← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

"ဝမ်ကောလို ကောင်းမွန်မှုမရှိတဲ့ဆိုင်က ငါ့ခြေဖဝါးအောက်မှာရှိတာနဲ့ပဲ ထိုက်တန်တယ်"

ထိုသို့ဆိုကာ သူမသည်ခြေဖဝါးအား အားထည့်၍ လက်ကမ်းစာစောင်ကို မြေကြီးပေါ် ဖိနင်းချလိုက်သည်။

"ဟမ့်"

စူးယွင်သည် သူမလက်ထဲရှိ လက်ကမ်းစာစောင်များအား ဆလင်ဒါပုံစံဖြစ်အောင် ကျစ်ကျစ်လိပ်၍ အမျိုးသမီးထံ ခပ်ဖျော့ဖျော့ပြုံးပြလိုက်ချိန်တွင် သူမမျက်ဝန်းအိမ်တို့မှာ နက်စွေးနေတော့၏။

"ဝမ်ကောက ထိုက်တန်မှုမရှိဘူးလို့ ရှင်တစ်ကယ်ထင်နေရင် ကောလဟလတွေဘာလို့လျှောက်ဖြန့်နေရတာလဲ။ပြီးတော့ ရှင်ကရော ဘာလို့ဒီနားပတ်လည်မှာ ကုတ်ချောင်းကုတ်ချောင်းလုပ်နေရတာလဲ"

စူးယွင်မှ သူမ၏ရည်ရွယ်ချက်များကို တိတိကျကျဖော်ထုတ်လိုက်သည်ကြောင့် ခေတ္တမျှအသိလွတ်သွားခဲ့ကာ တာဝန်ခံသုန်း၏မျက်နှာသည် သကြားမုန်လာလို နီရဲတက်လာတော့သည်။သူမမျက်လုံးများမှာ စိုးထိတ်စွာဖြင့် တောင်ကြည့်မြောက်ကြည့်လုပ်နေကာ သူမစကားလုံးများမှာလည်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ထွက်လာခဲ့၏။

"နင်.....နင်ကအရေးမပါတာတွေပြောနေတာပဲ"

"ငါကသုန်းကွေ့ ယီယန်းကျူးရဲ့ တာဝန်ခံပဲ။ငါကနင့်လို ကောင်မစုတ်လေးကို ကြောက်မယ်လို့များထင်နေတာလား"

သူမသည် ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်အားပုတ်လိုက်သည်။

"ဒီလမ်းမပတ်လည်ကို နင်ဘာလို့မေးမြန်းမကြည့်ရတာလဲ။ငါ့ရဲ့ဂုဏ်သတင်းကပဲ သူ့ဘာသာစကားပြောသွားလိမ့်မယ်"

"ဆိုတော့ အဲ့လိုကိုး"

စူးယွင်သည် လိပ်ထားသည့် လက်ကမ်းစာစောင်ဖြင့် သူမပါးအားထောက်ကာ ခပ်ဖွဖွပြုံးလိုက်၏။

"ဒါဆိုရှင်ကဘာလို့ စိုးထိတ်နေတဲ့ပုံပေါက်နေရတာလဲ တာဝန်ခံသုန်း"

"စိုးထိတ်တယ်ဟုတ်လား ငါကလေ"

သုန်းကွေ့သည် သူမမျက်နှာထံ ယပ်ခပ်ဟန်ပြု၍ နှာမှုတ်လာသည်။

"ငါကပူနေလို့လေ အဲ့ဒါကြောင့်ပဲ"

"တစ်ကယ်ကြီးလား"

စူးယွင်သည် တိမ်တိုက်များနောက် ပုန်းကွယ်နေသောနေမင်းထံ မော့ကြည့်လိုက်၏။

"ကျွန်မကတော့ အဲ့လိုမထင်မိဘူး"

"အပူချိန်တက်လာတာလေ နင်ဘာတစ်ခုမှမသိဘူးလား"

"ကျွန်မကတော့ အဲ့အကြောင်းနဲ့ပက်သက်ပြီး မသိပါဘူး"

စူးယွင်သည် သူမလျှာအား အာခေါင်ထိပ်သို့ အသာထိကာ သူမအပြုံးမှာလည်း ထက်မြိသွားလေတော့၏။

"ဒါပေမယ့် ရှင်ကအတော့်ကို ကျင့်ဝတ်တွေကင်းမဲ့နေတာကိုတော့ ကျွန်မသိ‌တယ်လေ"

"နင်...."

သုန်းကွေ့၏မျက်နှာမှာ မည်းမှောင်သွားလေသည်။

ထိန်းချုပ်ထားရသည့် ဒေါသအရိပ်အယောင်တို့ ထင်ဟပ်‌ေန‌ေသာ မျက်ဝန်းတစ်စုံဖြင့် စူးယွင်သည် သူမထံ ငြိမ်သက်စွာကြည့်လိုက်၏။

"အဲ့ဒီလက်ကမ်းစာစောင်ကို တက်နင်းရင်းနဲ့ ရှင့်ဘာသာပျော်အောင်နေလိုက်ပါ"

သုန်းကွေ့သည် အောက်သို့ငုံ့ကြည့်ကာ သူမခြေဖဝါးအား ဘေးသို့ရွှေ့လိုက်ပြီး နင်းခြေခံရ၍ ဆုတ်ပြဲနေသည့် လက်ကမ်းစာစောင်ကို စူးယွင်ထံကန်ထုတ်လိုက်သည်။

သူမပါးစပ်အားအုပ်၍ လှောင်ပြောင်သရော်စွာ ရယ်မောလာ၏။

"အုစ်..... အဲ့အတွက်တောင်းပန်ပါတယ်နော်"

စူးယွင်အား လှုံ့ဆော်နိုင်ခဲ့ပြီဟု တွေးနေမိသော သုန်းကွေ့အား စူးယွင်မှပြုံးရုံသာ ပြုံးပြလိုက်သည်။

"အဲ့ဒါကလက်ကမ်းစာစောင်လေးပါပဲ ဘာမှမတန်ပါဘူး"

စူးယွင်မှာ တိုးတိုးလေးပြောလိုက်၏။

ထို့နောက် လမ်းမအားညွှန်ပြကာ ဆက်ပြောလာသည်။

"ဒါပေမယ့် ကျွန်မအတွက်ကတော့လား။ကျွန်မက ဒီနေရာတစ်ခုလုံးကို အနိုင်ပိုင်းဖို့စီစဉ်ထားတယ်လေ"

"ပြီးတော့ ကျွန်မဖြစ်မြောက်ခဲ့တဲ့အချိန်ကျရင် ယီယန်းကျူးရဲ့ ဆိုင်းဘုတ်ကို နင်းခြေချနင်းပစ်မှာ"

သူမသည် သုန်းကွေ့၏လက်များထဲ လက်ကမ်းစာစောင်အချိုကို ဂရုမစိုက်ဟန်ဖြင့် ထိုးထည့်ပေးလိုက်သည်။

"အဲ့တော့ သူတို့အပေါ်ကို လက်ရှိအချိန်မှာပဲ ရှင်တက်နင်းရင်းပျော်နေတာ ပိုကောင်းလိမ့်မယ်။မကြာခင်ရှင့်ဆီအခွင့်အရေးတစ်ခုမှ ရှိတော့မှာမဟုတ်လို့လေ"

"စူးယွင်"

သုန်းကွေ့သည် သူမလက်ထဲရှိလက်ကမ်းစာစောင်များအား ရိုက်ချလိုက်၏။

"ယီယန်းကျူးကို နင်ကကျော်တက်နိုင်မယ်လို့ ထင်နေတာလား။အိပ်မက်မက်နေလိုက်"

"နင့်ရဲ့ အဲ့ဒီ ဈေးပေါပြီး အပျက်ဆန်တဲ့အဝတ်အစားတွေကို ဘယ်သူမှဝတ်မှာမဟုတ်ဘူး။နင့်ကိုယ်နင် ပိုပြီးအရှက်တကွဲမဖြစ်ခင် ငါ့အကြံဉာဏ်ကို လက်ခံပြီး ထွက်သွားလိုက်တော့"

စူးယွင်သည် သူမလက်တွင်း လက်ကမ်းစာစောင်တို့အား ကိုင်ထားကာ စတင်ရှင်းပြစဉ်တွင် သူမအမူအယာတို့က တည်ငြိမ်နေလေ၏။

"ချီဖောင်ဆိုတာ ကြွယ်ဝများပြားတဲ့ သမိုင်းအထောက်အထားတွေကို သယ်ဆောင်ထားတဲ့ ရိုးရာအဝတ်အစားတစ်မျိုးပဲ။ဝတ်စုံမှာ ဂုဏ်ကျက်သရေနဲ့ အဆင့်အတန်းရှိမှုကို သရုပ်ဖော်ထားတာဆိုတော့ အနာဂတ်ဝတ်စားဆင်ယင်မှုဓလေ့ရဲ့ အတောက်ပဆုံးဖော်ထုတ်မှုတစ်ရပ်ဖြစ်လာလိမ့်မယ်"

"မြို့တော်ထဲမှာ ရေပန်းစားမှုတစ်ခုအ‌ေနနဲ့ မစတင်ခင် အချိန်ဘယ်လောက်မှ ယူရမှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်"

"ရေပန်းစားမှုတစ်ခုပေါ့လေ.....ရယ်စရာပဲ"

သုန်းကွေ့သည် လှောင်ပြောင်ရယ်မောကာ သူမ၏ကြီးမားကျယ်ပြန့်သောအင်္ကျီလက်အား ဝေ့ယမ်းနေလေ၏။

"ဒီနေ့မှာ နင့်ရဲ့ဆိုင်ထဲကို တစ်ယောက်ယောက်က ခြေချလာလိမ့်ဆိုတာကို ငါယုံရခက်‌နေတယ်"

သုန်း‌ေကွ့သည် မနက်မိုးလင်းထဲမှ ဝမ်ကော၏ယနေ့အခမ်းအနားအား လျှောက်ပတ်ချောင်းမြောင်းရင်း တွက်ဆကြည့်နေခဲ့၏။လူအုပ်ကြီးမှ စူးယွင်နှင့် သူမလူအား အာရုံမစိုက်ကြပဲ ဖြတ်သွားကြသည်ကိုစောင့်ကြည့်ရင်း သူမမှာ ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့သည်။

"တစ်ယောက်မှမလာဘူးလို့ ဘယ်သူပြောတာလဲ"

အသံတစ်သံမှာ ထွက်ပေါ်လာ၏။

လော့ဇီယင်းသည် တော်ဝင်မိန်းမပျိုအုပ်စုနှင့် အတူရောက်လာခဲ့ပြီး သူမအားအရင်ရက်မှ စူးယွင်ပေးခဲ့သည့် ချီဖောင်ကိုဝတ်ဆင်ကာ ဝင်ပေါက်တွင် မတ်တပ်ရပ်နေခဲ့သည်။သူမသည် သုန်းကွေ့ထံပြုံး၍ စိုက်ကြည့်လိုက်၏။

"တာဝန်ခံသုန်း မင်းစကားတွေအများကြီးမပြောသင့်ဘူး"

"သခင်မလေးလော့....."

သုန်းကွေ့မျက်နှာမှာ ကြောင်အမ်းသွားပြီး သူမမျက်လုံးတို့မှာလည်း လော့ဇီယင်းထံ မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အဲ့ဒါနဲ့ပက်သက်ပြီး ဘာကများ မဖြစ်နိုင်ရတာလဲ"

လော့ဇီယင်းသည် ဆိုင်လေး၏ဆိုင်းဘုတ်အားမော့ကြည့်လိုက်၏။

"ဝမ်ကော - နာမည်ကခေါ်လို့ကောင်းသားပဲ"

သုန်းကွေ့မျက်လုံးများမှာ အထိတ်တလန့်ဖြင့် ဂဏှာမငြိမ်ဖြစ်နေကာ သူမသည် ခပ်မြန်မြန်ဖျန်ဖြေဖို့လုပ်တော့သည်။

"သခင်မလေးလော့ သခင်မလေးတော့လှည့်ဖြားခံလိုက်ရပြီ။သခင်မလေး သူမအရူးလုပ်တာကိုမခံပါနဲ့"

"ဒီချီဖောင်"

သူမမှာဆက်၍

"ဆိုတာ ကောင်းမွန်တဲ့အပြုအမူကို မစောင့်စည်းတဲ့အမျိုးသမီးတွေသာဝတ်ကြတဲ့ သရုပ်ပျက်အဝတ်အစားမျိုးပဲ။သခင်မလေးလိုတရားဝင်ဂုဏ်ပုဒ်ရှိတဲ့ တစ်ယောက်ယောက်က တန်ဖိုးကြီးပိုးထည်နဲ့ဘရိုကိတ် ဟန်ဖုဝတ်စုံတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်"

လော့ဇီယင်းသည် အေးစက်စွာရယ်လိုက်၏။

"မင်းက ဒီသခင်မလေးနဲ့ မိန်းကလေးစူးတို့ကို ကျင့်ဝတ်သိက္ခာစောင့်စည်းမှုမရှိဘူးလို့ ဆိုလိုနေတာလား"

"ဒီနိမ့်ကျတဲ့လူက မဝံ့ရဲပါဘူး"

သုန်းကွေ့မှာ လော့ဇီယင်းသည်လည်း ချီဖောင်တစ်ထည်အား ဝတ်ဆင်ထားသည်ကို သဘောပေါက်လိုက်ရာ သူမနောက်ကျောတွင် ချွေးအေးများစီးကျလာပြီး အယောင်ယောင်အမှားမှားဖြစ်ကုန်တော့သည်။အရှုံးပေးရန် ဆန္ဒမရှိသေးသည့်အတွက် သူမမှာဖိအားပေးလိုက်ပြန်၏။

"ကျွန်မက အကြံပြုချက်တစ်ခု ပေးလိုက်ချင်ရုံပါပဲ"

"အကြံပြုချက်တစ်ခု ဟုတ်လား"

လော့ဇီယင်း၏ အကြည့်တို့မှာ ထက်မြိကာ အထင်တသေးဟန်ဖြင့် နှာမှုတ်လိုက်သည်။

"ဒီသခင်မလေးက ကိုယ့်ကိုကိုယ် ထိန်းကျောင်းဖို့အတွက် မင်းရဲ့အကြံဉာဏ်ကို လိုနေတယ်ပေါ့"

ကျယ်လောင်သော ဒုတ်ကနဲမြည်သံနှင့်အတူ သုန်းကွေ့သည် ဒူးထောက်ကာ အသနားခံတော့၏။

"ဒါကကျွန်မအမှားပါ!သခင်မလေးလော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်!"

"ငါ့မျက်စိရှေ့က ထွက်သွားစမ်း"

ရုတ်ရုတ်သဲသဲ ကိစ္စတို့အဆုံးသတ်ပြီးသော် စူးယွင်သည် နွေးထွေးသောအပြုံးတစ်ပွင့်ဖြင့် ရှေ့သို့လျှောက်လာခဲ့သည်။

"သခင်မလေးတို့ အထဲဝင်ခဲ့ကြပါ"

လော့ဇီယင်းသည် တိုးလျစွာလက်ခံသံပြုလိုက်ပြီး တော်ဝင်မိန်းမပျိုအုပ်စုအား ဦးဆောင်၍ အထဲဝင်သွားလိုက်၏။

ရှောင်ဟယ်သည် စူးယွင်ထက်အရင် အထဲဝင်သွားခဲ့သည်။ဧည့်သည်များ ထိုင်လိုက်သည်ကိုမြင်သည်နှင့် သူမသည် ရေနွေးကြမ်းနှင့် ပြင်ဆင်ထားခဲ့သည့် စားသောက်ဖွယ်ရာတို့ကို တည်ခင်းလိုက်

၏။

"သခင်မလေးတို့ သက်တောင့်သက်သာနေကြပါနော်။အရောင်းပြပွဲက မကြာခင်မှာ စတော့မှာပါ"

လော့ဇီယင်း၏ ဘယ်ဘက်တွင်ထိုင်နေသော မိန်းမပျိုမှအရင်စကားဦးသန်းလာသည်။

All Chapters