ပြန်လည်ထွက်ပေါ်လာသည့်ဒဏ္ဍာရီများ
Vol. 107 Ch. 1499
အခန်း (၁၄၉၉) ပြန်လည်ထွက်ပေါ်လာသည့်ဒဏ္ဍာရီများ
အပြာရောင်ဗုဒ္ဓက စန္ဒကူးဗုဒ္ဓပင်ဖြစ်သည်။
သူက မျောက်မိစ္ဆာ(၃)ကောင်ကို ကြည့်ပြီး မေးလိုက်သည်။
"ချီထျန်းမဟာသူတော်စင် အဆင်ပြေရဲံလား”
သူ စကားဆိုလိုက်သည်နှင့် ပါးစပ်တွင်းမှ အလင်းရောင်များထွက်ပေါ်လာပြီး လေထဲတွင် ကြာပန်းများ ဖြစ်တည်လာသည်။
ကြာပန်းများပွင့်လန်းလာသည်နှင့် ဆန်းကြယ်သောမြင်ကွင်းတစ်ခုထွက်ပေါ်လာပြီး ထိုကြာပန်းများက လေထုထဲပျံ့နှံ့လျှက် မျောက်ဝံကြီး(၃)ကောင်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသော ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာက အရင်ဆုံးခုန်ဝင်လိုက်ပြီး ကြာပန်းပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။
စန္ဒကူးဗုဒ္ဓက...
“တကယ်လို့ မင်းရဲ့ဆန္ဒက ဒီလိုဖြစ်နေတယ်ဆိုရင် အဲဒီအတွေးတွေကို စွန့်လွှတ်လိုက်ပါ ၊ တစ်ချိန်ကလုပ်ခဲ့တဲ့လုပ်ရပ်ကို ရပ်တန့်ပြီး ထွက်ခွာသွားပါ”
ကြာပန်းများက လေထုထဲတွင်ရှိနေဆဲဖစ်ပြီး ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက ကြာပန်းများဖြင့် ပိတ်ဆို့ခြင်း ခံထားရသည်။
သူ့အနေဖြင့် စန္ဒကူးဗုဒ္ဓအနားသို့ မချဉ်းကပ်နိုင်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်၏။
ကြာပန်းများက ရိုးရှင်းသည့် ဗလာနယ်အတားအဆီးတစ်ခုမဟုတ်ပေ။ ထိုကြာပန်းများက လောကတွင်သတ်မှတ်ထားသော နည်းဥပဒေများကိုပုံပျက်စေပြီး သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
စန္ဒကူးဗုဒ္ဓက...
“လုပ်ရပ်များကို ရပ်တန့်ပါ”
ဟု စကားဆိုလိုက်သည်နှင့် ရန်ကျောက်ကဲ ဆက်လက်လှုပ်ရှားမှုမပြုနိုင်အောင် တားဆီးပြီးသား ဖြစ်သွားသည်။
စန္ဒကူးဗုဒ္ဓက...
“ထွက်ခွာသွားပါ”
ဟုပြောသည်နှင့် မြင်ကွင်းတစ်ခုလုံး ကြာပန်းများဖြင့် လွှမ်းခြုံခံရပြီး သူ့အား မြေပြင်ထက်သို့ ပြန်လည်တွန်းပို့သည့်အလား ခံစားရသည်။
“ကောင်းလိုက်တဲ့ အမိန့်ပေးနည်းလမ်း”
ရန်ကျောက်ကဲ ချီးကျူးလိုက်သည်။
ရန်ကျောက်ကဲက အနောက်သို့ခရီးသွားမှတ်တမ်းနှင့်ပတ်သက်ပြီး ရုပ်ရှင်များကြည့်ခဲ့ဖူးသလို ဝတ္ထုစာအုပ်များလည်း ဖတ်ခဲ့ဖူးသည်။
ယခု သူရောက်ရှိနေသည့်ကမ္ဘာမှ ဒဏ္ဍာရီများနှင့်ပတ်သက်လျှင် သူ၏မှတ်ဉာဏ်များ ၊ အထင်အမြင်များနှင့် အများဆုံးသွေဖယ်သည့်ကိစ္စမှ ကျောက်စိမ်းဧကရာဇ်၏ တန်ခိုးစွမ်းအားမဟုတ်ပေ။
ဤကမ္ဘာတွင် အကြီးမားဆုံးကွဲပြားမှုမှာ စန္ဒကူးဗုဒ္ဓဟုခေါ်သည့် ထန်ဘုန်းကြီး’ထန်စန်းကျန့်’ က ဉာဏ်အလင်းမရခင်အချိန်ကပင် ခေသူတစ်ယောက် မဟုတ်ခဲ့ပေ။
သူ၏ ကျင့်ကြံခြင်းနှင့် တန်ခိုးစွမ်းအားက သံသယဝင်စရာမလိုအောင် ပြင်းထန်လွန်းသည်။
“ဝူခုန်း... နောက်ဆုတ် ၊ ဒီကိစ္စ ငါကိုင်တွယ်မယ်”
ဟု ဆရာကျစွာ စကားဆိုမည်ဆိုလျှင် လုံးဝ ဟာသဆန်သည့်စကားမျိုး မဟုတ်ခဲ့ပေ။
ဘုန်းတော်ကြီးစန်းကျန့်က သူ၏ပြိုင်ဘက်များအလယ်တွင် အထူးချွန်ဆုံးသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
သူ၏ ဗုဒ္ဓဘာသာကျင့်စဉ်တစ်ခုဖြစ်သော ‘ကြာပန်းစကား’ ဆိုသည်က နတ်ဘုရားများနှင့် နတ်ဆိုးများကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သော ပညာရပ် ဖြစ်၏။
ဤသည်က ရယ်စရာလျှောက်ပြောနေခြင်း မဟုတ်ပေ။ သူပြောသမျှက အမှန်တရားအဖြစ် ပြောင်းလဲသွားတတ်သည်။
သူ စကားဆိုလိုက်သည်နှင့် ကျမ်းကိုးများက ထိုအတိုင်းဖြစ်လာပြီး ရန်သူများကို စကားလုံးဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ကျင့်ကြံခြင်းအဆင့်တူညီသည့် ရန်သူဖြင့်ရင်ဆိုင်ရသည့်အခါ ထိုသို့ စကားလုံးဖြင့် အမိန့်ပေးနိုင်ခြင်းက တပန်းသာလှသည်။
“ဒါပေမဲ့ ဆိုရိုးရှိတယ်လေ ၊ ရေကူးကျွမ်းကျင်တဲ့သူတောင် သတိကင်းမဲ့ရင် ရေနစ်သေနိုင်တယ် ၊ ခင်ဗျားရဲ့စကားတွေထဲ ခင်ဗျားကိုယ်တိုင်နစ်မြုပ်မသွားဖို့ သတိထားစမ်းပါ”
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသော မျောက်မိစ္ဆာကြီးက အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ပုံရိပ်က မရပ်မနားတုန်ခါလာသည်။ သူ၏ကြီးမားသောမိစ္ဆာပုံရိပ်ကြီးက မသိမသာဝေဝါးသွားပြီး ထင်ရှားမှုကိုဖော်ပြရန် ခက်ခဲလာသည်။
သူ၏ပုံရိပ်ကို သာမန်နည်းဖြင့် မြင်နိုင်စွမ်းမရှိတော့ပေ။ သူ့ကိုတိုက်ခိုက်ရန်ရောက်ရှိလာသည့် ကြာပန်းများသည်လည်း သူ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်လျှက် ပြိုကွဲသွားကြသည်။
ရွှီဖေးနှင့် ပန်ပန်မှ ထိန်းချုပ်ထားသော ဧရာမမျောက်ဝံကြီးများကလည်း အလားတူပင် ပြုလုပ်လိုက်ကြသည်။
ဧရာမမျောက်ဝံကြိး(၃)ကောင် ရှေ့သို ဆက်လက်ခုန်တက်လာရင်း ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားသော ကြာပန်းများကို ရှောင်တိမ်းသွားကြသည်။
သို့သော် ထိုအချိန်တွင် တိုက်တိုင်းအောင်ဗုဒ္ဓက ထပ်မံတိုက်ခိုက်လိုက်သည်။
သူ၏တန်ခိုးစွမ်းအား အပြည့်အဝ ပြန်မရသေးသော်လည်း သူက ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုများက အလွန်တရာ စွမ်းအားပြင်းထန်နေဆဲပင်။
တစ်ဦးချင်းရင်ဆိုင်မှုတွင် သူက ရန်ကျောက်ကဲတို့အုပ်စုမှ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခုကို ကောင်းကောင်းဖိနှိပ်ထားနိုင်သည်။ ထို့ပြင် သူ့အနေဖြင့် ရန်သူ(၃)ယောက်ကိ တပြိုင်တည်းရင်ဆိုင်ရန် မလိုအပ်ပေ။
သူက မျောက်ဝံ(၃)ကောင်ကို အနှောင့်အယှက်ပေးပြီး ရန်သူ၏အာရုံကို ပြိုကွဲစေနိုင်လျှင် စန္ဒကူးဗုဒ္ဓက ပိုမိုထိရောက်စွာ လှုပ်ရှားနိုင်ပေမည်။
စိတ်ကူးနတ်ဘုရားကလည်း ဘေးမှ ကူညီထောက်ပံ့ပေးနေပြီး ၊ တစ်ချိန်တည်းပင် သူက အမတခုံရုံနယ်မြေမှ ဖျက်ဆီးခံလိုက်ရသော ထုံးတမ်းအစီအရင်ကို ပြန်လည်ပြုပြင်ရန် ကြိုးစားနေသည်။
သူက ရန်ကျောက်ကဲတို့အုပ်စုအား နယ်မြေအားသာချက်ဖြင့် အပြည့်အဝ ထောင်ချောက်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။ သို့မှသသာ ရန်ကျောက်ကဲတို့အား အမခုံရုံးတွင် ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမည်။
ကျောက်စိမ်းရောင်အလင်းတန်းများ ထပ်မံထွက်ပေါ်လာပြီး လှောင်အိမ်ပုံစံ ဖြစ်ပေါ်လာကာ ရွှေရောင်မျောက်ဝံကြီးများ၏လှုပ်ရှားမှု အနည်းငယ် နှေးကွေးသွားသည်။
တိုက်တိုင်းအောင်ဗုဒ္ဓကလည်း ထိုအခွင့်အရေးကို အသုံးချပြီး မျောက်ဝံ(၃)ကောင်ကို သူ၏လက်များဖြင့် တပြိုင်တည်းဖမ်းချုပ်ရန် ကြိုးစားလိုက်၏။
ထိုအချိန် စန္ဒကူးဗုဒ္ဓက တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။
“မင်းတို့ရဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါ”
သူ၏စကားသံထွက်ပေါ်လာသည်နှင့် ကြာပန်းများက ဧရာမမျောက်ဝံကြီးများကို ဝိုင်းထားလိုက်ပြီး မျောက်ဝံကြီးများ၏အလေးချိန် ပိုမိုလေးလံလာကာ မဖြတ်ကျော်နိုင်သော ထုထည်ကြီးမားသည့် သံကြိုးများဖြင့် ချည်နှောင်ခံရသလို ဖြစ်သွားသည်။
“ကြီးမားစမ်း...”
“ကြီးမားစမ်း...”
“ကြီးမားစမ်း...”
မျောက်မိစ္ဆာ(၃)ကောင် သံပြိုင်အော်ဟစ်လိုက်ရာ သူတို့မျက်ဝန်းများက သွေးနီရောင်ပြောင်းလဲသွားပြီး မိစ္ဆာချီများလည်း ပိုမိုပြင်းထန်လာသည်။
ထိတ်လန့်ဖွယ်ရာမိစ္ဆာချီက ပိုမိုသိပ်သည်းသွားပြီး မူလကပင် အလွန်ကြီးမားသော ရွှေရောင်မျောက်ဝံကြီးများမှာ ပို၍ပင်ကြီးမားထွားကျိုင်းလာသည်။
သူတို့ခန္ဓာကိုယ်က စကြာဝဠာကို လွှမ်းခြုံနေပြီး အမတခုံရုံးနယ်မြေများကို မာန်တက်စွာဖြင့် ခေါင်းငုံ့ကြည့်လိုက်ကြသည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၊ စန္ဒကူးဗုဒ္ဓနှင့် စိတ်ကူးနတ်ဘုရားတို့က သူတို့ကိုချုပ်နှောင်ထားပြီး လွတ်မြောက်ရန် အခွင့်အရေးမပေးပေ။
တစ်ဖက်တွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ဗုဒ္ဓနှစ်ပါးနှင့် အမတခုံရုံး နယ်မြေအားသာချက်ကို အသုံးပြုနေသည့် စိတ်ကူးနတ်ဘုရားတို့ရှိနေသည်။
သူတို့ (၃)ယောက် ပူးပေါင်းမှုဖြင့် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုမှာ ဖိနှိပ်ခံထားရပြီး လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။
သို့သော် မျောက်မိစ္ဆာ(၃)ကောင်၏ ပြင်းထန်သောရုန်းကန်မှုအောက်တွင် သံကြိုးများက ပိုမိုလျော့ရဲလာသည်။
ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ထိန်းချုပ်နေသည့် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက ရုတ်တရက် သူ၏လက်ညှိုးကို လေထဲသို့ထိုးညွှန်လိုက်သည်။
ထို့နောက် ကမ္ဘာဦးအက်ကွဲကြောင်းမှ ကနဦးကောင်းကင် အဓိပတိပုံစံက ရန်ကျောက်ကဲလက်ညှိုးထိပ်မှ ထွက်ပေါ်လာသည်။
ထိုက်ချူးနတ်လက်ချောင်းသိုင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသော ဧရာမမျောက်ဝံကြီးထံမှ ထွက်ပေါ်လာသည်။
ထိုလက်ချောင်းသိုင်းက ဗလာနယ်ထဲတွင် (၃)ခုကွဲထွက်သွားပြီး နက်ရှိုင်းချီစွမ်းအား(၃)ခု ဖြစ်တည်လာ၏။
ထို့နောက် သူက လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ ပြောင်းလဲသွားသည်။ ထိုခဏတွင် အမတခုံရုံး၏ သိမ်မွေ့ပြီး ပုံရိပ်ယောင်သဖွယ်ဖြစ်သော နယ်မြေက ပြားချပ်သွားသယောင် ထင်မှတ်ရသည်။
ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေသော နတ်ဘုရားနန်းတော်မှ နတ်ဘုရားနယ်မြေများဆီသို့ ပြုတ်ကျသွားပြီး အမြင့်ကွာခြားချက် မတွေ့ရတော့ပေ။
ဤအခြေအနေဖြစ်လာသည်မှာ ပိုမိုသိမ်မွေ့သော တည်ရှိမှုတစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။
ရလဒ်အနေဖြင့် အမတခံဒရုံးတစ်ခုလုံး မြေပြင်ထက်တွင် ဖုန်မှုန့်အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသလို ဖြစ်သွားသည်။
အမတခုံရုံးနယ်နိမိတ်၏ ထိပ်ဖျားတွင် ရှေးကျသည့် နတ်ဘုရားတံခါးတစ်ခု ပွင့်သွားပြီး အတွင်းမှ ကျောက်စိမ်းရောင်အလင်းတန်းများ မသိမသာ ယိုစိမ့်ထွက်လာသည်။
ထိုကျောက်စိမ်းအလင်းတန်းများဖြင့် စွန်းထင်းခံရသည်နှင့် အမတခုံရုံးနယ်မြေတစ်ခုလုံး အလင်းရောင်များ ပြန်လည်ထွန်းလင်းလာသည်။
စိတ်ကူးနတ်ဘုရားဖြစ်ပေါ်စေခဲ့သည့် ဆူညံမှုက ဤသည်နှင့်နှိုင်းယှဉ်ပါက အတော်လေး အရေးမပါသည့် အမှုံအမွှားတစ်ခုသာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မည်သည့်နေရာကမှန်းမသိ အဖြူရောင်ကြာပန်းတစ်ခု ရုတ်တရက် ပွင့်လန်းလာသည်။
နတ်ဘုရားတံခါး ထိခိုက်မှုမရှိသော်လည်း အမတခုံရုံးနယ်မြေများမှ ထွက်ပေါ်လာသော ကျောက်စိမ်းရောင်အလင်းတန်းများ ပြန်လည်ပျောက်ကွယ်သွားသည်။
ကောင်းကင်ယံတစ်ဖက်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ပေါ်ထွက်လာပြီး ထိုအရာက နတ်ဘုရားတံခါးနှင့် အဖြူရောင်ကြာပန်းဆီသို့ မျောလွင့်သွားသည်။
ချက်ချင်းပင် သာယာသည့်ခေါင်းလောင်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ရှေးကျသည့် ကြေးဝါခေါင်းလောင်းတစ်လုံးသည်လည်း ထွက်ပေါ်လာ၏။
နတ်ဘုရားတံခါးက အဖြူရောင်ကြာပန်းကို တားဆီးလိုက်ပြီး ခေါင်းလောင်းကလည်း အစိမ်းရောင်ကြာပန်းကို တားဆီးလိုက်သည်။
ထို့နောက် အရာအားလုံး တပြိုင်နက်တည်း ပျောက်ကွယ်သွားသည်။
သူတို့ပျောက်ကွယ်သွားသည်နှင့် ဖြစ်စဉ်အားလုံးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ နတ်ဘုရားနန်းတော်က ယခင်ကကဲ့သို့ပင် ခမ်းနားကြီးကျယ်စွာ နတ်ဘုရားနယ်မြေသန်းပေါင်းများစွာနှင့် ကမ္ဘာပေါင်းများစွာအထက် ကောင်းကင်ယံတွင် တည်ရှိနေဆဲပင်။
ရန်ကျောက်ကဲ၏လှုပ်ရှားမှုကလည်း ရပ်တန့်မသွားပေ။
နက်ရှိုင်းချီစွမ်းအား(၃)ခု ထွက်ပေါ်လာပြီး ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာများအားလုံးပေါ်သို့ ကျရောက်သွားသည်။
နတ်ဘုရားတံခါး ၊ အစိမ်းရောင်ကြာပန်းနှင့် အခြားသောအရာဝတ္ထုများ ထွက်ပေါ်လာသည်နှင့် စန္ဒကူးဗုဒ္ဓနှင့် တိုက်တိုင်းအောင်ဗုဒ္ဓတို့ ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။
သူတို့က လှုပ်ရှားရန်ရည်ရွယ်လိုက်သည်နှင့် ရွှေရောင်အလင်းများဖြင့် ရောယှက်နေသော မိစ္ဆာချီက ထပ်မံပေါက်ကွဲထွက်လာသည်။
ရွှေရောင်အလင်းတန်းများ၏လွှမ်းခြုံမှုအောက်တွင် မျောက်မိစ္ဆာ(၃)ကောင် ပျောက်ကွယ်သွားပြီး သူတို့နားထဲတွင် ဆူညံသော ဟိန်းဟောက်သံတစ်ခု ကြားလိုက်ရ၏။
အသံလှိုင်းများက အသက်ဝင်လာပြီး ပတ်ဝန်းကျင်အား လွှမ်းခြုံသွားကာ လှိုင်းလုံးများသဖွယ် မရပ်မနားလှုပ်ခတ်လာသည်။
နေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူ(၃)ဦးပင် တုံ့ပြန်မှုမပြုနိုင်သော အရှိန်အဟုန်ဖြင့် ရွှေရောင်အလင်းတန်းများထဲမှ အမွှေးများထူထပ်သော လက်တစ်ဖက်က “ဝှစ်” ဆိုသောအသံနှင့်အတူ ဆန့်ထွက်လာသည်။
ကံကောင်းသည်မှာ စန္ဒကူးဗုဒ္ဓနှင့် တိုက်တိုင်းအောင်ဗုဒ္ဓတို့က သတိထားနေသဖြင့် အချိန်မီ နောက်သို့ခုန်ဆုတ်သွားပြီး ထိုလက်ကြီးဖြင့် ဖမ်းယူမှုကို အတင်းအကျပ် ရှောင်တိမ်းလိုက်နိုင်၏။
သို့သော် စိတ်ကူးနတ်ဘုရားကတော့ ကံမကောင်းခဲ့ပေ။
သူက ကြီးမားသော အမွှေးထူသည့်လက်ကြီးဖြင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရလေသည်။