အခန်း (၁၃)
Vol. 2 Ch. 13
"အဲ့တော့ဒါကနင်ပြောခဲ့တဲ့ဆိုင်လား ဇီယင်း။ထူးခြားတာရှိမယ့်ပုံလဲမပေါ်ပါဘူး"
သူမသည် ခေတ်ဟောင်းပုံစံအလှဆင်ထားပြီး ဈေးပေါသောဖဲကြိုးများဖြင့်အလှဆင်ထားသည့် ဆိုင်အားစူးစမ်းသောအကြည့်တို့ဖြင့် လိုက်ကြည့်နေမိသည်။
"ဒီနေရာမှာ အထက်တန်းစားလူနေမှုပုံစံအရိပ်အယာင်တစ်ခုေတာင် ရှိမနေဘူး"
"ငါရောပဲ ချင်းအာပြောတာမှန်တယ်လို့ထင်တယ်"
ဟူ၍ အစောမှစကားပြောလိုက်သော လျိုချင်းအာ၏ဘေးတွင်ထိုင်နေသည့် ဝူရှင်းမန်မှပြောလိုက်၏။သူမလေသံမှာ အထင်အမြင်သေးနေတော့သည်။
"ငါတို့ရဲ့ ဂုဏ်ထူးတွေအရဆို ဒီနေရာက ငါတို့ကိုနိမ့်ကျအောင်လုပ်နေတာပဲ"
လော့ဇီယင်းသည် သူမဒူးခေါင်းထက် လက်ချောင်းလေးများဖြင့် အသာထိကာ သူတို့ထံကြည့်မလာခဲ့ချေ။
"လွန်ခဲ့တဲ့နှစ်ရက်လောက်က ယုန်ပုံစံချည်ထိုးလေ အဲ့ဒါကို ချုပ်လုပ်ခဲ့တဲ့သူက သူ(မ)ပဲ"
"ငါသိပေမယ့်....."
လွန်ခဲ့သောရက်အချို့၌ လျိုချင်းအာသည် နေ့လည်ခင်းလက်ဖက်ရည်ပွဲ တည်ခင်းခဲ့ပြီး လော့ဇီယင်းဝင်လာသည်နှင့် သူမဝတ်စုံထက်ရှိ ချည်ထိုးထားသောယုန်လေးမှာ တော်ဝင်အမျိုးသမီးအုပ်စုအား ချက်ချင်းဆွဲဆောင်သွားပြီး ထိုဝတ်စုံအားမည်သည့် အပ်ချုပ်ဆရာမှ ချုပ်လုပ်ခဲ့သည်ကို အလုအယက်မေးမြန်းကြတော့၏။
ဤကဲ့သို့အေကြာင်းများကြောင့် လော့ဇီယင်းသည် ထိုအပ်ချုပ်ဆရာမှာ ယနေ့၌အခမ်းအနားတစ်ခု စီစဉ်နေကြောင်းပြောပြခဲ့၍ လူတိုင်းလည်း လာကြည့်ရန်စုစည်းမိလိုက်ကြတော့သည်။
သို့သော် လက်ရှိ၌လှည့်ပတ်ကြည့်လိုက်ရာ သူတို့ထင်ထားသလောက် အထင်ကြီးစရာရှိမနေပေ။
"ဘာလို့အလျင်လိုနေတာလဲ။အခမ်းအနားကခုထိ မစရသေးဘူးလေ"
လော့ဇီယင်းသည် သူမ၏ရေနွေးအား သောက်ရင်းပြောလိုက်သည်။
"နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။စိတ်ကိုငြိမ်ငြိမ်ထားပြီး နင့်ဘာသာနင် ဘာလို့မကြည့်တာလဲ"
တော်ဝင်အမျိုးသမီးလေးများမှာ သူမအနေဖြင့် ဤမျှတည်ငြိမ်စွာပြောဆိုနေသည်ကို တွေ့လိုက်ရရာ သူတို့စိတ်ထဲ သူမစကားများအား သံသယဝင်ေနေသးေပသိ သူမအားမျက်နှာသာပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ဆယ့်ငါးမိနစ်ကြာသော် စူးယွင်သည်စင်မြင့်ရှေ့ လျှောက်လာကာ တင့်တယ်ဟန်ဖြင့် အရိုအသေပေးပြီး မတ်တပ်ပြန်ရပ်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
"ဝမ်ကောဖွင့်ပြီးချိန်ကစပြီး ဒါကပထမဆုံးအရောင်းပြပွဲပါပဲ။စိတ်အခန့်မသင့်စရာ တစ်ခုခုရှိခဲ့ရင် လူတိုင်းက ကြင်ကြင်နာနာနဲ့ လမ်းညွှန်ပေးလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်မိပါတယ်"
အလ္လာပသလ္လာပစကားအချို့ပြောပြီးနောက် သူမသည်နောက်ဆုံးတော့ လိုရင်းဆီသွားလိုက်တော့၏။
"အပြင်လူတွေက ကျွန်မတို့ဟာ မြင့်မြတ်မှုမရှိကြဘူး သရုပ်ပျက်ပြီး အလွန်အကြူးပြသနေတယ်လို့တောင် စွပ်စွဲေပြာဆိုကြတော့ ကျွန်မတို့ဟာ ယဉ်ကျေးမှုမရှ်ိဘူးလို့ ကောက်ချက်ချခံလိုက်ရပြီး ဝမ်ကောက ယိုးစွပ်ခံခဲ့ရပါတယ်"
"မဖြစ်နိုင်တာ"
အမျိုးသမီးတစ်ဦးမှာ သူမထိုင်ခုံမှ ထရပ်ကာ ချေပပြောဆိုလာသည်။
"သူတို့က လျှောက်ပြောနေတယ်ဆိုပြီး ဘယ်အချက်ပေါ်မူတည်ပြီး ရှင်ပြောတာလဲ။ရှင်ရောင်းတဲ့အဝတ်အစားတွေကသာ အဲ့လိုထင်ရအောင် သံသယဖြစ်စရာကောင်းနေတာလို့ ကျွန်မထင်တယ်"
စူးယွင်သည် ပြေကျနေသည့် ဆံနွယ်တစ်စုကို သူမနားနောက်သပ်တင်ရင်း သူမထံတည်ငြိမ်စွာ ကြည့်လိုက်၏။
"သူတို့မှာ သက်သေအထောက်အထားမရှိပဲ သူတို့ပါးစပ်နဲ့စွပ်စွဲချက်တွေပဲလုပ်နေတာလေ။အဲ့ဒါက ကောလဟလဖြန့်တာမဟုတ်ဘူးလား"
"ဒါပေမယ့် ချီေဖာင်ရဲ့ ထုတ်ပြနေတဲ့ပုံစံက ကျွန်မတို့ရှေ့မှာရှိနေတာပဲလေ"
အမျိုးသမီးမှာ သူမမေးအားစောင်းကာ မေးလိုက်သည်။
စူးယွင်သည် မျက်ခုံးပင့်ကာ သူမနှုတ်ခမ်းများအား အသာစေ့ပိတ်လိုက်ပြီးမှ လူထုထံ ရှင်းပြလာ၏။
"ကွဲထွက်တယ် - ဒီစကားက စည်းမျဉ်းဥပဒေသတွေပေါ်က မတူညီတဲ့ရှုထောင့်အမြင်ရဲ့ ရိုးရှင်းတဲ့အသုံးတစ်ခုပါ"
"သမိုင်းကိုပြန်ကြည့်ရရင် ကျွန်မတို့တိုင်းပြည်မှာ အမျိုးသမီးဧကရီတစ်ပါးထီးနန်းဆက်ခံခဲ့ဖူးပြီး အဲ့အချိန်ကာလမှာဆို တိုင်းပြည်က စည်ပင်ထွန်းကားခဲ့ပြီး ပြည်သူတွေကလည်း ချမ်းသာကြွယ်ဝခဲ့ကြတယ်။လက်ရှိအချိန်ကာလမှာဆို အမျိုးသမီးတွေက ဓလေ့ထုံးစံကို ချိုးဖြတ်ပြီး နိုင်ငံရေးလောကထဲ ရည်မှန်းချက်အပြည့်နဲ့ အောင်အောင်မြင်မြင် ခြေဆန့်နိုင်ခဲ့ပြီ။အနာဂတ်မှာလဲ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေရယ် အတွေးအခေါ်အယူအဆတွေရဲ့ လွတ်မြောက်မှုနဲ့အတူ လူနေမှုဘဝတွေက ဆက်လက်တိုးတက်လာပါလိမ့်မယ်"
"အဝတ်အစားတွေကလဲ တိုးတက်ပြောင်းလဲမလာနိုင်ဘူးလို့ ဘယ်သူကအာမခံနိုင်မှာလဲ"
"ကမ္ဘာကြီးက ကွဲထွက်ခြင်းဆိုတဲ့စကားပေါ် အာရုံပြုထားပေမယ့် အဲ့ဒါကရိုးရှင်းေနတယ် ဘာလို့ဆို သူတို့စိတ်တွေက အမျိုးသမီးကျင့်ဝတ်သီလတွေရဲ့အစဉ်အလာတန်ကြေးတွေရဲ့ ပိတ်နှောင်ခံခဲ့ရလို့ပဲ"
"မိန်းမပျိုတစ်ဦးဟာ ဂုဏ်အသရေရှိပြီး ကျိုးနွံနေရမယ်လို့ သူတို့ကအမြဲထင်နေခဲ့တာလေ"
"ဒါပေမယ့် လူတစ်ယောက်ရဲ့ အရေးပါမှုနဲ့ ကိုယ်ကျင့်တရားကို အဝတ်အစားတစ်ထည်က တစ်ကယ်ပြောင်းလဲနိုင်ပါ့မလား"
"ကျွန်မတော့ အဲ့လိုမထင်ဘူး"
"မွေးရာပါဖြစ်စေ ပျိုးထောင်ခံခဲ့ရတာဖြစ်စေ မင်းကမင်းပဲဖြစ်နေမှာ။အဲ့ဒါကို ဘယ်သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘယ်လိုအရာတစ်ခုကမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး"
"ပြီးတော့ ဒီနေ့အခမ်းအနားက ကျွန်မတို့ကိုယ်တိုင် သက်သေပြပြီး ပြင်ပကကောလဟလတွေ ချိုးဖျက်ဖို့အပြင် ဝမ်ကောဆီရောက်လာကြတဲ့ ဝယ်သူတိုင်းကို သက်သေပြုဖို့ပဲ ဖြစ်ပါတယ်"
စူးယွင်၏စကားများမှာ လူထုအား ဆွံ့အသွားစေတော့၏။
ကသိကအောက်ဖြစ်စရာ တိတ်ဆိတ်မှုမှာ အခန်းအားလွှမ်းခြုံနေခဲ့သည်။
ခေတ္တအကြာတွင်တော့ လော့ဇီယင်းသည် စူးယွင်ထံ လေးစားမှုအရိပ်အယောင်တို့ဖြင့် ကြည့်ရင်း ဦးဆုံးမတ်တပ်ရပ်လာ၏။
"မိန်းကလေးစူး စကားပြောသွားတာ သိပ်ကောင်းတယ်။အဝတ်အစားေတွဆိုတာ လူတွေကို ကျိုးနွံနေရမှာလေ ကျွန်မတို့က သူတို့ကိုကြောက်ရွံ့မနေသင့်ဘူး"
လျိုချင်းအာသည်လည်း သူမ၏သဘောတူညီမှုကို ပြသရင်းမတ်တပ်ရပ်လာသည်။
"အမှန်ပဲ။မိန်းကလေးစူးရဲ့ အမြင်ကကျယ်ပြန့်လှပါပေတယ်။အရင်က ကျွန်မတို့အမြင်ကျဉ်းခဲ့မိတယ်"
လူတစ်ဦးမှ ဦးဆောင်လိုက်သည်နှင့် အခြားလူများမှာလည်း လိုက်ပါလာကာ ထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်နေကြတော့၏။
စူးယွင်သည် တိတ်တိတ်လေးနေပေးရန် သူမလက်အားမြှောက်၍ အချက်ပြလိုက်သည်။
"အခု အဓိကအကြောင်းအရာဆီပြန်သွားပြီး ဒီနေ့လေလံတင်မယ့်ဝတ်စုံတွေကို ကြည့်လိုက်ကြရအောင်ပါ"
သူမသည်ညာလက်ဖြင့် အနီရောင်အဝတ်စအား ကိုင်ကာအားဖြင့်ဆွဲချလိုက်၏။
တစ်ထည်ချင်းစီတွင် ရိုးရာပုံစံ၌ ထူးခြားသည့်တိရစ္ဆာန်ပုံများမှီငြမ်းတွဲစပ်ထားသော ချီဖောင်သုံးထည်မှာ လူထုရှေ့မှောက်သို့ ပေါ်ထွက်လာတော့သည်။
စူးယွင်သည် ဘယ်မှညာရှိ ဒီဇိုင်းများအားစတင်မိတ်ဆက်လိုက်၏။
"ပထမဆုံးဝတ်စုံကတော့ လည်ထောင်အစည်း ဘေးလက်ပြတ်ပုံစံနဲ့ ဥဒေါင်းငှက်ပုံစံဖော်ထားပါတယ်။ဒီဝတ်စုံက အမျိုးသမီးတစ်ဦးရဲ့ ကျက်သရေရှိတဲ့ ကောက်ကြောင်းတွေကို ပေါ်လွင်စေရုံတင်မကပဲ ဥဒေါင်းငှက်နဲ့ ဆက်စပ်နေတဲ့ ဂုဏ်အသရေတင့်တယ်မှု မြင့်မြတ်သာလွန်မှုနဲ့ စည်ပင်ကြွယ်ဝမှုတို့ကိုပါ လှလှပပဖော်ကြူးပြနိုင်ပါတယ်"
"ဒုတိယဝတ်စုံကတော့ ရောင်စုံချည်မျှင်တွေနဲ့ အနားသတ်ပုံဖော်ထားတဲ့ ဗျိုင်းငှက်တစ်ကောင်ကို ရည်ညွှန်းပါတယ်။မြင်ကွင်းကို သရုပ်ပေါ်လာစေတာကတော့......."
"တတိယဝတ်စုံကတော့ အနာဂတ်ကောင်းနဲ့ တော်ဝင်ဆန်မှုကို စံပြုတဲ့သမင်ပြောက်ပါ......"
လက်ထဲရှိယပ်တောင်နှင့်အတူ စူးယွင်မှဆက်ပြောလာ၏။
"ဒီမှာရှိနေတဲ့ တော်ဝင်မိန်းမပျိုလေးတွေ တစ်ယောက်ချင်းစီဟာ မြို့တော်ထဲက လူသိများထင်ရှားတဲ့ပုဂ္ဂိုလ်တွေပါ။ဒီလိုထူးခြားတဲ့သွင်ပြင်နဲ့ ချီဖောင်ကို ဝတ်ဆင်တာဟာ ရှင်တို့ရဲ့ကိုယ်ပိုင် မြင့်မြတ်မှုကို ထင်ဟပ်နေစေရုံတင်မကပဲ ရှင်တို့ရဲ့ပုန်းကွယ်ေနတဲ့လှပမှုကို တောက်ပခွင့်ပြုလိုက်သလိုပါပဲ"
"ဒါ့အပြင် ကျွန်မတို့ဆိုင်က တိရစ္ဆာန်လေးတွေကို မှီငြမ်းထားတဲ့ ရိုးရာပုံစံချီဖောင်တွေဟာ ရှင်တို့ရဲ့စိတ်ကြိုက်ရွေးချယ်မှုတွေအတိုင်း လုံးဝလက်ချုပ်နည်းနဲ့ ချုပ်လုပ်ပေးမှာတွေပါ။ပေကျင်းတစ်မြို့လုံးထဲမှာ တစ်ထည်တည်းသောဝတ်စုံကို ရှင်ပိုင်ဆိုင်ရလိမ့်မယ်ဆိုတာ ကျွန်မတို့အာမခံနိုင်ပါတယ်။ရှင်တို့ရဲ့သွင်ပြင်ကို ဘယ်သူမှယှဉ်နိုင်မှာမဟုတ်တော့ပါဘူး"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားကုန်ကြကာ သူတို့ထဲမှ အများစုသည် စူးယွင်နှင့် စိတ်ကြိုက်အော်ဒါအပ်ရန် ဆန္ဒရှိနေကြ၏။
"လူတိုင်း နေကြပါဦး။ကျွန်မတို့ဆိုင်က ဈေးသင့်တဲ့အဝတ်အစားေတွကို အဓိကထားရောင်းပေးနေတာဖြစ်ပြီး ဒီစိတ်ကြိုက်ဝတ်စုံတွေက ချုပ်လုပ်ချိန်အရမ်းကြာပြီး ချုပ်လုပ်နည်းကလဲ ပိုရှုပ်ထွေးလွန်းလှပါတယ်"
"အဲ့ဒါကြောင့် ကျွန်မတို့တွေက ရက်သတ္တပတ်တစ်ပတ်မှာ စိတ်ကြိုက်အမှာအတွက် လူတစ်ယောက်သာလက်ခံနိုင်ပါမယ်။ဒါပေမယ့် ဒီနေ့က အထူးပွဲနေ့ဖြစ်လို့ ကျွန်မတို့ေတွ ခြွင်းချက်တစ်ခုလုပ်ပြီး ကြိုတင်အမှာသုံးခုကိုလက်ခံပါ့မယ်"
"ဒါကတော့....."
စူးယွင်မှာ မျှော်လင့်တကြီးဖြစ်လာကြအောင်လုပ်ေဆာင်ရန် သူမအသံကို ခဏတာမျှတိုးလျလိုက်ပြီး မျက်လွှာချလိုက်၏။
"အထူးလေလံပွဲတစ်ခုပါ"
လူထု၏စိတ်ဝင်စားမှုမှာ တိုးမြင့်လာပြီး သူတို့သည် နားစိုက်ထောင်ရန် ရှေ့သို့မှီချလိုက်ကြသည်။
စူးယွင်မှာ ယုံကြည်မှုရှိသောလေသံဖြင့် ဆက်ပြောလာသည်။
"ပုံမှန်လက်ငင်းရောင်းချတဲ့အစား ဒီချီဖောင်တွေကိုတော့ လေလံပွဲကနေပဲ ဝယ်ယူရပါလိမ့်မယ်။မင်းတို့နှစ်သက်တဲ့ဝတ်စုံအတွက် လေလံဆွဲဖို့အခွင့်အရေး မင်းတို့တစ်ယောက်ချင်းစီမှာ ရှိနေမှာဖြစ်ပြီး အမြင့်ဆုံးဈေးနဲ့လေလံဆွဲသူသာ ဝတ်စုံကိုအိမ်ပြန်သယ်သွားနိုင်မှာ ဖြစ်ပါတယ်"
ထိုစိတ်ကူးဥာဏ်ကြောင့် အမျိုးသမီးလေးများမှာ စိတ်အားတက်ကြွလာကြပြီး အကြည့်များပြောင်းလဲသွားကြ၏။ထိုသည်မှာ ခြားနားသည့်တစ်စုံတစ်ရာဖြစ်ပြီး စိတ်လှုပ်ရှားစရာလဲဖြစ်နေလေသည်။
"ဒီနည်းလမ်းက"
စူးယွင်မှ ထပ်လောင်းပြောလိုက်၏။
"ထူးခြားတဲ့ဝတ်စုံအစစ်အမှန်တစ်ထည်ကို ရှင်ကပိုင်ဆိုင်ရမယ့်အခွင့်အရေးရနိုင်မယ့်အပြင် ပိုပြီးထူးခြားတဲ့အတွေ့အကြုံတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ပါရလိုက်တာပါပဲ"
သူမသည် ခဏတာမျှရပ်တန့်လိုက်ကာ ကျက်သရေရှိရှိ ပြုံးပြမလာခင် သူမစကားများအား နားလည်ချိန်ပေးလိုက်၏။
"ဒီလေလံပွဲက အခမ်းအနားကို ပိုပြီးတောင် စွဲမြဲမှတ်ထင်အောင်လုပ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်"