တစ်ဆယ် ဘီလီယံ သဘော တူညီချက်
Vol. 17 Ch. 248
"ဒါ"
"ဒါက"
သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် အံ့သြခြင်း အရိပ်အယောင်များ ပေါ်လာသည်။
စိတ်ထဲတွင် ပြင်ဆင်ထားပေမဲ့ ဒီနေရာရှိ အစားအသောက်များက အဒီလောက် စျေးကြီးလိမ့်မည်လို့ တော့ မမျှော်လင့်ထားကြပေ။
"ဘယ်လိုတောင်ဈေးကြီးရသလဲဟ.."
စျေးအသက်သာဆုံး ပုဇွန်ဖက်ထုပ် တစ်ခုလျှင် ၃၈ ယွမ်ကျသည်။ ပုံထဲကကြည့်လျှင် အလွန်ကြီးမားမယ်ဟု မထင်ရဘဲ တစ်ကိုက်တည်းနှင့်ပင် စားနိုင်လိမ့်မယ်ဟု ခန့်မှန်းရသည်။
"အရမ်းစျေးကြီးတယ် "
သူတို့နှစ်ဦးက ဒီနေရာရှိ အစားအစာများမှာ အလွန်စျေးကြီးကြောင်း ပြောဆိုကြပြီး ပတ်ဝန်းကျင်က စကားပြောဆိုရယ်မောနေတဲ့ စားသောက်သူများကိုလည်း ကြည့်ကာ ဟွာဟိုင်းမြို့တွင် ချမ်းသာတဲ့သူများ အတော်လေးများပါလားဟု စိတ်ထဲတွင် တွေးနေကြသည်။
ထိုနှစ်ယောက်ရဲ့ တုံ့ပြန်မှု့ကိုမြင်တဲ့အခါ လျူယောင်က အစားအသောက်အများအပြားကို သူကိုယ်တိုင် ရိုးရိုးရှင်းရှင်းပင် မှာလိုက်သည်။
ဥပမာအားဖြင့် ၁၉၈ ယွမ်တန်ဖိုးရှိ ပူအာလက်ဖက်ရည်တစ်အိုး၊ ပုဇွန်ဖက်ထုပ်တစ်လုံးစာ၊ ၆၈ ယွမ်တန်ဖိုးရှိ ကြက်ခြေထောက်များနှင့် ၉၈ ယွမ်တန်ဖိုးရှိ အကြော်များ စသဖြင့် မှာလိုက်သည်။
မှာပြီးတဲ့အခါ စုစုပေါင်း ယွမ် ထောင်ပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရပြီး လူသုံးဦးအတွက် လုံလောက်မှု့ရှိပေလိမ့်မည်။
လျူယောင် ကျေနပ်စွာ ပြောလိုက်သည်။
"အခုလောလောဆယ်တော့ ဒီလောက်ပဲ မလုံလောက်ဘူးဆိုရင် ထပ်ထည့်ကြတာပေါ့"
သူက စိတ်သက်သာရာရတဲ့ မျက်နှာဖြင့် ရှိနေသည်။ မနက်စာအတွက် ယွမ်ထောင်ပေါင်းများစွာ ကုန်ကျတယ် ဆိုရင်ရော ဘာများဖြစ်လို့လဲ။ ဘာ ဖိအားမှမရှိသလို မနေ့ကလည်း သူ ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ စာချုပ်ကို ဆွေးနွေးပြီး ခဲ့သည်။
မကြာခင်မှာပင် မှာထားတဲ့ အစားအသောက်များရောက်ရှိလာပြီး စားပွဲတစ်လုံးနီးပါး ပြည့်သွားလေသည်။ လျူယောင်က ၁၉၈ ယွမ်တန် ပူအာလက်ဖက်ရည်အိုးကို ဦးစွာကောက်ယူလိုက်သည်။
ဟီချန်း လျင်မြန်စွာ ပြောလိုက်သည်။
"သူဋေး ခင်ဗျားကို ကျွန်တော် လက်ဖက်ရည်ငှဲ့ပေးပါ့မယ်"
လျူယောင် ပြုံးပြုံးရွှင်ရွှင် ပြန်ပြောလိုက်သည်။
"ဘယ်သူက ငါလက်ဖက်ရည် သောက် ချင်တယ်လို့ ပြောလို့လဲ ဒီပူအာလက်ဖက်ရည်အိုးကို ငါက ပန်းကန်တွေကို အပူပေးပြီး ပိုးသတ်ဖို့မှာတာ..."
"ဘာ..."
၁၉၈ ယွမ်တန်ဖိုးရှိတဲ့ ပူအာလက်ဖက်ရည်အိုးကို သောက်ရန်အတွက်မဟုတ်ဘဲ ပန်းကန်များနှင့် တူများကို ပိုးသတ်ရန်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
"သူဋေးက အလွန်အံ့မခန်းပင်"
"မင်းတို့လည်း ပိုးသတ်လိုက်ကြအုံး ပိုးသတ်နိုင်စွမ်းက အကန့်အသတ်ရှိနိုင်ပေမဲ့ လုံးဝမလုပ်တာထက်စာရင်တော့ ပိုကောင်းပါတယ်...."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြကာ ပန်းကန်လုံးနှင့် တူများကို ဂရုတစိုက် အပူပေးနေကြသည်။
သူတို့စိတ်ထဲမှာတော့ လုံးဝငြိမ်သက်ခြင်းမရှိဘဲ ၎င်းမှာ ၁၉၈ ယွမ်တန်ဖိုးရှိ ပူအာလက်ဖက်ရည်ဖြစ်ကြောင်းနှင့် မသောက်ရတဲ့အတွက် အရမ်းနှမြောနေကြောင်း တွေးနေကြသည်။
နှစ်ယောက်လုံး ပန်းကန်လုံးများ ပိုးသတ်ပြီးနောက် လျူယောင် လက်ပြကာ ပြောလိုက်သည်။
"လာပါ ဒီကမနက်စာအရသာကို မြည်းကြည့်ကြစို့"
ပြောပြီးနောက် သူက တူဖြင့် ပုဇွန်ဖက်ထုပ်တစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ စားနေရင်းပင် ချီးကျူးလေသည်။
"အင်း အရသာကောင်းတယ်…”
ကျိန့်ကန်းက ဘာဘီကျူးပေါင်မုန့်ကို ကောက်ယူလိုက်သည်
"ဒီဘာဘီကျူးပေါင်မုန့်က တစ်ခုကို ၁၂၈ ယွမ်ဆိုတော့ အောက်ထပ်က မနက်စာဆိုင်မှာ ၃ ယွမ်နဲ့ရတဲ့ ပေါင်မုန့်ထက် ဘယ်လိုများ ပိုကောင်းလဲမသိဘူး"
"အိုး...တကယ်ကောင်းတယ်... ၁၂၈ ယွမ်တန် ဘာဘီကျူးပေါင်မုန့်က ပေးရ တန်ပါတယ်ကွာ..."
ကျိန့်ကန်းလည်း ချီးကျူးလိုက်သည်။
သုံးယောက်သား စကားစမြည်ပြောဆိုရင်း မနက်စာစားခဲ့ကြသည်။
"ဒီမှာမနက်စာ စားရတာ ပိုက်ဆံတွေကို စားနေရသလိုပဲဗျာ.."
ဟီချန်းက နောက်ပြောင်ကာ ပြောလိုက်သည်။
လျူယောင်ကတော့ ဒီနေရာရှိ အစားအစာများမှာအ အနည်းငယ်စျေးပိုကြီးသော်လည်း အရသာကောင်းပြီး ပတ်ဝန်းကျင်လည်းကောင်းသည့်အတွက် တန်တယ်လို့ ယုံကြည်သည်။
မနက်စာစားပြီးနောက် ကားပေါ်တက်ကာ ထွက်ခွာတော့မဲ့ အချိန်တွင် လျူယောင်က ဆက်ပြောလိုက်သည်။
"ဒီနေရာက ကောင်းပါတယ် နောက်ဆို ငါတို့ မကြာခဏလာကြမယ်...."
ကျိန့်ကန်းနဲ့ ဟီချန်းတို့က တိတ်တိတ်ကလေး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တပြိုင်နက်တည်း တွေးလိုက်သည်။
" သူဋေးက အရမ်းအံ့သြစရာကောင်းတယ် ဒီလောက်စျေးကြီးတဲ့ မနက်စာစားတာတောင် ဖိအားမရှိဘူး...မကြာခဏလည်း လာအုံးမယ်ဆိုပဲ.... "
.....
ရုံးခန်းထဲတွင် လျူယောင်က ယခုတစ်ကြိမ် Diya ကုမ္ပဏီနဲ့ မယ်လ်ပတ်ကုမ္ပဏီတို့ရဲ့ အရောင်းအဝယ်အတွက် မည်သူ့ကို စေလွှတ်ရမလဲဆိုတာကို တွေးတောနေသည်။
ခဏတာ စဉ်းစားပြီးနောက် လျူယောင် ဖုန်းကိုကောက်ကိုင်ကာ ဟွမ်ကွမ်းကို ခေါ်လိုက်သည်။
အရောင်းအဝယ်အတွက် ဟွမ်ကွမ်းကို စေလွှတ်ရန် အသင့်လျော်ဆုံးဖြစ်သည်။
ဥပမာအားဖြင့် လွန်ခဲ့တဲ့တစ်ကြိမ်က Diya ကုမ္ပဏီနှင့် အရောင်းအဝယ်ကို ဟွမ်ကွမ်းက ပြီးမြောက်ခဲ့သည်။
ယခုတစ်ကြိမ် အရောင်းအဝယ်ပုံစံလည်း အလားတူဖြစ်ပြီး နေရာကလည်း လိပ်ကြီး နေရာနှင့် အနီးဆုံးဖြစ်တဲ့ အရှေ့အလယ်ပိုင်းကမ်းရိုးတန်းတွင် သတ်မှတ်ထားသည်။
"အကိုယောင် ကျွန်တော့်ကို ရှာနေတာလား"
ဟွမ်ကွမ်း ဝင်လာတာနဲ့ တပြိုင်နက် ချက်ချင်းပင် ရိုးသားစွာ မေးလိုက်သည်။
လျူယောင် သူ့ကိုအရင်ထိုင်ရန် အချက်ပြပြီးနောက် ကိစ္စကို အကျဉ်းချုပ် ပြောလိုက်သည်။
" အင်း...ဒီတစ်ခါ အရောင်းအဝယ်ပမာဏက များတယ် စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိတာမို့လို့ မင်း အရှေ့အလယ်ပိုင်းမှာ တစ်လခွဲလောက် နေရနိုင်တယ်...."
ဟွမ်ကွမ်းက ကတိပေးလေသည်။
"အကိယောင် စိတ်မပူပါနဲ့ ကျွန်တော်က ပြဿနာမရှိပါဘူး ဒီအရောင်းအဝယ်ကို ကောင်းကောင်းမွန်မွန် ပြီးမြောက်အောင် လုပ်ပေးပါ့မယ်"
လျူယောင် စိတ်ချလက်ချ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အရောင်းအဝယ်လုပ်မယ့်နေရာက ပင်လယ်ကမ်းစပ်နားမှာပဲ.... တိကျတဲ့နေရာကတော့ နေ့တိုင်းပြောင်းလဲနိုင်တာမို့လို့ ငါမင်းကို ကြိုတင်အသိပေးပါမယ်..."
ညွှန်ု့ကြားပြီးနောက် ဟွမ်ကွမ်း ထွက်ခွာသွားတာကို လျူယောင် ကြည့်နေခဲ့သည်။
ဟွမ်းကွမ်းက သူ့အဖွဲ့ကို ချက်ချင်းစတင်ဖွဲ့စည်းမှာဖြစ်ပြီး လူ ၁၀ ဦးကျော်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က Universal ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကိုယ်စား အရောင်းအဝယ်များကို ပြီးမြောက်စေရန် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကြလိမ့်မည်။
ငါးဖြူကြီးမှ အဆီတန် ၁,၀၀၀ ကို အကြိမ်များစွာပြီးမြောက်အောင် လုပ်ဆောင်ရမှာ ဖြစ်လို့ အချိန်ကာလမှာ တစ်ပတ်မှ ဆယ်ရက်ကျော်အထိ ကြာမြင့်နိုင်ပေသည်။
.....
ရေနက်ပိုင်းတွင် လိပ်ကြီးက ၄၀ မီတာနီးပါးရှည်ပြီး အလေးချိန် တန် ၂၀၀ ကျော်ရှိတဲ့ ထူးဆန်းငါးဖြူတစ်ကောင်ကို ထပ်မံသတ်လိုက်ပြီး ထိုငါးဖြူကို ရေနက်ပိုင်းမှ ယာယီနေရာကို ဆွဲသွားလေသည်။
သူ့ရဲ့ ဂူထဲတွင် အလေးချိန် တန် ၁၀၀ ကျော်စီရှိတဲ့ ထူးဆန်းငါးဖြူသုံးကောင်ကို ဝှက်ထားပြီး အကြီးဆုံးက တန် ၂၀၀ ကျော်ရှိပေသည်။
လိပ်ကြီးက ငါးဖြူနောက်တစ်ကောင်ကို သူ့ယာယီနေရာကို ဆွဲသွားပြီးနောက် စိတ်ထဲတွင် ကျေနပ်စွာ တွေးလိုက်သည်။
"အခုတော့ လုံလောက်ပြီ သခင်ရဲ့ တောင်းဆိုချက်အရ ဒီငါးတွေရဲ့ ဝမ်းဗိုက်ထဲက အဆီတွေကို ထုတ်ပြီး ပင်လယ်ကမ်းခြေကို ပို့ပေးရမယ်..."
အဆီများကို ထုတ်ယူပြီးနောက် လိပ်ကြီးက အဆီများကို သူ့ပါးစပ်ဖြင့် ကိုက်ကာ အနီးဆုံး ကမ်းခြေကို ရေကူးသွားတော့သည်။
ကျန်တဲ့ ငါးလေးကောင်ရဲ့ အလောင်းများကိုတော့ ဂူထဲတွင် ဝှက်ထားခဲ့သည်။ဒါတွေကို အလဟဿမဖြစ်စေဘဲ လိပ်ကြီးရဲ့ အစားအစာများ ဖြစ်သည်လေ။
Universal ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး Diyaကုမ္ပဏီနှင့် မယ်လ်ပတ်ကုမ္ပဏီတို့မှ လူများနဲ့ ဟွမ်ကွမ်း တွေ့ဆုံခဲ့သည်။
ဟွမ်းကွမ်းရဲ့ အဖွဲ့တွင် လူ ၁၀ ဦးကျော် ပါဝင်ခဲ့သည်။
စုစုပေါင်း မော်တော်ယာဉ်နှစ်စီးက ဦးဆောင်ခဲ့ပြီး နောက်တွင် ကုန်တင်ကားကြီးများစွာ လိုက်ပါလာခဲ့သည်။ကွန်တိန်နာအရွယ်အစားလောက် ရှိတဲ့ အအေးခန်းကုန်တင်ကားများ ဖြစ်ကြသည်။
သူတို့ ပင်လယ်ကမ်းစပ်မြို့လေးမှ ထွက်ခွာခဲ့ပြီး ဆယ်ကီလိုမီတာကျော် မောင်းနှင်ပြီးနောက် ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။တိတ်ဆိတ်၍ လူမနေသော ကမ်းခြေပေါ်တွင် တောင်ကုန်းသဖွယ် ထုးဆန်းငါးဖြူမှ ရရှိတဲ့ ငါးဆီပုံများ ရှိနေသည်။
" ဝိုး..ငါးဆီတွေ... "
ထိုမြင်ကွင်းကိုမြင်တဲ့အခါ လူတိုင်းနီးပါးက အော်ဟစ်ခဲ့ကြသည်။
အထူးသဖြင့် မယ်လ်ပတ်ကုမ္ပဏီမှ ဝေါ်လ်တာဂျက်ဖ်က သူ့ မျက်စိကိုပင် သူ မယုံနိုင်ခဲ့ပေ။
ထိုပမာဏက အနည်းဆုံး တန် ၁၀၀ သို့မဟုတ် ၂၀၀ ရှိတယ်လို့ ထင်နေခဲ့သည်။
"ငါ့လူတွေ အလုပ်လုပ်ကြတော့"
Diya ကုမ္ပဏီနဲ့ မယ်လ်ပတ်ကုမ္ပဏီတို့မှ လူများက ငါးအဆီများကို လှီးဖြတ်ခြင်း၊ ချိန်တွယ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ သေတ္တာများထဲ ထည့်ခြင်းနှင့် ထရပ်ကားပေါ်ကို ရွှေ့ခြင်းတို့ဖြင့် အလုပ်များနေကြသည်။
ဟွမ်ကွမ်းအဖွဲ့ကတော့ ဘာမှလုပ်ရန် မလိုပေ။ သူတို့အားလုံးကို ကြီးကြပ်ရုံသာ လိုအပ်သည်။
သူတို့က Universal ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး အရောင်းအဝယ်အလေးချိန်ကို ကြီးကြပ်ရန်နှင့် မှတ်တမ်းတင်ရန်သာ သူတို့ရဲ့တာဝန်ဖြစ်သည်။
ထူးဆန်း ငါးဖြူမှ ရရှိတဲ့ ငါးဆီ တန် ၂၀၀ ကျော်ကို နှစ်နာရီခန့်အတွင်း ကုန်တင်ကားထဲ တင်ဆောင်ပြီးခဲ့သည်။
ကုမ္ပဏီနှစ်ခုက အညီအမျှ ခွဲယူကြပြီး Diya ကုမ္ပဏီမှ ၁၀၀ တန် နဲ့ မယ်လ်ပတ်ကုမ္ပဏီက ၁၀၅ တန် စုစုပေါင်း ၃၂၆ ကီလိုဂရမ် အသီးသီး ရရှိလေသည်။