ဒီရာ ကုမ္ပဏီမှ ရောက်လာခြင်း
Vol. 17 Ch. 245
ဥက္ကဌကန်တာက ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
သူ့ စိတ်ထဲ အရမ်းပူပန်နေတာကြောင့်ပင်။ ပြိုင်ဘက်များသာ ထူးခြားတဲ့ ငါးဖြူကြီးရဲ့ ငါးဆီကို ရရှိသွားပါက သူတို့အတွက် အလွန်ဆိုးရွားတဲ့ ကိစ္စတစ်ခုဖြစ်လာမှာပဲ ဖြစ်သည်။
“ငါ ဘာလုပ်ရမလဲ... ”
"ငါ့ ပြိုင်ဘက်ကို ငါးဆီမရရှိအောင် ဘယ်လို တားဆီးနိုင်မလဲ .."
အချိန်အတော်ကြာအောင် စဥ်းစားနေပေမဲ့ ကောင်းမွန်တဲ့ တန်ပြန်လုပ်ဆောင်မှု့ကို သူ မတွေးနိုင်ခဲ့ပေ။
ကန်တာ ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထဲကနေ တွေးလိုက်မိသည်။
“အချိန်က အရမ်းနောက်ကျသွားပြီ ငါတို့က သတင်းကို နောက်ကျမှရခဲ့တယ်....ဒါကိုတားဆီးဖို့ အချိန်မရှိတော့ဘူး...”
"ဒီအချိန်ဆို ဝေါလ်တာဂျက်ဖ်က Universal နဲ့ တရားဝင်စာချုပ် ကို လက်မှတ်ရေးထိုး ပြီးလောက်ပြီ "
ကန်တာ လုပ်နိုင်တဲ့အရာက သက်ပြင်းချခြင်းသာ ဖြစ်ပြီး သူ့ရဲ့ စိတ်ထဲတွင် စွမ်းအားမဲ့တဲ့ ခံစားချက်ကို ခံစားနေရသည်။
သူက ကုလားထိုင်တွင် တစ်ဦးတည်းထိုင်နေပြီး မျက်နှာကလည်း အလွန်တင်းမာနေကာ သက်ပြင်းကိုသာ ခနခနချ နေသည်။
" ဒေါက် ဒေါက် ဒေါက် "
မကြာမီတွင် တံခါးခေါက်သံကြားရပြီးနောက် ဂိုလ်ဘတ်က တံခါးကိုတွန်းဖွင့်၍ ဝင်လာသည်။သူ့ပုံစံက ပျော်ရွှင်နေပုံရပြီး ကြီးမားတဲ့ ပျော်ရွှင်စရာတစ်ခု ရှိသလိုပင်။
သူဝင်လာသည်နဲ့တစ်ပြိုင်နက် စိတ်လူပ်ရှားစွာ အော်ပြောလိုက်သည်။
“ဘော့စ် သတင်းကောင်း ဝေါလ်တာဂျက်ဖ်နှင့် Universal ရဲ့ စကားပြောဆိုမှု့တွေ ပျက်ပြားသွားပြီလို့ ကျွန်တော်သိရပါတယ် သူတို့သဘောတူညီမှု့မရရှိခဲ့ဘူး...စာချုပ်တစ်စောင်မှ လက်မှတ်မထိုးခဲ့ပါဘူး..."
“ဘာ...”
ကန်တာ အံ့အားသင့်ပြီး ပြင်းထန်စွာတုံ့ပြန်လိုက်သည်။သူ ထိုင်နေရာမှထကာ မယုံနိုင်သောလေသံဖြင့် မေးလိုက်သည်။
“တကယ်လား ဒီသတင်းက တကယ်လား...”
ဂိုဘ်ဘတ်က သေချာစွာ ခေါင်းအထပ်ထပ် ညိတ်ပြသည်။
“လုံးဝအမှန်ပါပဲ...ဒါ လုံးဝမမှားနိုင်ပါဘူး ခဗျာ ”
“ကောင်းပြီ ကောင်းပြီ အံ့သြစရာပဲ...”
ကန်တာက ခုနကစိတ်ပျက်ခြင်းနှင့်တင်းမာမှု့ များကို ဖယ်ရှားလိုက်သည်။ သူက အခုမှ စိတ်အေးချမ်းသွား သလိုပင် သူ့ရဲ့မျက်နှာက ခုနကမိုးအုံ့နေရာမှ နေသာလာသလို ချက်ခြင်း ပြောင်းလဲသွားသည်။
“ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ။ ဒီရေနက်ပိုင်းငါးဆီကို မြဲမြံစွာရယူနိုင်သရွေ့တော့ ကျွန်တော်တို့က ပြိုင်ဘက်တွေကို အပြည့်အဝ ဖြတ်ကျော်နိုင်ပြီး သူတို့ကို အနိုင်ယူနိုင်ပါတယ်..."
ဂိုလ်ဘတ်က ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ ခင်ဗျားအခုပဲ Universal ကိုသွားလိုက်ပါ....”
သူပြောပြီးတာနဲ့ ချက်ချင်းပင် မေးခွန်းပြောင်းကာ အမိန့်ပေးလိုက်သည်။
“မေ့လိုက်ပါ...ကိုယ်တိုင်သွားတာက ပိုကောင်းပါတယ်... လေယာဉ်လက်မှတ် ကို ချက်ချင်းစာရင်းသွင်းလိုက်....အမြန်ဆုံးသွားလုပ်လိုက်တော့ ”
“ဟုတ်ကဲ့ ကျွန်တော်အခုချက်ချင်း စီစဉ်လိုက် ပါ့မယ်...”
ပြောပြီးနောက် ဂိုဘတ် လျင်မြန်စွာ ထွက်ခွာသွားသည်။
..........
Universal ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ တွင်....
လျူယောင့်ရဲ့ စိတ်ခံစားချက်က အနည်းငယ်မျှပင် ထိခိုက်မှု့ရှိပုံမရဘဲ စိတ်မပျော်မရွှင်မှု့ နည်းနည်းလေးပင် မရှိပေ။
ဟူဂျွန်းရှီက စမ်းသပ်ပြီး မေးလိုက်သည်။
“အစ်ကိုယောင် ဝေါလ်တာဂျက်ဖ်နဲ့သူ့အဖွဲ့ထွက်သွားတာကို ခင်ဗျားစိတ်မပျက်ဘူးလား....အနည်းဆုံး ဒါက ယွမ်တစ်ဘီလီယံကျော်တန်တဲ့ စီးပွားရေးတစ်ခုပဲလေ....”
လျူယောင် ရယ်မောပြီး ပြန်ဖြေလိုက်သည်။
“ဟားဟား မင်းက ငါ့ ကို ယွမ် ၈၀၀ ဘီလီယံပိုင်ဆိုင်တဲ့သူတစ်ဦးလို့ ထင်နေတာလား... မှတ်ထား...ငါတို့က ရောင်းတဲ့သူပဲ ဖြစ်တယ်... ဒါကြောင့် ပစ္စည်းတွေရောင်းလို့မကုန်မှာကို စိုးရိမ်စရာမလိုဘူး... ခဏနေရင်... လူတွေက တစ်ယောက်ပြီးတစ်ယောက် ငါတို့တံခါးကို လာခေါက်လိမ့်မယ်....”
“ဒီရေနက်ပိုင်းငါးဖြူကြီးရဲ့ ငါးဆီက တစ်ခါတည်းရနိုင်တဲ့ ပစ္စည်းမဟုတ်ဘူး....ဘာကိုစိတ်ပူနေစရာလိုရမှာလဲ.....”
လျူယောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ဝေါလ်တာဂျက်ဖ်က ဒီအမှန်တရားကို နားမလည်နိုင်ပေမဲ့ လျူယောင်က အနှစ်သာရကို သိသည်။
"ကမ္ဘာ့အဆင့်မီကုမ္ပဏီလား ဘာလဲ သူတိုက ငါတို့ဆီကနေသာ ဒီငါးဆီမျိုးဝယ်ယူနိုင်မှာ ...."
လျူယောင်က တကယ်ကိုပြတ်သားနေတာကိုမြင်တဲ့ အခါ ဟူဂျွန်းရှီလည်း ရယ်မောပြီး အလွန်စိတ်အေးလက်အေးဖြစ်နေပုံရသည်။
၁၀ မိနစ်ခန့်ကြာပြီးနောက် ကျိုးယန်က ပျော်ရွှင်တဲ့မျက်နှာဖြင့် ဝင်လာပြီး သတင်းပို့လိုက်သည်။
“ဘော့စ်...ခင်ဗျားက အလွန်မှန်ကန်စွာ ခန့်မှန်းခဲ့တာပဲ...တကယ်ပဲ လူတစ်ယောက်လာပါတယ်...Diya ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ကန်တာကိုယ်တိုင် ဘောစ့်ကိုလာတွေ့ဖို့ အဖွဲ့ကိုဦးဆောင်မှာပါ....မနက်ဖြန်မနက်စောစောမှာ ကျွန်တော်တို့ကုမ္ပဏီကို ရောက်လာပါလိမ့်မယ်...”
လျူယောင် လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
“ဟုတ်ပြီ သူတို့လာတာကို ကြိုဆိုလိုက်ပါ အသေးစိတ် အချက်အလက်တွေကိုတော့ မင်းပဲ စီစဉ်လိုက် ”
.........
ဝေါလ်တာဂျက်ဖ်နဲ့သူ့ရဲ့ အဖွဲ့ကရော....
သူတို့က လေယာဉ်လက်မှတ်များဝယ်ယူခဲ့ပြီး လေယာဉ်က ယနေ့ညနေ ၄:၃၀ တွင် ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာတော့မှာပဲ ဖြစ်သည်။
ဝေါလ်တာဂျက်ဖ်က မယ်လ်ပတ်ခ်ဥက္ကဋ္ဌ ကို သူပြန်ရောက်မှ အခြေအနေများကို ကိုယ်တိုင်အစီရင်ခံရန် မူလက စီစဉ်ခဲ့သည်။
စဉ်းစားကြည့်ပြီးနောက် အချိန်ရနေတာကိုမြင်၍ သူက အထက်အရာရှိဖြစ်သူ မယ်လ်ပတ်ခ်ဥက္ကဋ္ဌကို ဖုန်းဆက်ပြီး နံနက်ပိုင်းအခြေအနေများကို အတိုချုံးအစီရင်ခံလိုက်သည်။
“ဘာ ကိစ္စတွေက အဆင်မပြေဘူးလား...”
မယ်လ်ပတ်ခ်ရဲ့ဥက္ကဋ္ဌ ဘဲလ်ဗင်ဆွန်က လန့်သွားပြီး အလွန်အံ့အားသင့်သွားသည်။
“ဒါလိုဘယ်လိုဖြစ်ရတာလဲ... တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ ဖြစ်နေရင်တောင် ငါတို့စဉ်းစားနိုင်တယ်....”
“ကျွန်တော်က အရမ်းစျေးကြီးတယ်လို့ထင်တယ်...ဒါက အလွန်မြင့်တဲ့စျေးနှုန်းပဲ... စိတ်မပူပါနဲ့၊ ကျွန်တော်တို့က ကုမ္ပဏီကြီးတစ်ခုပါ...ဒီလိုရေနက်ပိုင်းငါးဆီမျိုးကို အလွန်လိုအပ်နေတာကို သိရင် Universal က ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာပါလိမ့်မယ်..."
စိတ်အေးလက်အေးနဲ့ ဝေါလ်တာဂျက်ဖ် ပြောလိုက်သည်။
ဝေါလ်တာဂျက်ဖ်ရဲ့ အလွန်အမင်းယုံကြည်မှု့နဲ့ ရင်ဆိုင်ရသောအခါ ဘဲလ်ဗင်ဆွန် သက်ပြင်းသာချနိုင်ခဲ့သည်။
သူဖုန်းချပြီးနောက် အခြေအနေကို မစ္စတာ မယ်လ်ပတ်ခ်ထံ အစီရင်ခံလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အသက်ကြီးတဲ့ မစ္စတာမယ်လ်ပတ်ခ်က ဒေါသတကြီး ဖုန်းဆက်ပြီး ဝေါလ်တာ ဂျက်ဖ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုကာ သူ့ကိုလူအတစ်ဦးလို့ပင် ခေါ်ဝေါ်ခဲ့သည်။
အသက်ကြီးတဲ့ မစ္စတာမယ်လ်ပတ်ခ်က. ဝေါလ်တာဂျက်ဖ်ကို Universal ဆီကို ပြန်သွားပြီး ချက်ချင်းကောင်းမွန်စွာ စကားပြောဆိုရန် အမိန့်ပေးလိုက်သည်။
တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ ဖြစ်နေရင်တောင် အနည်းဆုံး တန်ဒါဇင်ပေါင်းများစွာ မှာယူရန်ဖြစ်သည်။
ဆူပူ အပြစ်တင်ခံရပြီးနောက် ဝေါလ်တာဂျက်ဖ်က Universal ကုမ္ပဏီ ကို ရိုးသားစွာဖုန်းဆက်ရုံသာ တတ်နိုင်သည်။ ဒါပေမဲ့ လျူယောင်က ကုမ္ပဏီတွင်မရှိတကြောင့် ထိုကိစ္စကို မနက်ဖြန်မှပြောဆိုကြရန် အကြောင်းပြန်ခဲ့သည်။
.......
နောက်တစ်နေ့ မနက်.....
မနက်စောစောတွင် လျူယောင်က ကုမ္ပဏီကို ရောက်လာခဲ့သည်။ သူရုံးခန်းထဲသို့ ဝင်တာနဲ့ ကျိုးယန်က တန်းပြီး အစီရင် ခံလိုက်သည်။
“ဘော့စ် မစ္စတာ ကန်တာနဲ့ အဖွဲ့က နာရီဝက်လောက် မတိုင်ခင်ကတည်းကရောက်နေပါပြီ ခဗျ...
”
“အိုး...သူတို့က ဒီလောက်စောစောလာတာလား...”
လျူယောင် အနည်းငယ်အံ့အားသင့်သွား ပေမဲ့ ထူးဆန်းတဲ့ ငါးဖြူဆီရဲ့လမ်းကြောင်းကို ထိန်းချုပ်လိုတဲ့ တစ်ဖက်လူရဲ့ စိတ်အားထက်သန်မှု့ကို ခံစားမိသည်။
လျူယောင် ပျော်ရွှင်စွာ ပြောလိုက်သည်။
“သွားကြမယ် ဧည့်ခံခန်းကိုသွားပြီး ငါတို့က Diya ကုမ္ပဏီရဲ့ အဆင့်မြင့်အမှု့ဆောင်တွေကို သွားတွေ့ကြမယ်...”
လျူယောင်၊ ကျိုးယန်နှင့် အခြားသက်ဆိုင်ရာဝန်ထမ်းအချို့က ဧည့်ခံခန်းထဲကို ဝင်လာကြသည်။
လျူယောင်က Diya ကုမ္ပဏီမှ လူများရဲ့သဘောထားမှာ မနေ့ကဝေါလ်တာဂျက်ဖ်ရဲ့သဘောထားထက် အများကြီးပိုကောင်းတယ်လို့ ခံစားနေရသည်။
သူတို့က အရမ်း စိတ်အားထက်သန်နေပြီးကောင်းမွန်တဲ့ သဘောထားရှိတာကို မြင်နိုင်သည်။
“ဒီလိုဖြစ်ရမှာ ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ပစ္စည်းတွေကို လာဝယ်ဖို့ ကိုယ်တိုင်လာတဲ့အခါမှာ ရှိသင့်တဲ့သဘောထားမျိုးပဲ...”
လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
လေထုက အလွန် နွေးထွေးနေပြီး နှစ်ဖက်စလုံး ပျော်ရွှင်စွာစကားပြောကြသည်။
ခဏအကြာတွင် အဓိကအကြောင်းအရာသို့ ရောက်တော့မဲ့ အချိန်တွင် အလယ်အလတ်အဆင့်ရှိသူ တစ်ဦးက တိတ်ဆိတ်စွာဝင်လာပြီး လျူယောင်ရဲ့ နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
နားထောင်ပြီးနောက် လျူယောင် ချက်ခြင်းပဲ အဓိပ္ပါယ်ရှိတဲ့အပြုံးဖြင့် ပြုံးလိုက်သည်။ဒါက ကြည့်ရှုလို့ ကောင်းတဲ့ ပြပွဲတစ်ခု ဖြစ်လာ ပေတော့မည်။