← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

စူးယွင်မှာ သူ၏မျက်ဝန်းများအား စိုက်ကြည့်ရင်း တိုးဖွဖွရယ်လိုက်၏။

"ရှင်ကပညာသင်သားတစ်ဦးဖြစ်သင့်တာလို့ ကျွန်မတွေးမိတယ်။သူ‌ေဌးတစ်ယောက်ဖြစ်နေရတာက ရှင့်ကိုတိမ်မြှပ်သွားစေတယ်လေ"

နဉ်ကျင်းသည် ခေတ္တမျှငေးစိုက်ကြည့်ပြီး မေးလာသည်။

"ဘာလို့လဲ"

"ရှင့်ဆီမှာ အဲ့လိုလေထုမျိုးရှိနေတာလေ"

စူးယွင်သည် သူမလက်အားဖယ်ကာ ချောင်းဟန့်၍

"မြင့်မြတ်တဲ့လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်အသရေမျိုးလေ"

သူမ၏တုံ့ပြန်စကားအားကြားသော် နဉ်ကျင်း၏မျက်ခုံးများမှာ ခပ်ဖွဖွကြုတ်သွားသည်။

ညနေခင်း၏လေပြေညှင်းမှာ ညင်သာစွာ ဖြတ်တိုက်သွားလေ၏။စူးယွင်၏လက်ချောင်းများမှာ အသာလှုပ်ခတ်သွားကာ စကားဆက်ပြောလိုက်ချင်သော်လည်း ရုတ်ချည်းအသံတစ်သံမှ သူမအား‌ကြားဝင်ဖြတ်လာခဲ့သည်။

ရှောင်ဟယ်မှာ ဖဲကြိုးအချို့အား သယ်လာရင်းလျှောက်ဝင်လာ၏။

"သခင်မလေး ကျွန်မအခုဘာလုပ်လိုက်ရမလဲ"

စကားလုံးများမှာ စူးယွင်အားသူမ၏အတွေးများဆီမှ ချက်ချင်းလှုပ်နှိုးလိုက်သည်။သူမမှာ မတ်မတ်ထိုင်ရင်း ပြန်ဖြေလိုက်၏။

"ကျွန်မအချို့ကို ချိတ်ပြီးသွားပြီ။ကျန်တာတွေလိုက်တပ်လိုက်ရုံပဲ"

"ကောင်းပါပြီ"

ရှောင်ဟယ်သည် သူမထံလျှောက်လာပြီး ပစ္စည်းများအား အောက်ချပြီးကာမှ အနီးတွင် နဉ်ကျင်းထိုင်နေသည်ကို သတိပြုမိတော့သည်။သူမမှာ တရိုတသေခေါင်းငြိမ့်လိုက်၏။

"နဉ်သခင်လေး"

"အင်း"

နဉ်ကျင်းသည် ဖဲကြိုးတစ်ချောင်းအား ယူကာသူ၏အကြည့်များက စူးယွင်ထံဖြတ်ကနဲ ဝေ့ဝဲသွားသည်။

"ကျွန်‌ေတာ် ကူညီပါ့မယ်။စူးယွင်က လက်ကိုခိုက်မိထားတော့ သူမအတွက်အဆင်ပြေမှာမဟုတ်ဘူး"

"လက်ကခိုက်မိထားတာလား"

ရှောင်ဟယ်သည် စူးယွင်၏လက်အား ချက်ချင်းဆွဲကြည့်လိုက်ရာ ရှရာတစ်ခုအားသတိပြုမိလိုက်သည်။သူမမှာ မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါကဘယ်လိုလုပ်ဖြစ်သွားရတာလဲ"

စူးယွင်သည် ခေါင်းအားစောင်းကာ သူမမျက်လုံးများက ကြမ်းပြင်ထက် ရှိနေသေးသည့် တရားခံဆီ လှမ်းကြည့်လိုက်သည်။

"တစ်ခုခုကောက်ရင်း ကျွန်မက ဂရုမစိုက်မိလိုက်တော့ ဖြစ်သွားတာလေ"

သူမမှာစကားပြောရင်း လက်အားပြန်ဆွဲယူကာ သူမမျက်စိရှေ့၌ စစ်ဆေးလိုက်၏။

"ဒါကဘယ်‌ေလာက်ကြာမှ ပျောက်မယ်မသိပါဘူး"

"အရိုးနဲ့အကြောကို မထိသရွေ့တော့ သေချာဂရုစိုက်ပေးရင် မြန်မြန်ပျောက်သွားမှာပါ"

နဉ်ကျင်းသည် စားပွဲအားပုတ်ရင်း

"ဒဏ်ရာကိုစစ်ဆေးကြည့်ရအောင်လို့ မနက်ဖြန်ကျ မင်းဆေးခန်းကိုသွားသင့်တယ်နော်"

စူးယွင်မှာ ရေရွတ်လာ၏။

"ကျွန်မဆေးလိမ်းပြီးပြီလေ မလိုတော့ပါဘူး"

"ကိုယ်ကကျွမ်းကျင်သူမဟုတ်ဘူးလေ အဲ့တော့သွားစစ်ဆေးခိုင်းလိုက်တာက ပိုကောင်းတယ်"

နဉ်ကျင်းသည် မတ်တပ်ရပ်လိုက်ပြီး ရှောင်ဟယ်ဘက်လှည့်ကာ

"မင်းသူမနဲ့သွားသင့်တယ်"

"ကောင်းပါပြီ"

စူးယွင်မှာသက်ပြင်းချကာ

"ဘယ်လိုဒုက္ခပါလိမ့်"

သူမ၏စောဒကတက်မှုကို နှစ်ဦးသားကလျစ်လျူရှုကာ သူတို့၏တာဝန်များနှင့် သူတို့ဘာသာအလုပ်ရှုပ်နေကြ၏။

ဒဏ်ရာရသွားသော်ငြား ဘာမှမလုပ်ပဲထိုင်နေဖို့ကမဖြစ်နိုင်ရာ စူးယွင်သည် ခုံတစ်လုံးပေါ်ထိုင်ကာ တပ်မှူးတစ်ဦးလို အမိန့်ပေးနေလိုက်တော့သည်။

"ညာဘက်နည်းနည်းတိုး....နည်းနည်းလေးထပ်တိုးဦး"

"နေဦး အရမ်းဝေးသွားပြီ။နည်းနည်းနောက်ပြန်ဆုတ်လိုက်"

နဉ်ကျင်းသည် သူမထံလှည့်ကြည့်လာ၏။

"ဒီလိုဆို ဘယ်လိုလဲ"

"ကြည့်ပါရစေဦး"

စူးယွင်သည်သူ့နောက်သို့လျှောက်သွားကာ မျက်စိတစ်ဖက်အားမှိတ်ရင်း ညာဘက်လက်အားမြှောက်ကာ လေထဲတွင်တိုင်းတာကြည့်လိုက်သည်။

"ရလုနီးပါးပါပဲ"

အလုပ်ဝန်မှာ မပင်ပန်း၍ တာဝန်မှာခပ်မြန်မြန်ပြီးဆုံးသွားလေ၏။

တစ်နာရီကြာပြီးသော် နဉ်ကျင်းသည် သူ၏ခေါက်ယပ်တောင်အား ဖုန်ခါပြီး ပြန်သွားတော့သည်။

‌ေနာက်နေ့မနက်တွင် လမ်းမများမှာ လမ်းဘေးဈေးသည်များ၏‌ အော်ခေါ်သံတို့ဖြင့် အသက်ဝင်လာပြန်၏။အုပ်စုငယ်လေးများမှာလည်း ကျောက်ခင်းလမ်းတစ်လျှောက် လက်ချင်းချိတ်လျှောက်ကာ ရောက်တတ်ရာရာပြောနေကြသည်။

စူးယွင်သည် ဆိုင်ဖွင့်ပွဲနေ့မှသူမဝတ်ဆင်ခဲ့သည်နှင့် တူညီသော ဝါးပင်ပုံချည်ထိုးထားသည့် အပြာဖျော့ဖျော့ချီဖောင်အား လဲဝတ်ထား၏။ယပ်တောင်ဝိုင်းတစ်ချောင်းအားကိုင်ကာ သူမသည်တံခါးပေါက်၌ ရှောင်ဟယ်နှင့်ရပ်၍ ဝယ်သူများအား ဖိတ်ခေါ်နေလိုက်သည်။

ဤအကြိမ်တွင်တော့ မီးရှူးမီးပန်းများမရှိတော့ပဲ ဖြတ်သွားဖြတ်လာတို့၏ အမြင်အားဖမ်းစားရန် ဝမ်ကောဝင်ပေါက်တွင် ပန်းခြင်းအချို့ကိုသာ ချထားလေ၏။

"ဒီနေ့ကတော့ ဝမ်ကောဖွင့်လှစ်ပြီးချိန်ကနေ ပထမဆုံးကျင်းပမယ့် အရောင်းပြပွဲနေ့လေးပါ။ကျွန်မတို့မှာ သင့်တော်တဲ့ ဈေးနှုန်းတိုင်းအတွက် ထုတ်ကုန်အသစ်‌ေတွရဲ့ စုစည်းမှုကြီးတစ်ခု အထဲမှာရှိနေပါတယ်။ရှင်တို့သာ စိတ်ဝင်စားမယ်ဆို အထဲဝင်ပြီး လွတ်လွတ်လပ်လပ်ကြည့်ရှုလို့ရပါတယ်"

စူးယွင်သည် သူမအသံအားမြှင့်ကာ စိတ်အားထက်သန်စွာ အော်ခေါ်နေတော့၏။

"ကျွန်မတို့ရဲ့ ချီဖောင်တွေက အကုန်လက်ချုပ်တွေပါပဲ။ပိုးချည်မျှင်နဲ့ အထည်စတွေကလည်း အကောင်းဆုံးအမျိုးအစားတွေထဲကနေ သေ‌ေသချာချာရွေးချယ်ထားတာတွေပါ။အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင် ရှင်တို့အနေနဲ့ ဝမ်ကောဆီပြန်လာလိုက်ပါ။ကျွန်မက ရှင်တို့အတွက် သီးသန့်ဖြေရှင်းပေးပါ့မယ်"

ရှောင်ဟယ်သည် အရောင်ရင့်ရင့် ချီဖောင်အားဝတ်ဆင်ထားကာ လက်ကျန်လက်ကမ်းစာစောင်များအား ဖြတ်သွားဖြတ်လာများထံ ကမ်းပေးလိုက်သည်။

"သခင်မ တစ်ချက်ကြည့်‌ေပးပါဦး။အထဲက အဝတ်အစားတွေက ထိပ်တန်းအရည်အသွေးရှိပါတယ်။ဝယ်ယူမှုအတွက် ရှင်နောင်တရမှာမဟုတ်ပါဘူး"

အမျိုးသမီးတစ်ဦးမှာ သူမလက်အား ဂရုမစိုက်ဟန်ဖြင့်ယမ်းပြလိုက်၏ ။

"တော်ပြီ တော်ပြီ"

"ခွင့်လွှတ်ပါ"

ရှောင်ဟယ်သည် ယဉ်ယဥ်ကျေးကျေးခေါင်းငြိမ့်ပြကာ နောက်လူထံလှည့်သွားသည်။

"သခင်မ တစ်ချက်ကြည့် ကြည့်လိုက်ပါဦး"

"တော်ပြီ တော်ပြီ"

"တစ်ချက်ပဲ ကြည့်ပေးပါ"

"ကောင်းပြီလေ"

နောက်ဆုံးတော့ အမျိုးသမီးက လက်ကမ်းစာစောင်အား ယူလိုက်သည်ကိုတွေ့လိုက်ရရာ ရှောင်ဟယ်မှာ သူတို့၏ရောင်းကုန်များကို မိတ်ဆက်ရန်ပြင်နေစဉ် အမျိုးသမီးက လက်ကမ်းစာစောင်အား မြေကြီးပေါ် ပြီးစလွယ်လွှင့်ပစ်ပြီး ထွက်သွားသည်ကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်ရတော့သည်။

"ဒါ....."

ရှောင်ဟယ်မှာ သက်ပြင်းချကာ လွှင့်ပစ်သွားသည့် လက်ကမ်းစာစောင်အား ကုန်းကောက်လိုက်၏။

အချိန်အတော်ကြာကြာ အားထုတ်ပြီးနောက်တွင် ရှောင်ဟယ်သည် ညှိုးငယ်သောအသွင်ဖြင့် စူးယွင်ထံပြန်လာခဲ့သည်။

"သခင်မလေး ကျွန်မတို့တွေ ဘာလို့လက်ကမ်းစာစောင်တွေ အများကြီးဝေနေရတယ်ဆိုတာကို နောက်ဆုံးတော့ကျွန်မနားလည်သွားပေမယ့် ဘယ်သူမှလဲမလာကြဘူး"

စူးယွင်သည် ရှောင်ဟယ်၏လက်ထဲမှ လက်ကမ်းစာစောင်အားယူလိုက်ပြီး

"အဆင်ပြေပါတယ် ဖြည်းဖြည်းချင်းလုပ်ကြစို့"

"နောက်ဆုံးမှာ တစ်ယောက်ယောက်ကတော့ သဘောကျမှာပဲလေ"

သူမသည် လက်ကမ်းစာစောင်တစ်ဝက်အား ရှောင်ဟယ်ထံခွဲပေးကာ

"ကျွန်မ မင်းကိုကူညီလိုက်မယ်။ကျွန်မက ဘယ်ဘက်ကိုဝေမယ် မင်းကညာဘက်ကိုဝေလိုက်"

"ကောင်းပါပြီ"

စူးယွင်သည် ဘယ်ဘက်အားလျှောက်သွားရင်း ခြေနှစ်လှမ်းမျှလှမ်းပြီးသော် တစ်ယောက်ယောက်အား တွေ့လိုက်၏။သူမသည် လက်ကမ်းစာစောင်အား ထိုသူ့ထံကမ်းပေးလိုက်သည်။

"သခင်မ ဝမ်ကောကအရောင်းပြပွဲတစ်ခုကျင်းပနေပါတယ်။မင်းသာစိတ်ဝင်စားတယ်ဆို တစ်ချက်ကြည့်ကြည့်လိုက်ပါနော်"

ထိုလူ၏မျက်နှာအား သူမသေသေချာချာမမြင်ရသေးခင်တွင်ပင် ထိုလူက လက်ကမ်းစာစောင်အား နွေးထွေးသောအပြုံးလေးနှင့် ယူကာပြောလာ၏။

"ဝမ်ကော ဟမ့်......"

"ဟုတ်ပါတယ် ဆိုင်ကထောင့်နားလေးတင်....."

စူးယွင်မှအစပြုလိုက်သည်နှင့်

"ဒီလိုအမှိုက်တွေကို ဘယ်သူကဂရုစိုက်လို့လဲ"

အမျိုးသမီးမှာ လက်ကမ်းစာစောင်အား ဘောလုံးတစ်လုံးလိုဖြစ်အောင် ဆုပ်ချေပြီး သူမခြေဖဝါးနားပစ်ချလိုက်ကာ ထိုအပေါ်သို့ အကြိမ်အနည်းငယ် ဖိနင်းလိုက်သည်။

"ဟေး!ရှင်......"

စူးယွင်သည် သူမ၏လုပ်ရပ်များအားကြည့်ကာ ဒေါသတထောင်းထောင်းထလာတော့၏။သူမသည်ခေါင်းမော့ကာ အမျိုးသမီးအား ကြည့်လိုက်မိသည်နှင့် ကြောင်အမ်းသွားတော့သည်။

"ရှင်ပဲ"

ထိုသူမှာ လွန်ခဲ့သောရက်များမှ ဝမ်ကောအကြောင်းမကောင်းပြော‌ေနသည်ကို စူးယွင်မိခဲ့ဖူးသည့် အမျိုးသမီးပင်ဖြစ်ကာ ယီယန်ကျူး၏ တာဝန်ခံဖြစ်လေ၏။

"ဘာလဲ။အခုနင်ကဒီလမ်းကိုပိုင်လို့

လား။ငါကအခု ဒီမှာလျှောက်ခွင့်မရှိဘူးလား"

တာဝန်ခံသုန်းမှာ မေးအားပင့်ကာ သူမမျက်နှာထက်တွင် ရွှဲ့တဲ့တဲ့အမူအယာဖြင့် သူမခြေဖဝါးအောက်ရှိ လက်ကမ်းစာစောင်ထံ အ‌ထင်တသေးကြည့်လိုက်သည်။

All Chapters