါကပြုံးပြီး ပြောလိုက်သည်။
"သခင်လေးရဲ့ အထောက်အထားအမှန်ကိုသိရဖို့အတွက် ငါတကယ်စိတ်အားထက်သန်နေတယ်"
ရှောင်ယုက စကားအပိုမပြောတော့ပေ။သူသည် သူ၏လက်ကိုဝှေ့ယမ်းကာ သိုလှောင်လက်စွပ်အတွင်းမှနေ၍ တိုက်ပွဲအလံအားထုတ်ယူလိုက်သည်။ထို့နောက်သူသည် တိုက်ပွဲအလံအား မင်းသားမီရန်ဒါထံပစ်ချပေးလိုက်သည်။
"မင်းသားမီရန်ဒါ...ဒီတိုက်ပွဲအလံကိုမြင်ဖူးလား"
မီရန်ဒါသည် တိုက်ပွဲအလံအား လှမ်း၍ဖမ်းယူလိုက်သည်။သူသည် ရှောင်ယု၏လုပ်ရပ်ကိုတွေ့တွေ့ချင်းတွင် နားမလည်နိုင်ဖြစ်သွားခဲ့သော်လည်း တိုက်ပွဲအလံအားတွေ့မြင်ချိန်တွင် တုန်လှုပ်သွားခဲ့ရသည်။
"ခြင်္သေ့ဘုရင် တိုက်ပွဲအလံ"
ယခုတစ်ကြိမ်တွင် မီရန်ဒါသည် အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤတိုက်ပွဲအလံသည် ရှောင်ကျန်းထျန်၏ထူးခြားသော ကိုယ်ပိုင်သင်္ကေတဟုဆိုလျှင် မမှားနိုင်ပေ။ရှောင်ယုသည် သူ၏အထောက်အထားကိုဖော်ပြရန်အတွက် ဤတိုက်ပွဲအလံကိုထုတ်ယူလိုက်ခြင်းဖြစ်သည်။
"မင်း...မင်းကရှောင်ကျန်းထျန်ရဲ့အဆက်အနွယ်လား"
မီရန်ဒါသည် ရှောင်ယုအားထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။ရှောင်ယုသည် အခြားလူများကိုထွက်သွားစေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ရှောင်ယုသာ ရှောင်ကျန်းထျန်၏အမျိုးအနွယ်ဖြစ်ကြောင်း အခြားလူများသိရှိသွားပါက ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်ပေသည်။
သို့သော်လည်း မီရန်ဒါသည်အစောပိုင်း၌ ထိတ်လန့်နေသော်လည်း ချက်ချင်းပင်စိတ်သက်သာရာရကာ ပြုံးလိုက်မိသည်။
"သခင်လေးရှောင်က ဗိုလ်ချုပ်ကြီးရှောင်ကျန်းထျန်က ဆင်းသက်လာတဲ့သူတစ်ယောက်ပဲ"
ရှောင်ယုက ပေါ့ပေါ့ပါးပါးသာပြုံးပြလိုက်သည်။
"မင်းသားမီရန်ဒါက စာချုပ်ချုပ်ချင်နေသေးတာလား...မင်းသားကသာတကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ ငါတို့အတူတူပူးပေါင်းပြီး ကံကြမ္မာတစ်ခုကို အတူတူဖန်တီးနိုင်မယ်လို့ ငါယုံကြည်တယ်"
မီရန်ဒါက သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။
"ဟုတ်တယ်...ဒါကနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အရာပဲ...အဲ့ဒါဆိုရင် သခင်လေးရှောင်ကသဘောတူညီချက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြောပြပေးနိုင်မလား"
ရှောင်ယုက ဝိုင်ခွက်ကိုမော့ချလိုက်ကာ ညင်သာစွာပြောလိုက်သည်။
"ငါတို့က နှစ်ဖက်လုံးရဲ့အရင်းအမြစ်တွေကို အသုံးပြုရမှာဖြစ်တယ်...ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အားသာချက်က လန်းစ်အင်ပါယာမှာ ကြီးမားတဲ့ကုန်သည်မှုကွန်ရက်တစ်ခုရှိတယ်...အဲ့ဒီကွန်ရက်ကြောင့်ပဲ လန်းစ်အင်ပါယာက ထူးခြားတဲ့ကုန်ပစ္စည်းတွေကို စျေးနှုန်းချိုချိုသာသာနဲ့စုဆောင်းနိုင်ပြီးတော့ အဲ့ဒီကုန်ပစ္စည်းတွေကိုပဲ ကောင်းကင်ခြင်္သေ့မင်းဆက်မှာ စျေးနှုန်းအမြင့်ကြီးနဲ့ပြန်ရောင်းနိုင်တယ်"
"ဒါဆိုရင် သဘောတူညီချက်လုပ်ကြတာပေါ့"
ဤအချိန်သည် ကုန်သည်အဖွဲ့အားချဲ့ထွင်ရန် အချိန်ကောင်းဖြစ်သည်ဟု မီရန်ဒါကခံစားမိပေသည်။အကယ်၍ ရှောင်ယုနှင့်သာသဘောတူညီချက်ကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက နောက်ထပ်နှစ်အနည်းငယ်အတွင်း သူသည်ကြီးမားသည့်စည်းစိမ်ဥစ္စာကို ရရှိလာမည်ဖြစ်သည်။ဤနည်းအားဖြင့်သူ၏စွမ်းအားသည် အဆမတန်ကြီးထွားလာမည်ဖြစ်သည်။
ရှောင်ယုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိနိုင်သည်၊တစ်ဖက်တွင် ခိုင်မာသည့်မဟာမိတ်ကိုရရှိမှာဖြစ်သလို အခြားတစ်ဖက်၌လည်း သူ၏စွမ်းအားသည်အဆက်မပြတ်တိုးတက်လာမည်ဖြစ်သည်။
ထိုအရာသည် ကောင်းမွန်သည့်သဘောတူညီချက်တစ်ခုဖြစ်သလို ရေရှည်ဗျူဟာအတွက်လည်း မှန်ကန်သည့်လမ်းကြောင်းဖြစ်ပေသည်။
"ဒါပေမဲ့ ငါကမန်နေဂျာရှရှန်းနဲ့ပဲ အဆက်အသွယ်အများကြီးလုပ်ထားတာဆိုတော့ သူ့ကိုပိုပြီးတော့ယုံကြည်တယ်...မင်းသားမီရန်ဒါကကော သူ့လိုအားကိုးလို့ရမလားမသိဘူး"
ရှောင်ယုက မီရန်ဒါအားမျက်စောင်းထိုးပြရင်း ရုတ်တရက်ပြောလိုက်သည်။
ရှောင်ယု၏ရည်ရွယ်ချက်မှာ ရှရှန်း၏အခြေအနေကို ပိုမိုသိရှိနားလည်လာစေရန်ဖြစ်ပြီး ဤစကားဝိုင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်အစစ်အမှန်လည်းဖြစ်ပေသည်။
မီရန်ဒါကရယ်မော၍ပြောလိုက်သည်။
"သခင်လေးရှောင်က အရမ်းကိုစိုးရိမ်စိတ်ကြီးမားလွန်းနေတာပဲ...သခင်လေးရှောင်ကလန်းစ်အင်ပါယာနဲ့ ငါ့အကြောင်းကိုပိုပြီးတော့လေ့လာသင့်တယ်"
ရှောင်ယုကခေါင်းညိတ်ပြီးပြောလိုက်သည်။
"တကယ်ဆို ဒီကိုလာနေတဲ့အချိန်အတောအတွင်း ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့မှာ အတွင်းပိုင်းပြဿနာတွေကြုံတွေ့နရတယ်ဆိုတဲ့ ကောလဟာလတစ်ခုကိုကြားခဲ့ရတယ်...အဲ့ဒါအမှန်ပဲလား မင်းသားမီရန်ဒါ..."
ရှောင်ယုက ထိုသို့ပြောလာသည့်အခါတွင် မီရန်ဒါ၏မျက်လုံးများသည် အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသော်လည်း ထိတ်လန့်မသွားခဲ့ပေ။
"သခင်လေးရှောင်ပြောခဲ့သလိုပဲ အရင်ကရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့မှာ ပြဿနာအချို့တော့ရှိခဲ့ပါတယ်...ဒါပေမဲ့ခုချိန်မှာတော့အဲ့ပြဿနာက လုံးဝပြေလည်သွားခဲ့ပါပြီ...ဒါ့အပြင် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ အလုံးစုံစွမ်းအားဟာလည်း အရင်ကထက်စာရင်ပိုပြီးတော့အားကောင်းလာပါပြီ...သခင်လေးရှောင်စိတ်ချထားလို့ရပါတယ်"
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
"အဲ့ဒါဆိုရင် မန်နေဂျာရှရှန်းကမသေသေးပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့တာလား"
မီရန်ဒါက ချက်ချင်းရယ်မောပြောဆိုလိုက်သည်။
"သခင်လေးရှောင်ရဲ့ထောက်လှမ်းရေးကွန်ရက်က တကယ်ကိုအားကောင်းပါတယ်...ဒါကြောင့်ဒီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြန်မြန်ဆန်ဆန်သိနိုင်တာပဲ"
ရှောင်ယုက မတုန်မလှုပ်လေသံဖြင့်ပြောလိုက်သည်။
"တကယ်လို့ငါ့မှာသာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူးဆိုရင် စီးပွားရေးလုပ်ဖို့အတွက် လန်းစ်အင်ပါယာကို ငါဘယ်လိုသတ္တိမျိုးနဲ့ရောက်လာရမှာလဲ"
မီရန်ဒါက ရှောင်ယုအားကြည့်၍ပြုံးပြလိုက်သည်။
"သခင်လေးက မန်နေဂျာရှရှန်းကိုကယ်ချင်တာလား"
ရှောင်ယုကခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး...အဲလောက်ထိလုပ်စရာမလိုပါဘူး...ငါနဲ့သူနဲ့ဆက်ဆံရေးကောင်းမွန်တယ်ဆိုပေမဲ့ မင်းသားမီရန်ဒါနဲ့ရန်ဘက်ပြုတဲ့အဆင့်ထိတော့ မရောက်စေချင်ဘူး...တကယ်တော့မင်းသားကိုယ်တိုင်က အလားအလာကောင်းတဲ့လက်တွဲဖော်တစ်ယောက်ပါ"
"ဟားဟား...သခင်လေးရှောင်က တကယ့်ကိုလူတွေကြားကနဂါးတစ်ကောင်ပဲ"
ရှောင်ယု၏စကားများသည် မီရန်ဒါ၏သံသယများကိုဖြေရှင်းပေးခဲ့သည်။အဘယ်ကြောင့်ဆိုသော် ရှောင်ယုကဲ့သို့လူတစ်ယောက်က သာမန်လူတစ်ယောက်အတွက်ကြောင့် သူနှင့်ရန်ဘက်ဖြစ်ရန် လုပ်ဆောင်မည်မဟုတ်ကြောင်း ယုံကြည်ထား၍ဖြစ်ပေသည်။
ရှောင်ယုက အနည်းငယ်ပြုံး၍ပြောလိုက်သည်။
"မင်းသားမီရန်ဒါကလည်း ထက်မြက်တဲ့လူတစ်ယောက်ပါဘဲ...ငါတို့ရဲ့အနာဂတ်ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကိုအောင်မြင်လိမ့်မယ်လို့ ငါယုံကြည်တယ်...ဒါပေမဲ့လည်း မန်နေဂျာရှရှန်းနဲ့နောက်ဆုံးအကြိမ် ညှိနှိုင်းပြီးတဲ့နောက်မှာ အဆက်အသွယ်လုပ်လို့ရအောင်အတွက် ငါ့မိသားစုရဲ့သင်္ကေတကိုပေးအပ်ခဲ့တယ်...ခုတော့မင်းသားမီရန်ဒါနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါ့မိသားစုပိုင်ဆိုင်တဲ့အရာကိုပြန်လိုချင်တယ်"
ရှောင်ယု၏စကားကိုကြားပြီးနောက်တွင် မင်းသားမီရန်ဒါကို ချက်ချင်းပင်ရင်ဘတ်ကိုလက်ဖြင့်ပုတ်၍ ကတိပေးလိုက်သည်။
"ဒါကပြဿနာတော့မဟုတ်ပါဘူး...လက်အောက်ငယ်သားတွေကို အဲ့အရာကိုရှာဖွေဖို့ ငါချက်ချင်းအမိန့်ပေးလိုက်မယ်"
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"အဲ့လိုဆိုရင် ငါဒီမှာခေတ္တအနားယူဖို့နေရာတစ်ခုရှာပြီးတော့ စာချုပ်ရဲ့အခြားအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြရအောင်"
မင်းသားမီရန်ဒါက ချက်ချင်းသဘောတူလိုက်သည်။
"သခင်လေးရှောင်...ငါ့မှာအိမ်တစ်လုံးရှိတယ်...အဲ့အိမ်ကသန့်ရှင်းသပ်ရပ်ပြီးတော့ သခင်လေးရှောင်ခေတ္တအနားယူဖို့ အသုံးပြုနိုင်တယ်"
"အဲ့ဒါဆိုလည်း မင်းသားမီရန်ဒါကိုကျေးဇူးတင်ရမှာပဲ"
ရှောင်ယုသည် အိမ်ကြီးမဟာကိုသဘောကျစွာစိုက်ကြည့်နေခဲ့သည်။ထိုအိမ်ကြီးနှင့်ယှဉ်လျှင် သူအိမ်သည်တဲစုတ်သာသာဖြစ်ပေသည်။သို့သော်လည်း ထိုအတွက်သူ့အားအပြစ်တင်၍မရပေ။သူ၏အခြေအနေသည် အလွန်ပင်အန္တာရယ်များလှကာ အမြဲလိုလိုပင်တိုက်ပွဲဝင်၍ နယ်မြေချဲ့ထွင်နေရသည်။
အထူးသဖြင့် မီရန်ဒါသည် ရှောင်ယုသဘောကျနှစ်ခြိုက်စေရန်အတွက် ချောမောလှပသည့်အမျိုးသမီးအမြောက်အများကို စေလွှတ်ပေးခဲ့၍ ရှောင်ယုပင်မှင်သက်သွားရသည်။
"သခင်လေးရေချိုးတော့မလား"
ရှောင်ယုသည် အိမ်ထဲဝင်ဝင်ချင်း လက်ဖက်ရည်တစ်ခွက်ကိုသောက်နေချိန်တွင် ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးတစ်ယောက်က ရှောင်ယုကိုလေးလေးစားစားဦးညွတ်လိုက်ကာ ပြုံး၍မေးလိုက်သည်။
သူမ၏နူးညံ့သိမ်မွေ့သောအမူအရာက ရှောင်ယု၏ဝမ်းဗိုက်အောက်ပိုင်းကို မီးလောင်ကျွမ်းသကဲ့သို့ပူလောင်စေခဲ့သော်လည်း ရှောင်ယုကထိုဆန္ဒများကိုချိုးနှိမ်ခဲ့သည်။ယခုအချိန်တွင် သူသည်စကားလက်စ်၏ မိခင်နှင့်ညီမတို့အားကယ်တင်ရန်အတွက် နည်းလမ်းရှာဖွေရန် အာရုံစိုက်နေရမည်ဖြစ်သည်။
"ဟူး...ဒါကသူဌေးတစ်ယောက်ရဲ့နေ့စဉ်ဘဝလား...ဒါနဲ့ယှဉ်ရင်ငါကတော်တော်ဆင်းရဲတာပဲ"
ရှောင်ယုကသက်ပြင်းချလိုက်သည်။
ရှောင်ယုသည် ရေချိုးခန်းထဲမှထွက်လာပြီးနောက် အရာရှိ၏ဦးဆောင်မှုဖြင့် အိပ်ခန်းရှိရာသို့ပြန်လာခဲ့သည်။ထိုအခါ အသက်၁၅/၁၆အရွယ် ရွှေရောင်ဆံပင်ပိုင်ရှင် ချောမောလှပသည့်မိန်းကလေးတစ်ယောက်က အိပ်ယာပေါ်၌စောင့်နေသည်ကို တွေ့လိုက်ရသည်။
အခန်း ၄၇၆ - စကားလက်စ်၏ညီမလေး
"ဒီမိန်းကလေးကို မင်းသားမီရန်ဒါကပို့လိုက်တာပါ...သခင်လေးကသူမကိုသဘောကျမယ်လို့ မျှော်လင့်ပါတယ်"
အမျိုးသမီးအရာရှိဖြစ်သူက ပြုံးပြုံးလေးပြောလိုက်သည်။
မီရန်ဒါသည် အလွန်ပင်အလုပ်ကြိုးစားနေသည့်အတွက်ကြောင့် ရှောင်ယုအံ့သြသွားခဲ့သည်။သူသည် သူ့အားစိတ်ကျေနပ်စေရန်အတွက် ချောမောလှပသည့်မိန်းကလေးတစ်ယောက်ကိုပင် စေလွှတ်လိုက်ပေသည်။
မီရန်ဒါသည် ရှောင်ယုနှင့်သဘောတူညီမှုမပြုလုပ်ရမည်ကို အမှန်တကယ်စိုးရိမ်နေပုံရသည်။အမှန်တော့ ဤကဲ့သို့သောကျင့်ဝတ်မျိုးသည် မြင့်မြတ်သူများအကြား၌အထူးအဆန်းမဟုတ်သည်ကို ရှောင်ယုမသိခဲ့ပေ။
လက်ရှိခေတ်တွင် ချောမောလှပသည့်မိန်းကလေးများသည် အစွမ်းထက်သည့်ယောကျ်ားများအတွက် လက်ဆောင်များအဖြစ်ပေးအပ်ခြင်းခံရပေသည်။
ရှောင်ယုသည် ဤကောင်မလေးကို မရိုးမသားမလုပ်လိုပေ။အထူးသဖြင့် ဤမိန်းကလေးသည်အခြားအိမ်ဖော်များနှင့်မတူပေ။သေချာသည်မှာ သူမသည်သေချာရွေးချယ်ခံထားရသည့် အပျိုစင်တစ်ယောက်ဖြစ်ပေသည်။အကယ်၍ ရှောင်ယုသာဤမိန်းကလေးအား လက်ခံလိုက်မည်ဆိုပါက သူ့စိတ်ထဲ၌ဝန်ထုပ်ဝန်ပိုးတစ်ခုအား ခံစားနေရမည်ဖြစ်သည်။
ထိုအချိန်တွင် အမျိုးသမီးအရာရှိကပြန်လည်ထွက်ခွာသွားခဲ့ကာ အခန်းတွင်း၌ရှောင်ယုနှင့်မိန်းကလေးငယ်သာ ကျန်ရစ်ခဲ့သည်။အီလီဒမ်သည် ဘက်ပေါင်းစုံမှဝင်ရောက်လာနိုင်သော အန္တာရာယ်များကိုရင်ဆိုင်ရန်အတွက် အခန်းကိုအဆင်သင့်စောင့်ဆိုင်းနေခဲ့သည်။
ဤနေရာရှိလူများစွာသည် သတင်းအချက်အလက်များကိုစုံစမ်းရန် ရောက်ရှိလာခဲ့သော်လည်း အီလီဒမ်ကြောင့်လက်လျော့လိုက်ရသည်။ထိုလူများသည် အီလီဒမ်၏စွမ်းအားကိုသတိပြုမိပြီးနောက်တွင် စိတ်လိုလက်ရလက်လျော့လိုက်ကြခြင်းဖြစ်သည်။
ရှောင်ယုသည် ကောင်မလေးကိုကြည့်ရင်း ခဏလောက်တုံ့ဆိုင်းသွားခဲ့သည်။သို့သော်လည်း ကောင်မလေးကသူ့အနားသို့တိုးကပ်လာကာ မကျေမနပ်အမူအရာဖြင့် ပြုံးပြလိုက်သည်။
"သခင်လေးငါ့နာမည်က မီချဲလ်ပါ...ဒီနေ့မင်းပျော်ရွှင်စေရမယ်လို့ ငါမျှော်လင့်ပါတယ်"
ရှောင်ယုသည် ထိုကောင်မလေး၏ခေါင်းမာသောအပြုအမူကိုတွေ့မြင်လိုက်ရပြီး သူမသည်အတင်းအကျပ်စေခိုင်းခံထားရခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။သို့သော် ဤသို့ဖြစ်စဉ်မျိုးမှာ ဤတိုက်ကြီးပေါ်၌တွေ့ရတတ်သော ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ဆင်းရဲနွမ်းပါးသောမိသားစုများမှ မိန်းကလေးအမြောက်အများသည် ဤကဲ့သို့သောနိဂုံးချုပ်ခြင်းကို ကြုံတွေ့ရပေသည်။
ရှောင်ယုသည် ထိုမိန်းကလေးအားစာနာစိတ်အပြည့်ဖြင့်ကြည့်၍ ပြောလိုက်သည်။
"မင်းဒီလိုလုပ်ချင်စိတ်မရှိဘူးဆိုတာကို ငါသိတယ်...မင်းစိတ်ချပါ...ငါကမင်းမလုပ်ချင်တာကိုအတင်းအကျပ်လုပ်ခိုင်းမယ့်သူမျိုးမဟုတ်ဘူး"
ရှောင်ယု၏စကားကိုကြားသောအခါ မိန်းကလေးကချက်ချင်းထိတ်လန့်သွားခဲ့ကာ သူမ၏မျက်လုံးများနီရဲလာခဲ့သည်။
"သခင်လေး...သခင်လေးကိုအစေခံနိုင်ဖို့ အရာအားလုံးကိုငါလုပ်ပေးပါမယ်...ကျေးဇူးပြုပြီးမငြင်းလိုက်ပါနဲ့"
ရှောင်ယုသည် မိန်းကလေး၏ကြောက်ရွံ့သောအကြည့်ကို တွေ့မြင်လိုက်ရချိန်တွင် အစောပိုင်း၌အံ့အားသင့်သွားခဲ့သော်လည်း မကြာမှီပင်အရာအားလုံးကို နားလည်လာခဲ့သည်။အကယ်၍ သူမသာဤနေ့ည၌ကောင်းစွာမလုပ်ဆောင်နိုင်ခဲ့ပါက ပြင်းထန်စွာအပြစ်ပေးခံရမည်ဖြစ်သည်။
ဤသို့သောဘဝမျိုးသည် အမှန်တကယ်ပင် ကြေကွဲဖွယ်ကောင်းလှပေသည်။
ရှောင်ယုသည် အခန်းထဲ၌ခဏလောက် လျှောက်သွားလိုက်ပြီးနောက်တွင် သူ့စိတ်ထဲ၌ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်သည်။အကယ်၍ ရှောင်ယုကသာဤနေ့ည၌ မိန်းကလေးအားမပိုင်ဆိုင်ခဲ့လျှင်တောင်မှ သူမအားအခြားတစ်ယောက်ထံပေးအပ်သွားမည်မှာ သေချာပေသည်။သို့သော်လည်း ရှောင်ယုကသာသူမကိုရယူခဲ့မည်ဆိုလျှင် အနည်းဆုံးတော့သူမကိုဘေးကင်းအောင် ထားရှိပေးနိုင်မှာဖြစ်သည်။
ထိုသို့ဆိုလျှင် ဤမိန်းကလေး၏ကံတရားသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
အရာအားလုံးကိုဆွေးနွေးအဖြေရှာပြီးနောက်တွင် ရှောင်ယုကတည်ငြိမ်စွာပြောလိုက်သည်။
"ခုချိန်ကစပြီး မင်းဟာငါ့အပိုင်ဖြစ်သွားပြီ...စိတ်ချပါ...ငါမင်းကိုထိခိုက်နာကျင်မှုမရှိစေရဘူး...မင်းကိုငါ့ဘေးနားမှာထားပြီး ကာကွယ်စောင့်ရှောက်ပေးမယ်"
ရှောင်ယု၏စကားကိုကြားသောအခါ မီချဲလ်သည်မျက်ရည်များကိုသုတ်လိုက်ပြီး ဆက်မငိုတော့ပေ။ထို့နောက်သူသည် သူမသည်ဖြေးညင်းစွာမတ်တပ်ရပ်လိုက်ကာ ရှောင်ယုအနားသို့တိုးကပ်သွားခဲ့သည်။သို့သော်မီချဲလ်သည် အတွေ့အကြုံမရှိသူဖြစ်သည့်အတွက် ရှောင်ယုအားပြုစုပေးရာတွင် အခက်ကြုံနေခဲ့ရသည်။သူမသည်ရှောင်ယု၏ဗလာကျင်းနေသော ခန္ဓာကိုယ်အားကြည့်ရင်း သူမ၏ချစ်စဖွယ်မျက်နှာသည်နီရဲလာခဲ့ကာ ဖွက်ထားချင်စိတ်ဖြစ်လာခဲ့သည်။
ရှောင်ယုကို ထိုမြင်ကွင်းကိုကြည့်ရင်း ကျယ်လောင်စွာရယ်မောလိုက်ကာ သူ့ဘက်မှအစပြုလိုက်သည်။
မီချဲလ်သည် အလွန်ပင်ရှက်ရွံ့နေသော်လည်း သူမ၏အပြစ်ကင်းကာ ဖြူစင်၍ချစ်စဖွယ်ကောင်းသည့်အပြုအမူကြောင့် လူအများကသူမအပေါ် ကျရှုံးစေနိုင်ပေသည်။သူမသည် စကားလက်စ်၏ရင့်ကျက်သော ဆွဲဆောင်နိုင်စွမ်းနှင့်လုံးဝကွဲပြားပေသည်။စကားလက်စ်သည် နှင်းဆီနီတစ်လက်ဟုဆိုလျှင် သူမကနေကြာပန်းလေးနှင့်တူပေသည်။
ညတာကုန်ဆုံးသွားကာ နောက်တစ်နေ့သို့ရောက်လာခဲ့သည်။
ရှောင်ယုနိုးလာချိန်တွင် သူ့နံဘေး၌အိပ်ပျော်နေသော မီချဲလ်ကိုတွေ့လိုက်ရသည်။မီချဲလ်၏ မျက်နှာပေါ်၌မျက်ရည်စက်များကျဆင်းနေဆဲဖြစ်ကာ သူမအိပ်ပျော်နေဆဲဖြစ်သည်။ရှောင်ယုသည် စိတ်မထိန်းနိုင်ဘဲ မီချဲလ်၏ပါးပြင်ကိုညင်သာစွာနမ်းရှိုက်လိုက်သည်။တစ်ညတာကုန်ဆုံးပြီးနောက်တွင် မီချဲလ်သည်အလွန်ပင်ပန်းသွားခဲ့သည်။
"သခင်လေး...နိုးလာပြီလား"
မီချဲလ်သည် ထိတ်လန့်တကြားအမူအရာဖြင့် နိုးထလာခဲ့သည်။ရှောင်ယုသည် ထိတ်လန့်တုန်လှုပ်နေသောမီချဲလ်ကိုကြည့်ရင်း စိတ်ထဲ၌အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။
ရှောင်ယုက ခေါင်းညိတ်ကာပြုံးပြလိုက်သည်။
"မကြောက်နဲ့မီချဲလ်...ခုချိန်ကနေစပြီးတော့မင်းကငါ့မိန်းမဖြစ်သွားပြီမလို့ မင်းကိုငါကာကွယ်ပေးတော့မယ်...ငါနဲ့အတူရှိနေရင်မင်းကိုဘယ်သူကမှ မထိခိုက်စေရဘူး"
ရှောင်ယု၏စကားကြောင့် မီချဲလ်ကအနည်းငယ်ထိတ်လန့်သွားခဲ့သည်။သူမ၏အထင်အရဆိုလျှင် ဤယောကျ်ားသည်သူမ၏ခန္ဓာကိုယ်အား ရယူပြီးနောက်တွင် ဟောင်းနွမ်းနေသောအဝတ်စုတ်ကဲ့သို့ သူမကိုဘေးဖယ်ထားသင့်ပေသည်။
ဒါဘယ်လိုဖြစ်တာလဲ...ငါအရမ်းလှနေလို့ ဒီလူရဲ့အချစ်ကိုပိုင်ဆိုင်ခဲ့တာလား...ဒါပေမဲ့ဒီအခြေအနေကို ဘယ်လောက်ထိကြာကြာထိန်းထားနိုင်မှာလဲ
သူမသည် ငယ်စဉ်ကတည်းက မိသားစုကြီးတစ်ခုထဲ၌ကြီးပြင်းလာခဲ့ခြင်းဖြစ်သည့်အတွက် မိန်းမတစ်ယောက်သည်ယောကျ်ားတစ်ယောက်အတွက် ကစားစရာတစ်ခုသာသာဖြစ်ကြောင်း သူမ့စိတ်ထဲ၌ကောင်းကောင်းနားလည်ထားပေသည်။
ထို့ကြောင့်ရှောင်ယုက ဤသို့ပြောလာသော်လည်း သူမထံ၌မျှော်လင့်ချက်ကြီးကြီးမားမားမရှိခဲ့ပေ။
"သခင်လေး စိတ်ကျေနပ်ပြီးတော့ ငါ့အကြောင်းကိုမင်းသားမီရန်ဒါဆီကိုမတိုင်တန်းဘူးဆိုရင် ငါတကယ်ကျေနပ်မိမှာပါ"
ရှောင်ယုသည် မီခဲလ်၏ကျောပြင်ကိုညင်သာစွာပွတ်သပ်လိုက်ကာ ပြုံးပြလိုက်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ...မင်းကခုဆိုရင်ငါ့မိန်းမဖြစ်နေပြီ...မီရန်ဒါနဲ့ဘယ်လိုဆက်ဆံရေးမှမရှိတော့ဘူး...ခုချိန်ကစပြီးတော့မင်းကလွတ်လပ်သွားခဲ့ပြီ...မင်းသွားချင်ရာသွားလို့ရတယ်...ခုမင်းဘာလိုချင်လဲဆိုတာကိုငါ့ကိုပြောပါ...ငါဖြည့်ဆည်းပေးမယ်"
ထိုစကားကိုပြောပြီးသည်နှင့် ရှောင်ယုက ဝမ်းသာပီတိဖြစ်သွားခဲ့သည်။သူသည်သူ့မိန်းမအား ကာကွယ်နိုင်ရန်စွမ်းအားလုံလုံလောက်လောက်ပိုင်ဆိုင်ထားသည့်အတွက် အရည်အချင်းပြည့်မှီသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။
နေ့လည်ရောက်လာချိန်တွင် အမျိုးသမီးအရာရှိက ရှောင်ယုထံသို့ရောက်လာခဲ့သည်။
"သခင်လေး...မင်းသားမီရန်ဒါကမင်းကို မြို့တော်ရဲ့ပင်မခန်းမမှာတွေ့ချင်တယ်လို့ပြောတယ်"
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...သွားကြတာပေါ့"
မီရန်ဒါသည် သူ့အားအခြားမည်သည့်လက်ဆောင်မှ မပေးတော့ကြောင်း ရှောင်ယုသိထားသော်လည်း စီးပွားရေးအကြောင်းကိုသွားရောက်ဆွေးနွေးရမည်ဖြစ်သည်။
ထို့ကြောင့်ရှောင်ယုသည် အဝတ်အစားလဲကာ မီချဲလ်ကိုစောင့်ခိုင်းထားခဲ့ပြီး အီလီဒမ်နှင့်အတူ အပြင်သို့ထွက်လာခဲ့သည်။
ရထားလုံးသည် အိမ်အပြင်ဘက်၌အသင့်စောင့်ဆိုင်းနေခဲ့ပြီး ရှောင်ယုသည်ရထားလုံးပေါ်၌ သက်တောင့်သက်သာထိုင်၍လိုက်ပါလာခဲ့ကာ လမ်းတလျှောက်ရှုခင်းများကို ကြည့်နေခဲ့သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် သူသည်အထပ်မြင့်အဆောက်အဦး၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် အမှန်တကယ်လှပသည့် မြို့တော်ခန်းမကိုတစ်ချက်ကြည့်လိုက်ကာ သူ၏မြို့အကြောင်းပြန်တွေး၍ မချိပြုံးပြုံးလိုက်သည်။
တံခါးဝတွင် မင်းသားမီရန်ဒါက ပြုံးပြုံးရွှင်ရွှင်နှင့်ရပ်စောင့်နေခဲ့ကာ မီရန်ဒါ၏နောက်တွင် ရှောင်ယုအားတွေ့ဆုံရန် လာရောက်လည်ပတ်သူများရှိနေခဲ့သည်။
ဤသည်မှာ မီရန်ဒါကရှောင်ယုအား မည်မျှထိအာရုံစိုက်ကြောင်း ဖော်ပြနေခဲ့သည်။
"မင်းသားမီရန်ဒါက အတော်ကိုယဉ်ကျေးလွန်းနေပါပြီ...."
ရှောင်ယုသည် စိတ်အားထက်သန်သည့်လေသံဖြင့် မီရန်ဒါကိုနှုတ်ဆက်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကလုံးဝဦးမညွတ်ခဲ့ဘဲ မင်းသားမီရန်ဒါ၏အမှတ်သင်္ကေတကိုလုံးဝမကြောက်ကြောင်း ဖော်ပြနေခဲ့သည်။
မီရန်ဒါ၏နောက်မှလူများသည် ရှောင်ယု၏အပြုအမူကို တွေ့မြင်လိုက်ကြချိန်တွင် လူတိုင်းလိုလိုပင် အံ့သြထိတ်လန့်သွားခဲ့ကြသည်။မီရန်ဒါကို မကြောက်မရွံဆက်ဆံခြင်းက ဤလူတွင်လုံလောက်သော နောက်ခံအထောက်အထားရှိနေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
"သခင်လေးရှောင်က မြို့တော်ခန်းမထဲကို ပထမဆုံးအကြိမ်ရောက်လာတာပဲမဟုတ်လား...ငါကကျိန်းသေပေါက်ကိုယ်တိုင် နှုတ်ဆက်ရမှာသေချာတာပေါ့"
မီရန်ဒါက အပြုံးမပျက်ပြန်ပြောလိုက်ကာ ရှောင်ယု၏ဘေးနားသို့တိုးကပ်သွားခဲ့ပြီး အလွန်ပင်လျှို့ဝှက်ဆန်းကြယ်စွာပြုံးပြလိုက်ကာ လေသံတိုးတိုးလေးဖြင့်မေးမြန်းလိုက်သည်။
"သခင်လေးရှောင်...မနေ့ညကပို့ပေးလိုက်တဲ့အချောလေးက အဆင်ပြေတယ်မလား"
ရှောင်ယုက အလွန်ပင်စိတ်ကျေနပ်နေသောအပြုံးဖြင့် မီရန်ဒါကိုပြုံးပြလိုက်သည်။
"မင်းသားမီရန်ဒါက တကယ်မှော်ဆန်တာပဲ...ဒီလိုအချောအလှလေးတွေကို ဘယ်ကရလာတာလဲသိချင်မိတယ်...ငါတကယ်ကိုစိတ်ကျေနပ်တယ်....တကယ်လို့ဒီနေ့မင်းသားမီရန်ဒါနဲ့သာမတွေ့ရဘူးဆိုရင် သူမကိုပိုပြီးတော့မြည်းစမ်းကြည့်ချင်သေးတယ်"
ရှောင်ယု၏စကားကိုကြားသောအခါ မီရန်ဒါ၏မျက်နှာပေါ်၌ နာကျင်နေသည့်အမူအရာဖြစ်ပေါ်လာသော်လည်း သူ့ကိုယ်သူမြန်မြန်ဆန်ဆန်ပြန်လည်ချိန်ညှိလိုက်သည်။
"သခင်လေးရှောင်ကသူမကို သဘောကျတယ်ဆိုမှတော့ သူမကအနာဂတ်မှာ သခင်လေးရှောင်ရဲ့ဇနီးမယားဖြစ်လာလိမ့်မယ်"
ရှောင်ယုက ခေါင်းညိတ်၍ပြုံးပြလိုက်သည်။
"ဒါဆိုရင် ငါတော့မရိုမသေပြုမူမိပြီထင်တယ်...ကျေးဇူးတင်ပါတယ် မင်းသားမီရန်ဒါ"
ထို့နောက်မီရန်ဒါသည် လူတိုင်းကိုရှောင်ယုနှင့်မိတ်ဆက်ပေးခဲ့သည်။သူတို့ထဲမှအချို့သည် မီရန်ဒါ၏လက်အောက်တွင် လုပ်ငန်းမျိုးစုံအားလုပ်ဆောင်ခဲ့ကြပြီး အချို့မှာရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့မှဖြစ်သည်။
လူတိုင်းနှင့်တွေ့ဆုံပြီးနောက် ရှောင်ယုကအကဲစမ်းကာ တစ်ချက်မေးမြန်းလိုက်သည်။
"မင်းသား မီရန်ဒါ...ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့စကားလက်စ်က အရမ်းကိုလှပတယ်လို့ငါကြားဖူးတယ်...ခုဆိုသူမဘယ်ကိုရောက်နေလဲမသိဘူး"
ရှောင်ယုက စကားလက်စ်အကြောင်းမေးမြန်းလာသည်ကို မီရန်ဒါကအံ့သြခြင်းမရှိပေ။စကားလက်စ်သည် လန်းစ်အင်ပါယာတစ်ခုလုံး၌ ကျော်ကြားသည့်အလှတရားဖြစ်ပေသည်။
"စကားလက်စ်က ဒီကိုမရောက်သေးပေမဲ့ မကြာခင်မှာဘဲသူမကိုဖမ်းမိတော့မှာပါ...သခင်လေးရှောင်ကလည်းအဲ့မိန်းမကိုစိတ်ဝင်စားနေတာလား...အဲလိုဆိုရင်ငါကသခင်လေးရှောင်ကို အရင်ဆုံးပေးပျော်ပါမယ်"
ရှောင်ယုနှင့်စီးပွားရေးသဘောတူညီချက်အား ဆုပ်ကိုင်ထားရန်အတွက် မီရန်ဒါသည်မည်သည့်အကျိုးအမြတ်ကိုမှပေးချေရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
ရှောင်ယုက ရယ်ရယ်မောမောဖြင့်တုံ့ပြန်လိုက်သည်။
"ငါကအဲ့ဒါကိုစောင့်မျှော်နေပါတယ်"
"သခင်လေးရှောင်က သူ့ညီမရဲ့အရသာကိုအခုလေးတင်ပဲ မြည်းစမ်းခဲ့တာမဟုတ်လား...သခင်လေးက အဲ့ဒီညီအမနှစ်ယောက်ရဲ့အရသာကိုအတူတူမြည်းစမ်းခွင့်ရခဲ့မယ်ဆိုရင် တကယ့်ယောကျ်ားတစ်ယောက်ရဲ့ပျော်ရွှင်မှုကို ခံစားရမှာသေချာတယ်"
မီရန်ဒါက ပြုံးပြုံးလေးပြောလိုက်သည်။
"ဘာ...မီချဲလ်က စကားလက်စ်ရဲ့ညီမလား"
ရှောင်ယုသည် ထိုစကားကိုကြားချိန်၌ ရုတ်တရက်အငိုက်မိသွားခဲ့သည်။
အခန်း ၄၇၇ - မိုင်ယဗ်ရောက်လာပြီ
"သေစမ်း...မီချဲလ်က စကားလက်စ်ရဲ့ညီမဖြစ်နေတာလား...ဒါကတကယ့်ကိုပြဿနာပဲ..."
"ငါကမီချဲလ်နဲ့အိပ်လိုက်မိပြီ ဒါကိုစကားလက်စ်သိအောင်ဘယ်လိုရှင်းပြရမလဲ"
ရှောင်ယုက စိတ်ပျက်လက်ပျက်ညဉ်းညူလိုက်သည်။သူသည် စကားလက်စ်အား မည်သို့ရင်ဆိုင်ရမည်ကို မသိတော့ပေ။
အဆုံးသတ်တွင် သူသည်စကားလက်စ်၏မိခင်နှင့်ညီမတို့အား ကယ်တင်ရန်အတွက် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။သို့သော် သူကမူစကားလက်စ်၏ညီမအား အိပ်ရာပေါ်၌အဆုံးသတ်ခဲ့မိရာ အလွန်ပင်ရှက်စဖွယ်ကောင်းလှပေတော့သည်။
သို့သော်လည်း ရှောင်ယုကသေချာစဉ်းစားပြီးသည့်နောက်တွင် အခြေအနေများစွာ မဆိုးကြောင်းနားလည်လိုက်သည်။အကယ်၍ သူသည်မီချဲလ်နှင့်မတွေ့ဆုံခဲ့ပါက မီချဲလ်အားမီရန်ဒါကိုယ်တိုင်ဖြစ်စေ အခြားသူတစ်ယောက်အားလက်ဆောင်ပေးခြင်းဖြစ်စေ အဆုံးသတ်သွားနိုင်ပေသည်။ယခုအခါ သူ၏မိန်းမဖြစ်သွားပြီဖြစ်၍ အနည်းဆုံး အခြားတစ်ယောက်၏ဖျက်ဆီးမှုကိုခံရသည်ထက် ပိုမိုကောင်းမွန်ပေသည်။နောက်ဆုံးတွင် သူတို့ကမိသားစုများပင်ဖြစ်သည်။
ရှောင်ယုက ထိုအကြောင်းကိုတွေးမိပြီး အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
"စကားလက်စ်ရဲ့အမေလည်းရှိသေးတယ်...သူမကအသက်အရမ်းကြီးနေပြီဆိုပေမဲ့ အကောင်းဆုံးအမျိုးသမီးတွေထဲကတစ်ယောက်ပဲ...သခင်လေးရှောင်ကစိတ်ဝင်စားလား"
မီရန်ဒါက သူမတို့နှစ်ယောက်လုံးအား ရှောင်ယုထံလက်ဆောင်ပေးရန်အတွက် စီစဉ်နေကြောင်းထင်ရှားပေသည်။သူသည် ရှောင်ယုအားအနိုင်ယူရန်စိတ်ကူးထားသည့်အတွက် အကျိုးအမြတ်အနည်းငယ်ပေးဆပ်ရမည်ဖြစ်သည်။
မီရန်ဒါ၏စကားကိုကြားသောအခါ ရှောင်ယုကအံ့သြသွားခဲ့သည်။သူသည် စကားလက်စ်၏ညီမနှင့်လွန်ကျူးခဲ့ပြီးဖြစ်ရာ သူမ၏အမေနှင့်ပါထပ်လုပ်မိပါက အလွန်အပြစ်ကြီးသွားမည်ဖြစ်သည်။
သို့သော်လည်း သူသာလက်မခံပါက မီရန်ဒါသည်စကားလက်စ်၏မိခင်ကိုလည်း အခြားသူတစ်ယောက်ထံပေးလိုက်မည်ကို ရှောင်ယုစိုးရိမ်နေမိသည်။သို့ဖြစ်ရာ သူမကိုလည်းထပ်မံလက်ခံခြင်းက ပိုမိုလုံခြုံပေသည်။
"ကောင်းပြီလေ...အမေနဲ့သမီးတို့ကိုအတူတူမြည်းစမ်းကြည့်ရတာက တကယ်အရသာမတူနိုင်ဘူး...ဟားဟား မင်းသားမီရန်ဒါကတကယ်ရက်ရောတာပဲ"
ရှောင်ယုသည် စကားလက်စ်၏မိခင်ကိုလည်း အလွန်ပင်စိတ်ဝင်စားနေသည့်အမူအရာကို သူ၏မျက်နှာပေါ်၌ထင်ရှားပေါ်လွင်အောင် ပြုလုပ်ထားခဲ့သည်။
"ဟားဟား...သူမကိုလည်း သခင်လေးရှောင်ရဲ့အိမ်ကိုလိုက်ပို့ပေးပါမယ်...သခင်လေးရှောင်ကတော့ဒီညကို ကျိန်းသေပေါက်အမှတ်ရနေတော့မှာပဲ"
မီရန်ဒါသည် ရှောင်ယုတစ်ယောက် ယနေ့ညလုပ်ဆောင်မယ့်အရာကို ကြိုတွေးမိကာရယ်မောလိုက်သည်။
သို့သော်လည်း ရှောင်ယုကမူ သူ၏နှလုံးသားထဲ၌လှောင်ရယ်နေခဲ့သည်။
ဒီဖေဖေက မင်းကိုသတ်ဖြတ်ဖို့စောင့်နေတာကွ....
ရှောင်ယုသည် ဤနေရာ၌ရှိနေသူအားလုံးနှင့် အချင်းချင်းစကားပြောပြီး သောက်စားခဲ့ကြသည်။အဆုံးသတ်တွင် ရှောင်ယုနှင့်မီရန်ဒါတို့သည် လုပ်ငန်းနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကို အထူးသဘောတူညီပြီးနောက် ရှောင်ယုသည်သူတည်းခိုရာအိမ်သို့ ပြန်လာခဲ့သည်။
ရှောင်ယုသည် တည်းခိုရာအိမ်သို့ပြန်ရောက်လာသည့်အခါတွင် အမျိုးသမီးအရာရှိဖြစ်သူက ရှောင်ယုအားဆီးကြိုနှုတ်ဆက်၍ စကားလက်စ်၏မိခင်ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးလာခဲ့သည်။မီရန်ဒါ၏စွမ်းဆောင်ရည်သည် အလွန်မြန်ဆန်၍ ရှောင်ယုကအံ့သြတကြီးခေါင်းညိတ်မိလိုက်သည်။
ယခုအခါ သူသည်စကားလက်စ်၏မိခင်နှင့်ညီမလေးတို့အား ရရှိထားပြီးဖြစ်ပေရာ ရှောင်ယုထွက်ခွာနိုင်ပြီဖြစ်သည်။သို့သော်လည်း ရှောင်ယု၏ရည်ရွယ်ချက်မှာ စကားလက်စ်၏မိခင်နှင့်ညီမတို့အား ကယ်တင်ရန်သက်သက်မဟုတ်ပေ။
ရှောင်ယု၏ရည်မှန်းချက်မှာ ရှရှန်းအားရှာဖွေရန်ဖြစ်ပြီး စကားလက်စ်တည်ထောင်မယ့်အဖွဲ့ခွဲ၏ စီးပွားရေးစွမ်းရည်ကိုအဆုံးမသတ်လိုခဲ့ပေ။
ရှောင်ယုသည် အိမ်ထဲသို့ဝင်ရောက်လာသောအခါ ငိုယိုနေသောမိခင်နှင့်မီချဲလ်တို့အား တွေ့လိုက်ရသည်။မီချဲလ်သည် ရှောင်ယုဝင်လာသည်ကိုတွေ့သည်နှင့် ရှောင်ယုအားချက်ချင်းဦးညွတ်ကာ တောင်းပန်လိုက်သည်။
"သခင်လေး...ဒီအစေခံကတကယ်တောင်းပန်ပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့အမေကိုမနှိပ်စက်ပါနဲ့...အဲလိုဆိုရင်အရာအားလုံးကိုလုပ်ဆောင်ပေးဖို့ ငါဆန္ဒရှိတယ်"
ရှောင်ယုသည် မီချဲလ်ကိုကြည့်ကာ စိတ်ထဲ၌သက်ပြင်းတစ်ချက်ချမိလိုက်သည်။ကံကောင်းထောက်မစွာဖြင့် သူနှင့်မတွေ့ခဲ့လျှင် သူမတို့သည်သေခြင်းထက်ပိုဆိုးသော အခြေအနေနှင့်ကြုံတွေ့သွားရနိုင်သည်။
ရှောင်ယုသည် သူ့နောက်မှအမျိုးသမီးအရာရှိများကို လက်ဝှေ့ယမ်းပြကာ အပြင်သို့ထွက်ခိုင်းလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။
မီချဲလ်နှင့်အမေဖြစ်သူတို့သည် ရှောင်ယု၏လုပ်ရပ်ကိုကြည့်ရင်း ရှောင်ယုဘာဆက်လုပ်မည်ကို တွေးမိလိုက်ကြပြီး ကြောက်လန့်တကြားဖြင့် အချင်းချင်းပွေ့ဖက်လိုက်ကြသည်။
ရှောင်ယုက နှာခေါင်းကိုတစ်ချက်ပွတ်၍ မေးလိုက်သည်။
"ငါ့ကြည့်ရတာ လူဆိုးတစ်ယောက်နဲ့တူနေလား"
မီချဲလ်က ရုတ်တရက်ငိုယိုလိုက်သည်။
"မလုပ်ပါနဲ့သခင်လေး..."
မီချဲလ်၏မိခင်သည်လည်း စိတ်ပျက်အားငယ်နေခဲ့ကာ ရှောင်ယုအားကြောက်ရွံ့သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှောင်ယုက ကူကယ်ရာမဲ့စွာဖြင့် ထိုင်ချလိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"စိတ်မပူပါနဲ့...ငါကသားရဲတစ်ကောင်မဟုတ်ပါဘူး...ဒီလိုအလုပ်မျိုးကိုငါလုပ်မှာမဟုတ်ဘူး"
ထို့နောက် ရှောင်ယုကလက်ဖက်ရည်ခွက်ကိုကောက်မ၍ ပြောလိုက်သည်။
"စကားလက်စ် ကိုသိလား..."
ရှောင်ယု၏စကားကိုကြားသောအခါ မီချဲလ်နှင့်အမေဖြစ်သူနှစ်ယောက်လုံး အံ့သြသွားခဲ့ကြကာ ရှောင်ယုအားထိတ်လန့်တုန်လှုပ်နေသည့်အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။သူမတို့သည် ရှောင်ယု၏စကားကိုနားမလည်ကြပေ။
"အဟွတ်...တကယ်တော့ ဒါကမင်းတို့ကိုကယ်တင်ဖို့အတွက် စကားလက်စ်က ငါ့ကိုတာဝန်ပေးခဲ့တာပဲ...ဒါပေမဲ့မင်းကစကားလက်စ်ရဲ့ညီမဆိုတာကိုငါတကယ်မသိခဲ့ဘူး...အဲ့ဒါအမှန်ပဲ"
ရှောင်ယုသည် ဤစကားကိုပြောနေချိန်၌ အနည်းငယ်ရှက်ရွှံ့နေသလိုခံစားလိုက်ရသည်။အဆုံးသတ်တွင် သူမတို့၏ပုံစံက ရှောင်ယုကသူမတို့အား အတင်းအကြပ်လုပ်ဆောင်လာမည်ကို စိုးရိမ်ကြောက်လန့်နေသလိုဖြစ်နေခဲ့သည်။ဤအခြေအနေက အမှန်ပင်ဆိုးဝါးလှပေသည်။
"မင်း...မင်းဘာတွေပြောနေတာလဲ...မင်းကိုစကားလက်စ်က တာဝန်ပေးလိုက်တာလား..."
လက်ရှိအချိန်တွင် သစ္စာဖောက်မှုများစွာကို ကြုံတွေ့ခဲ့ရသော မီချဲလ်၏မိခင်သည် ရှောင်ယုအားယုံကြည်မည်မဟုတ်ကြောင်း သိသာထင်ရှားပေသည်။
သူမတို့သည် ရှောင်ယုအားမယုံကြည်ကြောင်းသိသာနေသည့်အတွက် ရှောင်ယုသည် စကားလက်စ်ပေးခဲ့သည့် အဆင်တန်ဆာလေးတစ်ခုနှင့်တူညီသော သင်္ကေတအားထုတ်ယူလိုက်သည်။
မီချဲလ်၏မိခင်သည် ထိုသင်္ကေတအားတွေ့မြင်လိုက်ရချိန်တွင် အလွန်ဝမ်းနည်းပူဆွေးသွားခဲ့ကာ ထိုသင်္ကေတလေးအားကိုင်၍ ငိုယိုတော့သည်။
သူမသည် စကားလက်စ်အတွက် အလွန်စိုးရိမ်နေခဲ့ကာ စကားလက်စ်ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။သူမသည် စကားလက်စ်က သူမတို့အားဒုက္ခခံကာလာရောက်ကယ်ဆယ်မည်ကို မလိုလားပေ။စကားလက်စ်သာ အဆင်ပြေနေသရွေ့ သူမတို့အခြေအနေမည်သို့ပင်ဖြစ်စေ အရေးမကြီးလှပေ။ယခုအခါ စကားလက်စ်၏ကိုယ်ပိုင်သင်္ကေတကိုတွေ့မြင်လိုက်ရ၍ စကားလက်စ်တစ်ယောက် လုံခြုံကြောင်းသိလိုက်ရ၍ အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။
"အစ်မ...အစ်မကမင်းကိုတကယ်ပို့လိုက်တာလား"
မီချဲလ်သည် မယုံကြည်နိုင်လောက်အောင် အံ့သြသွားခဲ့သည်။သူမသည် သူမ၏လက်ရှိအခြေအနေအတွက် အလွန်စိတ်မပူခဲ့ပေ။
ရှောင်ယုက ခေါင်းညိတ်ပြီးပြောလိုက်သည်။
"ဟုတ်တယ်...မန်နေဂျာရှရှန်းကိုကယ်တင်ပြီးရင် မင်းတို့နှစ်ယောက်လုံးကို စကားလက်စ်ဆီခေါ်သွားပေးမယ်"
"မန်နေဂျာရှရှန်းကိုကယ်တင်ချင်တာလား...ဒါကအရမ်းကိုခက်လွန်းတယ်...အကျဉ်းတိုက်ကိုတင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားတဲ့အတွက် မြို့ကိုသာမသိမ်းပိုက်နိုင်ဘူးဆိုရင် သူ့ကိုကယ်တင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
မီချဲလ်က ချက်ချင်းပင်ခေါင်းယမ်းပြလိုက်ပြီး ဝမ်းနည်းနေသည့်လေသံဖြင့်ပြောလိုက်သည်။သူမသည် ထိုနေရာ၌အချိန်အတော်ကြာအောင် ထိန်းသိမ်းခံထားရသည့်အတွက်ကြောင့် ထောင်ထဲ၌နေရမည်ကို အလွန်ပင်ကြောက်ရွံ့ခဲ့ရသည်။
"မင်းတို့က မတ်ဂ်မြို့ကိုငါမသိမ်းပိုက်နိုင်ဘူးလို့ ဘာလို့ကျိန်းသေပေါက်ယူဆနေရတာလဲ...ငါကရှောင်ယု...ဗိုလ်ချုပ်ကြီးရှောင်ကျန်းထျန်က ငါ့အဖေပဲ"
"ဘာ...သခင်လေးကရှောင်ကျန်းထျန်ရဲ့သားလား"
မီချဲလ်နှင့်အမေဖြစ်သူတို့သည် ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားခဲ့သည်။
ရှောင်ယုက ဂုဏ်ယူနေသည့်လေသံဖြင့်ပြောလိုက်သည်။
"ဒါမှမဟုတ်ရင် မီရန်ဒါက ဘာလို့ငါ့ကိုအဲ့လောက်ထိလေးစားနေမှာလဲ..."
"အဲလိုဆိုရင် မတ်ဂ်မြို့ကိုသိမ်းပိုက်ဖို့ သခင်လေးမှာစစ်တပ်ရှိနေတာလား"
မိချဲလ်ကအလွန်အံ့သြနေသောလေသံဖြင့် မေးမြန်းလိုက်သည်။
အမှန်တော့ ရှောင်ယုကသာမတ်ဂ်မြို့အား အမှန်တကယ်တိုက်ခိုက်ဝံ့ပါက လန်းစ်အင်ပါယာအားတိုက်ခိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ရှောင်ယုက မီချဲလ်၏ပုခုံးကိုလှမ်း၍ဆွဲယူလိုက်ကာ ပြုံးပြလိုက်သည်။
"ငါ့ရဲ့အလှလေးတွေတောင်းဆိုရင် ဒီမြို့ကိုဘာလို့မသိမ်းပိုက်နိုင်ရမှာလဲ"
ထိုအချိန်တွင် ရှောင်ယု၏အနား၌ အလင်းရောင်တစ်ခုထွက်ပေါ်လာသည့်အတွက်ကြောင့် ရှောင်ယုကအနည်းငယ်အံ့သြသွားခဲ့ရသည်။ရှောင်ယုသည် ချက်ချင်းလှည့်ကြည့်လိုက်ရာ ထွက်ပေါ်လာသည့်ပုံရိပ်ကိုတွေ့မှ စိတ်သက်သာရာရသွားခဲ့သည်။
"မိုင်ယဗ်..."
ရုတ်တရက်ထွက်ပေါ်လာသူမှာ မိုင်ယဗ်မှလွဲ၍ အခြားသူမဟုတ်ပေ။သူမသည် အရိပ်ထဲမှဖြေးညင်းစွာထွက်လာပြီး ရှောင်ယုကိုဦးညွတ်လိုက်သည်။
"လက်အောက်ငယ်သားက သခင့်ကိုနှုတ်ဆက်ပါတယ်"
မီချဲလ်နှင့်သူမ၏အမေတို့သည် မိုင်ယဗ်ကိုတွေ့ချိန်တွင် အလွန်ထိတ်လန့်သွားကြသည်။မိုင်ယဗ်သည် မျက်နှာဖုံးကိုဝတ်ဆင်ထားခဲ့သော်လည်း သူမ၏ချွန်ထက်သောနားရွက်များနှင့် သွယ်လျသောအသွင်အပြင်တို့ကြောင့် မိုင်ယဗ်သည် နတ်သူငယ်တစ်ယောက်ဖြစ်ကြောင်း သူမတို့နားလည်သွားခဲ့သည်။
သို့သော်လည်း ဤနတ်သူငယ်ကရှောင်ယုကို သခင်ဟုခေါ်လာခဲ့သည်။
ရှောင်ယုသည် အလွန်အစွမ်းထက်ပေတကား...
"လူတိုင်းစုံပြီလား..."
ရှောင်ယုက မိုင်ယဗ်ကိုကြည့်၍မေးမြန်းလိုက်သည်။ယခုအချိန်တွင် မီချဲလ်တို့သားအမိအားစိတ်သက်သာရာရစေရန် အခြေအနေအချို့အားချပြရမည်ဖြစ်သည်။
"မဟုတ်ဘူး...အရှင့်ကိုကာကွယ်ဖို့အတွက် လူအချို့ကိုခေါ်ပြီး အရင်ဆုံးရောက်လာခဲ့တာပဲ...အခြားတပ်တွေကနောက်မှာကျန်နေခဲ့တယ်ဆိုပေမဲ့ သူတို့အားလုံးကအပြင်းချီတက်လာကြတာကြောင့် မကြာခင်ရောက်လာမှာပါ"
ရှောင်ယုက မိုင်ယဗ်၏တင်ပြချက်ကိုနားထောင်၍ ခေါင်းညိတ်ပြလိုက်သည်။
"ကြည့်...ငါမလိမ်ဘူးဆိုတာမြင်ပြီမလား...စကားလက်စ်အတွက်စိတ်မပူပါနဲ့ သူမကလုံခြုံပါတယ်...ငါကမန်နေဂျာရှရှန်းကိုလည်း ရအောင်ကယ်တင်မယ်"