← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း ၄၈၁ - စိတ်ဝိညာဉ်နှစ်ခု

မကြာမှီ ရှောင်ယုသည်သူ၏စစ်တပ်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။

ရှောင်ယုသည် ဂရစ်ဖင်ပေါ်မှဆင်းသက်လာပြီးနောက်တွင် သူ၏တပ်များကို ကျေနပ်နေသည့်အကြည့်ဖြင့် စစ်ဆေးလိုက်သည်။

သူသည်မည်သည့်နေရာကိုပင်သွားပါစေ ဤလူများဖြင့်သာဆိုပါက သူ့ထံတွင်ယုံကြည်မှုအပြည့်ရှိပေသည်။

သို့သော်လည်း ဤနေရာသို့ရောက်ရှိလာသူများတွင် သူ၏တပ်ဖွဲ့သည်သာမက သံမဏိမြင်းညီနောင်အဖွဲ့မှ လူတစ်ယောက်လည်းပါလာကြောင်း တွေ့လိုက်ရ၍ ရှောင်ယုအံ့သြသွားခဲ့သည်။

ထိုအချိန်တွင် သံမဏိမြင်းညီနောင်အဖွဲ့မှလူသည် ဦးစွာရောက်လာခဲ့ပီး ရှောင်ယုကိုပြုံး၍ နှုတ်ဆက်လိုက်သည်။

"မြို့စားရှောင်ယု..."

ထိုလူသည် အစွမ်းထက်သော သူရဲကောင်းတစ်ယောက်ဖြစ်သည်။

"ဒါကအစ်ကိုကာဆိုမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ"

ရှောင်ယုသည် ဤလူများနှင့်ဆက်ဆံရာတွင် အတော်လေးသက်တောင့်သက်သာရှိနေခဲ့သည်။သူတို့အချင်းချင်း ပြိုင်ဘက်များအဖြစ်သာမကဘဲ ထိုထက်ပိုသောလူတစ်ယောက်ဟု ခံစားရပေသည်။

ရှောင်ယု၏စကားကိုကြားသောအခါ ကာဆို၏မျက်နှာပေါ်၌ စိတ်မချမ်းသာသည့် အမူအရာများရှိမနေခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပျော်ရွှင်နေခဲ့သည်။

"မင်းဒုက္ခရောက်နေတယ်ကြားလို့ ငါတို့ကူညီဖို့ရောက်လာခဲ့တာပဲ"

ကာဆိုသည် သူ့ထံမှတောင်းဆိုမှုအချို့ရှိနေကြောင်း ရှောင်ယုက ချက်ချင်းသဘောပေါက်သွားခဲ့သည်။သို့ဖြစ်ရာ ကာဆိုသည် သူ့အားကူညီရန် အစပြုခဲ့ခြင်းဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်၌ရှောင်ယုသည် စစ်သားအချို့အား အမှန်တကယ်လိုအပ်နေသည့်အတွက်ကြောင့် ကာဆိုအားမငြင်းဆန်ခဲ့ပေ။ထို့ကြောင့် ကာဆိုမှတစ်စုံတစ်ခုတောင်းဆိုလာလျှင် ဖြည့်ဆည်းပေးနိုင်ရန် သူကအစွမ်းကုန်ကြိုးစားရမှာဖြစ်သည်။

ဤလူများ၏အကူအညီကြောင့် မတ်ဂ်မြို့အားသိမ်းပိုက်ရန် ယုံကြည်မှုပိုမိုပြင်းထန်လာခဲ့သည်။သံမဏိမြင်းညီနောင်များသည် ယခုတစ်ကြိမ်တွင် လူရာပေါင်းများစွာကိုခေါ်ဆောင်လာခဲ့ပြီး တစ်ဦးချင်းစီသည် အလွန်အားကောင်းပေသည်။

"ကောင်းပြီ...ငါအကူအညီတကယ်လိုတယ်...အကိုကာဆိုလာရောက်ကူညီတာက ရေငတ်တုံးမိုးရွာသလိုပဲ"

ရှောင်ယုက ကာဆိုအား စကားပြောရန်ဖိတ်ခေါ်လိုက်သည်။

"ဒါကအဆင်ပြေပါတယ်..."

ကာဆိုသည် သူလိုချင်သောအရာကို တိုက်ရိုက်မပြောခဲ့ပေ။ဤကိစ္စကို ရှောင်ယုကဲ့သို့အကူအညီတောင်းခံသူကသာ ဦးစွာအစပြုသင့်ပေသည်။

ထိုအချိန်တွင် စကားလက်စ်သည် ရှောင်ယုကိုကြည့်ရင်း မျက်လုံးများနီရဲလာခဲ့သည်။

"သခင်လေးရှောင်ကို အရမ်းကျေးဇူးတင်ပါတယ်...တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်...ငါမင်းကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတာမသိတော့ဘူး...သခင်လေးစိတ်ချပါ..နောက်ကျရင် ညီမလေးကိုငါကိုယ်တိုင်ရှင်းပြပေးလိုက်ပါမယ်"

"အိုး...ဒါက....အဟွတ်အဟွတ် တကယ်တော့မူရွယ်က ယုတ္တိမတန်တဲ့မိန်းမတစ်ယောက်တော့ မဟုတ်ပါဘူး...စိတ်မပူပါနဲ့စကားလက်စ် ငါကိုယ်တိုင်အရာအားလုံးကို ရှင်းပြလိုက်ပါမယ်...ဘာပဲဖြစ်ဖြစ်ငါကယောကျ်ားတစ်ယောက်ပဲလေ"

ရှောင်ယုသည် စကားလက်စ်ကဤကိစ္စနှင့်ပတ်သက်၍ နားလည်သဘောပေါက်နိုင်စွမ်းရှိနေသည်ကို တွေ့မြင်လိုက်ရချိန်တွင် စကားလက်စ်အပေါ်၌ သူ၏အကောင်းမြင်စိတ်ကပိုမိုကြီးထွားလာခဲ့သည်။

စကားလက်စ်တို့ ညီအမနှင့်အမေတို့သည်လည်း သူ့အပေါ်ကျေးဇူးသိတတ်ကြသည့်အတွက် ကျေးဇူးကန်းတတ်သောလူယုတ်မာများထက် အဆများစွာသာလွန်ကြောင်းပြောရမည်ဖြစ်သည်။

မကြာမှီ စကားလက်စ်သည် ရှောင်ယုနှင့်သူ၏ညီမအကြားမှ အဖြစ်အပျက်များကိုသိရှိသွားခဲ့ပြီး သူမ၏မျက်နှာသည်နီရဲလာခဲ့သည်။စကားလက်စ်သည် ထိုအကြောင်းကိုသူမ၏ညီမထံမှ သိရှိလာခဲ့သော်လည်း မကျေမနပ်မဖြစ်မိပေ။အကယ်၍ ရှောင်ယုကြောင့်သာမဟုတ်ပါက မီချဲလ်သည်အခြားတစ်ယောက်ထံ၌ ဖျက်ဆီးခံရမည်သာဖြစ်သည်။သို့ဖြစ်ရာ သူမအားရှောင်ယုပိုင်ဆိုင်သွားခြင်းက ပိုမိုကောင်းမွန်ပေသည်။ရှောင်ယုသည် အခြားယောကျ်ားများထက်ပိုမိုကောင်းမွန်သည့်အပြင် သူ၏လုပ်ရပ်ကိုတာဝန်ခံနိင်သူဖြစ်သည်။

"သခင်လေးရှောင်...ခုဆိုရင်ငါ့အမေနဲ့ငါ့ညီမလေးတို့က အဆင်ပြေသွားခဲ့ပြီ...ငါတို့ဒီနေရာကနေထွက်သွားနိုင်လို့ရှိရင် ကောင်းကင်ခြင်္သေ့မင်းဆက်မှာငါတို့အတွက် အခြေချဖို့နေရာတစ်ခုစီစဉ်ပေးရင်ရပါပြီ"

စကားလက်စ်က လေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။ရှောင်ယုသည် သူမ၏မိခင်နှင့်ညီမကိုကယ်တင်ပေးခဲ့ပြီဖြစ်ရာ သူမသည်အလွန်ကျေနပ်နေခဲ့ပြီး နောက်ထပ်ကြီးမားသောမျှော်လင့်ချက်များကို မမှန်းရဲတော့ပေ။ရှောင်ယုသာ သူမ၏လက်အောက်ငယ်သားများကို ကယ်တင်လိုပါက ကောင်းကင်ပေါ်တက်ရသည်ထက်ပိုမိုခက်ခဲသော မတ်ဂ်မြို့အားသိမ်းပိုက်ရမည်ဖြစ်သည်။

ရှောင်ယုသည် စကားလက်စ်၏စကားကိုနားထောင်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ...ငါကအဲလူတွေကိုကယ်တင်ပေးမယ်လို့ကတိပေးထားတဲ့အတွက် သူတို့ကိုကျိန်းသေပေါက်ကယ်တင်ပေးမယ်...အနာဂတ်မှာငါ့ကိုကူညီဖို့အတွက် စီးပွားရေးဘက်မှာပါရမီရှိတဲ့ ကျွမ်းကျင်သူတွေကိုလိုအပ်လာလိမ့်မယ်...မန်နေဂျာရှရှန်းနဲ့အခြားသူတွေက ငါ့ကိုကြီးကြီးမားမားကူညီပေးနိုင်လိမ့်မယ်"

စကားလက်စ်သည် ရှောင်ယု၏စကားကိုနားထောင်ပြီး ပီတိဖြစ်မိခဲ့သော်လည်း သူမ၏မျက်နှာပေါ်၌ မဖော်ပြခဲ့ပေ၊

"ဒါပေမဲ့ သူတို့ကိုမတ်ဂ်မြို့မှာဖမ်းချုပ်ထားတာလေ...သူတို့ကိုကယ်တင်ဖို့အရမ်းကိုခက်ခဲတယ်"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

"အခြားသူတွေအတွက်တော့ ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ ငါ့အတွက်ကတော့ဘာမှမဖြစ်ပါဘူး...ငါဘယ်သူလဲဆိုတာမေ့နေပြီလား,..ငါကရှောင်ကျန်းထျန်ရဲ့သားပဲ...အရင်နှစ်တွေတုံးက ငါ့အဖေဟာမတ်ဂ်မြို့ကိုသိမ်းပိုက်နိင်ခဲ့သလို ငါလည်းအဲအတိုင်းပဲဖြစ်စေရမယ်"

စကားလက်စ်သည် ရှောင်ယု၏စကားကိုကြားလိုက်ရချိန်တွင် သူမသည်ရုတ်တရက်ဒူးထောက်ချလိုက်ကာ ငိုရှိုက်သံဖြင့်ပြောလိုက်သည်။

"သခင်လေးရှောင်...ဒီမိန်းမကသခင်လေးရဲ့ကျေးဇူးကိုတစ်သက်ပြန်မဆပ်နိုင်တော့ပါဘူး..."

ရှောင်ယုသည် ချက်ချင်းပင်စကားလက်စ်ကိုပွေ့ဖက်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မင်းဘာတွေပြောနေတာလဲ...မင်းကငါ့မိန်းမပဲလေ...ဘာလို့ကျေးဇူးတင်နေတာလဲ...ငါတို့အကုန်လုံးကမိသားစုတွေပဲ...ဒါပေမဲ့အိပ်ရာပေါ်မှာတော့ မင်းငါ့ကိုပျော်အောင်လုပ်ပေးနိုင်တယ်...ဟားဟား"

စကားလက်စ်က နီရဲနေသောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အိုး...ငါဒီမှာမရှိတော့မင်းက မိန်းမတွေဆက်တိုက်ရှာနေတာလား"

ထိုအချိန်တွင် အသံတစ်ခုကထွက်ပေါ်လာခဲ့သည်။

ရှောင်ယုက နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် လင်းမူရွယ်က လှပသောမျက်လုံးတစ်စုံဖြင့် သူ့အားစိုက်ကြည့်လိုက်သည်ကိုတွေ့လိုက်ရသည်။သူမ၏အကြည့်များတွင် ဒေါသက၃မှတ် ပျက်ရည်ပြုလိုစိတ်က၇မှတ်ပါဝင်နေခဲ့သည်။

လင်းမူရွယ်၏လေသံကိုကြားသောအခါ ယခုအချိန်တွင်အေဂါဝမ်၏ဝိညာဉ်မဟုတ်ဘဲ လင်းမူရွယ်ကိုယ်တိုင်က ပြောဆိုနေခြင်းဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်ပေသည်။စကားလက်စ်နှင့်မတွေ့ဆုံမှီတွင် လင်းမူရွယ်၏ခန္ဓာကိုယ်အား ရံဖန်ရံခါ၌အေဂါဝမ်၏ဝိညာဉ်ကဖြစ်စေ လင်းမူရွယ်၏ကိုယ်ပိုင်စိတ်ဝိညာဉ်ကဖြစ်စေ ပိုင်ဆိုင်ထားကြောင်း အလွန်ဆိုကသတိပေးခဲ့သည်။

ရှောင်ယုသည် လင်းမူရွယ်အားမတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ကာ ယခုအခါလင်းမူရွယ်၏ဒေါသအကြည့်အား ရင်ဆိုင်လိုက်ရသည်နှင့် သူ၏နှလုံးသားကရုတ်တရက်လှုပ်ခါသွားခဲ့သည်။သူသည် လင်းမူရွယ်၏နံဘေးသို့ ချက်ချင်းတိုးကပ်သွားခဲ့ကာ လင်းမူရွယ်အား သူ၏ရင်ခွင်အတွင်းသို့ချက်ချင်းဆွဲသွင်းလိုက်တော့သည်။

"မိန်းမကိုတကယ်လွမ်းနေတာ...."

ယခုအချိန်၌ သူသည်ဤပြဿနာကိုရှင်းပြနေ၍မရကြောင်း ရှောင်ယုနားလည်ပေသည်။အကယ်၍ သူသာရှင်းပြရန်ကြိုးစားပါက ပို၍သာရှုပ်ထွေးလာမည်ဖြစ်သည်။ဤပြသနာကိုဖြေရှင်းရန်အတွက် သူသည်လင်းမူရွယ်အား မည်မျှချစ်ခင်ဂရုစိုက်ကြောင်း ဖော်ပြရမည်ဖြစ်သည်။မိန်းမများသည် ချိုသာသောစကားများကိုနားထောင်ရသည်အား သဘောကျသည့်အတွက် ရှောင်ယုကအမှန်ကန်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

လင်းမူရွယ်သည် ရှောင်ယုအားထိုသို့ပြောလိုက်သော်လည်း ရှောင်ယုအားစနောက်လိုရုံသာဖြစ်ကာ အမှန်တကယ်ဒေါသမထွက်ပေ။

ရှောင်ယုက ပြုံး၍ပြောလိုက်သည်။

"တကယ်တော့ ဒီကိစ္စမှာရှုပ်ထွေးမှုတွေအများကြီးရှိနေတယ်...အရမ်းကြီးမတွေးပါနဲ့ ငါနောက်မှရှင်းပြမယ်...ငါမင်းကိုမတွေ့ရတာကြာပြီ...ခဏလောက်နမ်းပါရစေ"

ရှောင်ယု၏တောင်းဆိုချက်ကိုကြားသောအခါ လင်းမူရွယ်ခပ်တိုးတိုးအော်ငြီး၍ ငြင်းဆန်လိုက်သော်လည်း ရှောင်ယုကသူအလိုရှိသည့်အရာကိုရယူနေဆဲဖြစ်သည်။ထိုအချိန်တွင် သူတို့နှစ်ယောက်၏ကမ္ဘာငယ်လေး၌ သူတို့နှစ်ယောက်သာရှိနေပုံရပြီး အနီးအနားရှိအခြားလူများသည်ကား သူတို့နှစ်ယောက်ကိုအကြည့်လွဲကာ အခြားနေရာများသို့သွားလိုက်ကြသည်။

အခန်း ၄၈၂ - ဝိုင်းရံခြင်း

နောက်တစ်နေ့နံနက်တွင် ရှောင်ယုသည်အိပ်ရာမှစောစောထကာ ဗျူဟာများကိုစတင်ဆွေးနွေးခဲ့သည်။

ဤမတိုင်မှီက ရှောင်ယု၏တပ်ဖွဲ့အား မတ်ဂ်မြို့မှအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့သည်။ရန်သူများက ထိုတိုက်ခိုက်မှုများကို ညဘက်တွင်အဓိကထားလုပ်ဆောင်ခဲ့ကာ အလုံးစုံတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အသေးစားချုံခိုတိုက်ခိုက်မှုများကို ဦးစားပေးလုပ်ဆောင်ခဲ့ကာ ရှောင်ယု၏တပ်များကိုအငိုက်မိစေရန် ကြိုးစားခဲ့ကြောင်း မိုင်ယဗ်ကတင်ပြခဲ့သည်။

ရှောင်ယုသည် ဤသို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။မီရန်ဒါသည် သူ့အားသက်တောင့်သက်သာပေးနေမှာမဟုတ်ပေ။သို့သော်လည်း ထိုတိုက်ခိုက်မှုများက သူ့အားဒုက္ခဖြစ်စေရန်မလုံလောက်ကြောင်း မီရန်ဒါနားလည်ထားသင့်ပေသည်။ယခုအခါတွင် သူ၏သူရဲကောင်းများသည် ရင့်ကျက်တည်ငြိမ်လာပြီဖြစ်ရာ သူ၏အကူအညီမပါရှိလျှင်ပင် ရန်သူများအားကိုင်တွယ်နိုင်ပြီဖြစ်သည်။

ရှောင်ယုသည် အခြားသူများနှင့်အတူ နံနက်စာစားရန်ပြင်ဆင်ခဲ့သည်။ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်အားပြန်လည်ထိန်းချုပ်ခွင့်ရရှိသွားသည့် လင်းမူရွယ်သည်လည်း ရှောင်ယု၏အနားသို့တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။လင်းမူရွယ်သည် အလွန်ပင်စိတ်မကောင်းဖြစ်နေကာ ရှောင်ယုအားတောင်းပန်ခဲ့လေသည်။

နောက်ဆုံးအကြိမ်တွင် သူမတို့နှစ်ယောက်ကြည်နူးဖွယ်အခိုက်အတန့်လေးအား ဖန်တီးနေကြသည့်အချိန်၌ အေဂါဝမ်၏ဝိညာဉ်ကဝင်ရောက်လာခဲ့ပြီး သူတို့၏အချိန်ကောင်းကို ချိုးဖျက်လိုက်သည်။

လင်းမူရွယ်သည် သူမကိုယ်သူမအပြစ်တင်နေကာ သနားစရာကောင်းသည့်အကြည့်ဖြင့် သူ့အားစိုက်ကြည့်နေသည်ကို ရှောင်ယုသတိထားမိလိုက်၍ လင်းမူရွယ်အားချက်ချင်းနှစ်သိမ့်လိုက်သည်။သူသည် ဟာသပြက်လုံးအချို့ကိုပင်ထုတ်ဖော်၍ လင်းမူရွယ်ရယ်မောလာစေရန် ကြိုးစားခဲ့သည်။

လင်းမူရွယ်သည် သူ၏တရားဝင်ဇနီးမယားဖြစ်သည်။သူသည် အဘယ်ကြောင့်သူမကို ပေါ့ပေါ့တန်တန်သဘောထားနိုင်မည်နည်း။ရှောင်ယုကိုယ်တိုင်က စိတ်အားထက်သန်သူဖြစ်သော်လည်း သူ၏ဇနီးဖြစ်သူအပေါ်စေတနာထားရမည်ဖြစ်သည်။

ထို့ပြင် ဤအဖြစ်အပျက်သည် လင်းမူရွယ်၏အမှားလုံးဝမဟုတ်ပေ။

ရှောင်ယု၏နှစ်သိမ့်မှုကိုရရှိပြီးနောက်တွင် လင်းမူရွယ်သည်နောက်ဆုံး၌ ပြန်လည်ရယ်မောလာခဲ့ပြီး ရှောင်ယုနှင့်အတူနံနက်စာအားပျော်ရွှင်စွာစားသောက်ခဲ့သည်။စကားလက်စ်၏မိခင်နှင့်ညီမဖြစ်သူတို့သည် လင်းမူရွယ်အားတွေ့တွေ့ချင်း အတန်ငယ်သတိထားနေခဲ့ကြပြီး ထိုင်တောင်မထိုင်ဝံ့ကြပေ။

လင်းမူရွယ်သည် စကားလက်စ်၏အမေနှင့်ညီမတို့အား အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။လင်းမူရွယ်သည် ရှောင်ယု၏တရားဝင်စေ့စပ်ထားသူဖြစ်ကြောင်း စကားလက်စ်ကနားလည်ထားပေသည်။အနာဂတ်တွင် သူမသည်ခြင်္သေ့ဘုရင်၏ မိဖုရားခေါင်ကြီးဖြစ်လာမှာဖြစ်သည်။

သို့သော်လည်း လင်းမူရွယ်သည် သူမတို့အပေါ် စေတနာထားသည့်အတွက်ကြောင့် စကားလက်စ်သည် အနည်းငယ်သက်တောင့်သက်သာခံစားလာခဲ့ရသည်။စကားလက်စ်နှင့်မီချဲလ်တို့နှစ်ယောက်လုံးက ရှောင်ယုထံသို့သူမတို့၏ဘဝအား အပ်နှံရန်ရွေးချယ်လိုက်ခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ထင်မြင်လာကြသည်။

"မြို့စားရှောင်...မင်းကမတ်ဂ်မြို့ကိုဘယ်လိုတိုက်မှာလဲ"

ညစာစားချိန်သို့ရောက်ချိန်၌ ကာဆိုကမေးမြန်းလိုက်သည်။

ကာဆို၏မေးခွန်းကိုကြားချိန်တွင် ရှောင်ယုကပြုံး၍ပြန်ဖြေလိုက်သည်။

"ငါခုထိမစဉ်းစားရသေးဘူး"

ရှောင်ယု၏အဖြေကိုကြားချိန်တွင် ကာဆိုသည်စကားတစ်ခွန်းမှ မပြောဘဲတိတ်ဆိတ်နေခဲ့သည်။စစ်သူကြီးသည်ရန်သူများအားကိုင်တွယ်ရန်အတွက် ဗျူဟာများကိုချမှတ်ရမည်ဖြစ်သည်။တပ်မှူးတစ်ယောက်အနေဖြင့် စစ်ပွဲအားအောင်နိုင်စေရန် အစောပိုင်းတွင်သေချာပြင်ဆင်ထားရန် လိုအပ်ပေသည်။

စစ်ပွဲသည် ဂိမ်းတစ်ခုမဟုတ်ပေ။သေချာသတိမထားမိပါက အလုံးစုံပျက်စီးသွားနိုင်ပေသည်။

သို့သော်လည်း ကာဆိုသည် ရှောင်ယု၏အမူအရာကိုကြည့်ပြီးနောက်တွင် ရှောင်ယုသည်ထင်ရာစိုင်းတတ်သည့်လူမျိုးမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ထို့ကြောင့် ပထမအကြိမ်မေးမြန်းပြီးနောက်တွင် ကာဆိုသည်ထပ်မမေးတော့ဘဲ ရှောင်ယုကစစ်ပွဲအတွက် မည်သို့မည်ပုံပြင်ဆင်ဆောင်ရွက်မည်ကို စောင့်မျှော်နေခဲ့သည်။

ရှောင်ယုနှင့်ကာဆိုတို့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့်ဝိုင်သောက်ရင်း ထွေရာလေးပါးပြောဆိုနေကြပြီး စစ်ပွဲနှင့်ပတ်သက်၍စကားတစ်ခွန်းမှ မဟခဲ့ကြပေ။ညစာစားပြီးနောက်တွင် ရှောင်ယုကထရပ်လိုက်ကာ သူ့လူများအားကြည့်၍ ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။

"ညီအစ်ကိုတို့ စစ်ပွဲအတွက်အဆင်သင့်ပြင်ကြတော့"

လူတိုင်းသည် ရှောင်ယု၏အမိန့်ကိုကြားသောအခါတွင် သူတို့သည်ချက်ချင်းဆိုသလိုပင် သူတို့၏လက်နက်များကိုပြောင်စင်အောင် ဖုန်သုတ်လိုက်ကြပြီး ရှောင်ယုနှင့်အတူမတ်ဂ်မြို့အားတိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်ကြသည်။ကာဆိုသည် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြုတ်မိလိုက်သည်။ယခုလိုစားသောက်ပြီးပြီးချင်း စစ်တိုက်ရန်ပြင်ဆင်ခြင်းသည် မကောင်းသည့်နည်းလမ်းတစ်ခုဖြစ်သည်။

ကာဆိုသည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ရှောင်ယု၏တပ်သားများသည် အလွန်ပင်အကြောက်အရွံ့ကင်းမဲ့ကြပြီး စစ်ပွဲနှင့်ပတ်သက်လာလျှင် ပန်းခြံထဲသွားသကဲ့သို့ ပြုမူနေကြသည်။သူတို့ထံ၌ ကြောက်ရွံ့မှုနှင့်တုံ့ဆိုင်းမှုဟူသည့် စကားလုံးကိုအရိပ်အယောင်တောင်မတွေ့ခဲ့ရပေ။

ဤသို့သောစစ်တပ်တစ်ခုအား ရှောင်ယုကမည်သို့လေ့ကျင့်ပေးထားကြောင်း ကာဆိုနားမလည်ခဲ့ပေ။

ကာဆိုသည် သူအမိန့်ပေးသည့်လူများကိုတစ်ချက်ကြည့်လိုက်ရာ တစ်ယောက်နှင့်တစ်ယောက်ဝရုန်းသုန်းကားဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ယုသည် ရထားလုံးအားထပ်မစီးတော့ပေ။ထို့အစားသူသည် ကာဆိုနှင့်ဘေးချင်းကပ်ရက် လမ်းလျှောက်လာခဲ့သည်။ထိုသို့လမ်းလျှောက်လာရင်း ရှောင်ယုကစတင်မေးမြန်းလိုက်သည်။

"ကာဆို...မင်းက သံမဏိမြင်းညီနောင်ရဲ့ သားစဉ်မြေးမြစ်တွေပဲလား"

ရှောင်ယု၏မေးခွန်းကိုကြားသောအခါ ကာဆိုသည်အံ့သြခြင်းမရှိပေ။

"သခင်လေးရှောင်ယု ပြောတာမမှားပါဘူး...ငါတို့ဟာ သံမဏိမြင်းညီနောင်တွေရဲ့ နောက်ဆုံးသားစဉ်မြေးမြစ်တွေဖြစ်တယ်...နှစ်ကာလများစွာကြာပြီးတဲ့နောက်မှာ ငါတို့ဟာအရာများစွာကိုတွေ့ကြုံခဲ့ရပြီးတော့ ကြီးမားတဲ့အပြောင်းအလဲတွေအများကြီးကိုလည်းကြုံတွေ့ခဲ့ရတယ်လေ...ဒါပေမဲ့ငါတို့က သံမဏိမြင်းညီနောင်တွေရဲ့ သံမဏိစည်းမျည်းတွေကိုတော့ မပျက်မကွက်လိုက်နာနေဆဲပဲ"

ရှောင်ယုက ခေါင်းညိတ်၍ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...မင်းတို့ကတကယ့်သူရဲကောင်းတွေပဲ...ဒါကြောင့်ပဲငါကမင်းတို့ကို အထင်ကြီးနေတာပဲ"

"တကယ်တော့ ငါတို့ရဲ့သံမဏိမြင်းညီနောင်အဖွဲ့ကို တိုက်ကြီးထဲကလူတွေတော်တော်များများမေ့လုနီးနီးဖြစ်နေပြီ...အမှောင်ဗိမာန်တော်မှာ ညီအစ်ကိုရှောင်ယုက သမိုင်းကြောင်းတွေကိုပြန်ပြောပြတာကိုမြင်တော့ ညီအကိုရှောင်ယုကပဲ ငါတို့သံမဏိမြင်းညီနောင်အဖွဲ့ရဲ့ သမိုင်းကြောင်းကိုပြန်ပြီးပြောပြနိုင်မယ်လို့ ငါမျှော်လင့်ထားတယ်"

ကာဆိုကပြန်ပြောလိုက်သည်။

"သမိုင်းကြောင်းကမေ့လျောခံရရင်တောင် အမွေဆက်ခံမှုမပြတ်သရွေ့ ပြဿနာမရှိပါဘူး...သံမဏိမြင်းညီနောင်အဖွဲ့ရဲ့ သံမဏိစည်းကမ်းကိုသာ လိုက်နာနေရင်လုံလောက်ပါပြီ"

ရှောင်ယုကတည်ငြိမ်စွာပြောလိုက်သည်။

ထို့နောက် ရှောင်ယုသည်ကာဆိုနှင့်စကားပြောနေခဲ့ပြီး သံမဏိမြင်းညီနောင်အဖွဲ့၏အကြောင်းကို ကာဆိုအားရှင်းပြနေခဲ့သည်။

ကာဆိုက ရှောင်ယု၏စကားကိုလေးလေးနက်နက်နားထောင်နေခဲ့သည်။ရှောင်ယု၏စကားလုံးတိုင်းသည် သမ္မာကျမ်းစားကိုနားထောင်နေရသကဲ့သို့ ခံစားရစေခဲ့သည်။ကာဆိုသည် ရှောင်ယုပြောပြသည့်ဇာတ်လမ်းကိုရွေးချယ်ကောက်နှုတ်၍ ဂန္တဝင်စာအုပ်တစ်ခုအား ချရေးနိုင်ပေသည်။

သူတို့စကားပြောပြီးနောက်တွင် ရှောင်ယုကသူ၏အစီအစဉ်အား ကာဆိုကိုရှင်းပြခဲ့သည်။ကာဆိုသည် ရှောင်ယု၏ဗျူဟာကိုနားထောင်ပြီးနောက် ရှောင်ယုအားမချီးမွမ်းဘဲမနေနိုင်တော့ပေ။

အခန်း ၄၈၃ - အနှောင့်အယှက်ပေးမှု

မတ်ဂ်မြို့အား တိုက်ခိုက်တေါ့မယ့်အချိန်တွင် ရှောင်ယုကစားပွဲခင်း၍ စားသောက်ပွဲတည်ခင်းခဲ့သည်။

မြို့ရိုးနံရံပေါ်မှနေ၍ စောင့်ကြည့်နေသောမီရန်ဒါသည် လုံးဝကိုအံ့အားသင့်သွားခဲ့သည်။သူသည် ရှောင်ယု၏လှုပ်ရှားမှုကိုစောင့်ကြည့်ရန်အတွက် တပ်ဖွဲ့တစ်ခုအားစေလွှတ်ထားသည့်အတွက် ရှောင်ယုသည်စစ်တိုက်ရန်အတွက် တပ်ဖွဲ့တစ်ခုအားအမှန်တကယ်ယူဆောင်လာကြောင်း သိရှိလိုက်ရချိန်တွင် အလွန်သတိထားနေခဲ့သည်။သူသည် ရှောင်ယုအားမကြောက်သော်လည်း ပေါ့ပေါ့တန်တန်သဘောမထားသင့်ကြောင်း နားလည်ထားပေသည်။ရှောင်ယုသည် သူ့အားတိုက်ခိုက်ဝံ့သည့်အတွက်ကြောင့် ဝှက်ဖဲအချို့ရှိနေရမည်ဖြစ်သည်။

ထို့ကြောင့်မီရန်ဒါသည် မနက်စောစောထကာ ကြိုတင်ပြင်ဆင်မှုများအားပြုလုပ်ခဲ့ပြီး ရှောင်ယု၏ထိုးစစ်ကိုစောင့်မျှော်ခဲ့သည်။

သို့သော်လည်း ရှောင်ယုသည်မြို့ပြင်သို့ရောက်လာသော်လည်း မြို့ကိုလုံးဝတိုက်ခိုက်ခြင်းမရှိဟု သူမထင်ထားခဲ့ပေ။ထို့အစား သူတို့သည်မြို့ပြင်၌စခန်းချကာ အသားကင်များကိုလုပ်ဆောင်နေခဲ့သည်။

အသားကင်နံ့သည် မြို့ထဲကိုတောင်ပျံ့လွှင့်လာသည့်အတွက် စစ်သားများကသူတို့၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ကြသည်။

မီရန်ဒါသည် သူ့မျက်လုံးသူပင် မယုံကြည်နိုင်ဖြစ်သွားရသည်။

သို့သော်လည်း ရှောင်ယုသည်တပ်ဖွဲ့များကိုပင် ယူဆောင်လာခဲ့ရာ တစ်စုံတစ်ခုကိုကွယ်ဝှက်ထားကြောင်း ထင်ရှားပေသည်။ထို့ကြောင့် ရှောင်ယုကမည်သို့လုပ်ဆောင်မည်ကို စောင့်ကြည့်ရန်မီရန်ဒါက အမိန့်ပေးခဲ့သည်။

မြို့ရိုးထိပ်မှလူများသည် ရှောင်ယုကိုဒေါသတကြီးစိုက်ကြည့်နေကြသည်။ရှောင်ယု၏တပ်သားများသည် ရန်သူများရှေ့၌သောက်စားကခုန်နေကြသည်။

ရှောင်ယုသည် မီရန်ဒါကိုကြည့်ရင်း တပ်သားများကိုတိုက်ခိုက်ရန် မစေလွှတ်ခဲ့ပေ။သူ၏မျက်နှာပေါ်၌ ဆန်းကြယ်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့ကာ ဆက်လက်စားသောက်နေခဲ့ပြီး စစ်ပွဲအကြောင်းလုံးဝမပြောခဲ့ပေ။

နောက်တစ်နေ့တွင် ရှောင်ယုသည်မြို့ကိုဗုံးကြဲရန်အတွက် ဂရစ်ဖင်များကိုစေလွှတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် မြို့တော်၏နေရာအနှံ့အပြား၌ ပေါက်ကွဲမှုအများအပြားဖြစ်ပွားခဲ့ကာ မတ်ဂ်မြို့တစ်ခုလုံး ရှုပ်ထွေးနေခဲ့သည်။တပ်သားများသည် ချက်ချင်းပင်ခံစစ်အနေအထားဖြင့် အသင့်ပြင်ထားလိုက်ကြပြီး အံ့အားသင့်ဖွယ်ထိုးစစ်အားရင်ဆိုင်ရန်အတွက် ရှောင်ယု၏တပ်ကိုစောင့်ကြိုနေကြသည်။

သို့သော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမှမတိုက်ခိုက်ခဲ့ကြပေ။

မီရန်ဒါသည် တစ်ညလုံးမအိပ်နိုင်ခဲ့ပေ။သူသည် ရှောင်ယုကညဘက်တိုက်ခိုက်မည်ကို အလွန်ကြောက်လန့်နေခဲ့သည်။ထိုအချိန်တွင် စစ်ဗုံသံအား ရုတ်တရက်ကြားလိုက်ရသည့်အတွက် ချက်ချင်းထ၍မြို့ရိုးပေါ်သွားကြည့်သော်လည်း မည်သည်ကိုမှမတွေ့ခဲ့ရပေ။

မည်သို့ပင်ဆိုစေ မီရန်ဒါသည် လိမ္မာပါးနပ်သူဖြစ်သည်။ရှောင်ယု၏လုပ်ရပ်က သူ့ဘက်မှစတင်၍တိုက်ခိုက်မှုအား အစပြုလိုစေခြင်းဖြစ်ကြောင်း မီရန်ဒါကနားလည်ထားပေသည်။သို့သော်လည်း သူသည်စိတ်လိုက်မာန်ပါမလုပ်ဆောင်ဘဲ ဒေါသကိုမြိုသိပ်ထားလိုက်သည်။

မီရန်ဒါသည် အံကိုတင်းတင်းကြိတ်ရင်း မအိပ်တော့ရန်ဆုံးဖြတ်လိုက်သည်။သူသည် ရှောင်ယုတိုက်ခိုက်လာမည်ကို မြို့ရိုးပေါ်၌ထိုင်စောင့်နေသော်လည်း ရှောင်ယုက မည်သည့်အခါမှမတိုက်ခိုက်ခဲ့ပေ။မကြာမှီ မိုးသောက်အလင်းရောင်ထွက်ပေါ်လာခဲ့ပြီးနောက် ပေါက်ကွဲသံများကျယ်လောင်စွာထွက်ပေါ်လာကာ နေရာအနှံ့ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ဧရာမမီးဖီးနစ်တစ်ကောင်သည် ပျံသန်းလာခဲ့ပြီး မြို့ရိုးအားထိမှန်ကာပေါက်ကွဲသွားစေခဲ့သည်။ဖီးနစ်၏တိုက်ခိုက်မှုကြောင့် မြို့ရိုးတစ်ခုလုံးကြေမွ၍ ကျောက်စရစ်ခဲများ လွှင့်ထွက်လာခဲ့သည်။

ထိုအချိန်တွင် အရိပ်တစ်ခုက မြို့ရိုးပေါ်၌ရှိနေသော တပ်သားနှစ်ယောက်၏အသက်ကို ချက်ချင်းနှုတ်ယူသွားခဲ့သည်။

"လုပ်ကြံသူရှိနေတယ်သတိထား..."

တပ်သားတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လုပ်ကြံသူအားညွန်ပြလိုက်သည်။သို့သော်လည်း လုပ်ကြံသူသည် မြို့ရိုးပေါမှချက်ချင်းခုန်ဆင်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သဲလွန်စတစ်စုံတစ်ရာမရှိဘဲ အမှောင်ထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ထိုလုပ်ကြံသူသည် မိုင်ယဗ်ဖြစ်ကြောင်း နှစ်ခါစဉ်းစားနေစရာမလိုအပ်ပေ။

"ခွေးကောင်တွေ..."

မီရန်ဒါသည် အလွန်ပင်ဒေါသထွက်သွားခဲ့သည်။သူသည် နောက်ထပ်တစ်ကြိမ်ကစားခံလိုက်ရကြောင်း မီရန်ဒါနားလည်လိုက်သည်။

နေ့ခင်းဘက်တွင် မီရန်ဒါသည် သူတို့မောပန်းနွမ်းနယ်နေသည်ကို အခွင့်ကောင်းယူကာ ရှောင်ယုကတိုက်ခိုက်မည်ဟု ယုံကြည်၍ပေါ့ပေါ့ဆဆမနေရဲပေ။

သို့သော်လည်း ရှောင်ယုသည် သူမျှော်လင့်ထားသည့်အချိန်ကိုကျော်လွန်၍ တိုက်ခိုက်ခြင်းမရှိဘဲ ဆက်လက်စားသောက်ပျော်ပါးနေခဲ့သည်။ထိုမျှသာမကဘဲ ရံဖန်ရံခါတွင် ရှောင်ယုသည် မီရန်ဒါအားဦးတည်၍ လှောင်ပြောင်သည့်စကားများပြောဆိုနေခဲ့သည်။

"မီရန်ဒါ...အတူတူသောက်ကြရအောင်လေ...ဒီမှာငါသောက်စရာကောင်းကောင်းရှိတယ်လေ...ငါတို့ကိုဖျော်ဖြေပေးမယ့်အလှလေးတွေလည်း ငါတို့ဘေးနားမှာရှိတယ်လေ"

ရှောင်ယုသည် စကားလက်စ်နှင့်မီချဲလ်တို့အားသူ၏နံဘေး၌ တမင်လာထိုင်ခိုင်းလိုက်သည်။

"ရှောင်ယု..."

မီရန်ဒါ၏မျက်လုံးများသည် နီရဲလာခဲ့သော်လည်း စိတ်ရှည်ရှည်ထားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။

"မင်းသား...ဒီကောင်ကအရမ်းမာနကြီးလွန်းတယ်...သူ့ကိုချေမှုန်းခွင့်ပြုပါ"

ထိုအချိန်တွင် မတ်ဂ်မြို့၏မြို့စောင့်ဗိုလ်မှူးကြီးဖြစ်သူ အက်စ်ဝမ်က တောင်းဆိုလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရှောင်ယု၏အပြုအမူသည် အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး သူတို့အားမရပ်မနားပင်လှောင်ပြောင်နေခဲ့သည်။

"ဟမ့်...သူကငါတို့ကိုအဲလိုလုပ်စေချင်နေတာပဲ...ငါတို့သာခုထွက်သွားမယ်ဆိုရင် သူ့ရဲ့အစီအစဉ်အတိုင်းဖြစ်သွားလိမ့်မယ်"

မီရန်ဒါက တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

အက်စ်ဝမ်ကခေါင်းညိတ်ပြလိုက်ကာ ထိုအကြောင်းအားဆက်မပြောခဲ့ပေ။

ညဘက်တွင်ရှောင်ယုသည် ရန်သူများအားနှောင့်ယှက်ရန်အတွက် သူ့လူများအားဆက်လက်စေလွှတ်ခဲ့ပြီး မြို့တွင်းရှိလူများကိုပင်ပန်းနွမ်းနယ်စေခဲ့သည်။

မီရန်ဒါသည် ကောင်းကောင်းအိပ်မပျော်၍ မျက်လုံးများနီရဲနေခဲ့ကာ ရှောင်ယုအားအပိုင်းပိုင်းဖြတ်တောက်ရန် မစောင့်နိုင်တော့ပေ။

"အရှင်မင်းသား...ဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တပ်သားတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကုန်လုံးပင်ပန်းမှာသေချာတယ်...ရန်သူကတိုက်ခိုက်လာမယ်ဆို ခုခံဖို့ခက်ခဲလိမ့်မယ်"

အက်စ်ဝမ်က ထပ်မံတောင်းဆိုလိုက်သည်။

"လက်ရွေးစင်ခြေလျင်တပ်သား၅၀၀၀နဲ့အတူ ရန်သူရဲ့အခြေအနေကိုစစ်ဆေးလိုက် အက်စ်တို"

နောက်ဆုံးတွင်မီရန်ဒါက အမိန့်ပေးလာခဲ့သည်။

မတ်ဂ်မြို့၌ရှိနေသော တပ်သားအားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။အမာခံခြေလျင်တပ်သား၅၀၀၀သည် အခြားနေရာများ၌ရှားပါးနိုင်သော်လည်း ဤနေရာတွင်ရှားပါးမည်မဟုတ်ပေ။

"အမိန့်အတိုင်းပါ"

အက်စ်တိုက ချက်ချင်းခေါင်းညိတ်ပြလိုက်ကာ အက်စ်ဝမ်အားတစ်ချက်ကြည့်လိုက်သည်။အက်စ်တိုသည် အက်စ်ဝမ်၏ညီဖြစ်သလို ရဲရင့်ပြီးအစွမ်းထက်သော ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သည်။သူသည် ပဥ္စမအဆင့်အထွတ်အထိပ်သို့ရောက်နေသော ကျွမ်းကျင်သူလည်းဖြစ်သည်။

မကြာမှီမြို့တံခါးသည် ကျယ်လောင်စွာပွင့်ဟလာကာ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ခြေလျင်တပ်ကထွက်ပေါ်လာခဲ့သည်။

ထိုအခြေအနေကိုကြည့်ပြီး လွန်ခဲ့သောရက်အနည်းငယ်အတွင်း ရှောင်ယုနှင့်စစ်တုရင်ကစားနေခဲ့သည့် ကာဆိုသည်သူ၏လက်နက်ကိုချက်ချင်းထုတ်ယူကာ ခြေလျင်တပ်ကိုကြည့်လိုက်ပြီး သူ၏အကြည့်များကအေးစက်နေခဲ့သည်။

ရှောင်ယုက ကာဆိုကိုကြည့်၍ အနည်းငယ်ပြုံးပြလိုက်သည်။

"အစ်ကိုကာဆို...မလောနဲ့...အခြေအနေကိုစောင့်ကြည့်ပါအုံး"

ကာဆိုသည် စစ်ပွဲများစွာကိုဆင်နွဲဖူးသူဖြစ်ရာ ရှောင်ယု၏စကားကိုကြားချိန်တွင် မျက်မှောင်ကြုတ်၍မေးမြန်းလိုက်သည်။

"ညီလေးရှောင်...ငါတို့မတိုက်ခိုက်သေးဘူးလား...ငါတို့ကဒီနေရာမှာစစ်တုရင်ကစားပြီး ရက်အနည်းငယ်အချိန်ကုန်ခဲ့တယ်...ငါတို့ကသူတို့ကိုဦးဆောင်ခွင့်ပေးလိုက်ရင် ငါတို့ဒုက္ခရောက်လိမ့်မယ်"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကိုကာဆို....ငါ့မှာအစီအစဉ်ရှိတယ်...အရင်ဆုံးနောက်ပြန်ဆုတ်ရအောင်"

ရှောင်ယု၏အမိန့်အောက်တွင် လူတိုင်းသည်သူတို့၏လက်နက်များကိုကိုင်ဆောင်ကာ နောက်ပြန်ဆုတ်ရန်အသင့်ပြင်လိုက်ကြသည်။

ရှောင်ယုလိုအပ်သည့် တန်ဖိုးကြီးပစ္စည်းအများစုကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းထားသည့်အတွက်ကြောင့် ထုပ်ပိုးသိမ်းဆည်းရာတွင် အခက်အခဲမရှိပေ။

ထိုအချိန်တွင် ရန်သူ၏အမာခံခြေလျင်တပ်သည် အလွန်အားပြင်းသည့်အရှိန်အဟုန်ဖြင့် မိုးခြိမ်းသံကဲ့သို့ ခြေလှမ်းများကိုထုတ်ဖော်ကာ သပ်သပ်ရပ်ရပ်ဖြင့်ရှေ့သို့တိုးလာခဲ့သည်။

"ငါ့ကိုတိုက်ခိုက်ခွင့်ပြု...ငါကျိန်းသေပေါက် အမာခံခြေလျင်တပ်ကိုဖျက်ဆီးနိုင်တယ်"

ကာဆိုကအေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။

"အကိုဒီအတွက်စိတ်မပူပါနဲ့...အကို့ရဲ့ခွန်အားကိုပြသဖို့အခွင့်အရေးရပါလိမ့်မယ်...ခုတော့ခဏလောက်နောက်ဆုတ်ရအောင်"

ရှောင်ယုကပြုံး၍နှစ်သိမ့်လိုက်သည်။

ရှောင်ယုသည် သူ၏တပ်သားများနှင့်အတူ ဆုတ်ခွာသွားသည်ကိုမြင်သောအခါ မီရန်ဒါသည်အလွန်အံ့သြသွားခဲ့သည်။မူလက ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ရှောင်ယုကမူချက်ချင်းဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

အက်စ်တိုလည်းထိတ်လန့်သွားခဲ့ကာ မြို့ရိုးပေါ်သို့မော့ကြည့်လိုက်ပြီး နောက်သို့ဆက်လိုက်သင့်မသင့် မီရန်ဒါ၏ထင်မြင်ချက်ကိုတောင်းခံလိုက်သည်။

မီရန်ဒါသည် မျက်မှောင်ကြူတ်ကာ အေးစက်စွာအမိန့်ပေးလိုက်သည်။

"နောက်ကလိုက်သွား...ဒါပေမဲ့အဝေးကြီးတော့လိုက်မသွားနဲ့"

All Chapters