← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

စူးယွင်သည် စင်ဘေးတွင် မျက်မှောင်ကြုတ်လျက်သားဖြင့် လဲနေ၏။သူမဘယ်လက်ပေါ်ရှိ ဒဏ်ရာမှာပြန်ပွင့်သွားပြီး သူမလက်မောင်းသည်လည်း မြေပြင်ဖြင့် ပွတ်ဆွဲမိထားသည်။

သူမလက်ဖဝါးရှိ သွေးများမှာ ချီဖောင်ပေါ်စွန်းထင်းသွားခဲ့ပြီး ပန်းပွင့်ပုံစံငယ်လေးများအလား အစွန်းကွက်များကို ဖန်တီးနေလေ၏။

နဉ်ကျင်းမှာ မျက်နှာထက်တွင် စိုးထိတ်မှုကို ရှင်းရှင်းကြီးပြသထားလေသည်။သူသည် ဆီစိမ်စက္ကူထီးအားဘေးသို့ပစ်ချကာ သူမအားဂရုတစိုက်ထူပေးလိုက်၏။

"အရမ်းနာသွားလား"

သူသည် သူမလက်ဖဝါးလေးအား အသာအယာ ပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးရန်အလို့ငှာ တိုးဖွဖွလေးပြောနေသည်။

"နည်းနည်းပွန်းသွားရုံပါပဲ ထပ်မနာတော့ဘူးနော်"

စူးယွင်သည် အတန်ငယ်နီမြန်းနေသည့် မျက်ဝန်းအစုံဖြင့် နှာရှုံ့လိုက်ပေသိ သူမလေသံမှာတော့ ထူးထူးခြားခြားတည်ငြိမ်နေလေ၏။

"ကျွန်မအဆင်ပြေပါတယ်"

နဉ်ကျင်းသည် သူမထံစိုက်ကြည့်ရင်း ရှုပ်ထွေးသွားရသည်။သူမမှာ အမှန်ပင် သက်ရောက်မှုမရှိသည့်ဟန်ပေါ်နေသိ သူသည်မရေမရာဖြစ်နေသေး၏။

သူမလက်အားဓားလေးဖြင့် ရှခဲ့စဉ်ကပင်လျှင် သူမမှာ အလွန်သနားဖွယ်ကောင်းနေခဲ့သည်။

လက်ရှိဒဏ်ရာမှာ နောက်ဆုံးအကြိမ်ကထက် မသာလျှင်ပင်မလျော့ပါပေ။ဤသည်ကိုပင် သူမ၏တုံ့ပြန်မှုမှာ အဘယ်ကြောင့် အလွန်ခြားနားနေရပါသနည်း။

သူသည်မျက်ဝန်းများအား မှေးကျဉ်းကာ အနီးဝန်းကျင်အား စစ်ဆေးကြည့်လိုက်ရာ စူးယွင်ထံ စိုက်ကြည့်နေသည့် ဗြောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးကိုသာ သတိပြုမိလေသည်။အမျိုးသား၏မျက်နှာထက်တွင် တောင်းပန်မှုအရိပ်အမြွက်အား ပြသထားပေသိ သူ့မျက်လုံးများထဲတွင်တော့ ဖုံးကွယ်ထားသည့် မထီမဲ့မြင်ဟန်အရိပ်အယောင်တို့ရှိနေခဲ့၏။

သူမမှစကားပြောရန်ပြင်စဉ် ထိုလူသည်သူမစကားအား ဖြတ်ပြောလာ၏။

"ကျွန်တော့်အမှားပါ မိန်းကလေးရယ်"

"ကျွန်တော်က အိမ်ပြန်ဖို့လောနေလို့ မင်းကိုလုံးဝသတိမထားမိလိုက်ဘူး"

"တစ်ကယ်လား"

စူးယွင်သည် လက်ကိုင်ပုဝါတစ်ထည်အား ဘာသိဘာသာဆွဲထုတ်ကာ သူမလက်‌ေပါ်ရှိဒဏ်ရာအား သွေးတိတ်သွားစေရန် ဖိထားလိုက်သည်။

ထို့နောက် သူမသည် ထိုလူနားလျှောက်သွားကာ သူမမေးအားအသာပင့်၍ သူ့ထံမျက်လွှာချကာကြည့်လိုက်၏။

"အခုလေးတင်ကို ရှင့်နားလေးမှာ ဘယ်သူမှရှိမနေဘူး။ရှင်နဲ့ကျွန်မကြားက အကွာအဝေးကို လွယ်လွယ်လေးခြားထားလို့ရနေတာလေ။ဒါကိုတောင် ဘယ်လိုလုပ်ပြီး ကျွန်မတို့က ဝင်တိုက်မိရတာလဲ"

အနားရှိအရောင်းစင်မှ သူမပြေးထွက်လာစဉ်ကပင်လျှင် အခြားဖက်ရှိထိုလူနှင့် လုံခြုံသည့်အကွာအဝေးအား ထိန်းထားသေးသည်ကို သူမရှင်းရှင်းကြီး မြင်ပြီးသားပင်။သို့သော် တစ်နည်းနည်းဖြင့် သူတို့ဆုံမိကြချိန်တွင် တစ်ဖက်လူမှာ ရည်ရွယ်ချက်ရှိရှိ အနားကပ်လာပြီး သူမ၏ဘယ်ဘက်လက်ဖဝါးအား ဆွဲခြစ်ရန် သူ့လက်ထဲရှိမိုးမခကိုင်းအားသုံးလာလေ၏။

သူမလည်း ဟန်ချက်ပျက်ကာ မြေကြီးပေါ်လဲကျပြီး မြေပြင်နှင့် လက်မောင်းအား ပွတ်ဆွဲမိပြန်ကာ ဒဏ်ရာရသွားခဲ့သည်။

"တစ်ကယ်လား"

အမျိုးသားသည် ခေါင်းအားကုတ်ရင်း တွေးတောဟန်ဆောင်နေလေ၏။

"ကျွန်တော်က အရမ်းစိတ်လောနေခဲ့တော့ သတိမပြုမိခဲ့ဘူး"

စူးယွင်သည် နှာမှုတ်လိုက်ကာ

"စိတ်လောတယ်ပေါ့လေ။ဒါဆိုရင် ရှင်ကဘာလို့ကျွန်မနားကပ်လာပြီး တမင်တကာ မိုးမခကိုင်းနဲ့ ဆွဲခြစ်လိုက်တာလဲ"

သုန်းရှို့သည် သူမ၏မေးခွန်းထုတ်မှုကို ထိတ်လန့်မနေဘဲ မေးအားပင့်လိုက်၏။

"ကျွန်တော့်ကိုမစွပ်စွဲပါနဲ့။လမ်းကကျဉ်းကျဉ်းလေးလေ ပြီးတော့ ဒီလိုမျိုး မတော်တဆမှုမျိုးဆိုတာကလည်း လုံးဝသာမန်ဖြစ်ရပ်တစ်ခုပါပဲ"

စူးယွင်သည် တစ်ဖက်လူထံစိုက်ကြည့်ကာ ထိုလူသည် လွယ်လွယ်နှင့်ဝန်ခံမည်မဟုတ်ကြောင်း သိလိုက်ရသည်။သူမသည် ထိုလူနှင့် အရပ်အမြင့် ကိုယ်လုံးကိုယ်ပေါက်ဆင်တူသော လမ်းသွားလမ်းလာတစ်ဦးထံ လှည့်ကြည့်လိုက်၏။

"သခင်လေး ရှင်ကျွန်မနဲ့ ခဏလောက်ပူးပေါင်းပေးနိုင်မလား"

ကျန်းကျင်းယုသည် မူလကပြဿနာထဲ ဝင်မပါချင်ခဲ့ဘဲ ကြည့်ရုံသာကြည့်နေခဲ့သည်။သို့သော် မိန်းမလှလေးမှ သူ့ထံစကားပြောလာရာ အငြင်းစကားမဆိုဝံ့တော့ပေ။

သူ၏ပျော်ရွှင်မှုအား ဖိနှိပ်ကာ တည်ကြည်သောအမူအယာမျိုး အတင်းလုပ်၍ ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပါပြီ"

"ကျေးဇူးတင်ပါတယ်"

စူးယွင်သည် သူမဘာလုပ်ချင်သည်ကို တိတိကျကျသိထားလေ၏။သူမသည် နဉ်ကျင်းဘက်လှည့်ကာ သုန်းရှို့လက်ထဲရှိ မိုးမခကိုင်းအားသွားယူရန် အချက်ပြလိုက်သည်။

"အဲ့ဒါငါ့ကိုပေး"

သုန်းရှို့သည် ပစ္စည်းအား နောက်ကျောတွင်ဖွက်ကာ နှာမှုတ်လိုက်၏။

"ငါကဘာလို့လုပ်ရမှာလဲ"

"ငါကအကြောင်းပြချက်တွေပေါ် မူတည်ပြီး ဘာကိစ္စကိုမှ မလုပ်ခဲ့ဖူးဘူး"

နဉ်ကျင်းသည် နှုတ်ခမ်းထောင့်အားအသာပင့်ကာ ကွဲပြားသောအမူအယာဖြင့် ပြောလိုက်သည်။သူ့လေသံမှာ တည်ငြိမ်၍သိမ်မွေ့နေဆဲပင်။

"အဲ့ပစ္စည်းကို ငါ့ဆီပေးမလား ဒါမှမဟုတ် သူမကိုထိခဲ့တဲ့ လက်ကိုပေးမလား"

သူ၏စကားလုံးတိုင်းမှာ သုန်းရှို့၏နားတွင်း တိုက်ရိုက်ဝင်သွားလေ၏။

သုန်းရှို့သည် သူ့ရှေ့ရှိ သိမ်မွေ့၍ ကျောက်စိမ်းအသွင်ဖြင့်လူကိုကြည့်နေမိသော်ငြား အကြောင်းအရင်းအချို့ကြောင့် သူ့နှလုံးသားအား အအေးစီးကြောင်းတစ်ခုမှ ဖြတ်သန်းသွားလေ၏။သူ့ပါးစပ်မှ ထုတ်ပြောရန်ပြင်နေသည့် စကားလုံးတိုင်းမှာလည်း တစ်ဆို့နေကာ ထုတ်မပြောနိုင်တော့ပေ။

နဉ်ကျင်းသည် တစ်ဖက်လူ၏ပုခုံးအား အသာပုတ်ကာ သုန်းရှို့မှ နောက်ကျော၌ဖွက်ထားခဲ့သည့် ပစ္စည်းကိုယူလိုက်သည်။

"သူ့အချိန်နဲ့သူ လက်လွှတ်သင့်ရင် လက်လွှတ်လိုက်ဖို့ သိတဲ့လူတွေကို ငါသဘောကျတယ်"

ထို့နောက်သူသည် ထိုသစ်ကိုင်းအား ကျန်းကျင်းယုထံကမ်းပေးလိုက်၏။

ကျန်းကျင်းယုမှာ ကြောင်အမ်းနေရာမှ ထိုမှတ်ချက်စကားကြောင့် ပြန်လည်အသိဝင်လာ‌ေတာ့သည်။သူသည်နေရာတွင်ပင် တောင့်တင်းနေပြီး ခဏကြာသည်ထိ မတုံ့ပြန်နိုင်ခဲ့ပေ။

အနီးတွင်ရပ်နေသည့် စူးယွင်လည်း ထိတ်လန့်သွားရ၏။ပထမဆုံးအကြိမ်အဖြစ် သူမရှေ့ရှိနဉ်ကျင်းမှာ သူမသိခဲ့သောလူမဟုတ်ဟု ခံစားလိုက်ရသည်။

နဉ်ကျင်းသည် ဘာမှမဖြစ်ခဲ့သည့်အလား အပြုံးလေးဖြင့်ပြောလိုက်၏။

"မိတ်ဆွေကြီး မင်းဒါကိုယူလိုက်ပါဦး"

ကျန်းကျင်းယုသည် သူ၏အတွေးထဲမှပြန်ထွက်လာနိုင်ပြီး သစ်ကိုင်းကို ကမန်းကတမ်းလှမ်းယူလိုက်သည်။

"အိုး.....‌ဟုတ်ကဲ့ ကောင်းပါပြီ"

စူးယွင်သည် သူမ၏တည်ငြိမ်မှုအား ပြန်ထိန်းကာ ရှေ့သို့လှမ်းလိုက်၏။

"ရှင်ဒီနေရာမှာ ရပ်ပေးနိုင်မလား"

ဤနေရာသည် အစောက သုန်းရှို့မှစူးယွင်အား ဝင်တိုက်ခဲ့သည့်နေရာပါပင်။

စူးယွင်သည် ဘေးသို့နည်းနည်းရွှေ့ကာ မတော်တဆဖြစ်ခဲ့သည့်နေရာထံ သူမဘာသာနေရာယူလိုက်သည်။

"နဉ်ကျင်း ဒီလူကြီးမင်းရဲ့ဘေးမှာရပ်ပေးပါဦး"

သူသည် စကားပြန်ပြောမနေတော့ဘဲ နေရာထံဒီအတိုင်းသွားလိုက်ကာ သူမလုပ်ရပ်တို့အား ငြိမ်ငြိမ်လေးစူးစမ်းနေလိုက်၏။

"အခု အစောကရှင့်ဘေးမှာ တစ်ယောက်ယောက်ရပ်နေသည်ဖြစ်စေ မရပ်နေသည်ဖြစ်စေ အဲ့နေရာမှာတစ်ယောက်ယောက်ရှိနေတယ်လို့ ယူဆလိုက်ကြတာပေါ့"

စူးယွင်သည် ပြောလိုက်ရင်း သူမ၏ယခင်က အနေအထားအတိုင်း အသွင်ယူကာ သူမလက်များကို သဘာဝကျကျ ချထားလိုက်သည်။

"သခင်လေး သစ်ကိုင်းကိုကောက်လိုက်တော့"

"အိုး ကောင်းပြီလေ"

ကျန်းကျင်းယုသည် စူးယွင်မှ မည်သည်အားသရုပ်ဖော်ရန်လုပ်နေသည်ကို နားလည်သွားပုံရပြီး သစ်ကိုင်းအားကောက်ကာ ပူးပေါင်းပေးလာ၏။

သစ်ကိုင်းသည် လေထဲလွှင့်ခဲ့ပေသိ စူးယွင်၏လက်နှင့်ကြားတွင် နည်းနည်း‌ကွာဟနေပါသေးသည်။

"ရှင်မြင်လား ရှင့်ဘေးမှာတစ်ယောက်ယောက်ရှိနေတယ်ဆိုရင်တောင်မှ မိုးမခကိုင်းက ကျွန်မလက်ကိုရိုက်မိမှာမဟုတ်ဘူး"

စူးယွင်သည် သူမလက်အားဆန့်ကာ သူမလက်ပေါ်ရှိနေသေးသည့် ဒဏ်ရာအားပြလိုက်၏။

"ရှင်ဒါကိုဘယ်လိုရှင်းမလဲ"

သုန်းရှို့သည် စိုးရိမ်တကြီး လျှာသပ်လိုက်ကာ သူ့အကြည့်တို့မှာလည်း ရှုပ်ထွေးမှုတို့ဖြင့် ဝေ့လည်ကြောင်ပတ်လုပ်နေတော့သည်။

သိပ်မကြာခင်မှာပင် သူသည်ဗလုံးဗထွေးဖြင့်ပြောလာ၏။

"သူ.....သူ.....သူကငါမဟုတ်ဘူးလေ။ဘယ်လို.....အဲ့ဒါက ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ"

စူးယွင်သည် ခေါင်းရှောင်ရန်လုပ်နေသည့် သူ့ကြိုးပမ်းမှုကြောင့် တုန်လှုပ်မသွားပါပေ။

"ဒါဆိုလည်း ရှင်ကဒီကိုလာလိုက်လေ"

သုန်းရှို့သည် သစ်ကိုင်းအားယူကာ စီစဉ်ထားသည့်နေရာ၌ရပ်၍ ဘေးဘက်ဆီနည်းနည်းလေး မသိမသာတိုးလိုက်သည်။

သူသည် မိုးမခကိုင်းအားကိုင်၍ နည်းနည်းစောင်းလိုက်သော်ငြား စူးယွင်၏လက်ကိုမထိနိုင်သေးပါချေ။

"သိသာနေပြီလေ"

စူးယွင်သည် သူ့ထံတည်ငြိမ်စွာကြည့်လိုက်၏။

"ရှင်ဘာများပြောချင်သေးလဲ"

"ငါ....ငါ..."

သုန်းရှို့၏ မျက်လုံးများမှာ ဟိုကြည့်ဒီကြည့်လုပ်နေပြီးနောက် သူမအားလက်ညှိုးထိုးကာ အော်လာ၏။

"မင်းပဲ။မင်းကလှည့်ကွက်တွေ လုပ်လိုက်တာပဲ"

ဤသည်အားကြားလိုက်ရသော စူးယွင်သည် ခပ်ဟဟရယ်လိုက်မိသည်။

"အဲ့လိုဖြစ်အောင်လုပ်ကြံတယ်ပေါ့လေ။ကျွန်မဘာတစ်ခုမှမလုပ်လိုက်ဘူးဆိုတာကို အကုန်လုံးမြင်ကြပါတယ်နော်"

"ရှင်ကသာအဲ့လိုပြောခဲ့တဲ့လူလေ။ကျွန်မကရှင့်စကားအတိုင်း ပြန်ဖန်တီးပြရုံတင်ပါ"

"မင်း....မင်း..."

သုန်းရှို့၏မျက်နှာမှာ နီရဲတက်လာပြီး စကားတစ်ခွန်းပင်ပြောမထွက်တော့ပေ။

သက်လတ်ပိုင်းအရွယ် ဖြတ်သွားဖြတ်လာတစ်ဦးသည် သူ၏ကိုယ်ပိုင်သားသမီးများအား တွေးမိကာ စူးယွင်ကိုယ်စားပြောပေးရန် ရှေ့တက်လာ၏။

"မင်းကအရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီကို မှားနေရင်ဝန်ခံဖို့ဘာလို့ငြင်းနေရသေးတာလဲ။အိမ်မှာရှိနေတဲ့ လူကြီးတွေကို မင်းကအရှက်ရစေတာပဲ"

"အမှန်ပဲ"

All Chapters