← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း ၅၀၈ - စိတ်ဓာတ်စစ်ဆင်ရေး

မကြာမှီ ခြင်္သေ့မြို့တော်၏မြင့်မားသောတံတိုင်းပေါ်၌ ကြီးမားသည့်အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ချစ်ခင်ရပါသောနီကိုးလပ်စ်...အနာဂတ်မှာ စူးစမ်းလေ့လာဖို့အတွက်အပျက်အစီးတစ်ခုကိုသွားရောက်ရမယ်...အဲ့မှာမရေမတွက်နိုင်တဲ့ရတနာတွေရှိနေတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ ငါတို့ကိုအမြန်ဆုံးဆက်သွယ်ပါ"

ထိုအသိပေးချက်သည် ခြင်္သေ့မြို့မှလူတိုင်းကို ပဟေဋိဖြစ်စေခဲ့သည်။ခြင်္သေ့မြို့ကိုဖြတ်သွားသူတိုင်းက ထိုအသိပေးချက်ကိုကြည့်၍ တစ်ယောက်ပြီးတစ်ယောက်ရယ်မောနေကြသည်။

သို့သော်လည်း ရှောင်ယု၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ကြသည့် ထက်မြက်သောအတွေးပိုင်ရှင်အချို့က ရှောင်ယု၏ညဏ်ပညာကို မချီးကျူးဘဲမနေနိုင်ကြပေ။

ယခုအခါ အန်ကာဂန်တောင်တန်းကို ဖွင့်လှစ်ပေးလိုက်သည့်အတွက် စူးစမ်းလေ့လာရန်အတွက် လာရောက်ကြသူများစွာရှိနေပြီဖြစ်သည်။သူတို့အထဲတွင် စွန့်စားသူများစွာပါဝင်နေသလို ဤနေရာတွင်ရှိသော အောစ့်များ၊နတ်သူငယ်များကို လာရောက်ကြည့်ရှုနေသူများလည်း ရှိနေခဲ့သည်။

ရှောင်ယုသည် ပန်းချီဆရာအဖွဲ့တစ်ခုအားတာဝန်ပေးကာ ခရီးသွားများကိုဆွဲဆောင်ရန်အတွက် အောစ့်ပုံတူပန်းချီများကို ပြုလုပ်စေခဲ့သည်။ထို့ကြောင့် ယခုအခါတွင် ခြင်္သေ့မြို့သည်အလွန်နာမည်ကြီးနေပြီဖြစ်သည်။

ရှောင်ယုသည် ခြင်္သေ့မြို့၏ဂုဏ်သတင်းကို လူအများသိရှိစေရန် ကြိုးစားနေခဲ့သည်။အဆုံးသတ်တွင် ခြင်္သေ့မြို့သည်ဝေးလံခေါင်သီသောအရပ်ဒေသ၌တည်ရှိပြီး ခြင်္သေ့မြို့၏အမည်ကျော်ကြားလာမှသာ ပါရမီရှင်များကိုပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။

ယခုအခါ ခြင်္သေ့နယ်မြေသည် အနောက်မြေရိုင်းဒေသ၏ တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်။ရှောင်ယုသည် စီးပွားရေးလမ်းကြောင်းများကို တမင်တကာတီထွင်ခဲ့ပြီး စီးပွားရေးသမားများအား ဤနေရာသို့ဖြတ်ကျော်ရန် အားပေးခဲ့သည်။ထုံးစံအတိုင်း သူကအခွန်ကောက်မှာဖြစ်သည်။

ထို့ကြောင့် ယခင်ကလူသူဆိတ်ညံခဲ့သော ခြင်္သေ့နယ်မြေသည် ယခုအခါတွင် အလွန်သက်ဝင်သော နေရာတစ်ခုဖြစ်နေပြီဖြစ်သည်။နယ်မြေတွင်း လူဦးရေသည် ယခင်ကထက်အဆ၁၀၀ ပိုများလာခဲ့သည်။

ရှောင်ယု၏ကောင်းမွန်သောမူဝါဒများကြောင့် ဤနေရာသို့အလည်ရောက်လာသည့် လူအချို့သည် ချက်ချင်းအမြစ်တွယ်သွားခဲ့ကာ ခြင်္သေ့နယ်မြေသားများဖြစ်လာကြသည်။

ရှောင်ယုသည် တပ်များစခန်းချရန်အတွက်မဟုတ်ဘဲ လူများကိုနေထိုင်ခွင့်ပေးရန်အတွက် မြို့ငယ်အချို့အားတည်ထောင်ခဲ့ရာမှ တဖြည်းဖြည်းအရေအတွက်ပိုများလာခဲ့သည်။

ရှောင်ယုက စတင်လှုပ်ရှားတော့မည်ကို မြင်တွေ့လိုက်ရချိန်တွင် စွန့်စားသူအများအပြားက ချက်ချင်းပြေးဝင်လာခဲ့ပြီး ငွေရှာရန်အတွက် ကြေးစားများအဖြစ်လုပ်ဆောင်လိုခဲ့ကြသည်။ရှောင်ယုကလည်း ထိုအချက်ကိုအတည်ပြုကာ ကြေးစားများအတွက် ကျင့်ဝတ်စည်းကမ်းများကို အကောင်အထည်ဖော်ခဲ့ပြီး ထိုလူများကို ကာဆိုထံသို့လွဲပြောင်းပေးခဲ့သည်။

ကာဆိုသည် မူလကကြေးစားစစ်သားဖြစ်သောကြောင့် သူတို့အားစီမံခန့်ခွဲရန် အလွန်လွယ်ကူပေသည်။ထိုအဖွဲ့ထဲတွင် သဘာဝအတိုင်း လျှို့ဝှက်သူလျှိုများနှင့်ကင်းထောက်အချို့ရှိနေသော်လည်း ရှောင်ယုကဂရုမစိုက်ပေ။ထိုသို့သူလျှိုတစ်ယောက် နှစ်ယောက်ခန့်က ရှောင်ယုအပေါ်၌ပြသနာအနည်းငယ်မျှပင် မဖြစ်စေနိုင်ပေ။

ထို့ကြောင့် ပြင်ဆင်မှုအားလုံးကို အဆုံးသတ်ပြီးသွားသည့်အခါ ရှောင်ယုသည် သူ၏အင်အားကြီးစစ်တပ်ကိုဦးဆောင်ပြီး ဝေပြည်နယ်သို့ပြောင်ပြောင်တင်းတင်း စတင်ချီတက်လာခဲ့သည်။

ထိုအချိန် ဝေပြည်နယ်၌...

"ဗိုလ်ချုပ်ကိုသတင်းပို့လိုက်တော့...ခြင်္သေ့ဘုရင်ရဲ့စစ်တပ်ဟာ ဝေပြည်နယ်ကိုတိုက်ခိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့တယ်...ခြင်္သေ့ဘုရင်ရဲ့စစ်တပ်မှာ စစ်သည်အင်အားအနည်းဆုံး၁၀၀၀၀၀ပါတယ်"

ကင်းထောက်တစ်ယောက်က လာရောက်သတင်းပို့ခဲ့သည်။

"သူတို့က စစ်ကြောင်းဘယ်နှစ်ခုခွဲထားတာလဲ"

ဇန်း၏အမူအရာသည် မပြောင်းလဲဘဲ မေးခွန်းထုတ်လိုက်သည်။

"ပင်မစစ်ကြောင်းတစ်ခုတည်းပါဘဲ"

ကင်းထောက်က ပြန်ဖြေလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ...တစ်ခုတည်းဟုတ်လား"

ထိုစကားကိုကြားသောအခါ ဇန်းကရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိသည်။ဝေပြည်နယ်၏ အရွယ်အစားသည်အလွန်ကြီးမားပေသည်။နယ်မြေ၏ဒေသအလိုက် အရေးမကြီးသောနေရာများမှ လွန်စွာအရေးကြီးသောနေရာများအထိရှိပေသည်။အချို့သောနေရာများတွင် အကာအကွယ်တင်းကျပ်သလောက် အချို့နေရာများ၌ အကာအကွယ်လုံးဝမရှိပေ။

ဤကဲ့သို့ကြီးမားသော နယ်မြေကြီးတစ်ခုကိုတိုက်ခိုက်လိုပါက ရန်သူများသည် အဓိကကျသောနေရာများစွာကို ဖြန့်ခွဲတိုက်ခိုက်ရန်အတွက် သူတို့၏စစ်တပ်ကိုအဖွဲ့များစွာ ဖြန့်ခွဲပစ်ရမည်ဖြစ်သည်။ယခုအခါ ရှောင်ယုသည် စစ်အင်အား၁၀၀၀၀၀ပါဝင်သည့် တပ်ဖွဲ့ကြီးကိုဦးဆောင်လာခဲ့သည်။

"ဟုတ်တယ်...သူတို့ရဲ့စစ်တပ်ကဖြန့်ခွဲမယ့်ရည်ရွယ်ချက် လုံးဝမတွေ့ရဘူး...သူတို့ရဲ့ဦးတည်ရာကအေးစက်မြို့ဘဲဖြစ်ရမယ်"

ကင်းထောက်က တဖန်ပြန်ဖြေလိုက်သည်။

"ရှောင်ယုကိုကြည့်ရတာ စစ်နည်းဗျူဟာတွေအကြောင်းကို ဘာမှသိပုံမရဘူး...စစ်ပွဲမှာဒီလိုနည်းဗျူဟာမျိုးရှိလို့လား...ငါတို့ကသူ့ကိုအခြားလမ်းကြောင်းကနေပြီး ဖြတ်တိုက်မှာကိုမစိုးရိမ်ဘူးလား...ခုလိုအခြေအနေမျိုးဆိုရင် နောက်ဘက်နဲ့ဘေးဘက်ကနေပြီးတော့ခြုံခိုတိုက်ခိုက်ဖို့ လွယ်ကူနေတယ်"

ရှောင်ယု၏ထူးဆန်းသောနည်းဗျူဟာကြောင့် ဇန်းကမျက်မှောင်ကြုတ်လိုက်မိသည်။

"ရှောင်ယုက အချိန်တိုင်းလိုလို ထူးဆန်းတဲ့စစ်သားတွေနဲ့ အနိုင်ရတတ်တယ်...သူ့ဆီမှာအခြားလှည့်ကွက်တွေရှိနေတာများလား....ငါတို့ဂရုစိုက်မှရမယ်"

ဇန်းက သူ၏နဖူးကိုပွတ်ရင်းပြောလိုက်သည်။

ရှောင်ယုသည် သွေးနီရောင်ခရူးဆိတ်၏ ဂုဏ်သိက္ခာကို စော်ကားနေခြင်းဖြစ်ကြောင်း သူယုံကြည်ပေသည်။ထို့ကြောင့် သူသည်ရှောင်ယုအား အလိုက်အငိုက်တိုက်ခိုက်ခွင့်ပြုရန်အတွက် အထက်အရာရှိများထံသို့ ခွင့်ပြုချက်တောင်းခံလိုက်သည်။

ခရစ်မိုသည် ဘုရားကျောင်း၌ကြီးလေးသောအာဏာကို ပိုင်ဆိုင်ထားပေသည်။ထို့ကြောင့် ဘုရားကျောင်းက ခရစ်မိုအားအပြစ်မမြင်ခဲ့ပေ။ထို့အစား ခရစ်မိုသည်ရှောင်ယု၏လှည့်ကွက်များအောက်ကျရှုံးခဲ့ရကာ အလွန်ဆိုကိုလည်းကြံရာပါဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

ထို့ကြောင့်ဘုရားကျောင်းတစ်ခုလုံးက အလွန်ဆိုနှင့်ရှောင်ယုကို မုန်းတီးနေခဲ့ကြသည်။

"ဟမ့်...သူကဘယ်လိုလှည့်ကွက်တွေထုတ်သုံးမှာလဲဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်...အေးစက်မြို့ကတပ်သားတွေကို ငါတို့ရောက်လာတဲ့ချိန်ထိ ခဏလောက်ခုခံထားဖို့ပြောလိုက်...တကယ်လို့သူတို့သာ တစ်နေ့လောက်ခုခံထားနိုင်မယ်ဆိုရင် ရှောင်ယုကကျိန်းသေပေါက်ကျရှုံးရလိမ့်မယ်"

ဇန်းက အမိန့်ကိုထုတ်ပြန်လိုက်သည်။

"အမိန့်အတိုင်းပါ"

ကင်းထောက်က ခေါင်းညိတ်၍ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ယု၏စစ်တပ်သည် သီချင်းဆိုရင်းဆက်လက်ချီတက်နေခဲ့သည်။ရှောင်ယုသည် "ကိုယ်တိုင်တိုးတက်မှု"ဟူသည့်သီချင်းကို စစ်ရေးသီချင်းအဖြစ်ပြောင်းလဲခဲ့ကာ လူတိုင်းကိုကျယ်လောင်စွာဆိုစေခဲ့သည်။

"ကိုယ်တိုင်တိုးတက်မှု"သီချင်းသည် မူလကရှေးဟောင်းသီချင်းတစ်ပုဒ်ဖြစ်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏စိတ်ဓာတ်ကိုမြင့်တင်လိုပါက အလွန်အသုံးဝင်ပေသည်။ထို့ကြောင့် လက်ရှိအခြေအနေတွင် ဤသီချင်းကကိုက်ညီပေသည်။

မည်သည့်စစ်တပ်အတွက်မဆို စိတ်ဓာတ်ပိုင်းဆိုင်ရာသည် အလွန်အရေးကြီးပေသည်။ရှောင်ယုသည် ဤကဏ္ဍကိုအလွန်ပင်အလေးထားပြီး မြင့်တင်ရန်အထူးကြိုးပမ်းခဲ့သည်။သီချင်းဆိုခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာအရာမြင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။

နှစ်ရက်ကြာချီတက်ပြီးနောက်တွင် သူတို့သည်အေးစက်မြို့၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။သူတို့သည် ဇန်းမှအားဖြည့်ပေးထားသော အေးစက်မြို့ကိုတစ်ချက်ကြည့်လိုက်ကြသည်။ရှောင်ယုသည် အေးစက်မြို့အားချက်ချင်းတိုက်ခိုက်ရန် အမိန့်မပေးခဲ့ဘဲ သူ၏တပ်သားများကိုအစားအသောက်များ စားခွင့်ပေးကာ ခေတ္တအနားယူစေခဲ့သည်။

လူတိုင်းသည် အလွန်ပင်အံ့သြသွားခဲ့သည်။ဘာလို့ချက်ချင်း မတိုက်ခိုက်ရတာလဲ....မည်သို့ပင်ဆိုစေ ရှောင်ယုသည်မည်သည့်အခါကမှ မရှုံးနိမ့်ဖူးသူဖြစ်ကြောင်း လူတိုင်းသိထားကြသည်။သူယခုလိုလုပ်ဆောင်ခြင်းက အကြံအစည်အချို့ရှိကိုရှိရပေမည်။

ထိုအချိန်တွင် ရှောင်ယုတိုက်ခိုက်လာမည်ကိုစောင့်မျှော်နေသော ဇန်းသည် မည်သည့်တိုက်ခိုက်မှုကိုမှ မရင်ဆိုင်ရ၍ မျက်မှောင်ကြုတ်မိလိုက်သည်။ရှောင်ယု၏အတွေးများကို သူအမှန်တကယ်နားမလည်တော့ပေ။

သို့သော်လည်း သူသည်ရှောင်ယုအားလျစ်လျူမရှုဝံ့ဘဲ လူတိုင်းအား သတိအမြင့်ဆုံးထားရန် တင်းကြပ်စွာသတိပေးလိုက်သည်။ဇန်းသည် လွန်စွာမှအိပ်ငိုက်နေသော်လည်း သူသည်အိမ်သို့ပြန်၍အနားယူအိပ်စက်ခြင်းမျိုး မလုပ်ဆောင်ဝံ့ပေ။

"ရှောင်ယုက ဘာဖြစ်ချင်နေတာလဲ...သူကငါတို့ကိုစပြီးတော့တိုက်ခိုက်စေချင်တာလား..."

ဇန်းသည် ရူးတော့မလိုခံစားနေရသည်။ရက်အနည်းငယ်ခန့်သာဆိုလျှင် အဆင်ပြေသေးသော်လည်း ယခုမူတစ်လကျော်သွားခဲ့ပြီဖြစ်သည်။ရှောင်ယုသည် မြို့ပြင်တွင် သက်တောင့်သက်သာစစ်တုရင်ကစားရင်း မြို့ကိုတိုက်ခိုက်ရန် လုံးဝစိတ်ကူးရှိပုံမရပေ။ဇန်းက သူ၏အာရုံများလဲပြိုကျတော့မလိုခံစားနေရသည်။

အချိန်တစ်လခွဲကုန်ဆုံးသွားပြီးနောက် ဇန်းသည်စိတ်မထိန်းနိုင်တော့ပေ။ရန်သူတပ်သား ၁၀၀၀၀၀သည် မြို့ပြင်တွင်တပ်စွဲထားကာ လုံးဝတိုက်ခိုက်ခြင်းမပြုပေ။ဤအရာသည် သူတို့အားဖိအားအကြီးကြီးပေးစွမ်းနေခဲ့သည်။

"မဟုတ်ဘူး...ငါသူတို့ကိုဖယ်ရှားဖို့အတွက် နည်းလမ်းတစ်ခုခုရှာရမယ်"

ဇန်း၏မျက်လုံးများက အနည်းငယ်တောက်ပလာခဲ့သည်။

ဇန်းသည် အလွန်ပင်မာနကြီးသောလေသံဖြင့် စော်ကားလိုသောစိတ်ဖြင့် ရေးသားထားသည့်စိန်ခေါ်စာတစ်စောင်ကို ရှောင်ယုထံပေးအပ်ခဲ့သည်။ထိုစာကို ဇန်း၏အကြံပေးများကိုယ်တိုင် ရေးသားခဲ့ကြသည်။သာမန်လူတစ်ယောက်ကသာ ထိုစာကိုဖတ်ကြည့်ပါက ဒေါသပေါက်ကွဲကာ ကြမ်းကြမ်းတမ်းတမ်းပြုမူမိမှာဖြစ်သည်။

သို့သော်လည်း ရှောင်ယုက ထိုစာကိုဖတ်ကြည့်ပြီးနောက်တွင် ပြန်စာတစ်စောင်ကိုရေးသားခဲ့သည်။ထိုစာတွင် စကားလုံး ၄လုံးသာပါဝင်ပေသည်။

"မင်းမေ**လိုက်"

ဇန်းသည် ထိုစကားလုံး၄လုံးကိုကြည့်ရင်း ပျို့တက်လာသည့်သွေးများကို ပြန်မျိုချကာ သက်ပြင်းချမိလိုက်သည်။

ထို့ကြောင့် နောင်တွင်ဇန်းကသူ့အား ရန်စရန်မည်သို့ပင်ကြိုးစားနေပါစေ ရှောင်ယုက စကားလုံးလေးလုံးပါသည့် ပြန်စာတစ်စောင်ကိုသာ ပေးအပ်ခဲ့သည်။

ထို့ပြင် ရှောင်ယုသည်လည်း သူ၏တပ်သား၁၀၀၀၀၀အား ထိုစကားလုံး၄လုံးကို တပြိုင်နက်တည်းကြွေးကြော်စေခဲ့သည်။ထိုသို့ပြုလုပ်ခြင်းက လူတစ်ယောက်၏ကျောရိုးကိုအေးစိမ့်သွားစေခဲ့သည်၊လူတစ်ယောက်က ဘာလို့အဲလောက်ဆိုးသွမ်းရတာလဲ...

ထိုသို့ဖြစ်ပြီးချိန်မှစ၍ ဇန်းသည်ရှောင်ယုကိုရန်စရန် ထပ်မံမကြိုးစားဝံ့တော့ပေ။သူသည် ဤသို့ယှဉ်ပြိုင်ရာ၌ ရှောင်ယုနှင့်အဆင့်တူမဟုတ်ကြောင်း အဆုံးသတ်တွင်နားလည်သွားခဲ့သည်။

သို့သော်လည်း ဇန်းသည် သူ၏သတိကိုမဖြေလျော့ဝံ့ပေ။ရှောင်ယုထံတွင် အကြံအစည်အချို့ရှိပြီး သူတို့အားခိုးဝင်တိုက်ခိုက်ရန် ကြံစည်နေသည်ဟု သူယုံကြည်ထားသည့်အတွက်ကြောင့် သူသည်စစ်သားများကိုအမြဲလိုလိုသတိအမြင့်ဆုံးထားကာ ရန်သူကိုလျော့မတွက်စေခဲ့ပေ။

နောက်ထပ်တစ်လခွဲကုန်ဆုံးသွားပြီးနောက်တွင် ဘုရားကျောင်း၏တပ်မှူးသည် ဆက်လက်သည်းမခံနိုင်တော့ဘဲ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

"မင်းဘာကိုကြောက်နေတယ်ဆိုတာ ငါတကယ်နားမလည်နိုင်ဘူး...ငါကသာရုတ်တရက်တိုက်ခိုက်ရင် သူတို့ဘက်ကအသေအပျောက်များလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်"

"မင်းရဲ့စိတ်ခံစားချက်တွေကို ငါနားလည်ပေးနိုင်တယ်...ဒါပေမဲ့ အရင်တုံးက ငါဟာသခင်အလွန်ဆိုနဲ့သခင်မူရေးတို့နဲ့အတူ ရှောင်ယုကိုတိုက်ခိုက်ခဲ့ဖူးတယ်...အဲ့ဒီအချိန်ကငါတို့ရဲ့ခွန်အားက ခုထက်ပိုသန်မာပေမဲ့ အရှုံးပေးခဲ့ရတယ်...ခုလူတွေလောက်နဲ့ရှောင်ယုကိုသတ်နိုင်မယ်လို့ မင်းထင်လား..."

ဇန်းသည် မကြာသေးမှီကအလွန်ဒေါသပေါက်ကွဲထားခဲ့ရာ ရိုင်းရိုင်းစိုင်းစိုင်းပင်ပြန်ပြောလိုက်သည်။

"အာ့ဆိုငါတို့ဘာဆက်လုပ်ရမှာလဲ...ငါတို့စောင့်ရမှာလား"

တပ်မှူးဖြစ်သူက အော်ဟစ်လိုက်သော်လည်း ဇန်း၏စကားကမမှားကြောင်းနားလည်ပေသည်။ရှောင်ယုသာ အစွမ်းမထက်ပါက ဤနေရာ၌ရှိနေမည်ကိုမဟုတ်ပေ။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယုသည်သူ၏တပ်သားများနှင့်အတူ မတူညီသောဂိမ်းများကိုစတင်ကစားခဲ့သည်။စခန်းချရာနေရာသည် မကျယ်ပြောသည့်အတွက် စခန်းအပြင်ဘက်သို့ထွက်ကစားရသည့်အချိန် များစွာရှိနေခဲ့သည်။

အခန်း ၅၀၉ - ဆွေးနွေးညှိနှိုင်းခြင်း

ယနေ့တွင် ရှောင်ယုသည် ကာဆိုနှင့်စစ်တုရင်ကစားပြီး သီချင်းနားထောင်ရင်း ပျော်ရွှင်နေသည့်အချိန်တွင် ရုတ်တရက်စစ်သားတစ်ယောက်က အမြန်ရောက်ရှိလာကာ ရှောင်ယုကိုအလေးပြုလိုက်သည်။

"သခင်...အပြင်ဘက်မှာနီကိုးလပ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရောက်လာပြီး တွေ့ခွင့်တောင်းနေတယ်"

"ဘာလို့အဲလောက်နောက်ကျနေရတာလဲ"

ရှောင်ယုက အလွန်ပင်မကျေမနပ်ဖြစ်နေသော်လည်း သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"သူ့ကိုအထဲခေါ်လိုက်"

သိပ်မကြာခင် ရင်းနှီးနေသောလူတစ်ယောက်သည် ရှောင်ယု၏စခန်းထဲသို့ရောက်လာကာ ပျင်းရိနေသောမျက်နှာပေးဖြင့် ဆိုဖာပေါ်၌လဲလျောင်းနေသော ရှောင်ယုကိုတွေ့လိုက်၍ ပြုံးပြလိုက်သည်။

"မတွေ့ရတာကြာပြီရှောင်ယု"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

"ဟုတ်တယ်...တကယ်တော့အဲလောက်လည်းမကြာသေးပါဘူး...မင်းကငါ့ရဲ့ချောမောလှပတဲ့မျက်နှာလေးကို မေ့လို့မရဘူးမလား...ဒါပေမဲ့အရမ်းကြီးစိတ်မပူပါနဲ့...အဲ့ဒီအတွက်မင်းကိုငါအပြစ်မတင်ပါဘူး...နောက်ဆုံးတော့ငါပိုင်ဆိုင်တာဆိုလို့ ဟောဒီသနားစရာမျက်နှာလေးပဲရှိတော့တယ်"

"အိုး...မင်းကအရင်လိုအရှက်ကင်းမဲ့နေတာပဲ"

နီကိုးလပ်စ်သည် ရှောင်ယုကိုကြည့်ရင်း အသက်ခပ်ပြင်းပြင်းရှုကာ ရေရွတ်လိုက်သည်။သူသည် ရှောင်ယု၏နံဘေးသို့ တည့်တည့်ဝင်ကာထိုင်ချလိုက်ပြီး ဝိုင်တစ်ခွက်ကိုကောက်မော့လိုက်သည်။

"ဘုရားကျောင်းက တိုးချဲ့နေတာကိုငါသတင်းရထားတယ်...သူတို့ရဲ့တိုးချဲ့မှုကိုဟန့်တားဖို့ အစီအစဉ်မရှိဘူးလား"

ရှောင်ယုသည် သက်တောင့်သက်သာရှိသောအနေအထားကို ချိန်ညှိလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

"စိတ်မပူပါနဲ့...ပုပ်ရဟန်းမင်းကငတုံးမဟုတ်ဘူး..ဘယ်အချိန်မှာရပ်ရမယ်ဆိုတာကို သူသိထားတယ်...ခုဆိုရင်လူတွေမင်းအကြောင်းကိုပဲတွေးနေကြတယ်...မင်းကဘယ်တော့ဖျက်ဆီးဖို့စိတ်ကူးထားလဲ"

နီကိုးလပ်စ်သည် သူ၏ဖိနပ်ကိုပင်ချွတ်ထားလိုက်ကာ သက်တောင့်သက်သာအနေအထားဖြင့် ဆိုဖာပေါ်လဲလျောင်းနေလိုက်သည်။

"မင်းကတကယ်လောဘကြီးတာပဲ..."

ရှောင်ယုက မကျေမနပ်ပြန်ပြောလိုက်သည်။

"ငါကအမြဲတမ်း လောဘကြီးတယ်လေ"

နီကိုးလပ်စ်က ပြုံးပြုံးလေးပြောလိုက်သည်။သူသည် စပျစ်သီးတစ်လုံးကိုကိုင်လိုက်ပြီး ပါးစပ်ထဲသို့ညင်သာစွာပစ်ထည့်လိုက်ကာ ညစ်ပတ်သောမျက်နှာထားဖြင့်ပြောလိုက်သည်။

"လောဘကြီးတဲ့သူတွေက အဆုံးသတ်မကောင်းကြဘူး"

ရှောင်ယုက ကျိန်ဆဲလိုက်သည်။

"အသက်ရှင်နေတဲ့ကာလမှာ လူတွေကလောဘကြီးကြတာပဲ...သူတို့ဟာလောဘကြီးမှုကြောင့်ပဲ အသက်ရှင်ဖို့တွန်းအားပေးနေကြတာလေ...မင်းရောလောဘမကြီးလို့လား"

နီကိုးလပ်စ်သည် ရှောင်ယု၏ကျိန်ဆဲမှုကို ဂရုမစိုက်ပေ။

"ဟမ့် ငါကလောဘကြီးတာလား...ငါ့ရဲ့အကြီးမားဆုံးရည်မှန်းချက်က ငါ့ရဲ့နယ်မြေကိုကာကွယ်ဖို့ ဧကရာဇ်ငယ်လေးတစ်ပါးဖြစ်လာဖို့နဲ့...ခုလိုပြဿနာများတဲ့ကိစ္စတွေကနေပြီး ဝေးဝေးမှာနေနိုင်ဖို့ဘဲ...မင်းငါပြောတာမယုံဘူးလား"

ရှောင်ယုကပြောလိုက်သည်။

နီကိုးလပ်စ်က ရှားရှားပါးပါးလေးနက်သည့် မျက်နှာဖြင့်ပြောလာခဲ့သည်။

"ငါယုံပါတယ်...ဒါပေမဲ့ဒီကမ္ဘာကြီးက မင်းကိုအဲလိုလုပ်ခွင့်မပေးဘူး...ဒီကမ္ဘာကြီးမှာငါကအခြားသူတွေကိုမဝါးမြိုရင် အခြားသူတွေကမင်းကိုဝါးမြိုသွားလိမ့်မယ်...ဒါကြောင့်မင်းကကိုယ့်ကိုကိုယ်အသန်မာဆုံးဖြစ်အောင်ကြိုးစားပြီးတော့ အခြားသူတွေကိုဝါးမြိုပြီး အကြီးဆုံးငါးတစ်ကောင်ဖြစ်လာရမယ်"

"ဒါပေမဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ငါးတွေတောင်မှ ကံကြမ္မာမြစ်ထဲကနေ ဘယ်တော့မှမခုန်ထွက်နိုင်ကြဘူး...အများစုကတော့လှိုင်းအနည်းငယ်ထရုံလောက်ပဲ...ဒါပေမဲ့သူတို့ကမြစ်ကိုခုန်ကျော်ပြီး ဘယ်တော့မှကမ်းပေါ်ရောက်လာမှာမဟုတ်ဘူး"

ရှောင်ယုက သူ၏ကိုယ်ပိုင်အယူအဆအချို့ကို ထုတ်ဖော်ပြောဆိုရင်း ပျော်ရွှင်နေခဲ့သည်။

"ဘယ်သူကမှ ကမ်းပေါ်တက်မလာနိုင်ပေမဲ့ မြစ်ထဲမှာရှိနေသရွေ့တော့ ငါတို့လွတ်လွတ်လပ်လပ်ကူးခတ်နိုင်တယ်လေ...ငါတို့အဲလိုမလုပ်နိုင်ဘူးလား"

နီကိုးလပ်စ်သည် အံ့အားသင့်သွားပြီးနောက်တွင် ရုတ်တရက်ပြုံးလိုက်မိသည်။

"ဟားဟား...မင်းပြောတာမမှားပါဘူး...ငါတို့ပျော်ပျော်ရွှင်ရွှင်ရေကူးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားသရွေ့တော့ အဲ့ဒါကဖြစ်လာမှာပါ"

နီကိုးလပ်စ်သည် ဤမျှထိစေ့စေ့စပ်စပ်တွေးမြင်နိုင်လိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားပေ။ဤသည်မှာ သူ၏မူလဆန္ဒဖြစ်သော ပျော်ရွှင်စွာနေထိုင်ရန်ဖြစ်သည်။

"မင်းပြောခဲ့တဲ့ စွန့်စားခန်းအသစ်ကဘာလဲ"

နီကိုးလပ်စ်က ဝိုင်တစ်ငုံသောက်လိုက်ပြီး စီးပွားရေးအကြောင်းဆက်ပြောခဲ့သည်။

"တကယ်တော့ ဒါကဒီလိုပါဘဲ...ဝေပြည်နယ်ကိုငါဘယ်လိုရှင်းထုတ်မလဲဆိုတာ မင်းကိုမြင်အောင်ကြည့်စေချင်တယ်...အနာဂတ်မှာဒီပြည်နယ်ကြီးတစ်ခုလုံးက ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေမှာပဲ...အကျိုးကျေးဇူးတွေအကုန်လုံးကို ငါတစ်ယောက်တည်းလက်ဝါးကြီးမအုပ်ချင်ဘူး...ဒါကြောင့်လည်းဒီအကျိုးကျေးဇူးတွေကို တစ်စုံတစ်ယောက်နဲ့မျှဝေသင့်တယ်လို့ ငါထင်တယ်"

ရှောင်ယုက အပြင်ဘက်ရှိတံတိုင်းကြီးကို ညွန်ပြရင်းပြောလိုက်သည်။

"အိုး...မင်းကဘယ်တုံးကအဲလောက်ကြင်နာတတ်သွားတာလဲ...အကျိုးခံစားခွင့်နဲ့ပတ်သက်လာရင် မင်းကအမြဲတွန့်တိုနေတာပဲ...မင်းကငါ့ဆီကနေပြီးဘာလိုချင်တာလဲ"

နီကိုးလပ်စ်က တိုက်ရိုက်မေးမြန်းလိုက်သည်။

"အဟွတ်...မင်းမသိသလိုဟန်ဆောင်ပေးထားလို့မရဘူးလား...ဒီလောက်ကြီးပြောင်ပြောင်တင်းတင်းပြောစရာမလိုဘူးလေ"

ရှောင်ယုက ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်များကိုဖြန့်၍ပြောလိုက်သည်။

"ကောင်းပြီ မင်းကိုငါမျက်နှာသာပေးမယ်...ငါဘယ်လောက်ထိအကျိုးအမြတ်ရနိုင်မလဲ"

နီကိုးလပ်စ်က ခပ်ပြုံးပြုံးအမူအရာဖြင့် မေးမြန်းလိုက်သည်။

"ငါမကြာသေးခင်ကမှ ကုန်သည်မှုအဖွဲ့အစည်းတစ်ခုကိုရထားခဲ့တယ်...သူတို့ကအနောက်မြေရိုင်းဒေသနဲ့လွင်ပြင်ဒေသအကြားမှာ စီးပွားရေးလုပ်ဖို့စီစဉ်ခဲ့တယ်....ဒါပေမဲ့အချို့နေရာတွေမှာ ငါ့ရဲ့သြဇာလွှမ်းမိုးမှုက အရမ်းမကြီးမားဘူး...အဲ့ဒါကြောင့်အဲ့နေရာတွေမှာရှိတဲ့ အကိုင်းအခက်တွေကိုဘေးကင်းစေဖို့အတွက် သေချာအောင်လုပ်ဖို့လိုတယ်...မင်းရဲ့အကူအညီကိုသာရရင်ငါတကယ်စိတ်ချထားလို့ရပြီ...ဒါကြောင့်မင်းအရှုံးမပေါ်အောင်အတွက် မင်းကိုငါအကျိုးအမြတ်နည်းနည်းပေးမယ်လေ"

ရှောင်ယုက ကွေ့ဝိုက်ပြောမနေတော့ဘဲ တိုက်ရိုက်စီးပွားရေးစကားပြောခဲ့သည်။

"အိုး...ဒါကကောင်းတဲ့ကိစ္စပဲ...မင်းကအနောက်တိမ်တိုက်အင်ပါယာနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတော့ အဲ့ဒီမှာရှိတဲ့အရင်းအမြစ်တွေနဲ့ နိုင်ငံရေးအထောက်အပံ့တွေကို အများကြီးရနိုင်တာပဲ...ဒါကကောင်းမွန်တဲ့သဘောတူညီချက်လည်းဖြစ်တယ်...ဆိုတော့မင်းကငါ့ကိုအမြတ်ဘယ်လောက်ပေးမှာလဲ"

ရှောင်ယု၏စကားက နီကိုးလပ်စ်၏စိတ်ဝင်စားမှုကို နိုးဆွပေးလိုက်သည်။

နှစ်ဦးနှစ်ဖက်သည် အချိန်အတော်ကြာအောင်ညှိနှိုင်းပြီးနောက်တွင် အဆုံးသတ်၌အမြတ်၃၀ရာခိုင်နှုန်းဖြင့် ဖြေရှင်းခဲ့သည်။နီကိုးလပ်စ်သည် အသားတင်အမြတ်၏၃၀ရာခိုင်နှုန်းကို ရရှိမှာဖြစ်ကာ အပြန်အလှန်အားဖြင့် လွင်ပြင်ဒေသရှိကုန်သည်အဖွဲ့၏ ဘေးကင်းမှုကို အာမခံပေးရမည်ဖြစ်သည်။

"မင်းကတကယ့်ကို စိတ်နှလုံးမဲညစ်နေတဲ့အမြတ်ကြီးစားတစ်ယောက်ပဲ...မင်းမိသားစုဒီလောက်ကြီးပွားနေတာ မဆန်းတော့ပါဘူး...မင်းတို့ကဒီနည်းအတိုင်းလုပ်ဆောင်နေကြတာပဲ"

ရှောင်ယုက နီကိုးလပ်စ်အားကျိန်ဆဲရန် မမေ့ခဲ့ပေ။

"ငါ့တို့သာစီးပွားရေးကို ရိုးရိုးသားသားလုပ်မယ်ဆိုရင် နှစ်ပေါင်းထောင်ချီအမွေဆက်ခံတဲ့ မိသားစုဖြစ်လာနိုင်ပါမလား...သစ္စာမဖောက်တဲ့သူတွေဟာအားနည်းတဲ့သူတွေပဲ....ဒီလောကမှာ သင်ဟာသူတစ်ပါးကိုဝါးမြိုပြီး သူတစ်ပါးရဲ့အသွေးအသားကိုစုပ်ယူပြီး ကြီးထွားလာရမယ်...မဟုတ်ရင်အခြားလူတစ်ယောက်က မင်းကိုဝါးမြိုသွားလိမ့်မယ်"

နီကိုးလပ်စ်သည် ဆိုဖာပေါ်မှီ၍ အလွန်တိုးလျသောလေသံဖြင့်ပြောလိုက်သည်။

"ခုတော့ ကုန်သည်အဖွဲ့ကိစ္စပြေလည်သွားပြီ...ဘုရားကျောင်းအကြောင်းဆက်ရအောင်"

ရှောင်ယုက နီကိုးလပ်စ်၏မျက်လုံးများကိုကြည့်၍ ပြောလိုက်သည်။

"ဘုရားကျောင်းကငါနဲ့ဘာဆိုင်လို့လဲ...ဘာပဲဖြစ်ဖြစ်သူတို့ကငါ့ကိုမခြိမ်းခြောက်နိုင်ဘူး"

နီကိုးလပ်စ်က ဆိုဖာပေါ်သို့နောက်ကျောကိုမှီချလိုက်သည်။

"ဟမ့်...မင်းအဲလိုပြောလို့မရဘူးလေ...ဘုရားကျောင်းမှာဘယ်လိုအရာတွေရှိနေတယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ...မင်းလဲတနေ့နေ့တချိန်ချိန်ကျ သူတို့ရဲ့ပစ်မှတ်ဖြစ်လာနိုင်တာပဲ....ပုပ်ရဟန်းမင်းရဲ့ရည်ရွယ်ချက်တွေက သေးငယ်တာမဟုတ်ဘူး...သူ့ရဲ့ခွန်အားတိုးလာတာနဲ့အမျှ သူ့ရဲ့ရည်မှန်းချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ပိုတိုးလာလိမ့်မယ်...အဲ့ဒီအကြောင်းကိုလီယိုနာဒိုနဲ့သေချာဆွေးနွေးလို့ရတယ်...သူကခုဆိုရင်ဘုရားကျောင်းနဲ့အနီးကပ်ဆက်ဆံနေပုံရတယ်"

ရှောင်ယုသည် လီယိုနာဒိုကိုဤကိစ္စထဲသို့ဆွဲသွင်းလိုက်သည်။

အခန်း ၅၁၀ - ပုန်းကွယ်နေသည့်အန္တာရယ်

"မင်းက ဘုရားကျောင်းရဲ့ပထမဆုံးပစ်မှတ်ဆိုတာကို လူတိုင်းသိတယ်ရှောင်ယု"

"မင်းကငါတို့ကိုဒုက္ခတွင်းထဲကို ဆွဲသွင်းဖို့အရမ်းကိုစိတ်လောနေတာပဲ....မင်းကဘုရားကျောင်းကိုကြောက်နေတာလား"

နီကိုးလပ်စ်သည် ရှောင်ယု၏စကားကိုမယုံဘဲ ဆိုဖာပေါ်၌ပျင်းရိစွာလဲလျောင်းနေခဲသည်။

"ဟေး...ငါကလူတိုင်းအတွက်အဆင်ပြေအောင်ပြောနေတာလေ....ဒါကငါတစ်ယောက်တည်းအတွက်မဟုတ်ဘူးလေ...ခုဆိုရင်ပြည်မကြီးကပရမ်းပတာစဖြစ်နေပြီ...လူတိုင်းကတပ်ဖွဲ့အားလုံးကိုကန့်သတ်ထားခြင်းမရှိတော့ဘဲ တိုးချဲ့မှုတွေစလုပ်နေကြပြီ...လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုတွေလည်း စတင်ထွက်ပေါ်လာကြပြီ...သူတို့ကဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာကို တစ်ယောက်မှမသိကြဘူး...ဘာပဲဖြစ်ဖြစ် အကြီးမားဆုံးခြိမ်းခြောက်မှုကဘာလဲဆိုတာ မင်းရောငါရောသိထားကြတယ်...ဘုရားကျောင်းကတော့ဒုတိယပဲ..."

"ဘုရားကျောင်းရဲ့အမြစ်တွေက အရမ်းကိုနက်ရှိုင်းတယ်....သူတို့ရဲ့လက်အောက်မှာ ပါလာဒင်တွေအများကြီးရှိနေတယ်...သူတို့ရဲ့စစ်တပ်ကအရမ်းအင်အားကြီးမားပြီး သူတို့ရဲ့ယုံကြည်မှုက သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုပိုတိုးစေတယ်...တတိယအချက်ကတော့ ဂေါ်ဒန်ဦးဆောင်တဲ့အောစ့်တွေဟာ လူသားတွေကိုတန်ပြန်တိုက်ခိုက်နေတယ်...ရှေးခေတ်သူရဲကောင်းတစ်ယောက်အနေနဲ့ ငါတို့ကဂေါ်ဒန်ကိုလျော့တွက်လို့မရဘူး...ဒီအင်အားစုတွေက မင်းပြောခဲ့တဲ့စားသောက်ဆိုင်သီအိုရီလိုမျိုး အတူတကွယှည်တွဲနေထိုင်ဖို့မဖြစ်နိုင်ဘူး....အနာဂတ်မှာ ငါတို့ဟာတစ်ယောက်ကိုတစ်ယောက် ဝါးမြိုကြမှာဆိုပေမဲ့ အဲမတိုင်ခင်တော့အချင်းချင်းပူးပေါင်းဆောင်ရွက်လို့ရတယ်...ဒါပေမဲ့မင်းကသူတို့နဲ့ပူးပေါင်းဖို့သတ္တိရှိလား...မင်းကသူတို့ထဲကတစ်ယောက်နဲ့ပူးပေါင်းဝံ့ရင် မင်းရဲ့အဆုံးသတ်ကကောင်းမွန်မယ်မထင်ဘူး..."

ရှောင်ယုသည် တိုက်ကြီးအတွင်းရှိ အင်အားစုများအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး ဖြေးညင်းစွာရှင်းပြလိုက်သည်။

နီကိုးလပ်စ်သည် ရှောင်ယု၏သုံးသပ်ချက်ကိုနားထောင်ပြီး စကားမပြောခဲ့ပေ။သူသည် ရှောင်ယု၏ပြောစကားကိုသဘာဝကျစွာပင် နားလည်ပေသည်။ရှောင်ယု၏စကားများကလည်း ကျိုးကြောင်းဆီလျော်ပေသည်။

သို့သော်လည်း သူနှင့်ရှောင်ယုတို့က မတူညီသောအနေအထား၌ရှိနေခဲ့သည်။ယခုရှောင်ယုပြောပြခဲ့သည့် အင်အားစု၃မျိုးအပြင် ရှောင်ယုကလည်း ထိုလူများထက်နိမ့်ကျစရာအကြောင်းမရှိပေ။

သူ၏မျက်လုံးထဲတွင် ရှောင်ယုသည်သာ အမှန်တကယ်ကြောက်စရာအကောင်းဆုံးပြိုင်ဘက်ဖြစ်သည်။ဒဏ္ဍာရီတစ်ခုကြောင့် ရှေးခေတ်သူရဲကောင်းများက ပြန်လည်ရောက်ရှိလာခဲ့ကာ ပြည်မကြီး၏အကြီးမြတ်ဆုံးသောအုပ်စိုးသူသည် လူမျိုးပေါင်းစုံကိုဦးဆောင်၍ တိုက်ကြီးတစ်ခုလုံးကိုစည်းလုံးစေမည်ဖြစ်သည်။

ယခုအခါတွင် လူမျိုးစုပေါင်းစုံနှင့်ရှေးခေတ်သူရဲကောင်းများဖြင့် ဖွဲ့စည်းထားသောစစ်တပ်သည် ရှောင်ယု၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ဆိုလိုသည်မှာ ရှောင်ယုသည်ဒဏ္ဍာရီထဲကဖော်ပြထားသည့် ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။

ထို့ကြောင့် နီကိုးလပ်စ်သည် ရှောင်ယုကိုအမှန်တကယ် မနာလိုဖြစ်ခဲ့သည်။မကြာသေးမှီက နီကိုးလပ်စ်သည် ရှောင်ယုအားအချိန်အတော်ကြာစောင့်ကြည့်ခဲ့ပြီး ရှောင်ယုကတဖြည်းဖြည်းအင်အားကြီးထွားလာသည်ကို တွေ့ရှိခဲ့သည်။

ထို့ပြင် ရှောင်ယု၏အင်အားကြီးထွားမှုအရှိန်သည် အလွန်ပင်ကြောက်စရာကောင်းနေခဲ့သည်၊ယခု သူထိုအကြောင်းကိုနားလည်လိုက်ချိန်တွင် ရှောင်ယုအားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုပါက နည်းလမ်းရှာရန် အလွန်ခက်ခဲနေပြီဖြစ်သည်။

ရှောင်ယုကိုသာ မသတ်ဖြတ်နိုင်ခဲ့ပါက အနာဂတ်တွင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ခြေရှိသည်။အစောပိုင်းတွင် ရှောင်ယုနှင့်ကနေဒီမိသားစုတို့ တိုက်ခိုက်နေသည့်အချိန်တွင် သူသည်အဖွဲ့နှစ်ခုကြားတိုက်ခိုက်မှုမှ အခွင့်ကောင်းယူလိုခဲ့သည်။သို့သော်လည်း နောက်ဆုံးတွင်ရှောင်ယု၏ခွန်အားသည် ကနေဒီမိသားစုအား အနိုင်ယူရန်လုံလောက်နေပြီဖြစ်သည်။

အကယ်၍ ရန်သူကိုအနိုင်ယူလိုပါက သင်သည်ရန်သူအားချည်းကပ်ပြီး ရန်သူ၏အကြောင်းကိုဦးစွာနားလည်ထားရန်လိုအပ်ပေသည်။

သို့သော်လည်း နီကိုးလပ်စ်သည် ရှောင်ယုထံသို့အချိန်အတော်ကြာချည်းကပ်ပြီးသည့်နောက်တွင်ပင် ရှောင်ယု၏တွေးခေါ်မှုလမ်းစဉ်သည် သာမန်လူများ၏သမားရိုးကျနည်းလမ်းမှ လုံးဝကွဲထွက်နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။ပြတ်ပြတ်သားသားပြောရမည်ဆိုပါက ရှောင်ယုအားသာမန်လူတစ်ယောက်အဖြစ် ဆက်ဆံ၍မရပေ။အကယ်၍ ရှောင်ယုကိုသာမန်လူတစ်ယောက်လို ဆက်ဆံမိပါက မည်သို့မည်ပုံသေသွားရသည်ကိုတောင် သိလိုက်မှာမဟုတ်ပေ။

ရှောင်ယုသည် သာမန်လူသားတစ်ယောက်မဟုတ်သောကြောင့် ရှောင်ယု၏ခေါင်းထဲ၌ မည်သည့်အကြံအစည်ရှိသည်ကို မသိသေးပေ။အပေါ်ယံတွင် သူသည်လူယုတ်မာတစ်ယောက်ဟုထင်ရသော်လည်း မည်သို့ပင်ဖြစ်စေကာမူ ရှောင်ယုကအလွယ်တကူ ဖြေရှင်းနိုင်ပေသည်။

ထိုကဲ့သို့လူများသည် အမှန်တကယ်ကြောက်စရာကောင်းပေသည်။

နီကိုးလပ်စ်သည် ရှောင်ယု၏လက်အောက်ရှိ သူရဲကောင်းများကို သိမ်းသွင်းရန်ကြိုးပမ်းခဲ့သော်လည်း ရှောင်ယု၏သူရဲကောင်းများနှင့်တပ်သားများကို အကြိမ်ကြိမ်စကားပြောကြည့်ပြီးနောက်တွင် လက်လျော့ရုံသာတတ်နိုင်ခဲ့သည်။

ထိုလူများ၏မျက်လုံးထဲတွင် သူတွေ့မြင်လိုက်ရသည်မှာ ရှောင်ယု၏အပေါ်တွင် အကြွင်းမဲ့သစ္စာရှိမှုဖြစ်ပေသည်။သူတို့၏သစ္စာစောင့်သိမှုသည် ဘုရားကျောင်း၏တယူသန်သောယုံကြည်မှုထက်ပင် ပိုမိုကြောက်စရာကောင်းပေသည်။

သူတို့အားသိမ်းသွင်းရန် လုံးဝမဖြစ်နိုင်ဟုထင်ရပေသည်။အဘယ်ကြောင့်ထိုသို့ဖြစ်ရသနည်း။ရှောင်ယုက သူတို့အကုန်လုံးအား ဆင့်ခေါ်ထား၍လား...

သူသည် ဤသူရဲကောင်းများကို မသိမ်းသွင်းနိုင်ကြောင်း နားလည်လိုက်၍ နီကိုးလပ်စ်ကအခြားနည်းလမ်းကိုသာ အသုံးပြုနိုင်ပေသည်။ထိုနည်းလမ်းမှာ ရှောင်ယုအနားသို့ဆက်လက်ချည်းကပ်ကာ သူ၏သူရဲကောင်းများအကြောင်းကို ပိုမိုနားလည်ရန်နှင့်သူတို့်အား သတ်ဖြတ်နိုင်မယ့်နည်းလမ်းကို ဆက်လက်ရှာဖွေရန်ဖြစ်သည်။

ထိုသူရဲကောင်းများ သတ်ဖြတ်ခံရသည်နှင့် ကောလဟာလများလို့ဖြစ်တော့မှာမဟုတ်ပေ။ထိုအချိန်တွင် သူသည်ဤတိုက်ကြီး၏ဘုရင်ဖြစ်လာမှာဖြစ်သည်။

"မင်းမှာဘုရားကျောင်းအတွက် ဘယ်လိုအစီအစဉ်ရှိလဲ"

နီကိုးလပ်စ်၏စိတ်ထဲတွင် အတွေးများစွာဖြတ်သန်းနေခဲ့သော်လည်း သူ၏မျက်နှာအမူအရာသည်ကား ငြိမ်သက်နေဆဲဖြစ်သည်။

သူသည် ရှောင်ယုနှင့်ဘုရားကျောင်းကို တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးရန်ကြံစည်နေခဲ့သည်။ဤဂိမ်းသည် သူ့အတွက်အလွန်ပင်အရေးကြီးသည့် ဂိမ်းတစ်ခုဖြစ်သည်။

ထိုဂိမ်း၏အစီအစဉ်အရ ရန်သူတစ်ယောက်ကိုသတ်ဖြတ်ရန် အခြားရန်သူကိုအသုံးပြုရမည်ဖြစ်သည်။ထိုမှသာ များများစားစားမဆုံးရှုံးဘဲ လိုအပ်နေသည့်အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်မှာဖြစ်သည်။

နီကိုးလပ်စ်သည် ဤအခြေအနေကို အမှန်တကယ်ဂရုစိုက်ပေသည်။

"အစီအစဉ်မရှိဘူး..."

ရှောင်ယုက ပြတ်ပြတ်သားသားအဖြေပေးလိုက်သည်။

"အစီအစဉ်မရှိဘူးဆိုမှတော့ မင်းကငါ့ကိုဘာလို့ပြောနေသေးတာလဲ..."

ရှောင်ယု၏ ယခုလိုအပြောအဆိုပုံစံအား နီကိုးလပ်စ်က ကျင့်သားရနေပြီဖြစ်သည်။ရံဖန်ရံခါတွင် ရှောင်ယုထံ၌အစီအစဉ်မရှိဟု ယူဆရသော်လည်း အမှန်တကယ်တွင်မူ ရှောင်ယု၏စိတ်ထဲ၌ ကြီးကျယ်သောအစီအစဉ်တစ်ခုအား ချမှတ်ထားပြီးဖြစ်ပေသည်။

"ငါကမင်းနဲ့ဆွေးနွေးရုံပဲလေ...အဲ့ဒါထက်ဘာမှမပိုဘူး...ငါတို့ကလျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုကိုပဲ အမှန်တကယ်အာရုံစိုက်သင့်တယ်...သူတို့ကအပေါ်ယံမှာ လှုပ်ရှားတာမျိုးမပြုလုပ်ခဲ့ပေမဲ့ အမှန်တော့သူတို့ရဲ့လှုပ်ရှားမှုက အရမ်းကြီးမားတယ်...သူတို့ကဘယ်လောက်သန်မာတယ်...သူတို့ဘယ်လောက်သန်မာတယ်ဆိုတာကို ငါလုံးဝမသိခဲ့ဘူး...တကယ်လို့ငါတို့ကသာ မှန်ကန်တဲ့အစီအစဉ်တစ်ခုကို မလုပ်ခဲ့ဘူးဆိုရင် ငါတို့အားလုံးပျက်စီးကိန်းကြုံရနိုင်တယ်"

"အိုး...သန်မာတယ်ဆိုရင်တောင်မှ ဒီလောက်များပြားတဲ့အင်အားစုတွေကို တပြိုင်နက်တည်းဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး"

နီကိုးလပ်စ်က တိုးတိုးလေးပြောလိုက်သည်။

သူသည်လည်း ထိုသို့တွေးနေသော်လည်း ကြာကြာမစဉ်းစားတော့ပေ။အမှန်လည်း ဤမျှများပြားလှသော အင်အားစုများကို မည်သည့်အရာကိုကိုင်စွဲ၍ ထိန်းချုပ်ထားနိုင်မည်နည်း။

"အဲလောက်ထိစိတ်ချနေလို့မရဘူး...မင်းရဲ့မိသားစုအပါအဝင် တခြားအင်အားစုကြီးတွေမှာ သူတို့စိမ့်ဝင်နေတဲ့နေရာတွေအများကြီးရှိတယ်...မင်းတို့မိသားစုတွေမှာလည်း သူလျှိုတွေအများအပြားရှိနေနိုင်တယ်...သူတို့ရဲ့ခွန်အားကို ငါလေးလေးနက်နက်ခံစားမိတယ်...ငါနဲ့ငါ့ရဲ့သူရဲကောင်းတွေက သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး...."

ရှောင်ယုသည်စခန်းအပြင်ဘက်၌ စည်ကားနေသောစစ်တပ်ကိုကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

Thank For Reading.

All Chapters