လေယဥ် ဝယ်မယ်
Vol. 17 Ch. 249
လိပ်ကြီးက သူ့တာဝန်ကို ငါးရက်အတွင်း အလွန်ကောင်းမွန်စွာ ပြီးမြောက်ခဲ့သည်။ လျူယောင်က တစ်ပတ် သို့မဟုတ် ဆယ်ရက်ခန့် ကြာလိမ့်မည်ဟု မူလက ထင်ထားခဲ့သည်။
တစ်ရက်လျှင် ငါးဆီတန်ချိန် ၂၀၀ ခန့် ကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ပေးခဲ့ပြီး လျူယောင်ရဲ့ ညွှန်ကြားချက်အရ တစ်ခါတစ်ရံ မတူညီတဲ့နေရာများတွင် လိပ်ကြီး ချပေးခဲ့သည်။
တည်နေရာက ဟွမ်ကွမ်းတို့ နေထိုင်တဲ့ ပင်လယ်ကမ်းခြေမြို့ကလေးနှင့် ၁၀ ကီလိုမီတာကျော်တွင် ရှိပြီး တစ်ခါတစ်ရံ ၂၀ မှ ၃၀ ကီလိုမီတာအထိ ဝေးလှသည်။
လိပ်ကြီးက ငါးဆီများကို ပင်လယ်ကမ်းခြေသို့ သယ်ယူပို့ဆောင်ပြီးနောက် ဟွမ်ကွမ်းက Diya ကုမ္ပဏီနှင့် မယ်လ်ပတ်ခ် ကုမ္ပဏီမှ လူများကို ခေါ်ကာ လက်ခံယူခဲ့ ကြသည်။
တာဝန်ပြီးဆုံးပြီးနောက် လိပ်ကြီး က သူ့ရဲ့ယာယီနေထိုင်ရာကို ပြန်လာပြီး အဝအပြဲစားကာ ခြေပစ်လက်ပစ် အိပ်နေခဲ့သည်။
ယခုအချိန်တွင် အစာအတွက် လိပ်ကြီး စိတ်ပူစရာမလိုသေးပေ။
ယာယီဂူထဲတွင် ဧရာမ ထူးဆန်းတဲ့ငါးဖြူကြီး နှစ်ကောင် သုံးကောင် ရှိနေတာကြောင့် တစ်ပတ်ကျော်ကြာအောင် လိပ်ကြီး စားဖို့ လုံလောက်ပေသည်။
ဟွမ်ကွမ်းရဲ့ ဖုန်းကို လျူယောင် လက်ခံဖြေကြားနေသည်.။
“အစ်ကိုယောင် ကုန်သွယ်မှု ပြီးမြောက်ပါပြီ ငါးဆီ စုစုပေါင်း တန်ချိန် ၁,၀၀၀ ဖြစ်ပြီး... ကုမ္ပဏီတစ်ခုစီအတွက် တန်ချိန် ၅၀၀ စီရပါတယ်...”
လျူယောင် ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
“အားလုံးပင်ပန်းခဲ့ရပြီ မင်းတို့ အရှေ့အလယ်ပိုင်းမှာ နှစ်ရက် ၊ သုံးရက်လောက်နေပြီး ဒူဘိုင်းလို နေရာမျိုးတွေကို လည်ပတ်နိုင်တယ်...ပြီးမှ ပြန်လာခဲ့ကြ ကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီက ပေးမယ်......”
"ကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီက ပေးမယ် လား ထိုထက် ပိုကောင်းတာ ဘာရှိသေးလဲ"
ဟွမ်ကွမ်း ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
“အစ်ကိုယောင် အရမ်းကောင်းတာပဲ ကျွန်တော် ဒူဘိုင်းမြို့အကြောင်း ကြားဖူးပေမဲ့ ကောင်းကောင်းလည်ပတ်ဖို့ အခွင့်အရေး မရခဲ့ဖူးဘူး..."
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ဒါဆို မင်း အားလုံးကိုခေါ်ပြီး ဒူဘိုင်းမှာ ပျော်ပျော်ပါးပါး လည်ပတ်ကြ နှစ်ရက် သုံးရက် မလောက်ဘူးဆိုရင် လေးရက် ငါးရက် လည်လို့ရတယ် ”
“ကျေးဇူးတင်ပါတယ် အစ်ကိုယောင် ကျွန်တော် အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်”
.......
အရှေ့အလယ်ပိုင်း ဟိုတယ်တစ်ခုတွင်…
တာဝန်ပြီးဆုံးသွားတာနှင့် အစ်ကိုယောင်က ချီးကျူးသည်သာမက. ဒူဘိုင်းတွင် လေးငါးရက်လောက် ပျော်ပျော်ပါးပါး လည်ပတ်ပြီးမှ ပြန်လာနိုင်တယ်တဲ့။ ဟွမ်ကွမ်းက သူ့ရဲ့အဖွဲ့သားအားလုံးကို ပျော်ရွှင်စွာ ခေါ်လိုက်သည်။
စုစုပေါင်း ဆယ်ယောက်ရှိကာ အမျိုးသမီးသုံးယောက်နှင့် အမျိုးသားခုနစ်ယောက် ဟွမ်ကွမ်းအပါအဝင်နဲ့မှ စုစုပေါင်း ၁၁ ယောက်ဖြစ်သည်။
အကုန်လုံး မကြာခင် ရောက်လာကြသည်။
ဟွမ်ကွမ်းက ပျော်ရွှင်ဝမ်းမြောက်နေတဲ့ မျက်နှာဖြင့် မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ မစ်ရှင်က ပြီးစီးသွားပြီနောက်ထပ် မင်းတို့မှာ ဘယ်လိုအစီအစဉ်တွေ ရှိကြသလဲ...”
“အိုး”
ဟွမ်ကွမ်းရဲ့ မေးခွန်းကို ကြားပြီးနောက် လျင်မြန်စွာ တွေးတောနိုင်သူအချို့က ဘာဖြစ်နေလဲဆိုတာကို ချက်ချင်းနားလည်သွားသည်။
“မန်နေဂျာဟွမ် ကျွန်တော်တို့မှာ ဆက်လုပ်ရမယ့် အစီအစဉ်တွေ ရှိသေးလား.ချက်ချင်း ယန်နိုင်ငံကို ပြန်မှာမဟုတ်ဘူးလား...”
ဟွမ်ကွမ်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“ဘာလို့လဲ မင်းတို့တွေက. ဒီလောက် ပြန်ချင်ကြတာလား အဲဒါဆိုလည်း ကိစ္စမရှိပါဘူး ငါ ချက်ချင်း လက်မှတ်ဝယ်ပေးလိုက်မယ်...”
လူတစ်ယောက်က ဗုံတီးသလိုမျိုး ခေါင်းကို ခါပြီး ငြင်းနေသည်။
“ကျွန်တော်တို့ ဒီလောက် မြန်မြန်မပြန်ချင်သေးဘူး နှစ်ရက် သုံးရက်လောက်နေပြီးမှ ပြန်ရရင် ကောင်းမှာပဲ....
ချက်ချင်းပင် ဝန်ထမ်းတစ်ယောက်က ဝင်ပြောသည်။
“မန်နေဂျာဟွမ် နိုင်ငံခြားကို ထွက်လာရတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ ဒီကို ထွက်လာရတာ ကျွန်တော်တို့အတွက် မလွယ်ဘူး နှစ်ရက် သုံးရက်လောက်နေဖို့ မပြောနဲ့ ဒူဘိုင်းမှာ တစ်ရက်လောက်ပဲ နေရရင်ကို ကျေနပ်ပါပြီ...”
“ဟုတ်တယ် ဟုတ်တယ် ကျွန်တော်လည်း ဒူဘိုင်းမှာ နေပြီးတော့ မြို့ကို လေ့လာချင်သေးတယ် ”
လူအများအပြား၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ရှိသည်၊ တချို့က သူတို့ရဲ့ စိတ်ထဲတွင် အလုပ်ပြီးသွားပြီဖြစ်လို့ တစ်ခါတည်း ပြန်ရတော့မယ်ဟု ခန့်မှန်းကြသည်။
ဘယ်သူသိမှာလဲ ဟွမ်ကွမ်း နောက်တစ်ခါပြောလိုက်တဲ့စကားက လူတိုင်းကို အံ့အားသင့်စေသည်။
ဟွမ်ကွမ်း ပျော်ရွှင်စွာ ပြုံးပြီး လူတိုင်းကို အတည်ပြုပြောလိုက်သည်၊
“အားလုံး ဒူဘိုင်းမှာ ပျော်ချင်ကြတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ ဒူဘိုင်းမှာ ငါးရက် ထပ် နေမယ် ...”
“ဘာ ငါးရက်တောင် နေလို့ရတာလား...”
အားလုံး အံ့ဩသွားကြသည်။
ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တဲ့ ယီဟွားရုန်က ပထမဆုံး တုံ့ပြန်ပြီး မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည် ။
“မန်နေဂျာဟွမ် ကျွန်တော် နားမကြားတာလားကျွန်တော်တို့ ဒူဘိုင်းမှာ တကယ်ပဲ ငါးရက် နေလို့ရတာလား...”
ဟွမ်ကွမ်းက အခိုင်အမာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် အားလုံး ဒူဘိုင်းမှာ အပန်းဖြေအနားယူပြီး ပျော်ပျော်ပါးပါး လည်ပတ်ကြ. ငါးရက်အထိ နေနိုင်တယ်..."
“ဘာ..."
“ဒါ အမှန်ပဲလား. ”
“ဒူဘိုင်းမှာ ငါးရက် တကယ်ကောင်းကောင်း ပျော်ပျော်ပါးပါး လည်လို့ရတယ်...”
“အရမ်းကောင်းတာပဲ..."
“အိပ်မက်ထဲကလိုပဲ ငါးရက်တောင် လည်လို့ရတယ်..”
ဟွမ်ကွမ်းက မျက်နှာတွင် ပြုံးရွှင်တဲ့ အမူအရာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်ပြီး လူတိုင်းနီးပါးကို ပျော်ရွှင်မှု့ကြောင့် မေ့လဲလုနီးပါး ဖြစ်စေတဲ့ စကားတစ်ခွန်းကို ပြောလိုက်သည်။
“ငါးရက်တောင် လည်လို့ရတယ်ဆိုတာ အစပဲရှိသေးတယ် ကျွန်တော့် စကားက မဆုံးသေးဘူး သူဋေးက ပြောတယ် ဒီငါးရက်အတွက် အစားအသောက်၊ တည်းခိုခန်း၊ ခရီးသွားလာရေးနဲ့ လည်ပတ်တဲ့ လက်မှတ်ကုန်ကျစရိတ်တွေ အားလုံးကို ပြန်လည်ပေးချေပေးမယ်တဲ့... ဒါ့အပြင် လူတစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဖိုး ဈေးဝယ်စရိတ်ကိုပါ ပေးမယ်တဲ့..."
အားလုံး စုပေါင်းပြီး အံ့ဩ မှင်သက်သွားကြပြန်သည်။ အချိန်ကြာမှ သူတို့ ပြန်သတိဝင်လာကြသည်။
ထို့နောက် အခန်းတစ်ခန်းလုံး ဆူညံသွားကာ တချို့က အော်ဟစ်ကြနေသည်၊ တချို့က ရိုးရိုးရှင်းရှင်းပင်
"သူဋေး အသက်ရှည်ပါစေ” ဆိုပြီး အော်ဟစ်ကြသည်။
...........
ကျိုးယန် တံခါးကို စိတ်လှုပ်ရှားစွာ တွန်းဖွင့်ပြီး ဝင်လာကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“သူဋေး အခုပဲ အမေရိကန်ဒေါ်လာ ဆယ်ဘီလျံ အကောင့်ထဲကို ဝင်လာပါပြီ....”
“အမေရိကန်ဒေါ်လာ ဆယ်ဘီလျံ လား ”
ဒီငွေပမာဏက တကယ်ကို သက်သောင့်သက်သာ ရှိလှသည်။ ဒီပမာဏကို လိပ်ကြီးက ငါးရက်သာ အချိန်ယူခဲ့သည်။ ထိုငွေပမာဏဖြင့် Universal ရဲ့ ရန်ပုံငွေများ ပိုမိုပေါများလာခဲ့သည်။
လျူယောင် စိတ်အေးသက်သာစွာ ခံစားရကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငွေရောက်ရင် ငါတို့ နောက်ထပ် သင်္ဘောကြီးအသစ်များကို မှာယူကြမယ် ဒီလိုလုပ် မင်း မနက်ဖြန် ငါနဲ့အတူ ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ကို လိုက်ခဲ့...”
ကျိုးယန် အနည်းငယ် အံ့အားသင့်သွားသည်၊
“သူဋေး ...ချန်ရှင်းကျွန်းကို သွားမှာလား...ချီဒုံသင်္ဘောကျင်းကို မသွားဘူးလား...."
လျူယောင် ခေါင်းညိတ်ပြလိုက်သည် ။
“ဟုတ်တယ် ချန်ရှင်းကျွန်းကို သွားမယ်... ချီဒုံသင်္ဘောကျင်းမှာ ဆောက်လုပ်နေတဲ့ သင်္ဘောအများအပြား ရှိနေသေးတယ် ငါတို့ နောက်ထပ် အော်ဒါထပ်မှာရင် အရမ်းအလုပ်များသွားလိမ့်မယ်....”
“ဟုတ်ကဲ့ပါ သူဋေး "
ကျိုးယန် ရိုသေစွာ ပြန်ပြောလိုက်သည်။
“မနက်ဖန် မနက်စောစော ချန်ရှင်းကျွန်းကို သွားလို့ ရအောင် ကျွန်တော် အားလုံး စီစဥ်လိုက်ပါ့မယ်..."
လျူယောင် သဘောတူကာ ဆက်ပြောလိုက်သည်။
“ပြဿနာမဖြစ်ရအောင် လေယာဉ်ကို တစ်ခါတည်း ဝယ်လိုက်ကြမယ် ကုမ္ပဏီကလည်း ကိုယ်ပိုင်လေယာဉ် ရှိသင့်တယ်..."
“အာ..."
ကျိူးယန် ခဏတာ အံ့အားသင့်နေခဲ့သည်။
တစ်နေ့မှာ Universal က ကိုယ်ပိုင်လေယာဉ် ရှိလာလိမ့်မည်ဟု သူ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
ချက်ချင်းပင် ကျိုးယန် သဘောပေါက်သွားသည် ။ မကြာသေးခင်က ရထားတဲ့ YD လူမျိုးများရဲ့ ဒေါ်လာ ၂ ဘီလျံကို မထိရသေးပေ ။ အခု နောက်ထပ် ဒေါ်လာ ၁၀ ဘီလျံ ထပ်ရောက်လာသည်။ ကုမ္ပဏီမှာ ငွေတွေ အများကြီးရှိနေပြီးမို့ ကိုယ်ပိုင်လေယာဉ်တစ်စင်း ဝယ်လိုက်တယ်ဆို ဘာများထူးဆန်းနေမှာလဲ။
“ချမ်းသာတယ်...”
ငွေဆိုတာ သုံးဖို့အတွက် မဟုတ်ဘူးလား။
လျူယောင် လက်ဝှေ့ယမ်းပြီး အကြံ ပေးလိုက်သည်။
“လေယာဉ်က နည်းနည်းပိုကြီးနိုင်တယ် ....လေယာဉ်သေးသေးလေးမျိုး မဝယ်နဲ့ အနည်းဆုံးတော့ လေယာဉ်ကြီးပဲ ဝယ် ”
“ဟုတ်ကဲ့ ဟုတ်ကဲ့.. "
ကျိုးယန် အနည်းငယ် စိတ်လှုပ်ရှားနေသည်၊
“ကျွန်တော် ချက်ချင်း လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကို ဆက်သွယ်လိုက်ပါ့မယ်...”
......
နောက်တစ်နေ့ မနက်စောစော…
Roll- Royce ကားက ဟွားဟိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး လျူယောင် ကားပေါ်မှ ဆင်းလာခဲ့သည်။ ကျိန့်ကန်းနဲ့ ဟီချန်းတို့က နောက်မှ လိုက်ပါလာသည်။
ကျိုးယန်နဲ့ ဆယ်ယောက်ကျော် အဖွဲ့တစ်ဖွဲ့မှာ အရင် ရောက် နေခဲ့ကြသည်။ သူဋေးရောက်လာတာကို မြင်တဲ့အခါ အားလုံး နှုတ်ဆက်ရန် လာ ခဲ့ကြသည်။
လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည် ။
“လာ လေဆိပ်ထဲကို ဝင်ပြီး လေယာဉ်ပေါ်တက်ကြစို့...”
လျူယောင်ရဲ့ ညွှန်ကြားချက်အရ ချန်ရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးအဖွဲ့ကိုသွားရန် ကျိုးရန်က လေယာဉ်ကို တစ်ခါတည်း ငှားထားသည်။
Airbus 320 လေယာဉ်တစ်စင်းက ပြေးလမ်းပေါ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။