← Chapters

သစ္စာဖောက်တွေက ပိုပြီးရွံစရာကောင်းတယ်

Vol. 107 Ch. 1492

သစ္စာဖောက်တွေက ပိုပြီးရွံစရာကောင်းတယ်

Vol. 107 Ch. 1492

အခန်း (၁၄၉၂) သစ္စာဖောက်တွေက ပိုပြီးရွံစရာကောင်းတယ်

ဤထူးခြားသော စည်းတံဆိပ်ကို ထျန်းစူးစကြာဝဠာ ၊ ထျန်းစူးခန်းမတွင် လမ်းမှန်တာအိုကျင့်ကြံသူများ ကြိုးစားအားထုတ် ဖန်တီးခဲ့ကြပြီး မကြာမီကမှ ပြီးစီးခဲ့ခြင်း ဖြစ်သည်။

လဝန်းထက်ယံအရှင်သခင် လင်ချင်းနှင့် နွယ်ပင်ဧကရီလီယင်းတို့ပင်လျှင် ဤစည်းတံဆိပ်အကြောင်း မသိရှိကြခဲ့ပေ။

ကျန်းပုရွှီးနှင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက ပို၍ပင်သိမည် မဟုတ်ပေ။

ဤအကြောင်းကိုသိရှိသူ အနည်းငယ်သာရှိသည်။

ထျန်းစူးစကြာဝဠာမှ ငရဲကိုးထပ်နှင့်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများသာ ဤစည်းတံဆိပ်အကြောင်း သိရှိပေသည်။

သို့သော် ယခုတော့ နျဲ့ကျင်းရှန်၏စည်းတံဆိပ် ဖွင့်လှစ်ခံလိုက်ရပြီး မည်သူမဆိုဖတ်ရှုခွင့်ရရှိကာကျန်းပုရွှီးသည်လည်း ခြေရာခံနိုင်ခဲ့သည်။

ကျန်းပုရွှီးက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို လွန်စွာတပ်မက်သူဖြစ်သည်။ ထိုကျမ်းစာက သူ့စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသောရည်မှန်းချက် ဖြစ်သည်။

အခွင့်အရေးများစွာ သူ၏လက်ထဲသို့ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် လွတ်ထွက်သွားခဲ့ရသည်။ သို့သော် ဆက်တိုက်ကြုံတွေ့ခဲ့ရသော ရှုံးနိမ့်မှုများကြောင့် သူ့စိတ်ဓာတ်က ပျက်ဆီးမသွားခဲ့ပေ။

စိတ်ဓာတ်မပျက်ဆီးသည့်အပြင် သူ၏ခံနိုင်ရည်ကိုပင် များစွာမြှင့်တင်ပေးခဲ့သည်။

အစပိုင်းတွင် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ကြပြီး ဖြစ်သည်။ သူတို့အနေဖြင့် ရန်ကျောက်ကဲတို့ လာရောက်ကူညီမည်ကို စိတ်ရှည်စွာစောင့်ဆိုင်းနေရန်သာလိုအပ်သည်။

ထိုသို့ဆိုလျှင် သူတို့အတွက် လုံးဝ အန္တရယ်ကင်းသွားပေမည်။

သို့သော် ကျန်းပုရွှီးနှင့် အခြားသူများမှာ စည်းတံဆိပ်မှ သဲလွန်စများရရှိခဲ့သဖြင့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့အား ရန်ကျောက်ကဲတို့အုပ်စု လာရောက်မကူညီနိုင်ခင် အလျှင်အမြန်ပင် ရှာတွေ့သွားကြသည်။

ဤသည်က တစ်ခုတည်းသော အဓိပ္ပါယ်ကို ညွှန်ပြသည်။

တစ်စုံတစ်ယောက်က နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကို သစ္စာဖောက်ခဲ့သည်။

ထိုသူက နျဲ့ကျင်းရှန်ထားရှိခဲ့သော စည်းတံဆိပ်ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည်။

ထိုသူက ရန်ကျောက်ကဲတို့ထံ သတင်းပို့ခဲ့ခြင်းမရှိဘဲ စည်းတံဆိပ်ကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး လိုက်လံဖမ်းဆီးသူများ ဖတ်ရှုနိုင်ရင် တမင်သက်သက် ဖွင့်လှစ်ပေးခဲ့သည်။

ထို့ကြောင့် ရန်သူများက နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကို လိုက်မီခဲ့ကြသည်။

“ဒါက အဖွဲ့တွင်းအငြင်းပွားမှုမျိုး မဟုတ်ဘူး ၊ သစ္စာဖောက်တစ်ယောက်ရဲ့ လက်ချက်ပဲ”

တိတ်ဆိတ်သည့်ဗလာနယ်ထဲတွင် ရန်ကျောက်ကဲ၏ အေးစက်သောအသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

သူက ရန်သူများထက် သစ္စာဖောက်များကို ပိုပြီးမုန်းတီးသည်။

သူကိုယ်တိုင် ရှာတွေ့ခဲ့သော စည်းတံဆိပ်နှင့် ယွဲ့ကျန့်ပေ ပေးထားသော စည်းတံဆိပ်များက ရန်ကျောက်ကဲ၏ လက်ဖဝါးထက်တွင် ရှိနေသည်။

ရန်ကျောက်ကဲက စည်းတံဆိပ်များကို ပင့်မြှောက်လိုက်ပြီး လက်ညှိုးလက်ခလယ်အသုံးပြုကာ လေထဲတွင် အင်းသင်္ကေတများကို ရေးဆွဲလိုက်သည်။

အင်းသင်္ကေတများမှ အစီအရင်တစ်ခု ထွက်ပေါ်လာပြီး စည်းတံဆိပ်များကို ဝါးမျိုဖုံးလွှမ်းသွားသည်။

ဤစည်းတံဆိပ်များကို ထိပ်တန်းတန်ခိုးစွမ်းအားရှင်များစွာ၏ အားထုတ်မှုဖြင့် ဖန်တီးခဲ့သည်ဆိုသော်လည်း ထိုအထဲတွင် ရန်ကျောက်ကဲ၏ ပါဝင်ကူညီမှုက အကြီးမားဆုံးဖြစ်သည်။

ထို့ကြောင့် စည်းတံဆိပ်များကိုနားလည်ပြီး ထိန်းချုပ်နိုင်မှုကိုလည်း ရန်ကျောက်ကဲက အကျွမ်းကျင်ဆုံး ဖြစ်၏။

အစီအရင်အတွင်းမှ အလင်းတန်းများတောက်ပလာပြီး အဖြူရောင်မှသည် တဖြည်းဖြည်း သွေးနီရောင်သို့ ပြောင်းလဲသွားသည်။

အတွင်းထဲမှ မှိုင်းညို့သည့်ရောင်ဝါများ စိမ့်ထွက်လာပြီး ၊ ဤသည်က လမ်းမှန်တာအိုဝါဒ အတတ်ပညာနှင့်မတူဘဲ နတ်ဆိုးတာအိုနှင့် ပိုမိုနီးစပ်‌သော မသန့်ရှင်းသည့်အရာတစ်ခုပမာ ခံစားရစေသည်။

အစီအရင်၏ဝါးမျိုမှုအာက်တွင် စည်းတံဆိပ်များက အသက်ဝင်လာသည့်ပမာ မရပ်မနား တုန်ခါနေသည်။

ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် မြင်ကွင်းကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။

ခဏအကြာမှာတော့ သွေးနီရောင်များကြောင့်ညစ်နွမ်းနေသည့် စည်းတံဆိပ်များက တွန့်လိမ်သွားပြီး အတွင်းမှ သွေးနီရောင်မြူခိုးများ ထွက်ပေါ်လာသည်။

သွေးနီရောင်မြူခိုးများ တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး ပုံရိပ်ယောင်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်ထဲတွင် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။

မြင်ကွင်းကိုကြည့်ရင်း လူတိုင်း ရင်နာစွာခံစားလိုက်ကြရ၏။

ပုံရိပ်ယောင်ထဲတွင်ပေါ်လာသည့် လူငယ်နှင့် မိန်းမပျိုမှာ နျဲ့ကျင်းရှန်နဲ့ ယွီယဲ့ပင်ဖြစ်သည် မဟုတ်ပါလား။

ပုံရိပ်ယောင်ထဲတွင် သူတို့နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။ အထူးသဖြင့် ယွီယဲ့က အားနည်းနေပြီး နျဲ့ကျင်းရှန်ကတော့ အနည်းငယ်မျှ အခြေအနေ ပိုကောင်းနေသည်။

သို့သော် သူက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့ပြီဆိုသည်မှာ ထင်ရှားသည်။

နျဲ့ကျင်းရှန်က လေထဲတွင် လက်ဟန်ပြလှုပ်ရှားလျှက် သတင်းအချက်အလက်နှင့်သဲလွန်စချန်ခဲ့ရန် စည်းတံဆိပ်တစ်ခု ဖန်တီးနေသည်။

သူ၏မျက်နှာက ဖြူဖျော့လျှက် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နက်နေသည့်တိုင် သူ၏မျက်ဝန်းများက ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် တောက်ပနေဆဲပင်။

မကြာသေးခင်ကမှ သူက ယွီယဲ့နဲ့အတူ ကျန်းပုရွှီး၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ကျော်ဖြတ်ပြီး အောက်မြင်စွာလွတ်မြောက်လာနိုင်ခဲ့သည်။

သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် ဘေးအန္တရယ်မှလွတ်မြောက်ပြီး မိတ်ဆွေများက လာရောက်ယ်တင်မည်ဟု ယုံကြည်စိတ်ချနေခဲ့သည်။

ထိုအမူအရာကိုမြင်တော့ ရန်‌ကျောက်ကဲစိတ်ထဲ အလွန်နာကျင်သွားရသည်။

သို့သော် နောက်ထပ်ပေါ်လာသည့် ပုံရိပ်ယောင်ကို မြင်လိုက်ရချိန်မှာတော့ အားလုံး ဒေါသတကြီး ဖြစ်သွားရသည်။

ဒုတိယပုံရိပ်တွင် တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တာအိုကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။ သူ၏ဆံပင်များက ထုံးဖွဲ့ထားခြင်းမရှိဘဲ လေထဲတွင် လွင့်ပျံလျှက် ရှိ၏။

နေရာတွင်ရှိနေသူအားလုံးက ထိုလူငယ်ကို သိရှိကြသည်။

တိမ်လွှာခွင်းဧကရာဇ်၏တပည့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ လူငယ်ထူးချွန်သူများထဲမှတစ်ယောက်ဖြစ်သော ကောင်းကင်ကိုးထပ်သခင်”ဟယ်မြန်” ပင် ဖြစ်သည်။

သူနှင့်ယွီယဲ့တို့နှစ်ယောက်ကို -

“ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ”

ဟု တင်စားလေ့ရှိကြသည်။

ဟယ်မြန်က အလွန်ပါရမီထူးခြားသူ ဖြစ်သည်။

သူနှင့်ကျင့်ကြံခြင်းအဆင့်တူသူများဖြစ်သော ကောင်းရွှယ်ပေါ် ၊ ဖုထင်တို့ထက် တန်ခိုးစွမ်းအားနှင့် ဓားသိုင်းပညာအရာတွင် ပိုမိုထူးချွန်သည်။

ထို့ကြောင့် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။

သူက ဆရာဖြစ်သူ တိမ်လွှာခွင်းဧကရာဇ်၏ အမတမှော်ဝင်လက်နက်ဖြစ်သော ‘ကျန့်ချန်’ ဓားကို ကိုင်ဆောင်ပြီး ပိုင်တောင်း ၊ ခွန်နင်ကျီ ၊ ဖုယွင်ချီတို့နှင့်အတူ ရန်ကျောက်ကဲတို့ကိုကူညီပေးရန် တာဝန်ယူခဲ့သည်။

နတ်ဘုရားသုတ်သင်အစီအရင်ပြိုကွဲသွားပြီးနောက် သူသည်လည်း အားလုံးနှင့်အတူ ပျောက်ဆုံးသွားသူများကို ရှာဖွေနေခဲ့သည်။

သို့သော် ဤစန့်ချင်အဆက်အနွယ် ပါရမီရှင်က ယွီယဲ့နှင့် နျဲ့ကျင်းရှန်အား သစ္စာဖောက်သူ ဖြစ်လာခဲ့သည်။

ဟယ်မြန်က သူဖွင့်လှစ်ခဲ့သော စည်းတံဆိပ်ကိုကြည့်ပြီး မြူခိုးတစ်လွှာနှင့် ဖုံးအုပ်ထားသယောင် ဟန်ဆောင်ခဲ့သည်။ သို့သော် ဤလုပ်ရပ်က စည်းတံဆိပ်ကို ပိုပြီးသိသာထင်ရှားစေခဲ့သည်။

ရန်ကျောက်ကဲမျက်ဝန်းများကျဉ်းမြောင်းသွားပြီး အေးစက်သည့်အလင်းရောင်များ တောက်ပလာသည်။

ဘေးနားတွင်ရပ်နေသည့် တိမ်လွှာခွင်းဧကရာဇ်သည်လည်း အဖြစ်အပျက်များအားလုံးကို တွေ့မြင်ခဲ့သည်ပင်။ ထိုအကြီးအကဲက နေရာမှာပင် တစ်ချက်မလှုပ်ရှားဘဲ တိတ်တဆိတ် မတ်တတ်ရပ်နေခဲ့၏။

မည်သူမှ သူ့ကိုလှည့်ကြည့်ကြခြင်း မရှိပေ။

သို့သော် အားလုံး တိတ်ဆိတ်နေမှုက ပိုပြီး ဖိအားများသည့်အခြေအနေကို ဖြစ်ပေါ်စေသည်။

အားလုံးက ဟယ်မြန်ကိုသာ စူးစိုက်ကြည့်နေကြသည်။

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

“သူ့ကို ရှာမယ်...”

ဖုယွင်ချီက တိမ်လွှာခွင်းဧကရာဇ်ကို တစ်ချက်လှမ်းကြည့်ရင်း...

“သူ့အကြောင်းပေါ်သွားတာကို သူ မသိလောက်သေးဘူး ၊ အရင်ဆုံး ထျန်းစူးစကြာဝဠာကို ပြန်ကြတာပေါ့ ၊ နောက်မှ ဆက်ပြီးကိုင်တွယ်ကြမယ် ၊ ဟုတ်တယ်မလား”

ရန်တိက...

“ကျင်းရှန်က အမှောင်ဘက်ခြမ်းကို ကျရောက်ပြီးသွားပြီ ၊ သူ့ကို ဒီအကြောင်းနဲ့ ရင်ဆိုင်မယ်ဆိုရင်တောင် သူ့အနေနဲ့ ငြင်းဆန်လို့ရနိုင်တာပဲ”

သူက ဆက်ပြောလိုက်သည်။

“ကျောက်ကဲ... မင်းမှာ သူ့ကိုဖော်ထုတ်ဖို့ နည်းလမ်းရှိတာ သူ မသိသေးဘူးဆိုတော့... သူ့အနေနဲ့ သတိတော့ သိပ်ထားမှာမဟုတ်သေးဘူး ၊ ဒီတော့ အလောတကြီးလုပ်စရာမလိုဘူး ၊ သူ့ကို ပုံမှန်အတိုင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပြန်လာဖို့ပဲ ပြောလိုက်ပါ”

နောက်ဆုံးမှာတော့ တိမ်လွှာခွင်းဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး စိတ်ရှုပ်ထွေးဟန်များ ထွက်ပေါ်လာသည်။

သူက သက်ပြင်းရှည်တစ်ချက်ချရင်း ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်ကို လှမ်းကြည့်လိုက်သည်။

“ကျုပ်ရဲ့သင်ပြမှု မလုံလောက်လို့ ဒီလိုကိစ္စတွေဖြစ်လာရတာပါ ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”

ယွီယဲ့က ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့၏မြေးမလေးဖြစ်ပြီး သူတို့၏ အထူးချွန်ဆုံး ဆက်ခံသူလည်း ဖြစ်သည်။ သို့သော် ယခုတော့ သူမက အလွန်ဆိုးရွားသည့်အခြေအနေသို့ ကျရောက်နေပေပြီ။

တကယ်တော့ နျဲ့ကျင်းရှန်က ယွီယဲ့ကိုကယ်တင်ရန်အတွက် အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားရခြင်းပင်။ မဟုတ်ပါက ယွီယဲ့ သေချာပေါက် သေဆုံးသွားမည် ဖြစ်၏။

ဤသို့သောအဖြစ်အပျက်များအတွက် တိမ်လွှာခွင်းဧကရာဇ်က သေချာပေါက် တာဝန်ယူရပေမည်။

လုန်ရှင်းချွမ်က သက်ပြင်းချရင်း...

“ထျန်းစူးစကြာဝဠာကို ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“အခု ရှောင်ယဲ့ရဲ့အခြေအနေက အတော်လေး မတည်မငြိမ် ဖြစ်နေတယ်”

အားလုံး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြပြီး ထျန်းစူးစကြာဝဠာဆီ အပြန်ခရီးစတင်ခဲ့ကြသည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်တွင်ရှိနေသော သူ့လူများဆီ သတင်းစကားပေးပို့ပြီး အားလုံးကိုပြန်လာရင် ဆင့်ခေါ်လိုက်သည်။ ထိုအထဲတွင် ဟယ်မြန်လည်း ပါဝင်သည်ပင်။

သို့သော် မကြာခင်မှာပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံမှ အကြောင်းပြန်စကားတစ်ခု ရောက်လာသည်။

“ဟယ်မြန် အမတခုံရုံးလက်ထဲ ကျရောက်သွားပြီ” ဟူ၍။

ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အံ့အားသင့်သည့်မျက်နှာထားဖြင့် ကြည့်လိုက်ပြီး...

“ဟယ်မြန်က အမတခုံရုံးလက်ထဲ ကျသွားပြီ ဟုတ်လား”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းညိတ်ရင်း...

“ငါ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ တိုက်နေတုန်း သူတို့ထဲက ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားတစ်ယောက်က ဟယ်မြန်ကိုဖမ်းမိပြီလို့ပြောတာ ကြားလိုက်ရတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါတို့ ထျန်းစူးစကြာဝဠာရဲ့ တည်နေရာပေါက်ကြားမသွားအောင် တားဆီးရမယ် ၊ ကောင်းကင်ကိုးထပ်သခင်’ဟယ်’ ကို မယုံကြည်တာမဟုတ်ပေမယ့် ထိုက်ရွှီးနတ်ဘုရားတစ်ပါးက သိုင်းသူတော်စင်အဆင့်ပဲရှိသေးတဲ့သူ့ကို အတင်းအကျပ် ဉာဏ်အလင်းပေးလိုက်နိုင်တယ်"

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဟယ်မြန်၏လုပ်ရပ်ကိုမသိသေးဘဲ တခြားကိစ္စကိုသာ စိုးရိမ်နေသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏စကားကိုကြားတော့ ယွဲ့ကျန့်ပေက...

“အဲဒီ ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားက အေးစိမ့်စမ်းချောင်းဘက်မှာထွက်ပေါ်လာတဲ့သူ မဟုတ်လား ၊ သူ့နာမည်က စိမ်းပြာမိုးကြိုးဧကရာဇ်လေ”

ရန်တိက မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်ရင်း...

“အဆင်ပြေသားပဲ ၊ ငါတို့တွေ သူ့ကိုသွားပြီး စာရင်းရှင်းရအောင်”

ထို့နောက် ရန်ကျောက်ကဲတို့အုပ်စုက ထျန်းစူးစကြာဝဠာသို့ ဆက်သွယ်ပြီး သတိထားရန်သတင်းပို့လိုက်သည်။ ထို့နောက် စိမ်းပြာမိုးကြိုးဧကရာဇ်နှင့် ဟယ်မြန်ရှိရာသို့ ဦးတည်ထွက်ခွာသွားကြလေသည်။

All Chapters