← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း ၄၉၉ - မြို့တွင်းတိုက်ပွဲ

မိုင်ယဗ်သည် အက်စ်ဝမ်ကို လုပ်ကြံရန်သွားသည့်အခါတွင် ရှောင်ယုသည် ဂရင်း၊အီလီဒမ်၊ခိုင်ရင်းနှင့်နဂါးလေးတို့သည် မြို့တော်ခန်းမသို့ ရောက်လာကြသည်။

မီရန်ဒါ၏ဘေးနားတွင် ဆဌမအဆင့်ကျွမ်းကျင်သူနှစ်ယောက်ရှိနေသည့်အတွက်ကြောင့် ရှောင်ယုကပေါ့ပေါ့တန်တန်မလုပ်ဝံ့ပေ။

ရှောင်ယုသည် မီရန်ဒါ၏အခန်းနားသို့တိုးကပ်သွားချိန်တွင် ထိပ်ပြောင်ဖြစ်သော ဆခ်ကရှောင်ယုရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"မင်းဒီကို ဘယ်လိုရောက်လာတာလဲ"

ရှောင်ယုက ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ကိစ္စမရှိပါဘူး...ဟားဟား"

"မင်းနောက်ဆုံးအကြိမ်က ထွက်ပြေးနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီတစ်ကြိမ်တော့မရတော့ဘူး"

ဆခ်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

ဆခ်က ရှောင်ယုအား တုံ့ပြန်ရန်အချိန်မပေးတော့ဘဲ စစ်သားများကိုဆင့်ခေါ်လိုက်ကာ မည်သည့်အရိပ်အယောင်မျိုးမှမပြဘဲ တိုက်ခိုက်ခဲ့သည်။တစ်ချိန်တည်းမှာပင် အမျိုးမျိုးသောမှော်လက်နက်များကိုတပ်ဆင်ထားသော မရေမတွက်နိုင်သည့်တပ်သားများက ခြံဝင်းအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ရှောင်ယုက သူ့လက်ကိုဝှေ့ယမ်း၍ နဂါးလေးကိုတိုက်ခိုက်ခိုင်းလိုက်သည်။

"သွားပြီး တိုက်ခိုက်တော့"

နဂါးလေးသည် ရှောင်ယု၏အမိန့်ကြောင့် သူ၏နံချပ်ကူကိုဆွဲထုတ်လိုက်ကာ ရန်သူတပ်သားများကို စတင်၍တိုက်ခိုက်လိုက်သည်။ရန်သူများ၏မှော်လက်နက်များသည် နဂါးလေးအားအတိုင်းအတာတစ်ခုထိ ထိခိုက်စေနိုင်ပေသည်။သို့သော်လည်း နဂါးလေးသည် ပျံသန်းနိုင်သည့်အပြင်ကို သူ၏တိုက်ခိုက်မှုသည်ကြမ်းတမ်း၍ အလွန်လျင်မြန်လိမ့်မည်ဟု ရန်သူများမမျှော်လင့်ထားခဲ့ပေ။

ရန်သူစစ်သားများသည် မှော်လက်နက်များကို ကိုင်ဆောင်ထားသော်လည်း သူ၏အင်အားကမမြင့်မားပေ။သူတို့သည် နဂါးလေး၏ရူးသွပ်စွာတိုက်ခိုက်မှုကိုခံခဲ့ရပြီး ချက်ချင်းပင်ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။ထိုအချိန်တွင် ဒဏ္ဍာရီလာနဂါးများသည် အဘယ်ကြောင့်ဤကမ္ဘာကြီးပေါ်ရှိ ပိရမစ်ထိပ်ပေါ်တွင် တည်ရှိနေရသည်ကို သူတို့သဘောပေါက်နားလည်သွားကြသည်။

နဂါးများသည် သန်မာသောခန္ဓာကိုယ်နှင့်မြင့်မားသောမှော်ခုခံစွမ်းအား ပိုင်ဆိုင်ထားကာ နှစ်ခုလုံး၌အစွမ်းထက်ပေသည်။

ထိုအချိန်တွင် အခြားအစောင့်အချို့သည် ပြေးဝင်လာကာရှောင်ယုကိုဘေးမှနေ၍ တိုက်ခိုက်လိုက်ကြသည်။သို့သော်လည်း အီလီဒမ်၊ဂရင်းနှင့်ခိုင်ရင်းတို့က ဘာမှမလုပ်ဘဲထိုင်နေကြခြင်းမဟုတ်ပေရာ အတူတကွတိုက်ခိုက်ခဲ့ကြသည်။

ရှောင်ယုကိုယ်တိုင်သည်ကား ထိုတိုက်ပွဲ၌ပါဝင်ခြင်းမပြုဘဲ မီရန်ဒါကိုလိုက်လံရှာဖွေနေခဲ့သည်။

"ဟမ့်...ငါဒီနေ့ မင်းနဲ့ထပ်တွေ့ရဖို့မမျှော်လင့်ထားဘူး...ဒီနေ့ငါ့လက်ထဲကလွတ်ဖို့စိတ်မကူးနဲ့တော့"

ရုတ်တရက်ဆိုသလို ခပ်လှမ်းလှမ်းမှနေ၍ အလွန်ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဟေး...ချစ်ဇနီးလေး ယင်ခီအာ....မင်းရဲ့ယောကျ်ားကိုမင်းဘယ်လိုပြောလိုက်တာလဲ...ငါတို့ကလင်မယားနှစ်ယောက်လေ...မင်းကငါ့ရဲ့ပထမဆုံးဇနီးပဲ...မင်းကငါ့ကိုဘယ်လိုပုံစံနဲ့ဆက်ဆံနေတာလဲ...မင်းအရှုံးပေးပြီးတော့ ငါ့နောက်ကိုလိုက်လာခဲ့မယ်ဆိုရင် မင်းရဲ့ယောကျ်ားကမင်းကိုအကောင်းဆုံးအရာတွေပဲပေးမယ်ဆိုတာကို ကတိပေးနိုင်တယ်...ဘယ်လိုလဲ"

ထိုလူသည်ကား မုတ်ဆိတ်နီမှလွဲ၍ အခြားသူမဟုတ်ပေ။

သူနှင့်ယင်ခီအာတို့သည် ရန်သူများဟုဆိုနိုင်သော်လည်း ရှောင်ယုသည် ယင်ခီအာကိုမသတ်ဖြတ်လိုပေ။သူမအား သူ၏မိန်းမတစ်ယောက်အဖြစ်သတ်မှတ်ထားကာ သူမအားပြန်လည်ခေါ်ဆောင်ရန် နည်းလမ်းရှာဖွေလိုခဲ့သည်။

"အရှက်မရှိဘူး..."

ယင်ခီအာကအော်ဟစ်လိုက်ပြီး ရှောင်ယုအားသတ်ဖြတ်ရန် တိုက်ခိုက်လိုက်သည်။

ရှောင်ယုသည် ကူကယ်ရာမဲ့စွာဖြင့်ခေါင်းခါမိလိုက်ကာ ပေါက်ကွဲခြေလှမ်းအားအသက်သွင်း၍ တိုက်ခိုက်မှုတိုင်းကို အားစိုက်ထုတ်ကာရှောင်တိမ်းလိုက်သည်။သို့သော်လည်း ယင်ခီအာ၏တိုက်ခိုက်မှုအား ရှောင်တိမ်းနေစဉ်အတွင်း အနောက်ဘက်မှနေ၍ ဓားမြှောင်တစ်စင်းကရုတ်တရက်တိုးဝင်လာခဲ့သည်။

ရှောင်ယုသည် တည်နေရာရွေ့ပြောင်းကာ အန္တာရယ်များသည့်လုပ်ကြံမှုမှ လွတ်မြောက်နိုင်ခဲ့သည်။ထိုဓားမြှောင်၏ပိုင်ရှင်မှာ ဆဌမအဆင့်လုပ်ကြံသူ မိုဒဲလ်ဖြစ်သည်။

လက်ရှိအချိန်တွင် မိုဒဲလ်သည်မနီးမဝေးသို့ တည်နေရာရွေ့ပြောင်းသွားသည့်ရှောင်ယုကိုကြည့်ရင်း သူ၏မျက်လုံးများ၌အားမရသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။သူသည် နောက်ဆုံးအကြိမ်ကရှောင်ယုအား မလုပ်ကြံနိုင်ခဲ့၍ သူ၏နှလုံးသားထဲ၌ဆူးတစ်ချောင်းစိုက်ဝင်နေခဲ့သည်။ဆဌမအဆင့်လုပ်ကြံသူတစ်ယောက်အနေဖြင့် သူ၏ပန်းတိုင်မှန်သမျှ အောင်မြင်ရမည်ဖြစ်သည်။

"မိုင်ယဗ်နဲ့အီလီဒမ်...ဒီကိုလာခဲ့ပြီးတော့...ဒီကောင်ကိုရှင်းလိုက်စမ်း"

ရှောင်ယုက လက်ပြရင်းအော်ဟစ်လိုက်သည်။

သူသည် မိုဒဲလ်၏ပြိုင်ဘက်မဟုတ်ကြောင်းရှောင်ယုနားလည်ပေသည်။မိုင်ယဗ်နှင့်အီလီဒမ်တို့သည် မိုဒဲလ်အားသတ်ဖြတ်နိုင်စွမ်းမရှိကြသော်လည်း မိုဒဲလ်အားထပ်မံ၍လှုပ်ရှားခွင့်မရအောင် ရပ်တန့်နိုင်စွမ်းရှိပေသည်။

ဂရင်းနှင့်ခိုင်ရင်းတို့သည် ဆခ်နှင့်တိုက်ခိုက်နေစဉ်အတွင်း နဂါးလေးကအခြားသောအစောင့်များနှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။အရာအားလုံးပြေလည်သွားပြီးပါက သူသည်ဂရင်းနှင့်ခိုင်ရင်းတို့အား ကူညီပေးမှာဖြစ်သည်။

ထိုအချိန်တွင် ရှောင်ယုက ယင်ခီအာကိုရင်ဆိုင်နေခဲ့သည်။ရှောင်ယုသည် ယင်ခီအာကိုစကားလုံးများဖြင့် အဆက်မပြတ်နောက်ပြောင်နေခဲ့သည်။ရှောင်ယု၏မျက်နှာပေါ်ရှိ အပြုံးကိုသတိထားမိလိုက်ချိန်တွင် ယင်ခီအာ၏ဒေါသသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိရောက်ရှိသွားခဲ့သည်။

သူ၏စိတ်အခြေအနေသည် ဒေါသကြောင့်လွှမ်းမိုးခံလိုက်ရကာ မည်သည့်အရာကိုမှ မတွေးတောနိုင်တော့ပေ။ယင်ခီအာသည် မည်သည့်အခြေအနေတွင်မဆို အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး သါမန်အခြေအနေများတွင် သူမကိုမည်သည့်အရာကမှ မနှောင့်ယှက်နိုင်ပေ။သို့သော် ရှောင်ယုကမူ သူမ၏နှလုံးသားထဲရှိတစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။

သူမသည် ရှောင်ယုကိုအရိုးထဲစွဲနေအောင် မုန်းတီးနေခဲ့သည်။ထို့ကြောင့်ယခုအချိန်တွင် ရှောင်ယု၏နောက်ပြောင်မှုကြောင့် သူမသည်တည်ငြိမ်ခြင်းမရှိတော့ပေ။

ရှောင်ယုသည် ယင်ခီအာကိုလွန်စွာကြီးကြီးမားမားမထိခိုက်စေလို၍ ရံဖန်ရံခါတွင်သာ ပြင်းထန်သောတိုက်ခိုက်မှုများစွာကို ဂရုစိုက်ရှောင်တိမ်းရင်း နောက်ထပ်တစ်ကြိမ်သူမကိုထပ်မံလှောင်ပြောင်နေခဲ့သည်။

ရှောင်ယု၏လက်ရှိခွန်အားသည် အလွန်မြင့်မားနေပြီဖြစ်ကာ ပဥ္စမအဆင့်၌ သူ၏ပြိုင်ဘက်ဟူ၍မရှိတော့ပေ။အကယ်၍ တစ်ဖက်ရန်သူသာ ဆဌမအဆင့်ကျွမ်းကျင်သူမဟုတ်ခဲ့ပါက သူ့အားခြိမ်းခြောက်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ထိုအချိန်တွင် နဂါးလေးက ထိုအစောင့်များကိုသတ်ဖြတ်ပြီးဖြစ်သည်။ရှောင်ယုက နဂါးလေးအားမီရန်ဒါကိုလိုက်လံရှာဖွေရန် အမိန့်ပေးခဲ့သော်လည်း အချိန်အတော်ကြာအောင်ရှာဖွေပြီးနောက်တွင် လုံးဝရှာမတွေ့ခဲ့ပေ။

ထို့ကြောင့်အဆုံးသတ်တွင် ရှောင်ယုသည် ထိပ်ပြောင်ဆခ်အားသတ်ဖြတ်ရာ၌ ဂရင်းနှင့်ခိုင်ရင်းတို့အားကူညီရန် နဂါးလေးအားအမိန့်ပေးခဲ့သည်။

ဆခ်၏ခွန်အားသည် မပျော့ညံ့သော်လည်း ဂရင်းနှင့်ခိုင်ရင်းတို့ရှေ့မှောက်၌ ဘာမှထူးထူးခြားခြားမလုပ်ဆောင်နိုင်ခဲ့ပေ။ခိုင်ရင်း၏ခွန်အားသည် အမှန်တကယ်ကိုအားကောင်းလှပေသည်။ခိုင်ရင်းသည် ပဥ္စမအဆင့်တွင်သာရှိနေသော်လည်း သူ့ထက်နိမ့်ကျခြင်းမရှိပေ။

ဂရင်း၏တိုက်ခိုက်မှုများသည် ပြင်းထန်ခြင်းမရှိသော်လည်း သူ၏ခိုးဝင်တိုက်ခိုက်မှုတိုင်းအား ဂရုမစိုက်ဘဲနေရန်မဖြစ်နိုင်ပေ။

ယခုအခါ နဂါးလေးကထပ်မံအားဖြည့်လာ၍ ဆခ်သည်လမ်းဆုံးသို့ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။ယခုအချိန်တွင် မီရန်ဒါသည်ဘေးကင်းကင်းဖြင့် အခြားတစ်နေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၍ သူ၏တာဝန်ပြီးဆုံးသွားပြီဖြစ်ရာ ထွက်ပြေးရန်ကြံစည်နေပြီဖြစ်သည်။

အခန်း ၅၀၀ - ဆခ်၏ပြောင်းလဲမှု

သို့သော်လည်း ခိုင်ရင်းကမူသူ့အား လွယ်လွယ်နှင့်အလွတ်ပေးမည်မဟုတ်ပေ။

နောက်ဆုံးတွင် ဆခ်သည်သူ၏ခွန်အားကိုမြင့်တင်ပေးနိုင်သည့် အဖော်ကောင်းတစ်ယောက်ဖြစ်သည်။ယခုလိုပြိုင်ဘက်မျိုးအား ရှာတွေ့ရန်ခဲယဉ်းပေရာ အဘယ်ကြောင့်အလွတ်ပေးရမည်နည်း။

နဂါးလေးကလည်း ထိုသို့တွေးနေခဲ့သည်။အဆုံးသတ်တွင် သူနှင့်သင့်တော်သောပြိုင်ဘက်ကို တွေ့လိုက်ရသည့်အတွက် အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ထို့ကြောင့်နဂါးလေးသည် သူ၏နံချပ်ကူကိုဖယ်ထုတ်လိုက်ကာ ဆခ်အားလက်ဗလာဖြင့်တိုက်ခိုက်လိုက်သည်။

ဆခ်သည် သူ၏လက်ရှိအခြေအနေကို သိရှိသွားသည်နှင့် ရုတ်တရက်ဆိုသလို ထူးဆန်းသောအရိုးအပ်တစ်ချောင်းကိုထုတ်ယူလိုက်ကာ သူ၏လည်ပင်းနောက်သို့ထိုးထည့်လိုက်သည်။

ထိုအခါ ဆခ်၏ခန္ဓာကိုယ်မှ ထူးဆန်းသောအသံများထွက်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ထဲသို့ နောက်ထပ်ခွန်အားတစ်ခုတိုးဝင်လာခဲ့သည်။

ဆခ်၏မျက်လုံးများသည် သွေးကဲ့သို့နီရဲနေကာ သူ၏ခေါင်းပေါ်၌ချွန်ထက်သောဦးချိုနှစ်ချောင်းထွက်ပေါ်လာပြီး သူ၏အသွင်အပြင်က အလွန်ထူးဆန်းနေခဲ့သည်။

ဆခ်၏ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုပွက်ပွက်ထနေသကဲ့သို့ အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။သူ၏အရေပြားသည် လူ၏အသားအရောင်ကဲ့သို့မဟုတ်တော့ဘဲ မီးခိုးရောင်ကဲ့သို့ဖြစ်လာကာ ပါးလွှာသောအကြေးခွံများက ဖုံးအုပ်ထားခဲ့သည်။

"ဟ...ဒီကောင်ကဘာကြီးလဲ"

နဂါးလေးသည် အလန့်တကြားထခုန်လိုက်ကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး ဘေးကင်းသောအကွာအဝေးသို့ဆုတ်ခွာလိုက်သည်။

"မင်းတို့အားလုံးသေရမယ်"

ထိုအချိန်တွင် ဆခ်သည် ယခင်ဆခ်မဟုတ်တော့ဘဲ အခြားနတ်ဆိုးတစ်မျိုးဖြစ်လာခဲ့သည်။

"အီလိဒမ်....မင်းရဲ့ဆွေမျိုးတစ်ယောက်ရောက်နေတယ်...မင်းဒါကိုရင်ဆိုင်သင့်တယ်"

ဂရင်းသည်အီလီဒမ်ကိုအော်ခေါ်လိုက်ကာ မိုဒဲလ်ကိုတိုက်ခိုက်ရန်ပြေးဝင်သွားခဲ့သည်။သူသည် အီလီဒမ်အားဆခ်နှင့်ရင်ဆိုင်စေလိုခဲ့သည်။

ယခုအခါ ဆခ်သည်နတ်ဆိုးတစ်ကောင်လိုဖြစ်နေပြီဖြစ်ရာ မူလကနတ်ဆိုးဖြစ်နေပြီဖြစ်သော အီလီဒမ်ထံ ရင်ဆိုင်ရန်ထားခဲ့ခြင်းကပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ဂရင်း၏စကားကိုကြားသောအခါ အီလီဒမ်သည်စကားအများကြီးမပြောတော့ဘဲ ဆခ်ထံသို့ပြေးဝင်လာခဲ့သည်။

လက်ရှိအချိန်တွင် ဆခ်၏ခန္ဓာကိုယ်သည် ငရဲမှတက်လာသောနတ်ဆိုးတစ်ကောင်ကဲ့သို့ မီးတောက်များဖြင့်ဖုံးလွှမ်းနေခဲ့သည်။

ဆခ်၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ပြင်းထန်သောမီးလျှံများက အီလီဒမ်၏တိုက်ခိုက်မှုအား တိုက်ရိုက်ပိတ်ဆို့ခဲ့သည်။

ဝုန်း...

ဆခ်၏ခြေဖဝါးအောက်ရှိ ကျောက်တုံးများကစတင်တုန်ခါလာခဲ့သည်။ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ သူ၏ပတ်ဝန်းကျင်တွင် အလွန်မြင့်မားသောကျောက်ရုပ်တုများ ပေါ်ထွက်လာခဲ့သည်။ထိုရုပ်တုတိုင်းသည် ၃မီတာအမြင့်ရှိကာ ပုံပျက်နေသောမျက်နှာကိုပိုင်ဆိုင်ထားသည်။သူတို့၏လက်ထဲတွင် ကြီးမားသောကျောက်တုံးကြီးကိုကိုင်ဆောင်ထားကာ အတော်လေးအားကောင်းပုံရပေသည်။

"အိုး..."

အီလီဒမ်သည် ထိုမြင်ကွင်းအားတွေ့မြင်လိုက်ချိန်တွင် မျက်မှောင်ကြုတ်မိလိုက်သည်။တစ်ချိန်တည်းတွင် သူသည်အနည်းငယ်မကျေမနပ်ဖြစ်နေမိသည်။သူ၏ရှေ့တွင်ရှိနေသည်မှာ အစစ်အမှန်နတ်ဆိုးမဟုတ်ဘဲ နတ်ဆိုးတစ်ဝက်သာဖြစ်သည်။

"ငရဲမီး...ငါဆင့်ခေါ်တာကိုနာခံကြ"

အီလီဒမ်က ရုတ်တရက်အော်ဟစ်လိုက်ကာ ကောင်းကင်ယံ၌ကြီးမားသောတံခါးပေါက်ကြီးတစ်ခု ပွင့်ဟလာခဲ့ပြီး ဧရာမမီးလုံးအများအပြားက ကောင်းကင်ပေါ်မှနေ၍ပြုတ်ကျလာခဲ့သည်။

အထက်ကောင်းကင်ယံမှ မီးလုံးများပြုတ်ကျလာပြီးနောက်တွင် မီးတောက်များတောက်လောင်နေသည့် ငရဲမီးသားရဲတစ်ကောင်ဖြစ်ပေါ်လာကာ သူ၏ဦးခေါင်းသည်ပင်ကျောက်ရုပ်တုများထက် ပိုကြီးပေသည်။

ဆခ်ထံတွင် သူ့ကိုယ်သူနတ်ဆိုးအဖြစ်ပြောင်းလဲရန် အထူးနည်းလမ်းအချို့ရှိသော်လည်း အီလီဒမ်သည် စစ်မှန်သောနတ်ဆိုးဖြစ်သည်။ထို့ပြင် သူ၏ကြံ့ခိုင်မှုသည် အမြဲတစေတိုးတက်နေခဲ့သည်။ယခုနောက်ဆုံးအချိန်သို့ရောက်လာချိန်တွင် သူသည်ငရဲမီးသားရဲအား ဆင့်ခေါ်နိုင်စွမ်းကို နိုးထလာခဲ့သည်။

ဤငရဲမီးသားရဲများ၏စွမ်းအားသည် ထိုကျောက်ရုပ်တုများထက်ပိုမြင့်ပေသည်။သူတို့သည် ငရဲမီးသားရဲများသည် ထူးထူးခြားခြားမြည်သံပေးကာ ထိုကျောက်ရုပ်တုများကို ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

"အင်း...ငါ့ရဲ့လှည့်ကွက်တွေကိုကြည့်စမ်း..."

နဂါးလေးသည် ကြိုတင်သတိပေးခြင်းမရှိဘဲ ဆခ်အားကန်ကျောက်ပစ်လိုက်သည်။

ဆခ်သည် ယခုအချိန်၌နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့ပြီး ယခင်လိုပြတ်ပြတ်သားသား အသိစိတ်မရှိတော့ပေ။ထို့ကြောင့် နဂါးလေးကရှေ့သို့တိုးဝင်လာသည်ကို မြင်သောအခါတွင် ရှောင်တိမ်းရန်မကြိုးစားတော့ဘဲ နဂါးလေးအားပြန်၍တိုက်ခိုက်လိုက်သည်။

ဘန်း...

နဂါးလေးသည် လက်ဗလာဖြစ်နေသည်တောင်မှ ဆခ်၏လက်နက်ကို မကြောက်တော့ပေ။နဂါးလေး၏ခြေသည်းသည် သူ၏အစွမ်းအထက်ဆုံးသောလက်နက်ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ထို့ပြင် နဂါးလေး၏ခြေသည်းများကို အလွန်ပင်ခုခံနိုင်စွမ်းမြင့်မားလှပြီး ရှောင်ယုကိုယ်တိုင်ကအထူးချီးကျူးထားပေသည်။

ဆခ်သည် နတ်ဆိုးဖြစ်လာပြီးနောက်တွင် သူ၏ခွန်အားသည် အလွန်တိုးတက်လာခဲ့သည်။သို့သော်လည်း နဂါးလေးနှင့်ရင်ဆိုင်ရချိန်တွင် နဂါးလေးကိုလျင်မြန်စွာအနိုင်မယူနိုင်ခဲ့ပေ။

ထိုအချိန်တွင် အီလီဒမ်နှင့်ခိုင်ရင်းတို့က ဘာမှမလုပ်ဘဲ ထိုင်မနေကြပေ။သူတို့နှစ်ယောက်လုံးသည် ဆခ်အားနှစ်ဖက်လုံးမှနေ၍ ပြင်းထန်သောတိုက်ခိုက်မှုများကို စတင်ခဲ့ကြသည်။

ဒိုင်း...

လက်ရှိအချိန်တွင် ဆခ်သည်အသိစိတ်လွတ်နေခဲ့ကာ မည်သူ့ကိုမှမကြောက်ရွံ့တော့ပေ။သို့သော် သူရရှိထားသည့်ဒဏ်ရာများက အချိန်တိုင်းလိုလိုပင် ပိုမိုပြင်းထန်လာခဲ့သည်။

မိုဒဲလ်သည်လည်း ထွက်ပြေးရန်ကြံစည်နေသော်လည်း မိုင်ယဗ်၏ရှေ့တွင် ထွက်ပြေးရန်မဖြစ်နိင်ပေ။မိုင်ယဗ်သည် အစွမ်းအထက်ဆုံးသော လုပ်ကြံသူတစ်ယောက်ဖြစ်ပေရာ မိုဒဲလ်ကမည်သည့်အတွက်ကြောင့် လွယ်လွယ်နှင့်လွတ်မြောက်နိုင်မည်နည်း။

ထို့ပြင် ဂရင်းလည်းရှိနေသည့်အတွက်ကြောင့် သူသည်လုံးဝမလွတ်မြောက်နိုင်တော့ပေ။အကယ်၍ ရှောင်ယုကသနားညာတာမှုမရှိပါက ယင်ခီအာသတ်ဖြတ်ခံရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဆခ်၏မျှော်လင့်မထားသောလှုပ်ရှားမှုကို သတိထားမိလိုက်သည့်အတွက် ရှောင်ယုသည်ယင်ခီအားနှင့် ထပ်မံကစားရန်စိတ်ကူးမရှိတော့ပေ။ထို့ကြောင့်သူသည် နောက်သို့ဆုတ်ကာ မှော်စာလိပ်တစ်ခုအား ထုတ်ယူလိုက်သည်။ရှောင်ယုသည် မှော်စာလိပ်ကိုဆုတ်ဖြဲလိုက်ရာ အလင်းတန်းတစ်ခုကထွက်ပေါ်လာပြီး ယင်ခီအာထံတိုးဝင်သွားခဲ့သည်။

ထိုမှော်အလင်းတန်းသည် ယင်ခီအာကိုထိမှန်သွားခဲ့သည်နှင့် သူမ၏ခန္ဓာကိုယ်အား ချက်ချင်းဆိုသလို တင်းတင်းကျပ်ကျပ်ချည်နှောင်လိုက်၍ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

ထိုမှော်စာလိပ်သည် စိတ်ပညာကောလိပ်အတွင်းမှနေ၍ ရှောင်ယုနောက်ဆုံးရရှိခဲ့သောအရာဖြစ်သော်လည်း အကန့်အသတ်များစွာရှိပေသည်။

"အို...ငါ့မိန်းမလေး...ယောကျ်ားကိုနမ်းခွင့်ပေးပါဦး"

ရှောင်ယုသည် လှောင်ရယ်လိုက်ကာ ယင်ခီအာ၏မျက်နှာကို နမ်းလိုက်သည်။

ယင်ခီအာ၏မျက်လုံးများသည် ဒေါသစိတ်ကြောင့်မီးဝင်းဝင်းတောက်နေသော်လည်း ယခုအချိန်၌ သူမသည်လုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

အဆုံးသတ်တွင် ဆခ်၏ခန္ဓာကိုယ်သည် ပြင်းထန်သောတိုက်ခိုက်မှုများကို ဆက်လက်တောင့်မခံနိုင်တော့ပေ။ထူးဆန်းသောအပ်ကိုအသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများက စတင်ဖြစ်ပေါ်လာခဲ့သည်။သူ၏ခန္ဓာကိုယ်သည် စတင်စုတ်ပြဲလာခဲ့ကာ သွေးများရေစီးသကဲ့သို့ စီးကျနေခဲ့သည်။နဂါးလေးတို့၏ အဆက်မပြတ်တိုက်ခိုက်မှုများက သူ၏ခန္ဓာကိုယ်အားဆိုးဆိုးရွားရွားဖိအားပေးနေသည့်အတွက်ကြောင့် မကြာခင်မှာဘဲ ဆခ်သည်သေဆုံးသွားခဲ့ရသည်။

အခန်း ၅၀၁ - မတ်ဂ်မြို့မှထွက်ခွာခြင်း

ဆခ်သေဆုံးသွားပြီးနောက်တွင် မိုဒဲလ်အပေါ်၌ဖိအားများ ပိုမိုတိုးပွားလာခဲ့သည်။

ထို့ကြောင့်မိုဒဲလ်သည် တုံ့ဆိုင်းမနေတော့ဘဲ တည်နေရာရွေ့ပြောင်းခြင်းစာလိပ်ကို ထုတ်ယူလိုက်ပြီး ချက်ချင်းထွက်ပြေးတော့သည်။

"သေစမ်း...ဒီနေ့တော့ငွေထုတ်ကြီးထွက်ပြေးသွားပြီလား...ဒီကောင့်ဆီမှာဒါမျိုးရတနာရှိနေတယ်ပေါ့"

ရှောင်ယုက ရုတ်တရက်အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ယုကနောက်သို့လှည့်ကြည့်လိုက်ရာ မတ်ဂ်မြို့တစ်ခုလုံးသည် မီးပင်လယ်အလယ်၌ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ခဏအကြာတွင် အခြားလူများရောက်ရှိလာကြပြီး ရှောင်ယုထံတာဝန်ပြီးမြောက်ကြောင်း တင်ပြလာကြသည်။ယခုအချိန်တွင် မတ်ဂ်မြို့တစ်ခုလုံးသည် ရှောင်ယု၏ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်သည်။

"အရှင်...ငါတို့ဘာဆက်လုပ်ရမလဲ"

ဂရင်းက မေးမြန်းလိုက်သည်။

"ငါကဘာဆက်လုပ်ရမလဲ ပြောရဦးမှာလား...အဖိုးတန်တဲ့အရာတွေအကုန်ယူခဲ့လိုက်....ဒီကိစ္စကိုစကားလက်စ်နဲ့မန်နေဂျာရှရှန်းတို့ဆီထားခဲ့တာကောင်းမယ်....သူတို့ကဒီလိုကိစ္စတွေမှာ ငါတို့ထက်ပိုကောင်းတယ်"

ရှောင်ယုက တိုက်ရိုက်ပြောလိုက်သည်။

မန်နေဂျာရှရှန်းအား ကယ်တင်ပြီးပြီဖြစ်ကာ ရှောင်ယုအပေါ်သစ္စာစောင့်သိပါမည်ဟု ကတိခံထားခဲ့သည်။

တစ်ချိန်က စကားလက်စ်အားသစ္စာဖောက်ထားခဲ့သော ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့မှလူတိုင်းကို ရှောင်ယုကဖမ်းဆီးထားခဲ့သည်။ရှောင်ယုသည် ဤကိစ္စကိုစကားလက်စ်ထံချန်ထားခဲ့လိုက်သည်။အဆုံးသတ်တွင် ထိုအရာသည် ရွှင်ပျော်ပျော်ကံကြမ္မာကုန်သည်အဖွဲ့၏ အတွင်းရေးကိစ္စဖြစ်ကာ သူဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

လက်ရှိအချိန်တွင် ရှောင်ယုကအလွန်ပင်ပန်းနေပြီဖြစ်သည်။သူသည် အကြိမ်အနည်းငယ်ခန့်ရယ်မောလိုက်ပြီးနောက်တွင် မီရန်ဒါကသူ့အားလက်ဆောင်ပေးခဲ့သည့် အိမ်ကြီး၌ဝင်ရောက်အနားယူလိုက်သည်။

ညအချိန်ကုန်ဆုံးသွားကာ နေ့ဘက်သို့ရောက်ရှိလာခဲ့သည်။

ရှောင်ယုသည် မနက်စောစောအိပ်ရာမှနိုးထလာခဲ့ပြီး ရေချိုးအဝတ်အစားလဲကာ အပြင်ထွက်လာခဲ့သည်။

"အရှင့်ကိုသတင်းပို့ပါတယ်...မြို့ပြင်ကစစ်သားတွေပြန်ရောက်လာပြီးတော့ မြို့ကိုတိုက်ခိုက်ဖို့အဆင်သင့်ပြင်နေကြတယ်"

ထိုအချိန်တွင် အလွန်ဆိုကအပြေးရောက်လာကာ တင်ပြလိုက်သည်။

ယခုအခါ အလွန်ဆိုသည်ရှောင်ယု၏ လက်ထောက်ဖြစ်နေပြီဖြစ်သည်။ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။

"သူတို့ကိုတိုက်ထုတ်ဖို့ မင်းနဲ့ကာဆိုကိုတာဝန်ပေးလိုက်မယ်"

"အမိန့်အတိုင်းပါ"

အလွန်ဆိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ရှောင်ယုသည် ထိုအရာနှင့်ပတ်သက်၍စိတ်ပူစရာမလိုပေ။အလွန်ဆိုနှင့်ကာဆိုတို့နှစ်ဦးတည်းဖြင့် ၎င်းတို့အားကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ရှောင်ယုယုံကြည်ထား၍ဖြစ်သည်။မြို့တစ်မြို့ကို ခုခံကာကွယ်ရခြင်းသည် သိမ်းပိုက်ရခြင်းထက်ပိုမိုလွယ်ကူပေသည်။

မြို့ရိုးထိပ်တွင် အစောင့်အကြပ်များစွာရှိမနေသော်လည်း ထိုလူအနည်းငယ်ကပင် ရန်သူများအားခုခံနိုင်သည်မှာ သေချာပေသည်။

ကာဆိုထံသို့အမိန့်ရောက်လာချိန်တွင် ကာဆိုကခေါင်းညိတ်ပြလိုက်ပြီး စကားအပိုမပြောတော့ပေ။ရှောင်ယုက သူ့အားယုံကြည်ထား၍ သူကိုယ်တိုင်ကရှောင်ယုအားစိတ်မပျက်စေရပေ။

သူသည် နှစ်ပေါင်းများစွာကြာအောင် သံမဏိမြင်းညီနောင်အဖွဲ့၏ခေါင်းဆောင်ဖြစ်ခဲ့ကာ နေရာတိုင်းလိုလိုပင်တိုက်ပွဲများ ဆင်နွဲခဲ့သည်။သူသည် အတွေ့အကြုံအလွန်ကြွယ်ဝကာ သာမန်လူများကသူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။နှစ်ဖက်ကြားအင်အားကွာဟချက် အလွန်ကြီးမားခြင်းမရှိသရွေ့ သူအနိင်ရရန်ယုံကြည်မှုရှိပေသည်။

ကာဆိုသည် မြို့တွင်းသို့ထိုးဖောက်ဝင်ရောက်ရန် အသည်းအသန်ကြိုးစားနေသော ရန်သူတပ်များကိုကြည့်ရင်း အော်ဟစ်လှောင်ပြောင်လိုက်သည်။

"ပထမအဖွဲ့ ကာကွယ်ရေးလိုင်းကိုထိန်းထား...ဒုတိယအဖွဲ့မှော်လက်နက်တွေတပ်ဆင်ထားတဲ့ လှံပစ်စက်တွေကိုသေချာကြီးကြပ်"

ကာဆို၏တပ်သားများသည် အရေအတွက်များပြားခြင်းမရှိသော်လည်း မြို့ရိုးပေါ်၌ မှော်လက်နက်များမှာအရေအတွက် တစ်ခုထိရှိနေခဲ့သည်။သူတို့သည် ထိုမှော်လက်နက်အားလုံးကို မကိုင်တွယ်နိုင်ခဲ့ပေ။ထိုလက်နက်များသည် ယခုလိုခုခံစစ်ပွဲမျိုး၌ အလွန်ပင်အသုံးဝင်နိုင်သော်လည်း သူတို့်အားအသုံးပြုရန်အတွက် အထူးလေ့ကျင့်မှုမျိုးကိုမရခဲ့ကြပေ။

ထို့ကြောင့်ကာဆိုသည် မနေ့ညကဖမ်းမိခဲ့သောရန်သူတပ်သားများကို အတင်းအကျပ်ဖိအားပေးကာ သူတို့၏ချပ်ဝတ်တန်ဆာများနှင့်လက်နက်များအားလုံးကို ရုပ်သိမ်းလိုက်သည်။ထို့နောက်သူတို့အား မှော်လက်နက်များကို ထိန်းချုပ်ခိုင်းခဲ့သည်။

ကာဆို၏နည်းလမ်းသည် အလွန်ပင်ထိရောက်ခဲ့ပြီး မှော်လက်နက်များကိုအသုံးပြုရန် လုံလောက်သည့်ကျွမ်းကျင်သူမရှိသည့်ပြဿနာကို ဖြေရှင်းပေးခဲ့သည်။ဤသို့ဖြင့် မြို့ကိုလာတိုက်သောရန်သူတပ်သားများသည် အကျအရှုံးများပြားခဲ့သည်။

ရှောင်ယုသည် မြို့တော်ခန်းမအတွင်း၌ အေးအေးဆေးဆေးဝိုင်သောက်နေခဲ့သည်။ရုတ်တရက် စကားလက်စ်က ခန်းမအတွင်းပြေးဝင်လာကာ ရှောင်ယုရှေ့၌ဒူးထောက်ချလိုက်ပြီး မျက်ရည်များဝဲတက်လာခဲ့သည်။

"ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ...ငါ့ရဲ့စကားလက်စ်ကိုဘယ်သူကအနိုင်ကျင့်တာလဲ...ငါ့ကိုပြော...ငါသူတို့ကိုအပိုင်းပိုင်းဖြတ်တောက်ပစ်မယ်"

စကားလက်စ်ငိုနေသည်ကိုမြင်သောအခါ ရှောင်ယုကချက်ချင်းစိတ်ပူသွားခဲ့သည်။

စကားလက်စ်က ရှောင်ယု၏ရင်ခွင်ထဲသို့တိုးဝင်ကာ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့သည်။

"မဟုတ်ဘူး...ငါ့ကိုဘယ်သူကမှအနိုင်မကျင့်ပါဘူး...အဲ့ဒီအညစ်အကြေးတွေအားလုံးကို အပြစ်ပေးခဲ့ရလို့ငါတကယ်စိတ်ချမ်းသာတယ်...သခင်လေးကိုလည်းတကယ်ကျေးဇူးတင်တယ်...မင်းသာရောက်မလာဘူးဆိုရင် ငါလည်းသူတို့ကိုလက်စားချေနိုင်မှာမဟုတ်ဘူး...ငါ့မိသားစုကလည်းအဆုံးမရှိတဲ့ပြသနာတွေ...အလွဲသုံးစားလုပ်မှုတွေနဲ့ရင်ဆိုင်ရလိမ့်မယ်"

ရှောင်ယုက ရုတ်တရက်ပြုံးပြလိုက်သည်။

"ဒါဆို ဒီလိုဖြစ်သွားတာပေါ့...ကောင်းတယ် ရန်သူတွေကိုအကုန်လုံးအပြစ်ပေးလိုက်နိုင်တာ တကယ်ကောင်းတယ်...အဆင်ပြေပြီဆိုတာနဲ့ မင်းတို့ကိုမနက်ဖြန်ခြင်္သေ့နယ်မြေဆီပြန်ခေါ်သွားပေးမယ်...ခြင်္သေ့နယ်မြေကမင်းတို့ရဲ့အိမ်အသစ်ဖြစ်လာလိမ့်မယ်"

ဤခရီးစဉ်သည် ဆုလာဘ်များနှင့်ပြည့်နှက်နေ၍ ရှောင်ယု၏မျက်လုံးများက တောက်ပနေခဲ့သည်။သူသည် ရတနာများစွာကိုရရှိခဲ့ရုံသာမက စကားလက်စ်နဲ့မီချဲလ်ကဲ့သို့သော လှပသည့်ဇနီးမယားနှစ်ယောက်ကိုလည်း ရရှိပိုင်ဆိုင်ခဲ့သည်။

ထို့ကြောင့် ရှောင်ယု၏အမိန့်အရ လူတိုင်းသည် အဖိုးတန်အရာများကို အဆက်မပြတ်ရှာဖွေလုယက်နေကြသည်။သူတို့၏လက်ချက်ကြောင့် မတ်ဂ်မြို့ရှိရထားလုံးများအားလုံး ပြည့်လုနီးပါးဖြစ်သွားခဲ့သည်။ရှောင်ယုထံတွင် သိုလှောင်လက်စွပ်များစွာရှိနေသော်လည်း ပစ္စည်းများကအလွန်များပြားလွန်းသည့်အတွက် ရထားပေါ်၌သာတင်ခဲ့ရသည်။

တိုက်ပွဲ၌ ကာဆိုနှင့်အလွန်ဆိုတို့သည် မြို့ပြင်ရှိရန်သူတပ်များကို အောင်မြင်စွာအနိုင်ယူနိုင်ခဲ့သည်။အက်စ်ဝမ်သေဆုံးသွားပြီးနောက်တွင် ရန်သူများ၏တိုက်ခိုက်လိုစိတ်သည် တဖြည်းဖြည်းအားနည်းလာခဲ့ပြီး ရန်သူများကစတင်ထွက်ပြေးလာကြသည်။

အချိန်ခဏလောက်ဆွေးနွေးပြီးနောက်တွင် ကာဆိုနှင့်အလွန်ဆိုတို့သည် မြို့ပြင်ရှိရန်သူအကြွင်းအကျန်များအား ချေမှုန်းရန်အတွက် တပ်ဖွဲ့များကိုစေလွှတ်ခဲ့ကြသည်။

ရှောင်ယုသည် နောက်နေ့တွင်ခြင်္သေ့နယ်မြေသို့ပြန်မည်ဟုပြောလာ၍ မြို့ပြင်ရှိတပ်သားများကို ရှင်းထုတ်ရမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက နောက်နေ့အပြန်ခရီးတွင် ထိုတပ်သားများက သူတို့အားခြုံခိုတိုက်ခိုက်နိုင်ပေသည်။

သူတို့သည် ရန်သူများကိုချောချောမွေ့မွေ့ရှင်းလင်းနိုင်ခဲ့သည်။နောက်တစ်နေ့တွင် ရှောင်ယုသည် သူ၏တပ်ဖွဲ့များကိုခေါ်ဆောင်ကာ မတ်ဂ်မြို့မှစိတ်အားထက်သန်စွာ ထွက်ခွာလာခဲ့သည်။

သူယခုလိုမြန်မြန်ဆန်ဆန် ထွက်ခွာလာရသည့်အကြောင်းရင်းမှာ သူသာမတ်ဂ်မြို့၌ဆက်နေပါက လန်းစ်အင်ပါယာ၏တိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်းသိရှိထား၍ဖြစ်သည်။

အစောပိုင်းတွင် မီရန်ဒါသည် ရှောင်ယု၏လုပ်ဆောင်နိုင်စွမ်းကို သံသယဖြစ်မိခဲ့သည့်အတွက်ကြောင့် အကူအညီမတောင်းခဲ့ပေ။အကယ်၍ သူတို့၏တပ်သားထောင်ပေါင်းများစွာနှင့်အတူ ရှောင်ယု၏တပ်သား၁၀၀၀ခန့်ကို အနိုင်မယူနိုင်ခဲ့ပါက သူ၏မျက်နှာသည်ကျန်တော့မှာမဟုတ်ပေ။

သို့သော်လည်း အဆုံးသတ်တွင် ရှောင်ယုသည် မမျှော်လင့်ဘဲမတ်ဂ်မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည့်အတွက် သူရှုံးနိမ့်သွားခဲ့ရသည်။

မီရန်ဒါသည် ဤကိစ္စအားကျိန်းသေပေါက်အလျော့ပေးမည်မဟုတ်ပေ။သူသည် ရှောင်ယုတို့အားတိုက်ခိုက်ရန် တစ်စုံတစ်ယောက်ကိုကျိန်းသေပေါက်စေလွှတ်မှာဖြစ်သည့်အတွက် သူအမြန်ဆုံးထွက်ခွာသွားရမည်ဖြစ်သည်။

All Chapters