← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ဖြတ်သွားဖြတ်လာနောက်တစ်ဦးသည်လည်း ဝေဖန်ပြောဆိုလာ၏။

"မိန်းမငယ်လေးတစ်ဦးကို အခွင့်ကောင်းယူ‌ေနတာက ဘယ်လိုအချိုးမျိုးလဲ"

"အမှန်ပဲ။မင်းကတစ်ကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ....."

သုန်းရှို့သည်မှတ်ချက်များကြောင့် ရှက်ရွံ့သွားရကာ သူ့ခေါင်းအားငုံ့၍ စူးယွင်ထံအထစ်ထစ်အငေါ့ငေါ့ဖြင့် တောင်းပန်လာသည်။

"မိန်းကလေး....ကျွန်တော်....ကျွန်တော်တောင်းပန်ပါတယ်"

ပြောပြီးသည်နှင့် သူသည်စူးယွင်၏တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ပြေးထွက်ရန်ပြင်လိုက်၏။

သို့သော် နဉ်ကျင်းသည် သူ၏နောက်ရွှေ့ကွက်အား ကြိုတင်မှန်းဆထားပြီးဖြစ်ရာ သုန်းရှို့၏လက်မောင်းအား ဖမ်းဆွဲထားလိုက်ကာ သူ၏မျက်ဝန်းများမှာလည်း ဒေါသတို့ဖြင့် ဖုံးလွှမ်းနေလေသည်။

"သူမကပြန်မဖြေရသေးတာတောင် မင်းကထွက်သွားချင်‌ေနပြီလား"

"ဟမ့် ဒါကမင်းပြောတဲ့တောင်းပန်တယ်ဆိုတဲ့ပုံစံလား"

ရပ်ကြည့်နေသူများ၏ အပြစ်ပြောသံတို့မှာ ပို၍ပင်ကျယ်လောင်လာပါတော့၏။

"ဘုရားရေ ဒီလူကတစ်ကယ်ဩချလောက်စရာပါပဲ"

"ငါသာသူ့ရဲ့အကြီးဖြစ်ခဲ့ရင် သူ့အနေနဲ့ဘယ်သူ့ကိုမှဒုက္ခလိုက်မပေးနိုင်တော့အောင် သေတဲ့အထိရိုက်ပစ်လိုက်တယ်"

"မင်း....."

ထိုလူမှာ နဉ်ကျင်းအားအတန်ငယ်ကြောက်ရွံ့နေ၍ အကြည့်ချင်းမဆုံရဲခဲ့ပေ။

နဉ်ကျင်းမှ သူ၏ဆုပ်ကိုင်မှုအားတင်းကြပ်လိုက်ရာ ထိုလူ၏ဘယ်ဘက်လက်မောင်းမှာ အချိန်မရွေးကျိုးသွားတော့မတတ်ဖြစ်သွားတော့၏။

"တောင်းပန်လိုက် မင်းအဲ့စကားကိုတော့ပြောနိုင်တယ်မလား"

"အား....အိုး....နာတယ်ကွ...လွှတ်ပေးပါဦး။လူကြီးမင်း လူကြီးမင်း လွှတ်ပေးပါဦးနော်"

သုန်းရှို့၏လည်ပင်းမှာ နာကျင်မှုကြောင့် နီမြန်းလာပြီး သနားစဖွယ်အမူအယာဖြင့် ချက်ချင်းတောင်းပန်ကာ အသနားခံလာ၏။

"ကျွန်တော်မှားပါတယ်။ကျွန်တော်မှားမှန်း တစ်ကယ်သိပါပြီ"

နဉ်ကျင်းသည် လက်အားလွှတ်ပေးလိုက်ကာ စကားလုံးနှစ်လုံးအား အေးစက်စွာပြောလာ၏။

"တောင်းပန်"

ဤတစ်ကြိမ်တွင်တော့ သုန်းရှို့သည် စူးယွင်ရှေ့၌ သေသေချာချာရပ်ကာ လေးလေးနက်နက်ဦးညွှတ်လိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော့်ကို မင်းခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

"ဟမ့်"

စူးယွင်သည် နှာမှုတ်လိုက်၏။

"ကျွန်မကရှင့်ကို ဘာလို့ခွင့်လွှတ်ရမှာလဲ"

"ဒါ....ဒါက..."

သုန်းရှို့၏မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့်ပြူးကျယ်သွားပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်။

စူးယွင်သည်လည်း အခြားသူများကဲ့သို့ပင် သူ့အားသွားခွင့်ပြုမည်ဟု ထင်ခဲ့ခြင်းပင်။ပြောရလျှင် အမျိုးသားများ၏ဂုဏ်ပုဒ်သည် အမျိုးသမီးများထက် မြင့်မားနေပါသေးသည်။

"ရှင်ကအမှားတစ်ခုလုပ်လိုက်ပြီးတော့ တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးနဲ့တင် အရာရာကိုပြီးသွားမယ်လို့ထင်နေတာလား။အဲ့ဒါကရယ်စရာကောင်းတယ်လို့မထင်ဘူးလား"

"ကျွန်မက ရှင်အန္တရာယ်ပြုတာကို တစ်ကယ်ကြီးခံခဲ့ရတဲ့နစ်နာသူလေ"

စူးယွင်သည် သူမ၏ဘယ်လက်အား ဆန့်ထုတ်ကာ သူမလက်မောင်းအားခြစ်မိသွားသည့် ဒဏ်ရာအားပြလိုက်၏။

"ရှင့်ဆီက စကားလုံးနည်းနည်းလောက်နဲ့တင် ဒီဒဏ်ရာတွေက ပျောက်သွားမယ်လို့ထင်နေတာလား"

သုန်းရှို့ : "ငါ...."

"ကျွန်မကသူတော်စင်တစ်ယောက် မဟုတ်တဲ့အတွက် ဒီကိစ္စကိုပြီးစလွယ် လွှတ်မပေးလိုက်နိုင်ဘူး။ရှင်အ‌ေနနဲ့မကောင်းတာတစ်ခုခုလုပ်ခဲ့တယ်ဆိုရင် အပြစ်ပေးခံရသင့်တာပေါ့"

စူးယွင်သည် အခြားလူများအား ခက်ခဲအောင်လုပ်ရသည်အား နှစ်သက်သူမဟုတ်ပါ‌ေချ။ဤမတော်တဆမှုသာ အမှန်တစ်ကယ်မတော်တဆမှုတစ်ခုဖြစ်နေပါက တောင်းပန်စကားတစ်ခုကိုလည်း သူမလက်ခံနိုင်ပါ၏။

သို့သော်ငြား လက်ရှိကိစ္စမှာတော့ အကြံအဖန်တစ်ခုသာဖြစ်မှန်း သိသာနေလေသည်။သူမဘယ်လက်မှာ ဒဏ်ရာရထားကြောင်း သိထားပြီးဖြစ်ကာ သူသည်သူမအား နောက်ထပ်ဒဏ်ရာထပ်ရစေရန် တမင်လုပ်ကြံခဲ့လေ၏။

သူသည်သူမအား တမင်ပစ်မှတ်ထားခဲ့ခြင်းဖြစ်၍ သူမသည်လည်း ညှာတာနေရန်မလိုပေ။

"အဲ့တော့ မင်းက ဘာလုပ်ချင်တာလဲ"

သုန်းရှို့သည် သူ့လက်ချောင်းများအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ စိတ်ထဲတွင်လည်း ဗလောင်ဆူလာပြီး သူမထံကြည့်လာ၏။

"တရားရုံးကိုသွားပြီး ရှင့်ကိုအမှုဖွင့်မယ်"

ရှင့်ကိုအမှုဖွင့်မယ်!

သုန်းရှို့သည် နေရာတွင်ပင် တောင့်တင်းသွားပြီး သူ့စိတ်မှာလည်း ဗလာဖြစ်သွားတော့သည်။

ရပ်ကြည့်နေသူများဆိုသည်မှာ ဂဏှာမငြိမ်ကြသူများသာဖြစ်၍ စူးယွင်၏စကားများအားကြားလိုက်သည်နှင့် သူမထံချက်ချင်းဝေဖန်သလိုကြည့်လာကြတော့၏။

"သူကတောင်းပန်နေပြီပဲလေ ဘာလို့ကိစ္စတွေကို ဒီလောက်ကြီးအောင်လုပ်နေရတာလဲ"

"ဟုတ်ပါ့ ကောင်မလေး တရားရုံးဆီသွားတာက အရမ်းပြင်းထန်လွန်းသွားပြီ။ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ဆိုတဲ့ စည်းမျဉ်းကို ငါတို့တွေနားလည်ထားသင့်တယ်လေ"

စူးယွင်သည် သူတို့၏မျက်နှာများအား လှည့်ကြည့်ကာ တိုးဖွဖွရယ်လိုက်မိသည်။

ဒါကအသိစိတ်ဆိုတာကြီးနဲ့ ကိုင်ပေါက်နေတာပဲမလား။

ဒါမျိုးက ခေတ်သစ်မှာဖြစ်နေကျလေ။

ရှေးခေတ်မှာတောင် ဒါမျိုးကဖြစ်နေတယ်ပေါ့။

ကြည့်ရတာ....

လူတတ်ကြီးတွေကတော့ အချိန်ကန့်သတ်မှုမရှိပါပဲလား။

သူမသည် သက်ပြင်းတစ်ချက်ချကာ သွေးထွက်နေသည့် ဒဏ်ရာထံတစ်ချက်စောင်းငဲ့ကြည့်လိုက်၏။

သူမလက်အား တစ်ချက်ခါလိုက်ရင်း သူတို့ထံလှည့်ကြည့်ကာမေးလိုက်သည်။

"ရှင်ကခိုက်မိသွားတဲ့လူလား"

"ရှင်ကကျွန်မလား"

"ကျွန်မအစားဆုံးဖြတ်ချက်ချဖို့အခွင့်အရေးကို ရှင့်ဆီဘယ်သူကပေးလိုက်တာလဲ"

ရပ်ကြည့်နေသူများမှာ ဆက်လက်ဝေဖန်ပြောဆိုလာ၏။

"လူကြားထဲ စကားများနေတဲ့ မင်းကိုကြည့်စမ်း။အမျိုးသမီးတစ်ဦးရဲ့စောင့်စည်းရမယ့်ကျင့်ဝတ်စည်းကမ်းကိုမရှိဘူး"

"အမျိုးသမီးတစ်ဦးရဲ့ စောင့်စည်းမှုပေါ့လေ"

စူးယွင်၏မျက်နှာမှာ နာကျင်မှုကြောင့် ဖြူဖပ်ဖြူလျော်ဖြစ်နေကာ သူမသည်နှုတ်ခမ်းအားကိုက်၍ သက်တောင့်သက်သာမဖြစ်မှုကြောင့် သတိမလွတ်သွားစေရန်လုပ်နေရသည်။

"စူးယွင်ဆိုတဲ့ ကျွန်မက ကိုယ်ကြိုက်တာကိုယ်လုပ်မှာပဲ။ကျွန်မအပေါ်ကို ရှင့်ရဲ့ဘောင်ခတ်ထားတဲ့စည်းမျဉ်းတွေနဲ့ ဖိအားပေးဖို့လာမလုပ်နဲ့"

"မင်းအရမ်းစည်းလွတ်ဝါးလွတ်ဖြစ်နေတာပဲ။ဒီလိုမျိုး ပြုမူနေတဲ့ မိန်းမငယ်တစ်ဦးက မိသားစုရဲ့ဂုဏ်သတင်းကို ချ‌နင်း‌ေနတာပဲ"

စူးယွင်သည် သူ့ထံကြည့်ကာ ဤကဲ့သို့လူများအပေါ် အချိန်မဖြုန်းချင်တော့ပေ။

သူမသည်နဉ်ကျင်းအား ထိုလူကို တရားရုံးဆီခေါ်သွားဖို့ပြောရန်ပြင်လိုက်စဉ် နဉ်ကျင်းမှ စကားပြောလာသည်ကို ကြားလိုက်ရသည်။

"လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတစ်ခုစီ ရှိကြတာပဲလေ။မဆိုင်ဘဲဝင်မပါ,ပါနဲ့ နားလည်လား"

ရပ်ကြည့်နေသူမှာ ခွန်းတုံ့ပြန်လာ၏။

"ငါတို့က အကြံတစ်ချို့ပေးနေရုံပါပဲ ပြီးတော့ ဒါကမင်းကိစ္စလား"

နဉ်ကျင်း၏အမူအယာမှာဆိုးဝါးသွားပြီး သူတို့မျက်နှာများအား ကြည့်လိုက်၏။

"ခင်ဗျားကကြင်နာတတ်တဲ့လူလို ဟန်ဆောင်နေပေမယ့် အပြောပဲရှိတာပါ။အဲ့တာကို ခင်ဗျားတို့လည်း သိကြမှာပေါ့"

သူသည် သူတို့အကြည့်များအား အေးစက်စွာပြန်ကြည့်ရင်း

"ဒီကိစ္စမျိုး ခင်ဗျားဆီဖြစ်ခဲ့တယ်ဆိုရင်ရော ပြီးတော့ ကျွန်တော်တို့တွေကလည်း ခင်ဗျားကိုအပြစ်တင်ကြတော့မယ်ဆို ခင်ဗျားတည်ငြိမ်နေဦးမှာလား"

ရပ်ကြည့်နေသူများထဲရှိ တစ်ဦးမှာ ပြန်ဖြေလာ၏။

"ငါကတော့ သူလုပ်ခဲ့သလို လုပ်မှာမဟုတ်ဘူးဆိုတာ ကျိန်းသေတယ်"

ကျန်းကျင်းယုမှ ပြောလာ၏။

"လူကြီးမင်း အပြော‌မစောပါနဲ့ဦး။သတိထားနေနော် မဟုတ်ရင် ခင်ဗျားဝဋ်လည်လိမ့်မယ်"

"အခုခေတ်လူငယ်တွေက သူတို့ရဲ့အကြီးတွေကို ဘယ်လိုလေးစားမှုပြရမလဲဆိုတာ မသိကြတော့ဘူး။အဲ့ဒါက တစ်ကယ်ကို....."

"ကျွန်တော်တို့က အမှိုက်ပုံးမဟုတ်လို့ ကိစ္စမရှိပါဘူး။ကျွန်တော်တို့က ခင်ဗျားကိုသိတောင်မသိဘူးလေ"

စူးယွင်သည် လည်ချောင်းရှင်းလိုက်၏။

"နဉ်ကျင်း တရားရုံးဆီသွားကြစို့"

"ခဏလေး"

နဉ်ကျင်းသည် သူမလက်အားဆွဲလိုက်၏။သူသည်အ‌ေစာပိုင်းက သူမ၏ လှုပ်ရှားမှုလေးအား သတိပြုမိလေရာ ယခုလက်တွေ့မြင်လိုက်ရသည်ကိုလည်း လက်ခံရန်ခက်ခဲနေသေးသည်။

သူသည်မျက်မှောင်ကြုတ်လိုက်၏။

"ကိုယ်မင်းကို ဆေးပေးခန်းအရင်ခေါ်သွားပေးမယ်"

သူသည် ကျန်းကျင်းယုဘက်လှည့်ကာ ထပ်ပြောလိုက်၏။

"ညီအစ်ကို ဒီလူ့ကိုတရားရုံးဆီခေါ်သွားပေးပါဦး။ကျွန်တော်တို့ တန်းလိုက်လာခဲ့ပါ့မယ်"

"ရတာပေါ့ ကိစ္စမရှိပါဘူး"

တရားရုံးတွင်...

ထိုလူသည် မြေကြီးထက်ဒူးထောက်ကာ သူ၏မတရားမှုအကြောင်းအော်ဟစ်နေလေ၏။

စူးယွင်သည် သူ့နားမှဖြတ်လာစဉ်တွင် အကြည့်တစ်ချက်မှပင်မစွန့်ကြဲခဲ့ပေ။

သူသည် တရားသူကြီးထံ ဖြစ်ခဲ့သမျှအရာတိုင်းအားရှင်းပြကာ သူမခေါ်လာခဲ့သည့် မျက်မြင်သက်သေ ကျန်းကျင်းယုကိုပါ

ဖော်ပြခဲ့လေသည်။

ကောင်တီတရားသူကြီးမှာ ဒေါသထွက်သွားခဲ့ပြီး အချက်၂၀ပြစ်ဒဏ်ပေးဖို့ သစ်သားပြားအား အောက်ပစ်ချရန်ပြင်နေစဉ် တံခါးပေါက်မှနေ အသံတစ်သံမှာရုတ်ချည်းအော်ပြောလာ၏။

"ရပ်စမ်း"

All Chapters