← Chapters

ကမ္ဘာကျော် ဇိမ်ခံပစ္စည်း ကုမ္ပဏီ

Vol. 17 Ch. 241

ကမ္ဘာကျော် ဇိမ်ခံပစ္စည်း ကုမ္ပဏီ

Vol. 17 Ch. 241

အလွန်နက်တဲ့ချောက်ကြီးထဲတွင် လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်နေသည်။ အဓိကအားဖြင့် ဧရာမခြေသည်းနှစ် ချောင်းပါတဲ့ ငါးကြီးကို သူ ရှာဖွေနေတာပဲ ဖြစ်သည်။

လိပ်ကြီးရဲ့ ကံက မဆိုးလှပေ။

ရက်အနည်းငယ်အကြာတွင် တန်ချိန် ၁၀၀ ကျော်ရှိတဲ့ ငါးကြီးကို တွေ့ရှိခဲ့ပြီး သုံးရက်ပြည့်အောင် စားပစ်ခဲ့သည် ။ အားလုံးကုန်သွားတဲ့အခါ လိပ်ကြီး ထိုနေရာကို ပြန်လည်ရောက်ရှိလာပြန်သည်။

ပတ်ဝန်းကျင်ကို အာရုံခံနိုင်တဲ့ စွမ်းရည်နဲ့အရှည်ပေ ၃၀ ကျော်ပြီး တန် ၁၀၀ ကျော် ထူးဆန်းတဲ့ ငါးဖြူကြီးတစ်ကောင်ကို လိပ်ကြီး တွေ့ခဲ့ပေမဲ့ စိတ်ဝင်စားမှု့များ မရှိခဲ့ပေ။

ခဏအကြာတွင် ထူးဆန်းတဲ့ငါးဖြူကြီးက လိပ်ကြီးကို တွေ့သွားသည်။ချက်ချင်းပင် အလန့်တကြားဖြစ်သွားပြီး အလွန် လျင် မြန်စွာ ပြေးလေတော့သည်။

ထိုငါးဖြူကြီးများက လိပ်ကြီးကိုမြင်တိုင်း ထွက်ပြေးတတ်ကြသည်။ဒီအရာက လိပ်ကြီး၏ ဂုဏ်သိက္ခာကို ဖော်ပြနေပေသည်။

လက်ရှိတွင် လိပ်ကြီးကတန် ၂၀၀ ကျော်အထိရှိတာကြောင့် ရေအောက်ချောက်ကြီးထဲရှိ ငါးဖြူကြီး ၉၉ ရာခိုင်နှုန်းထက်ပင် ပို၍ကြီးမားပေသည်။

လိပ်ကြီး နောက်ထပ် ပင်လယ်ရေမိုင်အနည်းငယ်ထပ်ကူးပြီး နာရီဝက်ကျော်ကြာပြီးနောက် ရေရဲ့အပူချိန်မှာ တဖြည်းဖြည်းမြင့်တက်လာတယ်လို့ လိပ်ကြီး ရုတ်တရက် ခံစားလိုက်ရသည်။

သူ နောက်ထပ် မီတာရာပေါင်းများစွာ ကူးခတ်လိုက်တဲ့အခါ အပူချိန်က ပိုပို မြင့်တက်လာခဲ့သည်။

ထိုအရာက လိပ်ကြီးအတွက် အနည်းငယ် ထူးဆန်းနေသည်။

လိပ်ကြီး အကြောင်းရင်းကို မတွေးတတ်ပေ။ ဒါ့ကြောင် လျူယောင်နဲ့ ဆက်သွယ်ကာ လိပ်ကြီး ပြောလိုက်သည်။

“သခင်ရေ ကျွန်တော် ဒီရေအောက်ချောက်ကြီးထဲမှာ ဧရာမငါးကြီးကို ရှာရင် ဒီကရေတွေက အမြဲတမ်းအေးနေတာ ဒါပေမယ့် အခုကျ ရေတွေက ပိုနွေးလာတယ် ...”

လျူယောင် တတိယအမြင်ကို ဖွင့်လိုက်ပြီး လိပ်ကြီး ကို ချက်ချင်းတွေ့မြင်လိုက်ပြီး ပတ်ဝန်းကျင် မီတာ ၁,၀၀၀ အတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။

ချောက်ရဲ့အောက်ခြေကိုပင် လျူယောင် မြင်လိုက်ရသည်။

ချောက်ရဲ့အောက်ခြေတွင် မီးတောင်ရှင် တစ်လုံးရှိနေသည်။ မီးတောင်ဝမှ ချော်ရည် အချို့ စီးထွက်နေပြီး မီးခိုးနက်များ၊ မီးတောင်ပြာများကိုလည်း များပြားစွာ ထုတ်လွှတ်နေသည်။

ထိုအရာက ရေအောက် မီးတောင်တစ် ခု ဖြစ်လောက်မည်။

လျူယောင် သဘောပေါက်သွားပြီး ရှင်းပြလိုက်သည်။

“ချောက်ရဲ့အောက်ခြေမှာ မီးတော င်တစ်ခုရှိတယ် ငါ့ကောင်ရ... ချော်ရည်တွေ စီးထွက်နေလို့ ရေရဲ့အပူချိန်က ပတ်ဝန်းကျင်ထက် ပိုများနေတာ...”

“အိုး သဘောပေါက်ပါပြီ ...”

လိပ်ကြီး ဘာဖြစ်နေလဲဆိုတာကို နားလည်သွားသည်။

လျူယောင် ဆက်ပြောလိုက်သည်။

“ရေအပူချိန်ကြောင့် ပိုနွေးတဲ့ ရေအောက်မီး တောင်အနီးမှာ အဲ့လိုဧရာမငါးကြီး ငါးကော င်ရှိတယ်... မင်းတစ်ကောင်လောက် လိုချင်လား...”

ထိုဧရာမငါးကြီးများမှာ လိပ်ကြီးနှင့် မီတာ ၁,၀၀၀ နီးပါးကွာဝေးနေတာကြောင့် သူ့ရဲ့အာရုံခံစားမှု့ အတိုင်းအတာထက် ကျော်လွန်နေသည်။

ထိုငါးကြီးများက ပင်လယ်အနက်ပေ ၄,၀၀၀ ၊ ၅,၀၀၀ ခန့်တွင်နေရတာကို သဘောကျရုံသာမက နွေးထွေးတဲ့ပတ်ဝန်းကျင်ကိုပါ ကြိုက်နှစ်သက်တာကို လျူယောင် သိနေတာကြောင့်ပင်။

ထိုစကားကိုကြားလိုက်ရတဲ့အခါ လိပ်ကြီးက အလွန်ပျော်ရွှင်သွားပြီး ခေါင်းညိတ် ပြလိုက် သည်။

“ဟုတ်ကဲ့ပါ သခင် ဒါဆို ကျွန်တော်အခု ချက် ချင်း သွားတော့မယ် ”

လျူယောင် စိုးရိမ်စွာ သတိ ပေးလိုက် သည်။

“မင်း ဘေးကင်းရေးကိုလည်း ဂရုစိုက်အုံး...သူတို့က စုစုပေါင်းငါးကောင်ရှိတယ် ...အကြီးဆုံးက မင်းထက်အများကြီး ပိုကြီးတယ်...တန် ၃၀၀ လောက်ရှိလောက်မယ် .... ဒီရေအောက်ချောက်ထဲမှာ ဒီကောင် ... အကြီးဆုံး ပဲဖြစ်လိမ့်မယ်....”

“ကျွန်တော် မကြောက်ဘူး သခင်ရ... အခုချက်ချင်းသွားလိုက်မယ်...”

လိပ်ကြီး တကယ်ကို မကြောက်ပေ။ ရေပိုနက်သောနေရာသို့ သူ ချက်ခြင်း ကူးခတ်သွားသည်။

ထိုဧရာမငါးကြီးများက လိပ်ကြီး ကို တွေ့ရှိသွားပြီး ရုတ်တရက် စိတ်ရူးပေါက်သွားကြကာ အထူးသဖြင့် အကြီးဆုံးငါးကြီးက လိပ်ကြီးဆီကို အရူးအမူး အပြေးအလွှား ကူးလာနေသည်။

“ငါ ရှောင်မှရမယ်....”

လိပ်ကြီး ချက်ချင်းပင် ရေအထက်ကို ကူးခတ် တက်လာခဲ့သည်။ ဧရာမ ငါးကြီးတစ်ကောင်က ရှေ့ကနေပြေး လိုက်နေပြီး နောက်ထပ် ဧရာမ ငါးများလည်း လိုက်ပါလာသည်။

ရေအနက် ပေ ၃,၀၀၀ ကို ရောက်ရှိတဲ့အခါ လိပ်ကြီး ဆက်မတက်တော့ဘဲ ရပ်တန့်လိုက်သည်။ လိုက်လာသည့်အထဲတွင် တန် ၃၀၀ လေးတဲ့ ဧရာမငါးကြီး တစ်ကောင်တည်းသာ ရှိတော့သည်။

အခြားငါးများ​က လိုက်မလာတော့ပေ ။

ဘာကြောင့်လဲဆိုတော့ အထက်မှ ရေအပူချိန်က အလွန်နိမ့်တယ်လို့ သူတို့ ထင်နေတာကြောင့်ဖြစ်နိုင်သည် ဒါမှမဟုတ် သူတို့ရဲ့ခေါင်းဆောင်က လိပ်ကြီးကို အပြည့်အဝ ကိုင်တွယ်နိုင်တယ်လို့ ထင်တာကြောင့် ဖြစ် လိမ့်မည်။

လိပ်ကြီး က သူ့ရဲ့ ဧရာမလှံကိုကိုင်ပြီး ရပ်တန့်လိုက်ကာ အနားရောက်လာတဲ့ ဧရာမငါးကြီးကို စူးစိုက်ကြည့်နေသည်။

ဒီဧရာမငါးကြီးရဲ့ ဧရာမခြေသည်း နှစ်ချောင်းက အန္တာရယ် များတယ် ဆိုတာ သံသယ ရှိစရာမလိုပေ။

ထိုခြေသည်းက ကားတစ်စီးကိုပင် နှစ်ပိုင်း ဖြတ်နိုင်လောက်သည်။

"ပြေးလွှားခြင်းစွမ်းရည်ကို သုံးမယ်..."

လိပ်ကြီး ပြေးလွှားနိုင်စွမ်းကို အသုံးပြုပြီး ထိုဧရာမငါးကြီးဆီသို့ အရိပ်တစ်ခုကဲ့သို့ အပြေးအလွှား ဝင် တိုက်ခိုက်လိုက်သည်။

ဧရာမငါးကြီးက ရန်သူကို အထင်သေး ထားပြီး ကြိုတင်ကာကွယ်မှုများစွာ မပြုလုပ်ခဲ့ ပေ။ လိပ်ကြီးကတော့ အတွေ့အကြုံများစွာ ရှိနေသည်။ ဧရာမလှံ၏အစွန်းကို မာကျောတဲ့နေရာများ ကိုရှောင်ကာ ဧရာမငါးကြီးရဲ့ ပိုမိုနူးညံ့တဲ့နေရာများကို ဦးတည် တိုက်ခိုက်နေသည်။

"ဇွက်..."

လိပ်ကြီး၏ လှံက ပစ်မှတ်ကို တိတိကျကျ ထိမှန်သွားပြီး လှံရဲ့ ထိပ်ဖျားက အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားကာ ဧရာမငါးကြီး ကိုချက်ချင်းသတ် ပစ် လိုက်သည်။

“ဒါ…ဒါ…ငါသေပြီလား..”

ဧရာမငါးကြီး အံ့အားသင့်သွားဖွယ်ရှိသည်။ သူ ဒီလောက်လျင်မြန်စွာ သေဆုံးသွားမယ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။

သူ့အသက်ဓာတ်က အလွန် လျင်မြန်စွာကုန်ဆုံးနေသည်။ လိပ်ကြီး ကို စိတ်မကျေမနပ်ဖြစ်တဲ့ အကြည့်တချက် ပေး ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။

လိပ်ကြီး အားတက်သွားသည်။

“ဒီလောက်ကြီးတဲ့တစ်ကောင်ဆိုရင် ငါ့ရဲ့အစာစားချင်စိတ်ကိုကျေနပ်စေနိုင်တယ်...ရက်အနည်းငယ်လောက် အစားအသောက်အတွက် စိတ်ပူစရာမလိုတော့ဘူး. ဒီငါးမျိုးကို နေ့တိုင်း ငါ..စားလို့ရပြီ ဟီးဟီး...”

ချက်ချင်းပင် လိပ်ကြီးက ဧရာမလှံကို ဆွဲထုတ်ပြီး ငါးကြီးကိုဆွဲယူကာ ယာယီနေရာကို တစ်ခါတည်း ကူးခတ် လာခဲ့သည်။

လိုဏ်ဂူရှေ့ရှိ မြေပြန့်တွင် ရှိနေတဲ့ အရိုးဖြူများက ငါးကြီး၏ အရိုးများဖြစ်သည်။

ကံကောင်းစွာပင် ထိုငါးအရိုးများရဲ့ သိပ်သည်းဆက ပင်လယ်ရေထက် ပိုမိုများတာကြောင့် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မပေါ်ခဲ့ပေ။ မဟုတ်ပါက တံငါသည်အချို့သာ မြင်ခဲ့လျှင် သေလောက်အောင် ကြောက်လန့်ကြပေလိမ့်မည်။

“ဘုရားရေ ကမ္ဘာပေါ်မှာ ဒီလောက်ကြီးတဲ့ ငါးအရိုး ဘယ်လိုများ ရှိနိုင်တာလဲ... အရိုးတစ်ချောင်းက ဒီလောက်ကြီးနေရင် ငါးက ဘယ်လောက်ကြီးနေမလဲ။” ဒီလို အော်ဟစ်ကြပေလိမ့်မည်။

......

" မယ်လ်ပက် "ကုမ္ပဏီ....

ဒီကုမ္ပဏီက ကမ္ဘာကျော်ဇိမ်ခံပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ဝတ်ရတနာ၊ အိတ်၊ သားရေထည်နှင့် အဝတ်အစားများကဲ့သို့ ဇိမ်ခံပစ္စည်းမျိုးစုံ အပြင် အဆင့်မြင့်အလှကုန်များမှာ သူတို့လုပ်ငန်းတွင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ယနေ့တွင် အဆင့်မြင့်အမှုဆောင်အချို့ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပြီး Diya ကုမ္ပဏီရဲ့ အလှကုန် ပစ္စည်းအချို့ကို အစည်းအဝေးစားပွဲပေါ်တွင် တင်ထားသည်။

အဆင့်မြင့်အလှကုန်များနယ်ပယ်တွင် သူတို့က Diya ကုမ္ပဏီနှင့် ယှဉ်ပြိုင် နေကြသည်။

မကြာသေးမီက Diya ကုမ္ပဏီမှာ အလှကုန် အချို့ကို တစ်ခုပြီးတစ်ခု စတင်ထုတ်လု ပ်ခဲ့ရာ တစ်ခုချင်းစီက စျေးကြီးပေမဲ့ လူများစွာရဲ့နှစ်သက်မှု့ကို ခံရတာကြောင့် သူတို့ကုမ္ပဏီကလည်း နောက်မကျစေလိုပဲ အဆင့်မြင့်အလှကုန်များကို စျေးကွက်တွင် လိုအပ်နေသည်။

သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု့အရ ထို အလှကုန် များရဲ့ လူကြိုက်များ ရခြင်းအဓိက အကြောင်းရင်းမှာ အာနိသင် အလွန်ကောင်း မွန်တာကြောင့်ဖြစ်နေတာကို သူတို့ တွေ့ရှိခဲ့ ရသည်။

ထိုအာနိသင်က အရေပြားထိန်းသိမ်းမှု့နှင့် အစိုဓာတ်ထိန်းသိမ်းမှု့၊ အသားအရေ ဖြူစင် မှု့ တို့ အတွက် အလွန် အံ့ဩစရာကောင်း လှသည်။

ဒါကြောင့် Diya က ရောင်း အားကောင်း နေတာ အံ့ဩစရာမရှိပေ။

Diya ရဲ့ထုတ်ကုန်များက ဘာလို့ အာနိသင်အလွန်ကောင်းမွန်တာလဲဆိုတာ Mal Park နားမလည်နိုင်ဖြစ်နေသည်။

လူအင်အားနှင့် ငွေကြေးအများအပြား သုံးစွဲပြီးနောက် Diya ကုမ္ပဏီရဲ့ အလှကုန်အားလုံးတွင် လူသားများ မသိသေးတဲ့ ရေနက်ပိုင်းငါးဆီတစ်မျိုး ထည့်သွင်းထားတာ ကို နောက်ဆုံးတွင် သိခဲ့ရသည်။

ဒါကလွန်ခဲ့သောနှစ်များစွာက လူသိမများတဲ့ ရေနက်ပိုင်းမှ ငါးကြီးတစ်မျိုးရဲ့ အဆီဖြစ်ပြီး တစ်ကောင်ချင်းစီက ငါးမန်းအရွယ်အစားနဲ့ တူညီကာ ပေ ၃,၀၀၀ ကျော်အနက်မှာ ရှိတဲ့ပင်လယ်ကြမ်းပြင်တွင် နေထိုင်ကြသည်။

Mal Park ကုမ္ပဏီရဲ့ ဥက္ကဠက အစည်းအ ဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“လူကြီးမင်းတို့ခင်ဗျား... ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လိုထင်လဲ...”

အဆင့်မြင့်အမှုဆောင်တစ်ဦးက ထ ပြောလိုက်သည်။

“ကျွန်တော်တို့က Diya ကုမ္ပဏီရဲ့ ရေနက်ပိုင်းငါးဆီကို Universal ဆီကနေ ဝယ်ယူတယ်ဆိုတာ အခြေခံအားဖြင့် တွေ့ရှိထားပါတယ်... ကျွန်တော်က အဲဒီကုမ္ပဏီရဲ့ အကြီးတန်းအမှု့ဆောင်တွေကို အရင်ဆုံး သွားတွေ့ဖို့ လူတစ်ယောက်လွှတ်ဖို့ အကြံပြုလိုပါတယ်....”

“ဟုတ်ပါတယ်....ဒါက ...ကောင်းတဲ့အကြံပြုချက်ပဲလို့ ကျွန်တော်လည်း ထင်တယ် ... ”

“ကျွန်တော်ထင်တာက သွားရောက်တွေ့ဆုံဖို့တင်မကဘဲ Universal နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ် "

မယ်လ်ပက် ကုမ္ပဏီမှ အမှုဆောင်အချို့က တစ်ယောက်ပြီးတစ်ယောက် ထပြောကြသည်။

All Chapters