← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း ၄၈၄ - ကြီးမားသည့်ဆုံးရှုံးမှု

မီရန်ဒါ၏အမိန့်ကိုရရှိပြီးနောက်တွင် ခြေလျင်တပ်က ရှောင်ယုတို့ထံချက်ချင်းချီတက်လာကြသည်။

သို့သော်လည်း အမာခံခြေလျင်တပ်များသည် အလွန်နှေးကွေးသည့်အတွက်ကြောင့် ရှောင်ယုတို့အားအမှီလိုက်ရာတွင် အခက်အခဲရှိပေသည်။

မြင်းတပ်၏ပံ့ပိုးမှုမရှိသည့်အခြေအနေတွင် သူတို့သည်နောက်မှဖြေးညင်းစွာလိုက်လာရုံသာ တတ်နိုင်ပေသည်။

ရှောင်ယုသည်လည်း မြန်မြန်ဆန်ဆန်ဆုတ်ခွာခြင်းမရှိခဲ့ပေ။မငြိမ်မသက်ဖြစ်မှု့များကြောင့် သူတို့၏ချီတက်နှုန်းသည်အခက်အခဲနှင့်ကြုံတွေ့ခဲ့ရကာ ရှောင်ယုတို့နှင့်နှစ်မိုင်သုံးမိုင်ခန့်အကွာထိသာ အနီးဆုံးချည်းကပ်နိုင်ခဲ့သည်။

ဤနေရာကို ရှောင်ယုနှင့်သူ၏တပ်ဖွဲ့က လွန်ခဲ့သောရက်အနည်းငယ်ခန့်ကအသုံးပြုခဲ့ပေသည်။ထိုသို့စခန်းချစဉ်တွင် ချက်ပြုတ်ခြင်းနှင့်အခြားသောကိစ္စများအတွက် တွင်းများကိုတူးထားခဲ့ပေရာ ထိုတွင်းပေါက်များက အမာခံခြေလျင်တပ်သားများ၏အရှိန်နှုန်းကို ထိခိုက်စေခဲ့သည်။

ရှောင်ယုနှင့်သူ၏တပ်ဖွဲ့သည် ဆက်လက်ဆုတ်ခွာနေသော်လည်း အချိန်အတိုင်းအတာတစ်ခုထိ ထွက်ပြေးပြီးနောက်တွင်ရုတ်တရက် ရပ်တန့်လိုက်ကြသည်။

"ဟားဟား...ခွေးမသားတွေ မင်းတို့အမေကိုပြန်$#လိုက်"

အောစ့်စစ်သားအများအပြားသည် ရှေ့သို့ပြေးဝင်လာကြကာ သူတို့နောက်သို့လိုက်လာသော အမာခံခြေလျင်တပ်သားများအား အော်ဟစ်ဆဲဆိုကြိမ်းမောင်းခဲ့သည်။

ရန်သူစစ်သားများ၏ ကဲ့ရဲ့ကြိမ်းမောင်းခြင်းကိုခံလိုက်ရသည့်အတွက် မတ်ဂ်မြို့မှတပ်သားများသည် အလွန်ဒေါသထွက်သွားခဲ့သည်။ထိုကောင်များသည် မည်သူတို့နည်း...စစ်သားအစစ်များဟုတ်ကြသလား...သူတို့ကိုကြည့်ရသည်မှာ လူရမ်းကားများနှင့်ပိုတူနေလေသည်။

အက်စ်တိုသည် အဝေးသို့မသွားရဲဘဲ တပ်သားများကိုစနစ်တကျချီတက်ရန် အမိန့်ပေးလိုက်သည်။သို့သော်လည်း မြေပြင်ပေါ်ရှိတွင်းပေါက်များက မည်သည့်တပ်ဖွဲ့စည်းပုံကိုမဆို ထိန်းသိမ်းရန်အခက်အခဲဖြစ်စေခဲ့သည်။တပ်ဖွဲ့ကြီးသည် ဖွဲ့စည်းပုံအားဆက်လက်မထိန်းချုပ်နိုင်ဘဲ အုပ်စုငယ်လေးများအဖြစ် ဖြန့်ခွဲလိုက်ကြသည်။

ခြေလျင်တပ်၏အခြေအနေသည် ကောင်းမွန်ခြင်းမရှိပေ။သူတို့တပ်ဖွဲ့တွင်ပါလာသည့် မြင်းတပ်သားများစီးနင်းသည့် မြင်းများသည်ပင် အပြန်ပြန်အလှန်လှန်ခုန်ပေါက်နေကြပြီး မကြာခဏဆိုသလို ရှုပ်ထွေးသောမြေပြင်ကြောင့် အချင်းချင်းတိုက်မိကုန်ကြသည်။

ထိုအချိန်တွင် ရှောင်ယု၏မျက်လုံးများ၌ လှည့်စားတတ်သည့်အရိပ်အယောင်များ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"အခုပဲတိုက်ခိုက်ကြတော့"

အုံးးးး ...

ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ မှိုပွင့်သဏ္ဍာန်တိမ်ပွင့်ကြီးက လေထုထဲသို့တိုးထွက်လာခဲ့သည်။အဆိုပါပေါက်ကွဲမှုကြောင့် တပ်သားအမြောက်အများသေဆုံးခဲ့ရရုံသာမက အခြားသောတပ်သားများသည်လည်း ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်။

"ကြည့်လိုက်စမ်း...အစ်ကိုကာဆို"

ရှောင်ယုက ကာဆိုကိုကြည့်ရင်း စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။

ရှောင်ယု၏အပြုအမူသည် အမြဲလိုလိုပင်ထူးဆန်းနေကြောင်း ကာဆိုကတွေ့ရှိခဲ့သည်။သို့သော်လည်း သူသည်အဘယ်ကြောင့် ရှောင်ယုအားယုံကြည်နေရသည်ကို ကာဆိုကိုယ်တိုင်ကနားမလည်ပေ။

အက်စ်တိုသည် မျှော်လင့်မထားသည့် အဖြစ်အပျက်ကြောင့်ထိတ်လန့်သွားခဲ့သော်လည်း မကြာမှီပြန်လည်တည်ငြိမ်သွားခဲ့ကာ အမိန့်ထုတ်ပြန်လိုက်သည်။

"ဆုတ်ကြ...ဆုတ်ကြတော့"

အက်စ်တိုသည် ထိုသို့အမိန့်ပေးပြီးသည်နှင့် သူ၏ကျောရိုးတစ်ခုလုံး အေးစက်သွားသလိုခံစားလိုက်ရကာ နောက်သို့ပြန်လှည့်ကြည့်လိုက်ချိန်တွင် ဝတ်ရုံနက်လူတစ်ယောက်၏ ခရမ်းရောင်မျက်ဝန်းတစ်စုံကိုတွေ့မြင်လိုက်ရသည်။နောက်အခိုက်အတန့်တွင် သူ၏အမြင်အာရုံသည်မှောင်မိုက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ကမြေပေါ်လဲကျသွားခဲ့ပြီး အေးစက်နေသောအလောင်းကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။

မိုင်ယဗ်...

အမှောင်ဗိမာန်တော်ရှိ အရိပ်နှင့်ပေါင်းစည်းပြီးကတည်းက မိုင်ယဗ်၏ခွန်အားသည် အလွန်ပင်တိုးတက်လာခဲ့သည်။ယခုအခါ သူမသည်အပြစ်အနာအဆာမရှိသည့် လုပ်ကြံသူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။

ခေါင်းဆောင်မရှိခဲ့ပါက တပ်သားများသည်လမ်းညွန်မှုကို ဆုံးရှုံးရမည်ဖြစ်သည်။သူတို့သည် ပြန်လည်ဆုတ်ခွာလိုလျှင်ပင် မြေပြင်အနေအထားက လွန်စွာရှုပ်ထွေးပေသည်။သူတို့သည် ဦးတည်ချက်ပျောက်ဆုံးနေခဲ့ကာ တပ်သားအများစုက တွင်းပေါက်များအတွင်းသို့ ခြေချော်ကျကုန်ကြသည်။

ထိုသို့ပရမ်းပတာအခြေအနေအောက်တွင် ဂရစ်ဖင်များသည် ဝေဟင်ပေါ်မှနေ၍ ထိုတပ်ဖွဲ့အားတိုက်ခိုက်လာသည့်အတွက် ခြေလျင်တပ်တစ်ခုလုံးသည် အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

ရှောင်ယုသည် တိုက်ခိုက်ရန်အတွက် လူများစွာကိုမစေလွှတ်ခဲ့ပေ။ငွေရောင်လက်အပါအဝင် စုစုပေါင်းတပ်သား၁၀၀၀ကျော်ကိုသာ စေလွှတ်ခဲ့သည်။

ငွေရောက်လက်ထဲမှ မူရင်းတပ်သားများသည် အူသာ၏အော်ရာကြောင့် ပိုမိုအားကောင်းလာခဲ့သည်။ယခင်ကဆိုလျှင် သူတို့သည်ဤမျှလောက်အားကောင်းခြင်းမရှိပေ။

သွေးနီရောင်ခရူးဆိတ်များသည်လည်း သူတို့၏ခွန်အားကိုမြင့်တင်ရန် ယုံကြည်မှုစွမ်းအားကို အစားထိုးထားကြသည်။ယခုအခါ အူသာ၏ဘေးနား၌ရှိနေကြပြီး သူတို့၏ခွန်အားသည်နှစ်ဆနီးပါးတိုးမြင့်လာခဲ့သည်။

အူသာ၏ကောင်းချီးအောက်တွင် သူတို့တစ်ယောက်ချင်းစီတိုင်းသည် အနိမ့်ဆုံးဒုတိယအဆင့် အမြင့်ဆုံးသောခွန်အားကိုပိုင်ဆိုင်ထားကြသည်။အချို့အဆင့်မြင့်ပါလာဒင်များသည် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ပင် ရောက်ရှိသွားကြသည်။

လက်ရှိအချိန်တွင် သူတို့်အားလုံးဝရပ်တန့်၍မရတော့ပေ။သွေးနီရောင်ခရူးဆိတ်များသည် ရန်သူများအားသတ်ဖြတ်ရန်အထူးလေ့ကျင့်ပေးခံထားရမှုကြောင့် သူတို့၏စွမ်းဆောင်ရည်သည် စစ်မြေပြင်၌အလွန်ကောင်းမွန်နေခဲ့သည်။စစ်မြေပြင်၌သွေးကိုမြင်တွေ့ချိန်တွင် သူတို့၏ခန္ဓာကိုယ်အတွင်းမှ သွေးများပွက်ပွက်ဆူလာခဲ့သည်။

ရှောင်ယုသည် မီချဲလ်နှင့်စကားလက်စ်တို့၏နှိပ်နယ်ပေးမှုကိုခံစားရင်း သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ ထိုင်ခုံတစ်ခုကိုထုတ်ယူလိုက်ကာ ၎င်းပေါ်၌ထိုင်ချလိုက်သည်။

လက်ရှိအချိန်တွင်ရှောင်ယုသည် တိုက်ပွဲအားသက်တောင့်သက်သာပင် စောင့်ကြည့်နေခဲ့သည်။တစ်ဖက်တွင် ကာဆိုနှင့်သူ၏သံမဏိမြင်းညီနောင်များသည် အမှန်တကယ်ပင်အစွမ်းထက်ကြောင်းငြင်းမရပေ။

ကာဆို၏လက်အောက်တွင် မည်သူကမှတတိယအဆင့်အောက်တွင် မရှိခဲ့ကြပေ။ထို့ပြင်အူသာ၏ကောင်းချီးအောက်၌ သူတို့၏ခွန်အားကတိုးတက်လာခဲ့သည်။

အထူးသဖြင့် ဆဌမအဆင့်သို့ရောက်နေသော ကာဆိုကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လေရာ သိုးအုပ်ထဲရောက်သွားသည့် ကျားတစ်ကောင်နှင့်ဆင်တူနေခဲ့သည်။

ကာဆို၏တိုက်ခိုက်မှုအား အမာခံခြေလျင်တပ်သားများ၏ လေးလံသောချပ်ဝတ်တန်ဆာများက မတားဆီးနိုင်ခဲ့သလို သူတို့၏ခွန်အားကလည်း ကာဆိုအားထိခိုက်စေရန်မလုံလောက်ခဲ့ပေ။

ယခုအခါတွင် အမာခံခြေလျင်တပ်သား၅၀၀၀သည် ခုတ်ထစ်ခံရရန်အသင့်ရှိနေသော သိုးငယ်လေးများနှင့်ဆင်တူနေခဲ့သည်။သူတို့သည် ထွက်ပြေးရန်အစပြုနေကြသော်လည်း ရှောင်ယုတို့ဘက်မှအင်အားအပြည့်ဖြင့် တိုက်ခိုက်နေခဲ့သည်။

ဆယ်မိနစ်မပြည့်မှီအချိန်လေးတွင် ခြေလျင်တပ်၏တစ်ဝက်ခန့်ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့ရာ ရှောင်ယု၏တိုက်ခိုက်ရေးစွမ်းအားသည်မည်မျှထိအစွမ်းထက်ကြောင်း သိသာပေသည်။

ထိုအချိန်တွင် ကာဆို၏သွေးများသည်ပွက်ပွက်ဆူနေခဲ့သည်။အူသာ၏ကောင်းချီးအောက်တွင် နွေးထွေးသောစွမ်းအင်များက သူ၏ခန္ဓာကိုယ်အနှံ့လှည့်ပတ်နေသည့်အတွက် စွမ်းအားများပြည့်ဝနေသလိုခံစားလိုက်ရပြီး အားဆေးတစ်ခွက်သောက်သုံးလိုက်ရသလိုမျိုးဖြစ်နေခဲ့သည်။

သူရဲကောင်းတိုင်းသည် သူတို့၏ခွန်အားကိုတိုးမြင့်လိုကြသည်။သို့သော်လည်း ဆဌမအဆင့်သို့ရောက်ရှိပြီးနောက်တွင် ရှေ့သို့ခြေတစ်လှမ်းတိုးရန်မှာ ကောင်းကင်ဘုံသို့တက်လှမ်းရသည်ထက် ပိုမိုခက်ခဲပေသည်။ကာဆိုသည် သူ၏ဘဝတွင်ယခုထက်ပိုမိုအားကောင်းသည့် စွမ်းအားကိုတွေ့ကြုံခံစားနိုင်မည်မဟုတ်ဟု အမြဲတွေးနေခဲ့သည်။

သို့သော်လည်း အူသာ၏ကောင်းချီးကိုရရှိချိန်တွင် သူ၏ခွန်အားသည်အနည်းဆုံး၂ဆတိုးလာကြောင်း ခံစားမိပေသည်။ပြင်းထန်အားကောင်းသည့်ခံစားချက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအားလွှမ်းခြုံထားခဲ့ကာ အချိန်မရွေးအခြားနယ်ပယ်တစ်ခုကို ဖြတ်ကျော်သွားနိုင်သည်ဟု သူခံစားမိပေသည်။

ဆခ်သည် ကာဆိုကိုသတိထားမိချိန်တွင် သူသည်ကာဆို၏မျက်လုံးများကို စေ့စေ့မကြည့်ရဲတော့ပေ။သူသည်ကာဆို၏စွမ်းအားကို သဘာဝကျစွာပင်ခံစားမိပေသည်။

သူသည်ကာဆိုနှင့်တိုက်ခိုက်လိုသော်လည်း အူသာ၏ကောင်းချီးကြောင့် ကာဆို၏ခွန်အားကိုဆက်တိုက်မြင့်တက်နေသည်ကို တွေ့လိုက်ရ၍ သူသည်ကာဆို၏ပြိုင်ဘက်မဟုတ်ကြောင်း သိရှိနားလည်လိုက်သည်။

အကယ်၍ သူသာအကြိမ်အနည်းငယ်ခန့် ထိပ်တိုက်ရင်ဆိုင်ကြည့်ပါက ချက်ချင်းရှုံးနိမ့်သွားမည်ဖြစ်သည်။

ရှောင်ယုကဘယ်သူလဲ...သူ့မှာဘာလို့ဒီလောက်တောင်အစွမ်းထက်တဲ့စစ်သူကြီးတွေရှိနေရတာလဲ...ဒီကောင်ကလူနည်းနည်းလေးနဲ့ မဂ်တ်မြို့ကိုလာရောက်တိုက်ခိုက်ဝံ့တာ အံ့သြစရာမဟုတ်တော့ဘူး...

အခန်း ၄၈၅ - ငါ့ကိုရိုက်ဖို့ကြိုးစားလေ ငါကတော့ပြေးမှာပဲ

"ခွေးကောင်...ဘာတွေဖြစ်ကုန်တာလဲ...ငါတို့ကဘာမှမတိုက်ရဘဲ လူတွေအများကြီးကိုဆုံးရှုံးရတော့မှာလား"

မင်းသားမီရန်ဒါ၏မျက်နှာသည် စိမ်းလိုက်ပြာလိုက်ဖြစ်နေခဲ့သည်။အမှန်တော့ ဤတိုက်ပွဲအပြီးတွင် လူမည်မျှထိဆုံးရှုံးခဲ့ရသည်ကို သူမသိခဲ့ပေ။သူ၏ခြေလျင်တပ်သည် အဘယ်ကြောင့်ဤသို့အဆုံးသတ်သွားရသနည်း။တစ်ဖက်လူ၏ခွန်အားသည် ဤမျှထိကြောက်စရာကောင်းသော အခြေအနေသို့ရောက်ရှိနေခဲ့သည်လား...

သူတို့နှစ်ဖက်ကြားကွာဟချက်သည် အဘယ်ကြောင့်ဤမျှကြီးမားနေရသည်ကို မည်သူမှနားမလည်နိုင်ကြပေ။

လက်ရှိအချိန်တွင် အက်စ်ဝမ်သည် အမှန်ပင်ရူးသွပ်နေခဲ့သည်။သူ၏ညီဖြစ်သူ အက်စ်တိုသည်သူ၏မျက်စိရှေ့မှောက်တွင် အသတ်ခံလိုက်ရသော်လည်း သူမည်သည်ကိုမှမလုပ်ဆောင်နိုင်ခဲ့ပေ။မိုင်ယဗ်၏လုပ်ကြံသတ်ဖြတ်မှုသည် အမှန်တကယ်ပင်အစွမ်းထက်လှပေသည်။

မိုင်ယဗ်သည် အမှောင်ထုနှင့်စစ်မြေပြင်၌ လူများကိုလွယ်ကူစွာဖြင့်လုပ်ကြံသတ်ဖြတ်နိုင်သည်။စစ်မြေပြင်၌ဆိုလျှင် သူမသည်ထောင်ပေါင်းများစွာသောလူများအကြား၌ ပုန်းအောင်းနိုင်ပြီး သူမ၏ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံမှုအစွမ်းကိုပြသခဲ့သည်။

"ငါသူတို့ကိုသတ်ချင်တယ်"

အက်စ်ဝမ်က ပုံပျက်ပန်းပျက်မျက်နှာဖြင့် အော်ဟစ်လိုက်ကာ မီရန်ဒါကိုကြည့်၍တောင်းဆိုလိုက်သည်။

"အရှင်မင်းသား...ဒီလူကငါတို့လန်းစ်အင်ပါယာရဲ့စစ်တပ်ကို ရှင်းရှင်းလင်းလင်းကြီး စော်ကားနေတာပဲ...ငါတို့ရဲ့အဓိကစစ်တပ်ကိုပို့လွှတ်ပြီးတော့ ရန်သူကိုတဟုန်ထိုးချေမှုန်းပစ်ဖို့ အကြံပြုချင်ပါတယ်...ကင်းထောက်တွေရဲ့အစီရင်ခံစာအရဆိုရင် အနီးအနားမှာအခြားစစ်အင်အားမရှိတော့ဘူး...ပြောချင်တာကသူတို့မှာလူနည်းနည်းပဲရှိတယ်....ငါတို့ကသာသူတို့ကိုကြောက်နေမယ်ဆိုရင် ငါတို့လန်းစင်အင်ပါယာရဲ့မျက်နှာကဘယ်ကိုရောက်သွားမလဲ"

မီရန်ဒါသည် ရှောင်ယုအားအစိတ်စိတ်အမွှာမွှာဖြတ်တောက်ပစ်လိုသော်လည်း သူသည်သတိကြီးကြီးထားကာ ပေါ့ပေါ့တန်တန်အရေးယူတိုက်ခိုက်ခြင်းမျိုး မည်သည့်အခါမှမလုပ်ခဲ့ပေ။အမှားတစ်ခုသာလုပ်မိပါက အရာအားလုံးကိုဆုံးရှုံးရမည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။

"အနီးအနားမှာ အခြားစစ်တပ်တွေမရှိတာသေချာလား"

မီရန်ဒါက ထပ်မံမေးမြန်းလိုက်သည်။

မီရန်ဒါသည် ရှောင်ယုအပေါ်သို့ကြီးကြီးမားမားတိုက်ခိုက်မှု မပြုလုပ်ရသည့်အကြောင်းရင်းမှာ ရှောင်ယုထံတွင် ဝှက်ဖဲတစ်ခုအဖြစ်အသုံးချရန်အတွက် ဧရာမစစ်တပ်တစ်ခုအားကွယ်ဝှက်ထားသည်ဟု သံသယရှိနေ၍ဖြစ်သည်။ထို့ကြောင့်သူ၏သံသယကိုအတည်ပြုနိုင်ရန် လမ်းကြောင်းတိုင်းကိုစစ်ဆေးရန်အတွက် ကင်းထောက်များစွာကိုစေလွှတ်ခဲ့သည်။ကင်းထောက်များ၏အစီရင်ခံစာအရလည်း အနီးအနားတွင်လျှို့ဝှက်အင်အားစုများမရှိကြောင်း နားလည်ထားပေသည်။

တစ်နည်းအားဖြင့်ဆိုရသော် ရှောင်ယု၏လက်ရှိအင်အားမှာ သူတို့မြင်တွေ့‌နေရသည့်အတိုင်းဖြစ်သည်။သူတို့၏ခွန်အားသည်သန်မာသော်လည်း အရေအတွက်က သူတို့အားအနိုင်ယူနိုင်ပေသည်၊

"အနီးအနားမှာ အခြားတပ်ဖွဲ့တွေမရှိဘူးဆိုတာကို ရဲရဲကြီးအာမခံနိုင်ပါတယ်...ရှောင်ယုဆိုတဲ့ကောင်ကဝှက်ဖဲရှိတဲ့ပုံစံမျိုးနဲ့ မြို့ပြင်ကိုသတ္တိရှိရှိရောက်လာပြီး ငါတို့ကိုခြောက်လန့်ဖို့ရောက်လာတယ်လို့ငါထင်တယ်...တကယ်တော့ရှောင်ယုက အခြားတပ်ကူတွေရောက်လာမှာကိုစောင့်နေတာဖြစ်နိုင်တယ်...ဒါကြောင့်သူတို့ကို့မြန်မြန်ဖယ်ရှားပစ်ဖို့အကြံပြုချင်ပါတယ်...ဒါမှမဟုတ်သူတို့ရဲ့တပ်ကူတွေသာရောက်လာခဲ့ရင် ငါတို့အားနည်းချက်ဖြစ်သွားလိမ့်မယ်"

အက်စ်ဝမ်က သုံးသပ်ခဲ့သည်။

မီရန်ဒါက ခဏလောက်စဉ်းစားပြီးနောက် ဖြေးညင်းစွာအမိန့်ပေးလိုက်သည်။

"ကောင်းပြီ...အခြားသူတွေကိုတော့ချက်ချင်းသတ်ပစ်...စကားလက်စ်နဲ့မီချဲလ်ကိုတော့ ငါ့ဆီပြန်ခေါ်လာခဲ့"

"အမိန့်အတိုင်းပါမင်းသား...ဒီလက်အောက်ငယ်သားကတိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ မှော်ဆရာတွေနဲ့မှော်အမြှောက်တွေကို တောင်းဆိုချင်ပါတယ်...တစ်ဖက်မှာကသန်မာတဲ့သူရဲကောင်းတွေအများကြီးရှိတယ်...သူတို့ကိုတွန်းလှန်တိုက်ခိုက်ဖို့အတွက် သခင်ဆစ်ခ်နဲ့သခင်မိုဒဲလ်တို့ရဲ့ အကူအညီကိုလည်းတောင်းခံလိုပါတယ်"

အက်စ်ဝမ်က ပြန်ဖြေလိုက်သည်။

မီရန်ဒါက သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။

"မင်းသာသူတို့ကိုသတ်နိုင်တယ်ဆိုရင် မင်းတောင်းဆိုတာအကုန်ဖြစ်စေရမယ်"

"အမိန့်အတိုင်းပါ..."

အက်စ်ဝမ်၏မျက်နှာပေါ်၌ ရက်စက်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

ဤနှစ်များတလျှောက် မတ်ဂ်မြို့၏ခုခံကာကွယ်ရေးအား မြင့်တင်ရန်အတွက် မှော်အမြှောက်များနှင့်မှော်လက်နက်များစွယကိုသိမ်းဆည်းထားခဲ့သည်။ထိုမှော်လက်နက်များဖြင့်ဆိုလျှင် မှော်ဆရာ၏စွမ်းအားသည် အဆင့်တစ်ခုထိတိုးတက်လာမည်ဖြစ်သည်။

ထိုတိုက်ပွဲအပြီးတွင် ရှောင်ယု၏တပ်သားများသည် ပျော်ပွဲစားထွက်နေသကဲ့သို့ မြေပြင်ပေါ်၌လဲလျောင်းနေခဲ့ကြသည်။မူလက သွေးနီရောင်ခရူးဆိတ်များသည် သူတို့၏တင်းကျပ်သောစည်းမျည်းများကြောင့် ကျော်ကြားသော်လည်း ရှောင်ယု၏လမ်းညွန်မှုအောက်တွင် အဆိုပါငွေရောင်လက်၏တပ်သားအသစ်များသည် အောစ့်ခြေလျင်တပ်ရင်း၏ ရိုင်းစိုင်းသောအလေ့အကျင့်ကို သင်ယူခဲ့ကြပြီး နေရာတိုင်း၌သောက်စား ပျော်ပါးတတ်လာကြသည်။

ယခင်ကဤသို့ဖြစ်နေလျှင် အလွန်ဆို၏အမူအရာသည် အလွန်ပျက်ယွင်းနေမှာဖြစ်သည်။စစ်သားတစ်ယောက်သည် သူ၏ချပ်ဝတ်တန်ဆာအနည်းငယ်ပုံစံပျက်ယွင်းနေလျှင် သို့မဟုတ် ဓားကိုသေချာမပွတ်တိုက်ထားလျှင် စစ်သားကောင်းတစ်ယောက်ဟု မသတ်မှတ်နိုင်ပေ။

ယခုမူ ရှောင်ယု၏စစ်တပ်သည် ဓားပြများနှင့်မခြားတော့ချေ။

ကာဆိုနှင့်အလွန်ဆိုတို့နှစ်ဦးလုံးသည် သူတို့၏ခေါင်းများကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းရုံသာတတ်နိုင်ခဲ့သည်။ထို့အတွက် ရှောင်ယုအားအပြစ်မတင်နိုင်ပေ။ရှောင်ယုသည် သူဦးဆောင်သည့်တိုက်ပွဲမှန်သမှ ရှုံးနိမ့်ခြင်းမရှိခဲ့ပေ။

တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာပေါင်းသင်းဆက်ဆံပြီးနောက်တွင် အောစ့်စစ်သည်များက ရှောင်ယု၏ခမ်းနားကြီးကျယ်သောတိုက်ပွဲများအကြောင်းကို ပြောပြခဲ့သည်။သူတို့သည် ထိုအကြောင်းကိုနားထောင်လေလေ ပိုမိုတုန်လှုပ်လာလေလေဖြစ်သည်။

ထိုတိုက်ပွဲများတွင် သူတို့အလွန်အထင်ကြီးစရာကောင်းသည့် တိုက်ပွဲရလဒ်များကို ပိုင်ဆိုင်ခဲ့ကြပြီး ထိုတိုက်ပွဲများ၌ အသေအပျောက်အလွန်နည်းပါးခဲ့ကြသည်။သူတို့သည် တိုက်ပွဲတိုင်းကိုခြွင်းချက်မရှိ အနိုင်ရခဲ့ကြပြီး လွယ်လွယ်ကူကူဖြတ်ကျော်ပြခဲ့သည်။

ကာဆိုနှင့်အလွန်ဆိုတို့သည် တိုက်ပွဲတစ်ခုလုံးအားစောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ရှောင်ယု၏တပ်သားများသည် ပျင်းရိပုံရသော်လည်း လက်တွေ့တွင်မူ သူတို့သည်ပြင်းထန်သည့်တိုက်ပွဲတစ်ခုအား သူတို့နည်းသူတို့ဟန်ဖြင့် လွယ်လွယ်ကူကူဖြတ်ကျော်ပြခဲ့ပြီး သူတို့၏တိုက်ပွဲဝင်လိုစိတ်ကို မြင့်တင်နိုင်ခဲ့သည်။

အမှန်တော့ ရှောင်ယုနှင့်အချိန်အတော်ကြာအောင် ပေါင်းသင်းဆက်ဆံပြီးနောက်တွင် ရှောင်ယုသည် ပျင်းရိသောလူမိုက်တစ်ယောက်ဖြစ်ကြောင်း နားလည်လာကြသည်။

သို့သော်လည်း ရံဖန်ရံခါတွင်သူသည် ဆုံးဖြတ်ချက်ပြတ်သားပြီး ပြောင်မြောက်သောကျွမ်းကျင်မှုများကို ထုတ်ဖော်ပြလေ့ရှိသည်။သူသည် ပုံမှန်နည်းလမ်းများအတိုင်း လိုက်နာခြင်းမရှိဘဲ စိတ်ကူးအသစ်အဆန်းများကို ဖော်ထုတ်တတ်သည်။သူ၏အကြံဉာဏ်များသည် အလွန်ဆန်းသစ်တီထွင်ရုံသာမက အလွန်ပင်ထိရောက်ပေသည်။

ထိုနည်းလမ်းများသည် အလွန်ပင်နိမ့်ကျပြီး လူကြီးလူကောင်းမဆန်သော်လည်း ထိုနည်းလမ်းများကအခက်အခဲတစ်ခုအား ဖြေလျော့ရန် အမှန်ကန်ဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း ကာဆိုကယုံကြည်ခဲ့သည်။ထိုနည်းလမ်းများသည် ရန်သူများကိုလှည့်စားရန်အလွန်ပင်သင့်တော်ပေသည်။

ရှောင်ယုသည် မည်သည့်အခါကမှရှုံးနိမ့်ခြင်းမရှိသည်မှာ ယုံနိုင်စရာပင်မရှိပေ။

"ဒီအချိန်မှာသာ မတ်ဂ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒီလူဟာတကယ့်ကိုအံ့သြစရာကောင်းတဲ့ မှော်ဆရာတစ်ယောက်ဆိုတာသေချာတယ်"

ကာဆိုက သူ့စိတ်ထဲ၌တွေးလိုက်မိသည်။

အခန်း ၄၈၆ - ပြောက်ကျားထိုးစစ်

အက်စ်ဝမ်သည် ရှောင်ယုကို လှောင်ပြုံးဖြင့်လှမ်းကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏တပ်များကိုဦးဆောင်၍ ရှောင်ယု၏စခန်းဆီသို့ ချီတက်လာကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အက်စ်ဝမ်သည် သူ့ညီကဲ့သို့ရှောင်ယုနောက်သို့ မျက်စိစုံမှိတ်၍မလိုက်သွားပေ။သူသည် သူ၏တပ်များကိုနှစ်ပိုင်းခွဲ၍ အရှိန်လျော့သွားသော်လည်း တပ်ဖွဲ့အားထိန်းချုပ်ရာတွင် ပိုမိုလွယ်ကူစေသည်။

ရှောင်ယု၏တပ်သားများသည် တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းအား အလွန်ပင်ပြင်းထန်ကြောင်း သူသိရှိထားပြီးဖြစ်သည်။ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက သူတို့သည်ပြိုင်ဘက်မဟုတ်ကြောင်း သိသာပေသည်။

သို့သော်လည်း သူ၏အားသာချက်မှာ အရေအတွက်နှင့်မှော်လက်နက်အမြှောက်အများကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ဤသို့များပြားလှသည့် အရေအတွက်ဖြင့်ပင်မသတ်ဖြတ်နိုင်ပါက ဟာသဖြစ်ကုန်မှာဖြစ်သည်။အက်စ်ဝမ်သည် ရှောင်ယုတို့ထံချီတက်လာရင်း မှော်လက်နက်များကိုအသုံးပြုကာ စတင်တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ဧရာမမီးလုံးများစွာတို့သည် ကောင်းကင်ယံ၌ပျံသန်းလာခဲ့ပြီး အဆုံးသတ်၌ ရှောင်ယု၏စခန်းပေါ်သို့ကျရောက်လာခဲ့ကာ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

မှော်လက်နက်အများစုမှာ အဆင့်နိမ့်မှော်အမြှောက်များဖြစ်ကြပြီး အဓိကအားဖြင့် မီးဓာတ်အခြေပြုမှော်အစီအရင်များဖြင့် ရေးဆွဲထားပေသည်။မှော်အမြှောက်၏ စွမ်းအင်ဗဟိုချက်အဖြစ် မီးအမျိုးအစားသားရဲတစ်ကောင်၏မှော်အမြူတေကိုအသုံးပြုကာ မီးလုံးများကိုပစ်ခတ်စေခဲ့သည်။

ဤနည်းစနစ်ကို ဒဏ္ဍာရီလာ လူပုမျိုးနွယ်၏ဂုဏ်အယူရဆုံး ရှာဖွေတွေ့ရှိမှုများအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။ယခုအချိန်တွင် ပါဝင်ပစ္စည်းရှားပါးမှုကြောင့် အမြှောက်များကိုရရှိရန်မလွယ်ကူတော့သည့်အတွက် သန့်စင်ရေးလုပ်ငန်းစဉ်မှာလည်း အလွန်ခက်ခဲသည့်အတွက်ကြောင့် ၎င်းတို့၏အရေအတွက်သည် အလွန်များပြားခြင်းမရှိပေ။

သို့သော်လည်း မှော်အမြှောက်များ၏စွမ်းအားက နိမ့်ကျခြင်းမရှိပေ။မည်သို့ပင်ဆိုစေ ဤမှော်အမြှောက်များသည် နီကိုးလပ်စ်အသုံးပြုခဲ့သည့် မှော်အမြှောက်များနှင့်တူညီသောအဆင့်၌ရှိမနေခဲ့ပေ။

အဆုံးသတ်တွင် ဤမှော်အမြှောက်များဖြင့် ဆက်တိုက်ပစ်ခတ်ခံရမည်ဆိုပါက ရှောင်ယုအတွက်ကပ်ဘေးဖြစ်လာမှာဖြစ်သည်။

"သေစမ်း...သူတို့မှာဒါမျိုးလက်နက်တွေ တကယ်ရှိနေတာပဲ"

ရှောင်ယု၏မျက်လုံးများက စတင်တောက်ပလာခဲ့သည်။မီရန်ဒါထံ၌ ခိုင်မာသောကျောထောက်နောက်ခံပိုင်ဆိုင်ထားကြောင်း သူသိထားသော်လည်း မှော်အမြှောက်များအားပိုင်ဆိုင်ထားရန် မမျှော်လင့်ထားပေ။

"လူတိုင်း တပ်ဖြန့်ကြ..."

ရှောင်ယုသည် ထိုမှော်အမြှောက်များအားဖျက်ဆီးရန်အတွက် ဂရစ်ဖင်များအားအမိန့်မပေးခဲ့ပေ။တစ်ဖက်လူသည် မှော်အမြှောက်များကိုရဲရဲဝံ့ဝံ့ထုတ်ဖော်လာသည့်အတွက် ထိုမှော်အမြှောက်များ၏လုံခြုံမှုအားကာကွယ်ရန်အတွက် တစ်စုံတစ်ခုစီစဉ်ထားပြီးဖြစ်ကြောင်း သူသိရှိထားပြီးဖြစ်ပေသည်။

ယခုလိုမှော်လက်နက်များသည် သူ၏လေကြောင်းတပ်အားကိုင်တွယ်ရန် နည်းလမ်းတစ်ခုရှိကောင်းရှိနေနိုင်သည်။ကနေဒီမိသားစုအားတိုက်ခိုက်စဉ်ကလည်း ရှောင်ယု၏လေတပ်သည် မှော်အမြှောက်ကဲ့သို့သော အရာတစ်ခုကြောင့် ဆုံးရှုံးမှုများစွာခံစားခဲ့ရသည်။

ထိုအချိန်က ရှောင်ယုထံတွင် ကောင်းမွန်သောတန်ပြန်နည်းလမ်းများမရှိခဲ့ပေ။ရှောင်ယုသည် အသေအပျောက်များပြားမှုကိုရှောင်တိမ်းရန် သူ၏တပ်များကိုသာဖြန့်ကျက်ခဲ့ရသည်။အမှန်တော့ သူတို့သည်အရေအတွက်နည်းကာ ပြန့်ကျဲနေမည်ဆိုပါက မှော်အမြှောက်များ၏ခြိမ်းခြောက်မှုသည် လွန်စွာမြင့်မားနေမည်မဟုတ်ပေ။

ရှောင်ယုတပ်သား ၁၀၀၀ကျော်သာရှိပြီး တစ်ယောက်ချင်းစီတိုင်းကသာလွန်ခွန်အားကို ပိုင်ဆိုင်ထားပေသည်။ရှောင်ယုသည် လူတိုင်းကိုဖြန့်ကျက်စေခဲ့ပြီး မှော်အမြှောက်၏ကျည်ဆန်များကို အလဟာသဖြစ်စေခဲ့သည်။ခဏအကြာတွင် မှော်အမြှောက်ဖြင့် တိုက်ခိုက်မှုများသည် များစွာထိရောက်မှုမရှိတော့၍ အက်စ်ဝမ်သည် အလွန်အကျွံမသုံးစွဲဝံ့တော့ပေ။မှော်အမြှောက်များ၏စွမ်းအားသည် ကြီးမားသော်လည်း ကုန်ကျစရိတ်ကနိမ့်ပါးခြင်းမရှိပေ။

ဤမှော်အမြှောက်များကို အသုံးပြုခြင်းက နတ်ဆိုးအမြူတေများစွာကိုကုန်ကျစေခဲ့ပြီး ဆက်တိုက်အသုံးပြုခြင်းက ငွေကိုမီးရှို့နေသည်နှင့်မခြားပေ။ယခုတစ်ကြိမ်တွင် မင်းသားမီရန်ဒါ၏ခွင့်ပြုချက်ကြောင့်သာမဟုတ်ပါက မှော်အမြှောက်များကိုအသုံးပြုရန် သူမဝံ့ရဲပေ။

"ရှေ့တိုးကြ..."

ရန်သူများပြန့်ကျဲနေသည်ကို မြင်သောအခါတွင် အက်စ်ဝမ်က တပ်များကိုအမြန်ရွေ့ရန် အမိန့်ပေးလိုက်သည်။သူသည်တန်ပြန်တိုက်စစ်စရန် ရှောင်ယုအားအခွင့်အရေးမပေးခဲ့ပေ။

"မြင်းတပ်သားတွေ အမြန်လိုက်ကြ"

ရှောင်ယုတို့အားအမှီလိုက်ရန်မှာ အမာခံခြေလျင်တပ်သားများအတွက် မဖြစ်နိုင်ကြောင်းအက်စ်ဝမ်က နားလည်ထားပေသည်။

ရှောင်ယု၏တိုက်ခိုက်ပုံကို သူတွေ့မြင်ထားပြီးဖြစ်သည့်အတွက် ယခုတစ်ကြိမ်တွင်ခြေလျင်တပ်ကို လျင်မြန်စွာမလှုပ်ရှားခိုင်းခဲ့ပေ။

ဤအခြေအနေတွင် အမာခံခြေလျင်တပ်များသည် တည်ငြိမ်သောဖွဲ့စည်းပုံအားဖော်ဆောင်၍ ပုံသေနှုန်းထားဖြင့်ရှေ့သို့ချီတက်ခြင်းက ရလဒ်ကောင်းများအားပိုင်ဆိုင်စေမည်ဖြစ်သည်။

အက်စ်ဝမ်၏ကွပ်ကဲမှုအောက်တွင် မြင်းတပ်များသည် ရှောင်ယု၏တပ်များထံပြေးဝင်သွားကြသည်။ထိုမြင်းတပ်ကို မှော်လက်နက်များဖြင့်တပ်ဆင်ထားကာ မြင်းတပ်သားများ၏လက်ထဲ၌ မှော်လက်နက်များရှိနေကြသည်။ထိုမြင်းတပ်သားများသည် လက်ရွေးစင်များဖြစ်ကြောင်း ငြင်းဆန်နေစရာမလိုပေ။

ရှောင်ယုသည် မြင်းတပ်ကိုကြည့်လိုက်ကာ အတွေးတစ်ချက်ဝင်လာခဲ့သည်၊

"ဒီမှော်လက်နက်တွေသာ ငါ့လက်ထဲရောက်လာခဲ့မယ်ဆိုရင်...ငါ့တပ်သားတွေရဲ့ခွန်အားတိုးလာလိမ့်မယ်"

ရှောင်ယုဆင့်ခေါ်လိုက်သောတပ်သားများသည် အခြေစိုက်စခန်းများမှထုတ်လုပ်ထားသည့် ပစ္စည်းကိရိယာများကိုတပ်ဆင်ထားသော်လည်း သူ၏သူရဲကောင်းများမှာထိုသို့်အားသာချက်များမရှိဘဲ သူကိုယ်တိုင်ဝယ်ယူပေးခဲ့ရသည်။

သူသည် တပ်ဖွဲ့အားအဆင့်မြင့်ရန်အတွက် လက်နက်နှင့်ချပ်ဝတ်များစွာကို ဝယ်ယူခဲ့သော်လည်း ထိုသို့ကြီးမားသောအရောင်းအဝယ်သည် ငွေကြေးအလွန်အကျွံသုံးစွဲကြောင်း တွေ့ရှိလိုက်ရသည်။သူ၏ကြွယ်ဝမှုက တပ်သားတိုင်းကိုလက်နက်တပ်ဆင်ပေးရန် မလုံလောက်ပေ။

ထို့ကြောင့် ဤအခြေအနေတွင် လုယက်ခြင်းကအကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

များမကြာမှီတွင် ရှောင်ယုသည် လောဘဇောသတ်လိုက်ပြီး ရန်သူ၏စွမ်းအားကြီးမားသော တပ်ဖွဲ့များချီတက်လာသည်ကိုတစ်ချက်ကြည့်လိုက်ကာ ဘေးကင်းစွာဆုတ်ခွာမည့်နည်းလမ်းကို တွေးလိုက်မိသည်။ယခုအခါ သူသည်မတ်ဂ်မြို့အားသိမ်းပိုက်ရန် မစဉ်းစားတော့ပေ။

ရှောင်ယု၏တပ်သားများသည် ရန်သူများအားမကိုင်တွယ်နိုင်ပေ။သူတို့အားလုံးသည် လက်ရွေးစင်များဖြစ်ကြသော်လည်း အရေအတွက်ကပိုများပေသည်။

အခြေအနေများက အလွန်ပင်ဆန်းကြယ်ခဲ့သည်။လက်ရှိအချိန်တွင် မြင်းတပ်များနှင့် ရှောင်ယု၏တပ်ဖွဲ့များအကြား အကွာအဝေးသည် တဖြည်းဖြည်းလျော့ကျလာခဲ့သည်။အကယ်၍ မြင်းတပ်များသာလိုက်မှီသွားခဲ့ပါက ရှောင်ယု၏တပ်ဖွဲ့သည်အလွန်ခက်ခဲသောအခြေအနေသို့ ကျရောက်သွားမည်ဖြစ်သည်။

ထိုအခြေအနေကိုသတိထားမိ၍ ရှောင်ယုကချက်ချင်းအမိန့်ပေးလိုက်သည်။

"တောထဲကိုမြန်မြန်ဝင်ကြ"

ရှောင်ယု၏အမိန့်ကိုကြားပြီးနောက် လူတိုင်းသည်တောထဲသို့ပြေးဝင်သွားကြသည်။မတ်ဂ်မြို့၏အနီးတဝိုက်တွင် တောတောင်များပေါများပေသည်။

ရှောင်ယုသည် တောအုပ်ထဲသို့ဝင်လာသည်ကိုမြင်သောအခါ မြင်းတပ်သားများက ချက်ချင်းပင်ရပ်တန့်လိုက်ကြပြီး ဆက်မလိုက်ဝံ့တော့ပေ။သစ်တောများသည် မြင်းတပ်အတွက်ကောင်းမွန်ခြင်းမရှိဘဲ ခြုံခိုတိုက်ခိုက်ခံရနိုင်သည်။

အက်စ်ဝမ်သည် ထိုအခြေအနေကိုမြင်သောအခါ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"အထဲကိုမြန်မြန်ဝင်ကြ...ကင်းထောက်တွေကိုကြိုလွှတ်ပြီးစူးစမ်းခိုင်းထားတယ်...ခြုံခိုတိုက်ခိုက်တာတွေမရှိဘူး"

အက်စ်ဝမ်၏အော်သံကိုကြားသောအခါ မြင်းတပ်များကချက်ချင်းတောထဲသို့ ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း တောအုပ်အတွင်း၌ သစ်ပင်များအလွန်များပြားသည့်အတွက်ကြောင့် မြင်းတပ်သည်၎င်း၏ဖွဲ့စည်းပုံအား မထိန်းသိမ်းနိုင်ခဲ့ပေ။သို့ဖြစ်ရာ အုပ်စုငယ်များအဖြစ်ဖြန့်ခွဲလိုက်ကြသည်။သို့သော်လည်း သူတို့အားလုံးသည်မှော်လက်နက်များကို ကိုင်ဆောင်ထားကြသည့်အတွက် စိုးရိမ်နေခြင်းမရှိကြပေ။

ဝေါင်း...

သူတို့သည် တောအုပ်ထဲသို့နက်နက်ရှိင်းရှိင်းတိုးဝင်မိချိန်တွင် အနီရောင်နဂါးတစ်ကောင်က သူတို့ထံပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

"နဂါး...နဂါးတစ်ကောင်ကဘယ်လိုရောက်လာတာလဲ"

မြင်းတပ်သားများသည် နဂါးကိုတွေ့မြင်ချိန်၌ အံ့သြတုန်လှုပ်သွားခဲ့သည်။အဆုံးသတ်တွင် ဤတိုက်ကြီးပေါ်၌ နဂါးများကပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

သူတို့အားပိုမိုတုန်လှုပ်စေသည့်အရာမှာ အခြားအကြောင်းကြောင့်ဖြစ်သည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ...နဂါးတစ်ကောင်ကဘာလို့ဒီလိုလက်နက်မျိုးကို သုံးနိုင်ရတာလဲ"

လူတိုင်းသည် ပြောမပြတတ်လောက်အောင်ထိတ်လန့်သွားခဲ့ရသည်။နဂါးလေးသည် ရန်သူများထိတ်လန့်တုန်လှုပ်နေမှုအား အခွင့်ကောင်းယူကာ နံချပ်ကူဖြင့်ချက်ချင်းတိုက်ခိုက်လိုက်သည်။

All Chapters