← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

လူတိုင်းသည် နောက်ကျောမတ်မတ်ထား၍ သူတို့ထိုင်နေကြသည့် ကုလားထိုင်၏ လက်ကိုင်တန်းကို တင်းတင်းဆုပ်ကိုင်ကာ မည်သည်တို့ ဆက်ဖြစ်လာမည်အား သိချင်စိတ်လောနေကြပြီး သူမထံအကြည့်ပို့ထားကြသည်။

စူးယွင်သည် အသက်ပြင်းပြင်းရှူကာ ငြိမ်သက်နေလိုက်ပြီးနောက် စားပွဲထက်ရှိ သစ်သားတူလေးအား လှမ်းယူလိုက်၏။

“ဒါကတော့ လေလံပွဲပဲဖြစ်ပါတယ်”

“စားပွဲပေါ်မှာရှိတဲ့ အမှတ်အသားကို တစ်ချက်ကြည့်ပေးကြပါ။ကျင်းပနေချိန်မှာ လူတိုင်းက လေလံကြေးပေးဖို့အတွက် သူတို့ရဲ့လေလံကတ်တွေကို မြှောက်ပြရပါမယ်။လေလံကြေးအမြင့်ဆုံးက အနိုင်ရမှာဖြစ်ပါတယ်”

လော့ဇီယင်းနှင့် အခြားလူများနောက်မှနေ သိချင်စိတ်ဖြင့်လိုက်ပါလာသော ဝယ်သူအချို့တွင် ထိုင်ခုံများရှိမနေခဲ့ပေ။

စူးယွင်မှ ရှင်းပြလာ၏။

“ဒီဝတ်စုံသုံးထည်ဟာ အဆင့်အတန်းမြင့်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းတွေဖြစ်ကြလို့ သူတို့ရဲ့တန်ကြေးကလဲ နည်းနည်းမြင့်ပါလိမ့်မယ်။ဝယ်သူအချို့မှာ အသုံးစရိတ်ကန့်သတ်မှုရှိနိုင်တာကို စဉ်းစားမိလို့ ကျွန်မတို့ဆိုင်လေးက ထိုင်နေကြတဲ့ဝယ်သူတို့အတွက်ပဲ လေလံကတ်တွေ ပြင်ဆင်ပေးထားပါတယ်”

“တွေ့ကြလား။ဒီဆိုင်ကခွဲခြားဆက်ဆံနေတာပဲ။သူတို့က ငါတို့လို သာမာန်လူတန်းစားတွေကို နှိမ့်ချနေတာ”

အစောပိုင်းမှ စကားပြောခဲ့သည့်လူမှာ မတ်တပ်ရပ်လာပြန်ပြီး သူမအားလက်ညိုးထိုးကာ

“အဲ့‌စကားတွေအားလုံးက အစပျိုးနေရုံပဲ။အမှန်တရားကတော့ နင်ကငါတို့ကို ပိတ်ဆို့ဖို့အဲ့ဝတ်စုံ‌ေတွသုံးပြီး မျိုးရိုးမြင့်တွေနဲ့ပဲ စီးပွားရေးလုပ်ချင်နေတာမလား”

လူအုပ်ကြီးမှာ မျက်မှောင်ကြုတ်ကုန်ကြ၏။

“ဒါပေမယ့် ငါတို့မှာ ဘာလေလံကတ်မှမရှိဘူးလေ”

“လူတိုင်းပဲ ဒီဆိုင်ကဘာမှထူးခြားတာရှိမနေဘူးဆိုတာကို ကျွန်မမြင်နိုင်တယ်”

မတ်တပ်ရပ်နေကြသည့် လူအုပ်လေးမှာ ထိုစကားများကြောင့် လှုံ့ဆော်ခံလိုက်ရပြီး ချက်ချင်းပြန်လည်မျှဝေကုန်ကြတော့သည်။

“ဒီဆိုင်ကတော့ တစ်ခုခုကွဲပြားတာရှိမယ်လို့ ငါထင်ခဲ့ပေမယ့် အခြားဆိုင်တွေနဲ့ သူလိုငါလိုဖြစ်‌ေနတဲ့ပုံပါပဲ”

သူတို့သည် မျိုးရိုးမြင့်များ၏ နောက်လိုက်များသာဖြစ်ကြလေ၏။

လူအုပ်ကြီးမှာ လော့ဇီယင်းနှင့် အခြားသူများအား တိုက်ရိုက်ကြီးမဝေဖန်ရဲကြရာ သူတို့ဒေါသများအား စူးယွင်ထံရွှေ့ပြီး သူမအားမေးခွန်းထုတ်ကြတော့သည်။

“ဒါဆိုငါတို့အရင်ကရခဲ့တဲ့ အဖွဲ့ဝင်ကတ်တွေက အသုံးမဝင်တော့ဘူးလို့ ဆိုလိုတာလား။နင့်လုပ်ရပ်တွေက ဝယ်သူတွေကို လိမ်လည်နေတာပဲ”

“ဟုတ်ပါ့ ငါ့အမှတ်တွေလဲ ရေစုန်မျောပါပြီ”

ဖွင့်ပွဲနေ့တွင် ဈေးနှုန်းများမှာ ချိုသာပြီး သာမာန်မိသားစုနောက်ခံမှ လူများပင်ချီဖောင်အားဝယ်ရန် တတ်နိုင်ကြကာ အဖွဲ့ဝင်ကတ်များအားသုံး၍ အမှတ်များစုဆောင်းခဲ့ကြသည်။

သူတို့သည် ချီဖောင်မှာသာမာန်လူတန်းစားများအတွက်ဟုသာ ထင်ခဲ့ပေသိ ယခုကြည့်ရသည်မှာတော့ ချီဖောင်များမှာ မျိုးရိုးမြင့်များအတွက် ထူးခြားသောဝတ်စုံတစ်မျိုးမျှသာ ဖြစ်နေပုံပင်။

လူအုပ်ကြီးမှာ အမျက်ဒေါသအပြည့်ဖြင့် တစ်ညီတစ်ညွှတ်တည်း အော်ဟစ်ကုန်ကြသည်။

“ငါတို့ကို ပြန်အမ်းပေး”

“လူတိုင်းပဲ တိတ်တိတ်နေပေးကြပါ”

စူးယွင်သည် သစ်သားတူလေးအား ထုရင်း အသံမြှင့်ကာအော်လိုက်၏။

“ကျွန်မကို အရင်ရှင်းပြခွင့်ပေးကြပါဦး ဟုတ်ပြီလား”

“ဘာကိုရှင်းပြမှာလဲ။ဒီဝတ်စုံတွေက သူတို့အတွက်ပဲလို့ နင်ပြောခဲ့တာပဲလေ”

လေလံပွဲသည်

မျိုးရိုးမြင့်သခင်မလေးများမှ ဝယ်ယူချင်လာအောင် အဆင့်အတန်းမြင့်မြင့် ဆန်းသစ်သောလမ်းစဉ်ဖြင့် ဆွဲဆောင်ရင်း ဈေးကွက်အတွက် သူတို့၏ ဂုဏ်သတင်းများအား အခွင့်ကောင်းယူကာ မှီခိုရဖို့ရည်ရွယ်ခဲ့ခြင်းပင်။

စူးယွင်သည် ဤအချက်ကိုတော့ ငြင်းစရာမရှိပေ။

“ဒီအခမ်းအနားက မျိုးရိုးမြင့်တွေအတွက် ကျင်းပပေးတာ အမှန်ဖြစ်ပေမယ့် ကျွန်မတို့ဆိုင်လေးက မူလရည်ရွယ်ချက်တွေကို မေ့ပစ်မှာမဟုတ်သလို ကျွန်မတို့ရဲ့ ရှိထားတဲ့ဝယ်သူတွေကို စွန့်ပစ်မှာလဲမဟုတ်ပါဘူး”

စူးယွင်သည် လက်ကမ်းစာစောင်အားယူကာ စာစောင်ထိပ်မှ ကိုင်၍ အပေါ်မြှောက်ပြလိုက်သည်။

“ဒီလက်ကမ်းစာစောင်မှာ ဒီအခမ်းအနားရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ကျွန်မကိုယ်တိုင် ဒီစာစောင်တွေကို စီးပွားရေးလမ်းမကြီးတွေမှာ ဝေပေးဖို့ လူတွေလွှတ်ခဲ့ပါတယ်”

ထို့နောက်သူမသည် သူတို့ထံလက်ကမ်းစာစောင်အား ပြလိုက်ဖို့ ရှောင်ဟယ်ကိုအမူအယာပြလိုက်သည်။

“ဝမ်ကောကို တိုက်ခိုက်နေတဲ့ ကောလဟောလတွေရှိနေတဲ့အတွက်ကြောင့် ဝမ်ကောက အသစ်အသစ်သော လူအုပ်ကို ဆွဲဆောင်ဖို့ဆန်းသစ်မှုတွေ လုပ်ခဲ့ရပါတယ်”

“မင်းတို့ရဲ့ဒေါသကို ကျွန်မနားလည်ပါတယ်။ဝမ်ကောမှာ အစောပိုင်းကကျွန်မတို့ ဆွေးနွေးခဲ့ကြတဲ့ ဈေးချိုချိုချီဖောင်တွေ ရှိနေသေးတဲ့အပြင် ပစ္စည်းအမျိုးအစားသစ်ကိုပါ စတင်ရောင်းချတဲ့သဘောပါ။နောက်ပြီးတော့ အဖွဲ့ဝင်ကတ်တွေနဲ့ အမှတ်တွေကလဲ အကျုံးဝင်နေပါသေးတယ်”

“တစ်ကယ်လား”

စူးယွင်သည် ပြုံးလိုက်ပြီး သူတို့အား နှစ်သိမ့်ဖျန်ဖြေလိုက်သည်။

“ဒါပေါ့။ဝမ်ကောက စီးပွားရေးလုပ်ရာမှာ ယုံကြည်မှုကို ရှေ့တန်းတင်ပါတယ်”

“အဲ့ဒါကြောင့်မလို့ ကျွန်မတို့ကို ယုံကြည်ပေးကြပါ။ကျွန်မတို့က ရှင်တို့ကို စိတ်မပျက်စေရပါဘူး”

စူးယွင်သည် အခြားဘက်အား ညွှန်ပြလိုက်၏။

“ချီဖောင်တွေကို ဟိုဘက်မှာ ချိတ်ထားပါတယ်။မင်းတို့သာ စိတ်ဝင်စားရင် လွတ်လွတ်လပ်လပ်သွားကြည့်နိုင်ပါတယ်”

အနားတွင်ရပ်နေသော ရှောင်ဟယ်မှာ အပြုံးလေးနှင့် ချက်ချင်းရောက်ချလာပြီး သူမလက်အားဆန့်လိုက်ကာ

“သခင်မလေးတို့ သွားကြည့်ဖို့ရာအတွက် မင်းတို့‌ေတွ ကျွန်မနဲ့လိုက်လာပေးပါ”

အချို့မှာစိတ်လှုပ်ရှားစရာအား စောင့်ကြည့်ရန်နေရစ်ခဲ့ပြီး ချီဖောင်များအား စိတ်ဝင်စားသူအချို့မှာတော့ ရှောင်ဟယ့်နောက်မှလိုက်သွားကြသည်။

ပြဿနာများ ပြေလည်သွားသော် စူးယွင်သည် ပြုံးလိုက်ပြီး သူတို့ဘက်ပြန်လှည့်လာ၏။

“လေလံပွဲအတွက် ပထမဆုံးဝတ်စုံကတော့ ‌ဥဒေါင်းငှက်ကို မှီငြမ်းပုံ‌ေဖာ်ထားတဲ့ချီဖောင်ပါ။ကြမ်းခင်းဈေးက တေးငါးဆယ်ဖြစ်ပြီး တစ်ခါတိုး ငါးတေးပါ။မင်းတို့သာ စိတ်ဝင်စားရင် အချက်ပြဖို့ မင်းတို့ရဲ့လေလံကတ်ကို မြှောက်ပေးကြပါ”

“အခုပဲ ရေတွက်လိုက်ကြတာပေါ့”

“သုံး”

“နှစ်”

“တစ်”

“လေလံပွဲ စပါပြီ”

ပထမဆုံးလေလံဈေး‌ေပးသူမှာ တတိယတန်းရှိ ပန်းရောင်ဟန်ဖုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။သူမသည် သူမ၏အစေခံအား လေလံကတ်မြှောက်ရန် အချက်ပြလိုက်၏။

“ငါးဆယ့်ငါးတေး”

စူးယွင်သည် လက်ဝါးစောင်းပုံစံဖြင့် သူမလက်အားရှေ့သို့ဆန့်ထုတ်ကာ

“ငါးဆယ့်ငါး‌ေတးအတွက် နံပါတ်၁၃ကို ကျေးဇူးတင်ပါတယ်။လေလံကြေးကို မြှင့်ချင်တဲ့လူများ ရှိပါသေးလား”

“‌ေတးခြောက်ဆယ်”

“ခြောက်ဆယ်တေးအတွက် နံပါတ်၁၀ကို ကျေးဇူးတင်ပါတယ်။လေလံကြေး မြှင့်ချင်သူများ ရှိပါသေးလား”

“ခြောက်ဆယ့်ငါးတေး”

“တေးတစ်ရာ”

မျိုးရိုးမြင့်သခင်မလေးများမှာ ဤမျှကြီးကြီးမားမား တိုးတက်သွားသည်ကို မြင်သော် အသက်ပြင်းပြင်းရှူလိုက်ကြပြီး မြှောက်ထားသော လေလံကတ်၏ ဦးတည်ရာထံလှည့်ကြည့်လိုက်ကြသည်။

လူအုပ်ကြီးထဲတွင် လော့ဇီယင်းမှာ ဘွဲ့ရာထူးအမြင့်ဆုံးဖြစ်ရာ ဝတ်စုံအတွက်ကြောင့်နှင့် သူမအားမည်သူမှ ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်ကြမည်မဟုတ်ပေ။သူတို့သည်နောက်ဝတ်စုံပေါ်သို့သာ နောင်တ တကြီးရွှေ့လိုက်ကြရတော့၏။

တစ်နာရီကြာပြီးသော် လေလံပွဲအား အောင်အောင်မြင်မြင် ပိတ်သိမ်းနိုင်လိုက်၏။စူးယွင်သည် ခုံပေါ်ထိုင်ချကာ သက်ပြင်းချနေတော့သည်။

“ပွဲတစ်ပွဲကျင်းပရတာက အရမ်းပင်ပန်းလွန်းတယ်”

တစ်မနက်ခင်းလုံး မရပ်မနားစကားပြောခဲ့ရရာ သူမလည်ချောင်းမှာ မီးပွင့်တော့မလိုခံစားနေရ၏။

ရှောင်ဟယ်အား သူမအတွက် ရေတစ်ခွက်ယူလာပေးရန် ပြောတော့မည့်အချိန်တွင် သူမအရှေ့၌ ရေခွက်လေးပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ငါတို့မှာ တစ်ကယ်ကိုပြောစရာမလိုပဲသိတဲ့ နားလည်မှုရှိနေတာပဲ”

စူးယွင်သည် ခေါင်းလှည့်လိုက်ရာ သူမရှေ့တွင် ကျောက်စိမ်းအသွင်နှင့် နူးညံ့သောလက္ခဏာရပ်တို့ဖြင့် မျက်နှာကိုသာတွေ့လိုက်ရတော့၏။

“ရှင်ကဘယ်လိုလုပ်ရောက်လာတာလဲ”

“တစ်ချက်လာကြည့်ရုံပါပဲ”

နဉ်ကျင်းသည် နှုတ်ခမ်းလေးများကွေးတက်သွားသည်ထိ ပြုံးပြကာ လက်ချောင်းလေးများက ‌ယပ်တောင်လက်ကိုင်ပေါ် ဖွဖွထိနေပြီး သူ့မျက်ဝန်းအစုံမှာ ‌ကျီစယ်လိုမှုတို့ဖြင့် တလက်လက်တောက်ပနေသည်။

“နားလည်နေတယ်ဆိုတာ ဘာများပါလိမ့်။မင်းကဘာလို့စကားကို ပြီးအောင်မပြောရတာလဲ”

သူ၏နောက်တီးနောက်တောက် အမူအယာအားတွေ့သော် စူးယွင်သည် စိတ်ဝင်စားစရာတစ်ခုရှာတွေ့လိုက်ပြီး စနောက်ဟန်ဖြင့် စိတ်ကြီးဝင်သလိုပြုမူလိုက်၏။

“ကျွန်မရှင့်ကိုပြောမပြချင်ပါဘူး”

နဉ်ကျင်းသည် မျက်ခုံးပင့်မိသွားသည်။

“ဘာလို့လဲ”

စူးယွင်သည် ခေါင်းအားအသာစောင်းကာ သူမမျက်ဝန်းတို့မှာလဲ ကျီစယ်လိုရိပ်တို့ဖြင့် တောက်ပနေလေ၏။

“အဲ့လိုလုပ်ရတာ ကြိုက်လို့လေ”

နဉ်ကျင်းသည် ဖွဖွရယ်လိုက်ပြီး သူမကိုကြည့်ရုံသာကြည့်နေလိုက်သည်။

သူတို့အကြည့်များမှာ လေထုထဲ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး နှစ်ဘက်စလုံးမှာ နောက်ဆုတ်ရန် ဆန္ဒမရှိကြပဲ ယှဉ်ပြိုင်မှု‌ခံစားချက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သုံးမိနစ်ကြာပြီးသော် နဉ်ကျင်းသည် အရင်အကြည့်လွှဲလိုက်ပြီး စူးယွင်ထံ သေတ္တာလေးကမ်းပေးလာ၏။

“ဒါကမင်းအတွက်။ကြိုက်လားလို့ ကြည့် ကြည့်ပါဦး”

“ကျွန်မဆီ လက်ဆောင်တွေယူလာတုန်းလား”

စူးယွင်သည် သေတ္တာလေးအား လှုပ်ကြည့်ရာ အတွင်းဘက်မှနေ ခေါင်းလောင်းသံတချွင်ချွင်အားကြားလိုက်ရသည်။

“ဒါကဘာလဲ”

“မင်းကဘာလို့ဖွင့်ပြီးမကြည့်တာလဲ”

စူးယွင်သည် ဖဲကြိုးအားဖြည်ကာ အထဲသို့ကြည့်လိုက်ရာ သူမမျက်ဝန်းတို့သည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရ၏။

သူမသည် ပစ္စည်းလေးအား အသာထုတ်ကာ သေသေချာချာစစ်ဆေးကြည့်ရန် မြှောက်ကိုင်ထားလိုက်သည်။

ထိုသည်မှာ ပွင့်ဖတ်အလွှာတို့ဖြင့် လှပ‌ေသာအနုစိတ်သဏ္ဍာန်တစ်ခုအဖြစ် ရစ်ဖွဲ့နေသည့် ကြွေပန်းပုံစံဆံထိုးတစ်ခုဖြစ်လေ၏။လက်မှုပညာမှာ ဩချဖွယ်ရာပါပင်။သို့သော်ငြား သူမအာရုံကို အမှန်ဖမ်းစားသွားသည်မှာ အလယ်ဗဟိုရှိ တလက်လက်တောက်ပကာ အရည်လဲ့နေသော အာရုံစိုက်မှုတို့အား ချက်ချင်းဆွဲငင်သွားသည့် ပတ္တမြားကြီးပင်ဖြစ်လေ၏။

“ဒါကတန်ဖိုးကြီးလွန်းတယ်”

စူးယွင်သည် ကြွေပန်းဆံထိုးအား သူ့ထံမြန်မြန်ပြန်ပေးလိုက်သည်။

“မင်းပဲပြန်ယူပြီး သေချာသိမ်းထားသင့်တယ်”

နဉ်ကျင်းသည် ပွင့်ချပ်များအား ကိုင်တွယ်ရင်း သူ့အကြည့်သည် အလယ်ဗဟိုရှိ ပတ္တမြားထက်မြဲမြံနေ၏။

“စူးယွင် မင်းကကိုယ့်ကို ဝတ်စုံတစ်စုံပေးခဲ့တယ်။အဲ့တော့ ကိုယ်ကလဲ မင်းကို ဆံထိုးပြန်ပေးတယ်”

သူသည် ဖြည်းဖြည်းချင်း တိုးကပ်လာရင်း သူ့လက်ထဲရှိ ဆံထိုးအား လှုပ်ယမ်းနေလေသည်။တချွင်ချွင်မြည်သံအားကြားသော် သူသည်ခေါင်းအားငုံ့၍ ရယ်သံတစ်သံက လည်ချောင်းတွင်းမှ လျှံထွက်လာတော့၏။

All Chapters