← Chapters

တိုက်တိုင်းအောင်ဗုဒ္ဓလား ချီထျန်းမဟာသူတော်စင်လား

Vol. 107 Ch. 1498

တိုက်တိုင်းအောင်ဗုဒ္ဓလား ချီထျန်းမဟာသူတော်စင်လား

Vol. 107 Ch. 1498

အခန်း (၁၄၉၈) တိုက်တိုင်းအောင်ဗုဒ္ဓလား ချီထျန်းမဟာသူတော်စင်လား

ရန်ကျောက်ကဲ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို မည်သို့ရရှိခဲ့ကြောင်း စိတ်ကူးနတ်ဘုရားနှင့် အခြားသူများ သိရှိခြင်းမရှိပေ။

သို့သော် သူတို့သိသည်မှာ ရန်ကျောက်ကဲ ထိန်းချုပ်ထားသော ရွှေခန္ဓာတွင် ရွှေမျက်စံမီးမျက်စိတစ်စုံရှိပြီး ထိုမျက်ဝန်းများက ပျက်ယွင်းနယ်မြေ(၈)ခုကိုပင် ထိုးဖောက်နိုင်ခြင်း ဖြစ်၏။

ထို့ကြောင့် အမတခုံရုံးနယ်မြေအတွင်း ဝင်ရောက်လိုက်သည်နှင့် ရန်ကျောက်ကဲအနေဖြင့် ဟယ်မြန်၏တည်နေရာကို လိုက်လံစုံစမ်းရန်မလိုဘဲ ချက်ချင်းသိရှိခဲ့သည်။

ထို့အတူပင် ဟယ်မြန် ဤနေရာတွင်မရှိပါကလည်း သူက သတိပြုမိမည် ဖြစ်သည်။

စိတ်ကူးနတ်ဘုရားက ဟယ်မြန်ကို ငါးစာအဖြစ်အသုံးပြုပြီး ရန်ကျောက်ကဲတို့အုပ်စုကိုသတ်ဖြတ်ရန် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဤငါးစာကိုအသုံးပြုပြီး အမတခုံရုံးက ရန်ကျောက်ကဲတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

အစပိုင်းတွင် စိတ်ကူးနတ်ဘုရားနှင့်အခြားသူများ စီစဉ်ထားသည့်အတိုင်း အတိအကျ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့်အရာများကတော့ သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားသည်။

ရန်ကျောက်ကဲတွင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ သုံးခုရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျွမ်းကျင်သူ(၃)ယောက်နှင့် ကောင်းကင်နတ်ဘုရား(၁)ပါး၏ တိုက်ခိုက်နိုင်စွမ်းအား ကောင်းစွာယှဉ်ပြိုင်နိုင်သူများ ထွက်ပေါ်လာခဲ့သည်။

အမတခုံရုံးက လူအင်အားနည်းပါးသည်ဖြစ်ရာ ဤဖိအားကို ခံနိုင်ရည်မရှိခဲ့ပေ။

အလယ်ခေတ်တွင် ချီထျန်းမဟာသူတော်စင်က ကောင်းကင်ဘုံနန်းတော်တွင် အကြီးအကျယ် သောင်းကျန်းခဲ့သည်။ ယခုလည်း မျောက်ဝံတစ်ကောင်က အမတခုံရုံးတွင် လာရောက်သောင်းကျန်းနေပြန်သည်။

ရန်ကျောက်ကဲထိန်းချုပ်ထားသည့် ကြီးမားသောမျောက်ဝံကြီးက ပျက်ဆီးနေသည့်အဆောက်အဦများကို ခြေဖြင့်ကန်ထုတ်လိုက်ပြီး ဟယ်မြန် ထွက်မပြေးစေရန် တားဆီးလိုက်၏။

ကျောက်စိမ်းရောင်အလင်းတန်းများ၏ အကာအကွယ်အောက်တွင်ရှိသည့် ဟယ်မြန်ရှိနေရာ နန်းဆောင်မှာ ပျက်ဆိးသွားခြင်းမရှိသော်လည်း ရန်ကျောက်ကဲမြင်ကွင်းရှေ့တွင် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

ရွှေရောင်မျောက်ဝံကြီးက စူးစိုက်ကြည့်လိုက်ရာ နန်းဆောင်မှထွက်ပေါ်နေသည့် ကျောက်စိမ်းအလင်းတန်းများက ရေလှိုင်းများသဖွယ် တုန်ခါသွားပြီး အချိန်မရွေး ကွဲအက်ပြိုကျတော့မည့်အလား ဖြစ်သွားသည်။

ကျောက်စိမ်းရောင်အလင်းတန်းများ အကာအကွယ်ရှိနေသော်လည်း ဟယ်မြန်၏နှလုံးသားထဲတွင် တင်းကျပ်စွာခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ထုံကျဉ်သွားသည်။

သူတို့နှစ်ယောက်ကြား ကျင့်ကြံမှုအဆင့်ကွာဟချက် အလွန်ကြီးမားသည်ဖြစ်ရာ ကျောက်စိမ်းရောင်အလင်းတန်းများက ကာကွယ်ပေးထားသော်လည်း ဟယ်မြန်မှာ နေရာမှာပင် သေလုမတတ် ဖြစ်သွားရသည်။

ကြီးမားသော မျောက်မိစ္ဆာကြီးက ကျောက်စိမ်းအလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည့် ပျက်ဆီးနေသော နန်းဆောင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ၊ သူ၏မျက်ဝန်းများက အေးစက်မှုဖြင့် ပြည့်နေသည်။

ထိုအချိန်...

ဗလာနယ်ထဲတွင် ရုတ်တရက် အစိမ်းရောင်ကြာပန်းနှစ်ပွင့် ထွက်ပေါ်လာ၏။

အစိမ်းရောင်ကြာပန်းများက လင်းလက်တောက်ပနေပြီး ပန်းပွင့်များထက် ရွှေရောင်မီးအိမ်တစ်လုံးစီ ထွန်းလင်းနေသည်။

ထိုအစိမ်းရောင်ကြာပန်းများက ဟယ်မြန်၏ရှေ့သို့ ဆင်းသက်လာပြီး ရွှေရောင်မျောက်ဝံကြီး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

အစိမ်းရောင်ကြာပလ္လင်တစ်ခုထက်တွင် ဦးခေါင်းအလုံး(၂၀)နှင့် လက်(၁၈)ဖက်ရှိသော ဗုဒ္ဓတစ်ပါး ထိုင်နေသည်။

ထိုဗုဒ္ဓကိုတွေ့သည်နှင့် ‌မျောက်မိစ္ဆာ(၃)ကောင်က ဒေါသတကြီး တပြိုင်တည်းအော်ဟစ်လိုက်ကြသည်။

“မင်း... ကျောရိုးမရှိတဲ့ငကြောက်...”

ရန်ကျောက်ကဲ၊ ရွှီဖေး၊ နှင့် ပန်ပန်တို့သည်လည်း ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာမှ ကြီးမားသည့်ဒေါသကိုခံစားကြရပြီး ထိုဒေါသက သူတို့အားလုံးကိုပါ သက်ရောက်သွားသည်။

မူလက ပြင်းထန်နေသော မိစ္ဆာချီသည် ပိုမိုရက်စက်လာသည်။

အကြောင်းမှာ သူတို့လမ်းကြောင်းကို ပိတ်ဆို့နေသော ဗုဒ္ဓက တိုက်တိုင်းအောင်ဗုဒ္ဓဖြစ်နေသောကြောင့်ပင်။

တစ်ချိန်က ‘စွန်းရှင်ကျေ’ ဟု ခေါ်ဆိုပြီး ယခု တိုက်တိုင်းအောင်ဗုဒ္ဓ ဖြစ်၏။

လူအများသိရှိထားသည်မှာ စွန်းရှင်ကျေက ဒြပ်စင်ငါးပါးတောင်မှ လွတ်မြောက်လာပြီး ထန်စန်းကျန့်နှင့်အတူ အနောက်သို့ခရီးသွားမှတ်တမ်းတွင် ပါဝင်ခဲ့သည်။

ထို့ကြောင့်ပင် ဗုဒ္ဓဘာသာက အရှေ့ဒေသသို့ ပျံ့နှံ့ဆင်းသက်လာပြီး စွန်းရှင်ကျေသည်လည်း လင်စန်းတောင်တွင် ဉာဏ်အလင်းရရှိခဲ့သည်။

ယခု ရင်ဆိုင်ရသည်က...

တစ်ဖက်တွင် ဉာဏ်အလင်းဖြင့်ပြည့်စုံသည့် ဗုဒ္ဓတစ်ပါး။

ဆန့်ကျင်ဘက်မှာတော့ မိစ္ဆာချီများဟုန်းဟုန်းထနေသည့် ရက်စက်ကြမ်းတမ်းသော မဟာနတ်မိစ္ဆာ။

လုံးဝဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု ၊ အလွန်ကွာခြားသောစွမ်းအားနှစ်ခု ၊ ယခု ရင်ဆိုင်နေကြရသည်။

တစ်ဖက်က တည်ငြိမ်နေပြီး ကျန်တစ်ဖက်ကတော့ ဒေါသစိတ်များ ဟုန်းဟုန်းထနေသည်။

ဒေါသထွက်နေသော မျောက်ဝံကြီးကို ရင်ဆိုင်ရင်း တိုက်တိုင်းအောင်ဗုဒ္ဓက စကားဆိုလိုက်သည်။

"အော်မီတော်ဖော်... မင်းနဲ့ငါကြားက ကံတရား အငြင်းပွားမှုကို အဆုံးသတ်ရမယ် ၊ ဒါကြောင့် ငါရောက်လာတာပဲ”

လက်ရှိတွင် တိုက်တိုင်းအောင်ဗုဒ္ဓက နတ်ဘုရားသတ်ဖြတ်အစီအရင်ကြောင့် ဒဏ်ရာရထားသည့်ပုံစံ မရှိတော့ပေ။

သူ၏ပြတ်တောက်သွားသောလက်များမှာလည်း ပြန်လည်ပြည့်စုံလာပြီး ရင်ဘတ်ထက်မှ ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးသည်လည်း ပျောက်ကွယ်သွားပေပြီ။

သို့သော် သူ၏လက်(၁၈)ထဲတွင် ကိုင်ဆောင်ထားသည့် ရတနာပစ္စည်းများ ဖျက်ဆီးခံရပြီး အချိန်မီ အစားထိုးနိုင်ခြင်း မရှိခဲ့ပေ။

သူ၏တန်ခိုးစွမ်းအားကလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေသေးပြီး အထွတ်ထိပ်အဆင့်သို့ ပြန်လည်မရောက်ရှိသေးဘဲ အားနည်းနေသေးသည်။ သို့ရာတွင် ဒဏ်ရာအများစုကတော့ ပျောက်ကင်းသွားပေပြီ။

စစ်မှန်သော ဗုဒ္ဓတစ်ပါးဆိုသည်က ပြင်ပတာအို ကောင်းကင်နတ်ဘုရားထက် များစွာသာလွန်သည်။ တိုက်တိုင်းအောင်ဗုဒ္ဓ၏ တန်ခိုးစွမ်းအားက စိတ်ကူးနတ်ဘုရားထက် များစွာကျော်လွန်သည်မှာ ပြောနေစရာပင် မလိုပေ။

စိတ်ကူးနတ်ဘုရားက ချက်ချင်းပင် ထျန်းဟယ်မြစ်ကို ဆင့်ခေါ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ထူထပ်သေသာမြူခိုးများဖြင့် ဖုံးလွှမ်းစေလိုက်၏။

သူက ဗုဒ္ဓ(၂)ပါး၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများကိုပိတ်ဆို့လိုက်ပြီး အမတခုံရုံး၏ကမ္ဘာများအားသက်ရောက်မှုမရှိစေရန် တားဆီးလိုက်သည်။

ရန်ကျောက်ကဲက အကြောက်အရွံ့မရှိ အေးစက်သည့်လေသံဖြင့်...

“အဲဒီသစ္စာဖောက်ကောင် ဒီနေ့ သေရမယ်...”

သူက ဆက်ပြောလိုက်သည်။

“တိုက်တိုင်းအောင်ဗုဒ္ဓ... ခင်ဗျားကိုတော့ ဒီနေ့ မတွေ့ဘူးဆိုရင်တောင် နောက်ကျရင် ငါကိုယ်တိုင်လာရှာမလို့ပဲ”

ထို့နောက် ရွှေရောင်မျောက်ဝံကြီးက ကြုံးဝါးအော်ဟစ်လိုက်ပြီး တိုက်တိုင်းအောင်ဗုဒ္ဓအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။

တိုက်တိုင်းအောင်ဗုဒ္ဓက အစိမ်းရောင်ကြာပန်းပေါ်တွင် မလှုပ်မယှက်ထိုင်နေပြီး ရွှေရောင်မီးအိမ်အတွင်းရှိ သရီရဓာတ်တော် မရှိတော့သော်လည်း မီးလျှံများက ယိမ်းထိုးတောက်လောင်နေဆဲပင်။

သူက လက်ကိုမြှောက်လိုက်ပြီး မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

လှုပ်ရှားမှုမရှိသည့်တိုင် သူ၏လက်သီးချက်ထိုးထွက်လာပြီး မျောက်ဝံကြီးအား တန်ပြန်တိုက်ခိုက်လိုက်သည်။

ထိုအချိန် တိုက်တိုင်းအောင်ဗုဒ္ဓက ဒေါသတောက်လောင်နေသော ဗုဒ္ဓအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းများက အဖျက်တရားကင်းမဲ့စွာ လင်းလက်တောက်ပနေသည်။

သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်ပါလား။

အထူးသဖြင့် တိုက်တိုင်းအောင်ဗုဒ္ဓ နတ်မိစ္ဆာများကိုဖိနှိပ်ရန် အထူးအသုံးပြုသောနည်းလမ်းများက အလွန်ကြီးမားသော မျောက်ဝံကြီး၏ခွန်အားကို ဖိနှိပ်ထားနိုင်သည်။

သူ၏တိုက်ခိုက်မှုက သက်ရောက်မှုမရှိသော်လည်း ရန်ကျောက်ကဲက လုံးဝမစိတ်ဓာတ်ကျခဲ့ပေ။ သူက မိုးသည်းထန်စွာရွာသည့်ပမာ ဆက်တိုက်ဆိုသလို တိုက်ခိုက်လိုက်သည်။

တစ်ဖက်မှာတော့ ရွှီဖေးနှင့် ပန်ပန်မှထိန်းချုပ်ထားသည့် မျောက်မိစ္ဆာများက ဟယ်မြန်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

တိုက်တိုင်းအောင်ဗုဒ္ဓက ပြုံးလိုက်ပြီး...

“ငါတို့က ပိုင်းခြားခံထားရတဲ့သူတွေဆိုပေမယ့် သူ့နည်းလမ်းတွေနဲ့ တွန်းလှန်မှုတွေကို ငါနားလည်နေဆဲပဲ”

သူက မျောက်ဝံ(၃)ကောင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်ပြင်ဆင်လိုက်ပြီး သူ၏လက်များအားလုံး ရုတ်တရက် ဦးခေါင်းထက်သို့ရောက်ရှိသွားကာ ရွှေရောင်မီးအိမ်ကို ဖယ်ရှားလိုက်သည်။

ယခု ရွှေရောင်မီးအိမ်က သူ့ရှေ့တွင် ရပ်တည်နေပြီး ဦးခေါင်း(၂၀)လုံးက တူညီသည့်လှုပ်ရှားမှုဖြင့် မီးအိမ်ကိုမှုတ်လိုက်သည်။

ဦးခေါင်းအလုံး(၂၀)မှ လေမှုတ်သံ(၂၀)သည် မီးအိမ်၏ မီးတောက်ထက်သို့ ကျရောက်သွားသည်။ မီးလျှံက ငြိမ်းသတ်သွားခြင်းမရှိသော်လည်း အတွင်းမှ ထူထပ်သည့်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

မီးလျှံဆီမှ မည်းမှောင်သောမီးခိုးငွေ့များထွက်ပေါ်လာပြီး ထိုမီးခိုးများထဲတွင် အနီရောင်အရိပ်များ ရောယှက်နေသည်။ ထိုမီးခိုးငွေ့များက ကောင်းကင်တစ်ခွင်လွှမ်းခြုံသွားပြီး အထူးသဖြင့် မျောက်ဝံကြီး(၃)ကောင်အား ဖုံးလွှမ်းသွားသည်။

"အား..."

မျောက်မိစ္ဆာ(၃)ကောင်၏မျက်ဝန်းများ နာကျင်စွာထိုးနှက်ခံလိုက်ရပြီး မျက်ရည်များ မရပ်မနားစီးကျလာကာ တိုက်ပွဲနယ်မြေအတွင်းမှ လွင့်ထွက်သွားကြသည်။

ထူထပ်သောမီးခိုးများ လွှမ်းခြုံထားသောနေရာမှ လွင့်ထွက်လာသည်နှင့် ရန်ကျောက်ကဲကလည်း တန်ပြန်တိုက်စစ်ကို ပြင်ဆင်ပြီးဖြစ်သည်။

သူ့လက်ထဲတွင် အနီရောင်ဘူးသီးခြောက်တစ်လုံး ပေါ်လာသည်။

သူက ဘူးသီးခြောက်အဖုံးကိုဖွင့်လိုက်ရာ အတွင်းမှ သန့်စင်သောရေများ စီးဆင်းထွက်လာသည်။

မျောက်ဝံကြီး(၃)ကောင် တပြိုင်တည်း ဟားတိုက်ရယ်မောလိုက်ပြီး ထိုရောကို လက်တစ်ဆုပ်စာစီ ယူဆောင်ကာသူတို့ မျက်ဝန်းများထက် ပွတ်သပ်လိုက်၏။

ထို့နောက် မျောက်ဝံ(၃)ကောင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လိုက်ကြသည်။

ယခုတစ်ကြိမ် သူတို့ မီးခိုးငွေ့များအတွင်း ဝင်ရောက်သွားသော်လည်း ထိုမီးခိုးများ၏သက်ရောက်မှုကို မကြောက်ရွံ့ကြတော့ပေ။

သူတို့က လွယ်ကူစွာ ရှေ့သို့ ဆက်လက်တိုးဝင်သွားကြသည်။

မျောက်ဝံတစ်ကောင်က ရူယိရွှေတုတ်ကို ကိုင်မြှောက်လိုက်ပြီး ရွှေရောင်မီးအိမ်ကို ချက်ချင်း ရိုက်ထုတ်လိုက်သည်။

"…စန်းကွမ်းနတ်ရေစင်..."

အခြားသော အစိမ်းရောင်ကြာပလ္လင်ထက်တွင်ထိုင်နေသော ဗုဒ္ဓတစ်ပါးက အပြာရောင်ကိုယ်ခန္ဓာရှိသူဖြစ်သည်။ သူ၏ညာလက်က ဝိတက္ကမုဒြာကိုပြုလုပ်ထားပြီး ဘယ်လက်က ဓါယနမုဒြာကို ပြုလုပ်ထား၏။

မျောက်မိစ္ဆာများ မီးခိုးအတွင်း ပြေးဝင်လာသည်ကိုတွေ့သည်နှင့် ထိုအပြာရောင်ဗုဒ္ဓက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက လက်ဖဝါးကို နောက်သို့လှည့်ကာ ဟယ်မြန်ကို ဝေးကွာရာသို့ ပို့လွှတ်လိုက်သည်။

မျောက်ဝံများ အော်ဟစ်လိုက်ပြီး (၃)ကောင်လုံး ဟယ်မြန်ကို လိုက်လံဖမ်းဆီးရန် ပြေးထွက်သွားကြသည်။

တိုက်တိုင်းအောင်ဗုဒ္ဓက သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး စိတ်ကူးနတ်ဘုရားက တိုက်တိုင်းအောင်ဗုဒ္ဓကို ကူညီ‌ပေးလိုက်သည်။

စိတ်ကူးနတ်ဘုရားက ထိုဗုဒ္ဓ(၂)ပါးနှင့်ပတ်သက်ပြီး ရှုပ်ထွေးသော ခံစားချက်များ ရှိသည်။ အထူးသဖြင့် တိုက်တိုင်းအောင်ဗုဒ္ဓအပေါ်တွင် ဖြစ်၏။

ရန်ကျောက်ကဲတို့အုပ်စု အမတခုံရုံးနယ်မြေကို ကျူးကျော်လာချိန် အနောက်ဘက်သူတော်စင်ဘုံက သူတို့ကို လာရောက်ကူညီပေးခြင်းက အမတခုံရုံးကို အရှက်ရစေသည်။

သို့သော် ဗုဒ္ဓ(၂)ပါးနှင့် ပေါင်းလိုက်သည့်အခါ ကောင်းကင်နတ်ဘုရားအဆင့် (၃)ယောက်ရှိသွားသဖြင့် စိတ်ကူးနတ်ဘုရား မျှော်လင့်ချက်များ ပြန်လည်ဖြစ်တည်လာသည်။

(၃)ယောက်နှင့် (၃)ယောက် တိုက်ပွဲ။

ဤသည်က ရန်ကျောက်ကဲတို့အုပ်စုကို ဖိနှိပ်ရန် လုံလောက်သည်။

ထို့ကြောင့် အရှက်ရစရာဖြစ်သည့်တိုင် စိတ်ကူးနတ်ဘုရားက ရန်ကျောက်ကဲတို့၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ရှေ့သို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။

"အော်မီတော်ဖော်..."

အပြာရောင်ဗုဒ္ဓသည်လည်း မတ်တတ်ရပ်လိုက်ပြီး သူ့ထံသို့ ပြင်းထန်စွာဝင်ရောက်လာသော မျောက်မိစ္ဆာကို ရင်ဆိုင်လိုက်၏။

သူ၏ပုံစံကိုမြင်လိုက်သည်နှင့် မျောက်ဝံကြီးက အော်ဟစ်လိုက်သည်။

“ထန်စန်းကျန့်... စန္ဒကူးဗုဒ္ဓ... သိပ်ကောင်းတယ် ၊ အခုတော့ လူစုံနေပြီပေါ့”

All Chapters