← Chapters

စျေးနူန်း နှစ်ဆ

Vol. 17 Ch. 246

စျေးနူန်း နှစ်ဆ

Vol. 17 Ch. 246

လျူယောင့်ဘေးတွေ ရပ်နေပြီး ကျိုးယန် တိုးတိုးလေး ပြောလိုက်သည်။

“ဝေါလ်တာဂျက်ဖ်က ပြန်လာတယ်... သူကျွန်တော်တို့ကုမ္ပဏီကို ရောက်နေပြီ..."

ကျိုးယန်က ပြုံးပြီး တိုးတိုးလေးပြောလိုက်သည်။

“သူက တကယ်စိတ်ဝင်စားစရာပဲ ..ကျွန်တော်တို့ရဲ့ပစ္စည်းတွေက စျေးကြီးတယ်လို့ ထင်ခဲ့တာ မဟုတ်ဘူးလား...မနေ့ညနေကလည်း ဖုန်းဆက်ပြီး ထပ်ပြောချင်တယ် ဒါပေမယ့် ကျွန်တော်ငြင်းလိုက်တယ် အဲ့ဒါကို ဒီနေ့မနက်စောစော လာလိမ့်မယ်လို့ မထင်ထားဘူး...”

နှစ်ဦးသား တိုးတိုးလေးပြောနေကြသည်။

“ဘာဖြစ်နေတာလဲ” ဆိုပြီး Diya ကုမ္ပဏီ မှ လူများက မတွေးဘဲမနေနိုင်တော့ပေ။

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီး ရပ်လိုက်တဲ့အခါ ကန်တာက စတင်မေးလိုက်သည်။

“မစ္စတာလျူ ခင်ဗျားတို့ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေတာလား...”

လျူယောင် ခေါင်းခါပြီး ပြန် ဖြေလိုက်သည်။

“မဟုတ်ပါဘူးဗျာ မယ်လ်ပတ်ခ်ကုမ္ပဏီက ဝေါလ်တာ ဂျက်ဖ်နဲ့ သူ့အဖွဲ့ ပြန်လာတာပါ... သူတို့က ရေနက်ပိုင်းငါးဆီဝယ်ယူမှု့အကြောင်း ပြောချင်ကြတာ ထင်တယ် ”

“ဘာ...”

ကန်တာနဲ့ သူ့လူများရဲ့ မျက်နှာများက ပြောင်းလဲသွားသည်။ဒီ ကိစ္စ က သူတို့မမြင်ချင်တဲ့ နောက်ဆုံးဟာပါပဲ။ မယ်လ်ပတ်ခ်က သူတို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဘက်ဖြစ်သည်လေ။

“မစ္စတာလျူ ခင်ဗျားက ဝေါလ်တာ ဂျက်ဖ်ကိုတွေ့ဖို့ ငြင်းနေသရွေ့တော့ ကျွန်တော်က နှစ်ဆပေးပြီး ဒီရေနက်ပိုင်းငါးဖြူကြီးရဲ့ အဆီ တန် 50 ထပ်ဝယ်နိုင်ပါတယ်...”

“ဘာ စျေးနူန်း နှစ်ဆလား.."

"Diya ကုမ္ပဏီက နှစ်ဆပေးမယ်..."

" ဒါက တော်‌တော်မိုက်တာပဲ "

လျူယောင် ရင်ထဲ ပျော်ရွှင်မူ့လိူင်းကြီးဝင်ရောက်လာသလို ခံစားလိုက်ရသည်။

မူလက တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ သတ်မှတ်ထားပေမဲ့ သူ သာ သဘောတူပါက ချက်ချင်း တစ်ကီလိုကို ကန်ဒေါ်လာ ၁၀,၀၀၀ ဖြစ်လာတော့မည်။

ကျိုးယန်နဲ့ဘေးကလူများလည်း အံ့အားသင့်သွားပြီးနောက် သူတို့ရဲ့မျက်လုံးများထဲတွင် ပျော်ရွှင်မှု့များကို မြင်လိုက်ရသည်။

ကန်တာက နှစ်ဆပေးရန်ဆန္ဒရှိတာကိုကြားရတဲ့အခါ လျူယောင်က ချက်ချင်း သဘောမတူဘဲ ပြုံးလိုက်ပြီး ပြန် ဖြေလိုက်သည်။

“ခင်ဗျားတို့က နှစ်ဆပေးနိုင်တာကို ကျွန်တော်ပျော်ပါတယ် ဒါပေမယ့် တခြားကုမ္ပဏီတွေမှာ သင့်တော်တဲ့စျေးနှုန်းရှိရင်တော့ ကျွန်တော် ရောင်းမှာပါ ”

“မလုပ်ပါနဲ့ မစ္စတာလျူ..."

ကန်တာက အတင်း ငြင်းနေသည်။

Diya ကုမ္ပဏီတွင်သာ ဒီလိုငါးဆီမျိုးရှိပြီး သူတို့ရဲ့အလှကုန်များကသာ အဆင့်မြင့်အလှကုန်စျေးကွက်ကို လွှမ်းမိုးနိုင်ရမယ်လို့ အိပ်မက်မက်ခဲ့သည်။

“မစ္စတာလျူ ...ကျွန်တော်တို့က နှစ်ဆပေးရုံသာမက တစ်နှစ်ကို တန် ၂၀၀ ထက်မနည်း ဝယ်ယူပါ့မယ် ကျွန်တော်တို့ ဘက်က တစ်ခုတည်း လိုချင်တာကတော့ ဒီငါးဆီကို တခြားကုမ္ပဏီတွေကို မရောင်းဖို့ပါပဲ..”

လိပ်ကြီးသာ ပိုကြီးမားတဲ့ ငါးဖြူကြီးဆယ်ကောင်ကျော်ကို သတ်လိုက်ရုံဖြင့် အဆီတန် ၂၀၀ ကျော်ရရှိမည် ဖြစ်သည်။

လျူယောင် သဘောတူကာ ပြန်ဖြေလိုက်သည်။

“တစ်တန်ကို ကန်ဒေါ်လာ ၁၀ သန်း တစ်နှစ်ကို တန် ၁,၀၀၀ ထက်မနည်း ဝယ်ယူရမယ် ဒါကို ကျွန်တော်က ဆုံးဖြတ်ပါ့မယ်..."

“ဒါ...”

တန် ၁,၀၀၀မှာ ကန်ဒေါ်လာ ၁၀ ဘီလီယံဖြစ်သည်။

ကုမ္ပဏီအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံကို ထုတ်ယူရန် မလွယ်ကူလှပေ။

အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် ကန်တာက ကူကယ်ရာ မဲ့စွာသာ ပြောနိုင်တော့သည်။

“မစ္စတာလျူ ကျွန်တော်တို့ ဒါကို သေချာစဉ်းစားဖို့လိုပါတယ်...”

လျူယောင် သူတို့အား စဥ်းစားဖို့အချိန် ပေးပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“သွားမယ်..ငါတို့...ခဏအပြင်သွားကြမယ် မစ္စတာ ကန်တာနဲ့သူ့အဖွဲ့ကို ဒီမှာ ထားခဲ့လိုက် "

Universal မှ လူများက လျူယောင်ရဲ့ ဦးဆောင်မှုနဲ့ ထွက်ခွာသွားပြီး Diya ကုမ္ပဏီမှ လူများသာကျန်နေခဲ့သည်။

မကြာမီပင် သူတို့က တစ်ယောက်နဲ့တစ်ယောက် တိုးတိုး တိုးတိုးပြောဆိုနေကြသည်။

“ဘော့စ် အခြေအနေတွေက အရမ်းပြင်းထန်လွန်းတယ် တစ်နှစ်ကို တန် ၁,၀၀၀ နော် ကျွန်တော်တို့ဒီလောက်အများကြီး သုံးနိုင်မှာမဟုတ်ဘူး....”

“ဟုတ်တယ် အဲဒါက ကန်ဒေါ်လာ ၁၀ ဘီလီယံပဲ... ကျွန်တော်တို့ရဲ့စုစုပေါင်းဝင်ငွေက ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၅၀ ဘီလီယံရောက်ခဲ့ပေမယ့် စုစုပေါင်းအမြတ်က ကန်ဒေါ်လာ ၁၀ ဘီလီယံလောက်ပဲရှိတယ်...”

Diya ကုမ္ပဏီ မှ အမူ့ဆောင်အရာရှိများက တစ်ဦးပြီး တစ်ဦး အကြံပေးနေ သည်။

“အင်း ဖိအားက အရမ်းများတယ် "

ဒါကကန်တာ တွန့်ဆုတ်နေရတဲ့ အကြောင်းရင်းပင်ဖြစ်ပြီး သူ့ ရဲ့ ပြိုင်ဘက်ကလည်း Universal ကို ရောက်ရှိနေတဲ့ အတွက်ကြာင့် လည်းဖြစ်သည်။

ဧည့်ခံခန်းမှ ထွက်လာပြီးနောက် လျူယောင် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဝေါလ်တာဂျက်ဖ်က ထပ်လာပြီဆိုတော့ သူ့ကိုသွားတွေ့ကြရအောင်..."

ဝေါလ်တာဂျက်ဖ်က ဧည့်ခံခန်းလေးတစ်ခုတွင် ထိုင်စောင့်နေကြသည်။

ဝေါလ်တာဂျက်ဖ်ရဲ့ စိတ်ထဲတွင် ရေငင်နေတဲ့ ပုံးတစ်ဒါဇင်လို ဖြစ်နေပြီး အထက်အောက်ဖြစ်နေသည်။ အထူးသဖြင့် ဧည့်ခံခန်းလေးထဲတွင် ၁၀ မိနစ်ကျော်ကြာအောင် စောင့်ဆိုင်းပြီးနောက် Universal မှ တစ်ယောက်မှ မရောက်လာသေးပေ။

“သူတို့က ငါ့ကိုမတွေ့ရင် ဘယ်လိုလုပ်မလဲ”

“ဒီအချိန်မှာ သူတို့က Diya ကုမ္ပဏီကလူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု့အကြောင်း ဆွေးနွေးနေလောက်ပြီ သူတို့ရဲ့ဆွေးနွေးမှုတွေကရော ဘယ်လိုဖြစ်နေပြီလဲ”

ဝေါတာဂျက်ဖ် စိတ်ရှုပ်ထွေးနေပြီး စိတ်ထဲတွင် အကြောင်းအရာများစွာကို တွေးနေသည်။သူ တွေးလေလေ နောင်တရလေလေဖြစ်သည်။

“မနေ့က ပြောခဲ့ရင်ကောင်းမှာပဲ...”

“Diya ကုမ္ပဏီကို ငါ အခွင့်အရေးမပေးတောာ့ဘူး..."

“စိတ်မကောင်းပါဘူး Diya”

သူသက်ပြင်းချနေစဉ် ရုတ်တရက် ဧည့်ခံခန်းအပြင်ဘက်တွင် လှုပ်ရှားမှု့ များ ရှိလာ သည်။

ရုတ်တရက် စိတ်ထဲ တုန်လှုပ်သွားပြီးလည်စည်းနှင့်ဝတ်စုံကို သပ်ရပ်အောင် ဝေါတာဂျက်ခ် အမြန်ဆုံးပြင်ဆင်လိုက်သည်။

မနေ့က တင်းမာမှု့နှင့်အေးစက်မှု့ တွေ မရှိပဲ ဒီလူက မတူညီတဲ့လူတစ်ယောက်လို ဖြစ်နေသည်။ လျူယောင်တို့အဖွဲ့ ဝင်လာတာကို မြင်တဲ့အခါ ချက်ချင်းပြုံး၍ နှုတ်ဆက်လိုက်သည်။

လျူယောင် အံ့အားသင့်သွားပြီး တွေးမိလိုက်သည်။

“ဒါက မနေ့က ဝေါလ်တာ ဂျက်ဖ်ပဲလားဟ ...”

“ဒီလူက သူ့ရဲ့ အမြွှာညီအစ်ကိုလားပဲ...”

မနေ့က ဝေါလ်တာဂျက်ဖ်ဟာ အေးစက်နေကာ မျက်နှာကို တင်းထားသည်။ဒါပေမဲ့ အခု သူ့ရှေ့မှ ဝေါလ်တာဂျက်ဖ်နဲ့ လုံးဝကွာခြားနေသည်။

“မစ္စတာလျူ တောင်းပန်ပါတယ်ဗျာ မနေ့က ကျွန်တော်ရဲ့အပြုအမူအတွက် ခင်ဗျားကိုတောင်းပန်ပါတယ်...”

ဒီလူက ပါးစပ်ဖွင့်တာနဲ့တစ်ပြိုင်နက် တောင်းပန်စကားပြောသည်။

လျူယောင် ရယ်မောလိုက်သည်။

“ဟား ဒီလူက တကယ်တောင်းပန်တာလား အရမ်းအေးစက်မနေဘူးလား....”

“မစ္စတာ ဝေါလ်တာဂျက်ဖ် ခင်ဗျားက ကုမ္ပဏီကြီးတစ်ခုကပါ ကျွန်တော်တို့က ဘုရားကျောင်းငယ်လေးတစ်ခုပါဗျာ ခင်ဗျားလိုဘုရားကျောင်းကြီးကို မရိုမသေ မလုပ်ရဲပါဘူး....”

လျူယောင် ခနဲ့တဲ့ စကားကို ကြားပြီးနောက် ဝေါလ်တာ ဂျက်ဖ်ရဲ့မျက်နှာက ပူနွေးသွားပြီး အကြိမ်ကြိမ်တောင်းပန်သည်။

သူ့ပုံစံက မြေးတစ်ယောက်လို ဖြစ်နေသည်။

မနေ့က ဝေါလ်တာဂျက်ဖ်က ဒီလိုပုံစံ ပြောင်းလဲသွားတယ်ဆိုတာ ကျိုးယန်နဲ့ အခြားသူများ မယုံနိုင်ခဲ့ကြပေ။

“ကောင်းပြီ.ဒါက ပိုပြီးသက်သောင့်သက်သာဖြစ်တယ် ”

ဝေါလ်တာဂျက်ဖ်က ထပ်ခါတလဲလဲတောင်းပန်နေတာကိုမြင်ပြီး သဘောထားအလွန်ကောင်းနေသေးတာကြောင့် လျူယောင် လက်ကိုဝှေ့ယမ်းကာ ပြေလိုက်သည်။

“ခင်ဗျားရဲ့ရိုးသားမှု့အတွက် ကျွန်တော်က ဒါကိုဂရုမစိုက်တော့ပါဘူး ဒီကိစ္စပြီးဆုံးပါပြီ..."

လျူယောင် မနေ့ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ဂရုမစိုက်တာကိုမြင်တဲ့အခါ ဝေါလ်တာဂျက်ဖ်က နောက်ဆုံးတော့ စိတ်ပူပန်မှု့များကို ပစ်ချလိုက်သည်။

အစည်းအဝေးခန်းထဲတွင် ကောင်းမွန်တဲ့ လေထုဖြင့် စကားပြောဆိုမူ့ စတင်ကြပြီး မကြာမီ အဓိကအကြောင်းအရာသို့ ရောက်ရှိလာသည်။

ဝေါလ်တာဂျက်ဖ်က တည့်တည့်ပြောလိုက်သည် ။

“မစ္စတာလျူ..ကျွန်တော်တို့က တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ စျေးနှုန်းကို လက်ခံပါတယ်... ဒီစျေးနှုန်းက ပြဿနာမရှိပါဘူး...ကျွန်တော်တို့ ဒီတစ်ခါ တန် ၅၀ မှာယူပါ့မယ် ကန်ဒေါ်လာ သန်း ၂၅၀ ဖိုးပါ..."

လျူယောင် ပြုံးလိုက်သည်။

ကျိုးယန်နှင့် အခြားသူများလည်း ရယ်မောလိုက်ကြသည်။

Universal မှ လူတိုင်းရယ်မောနေကြတာကို မြင်တဲ့အခါ ဝေါလ်တာဂျက်ဖ် ကြောင်တောင်တောင်ဖြစ်နေသည်။

“ဒီမှာ ဘာတွေဖြစ်နေတာလဲဟ ...”

“ဘာများရယ်စရာရှိတာလဲ...မနေ့ကစျေးနှုန်းက တကယ်ပဲ တစ်ကီလိုကို ကန်ဒေါ်လာ ၅,၀၀၀ ပဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းမှတ်မိပါတယ်...”

စိတ်ရှုပ်ထွေးနေတဲ့ ဝေါလ်တာဂျက်ဖ်ကိုကြည့်ပြီး လျူယောင် ရှင်းပြလိုက်သည်။

“အခုက ဒီစျေးမဟုတ်တော့ဘူး... Diya ကုမ္ပဏီက လူတွေလည်း ကျွန်တော်တို့ကုမ္ပဏီကို ရောက်နေတယ် ကျွန်တော်တို့ ခုနက လေးတင် စကားပြောခဲ့ကြတာ သူတို့က စျေးနူန်း နှစ်ဆ ပေးပြီး တစ်ကီလိုကို ကန်ဒေါ်လာ ၁၀,၀၀၀ ပေးဖို့ဆန္ဒရှိနေတယ်..."

“ဘုရားရေ...”

“Diya ကုမ္ပဏီကလူတွေ ရူးနေတာပဲ... သူတို့က ရူးသွပ်နေတဲ့အုပ်စုပဲ..ဘယ်လိုလုပ် ဒီလောက်စျေးကြီးကြီးပေးနိုင်တာလဲ..."

“တစ်ကီလိုကို ကန်ဒေါ်လာ ၁၀,၀၀၀ က တစ်တန်ကို ကန်ဒေါ်လာ ၁၀ သန်းနဲ့ညီမျှတယ် ရူးနေကြတာ... ဒီလူတွေ ရူးနေတာပဲ..."

အချိန်အတော်ကြာအောင် စဥ်းစား ပြီး နောက် ဝေါလ်တာဂျက်ဖ် ပြောလိုက် သည်။

“မစ္စတာလျူ စျေးနှုန်းက အရမ်းမြင့်တယ်... ဒါကို ကျွန်တော်မဆုံးဖြတ်နိုင်ဘူး... ကျွန်တော်အရင်ဆုံး ဖုန်းခေါ်ရမယ်..."

လျူယောင် မတ်တပ်ရပ်၍ အဖြေ ပြန်ပေးလိုက်သည်။

“ကောင်းပါပြီ ခင်ဗျား အေးအေးဆေးဆေး ဖုန်းပြောနိုင်ပါတယ်...."

All Chapters