ရန်ကျောက်ကဲ၏ဆုံးဖြတ်ချက်
Vol. 107 Ch. 1494
အခန်း (၁၄၉၄) ရန်ကျောက်ကဲ၏ဆုံးဖြတ်ချက်
စိမ်းပြာမိုးကြိုးဧကရာဇ်က...
“အဖြူရောင်ကြာပန်းသုခဘုံက အယုတ်တမာတွေနဲ့ ငါတို့ အမတခုံရုံးတိုက်ခိုက်နေလို့သာ မင်းတို့ကောင်တွေ အသက်ရှူဖို့အချိန်ရနေတာ ၊ အဲဒီလိုသာမဟုတ်ရင် မင်းတို့ ဒီလောက်မာန်တက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး ၊ မင်းတို့က အသေးအဖွဲ ကြွက်လိုကောင်တွေ...”
ပြောရင်း စိမ်းပြာမိုးကြိုးဧကရာဇ်သည် ချောင်းဆိုးလိုက်ပြီး ပါးစပ်မှ သွေးများအန်ထွက်လာသည်။
သို့သော် သူ့မျက်နှာက မထီမဲ့မြင် ပြုံးနေဆဲ ဖြစ်၏။
“မင်းတို့က ကြွက်တွေ ၊ အလင်းရောင်မရှိတဲ့ ဗလာနယ်အမှောင်ထဲမှာပဲ လူတွင်ကျယ်လုပ်ရဲတဲ့ ကြွက်တွေ ၊ ဒီနေ့ ငါ ကံဆိုးလို့ မင်းတို့လက်ထဲရောက်သွားတာ ၊ ဒါပေမဲ့ မင်းတို့လိုကြွက်တွေက အမတခုံရုံးကို ညစ်ညမ်းသွားအောင် လုပ်နိုင်မယ်ထင်သလား”
ရန်တိက အေးစက်စွာဖြင့်...
“ငါတို့ဘက်က လူတစ်ယောက်ကြောင့် မင်းတို့တစ်အုပ်လုံး ဒီလိုဘဝရောက်သွားတာ မဟုတ်ဘူးလား”
ထိုစကားကြားတော့ စိမ်းပြာမိုးကြိုးဧကရာဇ် ခဏမျှတိတ်ဆိတ်သွားသည်။
ပြီးမှ...
"စောမင်ကျန့်က ကောင်းကင်နတ်ဘုရားအဆင့်ကို မတက်ခဲ့ရင်... သူ ဒီလို ကြိုးစားရဲမှာတဲ့လား”
သူက အေးစက်စွာပြောလိုက်ပြီး မြေပြင်ဆီသို့ အကြည့်လွှဲလိုက်သည်။
“ငါတို့ ညီအစ်ကိုတွေအားလုံးက စည်းလုံးကြတယ် ၊ မင်းတို့လိုမဟုတ်ဘူး ၊ ပြီးတော့ မင်းတို့ကို ပြောလိုက်မယ်... ဟယ်မြန်ဆိုတဲ့ ကောင်လေးက သူ့ဟာသူ ငါတို့ဆီလာပြီး ငါတို့လက်အောက်ခံလုပ်ဖို့ တောင်းဆိုခဲ့တာ”
“သူက မင်းတို့အားလုံးထက် ဉာဏ်ပိုကောင်းတယ် ၊ သူ့အမှားတွေကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ သိတယ် ၊ မင်းတို့လို ကိုယ့်သေလမ်းကိုယ်ရှာနေတဲ့သူတွေနဲ့ လုံးဝမတူဘူး ဟား..ဟား..."
စိမ်းပြာမိုးကြိုးဧကရာဇ်၏ စကားများကိုကြားတော့ လူတိုင်း မျက်နှာများမည်းမှောင်သွားကြသည်။
အထူးသဖြင့် တိမ်လွှာခွင်းဧကရာဇ်၏မျက်နှာက အမှောင်မိုက်ဆုံးဖြစ်သည်။
ရန်ကျောက်ကဲက စိမ်းပြာမိုးကြိုးဧကရာဇ်ကို ကြည့်ရင်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ...”
သူ၏တည်ငြိမ်မှုက စိမ်းပြာမိုးကြိုးဧကရာဇ်၏ ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။
အစပိုင်းတွင် သူက ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း ယခုတော့ သူ၏ယုံကြည်မှုက ယိမ်းယိုင်လာပြီး ရယ်သံများသည်ပင် တုန်ယင်လာသည်။
တဖြည်းဖြည်းဖြင့် သူ ရယ်မောနိုင်ခြင်းမရှိတော့ဘဲ သူ၏ရယ်သံက လေထဲတွင်သာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။
စိမ်းပြာမိုးကြိုးဧကရာဇ် နောက်ထပ်စကားတစ်ခွန်းပြောရန် ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက သူ၏လက်တွင်အားထပ်ထည့်လိုက်ပြီး ထိုသူ့ပါးစပ်မှထွက်လာရန်ကြိုးစားနေသော စကားသံကို ဖိနှိပ်ပစ်လိုက်၏။
နေရာတွင် ရှိနေသူအားလုံး တိတ်ဆိတ်သွားကြသည်။
“ကျုပ်ကိုခွင့်လွှတ်ပါ ၊ ကျုပ်က နတ်ဘုရားသတ်ဖြတ်အစီအရင်နဲ့ စန့်ချင်အဆက်အနွယ် ဂုဏ်သတင်းထွန်းလင်းအောင် ပြန်လည်လုပ်ဆောင်မယ်လို့ အိပ်မက်မက်ခဲ့တယ် ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျုပ်ရဲ့မျှော်လင့်ချက်တွေ အရာမထင်ခဲ့ဘူး”
ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် တိမ်လွှာခွင်းဧကရာဇ်က စကားဆိုလိုက်သည်။
“ကံကောင်းစွာနဲ့ မိတ်ဆွေလေးယွီက သောပေါင်ထျန်းကျွင်းရဲ့ ဂူဗိမာန်ကို ရှာတွေ့ပြီး နတ်ဘုရားသတ်ဖြတ်အစီအရင်ကို ရှာတွေ့ခဲ့တယ် ၊ ဒါကြောင့် ကျုပ်ရဲ့ ဘဝရည်မှန်းချက်တစ်ခု ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရပါတယ်”
သူသည် ခေါင်းမော့ကာ သက်ပြင်းချလိုက်ရင်း...
“ကျုပ်က ဘဝတစ်လျှောက် သာမန်လူတစ်ယောက်ပါပဲ ၊ အရင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်နိုင်ခဲ့တာလည်း တခြားသူတွေရဲ့ ကြိုးပမ်းမှုကြောင့်ပါပဲ ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ပံ့ပိုးကူညီပေးခဲ့တယ်လို့ မပြောဝံ့ပါဘူး ၊ လွန်ခဲ့တဲ့နှစ်တွေမှာ ကျုပ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် တပည့်တွေကို သင်ကြားပြသပေးပြီး စန့်ချင်အဆက်အနွယ်အတွက် ပံ့ပိုးပေးခဲ့တယ် ၊ အဲဒီအတွက် နည်းနည်းလောက် ဂုဏ်ယူခဲ့မိတယ် ၊ ဒါပေမဲ့ အခုကျတော့...”
ကောင်းချင်းရွှမ်က...
“ရှင် ဒီလိုလုပ်စရာမလိုပါဘူး ၊ ကျွန်မတို့ သဘောထားကွဲလွဲတာတွေရှိပေမယ့် ရှင့်စရိုက် ဘယ်လိုရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်”
တိမ်လွှာခွင်းဧကရာဇ်က ခေါင်းယမ်းရင်း...
"ဒါပေမယ့် ဟယ်မြန်က ငါ့တပည့်ပဲ ၊ သူက လမ်းမှန်တာအိုဝါဒကို သစ္စာဖောက်ခဲ့တယ် ၊ ဒီလိုကြီးလေးတဲ့ကိစ္စမှာ ကျုပ်သယ်ပိုးထားရတဲ့အပြစ်ကို ဖြေရှင်းဖို့ သူ့ကို သတ်ပစ်ရမှာပဲ”
ခွန်နင်ကျီက...
“သူ့ကို သတ်ပစ်ချင်တယ်ဆိုတာ နားလည်ပါတယ် ၊ ဒါပေမဲ့ အခုက အဲဒီအတွက် အချိန်ကောင်းမဟုတ်သေးဘူး”
သူက ခေါင်းမော့ပြီး အားလုံးကို ရင်ဆိုင်လိုက်သည်။
“ဟုတ်တယ် ၊ အခုက အချိန်ကောင်းမဟုတ်သေးဘူး ၊ ဒါပေမဲ့ အမှန်တရားက ငါတို့ရှေ့မှာ ရှိနေပြီ ၊ ဒါကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ဘူး”
"ဟယ်မြန်က တကယ်ပဲ အမတခုံရုံးနယ်မြေထဲ ရောက်သွားပြီဆိုရင် ငါတို့ သူ့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်တော့ဘူး”
ထိုစကားကြားတော့ ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်၊ ယွဲ့ကျန့်ပေ၊ နှင့် တိမ်လွှာခွင်းဧကရာဇ်တို့၏ မျက်နှာအမူအရာများ မည်းမှောင်သွားသည်။
ရန်တိလည်း မျက်မှောင်ကြုတ်လိုက်သည်။
ခွန်နင်ကျီက သက်ပြင်းချရင်း...
“ဟုတ်တယ်... အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံး တိုက်ခိုက်နေကြလို့ သူတို့က ငါတို့ကို သိပ်ဂရုမစိုက်နိုင်ကြဘူး။ ဒါပေမဲ့ ဗလာနယ်ထဲမှာ တိုက်ခိုက်ရတာနဲ့ ရန်သူ့နယ်မြေမှာတိုက်ခိုက်ရတာ လုံးဝမတူတဲ့ကိစ္စပဲ”
"မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးမှာ ပရမ်းပတာဖြစ်စေခဲ့ပေမယ့်၊ အမတခုံရုံးကလည်း အခုချိန်မှာ ပိုသတိထားလာပြီး သူတို့ရဲ့ ကာကွယ်ရေးတွေကို တိုးမြှင့်ထားတယ် ၊ ငါတို့ အလွယ်တကူ ဖောက်ထွင်းဝင်ရောက်ဖို့ အခွင့်အရေးပေးတော့မှာ မဟုတ်ဘူး"
"ပြင်ပတာအိုကျင့်ကြံသူတွေက ဟယ်မြန်ကို ဗဟိုပြုပြီး တမင်တကာ ထောင်ချောက်ဝွေဆင်ထားနိုင်တယ် ၊ သူတို့က ငါတို့ကိုစောင့်နေတာမျိုးလည်း ဖြစ်နိုင်တယ်”
ခွန်နင်ကျီက တိမ်လွှာခွင်းဧကရာဇ်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...
“ခင်ဗျားရဲ့လုပ်ရပ်ကို ပြန်စဉ်းစားပေးပါ”
ပိုင်တောင်းက...
“ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ တာအိုရောင်းရင်းယွီအတွက်တော့ သေချာပေါက် လက်စားချေရမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ပြင်ပတာအိုကျင့်ကြံသူတွေက ငါတို့ထက် သိသိသာသာ ပိုပြီးအင်အားကြီးနေတယ် ၊ သူတို့ရဲ့ နယ်မြေထဲမှာ လှုပ်ရှားဖို့က အရမ်းအန္တရာယ်များတယ် ၊ ဒီလမ်းကိုဆက်လျှောက်မယ်ဆိုရင် ငါတို့တွေ ကြီးမားတဲ့အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်”
"ဒီတော့ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ အခြားသူတွေကို ဆက်သွယ်ပြီး ၊ ဟယ်မြန်ကိုပြန်လွှဲပေးဖို့ အမတခုံရုံးဘက်က သဘောတူလာအောင် ဖိအားပေးတာ ပိုကောင်းမယ်ထင်တယ်”
“ဒါဆို ငါတို့လှုပ်ရှားမယ်ဆိုင်လည်း ပိုပြီးအဆင်ပြေနိုင်တယ်”
အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို အနိုင်ရထားပြီး ဖြစ်သည်။
သို့ဖြစ်ရာ လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများက အဖြူရောင်ကြာပန်းသုခဘုံနှင့်အတူ အမတခုံရုံးအား ကျူးကျော်တိုက်ခိုက်မည်ဆိုပါက အမတခုံရုံးအနေဖြင့် ပြင်းထန်သော ဖိအားကို ခံစားရပေလိမ့်မည်။
ပိုင်တောင်း၏ အကြံပြုချက်က လူတိုင်း၏ဒေါသမီးလျှံကို ယာယီအားဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။
ထို့နောက် သူတို့က တောင်ပိုင်းချန်စန်းဧကရာဇ်၊ ဝူတန့်မယ်တော်၊ နှင့် အခြားသူများကို ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ပေသိ သူတို့ရရှိခဲ့သည့်အဖြေက စိတ်ပျက်စရာများသာ ဖြစ်ခဲ့သည်။
ရန်တိက မျက်မှောင်ကျုံ့လိုက်ရင်း...
“နတ်မိစ္ဆာမျိုးနွယ်တွေ ဟုတ်လား”
ကောင်းချင်းရွှမ်က မျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ်နေသည်။
တိမ်လွှာခွင်းဧကရာဇ်က...
“ဟုတ်တယ် ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က သူ့သားအတွက် လက်စားချေဖို့ သူ့သိက္ခာကိုစွန့်လွှတ်ပြီး တခြားနတ်မိစ္ဆာတွေနဲ့ ဆက်သွယ်ခဲ့တယ် ၊ ဝူတန့်မယ်တော်၊ မီးလျှံထက်ယံအရှင်သခင်နဲ့ တခြားသူတွေအားလုံး အခု အဲဒီ မဟာနတ်မိစ္ဆာတွေနဲ့ တိုက်ပွဲဝင်နေရလို့ ထွက်ခွာလာဖို့ မဖြစ်နိုင်ဘူး”
ခွန်နင်ကျီက...
“ဒါဖြင့် ငါတို့တွေ အမတခုံရုံးမှာ ဟယ်မြန်ကိုသွားရှာမယ်ဆိုရင် ငါတို့ကိုဦးဆောင်ပေးမယ့် ကောင်းကင်နတ်ဘုရား တစ်ယောက်မှမရှိဘူးပေါ့”
ထို့နောက် သူက ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်၊ နှင့် ယွဲ့ကျန့်ပေတို့ကို လှမ်းကြည့်လိုက်သည်။
“ငါတို့ စိတ်ဓာတ်ကျဖို့ ရည်ရွယ်တာမဟုတ်ဘူး ၊ ဒါပေမဲ့ ထျန်းစူးစကြာဝဠာရဲ့အင်အားတစ်ခုတည်းနဲ့ဆိုရင် အမတခုံရုံးကို ကျူးကျော်ဖို့ လုံလောက်မှာ မဟုတ်ဘူး ၊ ငါတို့အားလုံး ရန်သူ့ထောင်ချောက်ထဲ အလွယ်တကူ ကျရောက်သွားနိုင်တယ်”
“ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ နယ်မြေထဲရောက်သွားရင် သူတို့ဘက်က တပ်ဖွဲ့တွေစေလွှတ်ပြီး ထိရောက်တဲ့တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ် ၊ ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတွေက ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားတွေထက် အားနည်းတယ်ဆိုပေမယ့် သူတို့က ကောင်းကင်နတ်ဘုရားတွေ ဖြစ်နေတုန်းပဲလေ”
“ငါတို့ညီအစ်ကိုတွေ ထိပ်တန်းမဟာနတ်ဆိုး(၃)ပါးကြောင့် ကြီးမားတဲ့ဘေးဒုက္ခတွေ အများကြီး ဖြတ်ကျော်ခဲ့ပြီးပြီ ၊ ထိခိုက်နစ်နာမှုတွေလည်း အများကြီးရှိခဲ့တယ် ၊ အခုဆို နတ်ဘုရားသုတ်သင်အစီအရင်ကိုဖြန့်ကျက်ဖို့တောင် ငါတို့အတွက် အခက်အခဲတွေ ရှိနေတယ် ၊ ပြီးတော့ ငါတို့ရန်သူဘက်က အနောက်ဘက်သူတော်စင်ဘုံကလည်း ကူညီပေးနေသေးတယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုလည်း မေ့ထားလို့မရဘူး”
ခွန်နင်ကျီက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
လုန်ရှင်းချွမ်က ရိုးရှင်းစွာဖြင့်...
“ငါက သူရဲဘောကြောင်တဲ့သူ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါတို့ ထျန်းစူးစကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားလို့မရဘူးလေ ၊ တစ်နေ့ကျရင် သူတို့က ဟယ်မြန်ကိုခေါ်ပြီး ငါတို့ဆီကိုရောက်လာလိမ့်မယ် ၊ ဒီတော့ မင်းရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားစေချင်တယ်”
သူက ဆက်ပြောလိုက်သည်။
"ငါတို့အားလုံးက ဓားသိုင်းကျင့်ကြံသူတွေပဲ မဟုတ်လား”
ခွန်နင်ကျီ သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲက ရုတ်တရက်ဝင်ပြီး စကားဆိုလိုက်သည်။
“ဆရာဘိုးဘိုးလုန် ၊ အကြီးအကဲကောင်း ၊ ဆရာဦးလေးယွဲ့နဲ့ တိမ်လွှာခွင်းဧကရာဇ်...”
သူက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"နတ်ဘုရားသုတ်သင်အစီအရင် ပျက်စီးသွားတော့ ကျွန်တော်တို့အားလုံး ဒဏ်ရာတွေရခဲ့ကြတယ် ၊ ခွန်နင်ကျီပြောသလိုပဲ ကျွန်တော်တို့တွေ နောက်ထပ်တိုက်ပွဲတစ်ပွဲဆင်နွှဲရလောက်အောင် အခြေအနေ မကောင်းသေးဘူး”
ခဏနားပြီးမှ သူက ဆုံးဖြတ်ချက်ခိုင်မာစွာပြောလိုက်သည်။
“အဲဒီကို ကျွန်တော်သွားမယ်”
“ဟယ်မြန် သေချာပေါက် အသက်ပြန်ပေးဆပ်ရမယ်”
ပိုင်တောင်းက...
“ဒါပေမဲ့ အခုချိန်မှာ ညီမလေးဖန်းယွင်ရှန်းက တိုက်ခိုက်ဖို့ မသင့်တော်သေးဘူးလေ”
ရန်ကျောက်ကဲက ခေါင်းယမ်းရင်း...
“ငါ သူ့ကို ခေါ်မသွားဘူး”
ပိုင်တောင်းက အံ့အားသင့်သွားပြီး...
"မင်း တစ်ယောက်တည်း သွားမှာလား”
သူက ဆက်ပြီး သတိပေးလိုက်သည်။
"အခြေအနေက အရင်ကလို မဟုတ်တော့ဘူး ၊ အရင်တစ်ခေါက် မင်း အမတခုံရုံးနယ်မြေကို ခိုးဝင်တုန်းက အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံးက စစ်မဖြစ်သေးဘူး ၊ ဒါကြောင့် အမတခုံရုံးကလူတွေ လုံးဝသတိမထားခဲ့မိတာ ၊ ပြီးတော့ အဲဒီတုန်းက မင်းရဲ့ကျင့်ကြံခြင်းအဆင့်လည်း အားနည်းနေသေးတယ်လေ”
“အခုချိန်မှာတော့ မင်း သူတို့နယ်မြေထဲ ခြေချလိုက်တာနဲ့ မင်းရဲ့ကျင့်ကြံခြင်းကို သူတို့ ချက်ချင်းအာရုံခံမိလိမ့်မယ်”
ခွန်နင်ကျီက မချိပြုံးတစ်ချက် ပြုံးရင်း...
"ပြင်ပတာအိုကျင့်ကြံသူတွေက ဟယ်မြန်ကို ဝှက်ထားမှာပဲ ၊ မင်းသာ သူ့ကို အမြန်ရှာမတွေ့ရင် သူတို့ထောင်ချောက်ထဲ ချက်ချင်းကျသွားနိုင်တယ်”
ရန်ကျောက်ကဲက ရိုးရှင်းစွာဖြင့်...
“ငါက ခိုးဝင်မှာမဟုတ်ဘူး ၊ ပေါ်တင်ပဲသွားမှာ ၊ ပြီးရင် နေရာတိုင်းမှာ ဒီကောင့်ကိုလိုက်ရှာမယ်”
***
ထိုအချိန် ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံကမ္ဘာရှိ ဝါဒတောင်တွင် အနက်နှင့်အဖြူရောင်အမွေးများရှိသော ဧရာမဝက်ဝံကြီးတစ်ကောင်နှင့် အရပ်မြင့်မြင့်လူငယ်တစ်ယောက် သေးငယ်သော ခြံဝင်းတစ်ခုဆီသို့ ရောက်ရှိလာသည်။
“ဂိုဏ်းတူအစ်ကိုရွှီ ၊ အရာအားလုံးက အရမ်းမြန်ဆန်လွန်းတဲ့အတွက် မင်းရဲ့အခြေအနေ မတည်ငြိမ်သေးဘူးဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ အခု ငါတို့လှုပ်ရှားရမယ့်အလှည့် ရောက်လာပြီ”