စွမ်းအားအကြီးဆုံးအဆက်အနွယ်
Vol. 107 Ch. 1502
အခန်း (၁၅၀၂) စွမ်းအားအကြီးဆုံးအဆက်အနွယ်
လက်ရှိတွင် ကောင်းချင်းရွှမ်က ဒဏ်ရာရထားဆဲဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း ကောင်းဟန်လောက် မြင့်မားခြင်း မရှိပေ။
သို့သော် သူမလက်ထဲ နတ်ဘုရားသတ်ဖြတ်ဓားရှိနေသရွေ့ မည်သူမှ သူမကို အထင်သေးဝံ့မည် မဟုတ်ပေ။
ကောင်းဟန်က ကောင်းချင်းရွှမ်ကို လှမ်းကြည့်လိုက်ပြီး ရန်ကျောက်ကဲဘက်သို့လှည့်ကာ စကားဆိုလိုက်သည်။
“မင်း ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တာ... အမတခုံရုံးက နဂိုကတည်းက အားနည်းနေတာဆိုတော့... ဒီလောက်ပြင်းထန်တဲ့ ထိုးနှက်မှုခံလိုက်ရတော့ မျှခြေပျက်သွားပြီ ၊ တကဘ်တော့ သူတို့တွေ သိပ်ကြာကြာ တောင့်ခံနိုင်မယ် မထင်တော့ဘူး”
ရန်ကျောက်ကဲက သူ့ကို စကားပြန်မပြောသလို မျက်နှာအမူအရာ ပြောင်းလဲခြင်းလည်း မရှီပေ။ သို့သော် ကောင်းဟန်၏သုံးသပ်ချက်ကို သူ သဘောတူမိသည်။
သူက စိတ်ကူးနတ်ဘုရားကို သတ်ဖြတ်လိုက်သည်ဖြစ်ရာ အမတခုံရုံးအနေဖြင့် နောက်ထပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဆုံးရှုံးသွားခဲ့သည်။
အမတခုံရုံး၏ ကောင်းကင်နတ်ဘုရားဦးရေ ကိုးဦးမှ ရှစ်ဦးသို့ ပြန်လည်လျော့ကျသွားသည်ဟု ရိုးရှင်းစွာ ထင်ရသော်လည်း ဤဆုံးရှုံးမှုက ထိုအကြောင်းတစ်ခုတည်းဖြင့် ကန့်သတ်မထားပေ။
စိတ်ကူးနတ်ဘုရားအပြင် စိမ်းပြာမိုးကြိုးဧကရာဇ်ကိုပါ ထည့်တွက်လျှင် အမတခုံရုံးသည် ထိုက်ရွှီးမူလနတ်နတ်ဘုရားဆယ်ဦးကျော်ကို ဆုံးရှုံးခဲ့သည်။
ဤသည်မှာ အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်သည့် ကြီးမားသော ဆုံးရှုံးမှုသာပင်။
နက်ရှိုင်းနတ်ဘုရားများ၊ အစစ်အမှန်နတ်ဘုရားများ သို့မဟုတ် ထိုအဆင့်အောက်ရှိသူများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ထို့ပြင် နောက်ထပ် အဓိကပြဿနာတစ်ခုရှိသေးသည်။
အမတခုံရုံးအဆောက်အဦဖြစ်သည့် ကောင်းကင်ယံနန်းတော်တစ်ဝက်နီးပါးခန့်က ရန်ကျောက်ကဲထိန်းချုပ်သော ချီထျန်းမဟာသူတော်စင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။
သေဆုံးသူဦးရေအပြင် အမတခုံရုံး၏ ဂုဏ်သတင်းသည်လည်း ကြီးမားသော ထိုးနှက်မှုကို ခံခဲ့ရပြီ ဤသည်က သူတို့၏ယုံကြည်ခြင်းစွမ်းအားကို တိုက်ရိုက်ထိခိုက်စေသည်။
အမတခုံရုံးက ကောင်းကင်ကိုးထပ်တွင် တည်ရှိသော်လည်း ရန်ကျောက်ကဲ ဖြစ်ပေါ်စေခဲ့သော ပျက်ဆီးမှုအား အမတခုံရုံး ၊ နတ်ဘုရားနယ်မြေများတွင် နေထိုင်သူများအားလုံး ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်ပင်။
အသေးစိတ် မမြင်နိုင်ကြသော်လည်း အမတခုံရုံးမှာ ဤမျှပြင်းထန်သော ထိုးနှက်မှုခံရသည့်တိုင် ရန်ကျောက်ကဲအား တားဆီးနိုင်ခြင်းမရှိခဲ့ပေ။
ဤအချက်က အတော်လေး သိသာထင်ရှားခဲ့၏။
သူတို့အနေဖြင့် ရန်ကျောက်ကဲကို ဖမ်းဆီးနိုင်လျှင် သို့မဟုတ် သတ်ဖြတ်နိုင်လျှင် အရှက်ကွဲမှုကို ဖုံးကွယ်ရန် ဖြစ်နိုင်ခြေရှိသေးသည်။
အဘယ်ကြောင့်ဆိုသော် “မြေပြင်” ပေါ်ရှိသူများသည် “ကောင်းကင်” သို့ တက်ရောက်၍ အမတခုံရုံးကို အပျက်အစီးအဖြစ် ပြောင်းလဲသွားသည်ကို မျက်မြင်ကြည့်ရှုရန် မဖြစ်နိုင်ပေ။
သို့သော် ရန်ကျောက်ကဲက အမတခုံရုံး၏ကောင်းကင်ယံနန်းတော်ကိုဖျက်ဆီးပြီးနောက် ဤအတိုင်းပင် ထွက်ခွာသွားခဲ့သည်။
ဤသည်က အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များအတွက် အလွန်အဆင်မပြေသည့် အနေအထားပင် ဖြစ်သည်။
သူတို့အနေဖြင့် မြေပြင်ထက်ရှိ အလယ်ဆင့်နှင့် အဆင့်နိမ့် ကျင့်ကြံသူတို့အတွက် ယုံကြည်ခြင်းစွမ်းအား ဆက်လက်ထိန်းထားရန် မည်သို့နှစ်သိမ့်ရမည်ကိုစဉ်းစားရုံဖြင့် ခေါင်းကိုက်စရာ ဖြစ်လာသည်။
သို့ဖြစ်ရာ ယနေ့တိုက်ပွဲက သူတို့၏အုပ်ချုပ်မှု အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေနိုင်သော အလားအလာရှိ၏။
ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ လျော့နည်းသွားခြင်းအပြင် အမတခုံရုံးတစ်ခုလုံးသည်လည်း အားနည်းကာ ယိမ်းယိုင်လျက်ရှိသည်။
ဤသို့သော အခြေအနေတွင် အဖြူရောင်ကြာပန်းသုခဘုံနှင့် ယှဉ်ပြိုင်ရာ၌ မူလကပင် အားနည်းနေခဲ့သော အမတခုံရုံးသည် ပို၍ပင် ဆိုးရွားသော အနေအထားသို့ နစ်မြုပ်သွားခဲ့သည်။
အစပိုင်းတွင် အမတခုံရုံးက သူတို့အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းလျှက် အဖြူရောင်ကြာပန်းသုခဘုံ သိမ်းပိုက်ထားသော နတ်ဘုရားနယ်မြေ ရှစ်ရာကို ပြန်လည်သိမ်းပိုက်ရန် ဆက်လက်ကြိုးပမ်းနေခဲ့သည်။
သို့သော် ယခုတော့ သူတို့အနေဖြင့် နောက်ထပ်ဆိုးရွားသော အနေအထားတစ်ခုဖြင့် ရင်ဆိုင်ရပေပြီ။
တကယ်တော့ အဖြူရောင်ကြာပန်းသုခဘုံမှ ထပ်မံထိုးဖောက်ခြင်းကိုခံရပြီး လုံးဝရှုံးနိမ့်သွားနိုင်သည့် ဖြစ်နိုင်ခြေပင် ရှိနေသည်။
ရန်ကျောက်ကဲ၊ ကောင်းချင်းရွှမ်၊ ကောင်းဟန်တို့အားလုံးက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ ဤသို့နှယ် ဆိုးရွားသည့်အခြေအနေသို့ တွန်းပို့ခံရသည်ကို တွေ့မြင်လိုကြသည်။
သို့သော် ပိုပြီးအမြင်ကျယ်စွာကြည့်မည်ဆိုလျှင် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို လုံးဝဖိနှိပ်လိုက်ပါက အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ ပိုမိုအားကောင်းလာပေလိမ့်မည်။
ဤသည်က စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူများအတွက် ကောင်းသည့်အခြေအနေ မဟုတ်ပေ။
သူတို့အနေဖြင့် လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် သုတ်သင်ပစ်ရန် အလျင်စလို စဉ်းစားကြမည် မဟုတ်ပေ။
သို့သော် လမ်းမှန်တာအိုဝါဒ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ရန်နှင့် သူတို့၏ တိုးတက်မှုအရှိန်အဟုန်ကို အတားအဆီးမရှိ မြှင့်တင်ရန် ပိုမိုလွယ်ကူလာပေမည်။
အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ အချင်းချင်းတိုက်ခိုက်နေသည့်အခြေအနေက ရန်ကျောက်ကဲတို့အတွက် လှုပ်ရှားရ ပိုမိုလွယ်ကူသည်။
သူတို့ထဲမှတစ်ဖက်ဖက်က အနိုင်ရသွားပါက လမ်းမှန်တာအိုဝါဒကို အာရုံစိုက်လာကာ ဖိအားများ တိုးမြှင့်လာပေမည်။
ကောင်းဟန်က တည်ငြိမ်စွာဖြင့်...
“လူငယ်ကောင်းကင်ဘုံအရှင်က အရင်တုန်းက ချီထျန်းမဟာသူတော်စင်ပြသခဲ့တဲ့ တန်ခိုးစွမ်းအားနဲ့ လုံးဝနီးပါးတူညီတဲ့စွမ်းအားကို ပြသနိုင်ခဲ့တယ် ၊ ပြီးတော့ နတ်ဘုရားသုတ်သင်အစီအရင်လည်း ဒီလောကမှာ ပြန်လည်ထွက်ပေါ်လာပြီဆိုတော့... ဒါက ဂုဏ်ပြုထိုက်တဲ့ အောင်မြင်မှုတွေပါပဲ ၊ ဒါပေမဲ့ ငါတို့အားလုံးက လေးလံတဲ့တာဝန်တွေကို ထမ်းဆောင်နေရဆဲဖြစ်ပြီး ငါတို့လမ်းခရီးကလည်း အများကြီး ရှည်လျားပါသေးတယ်”
ရန်ကျောက်ကဲကလည်း တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ခင်ဗျားပြောတာ မှန်ပါတယ် ၊ ကျွန်တော့်လုပ်ရပ်တွေကို ပြန်သုံးသပ်ပါ့မယ်...”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တချို့ကိစ္စတွေက လုပ်ဆောင်ရမှာဖြစ်ပြီး တချို့တွေကလည်း သေချာပေါက် သေသင့်တဲ့သူတွေပါ ၊ အဲဒီလိုမဟုတ်ရင်တော့ အထက်ဘုံကမ္ဘာကိုပြန်သွားပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ မြေကမ္ဘာထက်ယံအရှင်သခင်ရဲ့အမိန့်ကို နာခံတာက ပိုကောင်းပါလိမ့်မယ်”
ကောင်းဟန်က ရယ်မောလိုက်ရင်း...
“လူငယ်ကောင်းကင်ဘုံအရှင်ရဲ့စကားတွေက အတော်ထိတာပဲ”
ရန်ကျောက်ကဲက...
“ခင်ဗျားက နောက်ပြောင်နေတာပဲ ၊ ခင်ဗျားမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေရှိမှန်း ကျွန်တော်နားလည်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားရဲ့တာဝန်တွေကိုထမ်းဆောင်ရင်း တခြားသူတွေလည်း ခင်ဗျားကို နားလည်မှုလွဲမသွားအောင် ကြိုးစားစေချင်တယ်”
ကောင်းဟန်က ပြုံးလျက်...
“ဟုတ်ပါတယ် ၊ ငါလည်း မင်းတို့နဲ့အတူတူ လုပ်ဆောင်လိုတဲ့ဆန္ဒ ရှိပါတယ်”
ကောင်းချင်းရွှမ်က တည်ငြိမ်စွာဖြင့်...
“ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးမှာ တူညီတဲ့ရည်မှန်းချက်ရှိမယ်လို့ မျှော်လင့်ရတာပဲလေ....”
ကောင်းဟန်က လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်...
“ဒါဖြင့် ငါ့ကိုခွင့်ပြုပါဦး”
သူက ဆက်ပြောလိုက်သည်။
“ကြီးမားတဲ့မငြိမ်သက်မှုတစ်ခုက ငါတို့ကို စောင့်ကြိုနေနိုင်တယ် ၊ အဲဒီအတွက် ပြင်ဆင်ထားရင် အကောင်းဆုံးဖြစ်မှာပါ”
ထို့နောက် ကောင်းကင်ဟန်က နေရောင်ခြည်အဖြစ်ပြောင်းလဲသွားပြီး အမှောင်ထုဝေးကွာရာဆီသို့ ထွက်ခွာပျောက်ကွယ်သွားလေသည်။
ကောင်းဟန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“ခဏလောက်တော့ သူ့ကိုပါ သတ်ပစ်ချင်တဲ့စိတ် ဖြစ်လာမိတယ်”
ကောင်းချင်းရွှမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။
“သူနဲ့သိတဲ့သူတိုင်း အဲဒီလို ခံစားမိကြတာပဲ ၊ ပြီးတော့ သူ့ကိုသတ်ပစ်ချင်တယ်လို့ တစ်ခါမကခံစားရရင်တောင် မထူးဆန်းပါဘူး”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ကျွန်တော်တို့သွားရအောင် အကြီးအကဲကောင်း”
သူက ဆက်ပြောလိုက်သည်။
“ဟယ်မြန်နဲ့ စိမ်းပြာမိုးကြိုးဧကရာဇ်ကို သတ်လိုက်တာ... ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့အတွက်ပဲ ၊ ဒါပေမဲ့ ဒါက အစပဲရှိသေးတယ်”
သူ၏မျက်ဝန်းများက ပြန်လည်ထက်ရှလာသည်။
ကောင်းချင်းရွှမ်က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း အခြားစကားမပြောဘဲ ရိုးရှင်းစွာပင်...
“သွားရအောင်...”
ရန်ကျောက်ကဲ သံတုတ်ကို သယ်ယူနိုင်ရန်အတွက် သူမက အနည်းငယ် ကူညီပေးလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် သွေးနီရောင်ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အဆုံးမရှိသောအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထျန်းစူးစကြာဝဠာသို့ ပြန်ရောက်သည်နှင့် သူတို့က သဲလွန်စခြေရာများမကျန်ရစ်စေရန် လှုပ်ရှားမှုများကို ဖုံးကွယ်လိုက်ကြသည်။
ထျန်းစူးစကြာဝဠာသို့ ပြန်ရောက်သည်နှင့် ပြင်ပလောကမှ သတင်းအချက်အလက်များကလည်း သူတို့ကိုစောင့်ကြိုနေကြသည်။
စောမင်ကျန့်၊ ဝူတန့်မယ်တော်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် နတ်မိစ္ဆာအုပ်စုနှင့် တိုက်ခိုက်နေခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲ အမတခုံရုံးတွင် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာနှင့်အတူ ပေါ်ထွက်လာသည်ဆိုသော သတင်းကိုကြားသည်နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ ပထမဆုံးတုံ့ပြန်မှုမှာ အမတခုံရုံးသို့ အပြေးအလွှား ထိုးဖောက်ဝင်ရောက်ရန်ဖြစ်သည်။
စောမင်ကျန့်နှင့် တာအိုဝါဒမှ အခြားသော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက သူသွားမည့်လမ်းကိုဟန့်တားခဲ့သဖြင့် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နှစ်ဖက်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး ယခုချိန်ထိ အောင်နိုင်သူမပေါ်သေးပေ။
သို့သော် သတင်းများအရ အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာတန်ခိုးရှင်များသည်လည်း ဘေးမှ လျှို့ဝှက်စောင့်ကြည့်နေကြသည်။
တတိယအင်အားစုတစ်ခု၏ဖိအားကြောင့် သူတို့နှစ်ဖက်မှာ သူသေကိုယ်သေတိုက်ခိုက်နေသည့်တိုင် အနိုင်အရှုံး ဆုံးဖြတ်နိုင်ခြင်း မရှိကြသေးပေ။
သတင်းကြားတော့ ရန်ကျောက်ကဲတို့ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေသဖြင့် သူတို့အားလုံး များစွာပင်ပန်းနေကြပေပြီ။
သူတို့အနေဖြင့် ပြန်လည်အားဖြည့်ရန် အချိန်လိုအပ်ပေသည်။
ထျန်းစူးစကြာဝဠာသို့ ပြန်လည်ရောက်ရှိပြီးနောက် ရန်ကျောက်ကဲက သူ၏အခြေအနေ ပိုမိုကောင်းမွန်လာစေရန် အာရုံစိုက်ထားသလို ယွီယဲ့ကိုလည်း အထူးအာရုံစိုက်ခဲ့သည်။
သူမ၏ လက်ရှိအခြေအနေက အတိတ်တစ်ချိန်က ယင်းရှီယန်ထက်ပင် ပိုမိုဆိုးရွားပေသည်။
ရန်ကျောက်ကဲက သူမ၏ဒဏ်ရာများကို အသေးစိတ်လေ့လာပြီးမှသာ ကုသရန်နည်းလမ်းတစ်ခုခုကို စဉ်းစားနိုင်မည် ဖြစ်၏။
ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့သည်လည်း ဆိုးရွားစွာ ဒဏ်ရာရရှိထားသည့်တိုင် သူတို့က ယွီယဲ့၏ဒဏ်ရာကိုကုသရန်အတွက် ရန်ကျောက်ကဲအား ကူညီပေးခဲ့ကြသည်။
ထျန်းစူးစကြာဝဠာ၏ အရာအားလုံးသည် နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အခြားနေရာများတွင်တော့ ရန်ကျောက်ကဲက အမတခုံရုံးကို အောင်နိုင်ခဲ့သည့်အတွက် သူ၏သြဇာလွှမ်းမိုးမှုနှင့် ဂုဏ်သတင်းက ဆက်လက်ပျံ့နှံ့သွားခဲ့သည်။
***
ဒဏ်ရာများမှ အပြည့်အဝသက်သာမလာသေးသော လဝန်းထက်ယံအရှင်သခင်က ကောင်းဟန်ကိုတွေ့သည်နှင့် မေးမြန်းလိုက်သည်။
“အမတခံဒရုံးက ဟယ်မြန်ကိုလက်ခံထားမှတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားခဲ့ဘူးလား”
ကောင်းဟန်က...
“အမတခုံရုံးရဲ့ ကောင်းကင်ယံနန်းတော်မှာ ကောင်းကင်နတ်ဘုရားတစ်ပါးဦးဆောင်ပြီး ထိုက်ရွှီးမူလနတ်ဘုရား(၉)ယောက် ရှိနေခဲ့တယ် ၊ ပြီးတော့ သူတို့ဘက်က နယ်မြေအားသာချက်ကို အသုံးပြုခဲ့တယ် ၊ အင်း... တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓလည်း ရောက်လာတယ်လေ”
သူ၏လေသံတွင် ရန်ကျောက်ကဲအား ချီးကျူးပြောဆိုလိုဟန် ထင်ဟပ်လျှက် ရှိသည်။
ကောင်းဟန်၏စကားများကိုကြားတော့ လင်ချင်း အချိန်တန်ကြာ တိတ်ဆိတ်သွားသည်။
ပြီးမှ သူမက တိုးလျသည့်လေသံဖြင့်...
“အခုချိန် ကျွန်မတို့လမ်းမှန်တာအိုဝါဒမှာ သူတို့အုပ်စုကို စွမ်းအားအကြီးအဆုံး အဆက်အနွယ်လို့ သတ်မှတ်ရမယထ်ထင်တယ်”