အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း ၄၈၇ - မိုးကြိုးမုန်တိုင်းကဲ့သို့
မြင်းတပ်သားများသေဆုံးချိန်တွင် ပြောက်ကျားစစ်ဆင်ရေးက တရားဝင်စတင်ခဲ့သည်။
ရှောင်ယုက ရန်သူများကိုတိုက်ခိုက်သတ်ဖြတ်ပြီးနောက် ထွက်ပြေးရန်အမိန့်ပေးလိုက်သည်။ယခုလိုသစ်တောများတွင် ပြောက်ကျားစစ်ဆင်ရေးက အလွန်အသုံးဝင်လေသည်။
မြင်းတပ်သားများသည် လက်ရွေးစင်တပ်သားများဖြစ်သော်လည်း နဂါးလေးနှင့်ဂရစ်ဖင်များ၏ပူးပေါင်းတိုက်ခိုက်မှုအား တောင့်ခံနိုင်ရန်မဖြစ်နိုင်ပေ။
ရှောင်ယု၏တပ်သားများသည် ရန်သူကိုခိုးဝင်တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ကြသည်။သူတို့သည် တစ်နေရာတည်းတွင် အတည်တကျမနေဘဲ အဆက်မပြတ်ရွေ့လျားနေခဲ့သည်။
အခြားတစ်ဖက်တွင် မိုင်ယဗ်နှင့်အခြားသူရဲကောင်းများသည် မဟာဗျူဟာမြောက် ခိုးဝင်တိုက်ခိုက်မှုများအား စတင်လုပ်ဆောင်ခဲ့ကြသည်။ထိုသို့ခိုးဝင်တိုက်ခိုက်မှုကြောင့် တပ်သားအမြောက်များအငိုက်မိခဲ့ကြကာ အသက်ဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း မကြာမှီရန်သူတပ်သားများစွာသည် သစ်တောထဲသို့တိုးဝင်လာကြပြီး မှော်အမြှောက်များကိုအသုံးပြုကာ လေထဲပျံသန်းနေသောဂရစ်ဖင်များကို ပစ်မှတ်ထားခဲ့ကြသည်။
"ဆုတ်ကြ"
မှော်အမြှာက်များ၏ခြိမ်းခြောက်မှုကို သတိပြုမိသည့်အတွက် ရှောင်ယုကထပ်မံဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။
ပြောက်ကျားစစ်ဆင်ရေးတိုင်းသည် ထိပ်တိုက်ရင်ဆိုင်မှုကို လုံးဝတားမြစ်ထားပေသည်။
အက်စ်သည် စုံစမ်းထောက်လှမ်းမှုများကိုပြုလုပ်ရန် ကင်းထောက်များကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့ပြီး အများစုမှာသေဆုံးသွားခဲ့ရသော်လည်း အသုံးဝင်သည့်အချက်အလက်များကိုရရှိခဲ့သည်။ရှေ့နားလေးတွင်ချောက်ကမ်းပါးတစ်ခုရှိနေကာ ထိုနေရာသို့ရောက်ရှိချိန်တွင် ရှောင်ယု၏တပ်များသည်ချောင်ပိတ်မိသွားပြီး ရှေ့ဆက်သွား၍မရတော့ပေ။
အက်စ်ဝမ်သည် ထိုစကားကိုကြားသောအခါ အလွန်ပင်ဝမ်းသာသွားခဲ့သည်။ရှောင်ယုသည် ဤနေရာ၏မြေမျက်နှာသွင်ပြင်နှင့် ရင်းနှီးမှုမရှိကြောင်း သူနားလည်လိုက်သည်။ထို့ကြောင့်သူ၏တပ်များကို သစ်တောထဲသို့ဆုတ်ခွာစေခဲ့သော်လည်း ချောက်ကမ်းပါး၏တည်ရှိမှုနှင့်ပတ်သက်၍ မသိရှိထားသည်မှာဖြစ်နိုင်ပေသည်။
ရှောင်ယုသည် ဤမျှသောအသေးစိတ်အချက်အလက်များအား မသိရှိရလောက်သည်ထိ ပေါ့ဆနေလိမ့်မည်ဟု အက်စ်ဝမ်ကမမျှော်လင့်ထားခဲ့ပေ။ရှောင်ယုသည် ဤမတိုင်မှီက ရက်ပေါင်းများစွာကြာအောင် ဤနေရာ၌တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထားသင့်ပေသည်။
ထို့နောက် အက်စ်ဝမ်သည် အမိန့်များကိုဆက်တိုက်ထုတ်ပြန်ခဲ့သည်။
ရန်သူ၏အင်အားသည် မိမိတို့ထက်ပိုမိုအားကောင်းနေမည်ဆိုပါက ပတ်ဝန်းကျင်အခြေအနေကိုလိုက်၍ သင့်တော်သည့်နည်းဗျူဟာကို ချမှတ်သင့်ပေသည်။
ရှောင်ယု၏အဖွဲ့သည် ချောက်ကမ်းပါးသို့ ရောက်ရှိနေပြီဖြစ်သည်။တစ်ဖက်တွင် အက်စ်ဝမ်သည် သူ့လူများအား မှော်အမြှောက်များဖြင့်တိုက်ခိုက်မှုစတင်နိုင်အောင် အသင့်ပြင်ထားရန်အမိန့်ပေးထားပြီးဖြစ်သည်။
ရှောင်ယု၏တပ်အင်အားသည် နည်းပါးသော်လည်း သူတို့၏ခွန်အားကအလွန်ပြင်းထန်ပေသည်။ထို့ပြင် ရှောင်ယု၏တပ်ဖွဲ့အားသူ၏တပ်သားများက မကိုင်တွယ်နိုင်ကြောင်း အက်စ်ဝမ်နားလည်ထားသည်။သို့ဖြစ်ရာ မှော်အမြှောက်များကိုအားကိုးခြင်းဖြင့် သူတို့ဆုံးရှုံးမှုအား ကာမိနိုင်မှာဖြစ်သည်။
"ဟားဟား...မင်းကတကယ်အရည်အချင်းရှိတာပဲ"
ရှောင်ယုက ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဟမ့်....မင်းဘယ်လိုလှည့်ကွက်တွေကစားဖို့ကြိုးစားနေတာလဲရှောင်ယု...မင်းဘယ်လိုလှည့်ကွက်တွေအသုံးပြုနေပါစေ ဒီတစ်ခါတော့မင်းလုံးဝပြီးဆုံးသွားခဲ့ပြီ"
"ငါတို့ရဲ့မှော်အမြှောက်တွေနဲ့မှော်လက်နက်တွေကို မင်းအရင်ကမြင်ဖူးလို့လား...ငါကတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပြီဆိုတာနဲ့ မင်းကိုချက်ချင်းပဲ အပိုင်းပိုင်းဖြစ်သွားအောင်လုပ်ဆောင်လိုက်လို့ရတယ်...မင်းသာအခုနေအရှုံးပေးလိုက်မယ်ဆိုရင်တော့ မင်းရဲ့အသက်ကိုငါအာမခံပေးနိုင်တယ်"
အက်စ်ဝမ်က ပြတ်သားသည့်လေသံဖြင့်ပြောလိုက်သည်။သူသည် ထိုသို့ပြောလိုက်သော်လည်း သူ၏ကတိကိုစောင့်ထိန်းနေမှာမဟုတ်ပေ။သူသည် တစ်ချက်တည်းဖြင့်ရှောင်ယုအားသုတ်သင်နိုင်ရန်အတွက် ရှောင်ယုမှစောင့်ကြပ်မှုအား လျော့ချမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း ရှောင်ယုက သူ၏ရိုးရှင်းသောလှည့်ကွက်ကို ဖောက်ထွင်းတွေ့မြင်ခဲ့သည်။
ရှောင်ယုက အက်စ်ဝမ်အား အထင်အမြင်သေးသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
"ငါလက်နက်ချဖို့မျှော်လင့်နေတာလား...မင်းကငါ့ကိုတကယ်သတ်ဖြတ်နိုင်မယ်လို့ထင်နေတယ်ပေါ့...ငါအသုံးပြုခဲ့တဲ့ဗုံးတွေကိုမင်းသိတယ်မလား...မင်းငါ့ကိုတိုက်ခိုက်ဝံ့ရင် အဲဗုံးတွေအကုန်လုံးမင်းဆီပစ်ချလိုက်မယ်...မင်းရဲ့မှော်အမြှောက်တွေက အစွမ်းထက်တယ်ဆိုရင်တောင်မှ မှော်အမြူတေတွေအများကြီးလိုတယ်...မင်းမှာမှော်အမြူတေတွေဘယ်လောက်ကျန်သေးလို့လဲ...အရေအတွက်ကအရည်အသွေးကိုလွှမ်းမိုးနိုင်တယ်...မင်းရဲ့မှော်အမြှောက်တွေနဲ့ငါ့ရဲ့ဗုံးတွေ ဘယ်သူကနောက်ဆုံးရယ်မောနိုင်မလဲကြည့်ရအောင်...ဟားဟား"
"ဟမ့်...ငါ့မှာမှော်အမြူတေတွေ ဘယ်လောက်ရှိသလဲဆိုတာ မင်းဂရုစိုက်စရာမလိုပါဘူး...အဲ့ဒါကမင်းကိုသတ်ဖြတ်ဖို့လုံလောက်နေပြီ"
အက်စ်ဝမ်က ပြန်ပြောလိုက်သည်။
လက်ရှိအချိန်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာက အလွန်အရေးကြီးပေသည်။တပ်မှူးသည် သူ၏စစ်တပ်ကို လုံးဝစိတ်ဓာတ်ကျဆင်းစေ၍မရပေ။ထိုသို့မဟုတ်ပါက စစ်တပ်သည်သူ၏အလားအလာကို အပြည့်အဝထုတ်ဖော်နိုင်တော့မည်မဟုတ်ပေ။အက်စ်ဝမ်သည် ထိုသဘောတရားကို ကောင်းစွာနားလည်ထားပေသည်။သူသည် တပ်သား၁၀၀၀ခန့်တောင်မရှိသည့်ရှောင်ယု၏တပ်ဖွဲ့အားရင်ဆိုင်ရန် တပ်သား၁၀၀၀၀ကိုယူဆောင်လာခဲ့သည်။ထိုအသေးအဖွဲ့လေးကပင် တပ်ဖွဲ့၏စိတ်ဓာတ်ပိုင်းကို သိသိသာသာသက်ရောက်စေနိုင်သည်။
ယခင်ကဆိုလျှင် ရှောင်ယုထံ၌နဂါးတစ်ကောင်ရှိကြောင်း သူမယုံခဲ့ပေ။
သူတို့သည် နဂါးတစ်ကောင်အကြောင်းပြောနေခြင်းဖြစ်သည်။ဤကမ္ဘာပေါ်၌ နဂါးသည်မည်မျှရှားပါးလှသနည်း။သို့ဖြစ်ရာ နဂါးစီးသူရဲကောင်းသည် ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုဖြစ်လာခဲ့သည်။သို့သော် ယခုအခါသူ၏မျက်စိရှေ့၌ နဂါးတစ်ကောင်ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် ကြီးမားသောစိတ်ဓာတ်ပိုင်းဆိုင်ရာထိုးနှက်ချက်ဖြစ်သည်။
လူတိုင်းသည် နဂါးသူရဲကောင်းကိုသတ်ဖြတ်ရန် စိတ်အားထက်သန်နေသော်လည်း နဂါးနှင့်ပတ်သက်လာပါက အခြားသောကိစ္စတစ်ခုဖြစ်သည်။
နဂါးကြီးသည် ဤတိုက်ကြီးရှိ အစာကွင်းဆက်ရှိထိပ်ဆုံးတွင်ရှိပြီး အစွမ်းထက်ကာ သန်မာအားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာနှင့်မှော်ဆန်သောစွမ်းအားတို့ကို ပိုင်ဆိုင်ထားသည့်အတွက် နတ်ဆိုးများကဲ့သို့ ယူဆထားသင့်ပေသည်။
ဂျိမ်း...
ထိုအချိန်တွင် ရုတ်ချည်းဆိုသလိုပင် မိုးခြိမ်းသံကျယ်လောင်စွာထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်သောလျှပ်စီးကြောင်းများက ဆင်းသက်လာခဲ့သည်။
"ကြည်လင်သောနေ့၌ ရုတ်တရက်မိုးခြိမ်းလာခဲ့သည်"
ထိုစကားစုနည်းတူပင် ရှောင်ယုနှင့်အခြားသူများ အလွန်အံ့သြသွားခဲ့သည်။
အမှန်တော့ ရှောင်ယုသည်သာမက အက်စ်ဝမ်သည်လည်း ထိတ်လန့်သွားခဲ့ကြသည်။ဤဖြစ်စဉ်သည် အမှန်ပင်ထူးဆန်းပေသည်။
ကြည်လင်သောနေ့၌ ရုတ်တရက်မိုးခြိမ်းသံက အဘယ်ကြောင့်ထွက်ပေါ်လာရသနည်း။
ယခုအချိန်သည် မိုးရာသီမဟုတ်ပေရာ ကောင်းကင်ကကြည်လင်နေခဲ့ရာမှ ရုတ်တရက်မိုးခြိမ်းလာခဲ့သည်။ထို့ပြင် လျှပ်စီးကြောင်းများသည် အလွန်အားပြင်းသည့်အတွက်ကြောင့် ကျောက်တုံးများစွာကို အက်ကွဲသွားစေခဲ့သည်။
ထိုအချိန်တွင် နောက်ထပ်လျှပ်စီးလက်မှုနှင့်အတူ များစွာသောလျှပ်စီးကြောင်းများက သံချပ်ကာဝတ်တပ်သားများစွာကို တိုက်ရိုက်လောင်ကျွမ်းစေခဲ့သည်။ထိုလျှပ်စီးကြောင်းများ၏စွမ်းအားသည် တစ်ခါထက်တစ်ခါပိုမိုပြင်းထန်လာခဲ့သည်။
ဂရစ်ဖင်များထုတ်လွှတ်လိုက်သော လျှပ်စီးကြောင်းများသည် မှော်စွမ်းအင်တစ်မျိုးသာဖြစ်သော်လည်း ဤအရာသည်အမှန်တကယ်ပင်ဖြစ်သည်။
"လူတိုင်း...မင်းတို့ရဲ့ချပ်ဝတ်တွေကို ချက်ချင်းချွတ်ထားလိုက်ကြ"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လက်ရှိအချိန်တွင် ချပ်ဝတ်ကိုဝတ်ဆင်ထားသူသည် သေမင်းကိုရှာဖွေနေသူဖြစ်သည်။လူတိုင်းသည် သူတို့၏ချပ်ဝတ်များကို ချက်ချင်းချွတ်ပစ်ကြသော်လည်း အက်စ်ဝမ်ကတုံ့ပြန်ခြင်းမရှိပေ။
ထို့နောက်တွင် နောက်ထပ်လျှပ်စီးတစ်ချက်လက်လာခဲ့သည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ..."
ရှောင်ယုကဟိန်းဟောက်လိုက်သည်။
မူလကဆိုလျှင် သူသည်အက်စ်ဝမ်အားတန်ပြန်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ယခုမူအား ရုတ်တရက်ဖြစ်လာသည့်လျှပ်စီးကြောင်းကြောင့် လုံးဝနီးပါးရှုပ်ထွေးသွားခဲ့သည်။
ဝုန်း...
နောက်ထပ်ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သော်လည်း မိုးခြိမ်းသံမဟုတ်တော့ပေ။ရှောင်ယုတို့ရှိနေသော တောင်ကြီးအနားရှိ ကြီးမားသောဧရိယာကြီးတစ်ခုလုံးပြိုကျလာခဲ့ကာ မရေမတွက်နိုင်သောကျောက်တုံးများက ချောက်ကမ်းပါးပေါ်မှနေ၍လှိမ့်ဆင်းလာခဲ့သည်။
အခန်း ၄၈၈ - စိတ်ပညာကောလိပ်
"သေစမ်း..."
ရှောင်ယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူ၏ဗျူဟာသည် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။သူသည် ရန်သူများအားတောင်အောက်သို့ ဖျားယောင်းခေါ်ဆောင်၍ ဗုံးများကိုတပြိုင်နက်ဖောက်ခွဲကာ မရေမတွက်နိုင်သောကျောက်တုံးများအား ရန်သူများအပေါ်သို့ပြိုလဲကျစေရန်အတွက် ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။
သို့သော်လည်း အနာဂတ်ကိုမည်သူကခန့်မှန်းနိုင်မည်နည်း။မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုက ရှောင်ယု၏အစီအစဉ်တစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်သည်။ရှောင်ယု၏မူလအစီအစဉ်အရ ရန်သူများသည်ကျောက်တုံးများပြိုကျလာမယ့် အကွာအဝေးတွင်းသို့ရောက်ရှိချိန်မှ ဗုံးများကိုအချိန်ကိုက်ဖောက်ခွဲ၍ အသုံးပြုသွားမည်ဖြစ်သည်။သို့သော်လည်း ယခုအခါမမျှော်လင့်ထားသည့်အဖြစ်အပျက်ကြောင့် ရန်သူစစ်သားအမြောက်အများသေဆုံးခဲ့ရသော်လည်း လိုအပ်သောအကျိုးသက်ရောက်မှုအား ကျိန်းသေပေါက်မရရှိနိုင်ခဲ့ပေ။
မရေမတွက်နိုင်သောကျောက်တုံးများသည် တောင်ပေါ်မှပြုတ်ကျ၍ အက်စ်ဝမ်၏စစ်တပ်ဆီသို့ လှိမ့်ကျလာခဲ့သည်။ထိုကျောက်တုံးအများစုသည် တန်ရာနှင့်ချီ၍လေးလံပေသည်။ထို့ပြင်သူတို့သည် တောင်ပေါ်မှနေ၍အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလာသည့်အခါတွင် ၎င်းမှထွက်ပေါ်လာသောစွမ်းအားသည် ဆဌမအဆင့်မှော်မန္တန်၏စွမ်းအားထက် မနိမ့်ကျပေ။
ထို့ပြင် ကျောက်တုံးကျဆင်းသောဧရိယာသည် အလွန်ပင်ကြီးမားလှပေသည်။သီအိုဒိုးကဲ့သို့ မှော်ဆရာတစ်ယောက်အတွက်ပင် ဤမျှကြီးမားသောမှော်မန္တန်အား ထုတ်ဖော်ရန်မလွယ်ကူလှပေ။
အက်စ်ဝမ်၏မျက်နှာသည် ချက်ချင်းစိမ်းပြာသွားခဲ့သည်။သူသည် ဤသို့သောအခြေအနေမျိုးနှင့်ကြုံတွေ့ရန် မမျှော်လင့်ထားပေ။
"ဆုတ်ကြ...မြန်မြန်ဆုတ်ကြ"
သူ၏ခြေလျင်တပ်များသည် အရှေ့သို့များစွာမတိုးမိသေးသည့်အတွက်ကြောင့် အက်စ်ဝမ်ကဝမ်းမသာနိုင်သေးပေ။အကယ်၍ ရှေ့သို့အနည်းငယ်ဆက်တိုး၍ နေရာချထားခဲ့ပါက တောင်ပေါ်မှလှိမ့်ကျလာမယ့်ကျောက်တုံးများဖြင့်ပင် သူ၏ခြေလျင်တပ်သားအများစု ကြေမွပျက်စီးသွားရမှာဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေကလည်း များစွာမကောင်းမွန်ခဲ့ပေ။
ထို့ကြောင့် ချပ်ဝတ်အလေးများကို ဝတ်ဆင်ထားသည့်ခြေလျင်တပ်သားများသည် ကျောက်တုံးများအောက်၌ တိုက်ရိုက်ဖိချခံလိုက်ရသည်။မြင်းတပ်သည်ပင် သူတို့၏လျင်မြန်သောမြင်းများကြောင့် ရှောင်တိမ်းရာ၌တပန်းသာသော်လည်း ကျောက်တုံးများကြောင့် သေဆုံးဒဏ်ရာရသူအလွန်များပြားခဲ့သည်။
သို့သော်လည်း အချိန်တစ်ခုကြာပြီးနောက်တွင် လှိမ့်ကျလာသည့်ကျောက်တုံးများကို မြင့်မားသောသစ်ပင်များက တားဆီးပိတ်ဆို့ထားသည့်အတွက်ကြောင့် ကျောက်တုံးကြောင့်သေဆုံးမှုနှုန်း သိသိသာသာလျော့ကျလာခဲ့သည်။
အက်စ်ဝမ်၏တပ်သားများသည် ဤကျောက်တုံးများကြောင့် များစွာဒုက္ခခံခဲ့ကြရသည်။
ထိုအချိန်ထိတိုင်အောင် ကောင်းကင်ပေါ်၌လျှပ်စီးလက်နေဆဲဖြစ်သည်။ရုတ်တရက်ဆိုသလိုပင် ကျောက်တုံးများပြိုကျသည့်နေရာတွင် ကောင်းကင်ပေါ်မှနေ၍ဓာတ်မီးအကြီးကြီးဖြင့် မီးထွန်းလိုက်သကဲ့သို့ တောက်ပသောအရာတစ်ခုထွက်ပေါ်လာခဲ့သည်။
"အစွမ်းထက်လိုက်တဲ့ မှော်ဒြပ်စင်တွေ"
ထိုအချိန်တွင် လူတစ်ယောက်သည် ရုတ်တရက်ခုန်ထွက်လာခဲ့ပြီး သူမ၏ရှေ့တွင်ဖြစ်ပျက်နေသောအရာအားလုံးကို မယုံကြည်နိုင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုလူသည် အေဂါဝမ်မှလွဲ၍ အခြားသူမဟုတ်ပေ။
"ဘာတွေဖြစ်နေတာလဲ..."
အေဂါဝမ်သည် တစ်စုံတစ်ခုကိုနားလည်ထားကြောင်း ရှောင်ယုချက်ချင်းသဘောပေါက်လိုက်သည်။မည်သို့ပင်ဆိုစေ သူမသည်လွန်ခဲ့သောနှစ်ပေါင်း၁၀၀၀၀လောက်က ဆင်းသက်လာသူဖြစ်သည်။
"ဒီစွမ်းအင်က ငါ့အတွက်အရမ်းကိုရင်းနှီးနေတယ်...ငါဒါကိုတစ်နေရာမှာတွေ့ဖူးတယ်"
အေဂါဝမ်သည် ထိုအလင်းရောင်အားစူးစိုက်ကြည့်နေခဲ့သည်။
"အဲ့ဒါကိုဘယ်မှာတွေ့ခဲ့တာလဲ...သေချာစဉ်းစား"
ရှောင်ယု၏မျက်လုံးများသည် ချက်ချင်းပြူးကျယ်သွားခဲ့သည်။အေဂါဝမ်၏အဆိုအရ ထိုနေရာများသည်ရှေးဟောင်းနေရာများဖြစ်ပြီး ရတနာများစွာရှိနေတတ်ပေသည်။
ဂျိမ်း...
မကြာမှီ ကောင်းကင်ပေါ်မှကျဆင်းလာသည့်လျှပ်စီးကြောင့် တောင်တန်းသည်အက်ကွဲသွားကာ ကျောက်တုံးများအဆက်မပြတ်ကျဆင်းလာပြိး ရှေးခေတ်အဆောက်အဦးတစ်ခုကပေါ်ထွက်လာခဲ့သည်။
အဆောက်အဦးသည် ရှေးကျသော်လည်းအလွန်အနုစိတ်ကျလှပေသည်။စစ်ကမ္ဘာဂိမ်းတွင်ရှိသော အဆောက်အဦးအများစုသည် ဤပုံစံမျိုးသာဖြစ်၍ ရှောင်ယုနှင့်အလွန်ရင်းနှီးပေသည်။
ထိုအချိန်တွင် အေဂါဝမ်သည်လေးလေးနက်နက်တွေးတောနေမိသည်။လျှပ်စီးကြောင်းများက ဆက်လက်ကျဆင်းနေသော်လည်း နဂိုကလောက်မများတော့ဘဲ လူများကိုပစ်မှတ်မထားတော့ပေ။
အဆောက်အဦးသည် အနည်းငယ်ပျက်စီးနေသော်လည်း မှော်ဒိုင်းများက အကာအကွယ်ပေးထားခဲ့သည်။မှော်ဒိုင်းပေါ်သို့ ကျဆင်းနေသောလျှပ်စီးများက မှော်ဒိုင်းကိုထိခိုက်မှုမဖြစ်စေခဲ့ပေ။
ဒါကဘယ်လိုနေရာလဲ...ဒီလောက်ကြီးတဲ့အဆောက်အဦးအတွက် မှော်ဒိုင်းအကာအကွယ်ကို မည်သူကပြုလုပ်ထားသနည်း။
ကျောက်တုံးများက တဖြည်းဖြည်းပိုမိုကျဆင်းလာပြီးနောက်တွင် ရှောင်ယုသည် ထိုအဆောက်အဦး၏အသွင်အပြင်ကို တဖြည်းဖြည်းတွေ့မြင်လာရသည်။
"ဒါ...ဒါကစိတ်ပညာကောလိပ်ပဲ..."
ရှောင်ယုကရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဘာ...မသေမျိုးမှော်ဆရာတွေ...အောက်လမ်းမှော်ကဝေတွေကိုအထူးပြုလေ့ကျင့်ပေးတဲ့ ဒဏ္ဍာရီလာစိတ်ပညာကောလိပ်လား..."
လီအာသည် ရှောင်ယု၏အနားသို့ရောက်လာကာ ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ငါကျိန်းသေပြောရဲတယ်...ဒါကစိတ်ပညာကောလိပ်ပဲ...ဒါပေမဲ့စိတ်ပညာကောလိပ်ကဒီကိုဘယ်လိုရောက်လာတာလဲ"
"ဒီတိုက်ကြီးမှာ မင်းစိတ်ကူးမယဉ်နိုင်တဲ့အရာတွေ အများကြီးရှိနေတာပဲ...စိတ်ပညာကောလိပ်ကဒီကိုရောက်လာတာ မထူးဆန်းတော့ပါဘူး"
အေဂါဝမ်က ရုတ်တရက်ဝင်ပြောလိုက်သည်။
"အဲ့ဒါက ဘာတွေလဲ"
အေဂါဝမ်သည် တစ်စုံတစ်ခုအားသိထားပုံရသည့်အတွက် ရှောင်ယုက ထိတ်လန့်တကြားမေးမြန်းလိုက်သည်။
အေဂါဝမ်က ရှောင်ယုကိုအထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းရဲ့လက်ရှိခွန်အားနဲ့ဒါကိုသိဖို့ အရည်အချင်းမပြည့်မှီဘူး"
ရှောင်ယုသည် အေဂါဝမ်၏သဘောထားကို အလွန်အမင်းမကျေမနပ်ဖြစ်နေခဲ့သည်။
မကြာသေးမှီက ရှောင်ယုနှင့်အေဂါဝမ်တို့သည် အမြဲတစေကတောက်ကဆဖြစ်နေခဲ့သည်။သူသည် လင်းမူရွယ်နှင့်အမြဲနီးစပ်လိုခဲ့သော်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်တိုင်း အေဂါဝမ်ကရုတ်တရက်ပေါ်လာပြီး သူ၏ပျော်ရွှင်နေသောစိတ်ကို ဖျက်ဆီးခဲ့သည်။
ရှောင်ယုသည် အေဂါဝမ်နှင့်ပတ်သက်၍ မည်သို့မှမတတ်နိုင်ပေ။အေဂါဝမ်၏ခွန်အားသည် မည်သည့်အဆင့်ထိပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ရှောင်ယုတစ်ယောက်အတိအကျမသိသေးသော်လည်း ဤနေရာတွင်ရှိသောလူတိုင်း ကာဆိုအပါအဝင်မည်သူကမှ သူမ၏တိုက်ခိုက်မှုအားခုခံနိုင်စွမ်းမရှိကြပေ။ယုတ်စွအဆုံး အေဂါဝမ်က သူမ၏လက်ကိုတစ်ချက်လောက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူတိုင်းကိုအနိုင်ယူနိုင်ခဲ့သည်။
သို့သော်လည်း အေဂါဝမ်ကသူတို့ကိုများစွာဒုက္ခမပေးခဲ့ပေ။အများဆုံးအနေဖြင့် သူတို့အားရက်အနည်းငယ်ခန့်နာကျင်နေအောင် တိုက်ခိုက်ရုံသာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကမှ ပြင်းထန်စွာဒဏ်ရာရခြင်း သေဆုံးခြင်းတို့မဖြစ်ခဲ့ပေ။ထို့ကြောင့် ရှောင်ယုကယခုထိတိုင် သည်းခံနေရခြင်းဖြစ်သည်။
အေဂါဝမ်သည် အနည်းဆုံးအချိန်ကာလတစ်ခုထိတိုင်အောင် အန္တာရယ်တစ်စုံတစ်ရာမရှိကြောင်း သူခံစားမိပေသည်။ထိုသို့မဟုတ်ပါက အေဂါဝမ်၏စွမ်းအားကြောင့် သူတို့အားလုံးသတ်ဖြတ်ခံရမည်ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းအောင်အစွမ်းထက်သော မှော်သခင်သီအိုဒိုးသည် နိုင်ငံတစ်ခုကိုပင် တစ်ကိုယ်တော်တွန်းလှန်နိုင်ပေသည်။သို့သော်လည်း အေဂါဝမ်သည် သီအိုဒိုးထက်များစွာပို၍အစွမ်းထက်ပြီး သူမ၏ခွန်အားကို မည်သူကမှမခန့်မှန်းနိုင်ပေ။
ထိုအချိန်တွင် စိတ်ပညာကောလိပ်ကိုဖုံးလွှမ်းထားသည့် ကျောက်တုံးများအားလုံး ပြိုကျလာခဲ့ကာ စိတ်ပညာကောလိပ်၏အသွင်အပြင်က လူတိုင်း၏မျက်စိရှေ့၌ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် အကျွမ်းတဝင်ရှိသောတံခါးကြီးကိုကြည့်ရင်း သက်ပြင်းမချဘဲမနေနိုင်တော့ပေ။စိတ်ပညာကောလိပ်သည် တစ်ချိန်က ဘာရော့မိသားစု၏အိမ်လည်းဖြစ်သည်။
စိတ်ပညာကောလိပ်သည် ဤနေရာ၌ထွက်ပေါ်လာပေရာ ထိုထက်ပို၍အရေးကြီးသောနေရာသည် ဤအနီးအနား၌ရှိနေသင့်ပေသည်။
ထိုနေရာသည်ကား အူသာ၏သချိုင်းဖြစ်ပေသည်။
အခန်း ၄၈၉ - စိတ်ပိုင်းဆိုင်ရာကောလိပ်သို့ဝင်ရောက်ခြင်း
စိတ်ပညာကောလိပ်သည် လူတိုင်း၏မျက်စိရှေ့၌ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ဧရာမစိတ်ပညာကောလိပ်ကြောင့် အံ့အားသင့်ကုန်ကြသည်။ဤသည်မှာ တစ်ချိန်က ဘာရော့မိသားစု၏နေအိမ်ဖြစ်သည်။နောက်ပိုင်းတွင် ၎င်းတို့သည် အောက်လမ်းမှော်ကဝေများကိုလေ့ကျင့်ပေးနေသည့် ကောလိပ်ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည် ကျောက်တုံးများလှိမ့်ကျမှုမှရှောင်တိမ်းလာသော အက်စ်ဝမ်အား တစ်ချက်ကြည့်လိုက်သည်။ထို့နောက်ရှောင်ယုက လက်ကိုဝှေ့ယမ်း၍အမိန့်ပေးလိုက်သည်။
"အထဲကိုဝင်ကြ...."
"ဒါက...အစ်ကိုရှောင်....ငါတို့တကယ်ကြီးဝင်ကြမှာလား...အဲ့ဒါကအန္တာရယ်ရှိတဲ့နေရာဆိုတာ မင်းသိထားသင့်တယ်"
ကာဆိုသည် ရှောင်ယုကိုကြည့်ရင်းမေးမြန်းလိုက်သည်။
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"အစ်ကိုကာဆိုမေ့နေတာလား...ဒီလိုရှေးဟောင်းအဆောက်အဦးတွေနဲ့သိပ်ပြီးတော့ မရင်းနှီးဘူးလား...ဒီလိုနေရာတွေကအန္တာရယ်သိပ်မများပါဘူး"
"ဘာလို့အဲလိုပြောတာလဲ"
ကာဆိုက စိတ်ရှုပ်နေသောလေသံဖြင့်မေးမြန်းလိုက်သည်။
"ငါ့နောက်ကိုသာလိုက်ခဲ့...ဒီမှာအန္တာရယ်သိပ်မများပါဘူး...မသေမျိုးတွေတော့ရှိနိုင်တယ်ဆိုပေမဲ့ ငါ့မှာအူသာနဲ့ပါလာဒင်တွေရှိတယ်လေ...မင်းဘာကိုကြောက်နေတာလဲ"
ယခုအချိန်တွင် ရှောင်ယုထံ၌ အလွန်ဆိုဦးဆောင်သော ငွေရောင်လက်အဖွဲ့အပြင် အူသာကလည်းအနီးကပ်ရှိနေပေသည်။အဆုံးသတ်တွင် ပါလာဒင်များသည် မသေမျိုးများ၏အိပ်မက်ဆိုးများဖြစ်ကြသည်။
ရှောင်ယု၏အဖြေကိုကြားသောအခါ ကာဆိုကပြုံးပြလိုက်ပြီး စကားအပိုမပြောတော့ဘဲ ရှောင်ယုနောက်သို့လိုက်သွားခဲ့သည်။
ရှောင်ယု၏မူလအစီအစဉ်မှာ ရန်သူတပ်များကိုချေမှုန်းရန်အတွက် ကျောက်တုံးများကိုအသုံးပြုရန်ဖြစ်ကြောင်း သူသိထားပေသည်။ရှောင်ယုသည် လွန်စွာမှဂရုမစိုက်သည့်ပုံပေါက်နေသော်လည်း အမှန်တော့သူသည် အချိန်ပြည့်စဉ်းစားနေတတ်သူဖြစ်ပြီး အလွန်ပင်သတိကြီးသူတစ်ယောက်ဖြစ်သည်။
ရှောင်ယုက ယခုလိုရဲရဲဝံ့ဝံဖြင့် အာမခံလာချိန်တွင် ပြဿနာမရှိလောက်ပေ။
ထို့ကြောင့်လူတိုင်းသည် စိတ်ပညာကောလိပ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ထို့အပြင် ရှောင်ယုသည်ဝင်ပေါက်၌ ထောင်ချောက်များကိုခင်းကျင်းထားရန် တိုင်ရန်ဒီအားအမိန့်ပေးခဲ့သည်။
ယခုအခါတွင် တိုင်ရန်ဒီ၏အဆင့်သည် မြင့်မားသောအဆင့်သို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ထောင်ချောက်၏အကျိုးသက်ရောက်မှုသည် ပို၍ပင်အားကောင်းလာခဲ့သည်။
အကယ်၍ရန်သူသာ တိုင်ရန်ဒီ၏ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပါက အနည်းဆုံးအရေပြားတစ်လွှာကို ကျိန်းသေပေါက်ထားခဲ့ရမှာဖြစ်သည်။
သူတို့သည် ဥမင်လှိုဏ်ခေါင်းအတွင်းသို့ တိုးဝင်သွားချိန်တွင် ၄၅မီတာမြင့်သော အရိုးစုနှစ်ခုသည် ရှောင်ယု၏အဖွဲ့ထံပြေးဝင်လာကာ လက်သီးဖြင့်ထိုးနှက်တိုက်ခိုက်လိုက်သည်။ရှောင်ယု၏အဖွဲ့သည် တိုးဝင်လာသောလက်သီးကို ကျဉ်းမြောင်းစွာရှောင်တိမ်းလိုက်ရာ အရိုးစု၏လက်သီးကနံရံ၌အပေါက်တစ်ခု ပေါက်ထွက်သွားစေခဲ့သည်။
အလွန်ဆိုသည် အရိုးစု၏ရှေ့သို့ပြေးဝင်သွားခဲ့ကာ ၎င်း၏ကျိန်စာသင့်မီးရှူးတိုင်ကို အသုံးပြုတိုက်ခိုက်ခဲ့သည်။မီးရှူးတိုင်သည် အရိုးစု၏ရှေ့မှောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။
သစ်ပင်ပင်စည်ထက်ပင်ထူသော အရိုးစု၏အရိုးများသည် ကျိန်စာသင့်မီးရှူးတိုင်မှထုတ်လွှတ်သော စွမ်းအားကြောင့်ရိုက်ခွဲခံလိုက်ရသည်။
အရိုးစု၏ခန္ဓာကိုယ်၌ အက်ကွဲနေသောအသံများထွက်ပေါ်လာခဲ့ကာ အပြာရောင်မီးခိုးငွေ့များက ချက်ချင်းထွက်ပေါ်လာခဲ့သည်။အလွန်ဆို၏လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရသွားသည့် အရိုးစုသည်နာကျင်စွာအော်ဟစ်လိုက်သည်။
အရိုးစု၏အာရုံကိုလွဲပြောင်းပြီးသည်နှင့် အလွန်ဆိုသည်ရုတ်တရက်လှုပ်ရှားလိုက်ကာ အရိုးစုနောက်တစ်ကောင်၏နောက်၌ ထွက်ပေါ်လာခဲ့ပြီး ကျိန်စာသင့်မီးရှူးတိုင်အား ဝှေ့ယမ်းလိုက်သည်။
ဝုန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အရိုးစုသည်မြေပေါ်သို့လဲကျသွားခဲ့ပြီး အရိုးစု၏ခန္ဓာကိုယ်သည် ဆက်တိုက်အက်ကွဲလာခဲ့သည်။ခဏအကြာတွင် အရိုးစုနှစ်ကောင်သည် နာကျင်စွာအော်ငြီးနေရင်း သူတို့၏ဝိညာဉ်မီးတောက်များက တဖြည်းဖြည်းငြိမ်းသတ်သွားခဲ့ကာ သေဆုံးသွားခဲ့တော့သည်။
တစ်ဖက်တွင် ကာဆိုသည် သူ၏ဒိုင်းကိုကိုင်ဆောင်၍ အခြားသောအရိုးစုများနှင့်တိုက်ခိုက်နေခဲ့သည်။သူသည် ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်သည့်အတွက် အရိုးစုများကိုအလွယ်တကူပိတ်ဆို့ထားခဲ့ကာ မလိုအပ်သောအသေအပျောက်များကိုလျော့ချနိုင်ခဲ့သည်။ထို့ကြောင့် သူသည်တိုက်ခိုက်ရန်ရှေ့ထွက်ခဲ့သလို ရှောင်ယုကလည်း ကာဆိုအားတိုက်ခိုက်ရန် ခွင့်ပြုခဲ့သည်။
ကာဆိုသည် သူ၏ဒိုင်းကိုရှေ့သို့ဆောင့်ထိုးလိုက်ကာ အရိုးစုများ၏တိုက်ခိုက်မှုအား ပိတ်ဆို့လိုက်သည်။ထို့နောက်သူသည် ဘေးသို့ရှောင်ထွက်လိုက်ကာ အရိုးစု၏နောက်ဘက်သို့လျှပ်တပြက်ရွေ့လျားလိုက်ပြီး အရိုးစု၏ကျောရိုးအားဓားဖြင့် ချက်ချင်းထိုးနှက်ခဲ့သည်။
ထိုအရိုးစုများသည် ကာဆို၏ဓားအောက်တွင် စက္ကူစများသဖွယ်နုနယ်နေခဲ့သည်။အမှန်တော့ ထိုအရိုးစုများ၏အရိုးများသည် သံမဏိဖြင့်ပြုလုပ်ထားသော သံချပ်ကာများထက်မာကျောမှုမနိမ့်ပေ။
သို့သော်လည်း ဓားဖြင့်ကျောရိုးအားအထိုးခံရသည်တောင်မှ ချက်ချင်းသေဆုံးခြင်းမရှိသေးပေ။သူတို့အားလုံးသည် မူလကပင်မသေမျိုးသတ္တဝါများဖြစ်ကြပေရာ သူတို့၏ဝိညာဉ်မီးတောက်မငြိမ်းသတ်ပါက သူတို့်အားသတ်ဖြတ်ရန်မှာ မလွယ်ကူလှပေ။
အလွန်ဆိုသည် ထိုအခွင့်အရေးကိုအသုံးချကာ သူ၏ကျိန်စာသင့်မီးရှူးတိုင်ကိုဝှေ့ယမ်း၍ အရိုးစု၏ဝိညာဉ်မီးတောက်ကိုငြိမ်းသတ်လိုက်သည်။
ရုတ်တရက်ထွက်ပေါ်လာသည့် အရိုးစုများသည်အလွန်အစွမ်းထက်သည့်အတွက်ကြောင့် လူတိုင်းသည်ပိုမိုသတိထားလာကြပြီး ပတ်ဝန်းကျင်ကိုဂရုတစိုက်စစ်ဆေးနေကြသည်။
ထိုမြင်ကွင်းသည် ရှောင်ယုအတွက်မထူးဆန်းပေ။သူသည် အမှောင်ဗိမာန်တော်သို့ပင်ရောက်ရှိခဲ့ပြီဖြစ်ရာ ဤနေရာသည်အမှောင်ဗိမာန်တော်ထက် အန္တာယ်ရယ်များနိုင်မည်လား...ထို့ပြင်အမှောင်ဗိမာန်တော်ထက် ပိုများသည့်အန္တာရယ်များရှိနေလျှင်ပင် အေဂါဝမ်ပါရှိနေပေရာ သူတို့အားမည်သူမှမထိခိုက်စေနိုင်ပေ။
ထိုခေတ်ကာလတွင် အေဂါဝမ်သည်တိုက်ကြီး၏အုပ်ထိန်းသူဖြစ်ကာ နတ်ဆိုးများနှင့်မသေမျိုးများအားသတ်ဖြတ်ရာ၌ အထူးကျော်ကြားပေသည်။
ထို့ကြောင့် ရှောင်ယုသည်ဤနေရာသို့ မကြောက်မရွံ့ဝင်ရောက်လာခြင်းဖြစ်သည်။
ရှောင်ယုသည် မတ်ဂ်မြို့အားသိမ်းပိုက်ရာတွင် ဝင်ရောက်ကူညီပေးရန်အတွက် အေဂါဝမ်အားစည်းရုံးရန် အလွန်ခက်ခဲပေသည်။နောက်ဆုံးတွင် သူသည်အေဂါဝမ်အား အော်ဟစ်ကြိမ်းမောင်း၍မရပေ။
သို့သော်လည်း အန္တာရယ်ကြုံတွေ့လာပါက အေဂါဝမ်ကအရေးယူပေးမှာဖြစ်သည်။
ရှောင်ယု၏သေးငယ်သော တွက်ချက်မှုများသည် အမှန်ပင်မှန်ကန်ပေသည်။သို့ဖြစ်ရာ သူ၏ကိုယ်ရံတော်အဖြစ်ဆောင်ရွက်ပေးမယ့် အေဂါဝမ်ကြောင့် ရှောင်ယုကစိုးရိမ်နေခြင်းမရှိပေ။
မကြာမှီ သူတို့သည် စိတ်ပညာကောလိပ်၏ အတွင်းပိုင်းသို့ရောက်ရှိလာခဲ့သည်။
ထိုအခါ ခန်းမအတွင်း၌ မရေမတွက်နိုင်သောမသေမျိုးများ သွားလာလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် သာမန်မသေမျိုးများဆိုပါက စိုးရိမ်စရာမရှိပေ။ရှောင်ယုသည် မြေအောက်မြို့တော်၌ မသေမျိုးများစွာကို မြင်တွေ့ဖူးပေသည်။သို့သော် ဤမသေမျိုးများသည်ပုံမှန်မဟုတ်ပေ။သူတို့အားလုံးသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့်အတွက် သူတို့သည်မူမမှန်ကြောင်း ထင်ရှားပေသည်။
အောက်လမ်းမှော်ကဝေများသည် သတ်ဖြတ်ရန်မလွယ်ကူလှသလို တိုက်ခိုက်ရန်ပင်အခက်အခဲရှိပေသည်။
ရှောင်ယုတို့အဖွဲ့ရောက်လာသည်ကိုမြင်သော် ထိုအောက်လမ်းမှော်ကဝေများသည် ရှောင်ယုတို့ထံပြေးဝင်လာကြသည်။
"ညီအစ်ကိုရှောင်...ငါတို့ကဘယ်လိုနည်းဗျူဟာတွေကို သုံးသင့်လဲ"
ကာဆိုသည် သူတို့ထံပြေးဝင်လာသည့်မသေမျိုးများကိုကြည့်ရင်း ကာဆိုကမနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ဘယ်လိုနည်းဗျူဟာကိုသုံးမှာလဲ...သူတို့ကိုတိုက်ရိုက်သတ်ပစ်"
ရှောင်ယုက ကာဆိုကိုလှည့်ကြည့်ရင်းပြောလိုက်သည်။