← Chapters

အားလုံး အဆင်ပြေပါစေ

Vol. 17 Ch. 247

အားလုံး အဆင်ပြေပါစေ

Vol. 17 Ch. 247

" စျေးနှုန်းက တကယ် မနည်းတာမို့ ...ခင်ဗျားတို့ ဖုန်းဆက်ညှိနိူင်းလိုက်ပါ..."

လျူယောင် အစည်းအဝေးခန်းထဲကနေ ဦးဆောင်ပြီး ထွက်လာခဲ့သည်။

ဝေါ်လ်တာဂျက်ဖ်က ဖုန်းကိုကောက်ကိုင်ကာ မစ္စတာမယ်လ်ပတ်ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အခြေအနေကို အသေးစိတ်တင်ပြလိုက်သည်။

တခြား ဧည့်ခံခန်းထဲတွင်လည်း Diya ကုမ္ပဏီမှလူများက အပြင်းအထန်ဆွေးနွေးနေကြစဉ် ကန်တာကမူ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ စိတ်ထဲတွင်တွေးတောနေဟန်ရှိပြီး ချိတုံချတုံ ဖြစ်နေလေသည်။

ဂိုလ်ဘတ်ကတော့ ဘာမှမပြောဘဲ တစ်ချိန်လုံးငြိမ်နေခဲ့ရာမှ အခုမှ အကြံဝင်ပေးသည်။

"သူဋေး... ကျွန်တော်ထင်တာတော့ Universal ရဲ့ အချက်အလက်တွေကို လက်ခံနိုင်ပါတယ်..."

"ဒါပေမဲ့ တစ်နှစ်ကို တန်တစ်ထောင်ဆိုတာ အရမ်းများပါတယ်.... ကျွန်တော် တို့တွေ အဲဒါကို လုံးဝ ကုန်အောင် မသုံးနိုင်ဘူး... ဒီလောက်အများကြီးလည်း မလိုအပ်ပါဘူး အများဆုံးဆိုရင် တန်တစ်ရာ၊ နှစ်ရာလောက်ဆို လုံလောက်ပါပြီ...."

ဂိုလ်ဘတ်က အချိန်အကြာကြီး တွေးထား ပုံရသည်။

"ဒီလောက်အများကြီး ကျွန်တော်တို့ မလိုအပ်ဘူးဆိုတာ မှန်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့က တခြား အလှကုန်ကုမ္ပဏီတွေကို ပြန်ရောင်းလို့ရပါတယ်.... တစ်ကီလိုကို အမေရိကန်ဒေါ်လာ တစ်သောင်းငါးထောင် ဒါမှမဟုတ် နှစ်သောင်းနဲ့ ရောင်းလိုက်ရင်တောင် အမြတ်ရနိုင်ပါတယ်..."

"အရမ်းကောင်းတယ် ဒါ ကောင်းတဲ့အကြံပဲ"

Diya ကုမ္ပဏီမှ လူအများအပြားရဲ့ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ သို့သော် ကန်တာက ခေါင်းကို ညင်သာစွာ ခါယမ်းကာ ပြောလိုက်သည်။

"တန် တစ်ထောင်ဆိုတာ အရမ်းများလွန်းတယ်.... တခြားကုမ္ပဏီတွေကို ပြန်ရောင်းလို့ရရင်တောင် ငါတို့က အရင်ဆုံး အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံလောက် အသုံးပြုရမှာ.... ဒီပိုက်ဆံတွေက အရမ်းများလွန်းပါတယ်...."

"ဟုတ်ပါတယ် ငွေအလွန်အကျွံသုံးရတာကြောင့် အန္တရာယ်လည်း အလွန်အကျွံရှိနိုင်ပါတယ်...."

"တန်ငါးရာဆိုရင်တော့ Universal ရဲ့ စည်းကမ်းချက်တွေကို ကျွန်တော် သဘောတူနိုင်ပါတယ်"

ရုံးခန်းထဲတွင် လျူယောင် အေးဆေးစွာကော်ဖီသောက်နေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက စည်းကမ်းချက်များကို အတန်အသင့်ထုတ်ဖော်ပြောခဲ့ပြီးပြီဖြစ်၍ ယခုအခါတွင် သူလုပ်ရန်လိုအပ်တာက ရလဒ်ကိုစောင့်နေဖို့သာ ဖြစ်သည်။

ကုမ္ပဏီနှစ်ခုလုံးက လက်ခံလျှင်တော့ အကောင်းဆုံးပင်ဖြစ်၏။ လက်မခံရင်လည်း အရေးမကြီးပေ။

လျူယောင် မျှော်လင့်ထားတာက ပိုမိုမြန်ဆန်စွာ ဖြစ်လာခဲ့သည်။

ကော်ဖီတစ်ခွက်ကုန်ပြီး မကြာခင်မှာပင် ကျိုးယန်က တံခါးခေါက်ကာ ဝင်လာပြီး အစီရင်ခံလိုက်သည်။

"သူဋေး...သူတို့အားလုံးက ဒါကို စဉ်းစားပြီးပြီလို့ ပြောပါတယ်... ကျွန်တော်တို့နဲ့ ထပ်မံဆွေးနွေးဖို့ လိုတယ်တဲ့..."

"သူတို့ကို အစည်းအဝေးခန်းနံပါတ် ၂ကို လာဖို့ အကုန်လုံးကို အကြောင်းကြားလိုက်ပါ... ငါကိုယ်တိုင် သူတို့နဲ့ ဆွေးနွေးမယ်...."

မည်သို့ ဆွေးနွေးရမည်ကိုလည်း လျူယောင် စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိနှင့်ပြီးသားဖြစ်သည်။

အစည်းအဝေးခန်းနံပါတ် ၂က အနည်းငယ်ပိုကြီး၍ လူ ၅၀ သို့မဟုတ် ၆၀ ခန့်အတွက် အစည်းအဝေးလုပ်ရန် ပြဿနာမရှိပေ။

မကြာခင်မှာပင် လူတိုင်းအတူတကွ ထိုင်နေကြပြီး လျူယောင်ရဲ့ စကားကိုစောင့်မျှော်နေကြသည်။

လျူယောင်က အစည်းအဝေးခန်း တစ်ခုလုံးကို ဝေ့ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အားလုံးပဲ ကျွန်တော့်မှာ အစီအစဉ်တစ်ခုရှိပါတယ် ခင်ဗျားတို့နှစ်ဦးလုံး ဒီငါးဖြူအဆန်းကနေရတဲ့ ငါးဆီကို လိုချင်ကြတာဖြစ်တဲ့အတွက် ဒါကို ကိုင်တွယ်ရတာ လွယ်ပါလိမ့်မယ် ကုမ္ပဏီတစ်စုချင်းစီက တစ်နှစ်ကို အနည်းဆုံး တန် ၅၀၀ စီ ဝယ်ယူရမှာဖြစ်ပြီး တစ်ကီလိုကို ဒေါ်လာ ၁၀,၀၀၀ ဖြစ်ပါတယ်...."

ထိုသို့ကြားတဲ့အခါ ကန်တာက ပထမတော့ သက်ပြင်းချလိုက်သည်။ တန် ၅၀၀ ပဲဆိုလျှင် သူ့ရဲ့ ဖိအားက များစွာလျော့နည်းသွားပေမည်။

မည်သို့ပင်ဆိုစေ သူက အလွန်လိမ္မာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။ အဓိကအချက်ကို လျင်မြန်စွာ သူ တွေးမိ သွားကာ ထရပ်ပြီး ပြောလိုက်သည်။

"မစ္စတာလျူ ခင်ဗျားတို့ရဲ့ ကုမ္ပဏီကနေရတဲ့ ထူးဆန်းတဲ့ ငါးဖြူငါးဆီကို ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုတည်းကိုပဲ ရောင်းမှာလား တခြားကုမ္ပဏီတွေကိုရော မရောင်းဘူးမို့လား ...."

လျူယောင်က ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့ကို ကတိပေးပါတယ်... သုံးနှစ်အတွင်းမှာ ခင်ဗျားတို့ ကုမ္ပဏီနှစ်ခုကိုပဲ ရောင်းပါမယ်... သုံးနှစ်ပြည့်ရင်တော့ အဲဒီအချိန်ကျမှ ကျွန်တော်တို့ ထပ်ဆွေးနွေးကြတာပေါ့"

"သုံးနှစ်ဆိုတာက လုံလောက်ပါတယ် "

ကန်တာက ဦးစွာသဘောတူ ခေါင်းညိတ်လိုက်သည်။

"ပြဿနာမရှိပါဘူး...ခင်ဗျားရဲ့ စည်းကမ်းချက်တွေကို ကျွန်တော် သဘောတူပါတယ် စာချုပ်ကို အခုပဲချုပ်လို့ရပါတယ်...."

ဝေါ်လ်တာဂျက်ဖ်က ထရပ်ပြီး တောင်းဆိုလိုက်သည်။

"မစ္စတာလျူ ကျွန်တော့်ကို ဆယ်မိနစ်လောက် အချိန်ပေးပါ ကျွန်တော် အပြင်ထွက်ပြီး ဖုန်းခေါ်လိုက်ပါဦးမယ်..."

ရှင်းရှင်းလင်းလင်းပြောရရင် သူက ဒီကိစ္စကို မထိန်းချုပ်နိုင်သေးတဲ့အတွက် ဖုန်းပြန်ဆက်ပြီး မစ္စတာမယ်လ်ပတ်ကို အစီရင်ခံကာ ညွှန်ကြားချက်တွေ တောင်းခံဖို့ လိုအပ်နေသည်။

"ပြဿနာမရှိပါဘူး ဆယ်မိနစ်အချိန်ပေးပါ့မယ်"

ဝေါ်လ်တာဂျက်ဖ်က ကျေးဇူးတင်တဲ့ အကြည့်ဖြင့် ကြည့်ပြီး အပြင်ထွက်ကာ ဖုန်းခေါ်ဆိုလိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူပြန်ဝင်လာခဲ့သည်။

"မစ္စတာလျူ ခင်ဗျားရဲ့ အဆိုပြုချက်ကို ကျွန်တော်တို့ သဘောတူပါတယ်...."

"ကောင်းပါပြီ ဒါဆို ဆွေးနွေးမူ့က အခုလိုပဲ အခြေခံအားဖြင့် ပြီးဆုံးခဲ့ပါပြီ..."

လျူယောင် အလွန်ပျော်ရွှင်နေပုံပေါ်သည်။

ဘယ်လိုပဲ ဖြစ်စေ ဒါက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် စီးပွားရေးကြီးဖြစ်ပြီး ဒီမျိုးဆက်တွင် ထိုသို့သော စီးပွားရေးကြီးကို လျူယောင် တစ်ခါမှ မလုပ်ဖူးသေးပေ။

" အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ ဆွေးနွေးကြတာပေါ့..."

စည်းမျဥ်းကို အခြေခံအားဖြင့် အပြီးသတ်ပြီးပြီဖြစ်၍ အသေးစိတ်အချက်အလက်များကိုလည်း အလွန်ချောမွေ့စွာ ညှိနှိုင်းနိုင်ခဲ့သည်။

နေ့လယ်စာမစားမီ အချိန်တွင် အရာအားလုံးကို ညှိနှိုင်းပြီးနောက် သုံးပွင့်ဆိုင် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုခြင်းက ကျိုးယန်၊ ဟူဂျွန်းရှီနှင့် အခြားသူများသာမက လျူယောင်ကိုပါ ပျော်ရွှင်စေခဲ့သည်။ ဒါကအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံပင်။

နေ့လယ်စာစားချိန်တွင် လျူယောင်က ဧည့်သည်များကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်တာ အောင်မြင်မှု့အတွက် ဂုဏ်ပြုရန်အတွက် အဆင့်မြင့် စားသောက်ဆိုင်တွင် ဧည်ခံ ခဲ့သည်။

ရေနက်ပိုင်းတွင် လိပ်ကြီးက သူ့ရဲ့ ဧရာမလှံကိုကိုင်ဆောင်ပြီး ချောက်နက် ကြီးထဲကိုရေကူးဆင်းသွားလေသည်။

အနက်ပေ ၃,၀၀၀ ကျော်ထိ ရောက်မှပဲ လိပ်ကြီး ထပ်မံ မသွားတော့ပေ။

အနက်မှာ အခြေခံအားဖြင့် လုံလောက်ပြီး လိပ်ကြီးရဲ့ အာရုံခံနိုင်စွမ်း အတိုင်းအတာအတွင်းရှိတာကြောင့် ထူးဆန်းငါးဖြူများကို ရှာတွေ့နိုင်ပေသည်။

သူရှာဖွေနေတာ မီတာ ၃၀ ကျော်ရှည်ပြီး အလေးချိန်အနည်းဆုံး တန် ၁၀၀ ရှိတဲ့ ငါးကြီးဖြစ်သည်။

ထို ငါးကြီးတစ်ကောင်စီတွင် ဗိုက်ထဲ၌ အဆီ တန် ၄၀ မှ ၅၀ အထိ ရှိပြီး တန် ၁,၀၀၀ အတွက်ဆို ငါးအကောင် ၂၀ လောက် လိုအပ်ပေလိမ့်မည်။

လိပ်ကြီး ဖြည်းဖြည်းချင်း ရေကူးပြီး ဂရုတစိုက် ရှာဖွေခဲ့သည်။

သူ့ရဲ့ အာရုံခံစားနိုင်မှု့နယ်ပယ်အတွင်း၌ မီတာ ၃၀ မှ ၄၀ ရှည်၍ အလေးချိန် တန် ၂၀၀ နီးပါးရှိသော ထူးဆန်းငါးဖြူတစ်ကောင် ပေါ်လာသည်။

"ဒါပဲ...ဟုတ်တယ်..."

"ဒါက ငါရှာနေတဲ့ ကောင်ပဲ..."

လိပ်ကြီးက လျင်မြန်စွာ ကူးခတ်လာရာ ငါးဖြူကလည်း နောက်ဆုံးတွင် သူ့ကို တွေ့သွား၍ အမြီးကိုလှုပ်ခါပြီး ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားလိုက်သည်။

ဒီ ချောက်နက် ပိုင်းထဲတွင် လိပ်ကြီးက အရမ်းနာမည်ကြီးပြီး ထူးဆန်း ငါးဖြူများက သူ့မီနူးထဲက အစားအစာများ သာ ဖြစ်သည်။

တန် ၂၀၀ ကျော်အလေးချိန်ရှိတဲ့ လိပ်ကြီးက အလေးချိန်အရရော အရှိန်အဝါ အရပါ ထူးဆန်း ငါးဖြူကို လုံးဝ ဖိနှိပ်ထားနိုင်သည်။

အကွာအဝေးနီးလာပြီးနောက် လိပ်ကြီး အမြန်ဆုံး အရှိန်နဲ့ ဖြတ်သွားကာ ဧရာမလှံထိပ်ဖျား ဖြင့် ထူးဆန်းတဲ့ ငါးဖြူကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။

.......

မနက်ခင်းတွင်.....

လျူယောင် အိပ်ရာမှထ၍ ကိုယ်လက်သန့်စင်ခဲ့ပြီး ဧည့်ခန်းနှင့် ထမင်းစားခန်းကို ကြည့်လိုက်ရာ သူ့မိဘများက ကိုယ်လက်လှုပ်ရှားရန် အပြင်ထွက်သွားပုံရပြီး အိမ်ကို ပြန်မလာသေးသဖြင့် မနက်စာ မှာ မရှိသေးပေ။

လျူယောင် ဖုန်းကိုထုတ်၍ မိဘများဆီ မက်ဆေ့ချ်ပို့ပြီးနောက် အပြင်ကို ထွက်လာခဲ့သည်။

Rolls-Royce ကားက အသင့်စောင့်နေပြီး ကားထဲတွင် ကျိန်ကန်းနဲ့ ဟီချန်း တို့လည်း ရှိသည်။

လျူယောင် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

"သွားကြစို့.... ငါ မနက်စာမစားရသေးဘူး... မင်းတို့လည်း မစားရသေးဘူးဆိုတော့ မနက်စာအရင်စားဖို့ နေရာရှာကြတာပေါ့..."

ကားမောင်းနေရင်းကနေ ကျိန့်ကန်း မေးလိုက်သည်။

"သူဋေး ခင်ဗျား ဘယ်နေရာမှာ မနက်စာစားချင်လဲ...."

လျူယောင် ပြောလိုက်သည်။

"ငါ့ ကြားဖူးတာက အဆင့်မြင့်မနက်စာ စားသောက်ဆိုင်တစ်ခုရှိတယ်... တချို့လူတွေက နောက်ပြောင်ပြီး အဲဒီမှာ နေ့တိုင်းမနက်စာ စားရဖို့ အတွက် အိမ်ငှားခတောင်းတဲ့သူတွေတောင် မစားရဲတဲ့ ဆိုင်လို့ ပြောကြတယ် ငါတို့ သွားကြည့်ကြရအောင်...."

ဟီချန်းလည်း ရယ်ပြီး ပြောလိုက်သည်။

"ဟီး...ဒီလို ထူးဆန်းတဲ့နေရာမျိုးလည်း ရှိသေးတာကိုး... ဒါဆို ကျွန်တော်လည်း တကယ်ပဲ ကြည့်ချင်တယ်...."

မိနစ် ၂၀ မှ ၃၀ ခန့်အကြာတွင် Rolls-Royce ကားလေးမှာ ဆိုင်တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။

ကားပေါ်မှဆင်းပြီးနောက် လျူယောင် ဆိုင် အပြင်အဆင်ကို မြင်တဲ့အခါ ကောင်းလွန်းတယ်လို့ ခံစားရပြီး လက်ပြကာ ပြောလိုက်သည်။

"လာ ငါတို့ ဝင်ကြစို့...."

ဆိုင်ထဲကို ဝင်လာပြီးနောက် လျူယောင် ပထမဆုံး ခံစားရတာက အဆင့်အတန်းမြင့်မားပြီး ဒုတိယကတော့ စျေး အလွန်ကြီးမားခြင်း ဖြစ်သည်။

အံ့သြစရာကောင်းတာက ဆိုင်က စီးပွားရေးမှာ အတော်လေးကောင်းနေပြီး စားပွဲဝိုင်း ၇၀-၈၀ ရာခိုင်နှုန်းလောက်က လူ ပြည့်နေတာကြောင့် ဟွာဟိုင်းမြို့မှာ ချမ်းသာတဲ့လူတွေ အများကြီးရှိနေတယ်လို့ ထင်ရစေသည်။

သုံးယောက်သား စားပွဲတစ်ခုကိုရှာပြီး ထိုင်လိုက်ကြပြီး လျူယောင် လက်ပြကာ ပြောလိုက်သည်။

"မင်းတို့ ကြိုက်တာကို မှာလိုက် ငါ ကျွေးပါ့မယ်အားမနာနဲ့...."

ကျိန့်ကန်းနဲ့ ဟီချန်း တို့ နှစ်ယောက်စလုံး စားပွဲပေါ်ရှိ မီနူးကို ကောက်ယူကြည့် လိုက်ရာ အံ့အားသင့်သွားကြသည်။

All Chapters