← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း ၅၀၂ - အိမ်ပြန်ရောက်ခြင်း

"နောက်ဆုံးတော့ ငါတို့ပြန်ရောက်ခဲ့ပြီ"

ရှောင်ယုသည် မဝေးလှသောနေရာမှ အောစ့်ခြေလျင်တပ်များစောင့်ကြပ်နေသည့် ခြင်္သေ့မြို့တော်၏ကင်းမျှော်စင်ကိုကြည့်ရင်း ရယ်ရယ်မောမောအော်ဟစ်လိုက်သည်။

ယခုလို အချိန်ကာလအတန်ကြာအောင် စွန့်စားပြီးနောက်တွင် ရှောင်ယုသည် သူ့အိမ်သို့ပြန်ရောက်ခဲ့ပြီဖြစ်သည်။ဤခံစားချက်သည် အလွန်ပင်ကောင်းမွန်ပေသည်။ထို့ပြင် ယခုတစ်ကြိမ်၌သူသည် မရေမတွက်နိုင်သောရတနာများစွာကို သူ၏နယ်မြေသို့ပြန်လည်ယူဆောင်လာနိင်ခဲ့သည်။

နတ်မြင်းပျံများသည် ရှောင်ဟောင်၊မူဟွာလီ၊လုံဟွေ့နှင့်မြို့အတွင်းနေထိုင်သည့် အခြားသူများကိုကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။ထို့ကြောင့် သူတို့သည်ရှောင်ယုတို့်အားကြိုဆိုရန် တပ်ဖွဲ့များကိုဦးဆောင်လာခဲ့သည်။

"သခင်လေး..."

အိမ်တော်ထိန်းဟောင်သည် ရှောင်ယုအနားသို့အရင်ဆုံးရောက်လာကာ ရှောင်ယုကိုစစ်ဆေးခဲ့သည်။ရှောင်ယုသည် ဘေးမသီရန်မခပြန်ရောက်လာသည်ကိုကြည့်ရင်း သူ၏လက်များတုန်ခါလာခဲ့ကာ သူ၏မျက်လုံးများစိုစွတ်လာခဲ့သည်။

"အိုး...ဦးလေးဟောင်ဘာလုပ်နေတာလဲ...ငါဒီကိုလုံလုံခြုံခြုံပြန်ရောက်လာပြီလေ...စိတ်မပူပါနဲ့"

အိမ်တော်ထိန်းဟောင်သည် သူ့အားအလွန်စိုးရိမ်နေကြောင်း ရှောင်ယုသိထားပေသည်။

အိမ်တော်ထိန်းဟောင်သည် ရှောင်မိသားစုကိုနှစ်ပေါင်းများစွာ အလုပ်အကြွေးပြုခဲ့သည်။ယခုအခါ ရှောင်မိသားစုတွင်အမွေဆက်ခံသူ တစ်ယောက်တည်းသာကျန်ရစ်တော့၍ သူစိတ်မပူဘဲမနေနိုင်ပေ။

"ဟုတ်တယ်...သခင်လေးပြန်ရောက်နေပြီဘဲ"

ရှောင်ဟောင်သည် သူ၏မျက်ရည်များကိုသုတ်လိုက်ပြီး သူ၏အိုမင်းနေသောမျက်နှာပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

"အင်း...ဖြည်းဖြည်းချင်းပြန်ပြောရအောင်"

ဤနေရာသည် စကားပြောရန်နေရာကောင်းမဟုတ်ကြောင်း ရှောင်ယုသိထားပေသည်။သူသည် ပြန်လာပြီးနောက်တွင် ခြင်္သေ့မြို့တော်၏လက်ရှိအခြေအနေကို ဖြည်းညင်းစွာနားလည်ခဲ့သည်။

ရှောင်ယုသည် မြို့တွင်းသို့ဝင်ရောက်လာချိန်တွင် စည်းကမ်းတကျချီတက်နေသောတပ်သားများကိုကြည့်ကာ လျှိ့ဝှက်စွာခေါင်းညိတ်ပြလိုက်သည်။တပ်သားများ၏အပြုအမူသည် မြို့၏အဆင့်အတန်းကိုဖော်ပြနေသည်။နောက်တစ်ခုမှာ တပ်သားများကရိုင်းရိုင်းစိုင်းစိုင်းပြုမူနေခဲ့ပါက နိုင်ငံသည်ငြိမ်းချမ်းမှာမဟုတ်တော့ပေ။

စကားလက်စ်အပါအဝင် သူမနှင့်အတူ လိုက်ပါလာသည့်အခြားသောသူများသည်လည်း ကြိုဆိုခံရသော်လည်း သူမတို့သည်စကားသိပ်မပြောကြပေ။

ရှောင်ယု၏မရီးများကလည်း ချက်ချင်းရောက်လာခဲ့ပြီး ရှောင်ယုပြန်ရောက်ရောက်ချင်း သူမတို့ထံသတင်းမပို့၍ လာရောက်ဆူပူကြသည်။

စကားလက်စ်၊မီချဲလ်နှင့်မန်နေဂျာရှရှန်းတို့အပါအဝင် အခြားသူများသည် လူမျိုးပေါင်းစုံနှင့်ပြည့်နှက်နေသော်လည်း ငြိမ်းချမ်း၍သာယာဝပြောသော ခြင်္သေ့မြို့တော်ကိုတွေ့မြင်လိုက်ရပြီး မတူညီသောတပ်သားအသီးသီးနှင့်စည်းကမ်းရှိသောတပ်သားများ ကင်းလှည့်နေသည်ကို အံ့သြတကြီးကြည့်လိုက်ရသည်။

ဒီနေရာကဘယ်လိုနေရာမျိုးလဲ...သူတို့ကဒဏ္ဍာရီလာနတ်ဘုရားနယ်မြေထဲကို ရောက်နေတာလား...ရှောင်ယုကဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးတွေအများကြီးကို စုဆောင်းထားနိုင်တာလဲ...ဒီလိုကြွယ်ဝချမ်းသာမှုမျိုးက ရှေးခေတ်မှာတောင်တွေ့ရဖို့အတော်ရှားတယ်...

စကားလက်စ်နှင့်မီချဲလ်တို့သည် သူတို့၏အံ့အားသင့်မှုကို မထိန်းချုပ်နိုင်ကြတော့ပေ။သူတို့သည် မှားယွင်းသောလူနောက်ကို မလိုက်မိခဲ့ကြောင်း ခံစားမိလာကြသည်။

ရှောင်ယုသည် ဤနေရာ၌ အကြောင်းအရာများစွာကို မေးမြန်းရန်မသင့်တော်ကြောင်း သိထားသော်လည်း ထိုအကြောင်းကိုမေးမြန်းရန် အခွင့်အရေးအားရှာဖွေမည်ဖြစ်သည်။သို့သော်လည်း သူသည်စိတ်မထိန်းနိုင်ဘဲ မူဟွာလီအားမေးမြန်းလိုက်သည်။

"ချင်ချဲက ခုဘယ်လိုနေလဲ"

မူဟွာလီသည် ထိုမေးခွန်းကိုကြားသောအခါတွင် သူ၏မျက်နှာပေါ်၌ ရှားရှားပါးပါးအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ကာ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့သည်။

"အရှင်ယုံနိုင်မှာတောင်မဟုတ်ဘူး...ချင်ချဲကတကယ့်ကိုအရည်အချင်းရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်...သူဟာတပ်ဖွဲ့ကို အနောက်တိမ်တိုက်လွင်ပြင်ဆီကိုခေါ်ဆောင်သွားပြီးတော့ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်...ချင်ချဲသာစိတ်ပါတယ်ဆိုရင် အနောက်တိမ်တိုက်အင်ပါယာရဲ့ဧကရာဇ်ဖြစ်လာဖို့ အချိန်အများကြီးမယူရလောက်ဘူး"

"ဘာ...သူကအနောက်တိမ်တိုက်အင်ပါယာရဲ့အခြေအနေကို လက်တစ်ဖက်တည်းနဲ့ပြောင်းပြန်လှန်ပစ်လိုက်တာလား"

ရှောင်ယုက အနည်းငယ်အံ့အားသင့်သွားခဲ့သည်။သူသည် ချင်ချဲအပေါ်၌မြင့်မားသောမျှော်လင့်ချက်များရှိနေသော်လည်း ဤမျှအချိန်တိုလေးအတွင်း ဤမျှကြီးမားသောအောင်မြင်မှုကို ရရှိလိမ့်မည်ဟု ရှောင်ယုကမမျှော်လင့်ထားခဲ့ပေ။

"ဟုတ်တယ်...ခုဆိုရင် သူ့ရဲ့နာမည်က အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံးရဲ့ ဒဏ္ဍာရီဖြစ်လာခဲ့ပြီး စစ်ပွဲနတ်ဘုရားအဖြစ်သတ်မှတ်ခံထားရတယ်...သူဟာအနောက်တိမ်တိုက်အင်ပါယာကိုရောက်ပြီးကတည်းက တိုက်ပွဲတစ်ခုကိုမှ မရှုံးနိမ့်သေးဘူး...သူဦးဆောင်တဲ့ဝံပုလွေတပ်သားတွေဟာ အနောက်တိမ်တိုက်အင်ပါယာရဲ့ မရှုံးနိမ့်နိုင်တဲ့တပ်ဖွဲဖြစ်လာခဲ့တယ်"

ရှောင်ယုက ထိုအကြောင်းကိုနားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ချင်ချဲ၏ လမ်းကြောင်းသည် သူမျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့နေပုံရသည်။

ခြင်္သေ့မြို့တွင်းသို့ရောက်ရှိလာချိန်တွင် မူဟွာလီသည် ရှောင်ယု၏အနားသို့တိုးကာ လေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

"အရှင်...ငါမင်းကိုပြောဖို့အရေးတကြီးသတင်းတစ်ခုရှိတာမေ့သွားတယ်....မကြာသေးခင်က ဟစ်ဂင်ရဲ့သူငယ်ချင်းတစ်ယောက်ဟာ ခြင်္သေ့မြို့တော်ကိုရောက်ရှိလာခဲ့တယ်...သူ့နာမည်ကိုတော့သီအိုဒိုးလို့ခေါ်တယ်"

"ဘာလဲဟ..."

ရှောင်ယုသည် ထိုအမည်ကိုကြားသောအခါ အံ့သြတကြီးအော်ဟစ်လုနီးပါးဖြစ်သွားခဲ့သည်။အဘိုးကြီးသီအိုဒိုးသည် ဤနေရာသို့အပြေးရောက်လာလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

ရှောင်ယုသည် လူအိုကြီးသီအိုဒိုး၏စွမ်းအားကို သဘာဝကျကျနားလည်ထားသည့်အတွက်ကြောင့် ထိုလူအိုကြီးကိုအဘယ်ကြောင့်လျစ်လျူရှုရမည်နည်း။ရှောင်ယုသည် မြို့တော်ခန်းမသို့မသွားတော့ဘဲ အဘိုးကြီးသီအိုဒိုးထံ ချက်ချင်းသွားရောက်ခဲ့သည်။အကယ်၍ ရှောင်ယု၏နေရာတွင် ကောင်းကင်ခြင်္သေ့မင်းဆက်၏ဧကရာဇ်ဆိုပါကလည်း သီအိုဒိုးထံဦးစွာလာရောက်မှာဖြစ်သည်။

ရှောင်ယုသည် လီအာကိုခေါ်ဆောင်ကာ ဟစ်ဂင်ရှိနေသော သုတေသနဌာနဆီသွားရောက်ခဲ့သည်။ရှောင်ယုသည် ဟစ်ဂင်တစ်ယောက် သုတေသနပြုလုပ်ရာတွင် ပိုမိုလွယ်ကူချော့မွေ့စေရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ စိတ်အနှောင့်အယှက်မပေးရလေအောင် သုတေသနဌာနတစ်ခုအား အထူးတည်ဆောက်ပေးခဲ့သည်။

ထို့ကြောင့်သူသည် သုတေသနဌာနအတွင်းသို့ ဝင်ဝင်ချင်း ဟစ်ဂင်၏ကျယ်လောင်စွာညည်းညူသံကိုကြားလိုက်ရသည်။

"ဘာပြောတယ်...နဂါးအရိုးပါမလာဘူးဟုတ်လား...ပြောင်လက်တောက်ပြောင်နေတဲ့ရတနာတွေ...အဖြိုက်နက်သဲတွေကောဘယ်မှာလဲ...ရှောင်ယုကဘာလုပ်နေတာလဲ...ငါ့လိုအပ်ချက်တွေအကုန်လုံးကိုဖြည့်ဆည်းပေးမယ်လို့ သူပြောခဲ့တာမလား...ခုဘာမှပါမလာတော့ငါ့ရဲ့သုတေသနကို ဘယ်လိုဆက်လုပ်ရတော့မှာလဲ"

"ဒီလုကြီးက စိတ်တိုလွယ်တာပဲ…"

ရှောင်ယုက သူ့ကိုယ်သူတိုးတိုးလေးပြောလိုက်သည်။

"ဟမ့်ဘယ်သူကငါ့မကောင်းကြောင်းပြောနေတာလဲ...ငါယူလာသမျှရတနာတွေကို မင်းတို့အသုံးမပြုနိုင်မှာငါစိုးရိမ်မိတယ်"

ရှောင်ယုက ကျယ်လောင်သောလေသံဖြင့်တုံ့ပြန်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရှောင်ယု၏ရှေ့မှောက်၌ ရုပ်ပုံတစ်ခုချက်ချင်းထွက်ပေါ်လာခဲ့သည်။ထိုပုံရိပ်မှာ အဘိုးကြီးဟစ်ဂင်မှလွဲ၍ အခြားသူမဟုတ်ပေ။လက်ရှိအချိန်တွင် သူ၏တစ်ကိုယ်လုံးအားဖုန်မှုန့်များဖြင့်လွှမ်းခြုံထားခဲ့ကာ ဆံပင်များကလည်းညစ်ပတ်နေပြီး သူ၏ဝတ်ရုံကလည်းစုတ်ပြတ်သတ်နေခဲ့သည်။ထိုလူသည် လမ်းပေါ်ရှိသူတောင်းစားတစ်ယောက်နှင့် မခြားတော့ပေ။

သို့သော်လည်း သူ၏မျက်လုံးများမှ တောက်ပသောအလင်းတန်းများထွက်ပေါ်နေကာ လူတိုင်းကိုခြောက်လန့်နေခဲ့သည်။ဟစ်ဂင်သည် စိတ်မရှည်သောလေသံဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

"နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီဘဲ...မင်းပြောတော့မရေမတွက်နိုင်တဲ့ပစ္စည်းကောင်းလေးတွေကို ပြန်ယူလာခဲ့မယ်ဆို....မင်းသူတို့ကိုယူလာခဲ့လား...ငါ့ကိုလှည့်စားဖို့မကြိုးစားနဲ့"

ထိုမေးခွန်းကိုကြားချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ မာနကြီးသည့်အမူအရာဖြစ်ပေါ်လာခဲ့သည်။

"မင်းကိုယ်တိုင်စစ်ဆေးကြည့်"

ထိုသို့ပြောပြီးနောက် ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းအားလုံးကိုထုတ်ယူလိုက်ကာ ခြံဝင်းထဲသို့ဆက်တိုက်ပစ်ချလိုက်သည်။

"အား...ဒါ...ဒါကဘာတွေလဲ...ဒါကဆဌမအဆင့်သားရဲရဲ့ခန္ဓာကိုယ်ပဲ...အိုး သူတို့ထဲကတော်တော်များများက အစုံအလင်ရှိနေတာပဲ...ဒီသားရဲကဘာဖြစ်လို့အဲလောက်အစွမ်းထက်နေရတာလဲ...ဒါတွေကကောင်းကင်ဘုံရဲ့အနှစ်သာရတွေလား...ဒါ...ဒါကဆန်းကြယ်ကျောက်မျက်တွေနဲ့ဆန်းကြယ်အမှုန်တွေ ပစ္စည်းကောင်းလေးတွေပဲ"

ဟစ်ဂင်သည် ထိုပစ္စည်းများကိုမြင်သောအခါတွင် သူ၏စိတ်လှုပ်ရှားနေသောလက်များသည် အဆက်မပြတ်တုန်ခါနေခဲ့သည်။သူ၏မျက်လုံးများက ပစ္စည်းတောင်ကုန်းပေါ်စိုက်ကြည့်နေကာ ရှောင်ယုအားလုံးဝမကြည့်တော့ပေ။

"ဒါက ငါယူလာခဲ့တဲ့ဆယ်ပုံတစ်ပုံပဲရှိသေးတယ်....မင်းကိုဒီလောက်ပျော်အောင်လုပ်ပေးနိုင်ပြီလား"

ရှောင်ယုက အထင်အမြင်သေးသည့်လေသံဖြင့်ပြောလိုက်သည်။

"ဘာပြောတယ်...ဆယ်ပုံတစ်ပုံပဲဟုတ်လား...ဒီတစ်ခေါက်မှာပစ္စည်းကောင်းလေးတွေ ဘယ်လောက်တောင်ရခဲ့တာလဲ...ငါ့ကိုမြန်မြန်လွဲပေးတော့"

ဟစ်ဂင်သည် ရှောင်ယု၏ပုခုံးကိုဖမ်းဆုပ်လိုက်ကာ ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။

"သူတို့ကအပြင်ကရထားလုံးတွေထဲမှာ...ကိုယ်တိုင်သွားယူ"

ရှောင်ယုက အမြန်ဆုံးပြောလိုက်ရသည်။

ရှောင်ယုစကားဆုံးသည့်အခါ ဟစ်ဂင်ကအော်ဟစ်သံနှင့်အတူ သူ့ရှေ့မှပျောက်ကွယ်သွားခဲ့သည်။

"အဘိုးကြီး...နေရောကောင်းရဲ့လား"

ရှောင်ယုက သူ့နှာခေါင်းကိုပွတ်၍မေးမြန်းလိုက်သည်။

"အိုး...မင်းကငါ့အကြောင်းကိုပြောနေတာလား"

ထိုအချိန်တွင် အိမ်တွင်းမှနေ၍ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် ရှောင်ယု၏ရှေ့၌အမြဲရှိနေသကဲ့သို့ ရုပ်သွင်တစ်ခုကရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုပုဂ္ဂိုလ်သည်ကား ဆဌမအဆင့်မှော်ဆရာ သီအိုဒိုးမှလွဲ၍အခြားသူမဟုတ်ပေ။

အခန်း ၅၀၃ - သတ္တမအဆင့်သို့မြင့်တင်ရန်မျှော်လင့်ချက်

"တကယ်မင်းဖြစ်နေတာပဲ...."

ရှောင်ယုသည် သီအိုဒိုးကိုမြင်သောအခါ သူ့နှလုံးသားထဲတွင် အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။ဤမှော်သခင်သည် သူ့အားအလွန်ပင်အကူအညီပေးခဲ့သည်။

"အိုး...အဲ့ဒါအမှန်အဲလေ...မင်းအပြင် ငါ့အကြောင်းကိုဘယ်သူကအမြဲတွေးနေမှာလဲ...မကြာသေးခင်က ငါနက္ခဗေဒင်တွေကိုတွက်ကြည့်ခဲ့တယ်....အဲ့မှာငါ့ရဲ့အလုပ်သင်နဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာအမှားအယွင်းရှိနေတယ်ဆိုတာ ငါတွေ့မြင်ခဲ့ပေမဲ့ ကောင်းကောင်းမမြင်နိုင်ခဲ့ဘူး"

သီအိုဒိုးကပြုံးလိုက်ပြီး ရှေ့သို့ခြေနှစ်လှမ်းတိုးလာခဲ့သည်။

"ဒါက ဇာတ်လမ်းရှည်ကြီးတစ်ခုပဲ...အချိန်တိုအတွင်းရှင်းပြဖို့ခက်ခဲတယ်"

ရှောင်ယုက သက်ပြင်းချကာပြန်ပြောလိုက်သည်။သူ့ထံတွင် လင်းမူရွယ်၏လက်ရှိအခြေအနေအား ကုသရန်အတွက်အကြံညဏ်မထွက်လာပေရာ သီအိုဒိုး၏အကူအညီအားတောင်းခံခြင်းက ပိုမိုကောင်းမွန်ပေသည်။ယခုအခါ လင်းမူရွယ်၏ခန္ဓာကိုယ်အား အေဂါဝမ်ကသိမ်းပိုက်ထားခဲ့သည်။ယခုအချိန်တွင် အေဂါဝမ်ထံ၌ ကောင်းမွန်သောရည်ရွယ်ချက်မရှိသော်လည်း ရှောင်ယုသည် သူမအားဂရုစိုက်နေဆဲဖြစ်သည်။အကယ်၍ သူသာလင်းမူရွယ်အား ပုံမှန်အတိုင်းပြန်ဖြစ်အောင်ပြုလုပ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။

ရှောင်ယုသည် သီအိုဒိုးအား ထိုအကြောင်းကိုပြောရန်အတွက် အခန်းထဲသို့ ဆွဲသွင်းတော့မယ့်အခိုက်အတန့်တွင် ဟစ်ဂင်ကအပြေးအလွှားဝင်ရောက်လာခဲ့ကာ သီအိုဒိုးကိုပြောလိုက်သည်။

"သီအိုဒိုး...ငါမင်းနဲ့လိုက်ဖို့အချိန်မရတော့ဘူး...ဒီနေရာမှာပစ္စည်းကောင်းလေးတွေအများကြီးရှိတယ်....ဒီတစ်ခါတော့ငါ့ရဲ့စမ်းသပ်မှုတွေကို ချောချောမွေ့မွေ့လုပ်နိုင်လိမ့်မယ်"

"ကောင်းပြီ...မင်းရဲ့သုတေသနကိုဆက်လုပ်သင့်တယ်...ဒါပေမဲ့ရလဒ်ကောင်းတွေရဖို့ မမေ့နဲ့"

ဟစ်ဂင်ထွက်သွားချိန်တွင် ရှောင်ယုကသူ့လက်ကိုဝှေ့ယမ်း၍ ဟစ်ဂင်အားနှုတ်ဆက်ရန် မမေ့ခဲ့ပေ။

"ဟေ့ ဒီလူကအလုပ်မလုပ်ဘူးလို့ မင်းတကယ်ထင်နေတာလား...နောက်ပြီးတော့ ငါ့ရဲ့လူအင်အားကခုဆိုရင်မလုံလောက်တော့ဘူး...ငါ့အတွက်အလုပ်သင်အဖွဲ့တစ်ခုမြန်မြန်ခေါ်ပေး"

ဟစ်ဂင်သည် ရှောင်ယုအား သူ၏မန်နေဂျာသဖွယ်ဆက်ဆံနေခဲ့သည်။

"ကိစ္စမရှိပါဘူး...ရက်အနည်းငယ်အတွင်း မင်းဆီကိုမှင်စာတစ်ဖွဲ့ထပ်ပို့ပေးလိုက်မယ်"

မှင်စာများသည် အလွန်ပင်အရည်အချင်းရှိသော အင်ဂျင်နီယာများဖြစ်ကြသည်။ထို့ပြင် သူတို့အားအလုပ်ခန့်ရာတွင် ကုန်ကျစရိတ်များစွာကုန်ကျခြင်းမရှိပေ။

"အဲ့ဒီမှင်စာတွေမဟုတ်ဘူး...သူတို့ကအင်ဂျင်နီယာကောင်းတွေဆိုပေမဲ့ မှော်ဆရာတွေမဟုတ်ကြဘူး...ငါ့ရဲ့စမ်းသပ်မှုတွေအတွက် အတွေ့အကြုံရှိတဲ့မှော်ပညာအလုပ်သင်တွေ အများကြီးလိုအပ်တယ်"

ဟစ်ဂင်က အလေးအနက်ထား၍ ပြောလာခဲ့သည်။

"စိတ်မပူပါနဲ့...ရက်အနည်းငယ်အတွင်းမှာကို မင်းအတွက်အလုပ်သင်တစ်အုပ် ကျိန်းသေပေါက်ရစေရမယ်လို့ ငါအာမခံတယ်"

ရှောင်ယုက မဆိုင်းမတွသဘောတူလိုက်သည်။ရှောင်ယု၏စကားကြောင့် ဟစ်ဂင်သည်ထိုနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့ကာ ရှောင်ယုနှင့်သီအိုဒိုးတို့အား ချန်ထားရစ်ခဲ့သည်။

ရှောင်ယုအတွက် မှော်အလုပ်သင်အချို့အား ရှာဖွေရသည်မှာမခက်ခဲလှပေ။ရှောင်ယုသာ အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလိုက်ပါက ၎င်းတို့အားစုဆောင်းရန် လွယ်ကူပေသည်။

"အိုး...မင်းကမှော်ဆရာတွေကို ဘယ်လိုရှာချင်တာလဲ"

သီအိုဒိုးက ပြုံး၍မေးမြန်းလိုက်သည်။

"အဲ့လောက်မခက်ပါဘူး...ဆရာကြီးရဲ့အမည်နဲ့ မှော်တက္ကသိုလ်တစ်ခုမှာ ကြေငြာချက်တစ်စောင်ထုတ်လိုက်မယ်...အဲလိုဆိုရင် မှော်ဆရာတွေအများကြီးက အရှိန်အဟုန်နဲ့ခြင်္သေ့မြို့ကိုရောက်လာဖို့ သေချာတယ်"

ရှောင်ယုက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဟမ့်...မင်းက ဘယ်လိုကောင်လဲ....ငါ့နာမည်ကိုအလွဲသုံးစားလုပ်ဖို့ကြံစည်နေတာလား"

သီအိုဒိုးသည် အလွန်ဒေါသထွက်သွားကာ မုတ်ဆိတ်မွှေးများပင် လေပေါ်လွှင့်နေခဲ့သည်။

"အဘိုးကြီးရဲ့နာမည်ကိုအလွဲသုံးစားလုပ်တာမဟုတ်ဘူးလေ...ပြီးတော့ဂုဏ်သိက္ခာကိုနင်းခြေပစ်မယ့်ကိစ္စမျိုးလဲမဟုတ်ဘူး...ဘာတွေကြောက်နေတာလဲ...သူတို့ဒီကိုရောက်လာတဲ့အခါကျရင် သူတို့ထွက်မသွားနိုင်အောင်လို့ များပြားတဲ့အကျိုးကျေးဇူးတွေပေးလိုက်မယ်လေ....ဒါကအရမ်းကိုရိုးရှင်းပါတယ်....ငါပေးတဲ့အကျိုးအမြတ်တွေနဲ့သာဆိုရင် အဲ့ဒီမှော်အလုပ်သင်တွေက ငါ့ဆီထာဝရအမှုထမ်းချင်လိမ့်မယ်"

ရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

အမှန်တော့ ရှောင်ယုသည် ဤစကားကိုပြောရန် လုံလောက်သောအရင်းအနှီးရှိနေပြီဖြစ်သည်။အစောပိုင်းတွင် သူသည်မက်လုံးအမျိုးမျိုးပေးကာ ထွက်ခွာလိုသူတို့၏ဆန္ဒကို ဖြည်းညင်းစွာလျော့ချပြီး အချိန်ကြာလာသည်နှင့်အမျှ ခြင်္သေ့မြို့ကိုသာသစ္စာစောင့်သိစေရန်အတွက် သူတို့်အားဖြည်းဖြည်းချင်းဦးနှောက်ဆေးမှာဖြစ်သည်။

"သူတို့ကိုငါစုဆောင်းနေတယ်လို့ မင်းကဘယ်လိုအထောက်အထားမျိုးသုံးမှာလဲ"

ထိုမေးခွန်းကိုမေးချိန်တွင် သီအိုဒို၏အကြည့်များက ချက်ချင်းအသွင်ပြောင်းသွားခဲ့သည်။

"ငါ့မှာ ဘယ်လိုအထောက်အထားမှမရှိသေးဘူး...အဲ့ဒါကြောင့်အဘိုးကြီးရဲ့လက်မှတ်လေးတော့လိုတယ်"

ရှောင်ယုက ရယ်မောရင်းပြောလိုက်သည်။

"ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

သီအိုဒိုးက ချက်ချင်းငြင်းဆန်လိုက်သည်။ရှောင်ယုသည် သူ၏ဂုဏ်သိက္ခာအားဖျက်ဆီးမည်ကို သူမလိုလားပေ။

"အဟွတ်...အဟွတ်...ဆရာကြီးသီအိုဒိုး....မင်းကဆဌမအဆင့်အထွတ်အထိပ်မှာရပ်နေတာ နှစ်အတော်ကြာနေပြီ...ငါ့ဆီမှာသတ္တမအဆင့်ကိုရောက်ဖို့ နည်းလမ်းရှိနေတယ်ဆိုရင် ငါနဲ့ပူးပေါင်းဆောင်ရွက်ဖို့စိတ်ကူးရှိလား"

ရှောင်ယု၏မျက်လုံးထဲ၌ ကောက်ကျစ်စဉ်းလဲသောအလင်းရောင်တစ်ခုဖြစ်ပေါ်လာကာ ကမ်းလှမ်းစကားဆိုလိုက်သည်။

"မင်းဘာပြောတာလဲ...သတ္တမအဆင့်ကိုတက်လှမ်းနိင်မယ့်နည်းလမ်း...မင်းအမှန်အတိုင်းပြောနေတာလား"

ရှောင်ယု၏စကားကိုကြားလိုက်ချိန်တွင် သီအိုဒိုး၏လေသံသည် တုန်ခါနေခဲ့သည်။

သတ္တမအဆင့်...ထိုအဆင့်ကိုရောက်ရန် မှော်ဆရာမည်မျှအိပ်မက်မက်ခဲ့ရသနည်း။အဆုံးသတ်တွင် ဤတိုက်ကြီးပေါ်၌ သတ္တမအဆင့်မှော်ဆရာပေါ်ထွက်မလာသည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်ပြီးနည်း။

"အမှန်ပဲ...အဲ့နည်းလမ်းကိုမပြောခင် စာရွက်စာတမ်းနည်းနည်းလောက်ကို လက်မှတ်ရေးထိုးပေးဖို့လိုအပ်တယ်"

ရှောင်ယုသည် သီအိုဒိုးအားဆက်လက်သွေးဆောင်နေခဲ့သည်။

"ဟမ့်...ငါအသက်ရှင်လာတာနှစ်ပေါင်းများစွာကြာမြင့်နေပြီ...မင်းရဲ့အရူးလှည့်ကွက်တွေကြောင့် လှည့်စားခံရမှာလား"

ခဏအကြာတွင် သီအိုဒိုးသည် ငြိမ်သက်သွားခဲ့သည်။ထိုနည်းလမ်းမျိုးသည် အလွန်ပင်ရှားပါးပေသည်။ရှောင်ယုကဲ့သို့ သတ္တမအဆင့်တံခါးဝကိုပင် မရောက်ရှိသေးသောလူတစ်ယောက်က မည်သို့ရရှိနိုင်မည်နည်း။

ရှောင်ယုထံတွင် အမှန်တကယ်ထူးဆန်းပြီး မယုံကြည်နိုင်ဖွယ်ကောင်းသောအရာများစွာရှိနေကြောင်း သူဝန်ခံသော်လည်း မှော်ပညာနယ်ပယ်တွင်မူ သူ့ထံ၌အခွင့်အာဏာရှိနေဆဲဖြစ်ကြောင်း သူယုံကြည်ပေသည်။

"မင်းငါ့ကိုမယုံဘူးပေါ့....ငါဒီတစ်ခေါက်စွန့်စားခန်းသွားတော့ ငါဘာတွေတွေ့ခဲ့လဲသိလား"

ရှောင်ယုက စိတ်ဆိုးဟန်ဆောင်ကာ တင်းမာသောလေသံဖြင့်ပြောလိုက်သည်။

"ငါတို့က အမှောင်ဗိမာန်တော်ကိုရောက်ခဲ့တယ်...မင်းသိထားရမှာတစ်ခုက ငါဟာအမှောင်ဗိမာန်တော်နဲ့တော်တော်လေးရင်းနှီးတယ်...ဒါ့အပြင်ငါဟာ ဂေါ်ဒန်နဲ့လည်းတိုက်ရိုက်တွေ့ဆုံခဲ့ရတယ်...ငါသူ့ကိုမသတ်ဖြတ်နိုင်ခဲ့ပေမဲ့ ငါသူနဲ့အချိန်အတော်ကြာတဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်...အရေးအကြီးဆုံးကတော့ တကယ့်မှော်သခင်တစ်ပါးနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့တယ်"

"ဘယ်သူနဲ့တွေ့ခဲ့တာလဲ"

သီအိုဒိုး၏လက်များက အနည်းငယ်တုန်ရီနေခဲ့သည်။သူသည် အချို့သောဗေဒင်တွက်ချက်ခြင်းများကို ပြုလုပ်ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် အကျိုးမဖြစ်ထွန်းခဲ့ပေ။

"သိချင်ရင် အရင်လက်မှတ်ထိုး"

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုသည်စာရွက်စာတမ်းအချို့အားထုတ်ယူလိုက်ကာ သီအိုဒိုးအားလက်မှတ်ရေးထိုးရန် ပေးအပ်ခဲ့သည်။

"လူယုတ်မာ...မင်းပြောတာမှားနေခဲ့ရင် မင်းရဲ့ခြင်္သေ့မြို့တော်ကိုငါကိုယ်တိုင်ဖြိုခွင်းပစ်မယ်"

သီအိုဒိုးသည် ရှောင်ယုအားမျက်စောင်းထိုးပြလိုက်ကာ တိုက်ရိုက်ခြိမ်းခြောက်လိုက်သည်။

"စိတ်မပူပါနဲ့...ငါဘယ်သူ့အပေါ်ကိုမဆို ကလိမ်ကျဝံ့ပေမဲ့ မင်းကိုတော့မလိမ်ဝံ့ပါဘူး"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

"တကယ်တော့ ဒီကိစ္စဟာ မင်းရဲ့အလုပ်သင်လည်းဖြစ် ငါ့ရဲ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ လင်းမူရွယ်နဲ့အများကြီးသက်ဆိုင်နေတယ်"

ရှောင်ယု၏မျက်နှာပေါ်၌ ကူကယ်ရာမဲ့နေသော အမူအရာထွက်ပေါ်လာခဲ့သည်။

"ဘာဖြစ်တာလဲ...ဒါကလင်းမူရွယ်နဲ့ဘယ်လိုဆက်စပ်နေတာလဲ"

သီအိုဒိုးက မျက်မှောင်ကြုတ်မိလိုက်သည်။

"အိုး...အဲ့အကြောင်းပြောရရင် တကယ်ကံဆိုးတာပဲ...ငါတို့ဟာဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုရှာဖို့ အမှောင်ဗိမာန်တော်ဆီ ရောက်သွားခဲ့ပေမဲ့ အဲ့နေရာမှာအခြားယဇ်ပလ္လင်တစ်ခုကိုရှာတွေ့ခဲ့တယ်...အဲ့ဒီယဇ်ပလ္လင်ဟာ..."

ရှောင်ယုက ထိုအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောပြခဲ့သည်။

ရှောင်ယုက အေဂါဝမ်အကြောင်းကိုပြောလာချိန်တွင် သီအိုဒိုးကရှောင်ယု၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ...အေဂါဝမ်ဟုတ်လား...တစ်ခေတ်တစ်ခါတိုက်ကြီးရဲ့အုပ်ထိန်းသူ မှော်သခင်ကြီး မာဒိဗ့်ရဲ့မိခင် အေဂါဝမ်ကိုပြောတာလား"

သီအိုဒိုး၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

"ဟုတ်တယ်...အေဂါဝမ်ဟာ နှစ်ထောင်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ ရှေးခေတ်ဖြစ်တည်မှုတစ်ခုဆိုတာကို မင်းသိထားရမယ် သူမရဲ့မှော်ပညာအပေါ်နားလည်မှုက တကယ်ကိုအစွမ်းထက်လွန်းတယ်...တကယ်လို့သူမနဲ့သာဆွေးနွေးရမယ်ဆိုရင် မင်းအတွက်များစွာအကျိုးဖြစ်ထွန်းလိမ့်မယ်...ဘယ်လိုလဲ ငါမင်းကိုမလိမ်ခဲ့ဘူးမလား"

ရှောင်ယုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။

"မှော်ထိပ်ခေါင်အေဂါဝမ်ကို တွေ့ဖို့အတွက်ငါ့ကိုခေါ်သွားပေးပါ...လောလောဆယ်ငါရေအရင်အချိုးဦးမယ်"

သီအိုဒိုးသည် သကြားလုံးကိုရထားသည့်ကောင်လေးတစ်ယောက်လို စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏မျက်လုံးများက ကြယ်ရောင်တလက်လက်တောက်ပနေခဲ့သည်။

"ကောင်းပြီ...မင်းရဲ့ဆံပင်ဖြူတွေကိုအရင်ဆေးကြောပါ...စိတ်မပူပါနဲ့...သူမနဲ့တွေ့ဖို့ညနေအထိစောင့်ပါ...အေဂါဝမ်နဲ့သီးသန့်တွေ့ဆုံဖို့အတွက် စီစဉ်ပေးမယ်...စကားပြောတဲ့အခါကျ မြင့်မြတ်တဲ့ကိုယ်ဟန်အပြုအမူကိုထိန်းသိမ်းပေးထားပါ....ဘာလို့လဲဆိုတော့ သူမကမင်းတပည့်ရဲ့ခန္ဓာကိုယ်မှာကပ်တွယ်နေတာလေ...ငါ့မှာကိုင်တွယ်စရာတွေအများကြီးရှိသေးတယ်....ငါ့ကိုသွားခွင့်ပြုပါ"

အမှန်တော့ သီအိုဒိုးသည် သတ္တမမြောက်အဆင့်ကို အမှန်တကယ်ရောက်ရှိနိုင်လိမ့်မည်ဟု ရှောင်ယုကမျှော်လင့်ထားခဲ့သည်။မည်သို့ပင်ဆိုစေ သူနှင့်သီအိုဒိုးအကြားဆက်ဆံရေးသည် အလွန်ကောင်းမွန်ပေသည်။ထို့ပြင် ဤအဘိုးကြီး၏အကျင့်စာရိတ္တသည် အလွန်ပင်ကောင်းမွန်လှပေသည်။သူသည် သတ္တမအဆင့်သို့ရောက်ရှိသွားခဲ့ပါက တိုက်ကြီးတစ်ခုလုံးအတွက် ကောင်းမွန်သောကိစ္စဖြစ်သည်။

ရှောင်ယုသည် မြို့တော်ခန်းမသို့ ပြန်ရောက်လာခဲ့သည်။အမျိုးမျိူးသော နှုတ်ခွန်းဆက်စကားများကိုပြောအပြီးတွင် ရှောင်ယုသည်နယ်မြေအတွင်း၌ရှိသော အဓိကခေါင်းဆောင်အချို့ကိုဆင့်ခေါ်ကာ မကြာသေးမှီကဖြစ်ပျက်ခဲ့သော အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။

အစည်းအဝေးတွင် မြို့တော်ခန်းမတည်ရှိရာ ရဲတိုက်အတွင်း၌ အစည်းအဝေးခန်းမအဖြစ်အသုံးပြုရန် ဇိမ်ခံခန်းမကြီးတစ်ခု တည်ဆောက်ထားကြောင်း ရှောင်ယုတွေ့ရှိထားသည်။ထိုဇိမ်ခံခန်းမသည် အလွန်ကြီးမားကာ တချိန်တည်းတွင် လူ၄၀မှ ၅၀ခန့်အထိ တည်းခိုနိုင်ပေသည်။

ထို့ကြောင့် အစည်းအဝေးစတင်ချိန်တွင် ရှောင်ယုသည် ခြင်္သေ့မြို့၌ သူမရှိသည့်အချိန်အတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို တဖြည်းဖြည်းမေးမြန်းခဲ့သည်။တစ်ချိန်တည်းမှာပင်သူသည် လူတိုင်းနှင့်အတူ အနာဂတ်အစီအစဉ်များကို စတင်ဆွေးနွေးခဲ့သည်။

အခန်း ၅၀၄ - အဆင့်မြင့်ခြင်း

အစည်းအဝေးကို အချိန်အတော်ကြာအောင် ပြုလုပ်ပြီးနောက်တွင် ရှောင်ယုသည် နယ်မြေအတွင်း မကြာသေးမှီက ဖြစ်ပျက်နေသော အပြောင်းအလဲများစွာကို နားလည်ခဲ့သည်။

အခြေခံအားဖြင့် အစည်းအဝေး၌ တင်ပြလာသောအရာအားလုံးသည် သတင်းကောင်းများဖြစ်ကြသည်။နယ်မြေ၌ အခြေချနေထိုင်သူအရေအတွက် တိုးပွားလာခဲ့ပြီး နယ်မြေ၏စပါးရိတ်သိမ်းမှုကလည်း အလွန်ကောင်းမွန်နေခဲ့ကာ စစ်အင်အားကလည်းတရိပ်ရိပ်တိုးတက်လာခဲ့သည်။

တစ်ခုတည်းသောသတင်းဆိုးမှာ အန်ကာဂန် တောင်တန်းများရှိ မသေမျိုးများ၏လှုပ်ရှားမှုများသည် မကြာသေးခင်က ခပ်စိတ်စိတ်ပြန်လည်ဖြစ်ပွားလာခဲ့သည်။ထိုမသေမျိုးများသည် ရွာအမြောက်အများကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြကာ ရှောင်ယု၏လုပ်ဆောင်ချက်ကြောင့် ခြင်္သေ့နယ်မြေသည်ထိခိုက်မှုများစွာ မခံစားခဲ့ရပေ။

သို့သော်လည်း ရေရှည်တွင်ခြင်္သေ့မြို့တော်၏ လုံခြုံရေးကိုထိခိုက်လာစေနိုင်သည့်အတွက်ကြောင့် လူအများအပြားက ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။မူဟွာလီသည် ဤကိစ္စနှင့်ပတ်သက်၍ သဲလွန်စများကိုရှာဖွေရန် လူများကိုအကြိမ်ကြိမ်စေလွှတ်ခဲ့သော်လည်း မည်သည့်သတင်းအစအနကိုမှ မရခဲ့ပေ။

ထိုအကြောင်းကို ရှောင်ယုကသာနားလည်ပေသည်။အားသက်စ်၏ ဦးဆောင်မှုအောက်တွင် မသေမျိုးစစ်တပ်သည် ကောင်းစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

သူသာ အချိန်ပိုရခဲ့ပါက လက်ရှိမသေမျိုးစစ်တပ်၏အခြေအနေကို ရှောင်ယုကအမှန်တကယ်စစ်ဆေးကြည့်ချင်နေခဲ့သည်။အားသက်စ်အား ဆင့်ခေါ်ပြီးချိန်ကတည်းက ရှောင်ယုသည်မသေမျိုးတပ်ဖွဲ့၏ဖွံ့ဖြိုးမှုအတွက် များစွာအားစိုက်မထုတ်ခဲ့ရပေ။

အဆုံးသတ်တွင် မသေမျိုးများနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို မထုတ်ဖော်ရသေးသည့်အတွက်ကြောင့် ရှောင်ယုသည် သူတို့အားအသုံးပြုချိန်တိုင်း အလွန်သတိထားရပေသည်။

ယခုအခါ ရှောင်ယု၏ရာထူးအဆင့်သည် တဖန်ပြန်လည်မြင့်တက်လာသည့်အတွက်ကြောင့် သူသည်တပ်သား၅၀၀၀ကျော်အား ဆင့်ခေါ်လာနိုင်ပြီး အခြေစိုက်စခန်းများကိုလည်း အဆင့်၃သို့မြင့်တင်နိုင်ကာ စစ်မှန်သောအဆင့်၃တပ်သားများကို ဆင့်ခေါ်နိုင်ပြီဖြစ်သည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် ရှောင်ယုသည်အဆင့်၃သို့မြင့်တင်ရန်အတွက် နတ်သူငယ်အခြေစိုက်စခန်းကိုရွေးချယ်ခဲ့သည်။ရှောင်ယုသည် ဦးခေါင်းနှစ်လုံးပါသောခိုင်မဲရာကိုအလွန်ပင်မျှော်လင့်ထားခဲ့သည်။

(ခိုင်မဲရာ = ဦးခေါင်းနှစ်လုံးပါသော ဒဏ္ဍာရီလာသတ္တဝါ)

(နဂါးဦးခေါင်းနှင့်ခြင်္သေ့ဦးခေါင်း)

တင့်ကားများနှင့်အမြှောက်အမျိုးမျိုးသည် ရှောင်ယုအတွက်အသုံးဝင်နိုင်သော်လည်း လက်ရှိခေတ်ကာလတွင် လေတပ်ကိုပိုင်ဆိုင်ခြင်းက အားသာချက်များစွာကိုဆုပ်ကိုင်ထားနိုင်ပေသည်။

အထူးသဖြင့် ဦးခေါင်းနှစ်လုံးပါသောခိုင်မဲရာသည် နဂါးတစ်ကောင်နှင့်အလွန်ဆင်တူပြီး ၎င်း၏ပုံရိပ်သည် လူတိုင်း၏ကျောရိုးကို အေးခဲသွားစေလောက်သည်အထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းရည်တစ်ခုဖြစ်သည်။

ရှောင်ယုသည် အချိန်အနည်းငယ်ပေးပြီး အဆင့်မြင့်တင်ရန်အတွက် နတ်သူငယ်အခြေစိုက်စခန်းသို့ ပြေးသွားခဲ့သည်။ထိုအဆင့်မြင့်တင်မှုကို အပြီးသတ်ရန်အတွက် အချိန်အတော်ကြာခဲ့သည်။ထို့နောက်တွင် ရှောင်ယုက မြို့သို့တဖန်ပြန်ရောက်လာခဲ့သည်။

ညနေပိုင်းတွင် ရှောင်ယုသည် သူ၏စွန့်စားမှုအောင်မြင်မှုကို ဂုဏ်ပြုရန်သာမက ယခုလိုကြီးမားသောအောင်မြင်မှုများကို ရရှိခြင်းအတွက် ခြင်္သေ့မြို့တော်၏ကြီးပွားတိုးတက်မှုကိုဂုဏ်ပြုရန် ညစာစားပွဲကို ကျင်းပခဲ့သည်။

ဤညစာစားပွဲအပြီးတွင် ရှောင်ယုသည် လင်းမူရွယ်နေထိုင်သည့် လွတ်လပ်သောအိမ်နောက်ဘက်တွင် သီအိုဒိုးကိုခေါ်တွေ့ခဲ့သည်။

အေဂါဝမ်သည်လည်း ပါတီပွဲခဏတက်ပြီးနောက်တွင် ပြန်ရောက်လာခဲ့သည်။ရှေးခေတ်တည်ရှိမှုအနေဖြင့် အေဂါဝမ်သည် ယခုလိုပွဲမျိုးကိုသိပ်မကြိုက်ကြောင်း သိသာပေသည်။

သီအိုဒိုး၏စိတ်အခြေအနေသည် အလွန်ပင် တုန်လှုပ်နေခဲ့သည်။

"မိန်းမရေ...ယောကျ်ားလာပြီ"

ရှောင်ယုက တံခါးဖွင့်၍ဝင်လာသော အေဂါဝမ်ကိုကြည့်၍ကျယ်လောင်စွာပြောလိုက်သည်။

ဘန်း...

မှော်စွမ်းအင်ရိုက်ခတ်မှုကြောင့် ရှောင်ယုသည်လွှင့်ထွက်သွားခဲ့ကာ နံရံအားပြင်းထန်စွာထိမှန်သွားခဲ့သည်။

"မင်းကအေဂါဝမ်လေ...ဘာလို့ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာလဲ...တကယ်ဆိုရင် မင်းကတိုက်ကြီးရဲ့အုပ်ထိန်းသူမဟုတ်ဘူးလား...မင်းမှာဂေါ်ဒန်ကိုသတ်ဖြတ်နိုင်စွမ်းရှိတယ်မလား...ခုဆိုရင် ဂေါ်ဒန်ကတိုက်ကြီးတစ်ခုလုံးကို ဒုက္ခပေးတော့မှာလေ...မင်းကဘာလို့သူ့ကိုမသတ်ရတာလဲ"

ရှောင်ယုက ကူကယ်ရာမဲ့သောမျက်နှာပေးဖြင့် အော်ဟစ်လိုက်သည်။

"ဒီခေတ်က ငါ့အတွက်မဟုတ်တော့ဘူး...ထုံးစံအတိုင်း တစ်စုံတစ်ယောက်က ဒီတိုက်ကြီးကိုစောင့်ရှောက်လိမ့်မယ်...ပြီးတော့တချို့လူတွေက ဂေါ်ဒန်ကိုသတ်ဖြတ်လိမ့်မယ်...စိတ်ပူစရာမလိုပါဘူး"

"အရေးမပါတာတွေမပြောနဲ့...မင်းသူ့ကိုမနိုင်ရင်မနိုင်ဘူးပေါ့...ငါကိုယ်တိုင်သူ့ကိုသတ်မယ့်သူကိုရှာမယ်"

ရှောင်ယုသည် သီအိုဒိုးနှင့်အတူ အိမ်ထဲသို့ဝင်လာရင်းပြောလိုက်သည်။

"ဟမ့်..."

အေဂါဝမ်သည် သီအိုဒိုးဝင်လာသည်ကိုမြင်သောအခါ သီအိုဒိုး၏စွမ်းအားကို တစ်ချက်တည်းဖြင့်ခံစားနိုင်ခြင်းမရှိသည့်အတွက်ကြောင့် အနည်းငယ်အံ့သြသွားခဲ့ရသည်။

သီအိုဒိုး၏ခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအင်သည် အလွန်စွမ်းအားကြီးမားရုံသာမက သူ၏မှော်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း အလွန်ပင်သိမ်မွေ့ပေသည်။

ဤသည်မှာ စစ်မှန်သောမှော်သခင်တစ်ယောက်၏ အမှတ်အသားဖြစ်သည်။

"မင်းက ဆဌမအဆင့်မှော်ဆရာလား"

အေဂါဝမ်၏ မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။သူမသည် ရှောင်ယုကဲ့သို့လူမျိုးနှင့်ရင်ဆိုင်ရသည့်အခါတွင် အမြဲတစေမထူးခြားသလိုပြုမူနေတတ်သော်လည်း သီအိုဒိုးနှင့်ရင်ဆိုင်ရသည့်အခါတွင် သူမ၏မျက်နှာပေါ်၌ တင်းမာသောအသွင်ကိုဆောင်ထားသည်မှာ ထင်ရှားပေသည်။

သီအိုဒိုးသည် သူမအားခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း သူမသိထား၍ဖြစ်သည်။

"ဟုတ်တယ်...ငါ့နာမည်ကသီအိုဒိုးပါ...မှော်ထိပ်ခေါင်အေဂါဝမ်ကိုတွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်"

သီအိုဒိုးသည် ဦးထုပ်ကိုချွတ်လိုက်ကာ အလွန်နိမ့်ချသောလေသံဖြင့်ပြောလိုက်သည်။

သီအိုဒိုးသည် အလွန်နိမ့်ချပြီး စိတ်ရင်းမှန်ဖြင့်ပြောလာသောကြောင့် အေဂါဝမ်ကခေါင်းညိတ်ပြလိုက်သည်။

"ငါကအေဂါဝမ်ဆိုတာကို မင်းသိထားတယ်ဆိုတော့...ဒီတိုက်ကြီးမှာငါနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတချို့ကို မင်းကြားဖူးသင့်တယ်"

သီအိုဒိုးက အလျင်အမြန်ပြန်ဖြေလိုက်သည်။

"အမှန်ပဲ...ပြည်မကြီးရဲ့အကြီးကျယ်ဆုံး မှော်ဆရာတစ်ယောက်အနေနဲ့ တစ်ချိန်ကမင်းရဲ့ဒဏ္ဍာရီကိုလူတိုင်းသိထားကြတယ်"

အေဂါဝမ်က ခေါင်းညိတ်ပြသော်လည်း ဘာမှပြန်မပြောခဲ့ပေ။သူမသည် ရှောင်ယုဘက်သို့လှည့်ကြည့်၍ ပြောလိုက်သည်။

"ငါသူနဲ့သီးသန့်ဆွေးနွေးချင်တယ်....အခန်းထဲကထွက်သွားပေး"

"ဘာလို့အဲလောက်ထိ လျှိ့ဝှက်နေသေးတာလဲ...ငါတကယ်အပြင်ထွက်သွားပေးရမှာလား...ဒါကငါ့ရဲ့မြို့ဆိုတာမင်းတို့သိထားသင့်တယ်"

ရှောင်ယုသည် အေဂါဝမ်နှင့်သီအိုဒိုးတို့်ကြား ဆွေးနွေးမှုကိုနားထောင်ချင်၍ ပြန်လည်ငြင်းဆန်လိုက်သည်။

"မင်းက မှော်ကိုဘယ်လိုသုံးရမလဲဆိုတာ မသိတဲ့လူတစ်ယောက်လေ...မင်းကဘာကိုနားလည်နိုင်မှာလဲ...မင်းကငါတို့ကိုအနှောင့်အယှက်ပေးမှာစိုးလို့ ထွက်သွားခိုင်းတာ"

အေဂါဝမ်က လေးနက်သောမျက်နှာထားဖြင့်ပြောလိုက်သည်။

"မေ့လိုက်တော့...လူအိုကြီးနှစ်ယောက်က ဘာတွေပြောချင်နေကြတာလဲ"

ရှောင်ယုကနောက်ပြန်လှည့်ပြီး ထွက်မသွားခင်အော်ဟစ်လိုက်သည်။

အကယ်၍ သူသာလှည့်ထွက်မသွားပါက အေဂါဝမ်က သူ့အားကန်ထုတ်ပစ်မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။

သို့သော်လည်း ရှောင်ယုသည် မဝေးသို့ထွက်မသွားသေးဘဲ အနားမှဧည့်ခန်းထဲတွင် ထိုင်စောင့်နေကာ သီအိုဒိုးကိုစောင့်မျှော်နေခဲ့သည်။အမှန်တော့သူသည် လင်းမူရွယ်၏လက်ရှိအခြေအနေကို စိတ်ပူနေသောကြောင့် သီအိုဒိုးနှင့်တိုင်ပင်ဆွေးနွေးရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

သို့သော်လည်း မိုးလင်းသည်အထိစောင့်ဆိုင်းနေသည်တောင်မှ သီအိုဒိုးကအခန်းထဲမှ ထွက်မလာခဲ့ပေ။ရှောင်ယုသည် အထဲသို့ခိုးဝင်ရန်ကြိုးစားခဲ့သော်လည်း အေဂါဝမ်၏နှင်ထုတ်ခြင်းကိုခံလိုက်ရသည်။

"သေစမ်း...ဒီနှစ်ယောက်ကဘာအကြောင်းတွေပြောနေတာလဲ..."

ရှောင်ယုသည် ဆက်လက်စောင့်ဆိုင်းခြင်းမရှိတော့ဘဲ နတ်သူငယ်အခြေစိုက်စခန်းအား အဆင့်မြင့်တင်ခြင်းအဆုံးသတ်ခြင်းရှိမရှိ စောင့်ကြည့်ရန် အခြေစိုက်စခန်းထံသွားရောက်ခဲ့သည်။

ရှောင်ယုသည် အခြေစိုက်စခန်းထံသို့ရောက်သောအခါ အဆင့်မြင့်တင်ခြင်းပြီးဆုံးရန် နီးကပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၍အချိန်ခဏကြာစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ယုသည် စောင့်ဆိုင်းရင်းပျင်းရိလာ၍ လမ်းလျှောက်ထွက်ရန်ဆုံးဖြတ်ခဲ့သည်။အန်ကာဂန်တောင်တန်းများမှ ထွက်ခွာလာခဲ့သည့် နတ်သူငယ်များသည် အခြေချနေထိုင်ရန်အတွက်အိမ်များစွာကိုဆောက်လုပ်ခဲ့ကာ သူတို့၏အရေအတွက်တိုးလာကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ရှောင်ယုသည် နတ်သူငယ်များ၏အေးချမ်းသော သဘောသဘာဝကိုအားကျနေချိန်တွင် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ နတ်သူငယ်အခြေစိုက်စခန်းအား အဆင့်မြင့်တင်ခြင်းပြီးဆုံးခဲ့သည်။

All Chapters