← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း ၅၀၅ - ဆင့်ကဲပြောင်းလဲလာသည့် မသေမျိုးတပ်သားများ

"အင်း...နောက်ဆုံးတော့ အဆင့်မြင့်တင်မှုအပြီးသတ်ခဲ့ပြီဘဲ"

ရှောင်ယုသည် ယခင်ကထက်ပိုမိုကြီးမားကာ စတိုင်ကျလာသည့် အခြေစိုက်စခန်းကိုကြည့်ရင်း သူ၏နှလုံးသားထဲမှ ပျော်ရွှင်မှုလှိုင်းလုံးများ တဟုန်ထိုးမြင့်တက်လာသည်ကို ခံစားမိလိုက်သည်။

ယခုအခါတွင် ကမ္ဘာ့သစ်ပင်သည် တိမ်တိုက်များကိုထိုးဖောက်ကာ အလွန်ပင်လှပတင့်တယ်နေပြီး လူအများကိုထိတ်လန့်စေခဲ့သည်။

ကမ္ဘာ့သစ်ပင်အား အဆင့်မြင့်တင်မှုပြီးဆုံးသွားပြီးနောက်တွင် နတ်သူငယ်အပေါင်းတို့သည် မျက်ရည်ကျလာကြသည်။သူတို့အားလုံးသည် ကမ္ဘာ့သစ်ပင်ရှေ့တွင် လဲလျောင်းနေကြပြီး ကောင်းချီးပေးသောမင်္ဂလာသီချင်းကို သံပြိုင်ဆိုကာ ဆုတောင်းနေကြသည်။

နတ်သူငယ်များသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း အခက်အခဲများစွာဖြင့်ရင်ဆိုင်ခဲ့ရသည်။သို့သော်လည်း ယခုအခါသူတို့သည်ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သူတို့၏မျှော်လင့်ချက်များကို အသစ်တဖန်ရရှိလာခဲ့ပြီဖြစ်သည်။သူတို့အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။တိုင်ရန်ဒီ၊မိုင်ယဗ်နှင့်အီလီဒမ်တို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဤမြင်ကွင်းကိုစောင့်ကြည့်နေကြသည်။

"ကမ္ဘာ့သစ်ပင်ကြီး ပြန်လည်နိုးထလာခဲ့ပြီ...နတ်သူငယ်တွေရဲ့ဂုဏ်ကျက်သရေ ပြန်လည်နိုးထလာမယ့်နေ့ရက်တွေက နောက်ဆုံးတော့ရောက်လာခဲ့ပြီ"

တိုင်ရန်ဒီသည် သူမ၏ခန္ဓာကိုယ်မှထုတ်လွှတ်နေသော ပြင်းထန်သည့်အလင်းရောင်များကိုခံစားမိသည့်အတွက် သူ့ကိုယ်သူရေရွတ်လိုက်သည်။

ထိုအလင်းသည် သာမန်အလင်းမဟုတ်ပေ။လနတ်သမီး၏စစ်မှန်သောအလင်းဖြစ်သည်။လက်ရှိအချိန်တွင် တိုင်ရန်ဒီသည် လမင်း၏ဘုန်းတော်ကြီးတစ်ပါးမဟုတ်တော့ဘဲ အစစ်အမှန်လနတ်ဘုရားဖြစ်နေခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် သူမသည်သရဖူဆောင်းနေခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် တိုင်ရန်ဒီ၏သခင်ဖြစ်သည်။ထို့ကြောင့်ယခုတစ်ကြိမ်တွင် တိုင်ရန်ဒီသည်အလွန်အစွမ်းထက်သော ကျွမ်းကျင်မှုဖြစ်သည့် ကြွယ်ကြွေပစ်ချက်ကို ယခုတစ်ကြိမ်တွင်နားလည်သွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ထိုကျွမ်းကျင်မှုကို အသုံးပြုလိုက်မည်ဆိုပါက ကောင်းကင်ပေါ်မှနေ၍ မရေမတွက်နိုင်သောကြယ်စင်များ ကြွေကျလာခဲ့ပြီး ရန်သူများကိုတိုက်ခိုက်မည်ဖြစ်သည်။၎င်းသည် ဧရိယာကျယ်တိုက်ခိုက်မှုမျိုးဖြစ်သော်လည်း မီးမိုးထက်ပိုမိုအားကောင်းပေသည်။

ဤကျွမ်းကျင်မှုကြောင့် တိုင်ရန်ဒီသည် စစ်မှန်သောတိုင်ရန်ဒီဖြစ်လာခဲ့ပြီဖြစ်သည်။

"တိုင်ရန်ဒီကိုကောင်းချီးပေးပါ...မိုင်ယဗ်ကိုကောင်းချီးပေးပါ"

နတ်သူငယ်များကို ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တိုင်ရန်ဒီအားစတင်ကိုးကွယ်ခဲ့ကြသည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုခဏလောက်ကြည့်ပြီးနောက်တွင် ပြုံးမိလိုက်ကာ အလုပ်ကိုပြန်စခဲ့သည်။သူသည် ယဇ်ပလ္လင်သို့သွားရောက်ကာ မဲလ်ဖြူရီယန်အားဆင့်ခေါ်၍ နောက်ထပ်သူရဲကောင်းတစ်ယောက်ကို သူ့လက်အောက်သို့ဆွဲသွင်းရမည်ဖြစ်သည်။

ထိုအကြောင်းကိုပြောရလျှင် ရှောင်ယုအဆင့်တက်လာသည့်အတွက်ကြောင့် စစ်တန်းလျားမှနေ၍ နောက်ထပ်ကြေးစားသူရဲကောင်းတစ်ယောက်ကို ခေါ်ယူနိုင်ပြီဖြစ်သည်။ရှောင်ယုသည် သူဆင့်ခေါ်ရမယ့်ကြေးစားသူရဲကောင်းကို ဆုံးဖြတ်နိုင်ရန်အတွက်အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့ရသည်။

စစ်တန်းလျား ကြေးစားသူရဲကောင်းများသည် အစွမ်းထက်ကြပြီး အထူးသဖြင့်ပြင်းထန်သောစွမ်းအားကို ပိုင်ဆိုင်ထားသည့်ကြေးစားများက သူမတူအောင်အစွမ်းထက်ပေသည်။ထို့ကြောင့် ချန်(အားကောင်းသောမုန်တိုင်း)ကို ခေါ်ယူခြင်းသည်ရွေးချယ်မှုကောင်းဖြစ်သည်ဟု ရှောင်ယုကယူဆခဲ့သည်။

ချန်(အားကောင်းသောမုန်တိုင်း)သည် မီးကိုရှုသွင်းနိုင်ပြီး ၎င်းကိုပြန်လည်မှုတ်ထုတ်ကာ တိုက်ခိုက်နိုင်၍ ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။အရေးအကြီးဆုံးသောအချက်မှာ ရှောင်ယုသည်တရုတ်လူမျိူးဖြစ်ပြီး ပန်ဒါများကိုထူးထူးခြားခြားချစ်မြတ်နိုးသူဖြစ်သည်။

ရှောင်ယုသည် ထိုအကြောင်းကိုမေ့ထားလိုက်ကာ သူရဲကောင်းအသစ်များကို စောင့်ဆိုင်းနေခဲ့သည်။သို့သော်လည်း စစ်တန်းလျားအသစ်တည်ဆောက်ခြင်းသည် အချိန်အလွန်ကြာမြင့်သည့်အတွက်ကြောင့် ရှောင်ယုကဆက်လက်စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် မဲလ်ဖြူရီယန်သည် ထွက်မလာသေးသည့်အတွက် ရှောင်ယုသည်မသေမျိုးအခြေစိုက်စခန်းသို့ သွားရောက်စစ်ဆေးရန်ဆုံးဖြတ်ခဲ့သည်။

မသေမျိုးအခြေစိုက်စခန်းသို့ ရောက်ရှိပြီးနောက်တွင် ရှောင်ယုသည်အချိန်အတော်ကြာအောင် လိုက်လံရှာဖွေနေသော်လည်း ဝင်ပေါက်ကိုရှာမတွေ့ခဲ့ပေ။ထိုအချိန်တွင် ပင့်ကူတစ်ကောင်သည် မြေပြင်သို့တိုးထွက်လာပြီး ရှောင်ယုကိုကြည့်ကာအော်ဟစ်လိုက်သည်။ထို့နောက်တွင် ပင့်ကူကရှောင်ယုကိုဦးဆောင်လမ်းပြခဲ့ပြီး အဆုံးသတ်တွင် ရှောင်ယုသည် မသေမျိုးအခြေစိုက်စခန်းရှိရာ လှိုဏ်ဂူအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"အားသက်စ်ကိုကြည့်ရတာ ကောင်းကောင်းလုပ်နေတဲ့ပုံဘဲ...သူကအခြေစိုက်စခန်းရှိတဲ့ လှိုဏ်ဂူကိုတောင်ဖုံးကွယ်ထားလိုက်တယ်...ငါတောင်ရှာမတွေ့တော့ဘူး"

ရှောင်ယုက ဝမ်းသာအားရတွေးလိုက်မိသည်။

"အားသက်စ်က သခင့်ကိုနှုတ်ဆက်ပါတယ်"

ရှောင်ယုရောက်လာကြောင်း သတင်းရလိုက်သည့်အတွက် အားသက်စ်သည် ကဲလ်သဇက်နှင့်အနူဘားရက်တို့ကိုဦးဆောင်ကာ ရှောင်ယုအားကြိုဆိုရန်ရောက်ရှိလာခဲ့သည်။

ရှောင်ယုသည် သူတို့၏အဆင့်ကိုကြည့်ရင်း အံ့သြသွားခဲ့ကြသည်။ယခုအခါ သူတို့်အားလုံးလိုလိုပင် အဆင့်၄၀ကိုဖြတ်ကျော်ထားကြပြီး ပဥ္စမအဆင့်သို့ရောက်ရှိနေကြသည်ကို ရှောင်ယုအချိန်အတော်ကြာသည်ထိ သတိမပြုမိခဲ့ပေ။

သိထားရမည့်အချက်မှာ ရှောင်ယုကသူတို့်အားဆင့်ခေါ်ပြီးချိန်မှစ၍ ရှောင်ယုသည်သူတို့၏ဖွံ့ဖြိုးတိုးတက်မှုအား မည်သည့်အရာမှမလုပ်ဆောင်ပေးခဲ့ပေ။သူတို့အားလုံးသည် ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုဖြင့် ယခုလိုမြင့်မားသောအဆင့်သို့ရောက်လာသည်မှာ မယုံနိုင်စရာကောင်းလှပေသည်။

"မင်း...မင်းတို့ဘာလို့အဲလောက်မြန်မြန်အဆင့်တက်လာကြတာလဲ"

ရှောင်ယုက အားသက်စ်ကိုမျက်စောင်းထိုးကြည့်ကာ မေးမြန်းလိုက်သည်။

"သခင့်ကိုသတင်းပို့ပါတယ်...သခင်ဒီမှာမရှိတဲ့အတောအတွင်း သခင့်ရဲ့ညွန်ကြားချက်ကိုလိုက်နာပြီးတော့ ရန်သူနယ်မြေထဲကိုညအချိန်မှာခိုးဝင်ခဲ့ပြီး ရန်သူရဲ့တပ်သားတွေကိုသတ်ဖြတ်ပြီးတော့ ငါတို့ရဲ့ခွန်အားကိုဖြည်းဖြည်းချင်းအဆင့်မြင့်တင်ခဲ့တယ်"

အားသက်စ်က ပြန်ဖြေလိုက်သည်။

"ဒါဖြင့် မင်းတို့တွေအန်ကာဂန်တောင်တန်းထဲ ရောက်ခဲ့သေးလား"

ရှောင်ယုသည် မယုံကြည်နိုင်လောက်အောင်ခံစားခဲ့ရသည်။

"သားရဲကြီးတွေကိုအမဲလိုက်ဖို့အတွက် တောင်တန်းတွေထဲမကြာခဏဝင်တတ်ပါတယ်...အခုတော့ငါတို့ဟာ အချို့သောသားရဲတွေရဲ့အလောင်းကောင်တွေကို စုဆောင်းထားပြီးတော့ အခြားသားရဲကြီးတွေကိုလည်း အလွယ်တကူအမဲလိုက်နိုင်ပြီဖြစ်တယ်...အဲ့ဒီအလောင်းတွေကြောင့် ငါတို့ရဲ့စွမ်းအားကသိသိသာသာကိုတိုးတက်လာခဲ့တယ်"

အားသက်စ်သည် အထဲ၌ရှိနေသော သားရဲအလောင်း၁၀ကောင်ကိုညွန်ပြရင်း ပြန်ဖြေလိုက်သည်။

ရှောင်ယုသည် ထိုသားရဲအလောင်းများကိုကြည့်ရင်း ထပ်မံအံ့သြသွားခဲ့ရသည်။ထိုသားရဲများသည် ပဥ္စမအဆင့်၌ရှိနေကြသည်။အားသက်စ်သည် ပဥ္စမအဆင့်ကျွမ်းကျင်သူတစ်ယောက်သာဖြစ်ရာ ဤမျှအစွမ်းထက်သောသားရဲများကို မည်သို့သတ်ဖြတ်နိုင်မည်နည်း။

"ငါတို့ဟာ ပုံမှန်အားဖြင့် အင်အားအများအပြားကိုအသုံးပြုပြီးတော့ သားရဲတွေကိုစတင်တိုက်ခိုက်ပြီး သူတို့ရဲ့စွမ်းအားကို ဖြေးဖြေးချင်းကုန်ဆုံးစေပြီးမှ သူတို့ကိုသတ်ဖြတ်ဖို့အတွက် ခြုံခိုတိုက်ခိုက်တာမျိုးလို အခြားနည်းလမ်းတွေကိုအဓိကထားအသုံးပြုခဲ့တယ်"

အားသက်စ်က ရှောင်ယုအားရှင်းပြလိုက်သည်။

ရှောင်ယုသည် အထဲသို့ဝင်သွားသည်နှင့် ထောင်နှင့်ချီသောမသေမျိုးတပ်သားများ တန်းစီနေသည်ကိုတွေ့လိုက်ရသည်။ထိုအရေအတွက်သည် သူနဂိုဆင့်ခေါ်ထားသည်ထက် ပိုမိုများပြားပေသည်။

"မသေမျိုးတပ်သားတွေ ဘယ်လိုတိုးပွားလာတာလဲ"

ရှောင်ယုက အံ့သြတကြီးရေရွတ်လိုက်သည်။

"သခင့်ကိုအစီရင်ခံပါတယ်...ငါတို့ရဲ့ခွန်အားဟာအဆင့်တစ်ခုထိရောက်လာပြီးတဲ့နောက်မှာ အချို့သောရန်သူတပ်သားတွေရဲ့ရုပ်အလောင်းတွေကို မသေမျိုးအဖြစ်စတင်ပြောင်းလဲလာနိုင်ပါတယ်...ဒါကြောင့်သူတို့ရဲ့အရေအတွက်က ခုလိုတိုးပွားလာခဲ့တာပဲ"

လတ်တလောမှအသွင်ပြောင်းလာသည့် မသေမျိုးများကိုညွန်ပြရင်း ရှင်းပြလိုက်သည်။

ရှောင်ယုသည် သူတို့အားဆယ်မိနစ်ကျော်ခန့်စိုက်ကြည့်နေခဲ့သော်လည်း စကားတစ်ခွန်းမှမဆိုခဲ့ပေ။မသေမျိုးများသည် ဤအဆင့်ထိဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

မူလကသူသည် ရန်သူများအားနှောင့်ယှက်ရန်အတွက် မသေမျိုးစစ်တပ်ကို တည်ထောင်ခဲ့သော်လည်း ယခုလိုမျိုးတိုးတက်လာရန်မမျှော်လင့်ထားပေ။လက်ရှိအခြေအနေသည် အမှန်ပင်ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့သည်။

အားသက်စ်သည် ရှောင်ယု၏အမိန့်ကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။ဤသူရဲကောင်းများနှင့်တပ်သားများ၏ သစ္စာစောင့်သိမှုအမှတ်သည် အလွန်နိမ့်ကျသွားသည့်အခါမျိုးတွင် ၎င်းတို့သည်သူ့အားစွန့်ခွာသွားမည်ဖြစ်ကြောင်း ရှောင်ယုသိရှိထားပေသည်။

ထိုအချိန်တွင် ဤမသေမျိုးတပ်သားအမြောက်အများသည် ကြီးစွာသောဘေးဒုက္ခကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

ရှောင်ယုသည် ခေါင်းကိုအသာခါယမ်းလိုက်ကာ ခါးသီးစွာပြုံးလိုက်မိသည်။

"မင်းအရမ်းတော်တယ်အားသက်စ်...မင်းကတကယ်တော်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ...ဒါပေမဲ့အနာဂတ်မှာ ငါ့ရဲ့သဘောဆန္ဒမပါဘဲ အခြားမသေမျိုးတပ်သားတွေကိုနိုင်ထက်စီးနင်း စုဆောင်းတာမျိုးမလုပ်ပါနဲ့....အရပ်သားတွေကိုလည်း အနိုင်ကျင့်သတ်ဖြတ်တာမျိုးမလုပ်ဖို့ သတိရပါ"

"အမိန့်အတိုင်းပါသခင်...သခင့်ရဲ့ညွန်ကြားချက်ကို အမြဲလိုက်နာပါမယ်"

အားသက်စ်၊ကဲလ်သဇက်နှင့်အနူဘားရက်တို့က ချက်ချင်းပြန်ဖြေလိုက်ကြသည်။

ရှောင်ယုက ခေါင်းညိတ်ပြလိုက်ကာ ဘာမှဆက်မပြောခဲ့ပေ။သူသည် အားသက်စ်၏ပုခုံးကိုပုတ်လိုက်ပြီးနောက် ဂူအတွင်းမှဖြည်းညင်းစွာထွက်ခွာလာခဲ့သည်။

ရှောင်ယု၏မသိစိတ်က နောင်တစ်ချိန်တွင် ဒုက္ခမဖြစ်လာစေရန်အတွက် ယခုမသေမျိုးများအားလုံးကို သတ်ဖြတ်သင့်ကြောင်းတိုက်တွန်းနေခဲ့သည်။

သို့သော်လည်း သူသည်ဤမသေမျိုးများကိုရှင်းလင်းရန် လုံလောက်သည့်နှလုံးသားမျိုး မပိုင်ဆိုင်ခဲ့ပေ။

သူတို့သည်မသေမျိုးများဖြစ်သော်လည်း သူတို့သည်အောစ့်များ၊နတ်သူငယ်များကဲ့သို့ ရှောင်ယုကသူတို့်အား ညီအစ်ကိုများကဲ့သို့ ဆက်ဆံခဲ့သည်။

"ငါကပဲ ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ အရမ်းပျော့ညံ့နေတာလား"

ရှောင်ယုသည် သူ့ကိုယ်သူလှောင်ပြောင်လိုက်သော်လည်း ဤမသေမျိုးများကိုရှင်းလင်းရန် မဆုံးဖြတ်နိုင်ခဲ့ပေ။

"ရေစီးကြောင်းအတိုင်းသွားကြတာပေါ့..."

ရှောင်ယုသည် လှိုဏ်ဂူထဲမှထွက်လာပြီးနောက်တွင် ထူထပ်သောသစ်ပင်များဖြင့်ပြည့်နှက်နေပြီး အလယ်၌ထီးထီးမားမားရပ်တည်နေသော နတ်သူငယ်တို့၏အသက်သစ်ပင်ကိုကြည့်လိုက်သည်။ထိုအချိန်တွင် အရာအားလုံး၏ဖွံ့ဖြိုးတိုးတက်မှုသည် ကံတရားအတိုင်းသာဖြစ်ကြောင်း ရှောင်ယုကယုံကြည်ခဲ့သည်။

အခန်း ၅၀၆ - အတိတ်တစ်ချိန်မှသူရဲကောင်းများ...နှလုံးသား၏လွတ်မြောက်မှု

"အရှင့်ကိုနှုတ်ဆက်ပါတယ်..."

မဲလ်ဖြူရီယန်နှင့်ချန်(အားကောင်းသောမုန်တိုင်း)တို့သည် ချက်ချင်းပြေးလာကြပြီး ရှောင်ယုကိုအရိုအသေပေးလာကြသည်။

မဲလ်ဖြူရီယန်နှင့်ချန်(အားကောင်းသောမုန်တိုင်း)တို့သည် ရုပ်ရည်သွင်ပြင်အားဖြင့် အတော်လေးထူးဆန်းကြသည်။အထူးသဖြင့် ချန်၏ခန္ဓာကိုယ်သည် ရယ်စရာကောင်းသောဘောလုံးတစ်ခုကဲ့သို့ ဝိုင်းဝိုင်းလည်နေခဲ့သည်။

သို့သော်လည်း ရယ်စရာကောင်းပုံရသည့်ချန်သည် အနာဂတ်တွင်အမှန်တကယ်အားကောင်းသော သိုင်းပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ရှောင်ယုကကျိန်းသေပြောဝံ့ပေသည်။

ရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦးလုံး၏ အရည်အချင်းများကိုကြည့်လိုက်သည်။သူတို့နှစ်ယောက်သည် ရှောင်ယုစိတ်ကူးယဉ်ထားသည်နှင့် အတူတူပင်ဖြစ်သည်။မဲလ်ဖြူရီယန်သည် အဓိကအားဖြင့်ကုသပေးသူတစ်ယောက်ဖြစ်ကာ ချန်သည်ကားသိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။

ယခုအခါ သူ့ထံ၌အခြားသူရဲကောင်းနှစ်ယောက်ရှိလာပြီဖြစ်သည်။ရှောင်ယုသည် သူတို့အားသားရဲအချို့ကိုအမဲလိုက်ရန် စေလွှတ်လိုက်သည်။သူတို့သည် သူတို့၏အဆင့်ကိုအရင်မြင့်တင်ရမည်ဖြစ်သည်။ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှောင်ယုသည် ဝေပြည်နယ်အားထိုးစစ်ဆင်တော့မှာဖြစ်သည်။အကယ်၍ သူတို့သာမြန်မြန်ဆန်ဆန်အဆင့်မြင့်တင်နိုင်ပါက တိုက်ပွဲအတွင်း၌ရန်သူများစွာကို သတ်ဖြတ်နိုင်မည်ဖြစ်သည်။

ထို့နောက်တွင် ရှောင်ယုသည်ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာများကိုစတင်ထုတ်လုပ်ခဲ့သည်။ရှောင်ယုသည် ဤအခိုက်အတန့်ကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရာ သူ၏နှလုံးသားကစိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ယခုအခါတွင် ရှောင်ယုသည်နောက်ထပ်တပ်သား၅၀၀၀ကို ဆင့်ခေါ်နိုင်ပြီဖြစ်သော်လည်း ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာကိုဆင့်ခေါ်လိုသောအခါ အရေအတွက်အကန့်အသတ်ရှိနေခဲ့သည်။

ရှောင်ယုသည် အများဆုံး ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာ ၁၀၀ကိုသာဆင့်ခေါ်နိုင်မည်ဖြစ်သည်။ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာသည် တပ်သား၁၀ယောက်စာရှိသောကြောင့် အကောင်၁၀၀သည် တပ်သား၁၀၀၀စာနေရာယူပေသည်။

ထို့ကြောင့်ရှောင်ယုသည် ကျန်နေရာလွတ်၄၀၀၀အား အခြားတပ်သားများကိုဆင့်ခေါ်ရန် ချန်ရစ်ထားခဲ့သည်။

ခဏအကြာတွင် အရှည်ရ၈မီတာရှိပြီး ဦးခေါင်းနှစ်လုံးပါရှိကာ မာကျောသောအကြေးခွံများဖြင့် ကြီးမားသည့်အတောင်ပံနှစ်ချောင်းပါသည့် နဂါးနှင့်ဆင်တူသောဧရာမသားရဲတစ်ကောင်က ရှောင်ယု၏ရှေ့၌ထွက်ပေါ်လာခဲ့သည်။

"ခိုင်မဲရာ...ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာတွေပေါ်လာပြီ...ငါတို့အိပ်မက်မက်နေတာလား"

နတ်သူငယ်များသည် ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာ၏အသွင်အပြင်ကို တွေ့မြင်လိုက်ရချိန်တွင် အံ့အားသင့်စွာမြည်ကြွေးလိုက်ကြသည်။

ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာသည် နတ်သူငယ်များ၏အဆုံးစွန်သောပုံစံဖြစ်ပြီး နတ်သူငယ်များ၏အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ယခင်က နတ်သူငယ်မျိုးနွယ်၌ ခိုင်မဲရာရှိနေခဲ့မည်ဆိုလျှင် သူတို့၏စွမ်းအားသည်အလွန်တိုးတက်လာမည်ဖြစ်ပြီး သာမန်လူများကကျူးကျော်ဝံ့မည်မဟုတ်ပေ။

ဦးခေါင်းနှစ်လုံးပါသော ခိုင်မဲရာ၏ အပြင်းထန်ဆုံးသောတိုက်ခိုက်မှုမှာ သူ၏မီးတောက်ဖြစ်ကြောင်းသေချာပေသည်။သူ၏အနီးကပ်တိုက်ခိုက်နိုင်စွမ်းက နဂါးတစ်ကောင်လောက်မပြင်းထန်သော်လည်း သူ၏ဦးခေါင်းနှစ်လုံးကြောင့် သာမန်နဂါးထက် ခွန်အားအရာတွင် ကျိန်းသေပေါက်ပိုမိုပြင်းထန်ပေသညိ။

ကောင်းကင်ပေါ်၌ ခိုင်မဲရာအုပ်စုထွက်ပေါ်လာပါက သင်လုပ်ဆောင်နိုင်သည်မှာ ချက်ချင်းထွက်ပြေးရန်ဖြစ်သည်။အကယ်၍ ခိုင်မဲရာများက စုပေါင်းတိုက်ခိုက်လိုက်ပါက အရာအားလုံးပျက်စီးသွားရမည်ဖြစ်သည်။

ခိုင်မဲရာ၏စွမ်းအားကို သိရှိထားသောရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။ဤနေရာတွင် အရာအားလုံးပြီးဆုံးသွားသည့်အခါတွင် ရှောင်ယုသည် ရဲတိုက်သို့ပြန်ရောက်လာခဲ့သည်။ထိုအချိန်တွင် အဘိုးကြီးသီအိုဒိုးကလည်း အပြင်သို့ပြန်ရောက်နေပြီဖြစ်သည်။

သို့သော်လည်း ရှောင်ယုသည် ရဲတိုက်သို့ပြန်ရောက်လာသောအချိန်တွင် သီအိုဒိုးထွက်ခွာသွားပြီဖြစ်ကြောင်း အသိပေးခဲ့သည့်စာတစ်စောင်အား ဟစ်ဂင်၏အလုပ်သင်တစ်ယောက်က ရှောင်ယုကိုပေးလာခဲ့သည်။

ရှောင်ယုက ရုတ်တရက်ကျိန်ဆဲမိလိုက်သည်။ထိုလူအိုကြီးသည် သူမရှိသည်ကိုအခွင့်ကောင်းယူကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။

ရှောင်ယုက စာကိုယူကာဖြန့်ဖတ်လိုက်သည်။၎င်းတွင် စာကြောင်းအနည်းငယ်သာပါရှိပေသည်။သီအိုဒိုး၏စာအရ လင်းမူရွယ်၏ အခြေအနေသည်ကောင်းမွန်ပေသည်။တစ်ချိန်တည်းတွင် သူသည်လည်း အေဂါဝမ်နှင့်အတူ အတွေ့အကြုံများကိုမျှဝေခြင်းမှ ကြီးမားသောအကျိုးအမြတ်များကို ရရှိခဲ့သည့်အတွက်ကြောင့် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်သည်။

ထို့ကြောင့် အေဂါဝမ်သည်တစ်ချိန်က တိုက်ကြီး၏အုပ်ထိန်းသူဖြစ်သည့်အတွက်ကြောင့် သူမအားလေးလေးစားစားဆက်ဆံရန် သီအိုဒိုးက ရှောင်ယုကိုမှာကြားခဲ့သည်။

ရှောင်ယုသည် ထိုစာကိုဆုတ်ဖြဲလိုက်ပြီးနောက်တွင် အေဂါဝမ်ကိုသတိထားမိလိုက်သည်။

"မိန်းမ..."

ရှောင်ယုက ဝမ်းသာအားရဖြင့်ထအော်လိုက်သည်။

"သွားစမ်း"

အေဂါဝမ်က သူမ၏လက်ကိုဝှေ့ယမ်းကာ ရှောင်ယုကိုနှင်ထုတ်လိုက်သည်။

"ဘာလဲကွာ..."

ရှောင်ယုက မကျေမချမ်းအော်ဟစ်လိုက်သည်။သူသည် ပြတင်းပေါက်မှလွှင့်ထွက်သွားခဲ့သော်လည်း အမြန်ပြန်ထလာခဲ့သည်။

"မင်းက ငါ့မိန်းမရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာဆိုတော့ မင်းကိုငါ့ဇနီးလို့ခေါ်တာမမှားပါဘူး...မင်းကတကယ်အကျင့်မကောင်းတာပဲ"

ရှောင်ယုက အသည်းအသန်ကန့်ကွက်လိုက်သည်။

"ငါအကျင့်မကောင်းတော့ ဘာဖြစ်လဲ"

အေဂါဝမ်က သူမ၏မေးစေ့ကိုမြှောက်ပင့်၍ ရှောင်ယုကိုကြည့်လိုက်သည်။သူမ၏မျက်နှာပေါ်၌ မောက်မာမှုအပြည့်ထင်ပေါ်နေပြီး ရှောင်ယုအားလှောင်ပြောင်နေပုံရသည်။

"သေစမ်း...မင်းကငါ့ကိုလိမ်ဖို့ကြိုးစားနေတာမလား...မင်းကသီအိုဒိုးကို အနိုင်မယူနိင်ဘူးမဟုတ်လား..."

အေဂါဝမ်သည် သီအိုဒိုးကို ပထမဆုံးတွေ့ဆုံချိန်တွင် အေဂါဝမ်သည်အလွန်ပင်ချီတုံချတုံဖြစ်နေကြောင်း ရှောင်ယုသတိပြုမိပေသည်။

ထို့ပြင် အေဂါဝမ်သည် ရှောင်ယုနောက်သို့လိုက်လာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ဤအတောအတွင်း သူမသည် အလွန်သန်မာသည့်ပုံစံကိုဖော်ပြထားကာ မည်သူကမှမခုခံနိုင်ခဲ့ပေ။

သို့သော်လည်း သူမ၏ခွန်အားသည်အထွတ်အထိပ်၌ ရှိမနေတော့ကြောင်း ရှောင်ယုသတိပြုမိပေသည်။မည်သို့ပင်ဆိုစေ သူမ၏အခြေအနေအမှန်အား ရှောင်ယုမသိသေးပေ။

လက်ရှိအချိန်တွင် အေဂါဝမ်၏မျက်လုံးအမူအရာကိုကြည့်ခြင်းအားဖြင့် သီအိုဒိုးသာအမှန်တကယ်စွမ်းအားကုန် ထုတ်ဖော်မည်ဆိုပါက အေဂါဝမ်အားကျိန်းသေပေါက်ခြိမ်းခြောက်နိုင်မည်ကို ရှောင်ယုနားလည်ပေသည်။

သို့သော်လည်း သီအိုဒိုးသည် အေဂါဝမ်ကို အလွန်ရိုသေကိုင်းရှိုင်းနေပေရာ ကျိန်းသေပေါက်ထိုသို့လုပ်ဆောင်မည်မဟုတ်ပေ။

"ငါသူ့ကိုအနိုင်မယူနိုင်ဘူးဆိုရင်တောင်မှ မင်းနဲ့ဆက်ဆံရတာကငါ့အတွက်အရမ်းကိုလွယ်ကူနေတုံးပဲ...ဒီတိုက်ကြီးမှာသူ့လိုလူတွေအများကြီးမရှိဘူးလေ"

အေဂါဝမ်က ပြန်ပြောလိုက်သည်။

"ဟမ့်...ငါ့မိန်းမရဲ့ခန္ဓာကိုယ်ထဲကနေပြီး မြန်မြန်ထွက်သွားလိုက်စမ်း...အဲလိုမဟုတ်ရင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်"

ရှောင်ယုက ဆိုးယုတ်သောလေသံဖြင့်ပြောလိုက်သော်လည်း လမ်းတစ်ဝက်အရောက်တွင် နောက်သို့တွန်းထုတ်ခံလိုက်ရသည်။

သီအိုဒိုးက ယခုလိုပြောလာသည့်အတွက်ကြောင့် အေဂါဝမ်ထံ၌ရန်လိုသော ရည်ရွယ်ချက်ဟူ၍မရှိကြောင်းသိသာပေသည်။ထို့ပြင် သီအိုဒိုးနှင့်အေဂါဝမ်တို့တွေ့ဆုံစဉ် သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း ရှောင်ယုပိုမိုယုံကြည်လာခဲ့သည်။အေဂါဝမ်သည် သူထင်ထားသလောက်အစွမ်းထက်သူမဟုတ်ပေ။

သို့သော်လည်း ရှောင်ယုသည် အေဂါဝမ်သည်မည်သည့်တန်ဖိုးကိုမဆိုပေးဆပ်၍ သတ်ဖြတ်ရန်ကြိုးစားလာခဲ့မည်ဆိုပါက အေဂါဝမ်သည် တောင့်ခံနိုင်မည်လားမသေချာပေ။

ဤသည်မှာ ရှောင်ယုကောက်ချက်ချထားဖြင်းဖြစ်သည်။

ထို့ကြောင့် အေဂါဝမ်ကသူမသည် ကမ္ဘာပေါ်တွင်အသန်မာဆုံးဟူသော ခိုင်မာသည့်ခံယူချက်ကို အမြဲတစေဆုပ်ကိုင်ထားခဲ့သည်။အမှန်တကယ်တွင် သူမသည်သန်မာသော်လည်း ပြိုင်ဘက်ကင်းနေသည်တော့မဟုတ်ပေ။

ထိုအကြောင်းကိုစဉ်းစားပြီးနောက်တွင် ရှောင်ယုသည်ထိုမျှစိုးရိမ်ခြင်းမရှိသေးပေ။သို့သော်လည်း သူသည်လင်းမူရွယ်၏အခြေအနေကို စိတ်ပူနေသေးသည်။

မကြာသေးခင်က လင်းမူရွယ်၏အသွင်အပြင်သည် တဖြည်းဖြည်းလျော့နည်းလာပုံရပြီး အေဂါဝမ်ကသူမ၏ခန္ဓာကိုယ်အား ပိုမိုထိန်းချုပ်လာနိုင်ပုံရသည်။

ရှောင်ယု၏စိတ်သည် အတွေးများနှင့်လှည့်ပတ်နေချိန် လက်တစ်ဖက်က သူ့ပုခုံးကိုညင်သာစွာပုတ်လာခဲ့သည်။

ရှောင်ယုသည် ချက်ချင်းပင်တုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် နောက်သို့ပြန်ဆုတ်သွားခဲ့သော်လည်း သူလှည့်ကြည့်လိုက်သောအချိန်တွင် လင်းမူရွယ်က သူ့အားပြုံးပြုံးကြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် အေဂါဝမ်မဟုတ်တော့ဘဲ လင်းမူရွယ်ဖြစ်နေခဲ့ပြီဖြစ်သည်။

"မူရွယ်..."

ရှောင်ယုကသံသယစိတ်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။လင်းမူရွယ်သည် သူ့နောက်သို့မည်သည့်အချိန်က ရောက်လာသနည်း။သူတောင်မှ သတိမထားမိလိုက်ပေ။ယခုအခါ ရှောင်ယု၏ခွန်အားဖြင့်ဆိုပါက သူ၏သတိသည် အမြင့်ဆုံးသို့ ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်ပြီး ဆဌမအဆင့်လုပ်ကြံသူတစ်ယောက်က သူ့နောက်မှတိုက်ခိုက်လာလျှင်ပင် ကြိုတင်ရှာဖွေနိုင်မည်ဖြစ်သည်။

ဒါက အေဂါဝမ်ရဲ့စွမ်းအားလား...သို့သော်လည်း လင်းမူရွယ်သည် ယခုအခါတွင်သူမ၏ခန္ဓာကိုယ်အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ အေဂါဝမ်၏စွမ်းအားကို မည်သို့ထိန်းချုပ်ထားနိုင်မည်နည်း။

"ဟုတ်တယ်...အဲ့ဒါကငါပဲ"

လင်းမူရွယ်က ဖြည်းညင်းစွာလျှောက်လာခဲ့ပြီး သူမ၏တစ်ကိုယ်လုံးမှ အလွန်ပင်မွန်မြတ်သောအော်ရာများကို ထုတ်လွှတ်နေသည့်အတွက်ကြောင့် ရှောင်ယုကသူမအားမော်ကြည့်ရန် ခက်ခဲနေခဲ့သည်။

လင်းမူရွယ်သည် ယခင်ကနှင့်မတူဘဲ လုံးဝကွဲပြားသောအသွင်အပြင်ရှိပေသည်။ယခုလင်းမူရွယ်သည် ကောင်းကင်နှင့်မြေကြီးပေါင်းစပ်ထားသကဲ့သို့ သူမထုတ်လွှတ်နေသောအော်ရာသည် ကောင်းကင်နှင့်မြေကြီးပေါင်းစပ်ထားသည့် အရာတစ်ခုဖြစ်သည်။

ဒါ...ဘာဖြစ်နေတာလဲ…

ရှောင်ယုက အံ့သြသွားခဲ့သည်။

"မင်း...မင်းကဘာလို့အရင်ကနဲ့မတူတာလဲ"

ရှောင်ယုသည် လင်းမူရွယ်ကိုနောက်ဆုံးအကြိမ်တွေ့ဆုံစဉ်က ဤသို့မဟုတ်ခဲ့ပေ။ရက်အနည်းငယ်ကြာပြီးနောက် အခြေအနေများက မည်သို့ပြောင်းလဲသွားခဲ့သနည်း။

"စိတ်ချပါရှောင်ယု...ငါတကယ်အဆင်ပြေတယ်...အစ်မအေဂါဝမ်က ငါ့အပေါ်အလွန်ကောင်းပါတယ်...ခဏကြာရင်ငါလည်းပြန်တော့မယ်...ငါ့ကိုစောင့်နေပေးပါ"

လင်းမူရွယ်သည် ထိုစကားကိုပြောလာသောအခါတွင် သူမ၏မျက်လုံးများသည် မြူခိုးများနှင့်ဖုံးလွှမ်းသွားခဲ့ပြီး သူမသည် အလွန်ဝမ်းနည်းသောပုံစံကို ဖော်ဆောင်ထားခဲ့သည်။

"ဘာမှားလို့လဲ...မူရွယ်...မင်းဘာတွေဖြစ်နေတာလဲ...ငါ့ကိုမခြောက်နဲ့...ငါကမိန်းကလေးတွေငိုတာကို အကြောက်ဆုံးပဲ"

ရှောင်ယုသည် ချက်ချင်းပင်ထိတ်လန့်တကြားဖြစ်သွားခဲ့ကာ လင်းမူရွယ်ကို နှစ်သိမ့်လိုက်သည်။ယခုအချိန်တွင် သူသည်လင်းမူရွယ်ကို အလွယ်တကူမထိဝံ့တော့ပေ။သူသည်လင်းမူရွယ်ကိုထိလိုက်တိုင်း အေဂါဝမ်၏တိုက်ခိုက်ခြင်းကိုခံရမည်ဖြစ်သည်။

"ငါအဆင်ပြေပါတယ်...."

လင်းမူရွယ်သည် ရှောင်ယု၏လက်ကိုဖမ်းဆုပ်ရင်းပြောလိုက်သည်။ထို့နောက်သူမတို့သည် နေဝင်ချိန်ညနေခင်း၌ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံနေခဲ့ကြသည်။

"အခုဆိုရင် မင်းကိုယ်မင်းပိုဂရုစိုက်သင့်တယ်....ငါ့အတွက်စိတ်မပူနဲ့...မကြာခင်မင်းအနားကိုငါပြန်လာခဲ့မယ်"

လင်းမူရွယ်၏မျက်လုံးထောင့်၌ ကြည်လင်သောပုံသဏ္ဍာန်ရှိသည့် မျက်ရည်စက်တစ်ခု တွဲကျလာခဲ့ပြီး ထိုမျက်ရည်စက်မှရောင်စုံအလင်းတန်းများ ဖြာထွက်နေခဲ့သည်။

လင်းမူရွယ်သည် ရုတ်တရက်ရှေ့သို့တိုးလာခဲ့ပြီး ရှောင်ယု၏မျက်နှာကိုနမ်းလိုက်သည်။ထို့နောက် ရှောင်ယု၏လက်ကိုလွှတ်ချလိုက်ကာ လှည့်ထွက်သွားတော့သည်။

"အဲလိုမလုပ်ရဘူးလို့ မင်းကိုပြောထားတယ်မလား"

အေဂါဝမ်သည် လင်းမူရွယ်၏လုပ်ရပ်အပေါ် အလွန်မကျေမနပ်ဖြစ်နေခဲ့သည်။

"အစ်မအေဂါဝမ်...ငါမှားသွားတာပါ...ဒါပေမဲ့ငါတကယ်သည်းမခံနိုင်တော့ဘူး"

လင်းမူရွယ်က ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

"ဘဝတိုင်းမှာ အဆုံးဆိုတာရှိတယ်...အဆုံးမရှိတဲ့ဘဝဟာစစ်မှန်တဲ့ဘဝမဟုတ်ဘူး...ဘယ်အရာကမှပြီးပြည့်စုံတယ်ဆိုတာမရှိဘူး...မီးရှုးမီးပန်းတွေရဲ့သက်တမ်းကတိုတောင်းပေမဲ့ သူတို့ကအရမ်းလှပတယ်...ငါ့ကိုလည်းစိတ်မဆိုးပါနဲ့...ငါဒီတစ်ကြိမ်ပြန်လည်နိုးထလာတာကံတရားပဲ...ဒီခေတ်ကငါ့အတွက်မဟုတ်တော့ဘူး...ငါကခုဆိုရင်တိုက်ကြီးရဲ့အုပ်ထိန်းသူမဟုတ်တော့ဘူး...ငါမရှိလည်းတိုက်ကြီးကိုငါ့ကိုယ်စား စောင့်ရှောက်ပေးနိုင်တဲ့အခြားသူတွေရှိသေးတယ်...အရင်တုံးကတော့ငါက အုပ်ထိန်းသူဆိုတဲ့အဆင့်အတန်းကို အရမ်းတွယ်တာခဲ့တဲ့အတွက် အမှားတွေအများကြီးလုပ်ခဲ့မိတယ်"

"ဒီတိုက်ကြီးပေါ်မှာ သူတို့ရဲ့ဇာတိမြေကိုကာကွယ်ဖို့အတွက် သူတို့ရဲ့အသက်ကိုတောင်အသုံးချမယ့် သူရဲကောင်းတွေအများကြီးရှိနေခဲ့တယ်...ဒါကြောင့်ခုချိန်မှာ တိုက်ကြီးကိုအုပ်ထိန်းမယ့် သူဟာငါတစ်ယောက်တည်းမဟုတ်တော့ဘူး...ဘာပဲဆိုဆို အဆုံးသတ်မှာတော့ မင်းလုပ်နိုင်မယ်လို့ငါယုံကြည်တယ်"

အေဂါဝမ်သည် ထိုအချက်ကိုပြောသောအခါ သူမ၏လေသံသည် ပျော့ပြောင်းနေခဲ့သည်။ယခုအချိန်တွင် တိုက်ကြီးတစ်ခုလုံး၌ အမြင့်ဆုံးအဆင့်၌ရပ်တည်နေခဲ့သော မှော်ဆရာသည် စိတ်သက်သာရာရနေပုံရသည်။

ယခုအချိန်၌သူမသည် အကျဉ်းအကျပ်အားလုံးမှ အမှန်တကယ်လွတ်မြောက်သွားပုံရသည်။

အခန်း ၅၀၇ - သူ့ကို ငါ့ဆီလာဖို့ပြောလိုက်

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ရှောင်ယုသည်မြို့တော်ကာကွယ်ရေးနှင့်ပတ်သက်သော ကိစ္စရပ်များကိုဖြည်းညင်းစွာ ဖြေရှင်းခဲ့သည်။

ဝေပြည်နယ်တွင် ကနေဒီမိသားစု၏တပ်များက တပ်စွဲထားဆဲဖြစ်သော်လည်း လက်ရှိခြင်္သေ့မြို့တော်၏စွမ်းအားသည် ယခင်နှင့်လုံးဝမတူတော့ဘဲ ခုခံစစ်အရာတွင် ပြသနာမရှိတော့ပေ။

ယခုအခါ ခြင်္သေ့နယ်မြေတစ်ခုလုံးသည် အမြင့်ဆုံးသောစိတ်ဓာတ်ဖြင့်ပြည့်နှက်နေခဲ့သည်။လူတိုင်းသည် လာမယ့်စစ်ပွဲအတွက် သူတို့၏အရည်အချင်းကိုပြသရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

ရှောင်ယု၏ စစ်ရေးအားပေးမှု မှုဝါဒကြောင့်လူတိုင်းသည် ရန်သူအားတိုက်ထုတ်လိုကြသည်။ထိုမှသာ အမြတ်အစွန်းများရရှိမှာဖြစ်သည်။

စကားလက်စ်နှင့်မီချဲလ်တို့သည် ရှောင်ယုကကြိုတင်နေရာ ချထားပေးခဲ့သည်။သို့သော်လည်း သူမတို့သည် ဝေပြည်နယ်ရှုံးနိမ့်သည်အထိ စောင့်ဆိုင်းရန်အသင့်ဖြစ်နေကြသည်။ထို့နောက်တွင် သူမတို့သည်ဝေပြည်နယ်၌အခြေချကာ အနောက်တိမ်တိုက်အင်ပါယာနှင့်ကောင်းကင်ခြင်္သေ့မင်းဆက်အကြား ရောင်းဝယ်ဖောက်ကားရန် မန်နေဂျာရှရှန်းနှင့်အတူ ကုန်သည်ကြီးများအသင်းကိုတည်ထောင်မှာဖြစ်သည်။

စကားလက်စ်နှင့်မီချဲလ်တို့သည် အလွန်အကျင့်စာရိတ္တကောင်းမွန်သည့်အတွက်ကြောင့် ရှောင်ယု၏မရီးများက သူမတို့အားအလွန်နှစ်သက်ပေသည်။သို့သော်လည်း ရှောင်ယု၏အကြီးဆုံးမရီးဖြစ်သူက ရှောင်ယုကိုစူးစူးရဲရဲစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဟမ့်...သူတို့နဲ့ပတ်သက်ပြီးတော့ ငါ့မှာထွေထွေထူးထူးပြောစရာမရှိဘူး...ဒါပေမဲ့မင်းဒီထက်ပိုပြီးဆက်မလုပ်သင့်တော့ဘူး...ဒါ့အပြင်သူတို့ကိုလည်းဆိုးဆိုးရွားရွားဆက်ဆံဖို့ မစဉ်းစားနဲ့"

"ဒါ...ဒါကလေ...ဟားဟားစိတ်မပူပါနဲ့...ငါသူတို့ကိုဆိုးဆိုးရွားရွားမဆက်ဆံပါဘူး"

ရှောင်ယုက ကူကယ်ရာမဲ့နေသောလေသံဖြင့်ပြောလိုက်၍ ဤကိစ္စများက အဆုံးသတ်သွားခဲ့သည်။

နယ်မြေတစ်ခုလုံးသည် စတင်စုရုံးလာခဲ့ပြီး စစ်သည်အားလုံးကလည်း သူတို့၏ဓားများကိုချွန်ထက်အောင်ပြုလုပ်ထားကာ တိုက်ခိုက်ရန်အသင့်ပြင်ထားကြသည်။

ဤနေရာတွင် တိုက်ပွဲကြီးတစ်ခုစတင်တော့မည်ဖြစ်သည်။ရှောင်ယုသည် သူတို့အား လုံးဝကြောက်ရွံ့ခြင်းမရှိကြောင်း ကနေဒီမိသားစုမသိနိုင်ခဲ့ပေ။အကြွင်းမဲ့ခွန်အားဖြင့် ရင်ဆိုင်ရမည်ဆိုပါက နည်းဗျူဟာအားလုံးသည် အချည်းနှီးဖြစ်သွားမှာဖြစ်သည်။

ယခုဆိုလျှင် ရှောင်ယုသည်တစ်ဖက်ရန်သူအား တိုက်ရိုက်တိုက်ခိုက်ချေမှုန်းရန် ယုံကြည်မှုရှိနေပြီဖြစ်သည်။

ဦးခေါင်းနှစ်လုံးပါခိုင်မဲရာ ၁၀၀ကိုဆင့်ခေါ်ထားပြီးဖြစ်သော်လည်း ရှောင်ယုသည် သူတို့အားတိုက်ပွဲ၌ချက်ချင်းထုတ်သုံးဦးမှာမဟုတ်ပေ။ရှောင်ယုသည် သူတို့အားဝှက်ဖဲများအဖြစ် ကိုင်ဆောင်ထားဦးမှာဖြစ်သည်။

ကနေဒီမိသားစုသည် သူတို့အားတိုက်ခိုက်တော့မည်ကို သိထားသော်လည်း တိုက်ပွဲဖြစ်ပွားနေချိန်၌ ခိုင်မဲရာအမြောက်အများ ရုတ်တရက်ထွက်ပေါ်လာမည်ဆိုပါက ပရမ်းပတာဖြစ်ကာ သူတို့၏တိုက်ပွဲဝင်လိုစိတ်ကျဆင်းသွားမည်ဖြစ်သည်။

ခိုင်မဲရာသည် ဤတိုက်ကြီး၌ထွက်ပေါ်မလာသည်မှာ အလွန်ကြာပြီဖြစ်သည်။လူတိုင်းသည် နဂါးကိုမှတ်မိကြသော်လည်း ဦးခေါင်းနှစ်လုံးခိုင်မဲရာကဲ့သို့သော ဒဏ္ဍာရီလာသတ္တဝါများအကြောင်းကို အမှန်တကယ်သိသူနည်းပါးပေသည်။

နဂါးတစ်ကောင်သာ စစ်ပွဲအတွင်းထွက်ပေါ်လာခဲ့ပါက အရာအားလုံးရှုပ်ထွေးသွားစေနိုင်သည်။ခိုင်မဲရာ၁၀၀သည် မြို့တစ်ခုကိုဖျက်ဆိးရန် လုံလောက်ပေသည်။

ခိုင်မဲရာ၁၀၀ကိုဆင့်ခေါ်ပြီးနောက်တွင် ကျန်ရှိနေသောနေရာလွတ်၄၀၀၀အား ဖြည့်တင်းရန်အတွက် မုဆိုးခေါင်းဆောင်၅၀၀၊ဝိညာဉ်လျှောက်လမ်းသူ ၅၀၀ ၊ ဝိုင်ဗန်၅၀၀၊နတ်သူငယ်လေးသမား၅၀၀ ၊နတ်သူငယ်မုဆိုး ၅၀၀ ၊ အောစ့်စစ်သည်၅၀၀နှင့် ဝံပုလွေစီးနင်းသူ ၁၀၀၀တို့ကိုပေါင်းထည့်ခဲ့သည်။

ယခင်ကဆိုလျှင် ရှောင်ယုခေါ်ယူနိုင်သောတပ်သားများ၏ အရေအတွက်ကို ကန့်သတ်ထားသည့်အတွက်ကြောင့် တစ်ကြိမ်ဆင့်ခေါ်ခြင်းကသာ လက်တွေ့ကျပေသည်။သူသည် စွမ်းအားကြီးမားသည့်တပ်သားများကို အရေအတွက်အကန့်အသတ်ဖြင့်သာဆင့်ခေါ်နိုင်၍ ရံဖန်ရံခါအခက်အခဲရှိခဲ့သည်။

ယခုအခါ မုဆိုးခေါင်းဆောင်၊ ဝိညာဉ်လျှောက်လှမ်းသူနှင့်ဝိုင်ဗန်တို့အား ဆင့်ခေါ်ခဲ့သည်။သို့သော်လည်း မုဆိုးခေါင်းဆောင်များ၏လှံတံပစ်အစွမ်းသည် နတ်သူငယ်လေးသမားများ၏မြှားအစွမ်းလောက် မကောင်းမွန်ဟုရှောင်ယုက ယူဆထားသည့်အတွက်ကြောင့် နောက်ဆုံးအကြိမ်က မုဆိုးခေါင်းဆောင်များအား ရှောင်ယုမဆင့်ခေါ်ခဲ့ပေ။ယခုတစ်ကြိမ်တွင်မူ သူသည်မုဆိုးခေါင်းကို ဆင့်ခေါ်နိုင်ခဲ့ပြီဖြစ်သည်။

အခြေစိုက်စခန်းတွင် အသုံးမဝင်သော တပ်သားများရှိလိမ့်မည်ဟု ရှောင်ယုမယုံကြည်ပေ။

ဆင့်ခေါ်ခံရပြီးနောက်တွင် ဤမုဆိုးခေါင်းဆောင်များသည် ရှောင်ယုကိုစိတ်မပျက်စေခဲ့ပေ။မုဆိုးခေါင်းဆောင်များ ပစ်လွှတ်လိုက်သောလှံတံများသည် မီတာ၃၀အကွာအဝေးအတွင်း၌ဆိုပါက ရန်သူများကိုထိုးဖောက်ကာ သေစေနိုင်လောက်သည့် ဒဏ်ရာများကိုရရှိစေနိုင်သည်။

ဝိညာဉ်လျှောက်လှမ်းသူများသည် ရန်သူကြောင့်ရရှိလာသောထိခိုက်မှုများကို အချင်းချင်းမျှဝေပေးရန်အတွက် တပ်ဖွဲ့ဝင်များအကြား ချိတ်ဆက်နေသောဝိညာဉ်ချိန်းကြိုးကိုဖန်တီးပေးသည့် ထူးခြားသောစွမ်းရည်ရှိပေသည်။

ထိုအခြေအနေတွင် စစ်မြေပြင်တွင်စစ်သားတစ်ယောက်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်နှင့်တပြိုင်နက် သူရရှိလာသည့်ထိခိုက်မှုကို ချိတ်ဆက်ထားသောဝိညာဉ်ချိန်းကြိုးမှတဆင့် အခြားသောစစ်သားများက မျှဝေခံစားပေးမည်ဖြစ်၍ သူ၏အသက်ကိုကယ်တင်နိုင်မည်ဖြစ်သည်။ကြီးမားသောတိုက်ပွဲများတွင် ဤနည်းလမ်းကိုအသုံးပြုခြင်းဖြင့် တပ်သားများဒဏ်ရာအပြင်းအထန်ရရှိခြင်းကို လျော့ချပေးနိုင်မည်ဖြစ်သည်။

အောစ့်အကိုင်းအခက်များကြားတွင် အောစ့်စစ်သည်များသည် အစွမ်းထက်သည့်သားရဲများသဖွယ်ဖြစ်သည်။သူတို့်ကိုမှန်ကန်စွာ နေရာချတတ်ပါက အောစ့်ခြေလျင်တပ်များ၏အဟုန်သည် အဆများစွာတိုးတက်လာမည်ဖြစ်သည်။

ထို့ကြောင့်ရှောင်ယုသည် အောစ့်စစ်သည်၅၀၀ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။အောစ့်စစ်သည်များသည် အောစ့်တပ်ဖွဲ့တစ်ခုလုံး၏အရန်ယူနစ်များသာဖြစ်ကာ အောစ့်တပ်ဖွဲ့၏အရှိန်အဟုန်ကို တိုးမြင့်ရာ၌အဓိကအသုံးပြုပေသည်။သို့သော်အမှန်တကယ်တော့ အောစ့်စစ်သည်များသည် စစ်ပွဲ၏သေစေနိုင်သောလက်နက်တစ်မျိုးဖြစ်သည်။

ဝိုင်ဗန်များသည် နတ်မြင်းပျံများနှင့်ဆင်တူသည့် လေကြောင်းတပ်ဖွဲ့တစ်ခုဖြစ်သည်။သို့သော်လည်း နတ်မြင်းပျံများသည် ခြေရာခံခြင်း၊ ထောက်လှမ်းခြင်းနှင့်လွတ်လွတ်လပ်လပ်လှုပ်ရှားခြင်းတို့၌ ကောင်းမွန်ပေသည်။ဝိုင်ဗန်များပေါ်ရှိ သူရဲကောင်းများသည် လှံတံများကိုပစ်ခတ်နိုင်ကာ အောက်ဘက်ရှိရန်သူများကို ပြင်းထန်စွာထိခိုက်ပျက်စီးစေသည်။ဝိုင်ဗန်များသည် ကောင်းမွန်သောအနိးကပ်တိုက်ခိုက်ရေးစွမ်းရည်ရှိပြီး ရန်သူစစ်သားများကိုဖမ်းယူကာ အထက်မှနေ၍ပစ်ချနိုင်သည်။

၎င်းတို့ကို လင်းနို့များနှင့်ပူးပေါင်းဆောင်ရွက်ခွင့်ပေးလိုက်ပါက အလွန်ထိရောက်မှာဖြစ်သည်။

၃ရက်အကြာတွင် ရှောင်ယုတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသောအခါတွင် မူဟွာလီက သူ့ထံသို့စာတစ်စောင်ပေးပို့ခဲ့သည်။ယခုအခါတွင် ဘုရားကျောင်း၏ခရူးဆိတ်များသည် နေရာတိုင်း၌ထွက်ပေါ်လာခဲ့သည်။သူတို့၏တပ်ဖွဲ့များသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မကြာသေးမှီက ကနေဒီမိသားစု၏ခွန်အားကိုမြင့်တင်ရန်နှင့် ရှောင်ယု၏အင်အားတိုးတက်လာခြင်းကို တားဆီးရန်အတွက် သွေးနီရောင်ခရူးဆိတ်အမြောက်အများကို ဝေပြည်နယ်သို့လျှိ့ဝှက်စွာစေလွှတ်ခဲ့သည်။

ယခုအခါ ဘုရားကျောင်း၏တပ်ဖွဲ့များ မရောက်သေးပေ။သူတို့တွင် တပ်ဖွဲ့ဝင်အမြောက်အများရှိနေသည့်အတွက်ကြောင့် တပ်ဖွဲ့အချို့ကို ဖြေးဖြေးချင်းသာလျှို့ဝှက်ပို့ဆောင်နိုင်ခဲ့သည်။

"ဘုရားကျောင်းရဲ့စွမ်းအားက ဘယ်သူမှမတားဆီးနိင်တဲ့အနေအထားကို ရောက်နေပြီလား"

ရှောင်ယုက မျက်ခုံးပင့်လိုက်မိသည်။

"ဘုရားကျောင်းရဲ့စွမ်းအားက တနေ့ထက်တနေ့ပိုပိုတိုးလာခဲ့တယ်...ပုံမှန်အားဖြင့်ဆိုရင် အချို့သောအင်အားစုတွေကခုခံဖို့ကြိုးစားကြတယ်ဆိုပေမဲ့ အဲ့ဒီတပ်ဖွဲ့တွေကစည်းလုံးမှုမရှိသလို ဘယ်သူကမှ ဘုရားကျောင်းကိုအခက်အခဲမဖြစ်စေခဲ့ဘူး...ဒါကြောင့်ဘုရားကျောင်းက အထိန်းအကွပ်ပိုမဲ့လာခဲ့တယ်"

မူဟွာလီက စိုးရိမ်နေသောလေသံဖြင့်ပြောလိုက်သည်။

ဘုရားကျောင်း၏အန္တိမပန်းတိုင်မှာ ခြင်္သေ့ဘုရင်မြို့တော်ဖြစ်ကြောင်း သူသိထားပေသည်။အကြောင်းရင်းမှာ အူသာသည်ဤနေရာ၌ရှိနေသည့်အတွက်ကြောင့် အူသာကိုမသုတ်သင်နိုင်ခဲ့ပါက ပုပ်ရဟန်းမင်းသည်ငြိမ်ငြိမ်နေနိုင်မှာမဟုတ်ပေ။

ဘုရားကျောင်း၏အင်အား ပိုမိုကြီးမားလာလေလေ ရှောင်ယုအတွက် အန္တာရယ်ပိုများလေလေဖြစ်သည်။

ရှောင်ယုကပြုံးပြီးပြောလိုက်သည်။

"ငါကဘုရားကျောင်းနဲ့ပုဂ္ဂိုလ်ရေးအရ ဆက်ဆံနေစရာမလိုပါဘူး...ဘုရားကျောင်းကငါတို့အတွက်တင်မက အခြားအင်အားစုတွေအတွက်ပါ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့တယ်...ခုဆိုရင်သူတို့ဟာအရူးတပိုင်းဖြစ်နေခဲ့ပြီ....သူတို့ရဲ့လှုပ်ရှားမှုက ဘယ်သူ့အတွက်မှမကောင်းဘူး...ဒါ့အပြင်ဂေါ်ဒန်ကလည်းလှိူင်းလုံးတွေကို စတင်ဖန်တီးနေတဲ့အတွက် အခြေအနေတွေကအရမ်းကိုရှုပ်ထွေးနေတယ်...တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စောင့်ထိန်းနေကြမယ်ဆိုရင် အားလုံးပြီးသွားမှာပါ"

"အရှင်က ဘာလုပ်ချင်လို့လဲ"

မူဟွာလီသည် ယခုအချိန်တွင် ရှောင်ယု၏အရည်အချင်းကို အလွန်ယုံကြည်နေပြီဖြစ်သည်။ရှောင်ယုထံတွင် မေးခွန်းတိုင်းအတွက်အဖြေရှိနေပုံရသည်။

"ငါတို့ဘာဆက်လုပ်ရမယ်ထင်လဲ...နီကိုးလပ်စ်နဲ့အရင်စလိုက်ရအောင်...ဒီကောင့်ရဲ့ရည်မှန်းချက်ကအရမ်းကိုကြီးမားပြီးတော့ သူ့အစွမ်းအစကခိုင်မာတယ်...သူကျိန်းသေပေါက်သဘောတူလိမ့်မယ်"

ရှောင်ယုကပြုံးပြီးပြောလိုက်သည်။

"နီကိုးလပ်စ်လား...ဒီလူကအရမ်းအစွမ်းထက်ပြီးတော့ သူ့မိသားစုစွမ်းအားကလည်း အရမ်းသန်မာတယ်...သူ့ကိုငါတို့သတိထားမှရမယ်"

မူဟွာလီကသတိပေးလိုက်သည်။

"ဟားဟား...ငါသူ့ကိုတကယ်မကြောက်ဘူး...လက်ရှိအခြေအနေကိုနားလည်တဲ့သူတွေနဲ့ပဲပူးပေါင်းရတာကို ကြိုက်တယ်...ငါစိုးရိမ်နေတဲ့အရာကို သူလည်းစိုးရိမ်နေမှာသေချာတယ်"

ရှောင်ယုက ရယ်မောပြီးပြောလိုက်သည်။

"သူ့ကို ဘယ်နေရာမှာတွေ့ဖို့ပြောလိုက်ရမလဲ"

မူဟွာလီသည် ရှောင်ယု၏ဘေးနားတွင်အချိန်အတော်ကြာသည်အထိ ရှောင်ယု၏အမိန့်များကိုလက်ခံဆောင်ရွက်ဖူးပေသည်။ရံဖန်ရံခါတွင် ရှောင်ယု၏လုပ်ဆောင်ပုံသည် လူတိုင်းစဉ်းစား၍ရသော အရာမဟုတ်ပေ။

ရှောင်ယုက ထူးထူးခြားခြားပြုံးပြလိုက်သည်။

"ဘာလို့သူ့ကိုလိုက်ရှာနေရမှာလဲ...ခြင်္သေ့မြို့တော်မှာ စူးစမ်းလေ့လာဖို့အတွက် ကြီးမားတဲ့ရှေးဟောင်းရတနာသိုက်တစ်ခုကို ရှာတွေ့ထားကြောင်း သတင်းဖြန့်လိုက်...မကြာခင်မှာသူကငါ့ဆီကိုလူကိုယ်တိုင်ရောက်လာလိမ့်မယ်"

"ဒါက အလုပ်ဖြစ်မှာလား"

မူဟွာလီ၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ရှောင်ယုသည် သာမန်လူတို့၏လုပ်ဆောင်ပုံအတိုင်း မလုပ်ဆောင်တတ်ပေ။

"စိတ်ချပါ...ဒါကအလုပ်ဖြစ်မှာပါ"

ရှောင်ယုကပြုံးပြီး ဘာမှဆက်မပြောခဲ့ပေ။

All Chapters